အခန်း ၃၄ (Chapter 34)

13.9K 1.8K 273
                                    

(Unicode Version)


မနေ့ညက ဗီဒီယိုကြောင့် တစ်ညလုံးအိပ်မရဘဲ မိုးလင်းသွားခဲ့တာမို့ ကျွန်တော့်မျက်ကွင်းတွေက အနက်နုရောင် ထ,နေခဲ့လေသည်။

"ဟဲ့...သား...မျက်ကွင်းတွေလည်း ညိုလို့ပါလား!? ဘာဖြစ်တာလဲ!?"

မေမေ့ရဲ့မေးခွန်းကို ကျွန်တော် စိတ်မပါစွာနဲ့ ပြန်ဖြေလိုက်မိသည်။

"ညက အိပ်မပျော်လို့ပါ...မေမေ။"

"နေလို့ရော ကောင်းရဲ့လား!?"

မေးရင်းနဲ့ ကျွန်တော့်နဖူးကို စမ်းကြည့်လိုက်တဲ့ ငသစ်ကြောင့် သူ့လက်ကို အမြန်ပုတ်ချလိုက်မိတော့သည်။

"ဘာ...ဘာလုပ်တာလဲ!?"

ခါးခါးသီးသီး ဖြစ်နေတဲ့ ကျွန်တော့်ကို ကြည့်ပြီး ငသစ်က အံ့အားသင့်သွားသလိုပင်။

"ဒယ်ဒီ...ဘာဖြစ်နေတာလဲ!?"

"ဟုတ်သားပဲ...သားရယ်။ သစ်သစ်က သားကို စိတ်ပူလို့ မေးနေတာလေ။"

မေမေနဲ့ ငသစ်ကို ကျွန်တော် ဘာမှပြန်မဖြေဘဲ အိမ်ရှေ့ခန်းသို့ ထွက်လာခဲ့လေသည်။ 'ဒီခေါင်းထဲက အဲဒါကြီးကို ဘယ်လိုထုတ်ပစ်ရမလဲ!? သူများတွေသာ ငါ့အတွေးကို သိသွားရင် နှာဘူးကောင်လို့ ဝိုင်းပြောကုန်ကြတော့မှာပဲ။' စိတ်ထဲမှာ ကယောင်ချောက်ချားဖြစ်နေရင်းနဲ့ သတင်းစာကို ဖတ်ကြည့်ခဲ့မိသည်။ တွေ့လိုက်ရတဲ့သတင်းက လိင်တူအမျိုးသားနှစ်ဦးရဲ့လက်ထပ်ခြင်းအကြောင်း ဖြစ်နေခဲ့လေသည်။

"ဘာလို့ ဒါကြီးကို လာတွေ့နေရတာလဲ!?"

ကျွန်တော် ရေရွတ်ရင်းနဲ့ သတင်းစာကို ပြန်ချထားလိုက်ရတော့သည်။

"ဒယ်ဒီ..."

ငသစ်ရဲ့ခေါ်သံကြောင့် စောစောက ချထားခဲ့တဲ့ သတင်းစာကို ပြန်ကောက်ယူလိုက်ပြီး စာဖတ်နေသလို ဟန်ဆောင်ခဲ့ရပြန်သည်။

"ဘာလဲ!?"

"သတင်းစာက ပြောင်းပြန်ကြီး ဖြစ်နေတယ်လေ။"

ငသစ်ရဲ့စကားကြောင့် ကျွန်တော် သတိထားပြီး ကြည့်လိုက်မိသည်။ ကျွန်တော်ကိုင်ထားမိတာက တကယ့်ကို ပြောင်းပြန်ကြီးပင်။ သူ့ရှေ့မှာ ခပ်တည်တည်နေဖို့ ကြံစည်ထားခဲ့ပေမယ့် တမင်မျက်နှာပြောင်သလို ဖြစ်သွားခဲ့ရလေပြီ။ ဒါပေမဲ့လည်း ရုပ်ကို ဆက်တည်နေရင်း သတင်းစာကို ဘေးသို့ ပြန်ချထားပြီး မေးလိုက်မိတော့သည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now