Extra 1🌹🌹🌹

15.2K 1.2K 283
                                    

(Unicode Version)


(၂)နှစ်ခန့်ကြာသော်-

ကျွန်တော်တို့ရဲ့မင်္ဂလာသက်တမ်းက (၂)နှစ်ပြည့်ခါနီးအချိန်တွင် ငသစ်ရဲ့အနုပညာခရီးက အောင်မြင်မှုတွေ ဆက်လက်ရရှိနေခဲ့ပြီး ကျွန်တော်ကလည်း သူ့အဖိုးရဲ့ဟိုတယ်မှာ နေရာအတော်အသင့်ရနေခဲ့လေပြီ။ ဟိုတယ်ကို ရောက်ရှိလာတဲ့ အရေးကြီးဧည့်သည်တွေအတွက် ကျွန်တော်က ဦးဆောင်ကာ ဧည့်လမ်းညွှန်ပေးခဲ့ရပြီး သာမန်အချိန်မျိုးမှာ ဟိုတယ်ရဲ့အုပ်ချုပ်ရေးအပိုင်းကို တာဝန်ယူပေးခဲ့ရပြန်သည်။

"ဒယ်ဒီ...ဘာတွေတွေးနေတာလဲ!?"

'ဦးထွဋ်ခေါင်ဦး'ရဲ့ညစာစားပွဲကို သွားတက်ဖို့ ပြင်ဆင်နေရင်းနဲ့ တွေးမိတွေးရာ လျှောက်‌တွေးနေမိတဲ့ ကျွန်တော်က ငသစ်ရဲ့အသံကြောင့် အသိပြန်ဝင်လာခဲ့လေသည်။

"ဟိုဟိုဒီဒီ လျှောက်တွေးမိနေတာပါ။ မင်းက ပြင်ဆင်လို့ ပြီးပြီလား!?"

"ကျွန်တော်က ပြင်စရာကို မလိုတာ ဒယ်ဒီ မသိဘူးလား!? အိမ်နေရင်း အဝတ်အစားနဲ့ ထွက်သွားရင်တောင် အားလုံးက ကြည့်ကောင်းတယ်လို့ပဲ ပြောကြမှာ။"

"ပြောင်ချော်ချော် လုပ်မနေနဲ့။ ဒီနေ့ပွဲကို လူငယ်လုပ်ငန်းရှင်တွေ အများကြီး လာကြမှာ။ မင်းအဖိုးရဲ့အလုပ်နဲ့ ဆက်စပ်နေတဲ့သူတွေလည်း ပါလာနိုင်တယ်။ ငါတို့ဘက်က မျက်နှာမပျက်အောင် နေပေးရမှာ။"

ငသစ်က ကျွန်တော့်အနားကို တိုးကပ်လာပြီး ပြုံးစိစိနဲ့ ပြောလိုက်လေသည်။

"ကျွန်တော့်ဒယ်ဒီလေးက လုပ်ငန်းရှင်ပေါက်စလေး ဖြစ်နေပါလား!? Boss...ကျွန်တော့်ကို မုန့်ဖိုးလေး စွန့်ကြဲပါဦး။"

ကျွန်တော့်မျက်နှာရှေ့မှာ ဖြန့်ပေးထားတဲ့ သူ့လက်ကို ခပ်ဖွဖွ ရိုက်ချလိုက်မိတော့သည်။

"ငါက ဘာကို မုန့်ဖိုးပေးရမှာလဲ!? ဒီအလုပ်က မင်းအဖိုးရဲ့အလုပ်လေ။ ငါက ခဏဝင်ထိန်းပေးရတာပဲ ရှိတာ။"

"ဒါပေမဲ့ အဖိုးက ဒယ်ဒီ့ကို အရမ်းသဘောကျနေတာ။ အလုပ်လုပ်တာ တိကျတယ်တဲ့။ အဲ့ဟိုတယ်ကိုတောင် အပိုင်ပေးချင်နေတဲ့ပုံပဲ။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now