အပိုင်း(၈၆) အသနားခံတောင်းဆိုခြင်း

शुरू से प्रारंभ करें:
                                    

အစကတည်းက သူသိသည်။

သူက မရမက ကလေးကို
ကုထင်ရန် အနားက ခေါ်ထုတ်သွားလျှင်
တကယ့်ကို အလွန်အမင်း ရက်စက်ရာကျမည်။

အထူးသဖြင့် ကုထင်ရန်က မိသားစုဝင်ကြားက ချစ်ခြင်းမေတ္တာကို အလွန်အမင်း တောင့်တသည့် လူတစ်ယောက်ဖြစ်နေပြန်သည်။

သို့ပေမယ့် သူ ဆုံးဖြတ်ချက်ချပြီးမှတော့
လုံးဝ ပြောင်းလဲမှာ မဟုတ်ပေ။

သူရင်ဆိုင်ရမှာက ချစ်ရသူ၏ ဆုံးရှုံးမှုနှင့် မျက်ရည်တွေဖြစ်ရင်တောင်၊ ဟန့်တားလို့မရနိုင်သည့် နာကျင်မှုများဖြစ်ရင်တောင် သူလည်း ဖျောင်းဖျနှစ်သိမ့်ပေးရုံသာ
တတ်နိုင်သည်။

"ပြီးတော့ မင်းကို သူ့ဆီ သွားကြည့်ခွင့်မပြုတာမှမဟုတ်တာ....မင်း သူ့ကို လွမ်းရင် ကိုယ်တော် သူ့ကို လာပို့မှာပေါ့"

ထိုသို့ပြောပေမယ့် နောက်ပိုင်းကျရင် ထိုကဲ့သို့ဖြစ်လာမှာမဟုတ်ဘူးဆိုတာ သူတို့နှစ်ယောက်လုံး သိကြသည်။

အမည်ခံမှာ ရှီးအာက ကုထင်ရန်နှင့် ပတ်သက်မှု နည်းနည်းလေးတောင်မရှိပေ။  အခုလက်ရှိ ကျောက်ဝမ်ယုံး၏ တစ်ဦးတည်းသော သားဖြစ်ပြီး အနောက်နန်းဆောင် ညီလာခံ၏ မျက်လုံးတွေက ထိုကလေးအပေါ် ရောက်နေကြသဖြင့် ကုထင်ရန်က သူနှင့် ပေါ်တင် ထိတွေ့လို့မရနိုင်ပေ။

ထိုလူတွေက သူ့ကို ထိုအခွင့်အရေး ပေးမှာလည်းမဟုတ်ပေ။ အကယ်၍ သူက ရှီးအာကို သွားကြည့်ရင် သူ့ခေါင်းပေါ်ပုံချဖို့ ဘယ်လိုစွဲချက်တွေ စောင့်နေမလဲဆိုတာမသိနိုင်သေးပေ။

သူ ရှီးအာကို လွမ်းရင်တောင် ခိုးကြောင်ခိုးဝှက်ဖြင့် တစ်ချက်သွားကြည့်လို့သာ ရနိုင်မည်။

ဘာ သားအဖကြားက ချစ်ခင်တွယ်တာမှု၊ ဘာ မိသားစုဘဝပျော်ရွင်မှု အရာအားလုံးက ဖြစ်မလာနိုင်ပေ။

ကျောက်ဝမ်ယုံးလည်း နာကျင်မိပေမယ့် သူ ထို ဆုံးဖြတ်ချက်ကို ချတုန်းက ဒီနေ့မျိုးရှိလာလိမ့်မယ်ဆိုတာ သူသိသည်။ အခု သူ့ နှလုံးသားထဲမှာ သွေးတစ်စက်စက်စီးကျနေရင်တောင် ဒီကိစ္စကို သူလည်း
အလျှော့ပေးမှာမဟုတ်ပေ။
ကုထင်ရန်က သူ့ရင်ဘတ်ပေါ်မှာ မှောက်နေပြီး ကျောက်ဝမ်ယုံး၏ လက်က ကျောပြင်ကို တစ်ချက်ချင်း တစ်ချက်ချင်း ဖွဖွလေး ပွတ်သက်ပေးနေရင်း နှစ်သိမ့်ဖို့ ကြိုးစားလိုက်သည်။

ပြိုင်ဘက်ကင်းအမျိုးသားဧကရီजहाँ कहानियाँ रहती हैं। अभी खोजें