အပိုင်း(၈၆) အသနားခံတောင်းဆိုခြင်း

Start from the beginning
                                    

"မင်းမစိုးရိမ်ပါနဲ့....ကိုယ်တော်ရှိသေးတယ် လေ...အဲ့ဒီအချိန်ကျရင် ကိုယ်တော်က နေ့တိုင်း သူ့ကို ခေါ်ပြီး မင်းဆီလာမှာ‌ပေါ့"

ကုထင်ရန်က ဆို့နစ်နေဆဲဖြစ်ပြီး စကားမပြောပေ။ သို့ပေမယ့် ကျောက်ဝမ်ယုံးသည် စိုစွတ်သည့်အရာက သူ့ရဲ့ ရင်ဘတ်ပေါ် ကျဆင်းလာတာကို သိသိသာသာ ခံစားမိလိုက်သည်။

ကုထင်ရန်ငိုတာကို သူ မြင်ရခဲသည်။
ကုထင်ရန်က သူ့ရှေ့မှာ အမြဲတမ်း စိတ်ဓါတ်ကြံခိုင်သန်မာပြီး အရှုံးမပေးပေ။ သူ့ခန္ဓာကိုယ်ပေါ်တွင် ဘယ်လိုနှိပ်စက်မှုမျိုးဆင်းသက်လာလာ သူက ကြောက်မှာ
မဟုတ်မည့် ပုံရသည်။ ထိုကဲ့သို့ စိတ်ဓါတ်ကြံခိုင်သန်မာမှုမျိုးက တစ်ချိန်က သူ့ကို ကူကယ်ရာမဲ့သလို ခံစားရစေသည်။ သို့ပေမယ့်လည်း သူ သဘောအကျဆုံးဖြစ်သည်။ တဟင့်ဟင့်ငိုဖို့သာသိပြီး ပျော့ညံ့သည့် မိန်းကလေးတစ်ယောက်ကို သူမလိုအပ်ပေ။

ကျောက်ဝမ်ယုံးက ငိုသံ မကြားရချေ။ သူက ကုထင်ရန်၏ မျက်နှာကိုတောင် မမြင်ရပေမယ့် ကုထင်ရန်၏ အကြိမ်ပေါင်းများစွာ ငိုနေသည့် ပုံစံက သူ့ခေါင်းထဲတွင် ရုတ်ချည်း ပေါ်လာသည်။

သူက စကားလည်းမပြောဘဲ မျက်ရည်တွေကတစ်စက်ပြီးတစ်စက် ကျဆင်းနေလေသည်။

ကျောက်ဝမ်ယုံး၏ နှလုံးသားထဲသို့ ကျဆင်းနေသည်။

ဓါးတစ်လက်လိုပင်။

သို့ပေမယ့် နောက်ဆုံးတွင် ကျောက်ဝမ်ယုံးက နှလုံးသားထဲရှိ နာကျင်မှုကို သည်းညည်းခံလိုက်ပြီး လုံးဝ အလျော့ပေးခြင်းမရှိချေ။

ကလေးကို သူခေါ်သွားရလိမ့်မည်။ သူ့ရဲ့ သားကြီးကို ပြုစုပျိုးထောင်ဖို့ ကုထင်ရန်ဆီလွှဲပေးမှာမဟုတ်ပေ။

တိတ်ဆိတ်သည့်ညမှာ အသံတိတ် ထိပ်တိုက်ရင်ဆိုင်နေကြသည်။

အချိန်အတော်ကြာပြီးနောက် ကုထင်ရန်က ပြောလိုက်သည်။

"တကယ်လို့......တကယ်လို့.....ကျွန်တော် အမြဲတမ်း ဒီလိုစကားနားထောင်မယ်ဆိုရင်.....အရှင်.....အရှင်က"

သူ့ရဲ့အသံက ဆိုနင့်နေပြီး ငိုသံစွက်နေသည်။ ဒီလိုတိတ်ဆိတ်သည့်ညမှာ ဝမ်းနည်းကြေကွဲနေမှုက ပို၍ သိသာထင်ရှားသည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီWhere stories live. Discover now