အခန်း ၂၈ (Chapter 28)

Start from the beginning
                                    

"တိုင်းရင်းသားကျေးရွာကိုပဲ သွားလိုက်ကြရအောင်။"

"ဟိုမှာက နေအရမ်းပူတာ။"

ငသစ်ရဲ့ဂျီကျမှုကို 'ရန်နောင်'က ခွန်းတုံ့ပြန်လိုက်လေသည်။

"မင်း ယောက်ျားမဟုတ်ဘူးလား!? နေပူတာကိုတောင် ခံနိုင်ရည်မရှိတာ။"

"ငါက ဘာလို့ ခံနိုင်ရည်မရှိရမှာလဲ!? ဒယ်ဒီက အဲ့လောက်အပင်ပန်းမခံနိုင်ဘူးကွ။ မင်း ဘာနားလည်လို့လဲ!?"

"ကဲ...တော်ကြပါတော့။ ငါ ဒီလောက်တော့ ခံနိုင်ရည်ရှိပါတယ်။ တိုင်းရင်းသားကျေးရွာကိုပဲ သွားကြတာပေါ့။"

ထိုနှစ်ယောက်နဲ့ အတူရှေ့ဆက်ရမယ့်ခရီးက မတွေးဝံ့စရာပင်။

"ဒါဆို တက္ကစီနဲ့ သွားမယ်။"

"တက္ကစီဌားရအောင် မင်းက ပိုက်ဆံပေါနေလို့လား!?"

အတွေးမဆုံးသေးခင်မှာပဲ ထိုနှစ်ယောက်က နောက်တစ်ချီ စကားများကြပြန်လေသည်။

"ဘတ်စ်ကားနဲ့သွားရင် ဒယ်ဒီ ပင်ပန်းနေမှာပေါ့။ ပြီးတော့ ကားကလည်း ကြပ်ဦးမှာ။"

ကားကြပ်မယ်ဆိုတဲ့ စကားက ကျွန်တော့်ကို ထိတ်လန့်သွားစေတော့သည်။ အရင်တစ်ခါလိုမျိုး ကားပေါ်မှာထပ်ဖြစ်ရင် 'ရန်နောင်'က ရိပ်မိသွားနိုင်သည်။ ထိုကြောင့် ငသစ်ပေးတဲ့ အကြံအတိုင်း တက္ကစီဖြင့် သွားဖို့ ကျွန်တော်ဆုံးဖြတ်လိုက်မိသည်။

"နေကလည်း ပူနေတာဆိုတော့ တက္ကစီပဲ စီးသွားကြတာပေါ့။"

ဒါပေမဲ့ ပြဿနာက မပြီးသေးဘဲ တက္ကစီပေါ် တက်ချိန်မှာ ထပ်ပေါ်လာခဲ့လေသည်။

"ရန်နောင်...မင်းက ရှေ့ခုံမှာထိုင်။ ငါနဲ့ ဒယ်ဒီက အနောက်မှာ ထိုင်မယ်။"

"ငါ ထိုင်ခုံခါးပတ် မပတ်ချင်ဘူး။ မင်းပဲ ရှေ့မှာ ထိုင်လိုက်။"

ထိုနှစ်ယောက်ကြောင့် တက္ကစီသမားခမျာမှာလည်း ဘာလုပ်ပေးရမယ်မှန်း မသိ‌တော့ပေ။

"ငါပဲ ရှေ့ခုံမှာ ထိုင်လိုက်ပါ့မယ်။ မင်းတို့နှစ်ယောက်က အနောက်မှာ ထိုင်လိုက်။"

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now