(Unicode Version)
တစ်ပတ်ကျော်ကြာတဲ့အထိ အိမ်မပြန်ဖြစ်ခဲ့တာမို့ ကျွန်တော် မေမေ့ကို ရင်မဆိုင်ဝံ့သလိုဖြစ်နေလေသည်။ ငသစ်ကတော့ ကျွန်တော့်ကို အားပေးစကားပြောပြီး ကြိုတင်ကြံစည်ထားတဲ့အတိုင်း ပြောခိုင်းလိုက်သည်။
"သူ့ကို ပညာပေးချင်လို့ ဒီလိုလုပ်လိုက်ရတာပါ။ နောက်ဆို အဲ့လိုမဖြစ်စေရပါဘူး။"
မေမေ့ကို နှစ်ယောက်သားထိုင်ကန်တော့ရင်း ကျွန်တော် တောင်းပန်လိုက်ချိန်မှာ မေမေ့ဆီက ဩဝါဒမျိုးစုံကို ကြားခဲ့ရတော့သည်။
"နှစ်ယောက်က ဘယ်လောက်ပဲ စိတ်ဆိုးဆိုး လူကြီးတွေကို စိတ်ပူအောင်တော့ မလုပ်သင့်ဘူးပေါ့။ ဖုန်းလှမ်းဆက်ပြီး စိတ်အေးအောင်လို့ အကြောင်းကြားလို့လည်း ရတာပဲ။"
"ဖွားဖွားရယ်...ဒယ်ဒီက သားကောင်းဖို့ လုပ်ပေးခဲ့တာပါ။ ခွင့်လွှတ်ပေးလိုက်ပါနော်။"
"သစ်သစ်လေးလည်း သားကို စိတ်ပူပြီး စားမရ၊ အိပ်မရ ဖြစ်နေရှာတာ။ မျက်နှာလေးကို ချောင်ကျသွားတော့တာပဲ။"
ဒီနှစ်ရက်မှာ ကျွန်တော့်ဆီ စားစရာတွေ ဝယ်လာပြီး စားသောက်နေတာကိုတော့ မေမေ မသိနိုင်ခဲ့ပေ။ ဒါပေမဲ့လည်း ရေလိုက်ငါးလိုက်ဆက်နေပေးရင်းနဲ့ မေမေ့ကို ပြန်ချော့လိုက်ရလေသည်။
"သားလည်း ဒီလိုမျိုး ဘယ်လုပ်ချင်ပါ့မလဲ!? သူက ဒေါသကြီးတတ်တော့ အဲ့လိုအကျင့်ကို ပျောက်အောင် ထိန်းပေးခဲ့ရုံပါပဲ။"
"ဟုတ်ပါတယ်...ဖွားဖွားရယ်။ ဒါတွေကလေ သားကို သိပ်ချစ်လွန်းလို့ ဖြစ်သွားရတာတွေပါ။"
စကားအကောင်းပြောနေရင်း ထဖောက်လာတဲ့ ငသစ်ကို ကျွန်တော် တံတောင်နဲ့ လှမ်းတို့လိုက်မိသည်။
"သားတို့အချင်းချင်း အရမ်းချစ်ကြတယ်ဆိုတာကို ဖွားဖွားလည်း သိပါတယ်ကွယ်။ ရှေ့လျှောက် ပြဿနာထပ်မဖြစ်ဘဲနဲ့ နေသွားကြနော်။ ဆုံးမစရာဆိုရင် အေးအေးဆေးဆေးပဲ စကားနဲ့ ပြောဆိုဆုံးမိပေါ့။"
"ဟုတ်ကဲ့...မေမေ။"
"ကဲ...သွားနားလိုက်တော့။ သူများအိမ်မှာဆိုတော့ စိတ်ချလက်ချနားခဲ့ရမှာ မဟုတ်ဘူး။"
မေမေ့ဆီက ခွင့်ပြုချက်ရပြီမို့ အပေါ်ထပ်ကို တက်လာချိန်မှာ ငသစ်ကလည်း ကျွန်တော့်အနောက်ကနေ လိုက်ပါလာခဲ့သည်။
"အဲ့လောက် သိသိသာသာတွေ သွားပြောနေရင် မေမေ ရိပ်မိသွားလိမ့်မယ်။"
"ဖွားဖွားက ဒယ်ဒီနဲ့ အတူတူပါပဲ။"
"ဘာဖြစ်လို့လဲ!?"
"အရိပ်ပြရင် အကောင်မထင်တာလေ။"
"မေမေ့ကို သွားမစော်ကားနဲ့။ မေမေက မင်းအတွက် ကျွေးမေမေဖြစ်ခဲ့တာနော်။"
"အဲဒါက ငယ်ငယ်ကပါ။ အခု အရွယ်လည်းရောက်လာရော လူပြောင်းသွားပြီ။"
"ဘယ်သူဖြစ်သွားလို့လဲ!?"
"နို့ချိုတိုက်ကျွေး ဒယ်ဒီ့ရင်သွေး ဖြစ်သွားပြီလေ။"
"အရူးကောင်..."
မျက်နှာလာပြောင်နေတဲ့ သူ့ကို လက်ခလယ်ထောင်ပြလိုက်မိတော့သည်။
"အဲဒါ ဘာလုပ်ပြလိုက်တာလဲ!?"
"လက်ငါးချောင်းမှာ အရှည်ဆုံးတစ်ချောင်းကို ထောင်ပြလိုက်တာ။"
"လိမ္မာယဉ်ကျေး ဒယ်ဒီလေးပါလား!?"
"ဒါတောင် မျက်နှာကြောကမပြင်သေးရင် ဒီထက် ပိုယဉ်ကျေးတာတွေ ထပ်လာနိုင်သေးတယ်။"
"ဒါဆို ကျွန်တော်ကလည်း ရှိတဲ့ အရှည်ဆုံးတစ်ချောင်းကို ပြန်ထောင်ပြလိုက်မှာပေါ့။"
စကားပြောနေရင်းနဲ့ ငသစ်ရဲ့လက်က ခါးနားကို ရောက်သွားတာမို့ ကျွန်တော် တားထားခဲ့ရလေသည်။
"ဟေ့ကောင် ညစ်တီးညစ်ပတ်တွေ လာမပြနဲ့။"
"ဟား...ဟား...ဟား...ဘာတွေ လာကြောက်နေတာလဲ!? ကျွန်တော်က ခြေထောက်ကို ပြမလို့ဟာကို။"
"$&#@"
အိမ်သို့ ပြန်ရောက်လာခြင်းကို ဂုဏ်ပြုသောအားဖြင့် ကျွန်တော်တို့အခန်းမှာလည်း ဆဲဆိုသံလေးတွေ ပျံ့လွင့်လာခဲ့တော့သည်။
နေ့လည်(၁၁)နာရီခန့်တွင်-
ငသစ်က ကြော်ငြာအတွက် ရိုက်ကူးရေးလုပ်နေရတာမို့ အိမ်မှာ ကျွန်တော်နဲ့မေမေပဲ ကျန်နေရစ်ခဲ့ရလေသည်။ မေမေ့ကို ကူညီပေးပြီး နေ့လည်စာစားဖို့ ပြင်နေချိန်မှာ ကျွန်တော်တို့အိမ်ရှေ့ကို ဇိမ်ခံကားတစ်စီးက ထိုးရပ်လာခဲ့သည်။ ကားပေါ်ကနေ ဆင်းလာသူက ခံ့ညားတည်ကြည်ပြီးတော့ ဥပဓိလည်း ဖြောင့်မတ်တဲ့ ဦးလေးကြီးတစ်ဦးဖြစ်လေသည်။
"မစိမ့်...နေကောင်းရဲ့လား!?"
