အခန်း ၅၈ (Chapter 58)

9.7K 1.2K 158
                                    

(Unicode Version)


ဒီနေ့က မေမေ့မျက်နှာပြင်မှာ အပြုံးပန်းတွေ ဝေဆာရတဲ့ နေ့လေးတစ်နေ့ ဖြစ်ခဲ့ပေသည်။ မိုးပြာရောင်ဖဲသားကို အဖြူစင်းနှစ်ခုကွပ်ပြီး ခြယ်သထားတဲ့ ဘွဲ့ဝတ်စုံလေးက ကျွန်တော့်ခန္ဓာကိုယ်ပေါ်မှာ နေရာယူနိုင်ခဲ့တာမို့ မေမေ့စိတ်ကူးအိပ်မက်လေး ပြည့်ဝသွားခဲ့လေပြီ။

"မေမေ့သားလေးကို ဒီဘွဲ့ဝတ်စုံလေးနဲ့ မြင်ရတော့ ပျော်လိုက်တာကွယ်။"

မျက်ရည်စ,တွေ ရစ်သိုင်းနေတဲ့ကြားက လှပလွန်းလှတဲ့အပြုံး‌လေးကို မေမေက ဆင်မြန်းထားခဲ့ပြန်သည်။ မြင်ခဲ့ဖူးသမျှ မေမေ့အပြုံးတွေထဲမှာ ဒီတစ်ခါက အလှဆုံးဖြစ်နေသလိုပင်။ မေမေ့မျက်ရည်တွေကလည်း အရင်လို မပူလောင်စေဘဲ အေးမြမှုအပြည့်ရှိနေခဲ့လေသည်။

"ဖွားဖွား မျက်ရည်ကျ‌နေရင် မိတ်ကပ်လှလှလေးတွေ ပျက်သွားလိမ့်မယ်။"

ငသစ်ရဲ့စကားကြောင့် မေမေက ကျအံ့ဆဲဆဲ မျက်ရည်စ,တွေကို တစ်ရှူးနဲ့ ခပ်ဖွဖွသုတ်ပြီး ပြောခဲ့သည်။

"သစ်သစ်လေး ပြောတာဟုတ်သားပဲ။ ဘွဲ့ယူပြီးတော့ ဓာတ်ပုံရိုက်ရင် ဖွားဖွား လှနေမှဖြစ်မှာ။"

မေမေ့စကားကြောင့် မမနဲ့'ကိုဦး'လည်း ပြုံးလိုက်ကြတော့သည်။

"သား...မမတို့ကိုလည်း ကန်တော့လိုက်ပါဦးကွယ်။ သား အခုလိုမျိုး အေးအေးချမ်းချမ်းနဲ့ ဘွဲ့ရတဲ့အထိ စာသင်ကြားနိုင်ခဲ့တာ မမတို့ကျေးဇူးကြောင့်ပဲလေ။"

"ဟုတ်ကဲ့...မေမေ။"

ကျွန်တော်လည်း မမနဲ့'ကိုဦး'ဘက်ကို လှည့်ထိုင်ပြီး ကန်တော့လိုက်မိသည်။

"အဖက်ဖက်က ကူညီပေးခဲ့တဲ့ မမနဲ့ ကိုဦးကို ကျွန်တော် ဒီနေရာကနေ ကန်တော့လိုက်ပါရစေ။"

"ငါ့မောင်လေး ကျန်းမာချမ်းသာပြီးတော့ လိုရာဆန္ဒတွေလည်း ပြည့်ဝနိုင်ပါစေ။ လိမ္မာပြီး ကြိုးစားတဲ့ မောင်လေးရဲ့ဘဝမှာ အောင်မြင်မှုတွေကို အများကြီးရရှိနိုင်ပါစေကွယ်။"

"ရှေ့ဆက်ရမယ့်ခရီးမှာ ခလုတ်မထိ ဆူးမငြိဘဲနဲ့ လိုရာပန်းတိုင်ကို အရောက်လှမ်းနိုင်ပါစေ။ ချစ်ရသူတွေနဲ့လည်း မခွဲမခွာ အတူနေနိုင်ပါစေ။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now