အခန်း ၄၃ (Chapter 43)

11.4K 1.4K 121
                                    

(Unicode Version)


ဒီတစ်ပတ်အတွင်းမှာ ငသစ်က ရိုက်ကွင်းကို အစောကြီးသွားပြီး မိုးချုပ်မှ ပြန်လာခဲ့ရလေသည်။ ရောဂါကူးစက်မှုက အခြေအနေပိုဆိုးမလာသေးခင် ထိုရိုက်ကူးရေးကို အပြီးသတ်ဖို့ မျှော်လင့်ထားကြပုံပင်။ သူ့ကို ကူညီပေးဖို့ ရိုက်ကွင်းရှိရာဆီ လိုက်သွားချင်ပေမယ့် အိမ်မှာကလည်း မေမေတစ်ယောက်တည်း ကျန်နေခဲ့ရမှာမို့ စိတ်မချဖြစ်ရပြန်သည်။ ဒါပေမဲ့ ဒီနေ့တစ်ရက်တော့ ငသစ်ကို လိုက်ကူပေးဖို့ မေမေ့ကို ကျွန်တော် ခွင့်တောင်းလိုက်မိလေသည်။

"မေမေ...သစ်သစ်ရဲ့ရိုက်ကွင်းကို သား ဒီနေ့တစ်ရက်လောက် လိုက်သွားချင်တယ်။"

နံနက်စာစားနေရင်း ပြောလိုက်တဲ့ ကျွန်တော့်စကားကြောင့် ငသစ်နဲ့မေမေက အံ့ဩသလိုပုံစံမျိုးဖြင့် လှမ်းကြည့်လိုက်ကြတော့သည်။

"ဟိုမှာက လူအရမ်းရှုပ်တာ။ ဒယ်ဒီ နေတတ်ပါ့မလား!?"

"ဟုတ်သားပဲ။ ဘာဖြစ်လို့လဲ...သားရဲ့!?"

"ရိုက်ကွင်းမှာ သူ့ကို ကူညီပေးချင်လို့ပါ။ သူ့မှာက မန်နေဂျာလည်း မရှိသေးတော့ ဘာပဲလိုလို သားက ဝိုင်းလုပ်ပေးနိုင်တာပေါ့။"

မေမေက ကျွန်တော့်အကြံကို သဘောကျပြီး လက်ခံပေးလိုက်လေသည်။

"အဲ့လိုဆိုတော့လည်း ဟုတ်သားပဲ။ လိုက်ပြီး ကူညီပေးတော့ သူလည်း အားတက်မှာပေါ့။ မေမေကလည်း အိမ်ထဲမှာ နေရတာဆိုတော့ ကိစ္စမရှိပါဘူး။"

မေမေ့ဆီက ခွင့်ပြုချက်ရပြီမို့ ကျွန်တော်တို့နှစ်ဦး နံနက်စာစားပြီးချိန်မှာ ရိုက်ကွင်းရှိရာသို့ ထွက်လာခဲ့ကြတော့သည်။ ရိုက်ကူးရေးနေရာရဲ့အဝမှာ သေချာစစ်ဆေးမှုပြုလုပ်ပြီးမှ ဝင်ခွင့်ပြုတာမို့ စိတ်နည်းနည်းအေးသွားရလေသည်။

"ဪ...လဝန်းသစ် ရောက်လာပြီလား!?"

အသံကြားရာဆီကို ကျွန်တော် လှမ်းကြည့်မိချိန်မှာ အရင်တစ်ခါက တွေ့ဖူးခဲ့တဲ့ ဦးလေးကြီး ဖြစ်နေခဲ့သည်။

"ဟုတ်ကဲ့...ကျွန်တော် အခုပဲ ရောက်လာတာပါ။"

ထိုဦးလေးကြီးက ငသစ်နဲ့စကားပြောနေရင်း ကျွန်တော့်ကို မြင်သွားလေသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now