မေမေက ထိုဦးလေးကြီးကို မျက်မှန်တပ်ပြီး သေချာအောင်ကြည့်လိုက်တော့သည်။
"ဟယ်...ကိုမိုးထက်ပါလား!? အထဲကို ကြွပါရှင်..."
မေမေ့ရဲ့ပျာပျာသလဲကြိုဆိုမှုကို မြင်လိုက်ရတာမို့ ထိုဦးလေးကြီးက သာမန်ပုဂ္ဂိုလ်မဖြစ်နိုင်မှန်း သတိထားမိပေမယ့် စိတ်ထဲမှာလည်း ဒီလိုအသွင်အပြင်မျိုးနဲ့ ရင်းနှီးနေသလိုပင်။
"မစိမ့်ကတော့ အရင်အတိုင်း သွက်လက်နေတာပါပဲလား!? ကျွန်တော်ကတော့ သွားလာရတာ တော်တော်ခက်နေပြီလေ။"
"ကျွန်မက ခန္ဓာကိုယ်က သွက်လက်ပေမယ့် မျက်စိနဲ့ နားက နည်းနည်းပြဿနာရှိလာပြီ။ ဇရာပြရမယ့်အချိန်ကို ရောက်နေပြီလေ။"
"ဟုတ်ပဗျာ...ရှောင်လွှဲလို့မှ မရနိုင်တာပဲ။"
"ကျွန်မတို့ချင်းမတွေ့ဖြစ်ကြတာ တော်တော်ကြာသွားပြီနော်။"
"ဟုတ်တယ်...မစိမ့်ရေ။ မတွေ့ဖြစ်တာ ကြာပေမယ့် နာကျည်းတဲ့စိတ်တွေကတော့ မပြေနိုင်သေးဘူး ထင်ပါရဲ့။ ကျွန်တော် ဖုန်းဆက်ရင်တောင် မကိုင်သေးဘူးလေ။"
"စိတ်မကောင်းမဖြစ်ပါနဲ့ရှင်။ ကလေးတွေကို ကျွန်မလည်း ဖျောင်းဖျပေးထားပါတယ်။ သူ့စိတ်က နည်းနည်းတော့ ပြောင်းလဲလာတဲ့ပုံစံပါပဲ။"
"အမြန်ဆုံးပြောင်းလဲလာပါစေလို့ ကျွန်တော်လည်း ဆုတောင်းနေပါတယ်။ အသက်ရလာတော့ ဒီလောကကြီးထဲကနေ ထွက်သွားမယ့်နေ့က တဖြည်းဖြည်း နီးလာသလို ခံစားနေရတယ်။"
"အဲ့လိုမပြောပါနဲ့...ကိုမိုးထက်ရယ်။ ကလေးတွေနဲ့ အမြန်ဆုံးပြန်အဆင်ပြေမှာပါ။"
"ဒါနဲ့ သစ်သစ်လေးက ရိုက်ကူးရေးရှိနေတာလား!?"
ထိုစကားကိုကြားတော့မှ ကျွန်တော့်သံသယတွေ မှန်ကန်သွားမှန်း သေချာသိလိုက်ရလေသည်။ ထိုဦးလေးကြီးက မမရဲ့အဖေ၊ ငသစ်ရဲ့အဖိုးအရင်းခေါက်ခေါက်ပင်။ စကားပြောဟန်နဲ့ မျက်နှာကျတွေကအစ တူညီနေကြပြီး ကျွန်တော့်စိတ်ထဲ ရင်းနှီးနေသလို ခံစားချက်မျိုး ပေါ်လာစေခဲ့ခြင်းဖြစ်ပေသည်။
"သူက ညနေမှ ပြန်ရောက်မယ်ထင်တယ်။"
"သူက မစိမ့်ရဲ့သားလေးလား!?"
"ဟုတ်တယ်...သားရေ...ဒီနားကို လာခဲ့ပါဦးကွယ်။"
မေမေက ကျွန်တော့်ကို လှမ်းခေါ်လိုက်တာမို့ ထိုဦးလေးကြီးနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး နှုတ်ဆက်စကားဆိုလိုက်မိသည်။
"တွေ့ရတာ ဝမ်းသာပါတယ်...အန်ကယ်။"
"အေးပါကွယ်။ မစိမ့်ရဲ့သားလေးက လူချောလေးပဲ။ သူက သစ်သစ်နဲ့ ရွယ်တူပဲနော်။"
"ဟုတ်တယ်... ကိုမိုးထက်။ ရက်ပိုင်းလောက်ပဲ ခြားတာ။"
"သားက အရမ်းလိမ္မာတယ်လို့ အန်ကယ့်ကို သစ်သစ်က အမြဲပြောပြခဲ့တာ။ လူကို မတွေ့ရခင်ကတည်းက နာမည်နဲ့ တော်တော်ရင်းနှီးနေတာလေ။"
မတော်ရသေးတဲ့ အမျိုးအဆွေဆီက ချီးမွမ်းနေတဲ့ စကားတွေကို ကျွန်တော် ပြုံးပြုံးလေး ခံယူလိုက်မိသည်။
"သစ်သစ် ငယ်ငယ်လေးကတည်းက သားနဲ့ပဲ အနေများတာလေ။ ကစားလည်း အတူတူ စာလုပ်လည်းအတူတူပဲဆိုတော့ အချင်းချင်းအရမ်းခင်တွယ်ရှာတာ။"
"မြေးလေးက မိဘတွေနဲ့ အနေဝေးနေရှာတာကို။ သူတို့ကို ကျွန်တော် ကူညီပေးချင်တာပါဗျာ။ ဒါပေမဲ့ သမီးက သူ့အမေနဲ့ တစ်ထေရာတည်းပဲ။ မုန်းမိပြီဆိုရင် နည်းနည်းမှ နောက်ကို ပြန်လှည့်မကြည့်တော့ဘူး။"
"သူ့အပေါ်မှာ စိတ်ရှည်ရှည်ထားပြီး မေတ္တာနဲ့သာ ဆက်ဆံပေးလိုက်ပါရှင်။ သူလည်း မိဘနေရာကို ရောက်နေပြီဆိုတော့ နားလည်ပေးနိုင်လောက်မှာပါ။"
"ကျွန်တော် ထပ်ကြိုးစားကြည့်ပါဦးမယ်။"
ငသစ်ရဲ့အဖိုးက မေမေနဲ့ တော်တော်ကြာတဲ့အထိ စကားပြောပြီးမှ ပြန်သွားခဲ့လေသည်။
"မေမေ... မမက သူ့အဖေကို ဘာလို့ အရမ်းမုန်းနေတာလဲဟင်!?"
