အခန်း ၄၈ (Chapter 48)

Start from the beginning
                                    

"ဒယ်ဒီက အဲဒါမျိုးကို စိတ်မဝင်စားဘူး။"

"မင်းက ဘာလို့ သူ့အစား လိုက်ဆုံးဖြတ်ပေးနေတာလဲ!? သူ အရင်က ဂိမ်းမဆော့ချင်ပေမယ့် အခု ဆော့ချင်ရင် ဆော့ချင်မှာပေါ့။ သူ့စိတ်ကို နေရာတကာ လိုက်ထိန်းချုပ်နေတဲ့ မင်းကို ကြာလာရင် သူ စိတ်ပျက်သွားလိမ့်မယ်။"

'ဝသန်'စကားကြောင့် ငသစ်က ကျွန်တော့်ကို လှည့်ကြည့်လိုက်လေသည်။

"ဒယ်ဒီ...ကျွန်‌တော်တို့နဲ့ အတူတူဆော့ချင်လားဟင်!?"

ကျောင်းတက်ချိန်တုန်းက ဒီလိုအရာတွေကို အနှောင့်အယှက်တစ်ခုအဖြစ် ကျွန်တော် သဘောထားခဲ့ဖူးပေမယ့် အခုလိုမျိုး အနားရနေချိန်မှာတော့ စမ်းသပ်ကြည့်ချင်စိတ် ဖြစ်နေမိတာ အမှန်ပင်။ ထိုကြောင့် ငသစ်ကို ကျွန်တော် ခေါင်းညိတ်ပြလိုက်မိသည်။

"တွေ့လား!? သူလည်း ဆော့ချင်နေတာပဲ။"

ငသစ်က 'ဝသန်'ကို ငြင်းမနေတော့ဘဲ ကြည်ကြည်သာသာ ပြန်ပြောခဲ့လေသည်။

"သူ့ကို ဂိမ်း‌Downပေးပြီး အဆင်သင့်ဖြစ်မှ လှမ်းခေါ်လိုက်မယ်။"

"အိုကေ..."

'ဝသန်'နဲ့ ဖုန်းပြောပြီးချိန်မှာ ငသစ်က ကျွန်တော့်ဖုန်းကို လှမ်းတောင်းပြီး ဂိမ်းသွင်းပေးလိုက်တော့သည်။

"လောလောဆယ်က သူ ခိုင်းတာတွေကို လိုက်လုပ်ပေးရုံပဲ။ ညာဘက်အခြမ်းက ခလုတ်လေးတွေက Heroရဲ့Levelအတွက်။  ဘယ်ဘက်က ခလုတ်ကြီးက Heroကို ရွှေ့ဖို့အတွက်ပဲ သုံးရတာ။ ကျွန်တော် စမ်းသုံးပြမယ်။"

ငသစ်က ကျွန်တော့်ကို ခဏစမ်းသုံးပြပြီး ကိုယ့်ဘာသာကိုယ် ကစားခိုင်းခဲ့လေသည်။

"ဒီလိုလား!?"

"အင်း...ဟုတ်တယ်။ ဒီအောက်နားက ဟာလေးကို Battle Spellလို့ ခေါ်တယ်။ အဲဒါတွေကို နောက်မှ သေချာရှင်းပြပေးမယ်နော်။ သူက Heroကို လိုက်ပြီး သင့်တော်တဲ့ဟာကို ရွေးသုံးရတာ။ ဒယ်ဒီက အခုမှ စဆော့တာဆိုတော့ Spellတွေ အစုံမရသေးဘူး။ Levelတက်လာမှ တစ်ခုပြီးတစ်ခု ပွင့်လာတာ။"

"ဒါလေးကရော!?"

"အဲဒါက Main Baseကို ပြန်ရောက်သွားမှာ။ ကိုယ့်မှာ သွေးနည်းနေပြီဆိုရင် အဲ့နေရာကို ပြန်သွားပြီး သွေးဖြည့်ရတယ်။ သွေးတန်းဆိုတာက Heroပေါ်က အစိမ်းတန်းလေးကို ကြည့်ရတာ။ သူ နည်းလာရင် ပြန်လိုက်ရုံပဲ။ ဒါပေမဲ့ ကိုယ် ပြန်နေတုန်း ရန်သူတွေ ဝင်ချရင် ပျက်သွားတတ်တယ်။ ခြုံထဲပဲ ဖြစ်ဖြစ် ဝင်ပုန်းပြီး သုံးရမှာ။ Main Baseနဲ့ နီးရင်တော့ အဲဒါမသုံးဘဲ ဒီအတိုင်းပြန်လည်း ရပါတယ်။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now