အခန်း ၆၆ (Chapter 66)

9.3K 1.2K 196
                                    

(Unicode Version)


တစ်ပတ်ကျော်ကြာတဲ့အထိ အိမ်မပြန်ဖြစ်ခဲ့တာမို့ ကျွန်‌တော် မေမေ့ကို ရင်မဆိုင်ဝံ့သလိုဖြစ်နေလေသည်။ ငသစ်ကတော့ ကျွန်တော့်ကို အားပေးစကားပြောပြီး ကြိုတင်ကြံစည်ထားတဲ့အတိုင်း ပြောခိုင်းလိုက်သည်။

"သူ့ကို ပညာပေးချင်လို့ ဒီလိုလုပ်လိုက်ရတာပါ။ နောက်ဆို အဲ့လိုမဖြစ်စေရပါဘူး။"

မေမေ့ကို နှစ်ယောက်သားထိုင်ကန်တော့ရင်း ကျွန်တော် တောင်းပန်လိုက်ချိန်မှာ မေမေ့ဆီက ဩဝါဒမျိုးစုံကို ကြားခဲ့ရတော့သည်။

"နှစ်ယောက်က ဘယ်လောက်ပဲ စိတ်ဆိုးဆိုး လူကြီးတွေကို စိတ်ပူအောင်တော့ မလုပ်သင့်ဘူးပေါ့။ ဖုန်းလှမ်းဆက်ပြီး စိတ်အေးအောင်လို့ အကြောင်းကြားလို့လည်း ရတာပဲ။"

"ဖွားဖွားရယ်...ဒယ်ဒီက သားကောင်းဖို့ လုပ်ပေးခဲ့တာပါ။ ခွင့်လွှတ်ပေးလိုက်ပါနော်။"

"သစ်သစ်လေးလည်း သားကို စိတ်ပူပြီး စားမရ၊ အိပ်မရ ဖြစ်နေရှာတာမျက်နှာလေးကို ချောင်ကျသွားတော့တာပဲ။"

ဒီနှစ်ရက်မှာ ကျွန်တော့်ဆီ စားစရာတွေ ဝယ်လာပြီး စားသောက်နေတာကိုတော့ မေမေ မသိနိုင်ခဲ့ပေ။ ဒါပေမဲ့လည်း ရေလိုက်ငါးလိုက်ဆက်နေပေးရင်းနဲ့ မေမေ့ကို ပြန်ချော့လိုက်ရလေသည်။

"သားလည်း ဒီလိုမျိုး ဘယ်လုပ်ချင်ပါ့မလဲ!? သူက ဒေါသကြီးတတ်တော့ အဲ့လိုအကျင့်ကို ပျောက်အောင် ထိန်းပေးခဲ့ရုံပါပဲ။"

"ဟုတ်ပါတယ်...ဖွားဖွားရယ်။ ဒါတွေကလေ သားကို သိပ်ချစ်လွန်းလို့ ဖြစ်သွားရတာတွေပါ။"

စကားအကောင်းပြောနေရင်း ထဖောက်လာတဲ့ ငသစ်ကို ကျွန်တော် တံတောင်နဲ့ လှမ်းတို့လိုက်မိသည်။

"သားတို့အချင်းချင်း အရမ်းချစ်ကြတယ်ဆိုတာကို ဖွားဖွားလည်း သိပါတယ်ကွယ်။ ရှေ့လျှောက် ပြဿနာထပ်မဖြစ်ဘဲနဲ့ နေသွားကြနော်။ ဆုံးမစရာဆိုရင် အေးအေးဆေးဆေးပဲ စကားနဲ့ ပြောဆိုဆုံးမိပေါ့။"

"ဟုတ်ကဲ့...မေမေ။"

"ကဲ...သွားနားလိုက်တော့။ သူများအိမ်မှာဆိုတော့ စိတ်ချလက်ချနားခဲ့ရမှာ မဟုတ်ဘူး။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now