"သူက သားဖေဖေနဲ့ လုပ်ငန်းစပ်တူ လုပ်ဖြစ်တုန်းကအထိ အေးအေးချမ်းချမ်းပါပဲ။ သားဖေဖေက သူနဲ့ လုပ်ငန်းခွဲပြီး မကြာခင်မှာ သူ့စီးပွါးရေးက တစ်ဟုန်ထိုးကို အောင်မြင်သွားတာ။ ယောက်ျားလေးတွေက အောင်မြင်လာရင် ဒဏ်မခံနိုင်ကြဘူးဆိုတာ အမှန်ပဲ။ သူက မမရဲ့အမေ မသိအောင် အိမ်ထောင်ထပ်ပြုခဲ့တယ်လေ။ ပုပ်ရင် ပေါ်တတ်တာက ထုံးစံဆိုတော့လည်း သူ့သတင်းကို ပြန်ကြားရပါလေရော။ ငယ်ပေါင်းတွေ ဖြစ်ရက်သားနဲ့...ချစ်ခဲ့ပြီးမှ ယူထားတဲ့သူတွေ ဖြစ်ရက်သားနဲ့ သူ့ကို သစ္စာဖောက်ခဲ့ရသလားဆိုပြီး မမရဲ့အမေက စိတ်အနာကြီး နာသွားတာ။ သူ့အိမ်ပေါ်ကနေ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဆင်းလာပေမယ့် မမက တစ်နှစ်သမီးအရွယ်ဖြစ်နေတော့ မေမေတို့ဆီက အကူအညီယူခဲ့ရတယ်။ ပိုပြီးဆိုးသွားတာက သူတို့ဆင်းလာပြီး မကြာခင်ပဲ သူက နောက်အိမ်ထောင်ကို တရားဝင်ဖြစ်အောင် လုပ်လိုက်တာပဲ။ မေမေတို့ ဖျောင်းဖျထားလို့ သူက ပြန်သွားဖို့ စဉ်းစားလိုက်တဲ့နေ့မှာ အဲ့သတင်းကြားလိုက်ရတော့ ပိုမုန်းတီးမိသွားတာပေါ့။ ဒီစိတ်နဲ့ပဲ မမရဲ့အမေက ဆုံးခဲ့ရတော့ မမကလည်း အဖေကို စိတ်နာနေတာ မဆန်းပါဘူး။ မိသားစုပြိုကွဲအောင်လုပ်ခဲ့တဲ့ တရားခံဆိုပြီး စိတ်ထဲမှာ စွဲကျန်နေတာ။"
"အဲဒါကြောင့် မမက သစ္စာဖောက်တဲ့သူတွေဆို အရမ်းမုန်းတာ နေမှာ။"
"ဟုတ်တယ်...သား။ တော်သေးတာက ကိုဦးနဲ့ သူ တွေ့ခဲ့ရတာ အရမ်းကံကောင်းတယ်လို့ ပြောရမယ်။"
မမတို့အကြောင်းကို နားထောင်ပြီး သားအဖချင်း ပြန်အဆင်ပြေအောင် ကူညီပေးချင်ပေမယ့် ကိုယ့်ပြဿနာကိုယ်တောင် ရှင်းမရတာမို့ ငြိမ်နေခဲ့ရတော့သည်။
ညနေ(၄)နာရီခန့်တွင်-
ကျွန်တော်တို့နှစ်ဦးလည်း ကြိုတင်စီစဉ်ထားတဲ့အတိုင်း ဗေဒင်ဆရာဆီကို ရောက်ရှိလာခဲ့ပြီး ဝင်ဆွေးနွေးဖြစ်ခဲ့ကြသည်။
"ဘာကိစ္စကြောင့် ရောက်လာခဲ့ကြတာလဲဆိုတာကို ပြောပေးပါ။"
"ကျွန်တော်တို့က ဆရာ့ဆီကနေ အကူအညီလေးတစ်ခုလောက် တောင်းချင်လို့ပါ။"
ထိုစကားကြောင့် ဆရာကြီးက ကျွန်တော့်ကို မျက်မှောင်ကြုတ်ပြီး လှမ်းမေးခဲ့လေသည်။
"ဘာအကူအညီမို့လို့လဲ!?"
ကျွန်တော်လည်း သူ့မျက်နှာကြီးကိုကြည့်ပြီး ဆက်မပြောရဲသလို ဖြစ်နေမိတော့သည်။
"ဟို...ဟိုလေ..."
"လူတစ်ယောက်ကို လိမ်ပြီးဟောပေးဖို့ပါ။"
ငသစ်က ခပ်ပြတ်ပြတ်ဖြေလိုက်တာကြောင့်ဆရာကြီးရဲ့မျက်နှာက အုံ့မှိုင်းနေရာမှ မည်းသည်းသွားခဲ့လေသည်။
"ဘာပြောတယ်!!!"
သူတို့နှစ်ယောက်ကို ဆက်ပြီးလွှတ်ပေးထားလိုက်မိရင် ဆွေးနွေးပွဲကနေ MMAအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားနိုင်တာမို့ ကျွန်တော် ဝင်ထိန်းပေးလိုက်ရတော့သည်။
"သူ ပြောတာလောသွားလို့ပါ။ ဒီပြဿနာကို ကျွန်တော် သေချာရှင်းပြပါရစေ။ ခဏလေးပဲ နားထောင်ပေးပါနော်။"
ဒူးမထောက်ရုံတမယ် ကျွန်တော့်တောင်းဆိုမှုကို ဆရာကြီးက စာနာထောက်ထားသွားဟန်ဖြင့် ဒေါသကို ပြန်လျှော့ခဲ့လေသည်။
"ပြော!!!"
"ကျွန်တော်တို့နှစ်ယောက်က ချစ်သူတွေဖြစ်နေကြတာ ကြာပါပြီ။ လူကြီးတွေကို ပြောပြရင် ခွင့်မပြုမှာစိုးလို့ ဆရာ့အကူအညီလာယူရတာပါ။"
"ငါက အောင်သွယ်တော်မှမဟုတ်တာ။ ဘာလို့ ဒီကိစ္စကို ဝင်ပါရမှာလဲ!?"
"ကျွန်တော့်အမေက ဆရာ့ရဲ့အမာခံFanမို့လို့ပါ...ဆရာရယ်။"
ကျွန်တော့်စကားကြောင့် ဆရာကြီးက ဘဝင်လေဟပ်သွားပုံရလေသည်။ ဒေါသနဲ့ဖုံးလွှမ်းနေတဲ့ မျက်လုံးတွေက အရောင်ပင် လက်နေလေတော့သည်။
"မင်းအမေက ဘယ်သူမို့လို့လဲ!?"
"ဒေါ်စိမ့်မှူးခင်ပါ။ ဆရာ့ဆီ ခဏခဏလာပြီး မေးတတ်တယ်လေ။"
"ဪ...မင်းက မစိမ့်ရဲ့သားလား!?"
"ဟုတ်ပါတယ်...ဆရာ။"
"နာမည်က လပြည့်မှူးမလား!?"
"ဟုတ်ကဲ့။"
"ဟိုတစ်ယောက်ကလည်း လဝန်းသစ်ပဲ ဖြစ်ရမယ်။"
"ဆရာက ကျွန်တော်တို့နာမည်တွေကိုပါ သိထားတာလား!?"
