Extra 3🌹🌹🌹

Start from the beginning
                                    

"ကြယ်သီးတပ်ရ,ခက်မှာပေါ့။ လက်သည်းတွေက ဒီလောက်ရှည်နေတာကို။"

"အခုတလော ဒယ်ဒီ အလုပ်ရှုပ်နေလို့ မညှပ်ပေးသေးတာလေ။"

"ငါ မအားရင် ကိုယ့်ဘာသာကိုယ် ညှပ်ပါလား!? ဒီအသက်အရွယ်ပဲ ရောက်နေပြီ။ ငါ့ကို နေရာတကာ လိုက်အားကိုးမနေနဲ့။"

"လေးတန်းကတည်းက အခုချိန်ထိ ဒယ်ဒီပဲ ကျွန်တော့်ကို လက်သည်းညှပ်ပေးခဲ့တဲ့ဟာ။ ကိုယ့်ဘာသာကိုယ် မညှပ်တတ်ဘူး။"

"ဒီလောက်လေးတော့ လုပ်တတ်ရမှာပေါ့။ လက်သည်းညှပ်တာက ဘာခက်လို့လဲ!?"

"ငြိုငြင်နေတာလား!?"

"မင်းက အသုံးမကျတာကိုလည်း ထည့်ပြောဦး။"

"အင်းပေါ့လေ...ကျွန်တော်တို့ လက်ထပ်ထားတာကလည်း (၂)နှစ်ရှိပြီဆိုတော့ စားလို့ ဝသွားပြီး ငြိုငြင်စ,ပြုလာပြီပေါ့။"

အမြင်ကတ်ကတ်နဲ့ သူ့ရင်ဘတ်ကို ကျွန်တော် ထုရိုက်လိုက်မိတော့သည်။

"ငါက စားရဦးမယ်။ ပြောင်းပြန်တွေ လာပြောနေတာပဲ။"

"ဒါဆို မစားဖူးဘူးလား...ပြော!?"

သူ့စကားကြောင့် ကျွန်တော့်အာရုံထဲကို မြင်ကွင်းတစ်ခုက ကွက်ကွက်ကွင်းကွင်း ဝင်လာခဲ့သည်။

"ဘာ...တွေ...လာမေးနေတာလဲ!?"

"မစားဖူးဘူးလားလို့ မေးနေတာလေ။"

စပ်ဖြဲဖြဲနဲ့ သူ့မျက်နှာကို စိတ်ထဲ ရှိတဲ့အတိုင်း ကုတ်ဆွဲပစ်လိုက်ချင်ပေမယ့် ရိုက်ကူးရေးရှိနေတာမို့ သည်းခံထားလိုက်ရပြန်သည်။

"ငါက ဘာကို စားဖူးရမှာလဲ!?"

"ရေခဲချောင်းလေ..."

သူ့ခြေထောက်ကို ကျွန်တော် ဆောင့်ကန်ပြီး ဒေါသတကြီး ပြောလိုက်မိသည်။

"$ရူးကောင်...စောစောစီးစီး မဟုတ်တာတွေ လာမေးနေတယ်။"

"ဘာစားချင်လဲ!? ဌက်ပျောသီးလား!? စတော်ဘယ်ရီလား!?"

"မင်း ပါးစပ်ကို မပိတ်သေးဘူးလား!?"

"ဟာ...အကောင်းနဲ့ မေးနေ‌တာလေ။ ရေခဲချောင်းကို မသိဘူးလား!?"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now