Extra 4🌹🌹🌹

Start from the beginning
                                    

"သူက မရိပ်မိဘူးလား!?"

"အန်တီတို့မိသားစုက ဂျပန်မှာ ဆယ်နှစ်ကျော်လောက် နေခဲ့ကြတာလေ။ ဂျပန်စကားပြောနဲ့ အလေ့အထကို အကျွမ်းတဝင်ရှိပြီးသားဆိုတော့ သူ မရိပ်မိလောက်ပါဘူး။"

"သူရိန်ညီနဲ့ ဦးထွဋ်ခေါင်ဦးက ဒီနေ့ လက်ထပ်ကြတော့မယ်တဲ့။ မနေ့ညကမှ ကျွန်တော်တို့ဆီကို ဖိတ်စာရောက်လာတယ်။"

"ဟယ်...မနေ့ကပဲ သူတို့ကို အဆင်ပြေအောင်လို့ အန်တီ ဖျောင်းဖျပေးလိုက်တာ။ သူကလည်း သူရိန်ညီကို ရအောင် ပြန်ခေါ်ဖို့ ဆုံးဖြတ်လိုက်တဲ့ပုံပဲ။ ဒီမင်္ဂလာပွဲကိုသာ သူ သိသွားရင် တော်တော်လေးစိတ်ထိခိုက်သွားမှာ။"

"သူ အခု ဘယ်သွားလဲဆိုတာ အန်တီ သိလား!?"

"သူ့အိမ်ကိုပဲ ပြန်မယ်ထင်တယ်။"

"သူ့ဆီကို အမြန်အကြောင်းကြားဖို့ လုပ်ရမှာ။ ကျွန်တော် တခြားတစ်ယောက်ဆီ လှမ်းဆက်ပြီး အကူအညီတောင်းကြည့်ဦးမယ်။"

"အေးပါကွယ်။ အန်တီ ကူညီဖို့လိုအပ်ရင် ပြောပါနော်။"

"ဟုတ်ကဲ့..."

အန်တီ'မေရီ'နဲ့ ဖုန်းပြောပြီးနောက် 'ဟန်နီ'ဆီကို ကျွန်တော် လှမ်းဆက်ခဲ့ရပြန်သည်။

"ဟယ်လို...ဟန်နီလား!?"

"ဟုတ်ကဲ့...အစ်ကို...ဘာဖြစ်လို့လဲဟင်!?"

"ဦးထွဋ်ခေါင်ဦးနဲ့ သူရိန်ညီက ဒီနေ့ လက်ထပ်ကြတော့မှာ။"

"ရှင်!!! ဘယ်လိုဖြစ်တာလဲ...ချက်ချင်းကြီးပါလား!?"

"ဟုတ်တယ်။ အဲ့ကိစ္စကို သူရိန်ကို့ဆီ လှမ်းပြောပေးပါလား!?"

"ဟုတ်ကဲ့...ဟန်နီ ပြောပေးပါ့မယ်။ ပွဲကရော ဘယ်နေရာမှာ လုပ်မှာလဲ!?"

"Glorious Sunဟိုတယ်မှာပဲ။"

"ဟန်နီ သူ့ဆီ လှမ်းဆက်လိုက်ဦးမယ်နော်။"

'ဟန်နီ'နဲ့ ဖုန်းပြောပြီးချိန်မှာ ဖြစ်လာမယ့်ပြဿနာတွေကို ကျွန်တော် ရင်တမမ,နဲ့ စောင့်ကြည့်ခဲ့ရတော့သည်။

"သူရိန်ကိုက ဒီပွဲကို လာဖျက်ရင် ပြဿနာပိုကြီးမသွားနိုင်ဘူးလား!?"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now