အခန်း ၃၈ (Chapter 38)

13.1K 1.6K 152
                                    

(Unicode Version)


စာမေးပွဲဖြေရခါနီးမှာ ကျောင်းပိတ်သွားပြီမို့ နေ့တိုင်းလိုလို အိမ်ထဲမှာပဲ အချိန်ကုန်ဆုံးခဲ့ရလေသည်။ ဘေးမှာ အမြဲတမ်းအဖော်ပြုပေးတတ်တဲ့ ငသစ်ကလည်း အလုပ်ကိစ္စကြောင့် ကျွန်တော့်ကို ဂရုမစိုက်အားခဲ့ပေ။

"သစ်သစ်လေးမရှိတော့ ပျင်းနေပြီလား!?"

မေမေ့စကားကြောင့် ပန်းပင်တွေ ရေလောင်းနေရင်းက ကျွန်တော် လှမ်းကြည့်လိုက်မိလေသည်။

"မပျင်းပါဘူး...မေမေရဲ့။ ဘာဖြစ်လို့လဲ!?"

"သားပုံစံက အရင်လိုမျိုး ပြုံးပြုံးရွှင်ရွှင်မှ မရှိတာ။ သစ်သစ်ကပဲ သားကို ပျော်အောင်လို့ လုပ်ပေးနိုင်တာလေ။"

သေချာပြန်စဉ်းစားကြည့်ရင် ငယ်စဉ်အချိန်ကတည်းက အခုထိ ကျွန်တော်နဲ့ အနေအနီးစပ်ဆုံးသူကို ပြပါဆိုလျှင် ငသစ်ကိုသာ ပြရပေလိမ့်မည်။ အိမ်မှုကိစ္စတွေနဲ့ အချိန်ကုန်နေခဲ့တဲ့ မေမေက ကျွန်တော့်ကို စောင့်ရှောက်ဖို့အတွက် မအားလပ်ခဲ့သလို ဝင်ငွေရှာပေးနေရတဲ့ မမတို့ကလည်း ငသစ်ကို ဂရုမစိုက်နိုင်ခဲ့ပေ။ ထိုကြောင့် ကျွန်တော်တို့က တစ်ဦးရဲ့လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းပေးပြီး ကြီးပြင်းလာခဲ့ရတော့သည်။ စိတ်ခံစားချက်ကို ဖွင့်မပြောပြတတ်တဲ့ ကျွန်တော့်လိုလူမျိုးအတွက် ငသစ်က ကြားခံဆက်သွယ်ပေးနိုင်သူတစ်ယောက်လိုပင်။

"သူ့ကြောင့် မဟုတ်ပါဘူး။ နေ့တိုင်း အိမ်ထဲမှာပဲ နေရတော့ လူက ထိုင်းမှိုင်းလာတာပါ။"

"ဒါဆို ဒီနေ့ မေမေနဲ့အတူ ဈေးဝယ်ထွက်ကြရအောင်။"

"သားအတွက်တော့ တကူးတကကြီး မသွားပါနဲ့။ မေမေ့ဒူးက လမ်းလျှောက်များရင် ပြန်နာနေဦးမယ်။"

"လမ်းနည်းနည်းလျှောက်တာက ရပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်တာပေါ့။"

"ဒါဆိုလည်း မေမေ့သဘောပဲလေ။"

အလုပ်တွေကို လက်စ,သတ်လိုက်ပြီး မေမေနဲ့အတူဈေးဝယ်ထွက်ဖို့ ကျွန်တော် ပြင်ဆင်ခဲ့ရလေသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now