အခန်း ၂၉ (Chapter 29)

Start from the beginning
                                    

"သူ သောင်းကျန်းချင်တိုင်း သောင်းကျန်းလို့ မရပါဘူးကွာ။ လာရန်စလည်း သူ တစ်ချက်ဆို ကိုယ် တစ်ချက်ပဲပေါ့။"

"အဲ့ကောင်က အထက်တန်းမှာကတည်းက အုပ်စုဖွဲ့ပြီး မိုက်လာတဲ့ကောင်လို့ ကြားထားတယ်။ သတိထားတာ အကောင်းဆုံးပဲ။"

"အေးပါ...ငါ သတိထားလိုက်ပါ့မယ်။"

'စစ်မင်း'ကို မကြောက်ပေမယ့် ကျောင်းမှာ ပြဿနာမရှိဘဲ စာသင်ကြားချင်တာမို့ ရန်ကိုရှောင်ဖို့ ဆုံးဖြတ်ထားလိုက်မိသည်။

ညနေကျောင်းဆင်းချိန်တွင်-

"ဒယ်ဒီ!!!"

ငသစ်ရဲ့ခေါ်သံကြောင့် လှမ်းကြည့်လိုက်ချိန်မှာ မနီးမဝေးတစ်နေရာက 'စစ်မင်း'ကို တွေ့လိုက်ရလေသည်။ ကျွန်တော်လည်း ငသစ်ဆီကို အမြန်လျှောက်သွားပြီး ဆွဲခေါ်လာမိတော့သည်။

"လာ...မြန်မြန်သွားရအောင်။"

"ဘာဖြစ်လို့လဲ!?"

"ငါက သွားရအောင်ဆို သွားလိုက်ပေါ့။ ဘာလို့ ပြန်မေးနေတာလဲ!?"

ထိုအချိန်မှာပင် 'စစ်မင်း'တို့အုပ်စုက ရှေ့ကနေ ပိတ်ရပ်လိုက်ကြလေသည်။

"ဘယ်ကို ထွက်ပြေးချင်တာလဲ!? ငါနဲ့ တွေ့ရမှာကို ကြောက်နေတာလား!?"

ဘာမှမသိသေးတဲ့ ငသစ်က 'စစ်မင်း'ကို ပြန်ပြီး ရန်ရှာဖို့ ကြိုးစားလိုက်တာမို့ ကျွန်တော် တားထားလိုက်ရတော့သည်။

"ငသစ်...မင်း ငြိမ်ငြိမ်နေ။"

"ဘာလဲ...ပြဿနာဖြစ်ရမှာ အရမ်းကြောက်နေတာလား!? မင်းက လူတွေရှေ့ဆို ကောင်းချင်ယောင်ဆောင်ပြီး နောက်ကွယ်မှာတော့ ယုတ်မာနေတဲ့ကောင်ပဲ။ ဝတ်ရည်ကိုလည်း လူစွမ်းကောင်းလုပ်ပြီး ကယ်သလိုမျိုး လုပ်သွားသေးတယ်။ စားလို့လည်း ဝရော စွန့်ပစ်ထားခဲ့ပြီမလား!?"

"မင်း မဟုတ်တာတွေ လျှောက်မပြောနဲ့။ ငါနဲ့ ဝတ်ရည်က မင်း ပြောသလို ဆက်ဆံရေးမျိုး မဟုတ်ဘူး။"

"အမှန်အတိုင်း ဝန်မခံရဲတာ မင်း ယောက်ျားမဟုတ်ဘူးလား!?"

ထိုစကားအဆုံးမှာ ငသစ်ရဲ့လက်သီးချက်က 'စစ်မင်း'ရဲ့မျက်နှာပေါ် သက်ဆင်းသွားလေတော့သည်။ ကျွန်တော်လည်း ရုတ်တရက်မို့ မတားနိုင်ခဲ့ပေမယ့် ထပ်မထိုးဖို့ ဝင်ဆွဲလိုက်မိသည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now