အခန်း ၆၂ (Chapter 62)

9.2K 1.2K 158
                                    

(Unicode Version)


(၁)လခန့် ကြာပြီးနောက်-

ဒီအချိန်အတွင်းမှာ ကျွန်တော် အချိန်ရတိုင်း 'နီလာသွယ်'ရဲ့အခြေအနေကို စောင့်ကြည့်ခဲ့ပေမယ့် မသင်္ကာစရာကိုတော့ မတွေ့ခဲ့ရပေ။ သူမ သွားလာတဲ့နေရာတွေကလည်း အလုပ်နဲ့အိမ်ပဲရှိတာမို့ ကျွန်တော်လည်း အစအနရှာဖို့ ခက်နေရတော့သည်။

"ဒီနေ့ ဝင်ခွင့်သွားဖြေရမှာမလား!?"

အဝတ်အစားလဲနေချိန်မှာ လှမ်းမေးလိုက်တဲ့ ငသစ်ကြောင့် ကျွန်တော် အနောက်ကို လှည့်ကြည့်ရင်းနဲ့ ဖြေလိုက်ရတော့သည်။

"ဟုတ်တယ်။ ဘာဖြစ်လို့လဲ!?"

"ကျွန်တော် လိုက်စောင့်ပေးရမလား!?"

"မင်း လိုက်ရင် လူတွေ ရှူပ်ယှက်ခတ်ကုန်မှာပေါ့။ ပြီးတော့ ဒီနေ့ ရှုတင်ရှိတယ်မလား!?"

"မနက်ပိုင်းကို ခဏပဲ ရှိတာပါ။"

"ညနေပိုင်း ကြော်ငြာရိုက်ဖို့ကရော!?"

"သူတို့ဘက်က မအားတာနဲ့ ရက်ရွှေ့လိုက်ရတာ။"

"သေချာလို့လား!?"

"ဒီတစ်ခါ တကယ်ပါ။ ဒါနဲ့ ဒယ်ဒီ ကျွန်တော့်အချိန်စာရင်းတွေကို ကြည့်ထားတာလား!?"

"မတော်တဆ မြင်သွားတာပါ။ ငါက ဘာလို့ ယူကြည့်ရမှာလဲ!?"

"အခုချိန်ထိလည်း လိမ်တဲ့အရည်အချင်းက တိုးတက်မှု မရှိသေးပါလား!?"

ငသစ်ရဲ့စကား‌ကြောင့် ကျွန်တော် ပြုံးပြရင်းနဲ့ တုံ့ပြန်လိုက်လေသည်။

"မန်နေဂျာနဲ့ အဆင်ပြေရဲ့လား!?"

"ပြေပါတယ်။ သူကလည်း ခပ်အေးအေးနေတတ်တဲ့သူဆိုတော့ ကျွန်တော်တို့ အတူတူရှိနေရင် အသံကို မထွက်ကြတော့တာ။"

"ကောင်းတာပေါ့။ ငါနဲ့သာဆို မင်းက နားပူနားဆာ တအားလုပ်တာ။"

"တူမလား!? ဒယ်ဒီက ကျွန်တော့်ရဲ့VIPလေ။ သူတို့ကတော့ ဇာတ်ပို့လေးတွေ။"

"ပေါတောတောနဲ့..."

ငသစ်က ကျွန်တော့်အနားကို တဖြည်းဖြည်း ချဉ်းကပ်လာပြီး နဖူးကို ခပ်ဖွဖွလေးနမ်းရင်းနဲ့ ဆုတောင်းပေးလိုက်‌တော့သည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now