အခန်း ၇၀ (Chapter 70)

10.3K 1.2K 246
                                    

(Unicode Version)


"သားတို့ ပြန်လာကြပြီလား!?"

ကျွန်တော်တို့ အိမ်ပေါက်ဝကို ရောက်ရောက်ချင်း ဆီးကြိုနှုတ်ဆက်လိုက်တဲ့ မေမေ့အသံကြောင့် ခြေလှမ်းတွေက တုံ့ဆိုင်းသွားရလေသည်။

"ဟုတ်တယ်...ဖွားဖွားရဲ့။ လေယာဉ်က ဆင်းတာနဲ့ အိမ်ကို တန်းပြန်လာတာ။"

ငသစ်က ကိုယ်စားဖြေပေးပြီး အထုပ်တွေကို သယ်သွားချိန်မှာ ကျွန်တော်က သူ့နောက်ကနေ လိုက်ပါလာခဲ့မိသည်။

"သားက မျက်နှာမကောင်းပါလား!? ဘာဖြစ်လို့လဲ!?"

မေမေက ကျွန်တော့်အနားကို ချဉ်းကပ်လာခဲ့ပြီး ပါးကို စမ်းကြည့်လိုက်လေသည်။

"ဒယ်ဒီက ခရီးပန်းနေတာ။ ခဏနားလိုက်ရင် ကောင်းသွားပါလိမ့်မယ်။"

ဒါက ကျွန်တော့်ကို တမင်ပ,ထုတ်ဖို့ ပြောနေမှန်း သိသာနေပေသည်။ ဒီတစ်ခေါက် ရှောင်ခဲ့ရင် နောက်အခေါက်ပေါင်းများစွာကိုလည်း ကျွန်တော် ရှောင်ဖို့ ကြိုးစားမိဦးမှာပဲ။ ငသစ်ရဲ့မျက်နှာကို ကျွန်တော် လှမ်းကြည့်ပြီး ကြုံလာသမျှကိုရင်ဆိုင်ဖို့ ကြိုးစားလိုက်မိသည်။

"မေမေ...သား မေမေ့ကို ပြောစရာရှိတယ်။"

"ပြောလေ...သားရဲ့။ ဘာကိစ္စမို့လို့ ဒီလိုမျိုး စကားပလ္လင်ခံနေရတာလဲ!?"

"ဒယ်ဒီ...အရင်နားလိုက်ပါဦးလား!?"

ငသစ်က တားမြစ်နေပေမယ့် ကျွန်တော့်စိတ်က ဆုံးဖြတ်ချက်ချထားပြီးပြီမို့ ပြောလိုက်ဖို့ ကြိုးစားရတော့သည်။

"သားနဲ့သစ်သစ်က ချစ်သူတွေပါ။"

ကျွန်တော့်စကားကြောင့် မေမေ့မျက်နှာပေါ်မှာ မယုံကြည်နိုင်တဲ့ အရိပ်အယောင်တွေက ဖြတ်ပြေးသွားခဲ့လေသည်။

"ဘာ...ဘာတွေ ပြောနေတာလဲ..သား!? သားတို့က ယောက်ျားလေးတွေလေ။ မေမေ့ကို စချင်ရင် တခြားနည်းလမ်းနဲ့ စလို့ ရပါတယ်။"

"ဒယ်ဒီ ပြောတာက အမှန်တွေပါပဲ။ သားတို့ ချစ်သူတွေ ဖြစ်နေကြတာ ကြာပါပြီ။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now