အခန်း ၄၇ (Chapter 47)

Start from the beginning
                                    

"ကဲ...ဒီနေ့ ခြံထဲမှာ သန့်ရှင်းရေးလုပ်ရမယ်။ မင်းလည်း ငါ့ကို ဝိုင်းကူပေး။"

ငသစ်က ထိုင်နေရာကနေ ထလာပြီး ကျွန်တော့်ကို အလေးပြုလိုက်လေသည်။

"Yes, Sir."

ကျွန်တော်တို့နှစ်ဦး အောက်ထပ်သို့ ဆင်းလာချိန်မှာ မေမေ တရားထိုင်နေတာကို တွေ့လိုက်ရတာမို့ ငသစ်ဘက်ကို အမြန်လှည့်ပြီး တိတ်တိတ်နေဖို့ သတိပေးလိုက်ရတော့သည်။

"မေမေ တရားထိုင်နေတယ်။ တိုးတိုးနေ။"

ငသစ်က ကျွန်တော့်ကို ခေါင်းညိတ်ပြလိုက်ပြီး တိတ်တဆိတ် ဆင်းလာကာ ခြံထဲသို့ အတူထွက်လာခဲ့လေသည်။

"ဘယ်က စ,ရှင်းရင် ကောင်းမလဲ!?"

ငသစ်ရဲ့အမေးကြောင့် ကျွန်တော်လည်း သေချာစဉ်းစားကြည့်ပြီး ပြောလိုက်မိသည်။

"ပန်းအိုးတွေကို တစ်နေရာတည်းမှာ ခဏစုထားလိုက်ပြီး အရင်ရှင်းကြတာပေါ့။"

ငသစ်က ကျွန်တော့်စကားအတိုင်း ပန်းအိုးတွေကို အားတက်သရော ကူရွှေ့ပေးခဲ့လေသည်။

"လေးတဲ့အိုးတွေကို ကျွန်တော် သယ်ပေးပါ့မယ်။ ဒယ်ဒီက ပေါ့တာလေးပဲ သယ်နော်။"

ဒီလိုဆိုတော့လည်း အလိမ္မာအိမ်ပါလေးပါပဲလား!? ပန်းအိုးတွေကို ကြိုးစားပမ်းစား ရွှေ့ပေးနေတဲ့ ငသစ်ကို လှမ်းကြည့်ရင်း ကျွန်တော် ပြုံးလိုက်မိသည်။ ခဏအကြာမှာ ပန်းအိုးအားလုံး ရွှေ့ပြီးသွားပြီမို့ ကျွန်တော်တို့ သန့်ရှင်းရေးကို စ,လုပ်ခဲ့ကြလေသည်။ အမှိုက်တွေရှင်းနေရင်းနဲ့ ဒန်းဆီသို့ အရောက်မှာ ငသစ်က တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ကျွန်တော့်ကို လှမ်းပြောလိုက်တော့သည်။

"ငယ်ငယ်တုန်းက ဒန်းနားမှာ ဖြစ်ခဲ့တာတစ်ခုကို သတိရသေးလား...ဒယ်ဒီ!?"

"ဘာကိစ္စလဲ!?"

"ဖွားဖွားက ကျွန်တော်တို့ကို ဓာတ်ပုံရိုက်ပေးဖို့ ဒန်းပေါ်မှာ ထိုင်ခိုင်းထားတုန်း ဒယ်ဒီက ပက်ကျိတွေ့လို့ ထပြေးရင်းနဲ့ ဒန်းက ချိတ်နဲ့ ငြိပြီး ဘောင်းဘီကျွတ်ကျတာ တန်းလန်းလေး ဖြစ်သွားတယ်လေ။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now