"သိတာပေါ့။ မင်းအမေက ငါ့ဆီလာပြီး မင်းတို့အကြောင်းပဲ မေးနေတာလေ။ ဇာတာတွေကိုတောင် ငါ အလွတ်ရနေပြီ။"
"ဟုတ်ပါတယ်...ဆရာရယ်။ အမေက ဆရာ့ကို အရမ်းယုံကြည်တာ။ ကျွန်တော်တို့လည်း အမေ လက်ခံလာဖို့ ဆရာ့ဆီက အကူအညီနဲ့မှ ဖြစ်မှာမို့လို့ပါ။"
ဆရာကြီးက ခေတ္တ စဉ်းစားဟန်ပြုပြီး လှမ်းပြောလိုက်လေသည်။
"မင်းတို့ရဲ့လက်တွေကို ခဏပြစမ်း။"
ငသစ်က မပြချင်ပြချင်နဲ့ လက်ကို ထုတ်ပေးခဲ့တာမို့ ဆရာကြီးက ကျွန်တော်တို့လက္ခဏာကို ကြည့်ပေးလိုက်တော့သည်။
"မင်းတို့ကို ငါ ကူညီပေးမယ်။"
ဆရာကြီးရဲ့စကားကိုကြားချိန်မှာ ကျွန်တော် ထခုန်လုမတတ် ဝမ်းသာသွားမိသည်။
"ကျေးဇူးတင်ပါတယ်...ဆရာ။"
"ရပါတယ်။ ငါက လိမ်ညာတာမျိုးမလုပ်ချင်လို့ မင်းတို့လက္ခဏာကို ကြည့်ပေးလိုက်တာ။ လက္ခဏာကတော့ မဆိုးပါဘူး။ ပြဿနာမျိုးစုံကို ရင်ဆိုင်ပြီးရင် အဆင်ပြေသွားမှာပါ။"
"ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ!?"
"မင်းအမေကို လိမ်တာမျိုးမဟုတ်ဘဲနဲ့ အမှန်အတိုင်းထဲကမှ မုသားနည်းနည်းသုံးပြီးတော့ ဟောပေးလိုက်မယ်။"
လိမ်တာကို မုသားသုံးတယ်ဆိုပြီး လိမ်နေတဲ့ ဆရာကြီးမို့ ကျွန်တော်လည်း မုသားသုံးရင်းနဲ့ ပြုံးပြလိုက်ရတော့သည်။
"ကျေးဇူးတင်ပါတယ်...ဆရာ။"
ကျွန်တော်တို့နှစ်ဦး ထပြန်ဖို့ ပြင်လိုက်ချိန်မှာ ဆရာကြီးက လှမ်းတားလိုက်လေသည်။
"ခဏလေးနေဦး..."
"ဟုတ်ကဲ့...ဘာဖြစ်လို့လဲဟင်!?"
"လဝန်းသစ်ဆိုတဲ့တစ်ယောက်...ငါ ပြောတာကို သေချာနားထောင်။"
ငသစ်က စိတ်မပါသလိုပုံစံမျိုး လုပ်နေတာမို့ ကျွန်တော်လည်း တံတောင်နဲ့ တွတ်ပြီး သတိလှမ်းပေးလိုက်ရတော့သည်။
"ဟုတ်ကဲ့...ပြောပါ။"
သူက လေသံကိုပြင်ပြောလိုက်ပေမယ့်လည်း အချိုးပြေပြေတော့ ထွက်မလာခဲ့ပေ။
"သူ့ကို ချစ်တယ်ဆိုရင် မင်းဘက်က အကျင့်တွေကို သေချာပြင်မှဖြစ်လိမ့်မယ်။ စောစောတုန်းက ဟောခဲ့တာတွေက တထစ်ချမှန်လာမယ်လို့ ငါ မပြောဖူးနော်။ ဖြစ်နိုင်ခြေရှိတာပဲ ပြောပြထားတာ။ အနာဂတ်ကို ဖြစ်စေနိုင်တဲ့အရာက လူတွေရဲ့ဆုံးဖြတ်ချက်ပဲ။ မင်း မှားခဲ့ရင် ခံရမယ့်သူက မင်းတစ်ယောက်တည်းပဲ မဟုတ်ဘူး။ မင်း ချစ်တဲ့သူတွေကိုပါ ထိခိုက်စေနိုင်တယ်ဆိုတာ သတိထား။ မင်းရဲ့အပြစ်ကြောင့် သူ့ကို ဒုက္ခမရောက်စေနဲ့ပေါ့။"
ထိုစကားကြောင့် ငသစ်ရဲ့မျက်နှာပြင်ပေါ်က စိုးရိမ်စိတ်တွေကို ကျွန်တော် မြင်လိုက်ရလေသည်။
"ကျွန်တော်တို့ သွားလိုက်ပါဦးမယ်။"
ဆရာကြီးကိုနှုတ်ဆက်ပြီး ကျွန်တော်တို့ အိမ်ပြန်လာတဲ့အချိန်အထိ သူ့ဘက်က လုံးဝနှုတ်ဆိတ်နေခဲ့တာမို့ ကျွန်တော်ကပဲ စတင်ပြောခဲ့ရတော့သည်။
"စိတ်ထဲမှာ အဲ့လောက်ထားမနေပါနဲ့။ အရင်ကလည်း မင်း ဒါမျိုးတွေကို အယုံအကြည်မှ မရှိခဲ့တာ။ ခေါင်းထဲက ထုတ်လိုက်တော့။"
"ကျွန်တော့်ကြောင့်တဲ့..."
သူ့စကားသံက အနည်းငယ် တုန်ရီနေတာကို ကျွန်တော် သတိထားမိလိုက်လေသည်။
"ငသစ်...ငါ့ကို ကြည့်စမ်း။"
သူ့ရှေ့တည့်တည့်မှာ မတ်တပ်ရပ်ထားရင်းနဲ့ သူ့အကြည့်တွေကို ကျွန်တော့်ဆီ ရောက်လာအောင် လှုံ့ဆော်ပေးလိုက်မိသည်။
"ဘယ်သူ့ကြောင့်မှ ဘာမှမဖြစ်အောင် နေလို့ရတယ်။ ဆရာကြီးကလည်း ပြောလိုက်သားပဲ။ ငါတို့အနာဂတ်ကို ငါတို့ကိုယ်တိုင် ဖန်တီးရမှာလေ။ မင်း အခုကစ,ပြီး ကောင်းကောင်းနေလိုက်ရင် ရပြီ။ ဒါဆို ဘာမှမဖြစ်တော့ဘူးလေ။ ဟုတ်ပြီလား!?"
