အခန်း ၂၈ (Chapter 28)

14.3K 1.8K 190
                                    

(Unicode Version)


ကျောင်းသွားဖို့အတွက် ပြင်ဆင်ပြီး အောက်ထပ်ကို ဆင်းလာတဲ့ ကျွန်တော့်ကို မေမေက လှမ်းပြောလိုက်လေသည်။

"သားရေ...ရန်နောင်တို့က မနက်ဖြန်ပြန်ရမှာဆိုတော့ ဒီနေ့ ကျောင်းတစ်ရက်ဖျက်ပြီး သူနဲ့ လျှောက်လည်ပေးလိုက်ပါလား!?"

ဒီတစ်ပတ်တည်းမှာ ပျက်ခဲ့တဲ့ အချိန်တွေက များနေပေမယ့်လည်း ဧည့်သည်ဖြစ်တဲ့ 'ရန်နောင်'အတွက် ကျွန်တော် ကျောင်းပျက်ပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။ ကျွန်တော့်ကိစ္စတွေကို လိုက်ရှင်းခဲ့ရတဲ့ 'ရန်နောင်' အတွက် ဒီလောက်တော့ ပြန်လုပ်ပေးသင့်တာပေါ့။

"ဟုတ်ကဲ့...မေမေ။"

ဒါပေမဲ့ ထိုကိစ္စကို အနောက်က လိုက်ပါလာတဲ့ ငသစ်က ကြားသွားခဲ့လေသည်။

"ဖွားဖွားနဲ့ ကြီးမေက‌ မလိုက်ဘူးလား!?"

"လူငယ်တွေ လွတ်လွတ်လပ်လပ် သွားပါစေကွယ်။ ဖွားဖွားတို့က လမ်းလည်း ကြာကြာမလျှောက်နိုင်တော့ဘူး။"

"ဒါဆို ကျွန်တော်လည်း လိုက်သွားမယ်။"

ကျွန်တော် ငသစ်ဘက်ကို လှည့်ကြည့်ရင်းနဲ့ ပြောလိုက်မိသည်။

"မနေ့ကလည်း သင်တန်းကို မသွားထားဘူးလေ။ ဒီနေ့ ထပ်ပျက်ဦးမလို့လား!?"

"ပိတ်ရက်မှာ အချိန်ပိုယူလိုက်မှာပေါ့။"

"သစ်သစ်ကိုလည်း ခေါ်သွားလိုက်ပါ... သားရယ်။ သားတို့သွားတော့ သူလည်း လိုက်ချင်ရှာမှာပေါ့။ ပြီးတော့ ကားလမ်းကြောင်းတွေနဲ့ ပတ်သက်ရင် သူက ကျွမ်းတယ်လေ။"

မေမေ့ထောက်ခံချက်ကြောင့် ဆက်ငြင်းဖို့ အခွင့်မသာတော့ဘဲ ကျွန်တော် လက်ခံလိုက်ရတော့သည်။

"ကဲ...ဘယ်သွားကြမှာလဲ!?"

"ကစားကွင်းကို..."

"တိုင်းရင်းသားကျေးရွာကို..."

ပြဿနာက စ,လာခဲ့လေပြီ။ ကစားကွင်းကို သွားချင်တဲ့ ငသစ်နဲ့ တိုင်းရင်းသားကျေးရွာကို သွားချင်တဲ့ 'ရန်နောင်'က အမြင်မတူညီမှုကို စတင်ရင်ဆိုင်ရလေသည်။ ဧည့်သည်ကို ဦးစားပေးဖို့က လူ့ကျင့်ဝတ်ပဲမို့ 'ရန်နောင်'ရဲ့ရွေးချယ်မှုကို ကျွန်တော် ထောက်ခံပေးလိုက်မိသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now