အခန်း ၃၂ (Chapter 32)

Start from the beginning
                                    

"လိမ္မာနေတယ်ပေါ့လေ။"

"အစကတည်းက လိမ္မာပြီးသားပါ။ ဒယ်ဒီကသာ မမြင်တတ်တာ။"

ကျွန်တော်လည်း ငသစ်ရဲ့အနားကို ချဉ်းကပ်သွားပြီး အထု‌ပ်တွေကို စစ်ဆေးကြည့်လိုက်မိသည်။

"မဆိုးပါဘူး။ မှန်သားပဲ။"

ထိုအချိန်မှာ ငသစ်က ကျွန်တော့်ကို သူ့ပေါင်ပေါ်သို့ ဆွဲခေါ်လိုက်လေသည်။

"ဘာလုပ်တာလဲ!? မေမေ ထွက်လာရင် တွေ့သွားလိမ့်မယ်။"

"ဖွားဖွား အလှပြင်ရင် ဘယ်လောက်ထိကြာလဲဆိုတာ ဒယ်ဒီလည်း သိရဲ့သားနဲ့။"

ထိုကိစ္စကို သိပေမယ့် သူ့ပေါင်ပေါ်မှာ ထိုင်ရတာက စိတ်ထဲ မရိုးမရွဖြစ်စေသလိုပင်။

"မင်းက အကြောက်တရားကို မရှိဘူး။"

"ဘာကြောက်စရာရှိလို့လဲ!?"

ပြောနေရင်းနဲ့ သူက ကျွန်တော့်ခါးကိုဖက်ပြီး ကျောပြင်ကို နမ်းနေခဲ့လေသည်။

"ဟေ့ကောင်...ငြိမ်ငြိမ်နေစမ်းပါ။"

"ဒယ်ဒီ့ကိုယ်လေးက မွှေးနေတာပဲ။"

"အပိုတွေ လာပြောမနေနဲ့။ မင်းနဲ့ငါ သုံးရတဲ့ဆပ်ပြာရော၊ ရေမွှေးရောက အတူတူပဲ။"

"ဟုတ်သားပဲနော်။ ဒါဆို ဘယ်နေရာက မွှေးနေတာလဲ!?"

သူ ပြောမှ ကိုယ့်ကိုယ်ကိုယ် မသင်္ကာဖြစ်ပြီး လျှောက်နမ်းကြည့်မိတော့သည်။

"ဘာနံ့မှလည်း မရပါဘူး။"

"ဒီဘက် ခဏလှည့်..."

ထိုခဏမှာ ငသစ်က ကျွန်တော့်ခန္ဓာကိုယ်ကို ဘေးတစောင်း အနေအထားသို့ ပြောင်းပေးခဲ့လေသည်။

"ဘယ်နေရာက မွှေးနေတာလဲဆိုတာကို သိသွားပြီ။"

"ဘယ်မှာလဲ!?"

ငသစ်က ကျွန်တော့်ဦးခေါင်းအနောက်ဘက်ကို သူ့လက်နဲ့ ထိန်းကိုင်ပေးရင်း ခပ်ဖွဖွ နမ်းလိုက်လေသည်။

"ဒီနေရာလေးက မွှေးနေတာလေ။"

"မင်းရဲ့ခေါင်းထဲမှာ အကြံဉာဏ်တွေနဲ့ ပြည့်နေတာပဲမလား!?"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now