ကျွန်တော့်ကို သူက တွေဝေစွာ ငေးကြည့်နေတာမို့ ပွေ့ဖက်ပြီး နှစ်သိမ့်ပေးခဲ့ရလေသည်။
"အများကြီး လျှောက်တွေးမနေပါနဲ့။ အခု ငါ မင်းဘေးနားမှာ ရှိနေတယ်လေ။ လက်ရှိမှာပဲ ကောင်းအောင် နေလိုက်နော်။ ပြောစကားကို နားထောင်။"
နှစ်သိမ့်စကားကို ကြားချိန်မှာ ကျွန်တော့်ကို သူက ပိုမိုတင်းကြပ်စွာ ပွေ့ဖက်ခဲ့လေသည်။
"ဒယ်ဒီ ဘာမှမဖြစ်ရအောင် ကျွန်တော့်ဘက်က ကြိုးစားပေးမယ်။"
ဒီကတိစကားက ထာဝရတည်မြဲနေမယ်မှန်း ကျွန်တော် သေချာသိနေပြီး သူ့ကို ယုံကြည်ပေးထားလိုက်မိတော့သည်။
#Śûè
***************
အခန္း ၆၆(Zawgyi Version)
တစ္ပတ္ေက်ာ္ၾကာတဲ့အထိ အိမ္မျပန္ျဖစ္ခဲ့တာမို႔ ကြၽန္ေတာ္ ေမေမ့ကို ရင္မဆိုင္ဝံ့သလိုျဖစ္ေနေလသည္။ ငသစ္ကေတာ့ ကြၽန္ေတာ့္ကို အားေပးစကားေျပာၿပီး ႀကိဳတင္ၾကံစည္ထားတဲ့အတိုင္း ေျပာခိုင္းလိုက္သည္။
"သူ႕ကို ပညာေပးခ်င္လို႔ ဒီလိုလုပ္လိုက္ရတာပါ။ ေနာက္ဆို အဲ့လိုမျဖစ္ေစရပါဘူး။"
ေမေမ့ကို ႏွစ္ေယာက္သားထိုင္ကန္ေတာ့ရင္း ကြၽန္ေတာ္ ေတာင္းပန္လိုက္ခ်ိန္မွာ ေမေမ့ဆီက ဩဝါဒမ်ိဳးစုံကို ၾကားခဲ့ရေတာ့သည္။
"ႏွစ္ေယာက္က ဘယ္ေလာက္ပဲ စိတ္ဆိုးဆိုး လူႀကီးေတြကို စိတ္ပူေအာင္ေတာ့ မလုပ္သင့္ဘူးေပါ့။ ဖုန္းလွမ္းဆက္ၿပီး စိတ္ေအးေအာင္လို႔ အေၾကာင္းၾကားလို႔လည္း ရတာပဲ။"
"ဖြားဖြားရယ္...ဒယ္ဒီက သားေကာင္းဖို႔ လုပ္ေပးခဲ့တာပါ။ ခြင့္လႊတ္ေပးလိုက္ပါေနာ္။"
"သစ္သစ္ေလးလည္း သားကို စိတ္ပူၿပီး စားမရ၊ အိပ္မရ ျဖစ္ေန႐ွာတာ။ မ်က္ႏွာေလးကို ေခ်ာင္က်သြားေတာ့တာပဲ။"
ဒီႏွစ္ရက္မွာ ကြၽန္ေတာ့္ဆီ စားစရာေတြ ဝယ္လာၿပီး စားေသာက္ေနတာကိုေတာ့ ေမေမ မသိႏိုင္ခဲ့ေပ။ ဒါေပမဲ့လည္း ေရလိုက္ငါးလိုက္ဆက္ေနေပးရင္းနဲ႔ ေမေမ့ကို ျပန္ေခ်ာ့လိုက္ရေလသည္။
"သားလည္း ဒီလိုမ်ိဳး ဘယ္လုပ္ခ်င္ပါ့မလဲ!? သူက ေဒါသႀကီးတတ္ေတာ့ အဲ့လိုအက်င့္ကို ေပ်ာက္ေအာင္ ထိန္းေပးခဲ့႐ုံပါပဲ။"
"ဟုတ္ပါတယ္...ဖြားဖြားရယ္။ ဒါေတြကေလ သားကို သိပ္ခ်စ္လြန္းလို႔ ျဖစ္သြားရတာေတြပါ။"
စကားအေကာင္းေျပာေနရင္း ထေဖာက္လာတဲ့ ငသစ္ကို ကြၽန္ေတာ္ တံေတာင္နဲ႔ လွမ္းတို႔လိုက္မိသည္။
"သားတို႔အခ်င္းခ်င္း အရမ္းခ်စ္ၾကတယ္ဆိုတာကို ဖြားဖြားလည္း သိပါတယ္ကြယ္။ ေ႐ွ႕ေလွ်ာက္ ျပႆနာထပ္မျဖစ္ဘဲနဲ႔ ေနသြားၾကေနာ္။ ဆုံးမစရာဆိုရင္ ေအးေအးေဆးေဆးပဲ စကားနဲ႔ ေျပာဆိုဆုံးမိေပါ့။"
"ဟုတ္ကဲ့...ေမေမ။"
"ကဲ...သြားနားလိုက္ေတာ့။ သူမ်ားအိမ္မွာဆိုေတာ့ စိတ္ခ်လက္ခ်နားခဲ့ရမွာ မဟုတ္ဘူး။"
ေမေမ့ဆီက ခြင့္ျပဳခ်က္ရၿပီမို႔ အေပၚထပ္ကို တက္လာခ်ိန္မွာ ငသစ္ကလည္း ကြၽန္ေတာ့္အေနာက္ကေန လိုက္ပါလာခဲ့သည္။
"အဲ့ေလာက္ သိသိသာသာေတြ သြားေျပာေနရင္ ေမေမ ရိပ္မိသြားလိမ့္မယ္။"
"ဖြားဖြားက ဒယ္ဒီနဲ႔ အတူတူပါပဲ။"
"ဘာျဖစ္လို႔လဲ!?"
"အရိပ္ျပရင္ အေကာင္မထင္တာေလ။"
"ေမေမ့ကို သြားမေစာ္ကားနဲ႔။ ေမေမက မင္းအတြက္ ေကြၽးေမေမျဖစ္ခဲ့တာေနာ္။"
"အဲဒါက ငယ္ငယ္ကပါ။ အခု အ႐ြယ္လည္းေရာက္လာေရာ လူေျပာင္းသြားၿပီ။"
"ဘယ္သူျဖစ္သြားလို႔လဲ!?"
"ႏို႔ခ်ိဳတိုက္ေကြၽး ဒယ္ဒီ့ရင္ေသြး ျဖစ္သြားၿပီေလ။"
"အ႐ူးေကာင္..."
မ်က္ႏွာလာေျပာင္ေနတဲ့ သူ႕ကို လက္ခလယ္ေထာင္ျပလိုက္မိေတာ့သည္။
"အဲဒါ ဘာလုပ္ျပလိုက္တာလဲ!?"
"လက္ငါးေခ်ာင္းမွာ အ႐ွည္ဆုံးတစ္ေခ်ာင္းကို ေထာင္ျပလိုက္တာ။"
"လိမၼာယဥ္ေက်း ဒယ္ဒီေလးပါလား!?"
"ဒါေတာင္ မ်က္ႏွာေၾကာကမျပင္ေသးရင္ ဒီထက္ ပိုယဥ္ေက်းတာေတြ ထပ္လာႏိုင္ေသးတယ္။"
"ဒါဆို ကြၽန္ေတာ္ကလည္း ႐ွိတဲ့ အ႐ွည္ဆုံးတစ္ေခ်ာင္းကို ျပန္ေထာင္ျပလိုက္မွာေပါ့။"
စကားေျပာေနရင္းနဲ႔ ငသစ္ရဲ႕လက္က ခါးနားကို ေရာက္သြားတာမို႔ ကြၽန္ေတာ္ တားထားခဲ့ရေလသည္။
"ေဟ့ေကာင္ ညစ္တီးညစ္ပတ္ေတြ လာမျပနဲ႔။"
"ဟား...ဟား...ဟား...ဘာေတြ လာေၾကာက္ေနတာလဲ!? ကြၽန္ေတာ္က ေျခေထာက္ကို ျပမလို႔ဟာကို။"
"$&#@"
အိမ္သို႔ ျပန္ေရာက္လာျခင္းကို ဂုဏ္ျပဳေသာအားျဖင့္ ကြၽန္ေတာ္တို႔အခန္းမွာလည္း ဆဲဆိုသံေလးေတြ ပ်ံ႕လြင့္လာခဲ့ေတာ့သည္။
ေန႔လည္(၁၁)နာရီခန္႔တြင္-
ငသစ္က ေၾကာ္ျငာအတြက္ ႐ိုက္ကူးေရးလုပ္ေနရတာမို႔ အိမ္မွာ ကြၽန္ေတာ္နဲ႔ေမေမပဲ က်န္ေနရစ္ခဲ့ရေလသည္။ ေမေမ့ကို ကူညီေပးၿပီး ေန႔လည္စာစားဖို႔ ျပင္ေနခ်ိန္မွာ ကြၽန္ေတာ္တို႔အိမ္ေ႐ွ႕ကို ဇိမ္ခံကားတစ္စီးက ထိုးရပ္လာခဲ့သည္။ ကားေပၚကေန ဆင္းလာသူက ခံ့ညားတည္ၾကည္ၿပီးေတာ့ ဥပဓိလည္း ေျဖာင့္မတ္တဲ့ ဦးေလးႀကီးတစ္ဦးျဖစ္ေလသည္။
"မစိမ့္...ေနေကာင္းရဲ႕လား!?"
