အခန်း ၂၄ (Chapter 24)

Start from the beginning
                                    

"ဒယ်ဒီ...ကျွန်တော်နဲ့ အတူနေရတာကို ပျော်တယ်မလားဟင်!?"

"အတူနေလာတာပဲ (၁၇)နှစ်ကျော်ပြီ။ ဘာတွေ စိတ်ကူးပေါက်ပြီး ထမေးနေတာလဲ!?"

ငသစ်က ကျွန်တော့်လက်ကို ကိုင်ပြီး ထပ်မေးလိုက်ပြန်သည်။

"ပျော်လားလို့ ဖြေပါဆိုနေ..."

'မပျော်ဘူးလို့ ဖြေလိုက်ရင် ဘာများဖြစ်သွားနိုင်မလဲ!? မဖြစ်သေးပါဘူးလေ...အိမ်မှာက နှစ်ယောက်တည်း ကျန်နေခဲ့တာ။ ငသစ် စိတ်ဖောက်ပြန်လာရင် ထိန်းဖို့ ခက်လိမ့်မယ်။' တစ်ယောက်တည်း လျှောက်တွေးရင်းနဲ့ အခြေအနေကို ကြည့်ပြီး အကောင်းဆုံးဖြစ်မယ့် အဖြေကိုသာ ကျွန်တော် ရွေးချယ်လိုက်ရတော့သည်။

"ပျော်ပါတယ်။"

ငသစ်က ကျွန်တော့်အဖြေကြောင့် ပြုံးရွှင်စွာဖြင့် လက်ကို နမ်းလိုက်လေသည်။

"ကျွန်တော်လည်း အရမ်းပျော်တယ်။"

ဒီအခြေအနေမျိုးနဲ့ ဆက်နေရမှာကို ကျွန်တော့်စိတ်ထဲ ထိတ်လန့်နေသလိုပင်။ ထိုကြောင့် ငသစ်ကို အာရုံပြောင်းသွားစေနိုင်မယ့် နည်းလမ်းကို ကျွန်တော် စဉ်းစားကြည့်လိုက်မိသည်။

"ငါ ဗိုက်ဆာနေပြီ။"

"ဒယ်ဒီ ဘာစားချင်လဲ!? ဖွားဖွားကတော့ ဆန်ပြုတ် ပြုတ်ပေးထားခဲ့တယ်။ အဲဒါ စားမလား!?"

"ဆန်ပြုတ်ကြီး မစားချင်ဘူး။ ထမင်းပဲ စားချင်တာ။ အိမ်မှာ ဘာဟင်းချက်ထားလဲ!?"

"ငါးရေကျိုချက်ထားတယ်။ ဒယ်ဒီက အဲဒါကို မကြိုက်ဘူးမလား!?"

"အင်း..."

"ကြက်သားဟင်း စားချင်လား!? ကျွန်တော် ချက်ကျွေးမယ်လေ။"

"မင်းက ကြက်ဥတောင် မကြော်တတ်ဘဲနဲ့။ ကြက်သားကို ဘယ်လိုချက်မှာလဲ!?"

"အိမ်ရှေ့မှာ ငြိမ်ငြိမ်လေး တီဗီကြည့်ရင်း စောင့်နေ။ ချက်ပြီးသွားရင် ကျွန်တော် လှမ်းခေါ်လိုက်မယ်။"

ငသစ်က ကျွန်တော့်ခေါင်းကို ပုတ်ပေးပြီး ‌မီးဖိုချောင်ဘက်သို့ ပျော်ရွှင်စွာ ဝင်သွားလေတော့သည်။ ကျွန်တော်လည်း တီဗီလေးဖွင့်ပြီး လွတ်လပ်မှုကို အပြည့်အဝခံစားရင်းနဲ့ တစ်နာရီခန့်အကြာမှာ စားချင်စဖွယ် ဟင်းနံ့က နှာခေါင်းထဲ တိုးဝင်လာလေသည်။ ဗိုက်ဆာနေတဲ့သူအတွက် ထိုဟင်းနံ့ကို ရရုံမျှနှင့် သွားရည်ယိုလာပြီး အနံ့လာရာ မီးဖိုချောင်ထဲသို့ ရောက်မှန်းမသိ ရောက်ခဲ့ရတော့သည်။

ရှားရှားပါးပါး                                             (Once In A Blue Moon)Where stories live. Discover now