🌹7🌹

17.2K 2.1K 231
                                    

(Unicode Version)

တစ်ပတ်လုံးလုံး ရှောင်နေခဲ့ရတဲ့ စနိုးနဲ့ အခုမှ လွတ်လွတ်လပ်လပ် တွေ့ခွင့်ရမှာဆို‌တော့ ကြည့်ကောင်းအောင်လို့ ကျွန်တော် ပြင်ဆင်ခဲ့မိတယ်။ ဒါက ကျွန်တော်တို့နှစ်ယောက်ရဲ့ပထမဆုံးဒိတ်ပဲမလား။

"တော်တော်ပျော်နေတယ်ပေါ့။"

ရေချိုးခန်းထဲကနေ ထွက်လာတဲ့ ငသစ်က ရွဲ့ပြီး လှမ်းပြောနေလို့ ကျွန်တော်ကလည်း အားကျမခံပြန်ပြောလိုက်ရတာပေါ့။

"ပျော်တာပေါ့။ ငါ့ရဲ့စနိုးလေးနဲ့ ချိန်းတွေ့ရတော့မှာလေ။"

"မနေ့ကကျတော့ မလိုက်ချင်တဲ့ ရုပ်မျိုးနဲ့။ တတ်လည်း တတ်နိုင်တဲ့ ဒယ်ဒီပါလား။"

"အပိုတွေ ပြောမနေနဲ့။ အဝတ်အစား မြန်မြန်လဲတော့။ မိန်းကလေးတွေက ငါတို့ကို စောင့်နေရရင် အားနာဖို့ ကောင်းတယ်။"

ငသစ်ကို ဩဝါဒခြွေပြီး အောက်ထပ်ကို ဆင်းလာတော့ မေမေက ချီးကျူးပါလေရော။

"မေမေ့သားလေးက ဒီနေ့ တော်တော်ကြည့်ကောင်းနေပါလား။ ဘယ်သွားမလို့လဲ။"

"သစ်သစ်နဲ့ အပြင်ခဏသွားမလို့ပါ။"

ငသစ်ရဲ့နာမည်ကို ကြားတာနဲ့ မေမေက ဘာမှကို ဆက်မမေးတာ။ အဲဒါက သွားခွင့်ပြုတဲ့သဘောပါပဲ။

"သစ်သစ်ကလေ... သားကို သိပ်ခင်တွယ်ပြီး ချစ်ရှာတာကွဲ့။ သားကလည်း သူ့ကို သေချာလေး ပြန်စောင့်ရှောက်ပေးရမယ်နော်။"

ငသစ် နှိပ်စက်ခဲ့တာတွေကိုသာ မေမေ သိသွားရင် ဒီလိုစကားမျိုး ပြောထွက်နိုင်ပါ့မလား။ ဒါပေမဲ့ ကျွန်တော် ပြောလို့ မဖြစ်ပါဘူး။

မေမေက မမကို တအားချစ်တာ။ သွေးသားမတော်စပ်ပေမဲ့ ငယ်ငယ်ကတည်းက မေမေတို့နဲ့ အတူနေလာခဲ့လို့ သမီးအရင်းလိုပဲ ဖြစ်နေပြီ။

စာချုပ်စာတမ်းနဲ့ မွေးစားမထားလည်း ချစ်တာကတော့ ကျွန်တော်နဲ့ ထပ်တူရှိလောက်တယ်။ မမကလည်း မေမေ့ကို အမေအရင်းလိုမျိုး လေးစားပြီး ချစ်ခဲ့တာပါပဲ။

အဖေအရင်း ရှိတာ‌တောင်မှ ပြန်မသွားခဲ့ဘူးလေ။ ဒီလိုချစ်ကြည်ဖြူနေတဲ့ မိသားစုလေးကို ကျွန်‌တော်တို့ကြောင့် မပျက်စီးစေချင်ပါဘူး။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now