အခန်း ၃၂ (Chapter 32)

14.1K 1.5K 100
                                    

(Unicode Version)


'ပန်းဝတ်ရည်'နဲ့ ကျွန်တော်က စကားပြောဆိုဆက်ဆံမှုရှိပေမယ့် အထင်လွဲခံရခြင်း ထပ်မဖြစ်လာအောင် ခပ်တန်းတန်းပဲ နေခဲ့မိသည်။ ဒီနေ့ကျရောက်တဲ့ ကျွန်တော့်မွေးနေ့အတွက် မေမေက သူမကို ဖိတ်ကြားခိုင်းပေမယ့် မသိချင်ယောင်ဆောင်ပြီး နှုတ်ဆိတ်နေလိုက်ရတော့သည်။

"မေမေက မုန့်လုပ်ကျွေးချင်လို့ သူငယ်ချင်းတွေကို ဖိတ်လာခဲ့ပါလို့ မှာလိုက်တာလေ။"

"သားမွေးနေ့မှာ မိသားစုနဲ့ပဲ နေချင်တာ။ သူတို့ကို နောက်ရက်ကျမှ ကျောင်းမှာ တစ်ခုခု ဝယ်ကျွေးလိုက်ပါ့မယ်။"

"အိမ်မှာခေါ်ကျွေးတာနဲ့ ဘယ်တူပါ့မလဲ!?"

"ဒယ်ဒီ!!!"

ခေါ်သံကြောင့် အနောက်ကို ပြန်လှည့်ကြည့်လိုက်တော့ ပုဆိုးဝတ်ဆင်ထားတဲ့ ငသစ်ကို ကျွန်တော် တွေ့လိုက်ရလေသည်။ ငသစ်က အမြဲတမ်း ဘောင်းဘီဝတ်ထားတတ်ပေမယ့် အခုလို ပုဆိုးဝတ်ထားတော့လည်း ကြည့်လို့ ကောင်းနေသလိုပင်။

"ဟယ်...ဖွားဖွားရဲ့မြေးလေးက ပုဆိုးလေးနဲ့ ခန့်ချောကြီး ဖြစ်နေတာပဲ။"

မေမေ့ရဲ့ချီးမွမ်းသံကို ငသစ်က ပြုံးပြုံးကြီး ခံယူရင်း ကျွန်တော့်ကို လှမ်းကြည့်လိုက်လေသည်။

"ဒီနေ့က ငါ့မွေးနေ့လား...မင်းမွေးနေ့လား!?"

"ကျွန်တော်က အရမ်းချောနေလို့ မနာလိုဖြစ်နေတာလား!?"

မေမေရှိတာမို့ စကားကို ထိန်းပြောနေရင်းက ကျွန်တော် သူ့ကို လက်သီးထောင်ပြလိုက်မိတော့သည်။

"သစ်သစ်လေးတောင် အဆင်သင့်ဖြစ်နေပြီ။ သားလည်း ရေသွားချိုးတော့လေ။ နေပူလာရင် ဘုရားပေါ်တက်ရတာ မလွယ်ဘူး။"

မေမေ့စကားကြောင့် ကျွန်တော် ဝိုင်းကူလုပ်ပေးနေရာက ထ,ထွက်လာခဲ့ပြီး ရေချိုးဖို့ပြင်ရလေသည်။ ကျွန်တော် ရေချိုးပြီး ပြန်ဆင်းလာချိန်မှာ မေမေက အခန်းထဲမှာ အလှသွားပြင်နေလေပြီ။ ငသစ်ကတော့ လှူမယ့်ပစ္စည်းတွေကို သေချာစွာ ထုပ်ပိုးပြီး အစဉ်လိုက်စီရင်း အလုပ်ရှုပ်နေခဲ့သည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now