ေမေမက ထိုဦးေလးႀကီးကို မ်က္မွန္တပ္ၿပီး ေသခ်ာေအာင္ၾကည့္လိုက္ေတာ့သည္။
"ဟယ္...ကိုမိုးထက္ပါလား!? အထဲကို ႂကြပါ႐ွင္..."
ေမေမ့ရဲ႕ပ်ာပ်ာသလဲႀကိဳဆိုမႈကို ျမင္လိုက္ရတာမို႔ ထိုဦးေလးႀကီးက သာမန္ပုဂၢိဳလ္မျဖစ္ႏိုင္မွန္း သတိထားမိေပမယ့္ စိတ္ထဲမွာလည္း ဒီလိုအသြင္အျပင္မ်ိဳးနဲ႔ ရင္းႏွီးေနသလိုပင္။
"မစိမ့္ကေတာ့ အရင္အတိုင္း သြက္လက္ေနတာပါပဲလား!? ကြၽန္ေတာ္ကေတာ့ သြားလာရတာ ေတာ္ေတာ္ခက္ေနၿပီေလ။"
"ကြၽန္မက ခႏၶာကိုယ္က သြက္လက္ေပမယ့္ မ်က္စိနဲ႔ နားက နည္းနည္းျပႆနာ႐ွိလာၿပီ။ ဇရာျပရမယ့္အခ်ိန္ကို ေရာက္ေနၿပီေလ။"
"ဟုတ္ပဗ်ာ...ေ႐ွာင္လႊဲလို႔မွ မရႏိုင္တာပဲ။"
"ကြၽန္မတို႔ခ်င္းမေတြ႕ျဖစ္ၾကတာ ေတာ္ေတာ္ၾကာသြားၿပီေနာ္။"
"ဟုတ္တယ္...မစိမ့္ေရ။ မေတြ႕ျဖစ္တာ ၾကာေပမယ့္ နာက်ည္းတဲ့စိတ္ေတြကေတာ့ မေျပႏိုင္ေသးဘူး ထင္ပါရဲ႕။ ကြၽန္ေတာ္ ဖုန္းဆက္ရင္ေတာင္ မကိုင္ေသးဘူးေလ။"
"စိတ္မေကာင္းမျဖစ္ပါနဲ႔႐ွင္။ ကေလးေတြကို ကြၽန္မလည္း ေဖ်ာင္းဖ်ေပးထားပါတယ္။ သူ႕စိတ္က နည္းနည္းေတာ့ ေျပာင္းလဲလာတဲ့ပုံစံပါပဲ။"
"အျမန္ဆုံးေျပာင္းလဲလာပါေစလို႔ ကြၽန္ေတာ္လည္း ဆုေတာင္းေနပါတယ္။ အသက္ရလာေတာ့ ဒီေလာကႀကီးထဲကေန ထြက္သြားမယ့္ေန႔က တျဖည္းျဖည္း နီးလာသလို ခံစားေနရတယ္။"
"အဲ့လိုမေျပာပါနဲ႔...ကိုမိုးထက္ရယ္။ ကေလးေတြနဲ႔ အျမန္ဆုံးျပန္အဆင္ေျပမွာပါ။"
"ဒါနဲ႔ သစ္သစ္ေလးက ႐ိုက္ကူးေရး႐ွိေနတာလား!?"
ထိုစကားကိုၾကားေတာ့မွ ကြၽန္ေတာ့္သံသယေတြ မွန္ကန္သြားမွန္း ေသခ်ာသိလိုက္ရေလသည္။ ထိုဦးေလးႀကီးက မမရဲ႕အေဖ၊ ငသစ္ရဲ႕အဖိုးအရင္းေခါက္ေခါက္ပင္။ စကားေျပာဟန္နဲ႔ မ်က္ႏွာက်ေတြကအစ တူညီေနၾကၿပီး ကြၽန္ေတာ့္စိတ္ထဲ ရင္းႏွီးေနသလို ခံစားခ်က္မ်ိဳး ေပၚလာေစခဲ့ျခင္းျဖစ္ေပသည္။
"သူက ညေနမွ ျပန္ေရာက္မယ္ထင္တယ္။"
"သူက မစိမ့္ရဲ႕သားေလးလား!?"
"ဟုတ္တယ္...သားေရ...ဒီနားကို လာခဲ့ပါဦးကြယ္။"
ေမေမက ကြၽန္ေတာ့္ကို လွမ္းေခၚလိုက္တာမို႔ ထိုဦးေလးႀကီးနဲ႔ မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ၿပီး ႏႈတ္ဆက္စကားဆိုလိုက္မိသည္။
"ေတြ႕ရတာ ဝမ္းသာပါတယ္...အန္ကယ္။"
"ေအးပါကြယ္။ မစိမ့္ရဲ႕သားေလးက လူေခ်ာေလးပဲ။ သူက သစ္သစ္နဲ႔ ႐ြယ္တူပဲေနာ္။"
"ဟုတ္တယ္... ကိုမိုးထက္။ ရက္ပိုင္းေလာက္ပဲ ျခားတာ။"
"သားက အရမ္းလိမၼာတယ္လို႔ အန္ကယ့္ကို သစ္သစ္က အၿမဲေျပာျပခဲ့တာ။ လူကို မေတြ႕ရခင္ကတည္းက နာမည္နဲ႔ ေတာ္ေတာ္ရင္းႏွီးေနတာေလ။"
မေတာ္ရေသးတဲ့ အမ်ိဳးအေဆြဆီက ခ်ီးမြမ္းေနတဲ့ စကားေတြကို ကြၽန္ေတာ္ ျပဳံးျပဳံးေလး ခံယူလိုက္မိသည္။
"သစ္သစ္ ငယ္ငယ္ေလးကတည္းက သားနဲ႔ပဲ အေနမ်ားတာေလ။ ကစားလည္း အတူတူ စာလုပ္လည္းအတူတူပဲဆိုေတာ့ အခ်င္းခ်င္းအရမ္းခင္တြယ္႐ွာတာ။"
"ေျမးေလးက မိဘေတြနဲ႔ အေနေဝးေန႐ွာတာကို။ သူတို႔ကို ကြၽန္ေတာ္ ကူညီေပးခ်င္တာပါဗ်ာ။ ဒါေပမဲ့ သမီးက သူ႕အေမနဲ႔ တစ္ေထရာတည္းပဲ။ မုန္းမိၿပီဆိုရင္ နည္းနည္းမွ ေနာက္ကို ျပန္လွည့္မၾကည့္ေတာ့ဘူး။"
"သူ႕အေပၚမွာ စိတ္႐ွည္႐ွည္ထားၿပီး ေမတၱာနဲ႔သာ ဆက္ဆံေပးလိုက္ပါ႐ွင္။ သူလည္း မိဘေနရာကို ေရာက္ေနၿပီဆိုေတာ့ နားလည္ေပးႏိုင္ေလာက္မွာပါ။"
"ကြၽန္ေတာ္ ထပ္ႀကိဳးစားၾကည့္ပါဦးမယ္။"
ငသစ္ရဲ႕အဖိုးက ေမေမနဲ႔ ေတာ္ေတာ္ၾကာတဲ့အထိ စကားေျပာၿပီးမွ ျပန္သြားခဲ့ေလသည္။
"ေမေမ... မမက သူ႕အေဖကို ဘာလို႔ အရမ္းမုန္းေနတာလဲဟင္!?"
