Extra 2🌹🌹🌹

10.7K 1K 198
                                    

(Unicode Version)


(၂)ရက်ခန့်ကြာပြီးနောက်-

ငသစ်က ပြောထားတဲ့အတိုင်း 'သူရိန်ကို'ရဲ့အကြောင်းကို သူ့အဖိုးဆီမှာ မေးကြည့်ပေးခဲ့လေသည်။

"သူက အဲ့မိသားစုရဲ့မွေးစားသားတဲ့။ အဲ့မိသားစုက ကလေးမရနိုင်ဘူးထင်ပြီး သူ့ကို မွေးစားပြီးသွားမှ ကိုယ်ဝန်ရလာခဲ့တာလို့ ပြောတယ်။"

ထိုစကားကြောင့် ကျွန်တော် တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားကြည့်လိုက်မိသည်။

"ဒီလိုပုံစံက မဒေလီယာရဲ့သားအဖြစ်မျိုးနဲ့ တော်တော်တူနေတာပဲ။"

ငသစ်က စားပွဲပေါ်က ပန်းသီးကို ယူစားရင်းနဲ့ ပြန်ဖြေပေးခဲ့သည်။

"ကျွန်တော်လည်း အဲဒါကို သံသယဝင်နေတာ။"

"သူ့ရဲ့‌မွေးစားမိဘတွေကရော အခု ဘယ်မှာလဲ!?"

"ကားတိုက်မှုဖြစ်ပြီး ဆုံးသွားတာ ကြာပြီတဲ့။ သူက အဲ့အချိန်ကတည်းက ကုမ္ပဏီကို ဦးစီးနေခဲ့ရတာ။"

"ဒါကလည်း အတူတူပဲ။ သူ့အသက်ကရော ဘယ်လောက်ရှိပြီတဲ့လဲ!?"

"ကျွန်တော်တို့နဲ့ မတိမ်းမယိမ်းပဲ။ ဒါနဲ့လေ..."

"အင်း...ဘာဖြစ်လို့လဲ!?"

"သားအရင်းဆိုတဲ့တစ်ယောက်က လွန်ခဲ့တဲ့ (၂)နှစ်လောက်ကပဲ ဆုံးသွားတယ်လို့ ကြားတယ်။ ဟန်နီက အငယ်လေးနဲ့ အရင်စေ့စပ်ဖြစ်လိုက်သေးတယ်။ ဒါပေမဲ့ အဲ့နေ့မှာပဲ ပြဿနာဖြစ်ပြီးတော့ ပွဲပျက်သွားတာတဲ့။ သူ သေသွားတာလည်း အဲ့နေ့ညနေလောက်ကပဲ။ ပြီးမှ သူရိန်ကိုနဲ့ ဟန်နီက ချစ်သူတွေ ဖြစ်သွားကြတာ။"

"ဘယ်လိုကြီးလဲ!? ထူးဆန်းမနေဘူးလား!?"

"လူတွေကလည်း အတင်းပြောကြတာပေါ့။ သူရိန်ကိုက သားအရင်းကို မနာလိုဖြစ်ပြီး လုပ်ကြံလိုက်တာတဲ့။ အမွေတွေကိုလည်း ရ၊ စေ့စပ်ထားတဲ့သူကိုလည်း ရသွားပြီဆိုပြီး စွပ်စွဲကြတော့တာပဲ။"

"ဟန်နီကရော ဘာလို့ သူရိန်ကိုနဲ့ သွားပတ်သက်တာလဲ!?"

"အဲဒါတော့ ကျွန်တော်လည်း မသိဘူး။ ဟန်နီက သူရိန်ကိုကို တော်တော်လေး သဘောကျနေတဲ့ပုံပဲ။ သူ့မိဘတွေကလည်း တစ်ဦးတည်းသောသမီးဆိုတော့ အလိုလိုက်ထားကြတာ။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now