🌹2🌹

26.4K 2.9K 329
                                    

(Unicode Version)

အပေးအယူရှိထားတဲ့အတိုင်း နွယ့်ကို ငသစ်နဲ့ မိတ်ဆက်ပေးရမယ်တဲ့။ သူ့ဘာသာသူ အေးအေးချမ်းချမ်းနေတတ်တဲ့ ကျွန်တော့်သူငယ်ချင်းလေးခမျာ ဒီကောင့်လက်ထဲက ဖားသူငယ်လေး ဖြစ်ရတော့မှာကို ကြိုတွေးပြီး စိတ်မကောင်းဖြစ်မိတာပေါ့။

"နွယ်..."

ခေါ်သံကြောင့် မော့ကြည့်လာတဲ့ နွယ်က သနပ်ခါးလေးနဲ့ ရိုးရိုးယဉ်ယဉ်လေးနဲ့ တကယ်ကြည့်ကောင်းတဲ့ မိန်းကလေးပါ။

'ငသစ်နဲ့ မတန်လိုက်တာဟာ။'

စိတ်ထဲက ရေရွတ်သံကို နွယ် ကြားနိုင်ရင် သိပ်ကောင်းမှာပဲ။ ငသစ်ဆိုတဲ့ကောင်က ဘယ်မိန်းကလေးကိုမှ အတည်တွဲတတ်တဲ့ကောင် မဟုတ်ဘူးလေ။

အောင်သွယ်ပေးရမှာက ကျွန်တော့်တာဝန်ဆိုပေမဲ့ နွယ်သာ ငသစ်ကို ပြန်မကြိုက်ရင် ပြီးတာပဲမလား။

"လပြည့်... ဘာပြောမလို့လဲ။ ပြောလေ။"

နွယ့်ကို ကျွန်တော် မဝံ့မရဲနဲ့ ပြန်ဖြေလိုက်မိတယ်။

"နင့်ကို... ငသစ်နဲ့ မိတ်ဆက်ပေးချင်လို့။"

နွယ်က ကျွန်တော့်ဘေးမှာ ပါလာတဲ့ ငသစ်ကို တစ်ချက်လှမ်းကြည့်ပြီး ထပ်ပြောပြန်တယ်။

"လဝန်းသစ်ကို ငါ သိသားပဲ။ မိတ်ဆက်ပေးစရာမှ မလိုတာ။"

"မဟုတ်ဘူး။ ငါ ပြောတာက..."

ထစ်ထစ်အအဖြစ်နေတဲ့ ကျွန်တော့်ကို ငသစ်က ခပ်တိုးတိုးကပ်ပြောလေရဲ့။

"ဒယ်ဒီ့ပုံစံက မသင်္ကာစရာကောင်းနေပြီ။ ကျွန်တော်က သူ့ကို အခုထက်ပိုပြီး ရင်းနှီးချင်လို့ပါဆိုပြီးတော့ ပြောလိုက်လေ။"

ငသစ်ရဲ့တိုက်တွန်းမှုကြောင့် ကျွန်တော် အားတင်းပြီး ပြောလိုက်ရတယ်။

"သူက နင်နဲ့ အခုထက်ပိုပြီး ခင်ချင်လို့တဲ့။"

နွယ်က ကျွန်တော် ပြောတာကို နားမလည်ပုံပါပဲ။ မျက်မှောင်ကြုတ်ပြီး ထပ်မေး‌လာခဲ့တယ်။

"နင်နဲ့ ငါ့လိုမျိုးလား။"

"အဲဒီထက် နည်းနည်းပိုလိုက်ပါလား။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now