"သူက သားေဖေဖနဲ႔ လုပ္ငန္းစပ္တူ လုပ္ျဖစ္တုန္းကအထိ ေအးေအးခ်မ္းခ်မ္းပါပဲ။ သားေဖေဖက သူနဲ႔ လုပ္ငန္းခြဲၿပီး မၾကာခင္မွာ သူ႕စီးပြါးေရးက တစ္ဟုန္ထိုးကို ေအာင္ျမင္သြားတာ။ ေယာက်္ားေလးေတြက ေအာင္ျမင္လာရင္ ဒဏ္မခံႏိုင္ၾကဘူးဆိုတာ အမွန္ပဲ။ သူက မမရဲ႕အေမ မသိေအာင္ အိမ္ေထာင္ထပ္ျပဳခဲ့တယ္ေလ။ ပုပ္ရင္ ေပၚတတ္တာက ထုံးစံဆိုေတာ့လည္း သူ႕သတင္းကို ျပန္ၾကားရပါေလေရာ။ ငယ္ေပါင္းေတြ ျဖစ္ရက္သားနဲ႔...ခ်စ္ခဲ့ၿပီးမွ ယူထားတဲ့သူေတြ ျဖစ္ရက္သားနဲ႔ သူ႕ကို သစၥာေဖာက္ခဲ့ရသလားဆိုၿပီး မမရဲ႕အေမက စိတ္အနာႀကီး နာသြားတာ။ သူ႕အိမ္ေပၚကေန အဝတ္တစ္ထည္ ကိုယ္တစ္ခုနဲ႔ ဆင္းလာေပမယ့္ မမက တစ္ႏွစ္သမီးအ႐ြယ္ျဖစ္ေနေတာ့ ေမေမတို႔ဆီက အကူအညီယူခဲ့ရတယ္။ ပိုၿပီးဆိုးသြားတာက သူတို႔ဆင္းလာၿပီး မၾကာခင္ပဲ သူက ေနာက္အိမ္ေထာင္ကို တရားဝင္ျဖစ္ေအာင္ လုပ္လိုက္တာပဲ။ ေမေမတို႔ ေဖ်ာင္းဖ်ထားလို႔ သူက ျပန္သြားဖို႔ စဥ္းစားလိုက္တဲ့ေန႔မွာ အဲ့သတင္းၾကားလိုက္ရေတာ့ ပိုမုန္းတီးမိသြားတာေပါ့။ ဒီစိတ္နဲ႔ပဲ မမရဲ႕အေမက ဆုံးခဲ့ရေတာ့ မမကလည္း အေဖကို စိတ္နာေနတာ မဆန္းပါဘူး။ မိသားစုၿပိဳကြဲေအာင္လုပ္ခဲ့တဲ့ တရားခံဆိုၿပီး စိတ္ထဲမွာ စြဲက်န္ေနတာ။"
"အဲဒါေၾကာင့္ မမက သစၥာေဖာက္တဲ့သူေတြဆို အရမ္းမုန္းတာ ေနမွာ။"
"ဟုတ္တယ္...သား။ ေတာ္ေသးတာက ကိုဦးနဲ႔ သူ ေတြ႕ခဲ့ရတာ အရမ္းကံေကာင္းတယ္လို႔ ေျပာရမယ္။"
မမတို႔အေၾကာင္းကို နားေထာင္ၿပီး သားအဖခ်င္း ျပန္အဆင္ေျပေအာင္ ကူညီေပးခ်င္ေပမယ့္ ကိုယ့္ျပႆနာကိုယ္ေတာင္ ႐ွင္းမရတာမို႔ ၿငိမ္ေနခဲ့ရေတာ့သည္။
ညေန(၄)နာရီခန္႔တြင္-
ကြၽန္ေတာ္တို႔ႏွစ္ဦးလည္း ႀကိဳတင္စီစဥ္ထားတဲ့အတိုင္း ေဗဒင္ဆရာဆီကို ေရာက္႐ွိလာခဲ့ၿပီး ဝင္ေဆြးေႏြးျဖစ္ခဲ့ၾကသည္။
"ဘာကိစၥေၾကာင့္ ေရာက္လာခဲ့ၾကတာလဲဆိုတာကို ေျပာေပးပါ။"
"ကြၽန္ေတာ္တို႔က ဆရာ့ဆီကေန အကူအညီေလးတစ္ခုေလာက္ ေတာင္းခ်င္လို႔ပါ။"
ထိုစကားေၾကာင့္ ဆရာႀကီးက ကြၽန္ေတာ့္ကို မ်က္ေမွာင္ၾကဳတ္ၿပီး လွမ္းေမးခဲ့ေလသည္။
"ဘာအကူအညီမို႔လို႔လဲ!?"
ကြၽန္ေတာ္လည္း သူ႕မ်က္ႏွာႀကီးကိုၾကည့္ၿပီး ဆက္မေျပာရဲသလို ျဖစ္ေနမိေတာ့သည္။
"ဟို...ဟိုေလ..."
"လူတစ္ေယာက္ကို လိမ္ၿပီးေဟာေပးဖို႔ပါ။"
ငသစ္က ခပ္ျပတ္ျပတ္ေျဖလိုက္တာေၾကာင့္ဆရာႀကီးရဲ႕မ်က္ႏွာက အုံ႔မိႈင္းေနရာမွ မည္းသည္းသြားခဲ့ေလသည္။
"ဘာေျပာတယ္!!!"
သူတို႔ႏွစ္ေယာက္ကို ဆက္ၿပီးလႊတ္ေပးထားလိုက္မိရင္ ေဆြးေႏြးပြဲကေန MMAအျဖစ္သို႔ ခ်က္ခ်င္းေျပာင္းလဲသြားႏိုင္တာမို႔ ကြၽန္ေတာ္ ဝင္ထိန္းေပးလိုက္ရေတာ့သည္။
"သူ ေျပာတာေလာသြားလို႔ပါ။ ဒီျပႆနာကို ကြၽန္ေတာ္ ေသခ်ာ႐ွင္းျပပါရေစ။ ခဏေလးပဲ နားေထာင္ေပးပါေနာ္။"
ဒူးမေထာက္႐ုံတမယ္ ကြၽန္ေတာ့္ေတာင္းဆိုမႈကို ဆရာႀကီးက စာနာေထာက္ထားသြားဟန္ျဖင့္ ေဒါသကို ျပန္ေလွ်ာ့ခဲ့ေလသည္။
"ေျပာ!!!"
