အခန်း ၆၀ (Chapter 60)

10.4K 1.2K 121
                                    

(Unicode Version)


မနေ့က ငသစ်ဆီ လိုက်သွားဖို့ သင်တန်းတစ်ရက်ဖျက်ထားခဲ့ရတာမို့ ပျက်သွားတဲ့ စာတွေကို သူငယ်ချင်းတွေဆီက ပြန်မေးဖို့ ကြိုးစားခဲ့ရလေသည်။ ဧည့်လမ်းညွှန်ဝင်ခွင့် စာမေးပွဲကို ဖြေဆိုနိုင်ဖို့အတွက် ကျွန်တော် သင်တန်းနှစ်ခုကို တက်ရောက်ခဲ့ရပြီး ထိုသင်တန်းကြေးကိုလည်း ငသစ်က ထောက်ပံ့ပေးထားခဲ့သည်။

"ဒီနေ့ သင်တန်းနှစ်ခုစလုံးရှိတယ်မလား!?"

သင်တန်းသွားဖို့ ပြင်ဆင်ပြီး အောက်ထပ်ကို ဆင်းလာချိန်မှာ မေမေ့အသံကို ကြားလိုက်ရလေသည်။

"ဟုတ်ကဲ့...မေမေ။ မနေ့က တစ်ချိန်စာ ပျက်သွားတာကိုလည်း ပြန်ကူးရဦးမယ်လေ။"

"ဝင်ခွင့်စာမေးပွဲက ဘယ်တော့လောက်ဖြေရမှာလဲ!?"

"ရှေ့လထဲမှာ ဖြစ်ဖို့များတယ်။ သင်တန်းကလည်း ဒီလကုန်ရင် ပြီးပြီလေ။"

"အေးပါကွယ်။ သား အလုပ်ရမှပဲ မမတို့ကို ပြန်ထောက်ပံ့နိုင်မှာ။ မဟုတ်ရင် သူတို့ဆီကနေပဲ အကူအညီယူနေရတော့ အားနာလှပြီ။"

"သား ကြိုးစားပါ့မယ်...မေမေ။"

"ဂရုစိုက်ပြီး သွားဦးနော်။"

"ဟုတ်ကဲ့..."

မေမေ့ကို နှုတ်ဆက်ပြီး စာပြန်ကူးဖို့အတွက် သင်တန်းဆီသို့ ကျွန်တော် မြန်မြန်ထွက်လာခဲ့မိသည်။ ဘတ်စ်ကားပေါ်ကနေ ဆင်းလိုက်ပြီး ကားလမ်းဘေးတစ်ဖက်သို့ မတော်တဆ လှမ်းကြည့်မိချိန်မှာ ငသစ်ကို ဆေးခတ်ခဲ့ဖူးတဲ့ မိန်းကလေးသုံးယောက်ကို မြင်တွေ့လိုက်ရသည်။ ဒီလိုမျိုး ရှားပါးလှတဲ့ အခွင့်အရေးကို လက်လွှတ်ခံလို့ မဖြစ်တာကြောင့် သူတို့နောက်ကို ကျွန်တော် အမြန်ပြေးလိုက်ခဲ့လေသည်။ ဒါပေမဲ့ ထိုမိန်းကလေးသုံးယောက်က ဧည့်ဂေဟာတစ်ခုထဲကို ဝင်သွားတာမို့ ဆက်လိုက်ဖို့ ကျွန်တော် မဝံ့မရဲဖြစ်နေမိသည်။

"အရေးကြီးတာက သူတို့ကို ဖမ်းမိဖို့ပဲ။ ကျန်တာက နောက်မှ ရှင်းလို့ရပါတယ်။"

တစ်ယောက်တည်း ရေရွတ်ရင်းနဲ့ ကျွန်တော် ထိုနေရာသို့ ဝင်ပြီး သူတို့ကို ဖမ်းဖို့ ဆုံးဖြတ်လိုက်ရတော့သည်။ ထိုဧည့်ဂေဟာထဲ ဝင်ဝင်ချင်းမှာ အစောင့်တစ်‌ယောက်က ကျွန်တော့်ကို လှမ်းမေးလိုက်လေသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now