🌹3🌹

22K 2.5K 83
                                    

(Unicode Version)

စနိုးက ကျွန်တော့်ကို ချစ်သူအဖြစ် တကယ်လက်ခံမခံဆိုတာ သိရအောင်လို့ သူ့ကို ခေါ်ပြီး အိမ်က ခပ်စောစောထွက်လာခဲ့မိတယ်။ ဒါပေမဲ့ စနိုးက ကျောင်းကို မရောက်သေးလို့ ကျောင်းဂိတ်ဝနားက အပင်ကြီးအောက်မှာပဲ ကျွန်တော်တို့ ထိုင်စောင့်ခဲ့ရတာပေါ့။

"ဒယ်ဒီ့ကို ပြောသားပဲ။ စနိုးက အစောကြီး မလာတတ်ပါဘူးဆို။"

"ဘာပဲဖြစ်ဖြစ် မင်း လျှာမရှည်နဲ့။"

"ဒါဆိုလည်း ဒယ်ဒီ့ဘာသာပဲ ဆက်စောင့်နေလိုက်တော့။ ကျွန်တော်က နွယ်နဲ့ သွားတွေ့ရဦးမှာ။"

ထွက်သွားဖို့ ပြင်နေတဲ့ ငသစ်ကို ကျွန်တော် အတင်းဆွဲခေါ်ထားလိုက်ရတယ်။

"နေစမ်းပါဦးဟ။ နွယ်နဲ့က ပြီးမှ သွားတွေ့လို့ရတာပဲ။ ငါ့ကိုသာ အဖော်လုပ်ပြီး စောင့်ပေးစမ်းပါ။"

"မတရားလိုက်တာ။"

ဒီစကားကို သူကပဲ ထွက်ရတယ်ရှိသေး။ သူ့ကြောင့် ကျွန်တော် မတရားခံခဲ့ရတဲ့ အကြိမ်ပေါင်းက ရေလို့တောင် မရတော့ဘူးမလား။

"ငါက ဘာကိစ္စနဲ့ မတရားတဲ့သူ ဖြစ်သွားရတာလဲ။ ပြောစမ်းပါဦး။"

"ဟုတ်တယ်လေ။ ရည်းစားရတာချင်းအတူတူမှာ ကျွန်တော့်ကောင်မလေးကို ပစ်ထားပြီး ဒယ်ဒီ့ကောင်မလေးကို ထိုင်စောင့်ပေးနေရတာက တရားလို့လား။"

ဒီကောင် ပွားတဲ့ဒဏ်ကို ကျွန်တော် မခံနိုင်ပါဘူး။

"မကူညီချင်လည်း သွားတော့။ မင်းကို ပြောရတာ လေကုန်တယ်။"

တကယ်တော့ မနေ့ကလိုမျိုး ပါးထပ်ချခံရမှာစိုးလို့ ကျွန်တော် သူ့ကို ခေါ်ထားတာပါ။ ပြီးတော့ ကျွန်တော့်ကို လက်ခံတာက မှန်မမှန်ဆိုတာကို သိရဖို့ အရေးကြီးတယ်လေ။

ဒီကောင်က လိမ်ခဲ့တာဆိုရင် တစ်ခါတည်းစာရင်းရှင်းရအောင်လို့ပေါ့။

"ကဲပါ။ စောင့်လက်စနဲ့ စောင့်ပေးပါ့မယ်။"

သူ ပြောတာကို ကျွန်တော် မသိချင်ယောင်ဆောင်ထားလိုက်မိတယ်။ ကျေးဇူးတင်ပါတယ်ဆိုပြီး အဖက်လုပ်နေရင် သူက ပိုပြီးရောင့်တက်ပြတော့မှာ။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now