အခန်း ၅၂ (Chapter 52)

10.3K 1.3K 92
                                    

(Unicode Version)


ဒီနေ့ 'ဝဏ္ဏ'က ကျောင်းပျက်မယ်ဆိုတာကို ကြိုဖုန်းဆက်ထားတာမို့ စာသင်ချိန်မစသေးခင်မှာ ကျွန်တော်လည်း ပျင်းပျင်းရိရိနဲ့ ကန်တင်းန်ဘက်ကို ခြေဦးလှည့်လာခဲ့မိသည်။

"လပြည့်မှူး...."

ခေါ်သံကြောင့် ကျွန်တော် လှည့်ကြည့်မိချိန်မှာ 'စနိုး'နဲ့ 'နွယ်'ကို တွေ့လိုက်ရလေသည်။ 'နွယ်'ကို တောင်းပန်ဖို့ အကြိမ်ကြိမ်စိတ်ကူးထားခဲ့ပေမယ့် တကယ်တမ်းတွေ့ဆုံရချိန်မှာ နှုတ်ဆက်စကားပင် ပြောထွက်နိုင်ဖို့ ခဲယဉ်းလွန်းလှပေသည်။

"စနိုး...နင်တို့ ဒီကို လာလည်ကြတာလား!?"

"ဟုတ်တယ်...ငါ တစ်ယောက်တည်းဖြစ်နေတာနဲ့ နွယ့်ကိုပါ အဖော်ခေါ်လာခဲ့တာ။"

'နွယ်'က တမင်အကြည့်လွှဲထားတာမို့ ကျွန်တော့်ဘက်က စကားစ,ပြောနိုင်ဖို့ ကြိုးစားလိုက်ရတော့သည်။

"နွယ်...နင် နေကောင်းတယ်မလား!?"

ကျွန်တော့်အမေးကြောင့် 'နွယ်'က ဝတ်ကျေတန်းကျေ ပြန်ဖြေခဲ့လေသည်။

"ကောင်းပါတယ်။"

ကျွန်တော်တို့ကြားက တိတ်ဆိတ်နေတဲ့ လေထုကို 'စနိုး'က ဝင်နှောင့်ယှက်ပေးလိုက်ရတော့သည်။

"ကဲ...ကန်တင်းန်မှာ သွားထိုင်ပြီးမှပဲ ဆက်ပြောကြတာပေါ့။"

ကျွန်တော်တို့အားလုံး ကန်တင်းန်မှာ ဝင်ထိုင်လိုက်ကြပြီး 'စနိုး'က စကားစ,ပေးလိုက်ရပြန်သည်။

"နင်တို့ကလည်း သူငယ်ချင်းအချင်းချင်းကို ပွင့်ပွင့်လင်းလင်း ပြောကြလေဟာ။ ဘာလို့ မြုံစိစိလုပ်နေကြတာလဲ!? နင်တို့ကို ကြည့်ပြီး ငါကတော့ မွန်းကြပ်လာပြီ။"

'စနိုး'ရဲ့တိုက်တွန်းမှုကြောင့် ကျွန်တော့်ဘက်က စပြီး တောင်းပန်စကားဆိုလိုက်မိသည်။

"ဖြစ်ခဲ့သမျှကိစ္စအားလုံးအတွက် ငါ တောင်းပန်ပါတယ်။"

'နွယ်'က ကျွန်တော့်ကို စူးစိုက်ကြည့်ပြီး မေးလိုက်လေသည်။

"နင်က ဘာကို တောင်းပန်တာလဲ!?"

"ငါတို့ကြောင့် နင် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်လေ။ အဲ့ကိစ္စအတွက် တောင်းပန်တာပါ။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now