အခန်း ၄၄ (Chapter 44)

11.1K 1.4K 128
                                    

(Unicode Version)


မေမေ့ဆီကနေ ခွင့်ပြုချက်ရပြီးတာမို့ ငသစ်ကို ကျွန်တော် လိုက်စောင့်ရှောက်ပေးခွင့်ရခဲ့လေသည်။ အနုပညာလောကအကြောင်းကို လုံးဝနားမလည်တဲ့ ကျွန်တော့်အတွက် သူ့ကို ကူညီပေးရခြင်းက လွယ်တဲ့ကိစ္စတစ်ခုတော့ မဟုတ်ခဲ့ပေ။ ရိုက်ကွင်းတည်နေရာနဲ့ အချိန်ကို သေချာမှတ်ရပြီး ဇာတ်ညွှန်းလိုက်ကျက်ပေးရတဲ့ အလေ့အကျင့်ကို လိုက်လေ့လာပြီး စမ်းလုပ်ကြည့်ခဲ့ရပြန်သည်။ နှစ်ပတ်‌ခန့်ကြာချိန်မှာ ထိုကိစ္စတွေကို ကျွန်တော် ကျွမ်းကျင်စပြုလာခဲ့သည်။

"ဪ...ဒေလီယာရောက်လာတာပဲ။"

ရှုတင်မန်နေဂျာရဲ့အသံကြောင့် ပစ္စည်းတွေကို နေရာချနေရင်းနဲ့ ကျွန်တော် လှမ်းကြည့်လိုက်မိသည်။ 'မဒေလီယာ'က ထုံးစံအတိုင်း လှပကျော့ရှင်းစွာ ဝတ်စားဆင်ယင်ထားပြီး တည်ငြိမ်တဲ့ အပြုံးတစ်ခုကို ပန်ဆင်ထားခဲ့လေသည်။

"ဒီနားကိုလာရင်းနဲ့ လဝန်းသစ်ရဲ့အခြေအနေက တိုးတက်လာရဲ့လားဆိုတာ ဝင်မေးကြည့်တာ။ သူရော...အခု ဘယ်မှာလဲ!?"

"ဟိုးဘက်နားမှာ ရှိတယ်။"

မန်နေဂျာရဲ့ညွှန်ပြမှုကြောင့် 'မဒေလီယာ'က ကျွန်တော်ရှိရာဘက်ကို လှမ်းကြည့်ပြီး လာခဲ့လေတော့သည်။

"လပြည့်မှူးလည်း ဒီကိုရောက်နေတာပဲ။ ဘာလဲ!? လာလေ့လာတာလား!?"

"ကျွန်တော်က သူ့ကို လိုက်ကူညီပေးနေတာပါ။ နှစ်ပတ်လောက်တောင် ရှိတော့မယ်။"

"ကောင်းတာပေါ့ကွယ်။ ဒီနေ့ အစ်မက သူ့ကို အဆင်ပြေရဲ့လားဆိုတာ လာမေးကြည့်တာ။ ကူညီပေးဖို့ လူတစ်ယောက် ဌားပေးရမလားဆိုတာကိုလည်း မေးမလို့လေအခု လပြည့်မှူးရှိနေတော့ သူလည်း ပိုအဆင်ပြေသွားတာပေါ့။"

"ဟုတ်ကဲ့။"

"ဒါနဲ့ သူက ဘယ်ရောက်သွားတာလဲ!?"

"သူက အဝတ်အစားသွားလဲနေတယ်။ ခဏနေရင် ပြန်ရောက်လာတော့မှာပါ။"

'မဒေလီယာ'က ကျွန်တော့်နံဘေးမှာ ဝင်ထိုင်လိုက်လေသည်။

"ဝသန်က စာမေးပွဲပြီးသွားပေမယ့် အပြင်ကို မထွက်ရလို့ဆိုပြီး စိတ်ညစ်နေတယ်။ သူ့ကို အားပေးစကားလေး လှမ်းပြောပေးလိုက်ပါဦး။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now