အခန်း ၆၅ (Chapter 65)

9.4K 1.2K 264
                                    

(Unicode Version)


ဒီနေ့ 'နီလာသွယ်'နဲ့အတူလိုက်သွားပြီး စုံစမ်းကြည့်ဖို့ ချိန်းထားတာမို့ စိတ်ထဲမငြိမ်မသက်ဖြစ်နေမိသည်။ တရားခံက ကိုယ့်အသိထဲက ဖြစ်နေခဲ့ရင်‌ရော ဘာဆက်လုပ်ရမလဲ!? စိတ်ထဲမှာ သိချင်မှုရော၊ မတင်မကျဖြစ်မှုရောက ဒွန်တွဲနေခဲ့လေသည်။ ပူပန်မှုတွေ လျော့ကျဖို့ ငသစ်ဆီကို ဖုန်းဆက်ကြည့်ပေမယ့် ရိုက်ကူးရေးလုပ်နေချိန်မို့ ဖုန်းမကိုင်နိုင်ခဲ့ပေ။

"ဘာလုပ်ရင် ကောင်းမလဲ!?"

တွေးနေရင်းက စိတ်ပြေလက်ပျောက်ဖြစ်စေဖို့ 'ဝသန်'ဆီ Video Call ခေါ်လိုက်မိသည်။ ခဏအကြာမှာ သူ့ဘက်က ဖုန်းလက်ခံလိုက်ပေမယ့် သူ့မျက်နှာကတော့ ဖြူဖတ်ဖြူရော်ဖြစ်နေသလိုပင်။

"မင်းရုပ်က ဘာဖြစ်နေတာလဲ!?"

"ဘာမှမဖြစ်ပါဘူးကွာ။ ပင်ပန်းနေလို့ပါ။"

"ဘာလို့ ပင်ပန်းနေတာလဲ!?"

"ခါးနာလို့..."

"ဘာလို့ ခါးနာတာလဲ!?"

"@မို့လို့ ငါ့ကို တောက်လျှောက်မေးနေရတာလား!?"

"ဪ...မနေ့က မင်းနဲ့ စကားမပြောဖြစ်တာနဲ့ မမေးဖြစ်လိုက်တာ။ မင်းတို့နှစ်ယောက်က ဟိုလို ဒီလိုဖြစ်ပြီးသွားပြီလား!?"

ကျွန်တော့်စကားကြားတော့ 'ဝသန်'ရုပ်က ငိုတော့မလို ဖြစ်သွားခဲ့လေသည်။

"ဖြစ်ပြီးသွားလို့ ခါးနာနေတာပေါ့။"

"ဟမ်!!! ဖြစ်ပြီးသွားတာအထိက ဟုတ်ပါပြီ။ ဘာလို့ ခါးက နာနေရတာလဲ!?"

"ငါက အကြံနဲ့ သူ့ကို ဟိုတယ်အထိ ခေါ်သွားတာ။ သူက ဟိုတယ်ခန်းထဲရောက်တာနဲ့ ငိုပါလေရော။"

"ဘာဖြစ်လို့လဲ!?"

"ကြောက်လို့တဲ့လေ။"

"မင်းက ဘာတွေ ခြိမ်းခြောက်လိုက်လို့လဲ!?"

"ဘာမှကို မပြောရသေးတာပါ။ အဲဒါကို ငိုချလိုက်တာ။"

"အဲဒီတော့..."

"အဲဒီတော့ သူ မကြောက်ရအောင်လို့ ဗီဒီယိုပြလိုက်တာပေါ့။ ပညာယူရအောင်လို့လေ။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now