အခန်း ၅၆ (Chapter 56)

9.7K 1.3K 225
                                    

(Unicode Version)


ငပလီခရီးဒုတိယ‌မြောက်နေ့မှာ 'မဒေလီယာ' နဲ့ ကျွန်တော်တို့သုံးယောက် အတူလည်ပတ်ဖြစ်ခဲ့ကြလေသည်။

"အရင်ဆုံး လှေသွားစီးကြရင် မကောင်းဘူးလား!?"

'ဝသန်'က အားရဝမ်းသာ ပြောလိုက်ပေမယ့် ကျွန်တော်ကတော့ ရေလမ်းခရီးကို စိတ်မပါသလို ဖြစ်နေ‌မိသည်။ ရေနဲ့ပတ်သက်လာရင် တစ်ခုမဟုတ်တစ်ခု ဖြစ်တတ်တာမို့ ကျန်တဲ့သူတွေကိုလည်း စိတ်အနှောင့်အယှက်မပေးချင်ပေ။

"အဲဒါက ကိုယ့်ဘာသာကိုယ် လှော်ရတဲ့ လှေမလား!?"

"ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ!?"

"ငါက..."

ငသစ်က ကျွန်တော့်စကားစ,ကို ဖြတ်ပြီး ဝင်မေးလိုက်လေသည်။

"နှစ်ယောက်လှော်လို့ ရတယ်မလား!?"

"ရတယ်...မင်းတို့နှစ်ယောက်က တစ်စီး။ ငါနဲ့ တီလေးက တစ်စီးလှော်မယ်လေ။"

"အဲဒါဆို ရပါတယ်။ သွားကြတာပေါ့။"

'ဝသန်'တို့က ရှေ့ကနေ ဦးဆောင်သွားချိန်မှာ ကျွန်တော်လည်း ငသစ်ကို လှမ်းပြောလိုက်ရတော့သည်။

"ငသစ်...ငါက ရေမှမကူးတတ်တာ။"

"ဒါက လှေလှော်ရုံလေးပဲဟာ။ ဘာမှမဖြစ်ပါဘူး။"

"ဒါပေမဲ့ ငါက ရေလမ်းခရီးနဲ့ ပတ်သက်လာရင် ကံဆိုးတတ်တယ်လေ။"

ငသစ်က ကျွန်တော့်လက်ကို ဆုပ်ကိုင်လိုက်ပြီး အားပေးစကားပြောခဲ့လေသည်။

"ဒယ်ဒီ့အနားမှာ ကျွန်တော်တစ်ယောက်လုံး ရှိနေတာပဲ။ အဲ့လိုအစွဲအလမ်းတွေ မထားပါနဲ့။"

သူ့စကားကြောင့် ကျွန်တော့်စိတ်လည်း ပြန်ပြီး တက်ကြွလာခဲ့သည်။

"မြန်မြန်လာကြလေ..."

'ဝသန်'ရဲ့ခေါ်သံကို ကြားချိန်မှာ သူ့လက်ကို အမြန်လွှတ်လိုက်ပြီး ကျွန်တော် ခပ်မြန်မြန်လျှောက်လာခဲ့မိတော့သည်။ ခဏအကြာမှာ ကျွန်တော်တို့လေးယောက်လုံး လှေစီးရမယ့်နေရာဆီသို့ ရောက်ရှိလာခဲ့ကြသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now