အခန်း ၄၅ (Chapter 45)

Start from the beginning
                                    

"သားက မေမေနဲ့အတူတူ ဈေးလိုက်ဖူးတယ်လေ။ ဒီလောက်တော့ သိပါတယ်။"

"ဟုတ်ပါပြီရှင်။ ဒါဆိုလည်း ဝယ်လာရမယ့်ပစ္စည်းတွေကို ကျွန်မ ရေးပေးလိုက်ပါ့မယ်။"

မေမေက ပြုံးရွှင်စွာနဲ့ ကျွန်တော့်ကို စနောက်ရင်း ပြောလိုက်လေတော့သည်။ မေမေ့ဆီက စာရင်းကိုရပြီးချိန်မှာ ကျွန်တော်တို့ ဈေးဝယ်ထွက်ခဲ့ကြလေသည်။

"ဒယ်ဒီက ဘယ်ဆိုင်မှာ ဝယ်ရမလဲဆိုတာသိလို့လား!?"

"မေမေက သူနဲ့သိတဲ့ဆိုင်တွေမှာပဲ အမြဲဝယ်တတ်တာ။ အဲ့ဆိုင်တွေကို ငါ သိပါတယ်။"

"‌ဒယ်ဒီ သိရင်ပြီးတာပဲ။ ကျွန်တော်က ဒယ်ဒီ အဖော်ရအောင်လို့သာ လိုက်လာတာ။ ဈေးနဲ့ပတ်သက်ပြီး ဘာမှမသိဘူး။"

"အသုံးမကျကြောင်းကို ဂုဏ်ဖော်မနေစမ်းပါနဲ့။ ငါ့နောက်ကနေ ပါးစပ်လေးပိတ်ပြီး လိုက်ခဲ့။"

အာဏာပါပါနဲ့ ကျွန်တော် ပြောလိုက်ပေမယ့် ငသစ်က စကားကို လိမ်လိမ်မာမာနားထောင်တတ်သူ မဟုတ်ခဲ့ပေ။ ဈေးသို့ သွားရာလမ်းတစ်လျှောက်လုံး ငသစ်က ကျွန်တော့်နံဘေးကနေ မရပ်မနားစကားပြောပြီး လိုက်ပါလာခဲ့လေသည်။ ကျွန်တော်လည်း သူ ပြောသမျှကို အင်းလိုက်ပြီး ကြက်သားသည်ဆီသို့ ဝင်မေးလိုက်မိသည်။

"အန်တီ...ကြက်သားက ဘယ်ဈေးလဲ!?"

"တစ်ပိဿာကို ၆၀၀၀ဈေး...သားရေ။ ဒီနေ့ မေမေ မပါဘူးလား!?"

"ဟုတ်ကဲ့။"

"သားက ဘယ်လောက်သား ယူမှာလဲ!?"

"အစိတ်သားပဲ ထည့်လိုက်ပါ။"

"ဒီနေ့ ကြက်သားက အရမ်းလတ်တယ်။"

"ပိုပိုသာသာလေး ထည့်ပေးလိုက်ပါနော်။"

"အမယ်လေး...ယောက်ျားလေးပေမယ့် ဈေးဝယ်တတ်လိုက်တာ။ ပိုပိုသာသာလေး ထည့်ပေးလိုက်ပါ့မယ်။"

ကြက်သားသည်အဒေါ်ကြီးက ကျွန်တော့်ကို ချီးကျူးစကားဆိုလိုက်တာမို့ ငသစ်ဘက်ကို လှည့်ကြည့်ပြီး ဂုဏ်ဆာသလိုရုပ်မျိုး လုပ်ပြလိုက်‌မိတော့သည်။ ကြက်သားဖိုးကို ပိုက်ဆံရှင်းပေးပြီး ကျွန်တော်တို့နှစ်ဦး ပြန်ထွက်လာချိန်မှာ ငသစ်က တိုးတိုးလေးကပ်ပြောလိုက်လေသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now