"ကြၽန္ေတာ္တို႔ႏွစ္ေယာက္က ခ်စ္သူေတြျဖစ္ေနၾကတာ ၾကာပါၿပီ။ လူႀကီးေတြကို ေျပာျပရင္ ခြင့္မျပဳမွာစိုးလို႔ ဆရာ့အကူအညီလာယူရတာပါ။"
"ငါက ေအာင္သြယ္ေတာ္မွမဟုတ္တာ။ ဘာလို႔ ဒီကိစၥကို ဝင္ပါရမွာလဲ!?"
"ကြၽန္ေတာ့္အေမက ဆရာ့ရဲ႕အမာခံFanမို႔လို႔ပါ...ဆရာရယ္။"
ကြၽန္ေတာ့္စကားေၾကာင့္ ဆရာႀကီးက ဘဝင္ေလဟပ္သြားပုံရေလသည္။ ေဒါသနဲ႔ဖုံးလႊမ္းေနတဲ့ မ်က္လုံးေတြက အေရာင္ပင္ လက္ေနေလေတာ့သည္။
"မင္းအေမက ဘယ္သူမို႔လို႔လဲ!?"
"ေဒၚစိမ့္မႉးခင္ပါ။ ဆရာ့ဆီ ခဏခဏလာၿပီး ေမးတတ္တယ္ေလ။"
"ဪ...မင္းက မစိမ့္ရဲ႕သားလား!?"
"ဟုတ္ပါတယ္...ဆရာ။"
"နာမည္က လျပည့္မႉးမလား!?"
"ဟုတ္ကဲ့။"
"ဟိုတစ္ေယာက္ကလည္း လဝန္းသစ္ပဲ ျဖစ္ရမယ္။"
"ဆရာက ကြၽန္ေတာ္တို႔နာမည္ေတြကိုပါ သိထားတာလား!?"
"သိတာေပါ့။ မင္းအေမက ငါ့ဆီလာၿပီး မင္းတို႔အေၾကာင္းပဲ ေမးေနတာေလ။ ဇာတာေတြကိုေတာင္ ငါ အလြတ္ရေနၿပီ။"
"ဟုတ္ပါတယ္...ဆရာရယ္။ အေမက ဆရာ့ကို အရမ္းယုံၾကည္တာ။ ကြၽန္ေတာ္တို႔လည္း အေမ လက္ခံလာဖို႔ ဆရာ့ဆီက အကူအညီနဲ႔မွ ျဖစ္မွာမို႔လို႔ပါ။"
ဆရာႀကီးက ေခတၱ စဥ္းစားဟန္ျပဳၿပီး လွမ္းေျပာလိုက္ေလသည္။
"မင္းတို႔ရဲ႕လက္ေတြကို ခဏျပစမ္း။"
ငသစ္က မျပခ်င္ျပခ်င္နဲ႔ လက္ကို ထုတ္ေပးခဲ့တာမို႔ ဆရာႀကီးက ကြၽန္ေတာ္တို႔လကၡဏာကို ၾကည့္ေပးလိုက္ေတာ့သည္။
"မင္းတို႔ကို ငါ ကူညီေပးမယ္။"
ဆရာႀကီးရဲ႕စကားကိုၾကားခ်ိန္မွာ ကြၽန္ေတာ္ ထခုန္လုမတတ္ ဝမ္းသာသြားမိသည္။
"ေက်းဇူးတင္ပါတယ္...ဆရာ။"
"ရပါတယ္။ ငါက လိမ္ညာတာမ်ိဳးမလုပ္ခ်င္လို႔ မင္းတို႔လကၡဏာကို ၾကည့္ေပးလိုက္တာ။ လကၡဏာကေတာ့ မဆိုးပါဘူး။ ျပႆနာမ်ိဳးစုံကို ရင္ဆိုင္ၿပီးရင္ အဆင္ေျပသြားမွာပါ။"
"ကြၽန္ေတာ္တို႔ ဘာဆက္လုပ္ရမလဲ!?"
"မင္းအေမကို လိမ္တာမ်ိဳးမဟုတ္ဘဲနဲ႔ အမွန္အတိုင္းထဲကမွ မုသားနည္းနည္းသုံးၿပီးေတာ့ ေဟာေပးလိုက္မယ္။"
လိမ္တာကို မုသားသုံးတယ္ဆိုၿပီး လိမ္ေနတဲ့ ဆရာႀကီးမို႔ ကြၽန္ေတာ္လည္း မုသားသုံးရင္းနဲ႔ ျပဳံးျပလိုက္ရေတာ့သည္။
"ေက်းဇူးတင္ပါတယ္...ဆရာ။"
ကြၽန္ေတာ္တို႔ႏွစ္ဦး ထျပန္ဖို႔ ျပင္လိုက္ခ်ိန္မွာ ဆရာႀကီးက လွမ္းတားလိုက္ေလသည္။
"ခဏေလးေနဦး..."
"ဟုတ္ကဲ့...ဘာျဖစ္လို႔လဲဟင္!?"
"လဝန္းသစ္ဆိုတဲ့တစ္ေယာက္...ငါ ေျပာတာကို ေသခ်ာနားေထာင္။"
ငသစ္က စိတ္မပါသလိုပုံစံမ်ိဳး လုပ္ေနတာမို႔ ကြၽန္ေတာ္လည္း တံေတာင္နဲ႔ တြတ္ၿပီး သတိလွမ္းေပးလိုက္ရေတာ့သည္။
"ဟုတ္ကဲ့...ေျပာပါ။"
သူက ေလသံကိုျပင္ေျပာလိုက္ေပမယ့္လည္း အခ်ိဳးေျပေျပေတာ့ ထြက္မလာခဲ့ေပ။
"သူ႕ကို ခ်စ္တယ္ဆိုရင္ မင္းဘက္က အက်င့္ေတြကို ေသခ်ာျပင္မွျဖစ္လိမ့္မယ္။ ေစာေစာတုန္းက ေဟာခဲ့တာေတြက တထစ္ခ်မွန္လာမယ္လို႔ ငါ မေျပာဖူးေနာ္။ ျဖစ္ႏိုင္ေျခ႐ွိတာပဲ ေျပာျပထားတာ။ အနာဂတ္ကို ျဖစ္ေစႏိုင္တဲ့အရာက လူေတြရဲ႕ဆုံးျဖတ္ခ်က္ပဲ။ မင္း မွားခဲ့ရင္ ခံရမယ့္သူက မင္းတစ္ေယာက္တည္းပဲ မဟုတ္ဘူး။ မင္း ခ်စ္တဲ့သူေတြကိုပါ ထိခိုက္ေစႏိုင္တယ္ဆိုတာ သတိထား။ မင္းရဲ႕အျပစ္ေၾကာင့္ သူ႕ကို ဒုကၡမေရာက္ေစနဲ႔ေပါ့။"
ထိုစကားေၾကာင့္ ငသစ္ရဲ႕မ်က္ႏွာျပင္ေပၚက စိုးရိမ္စိတ္ေတြကို ကြၽန္ေတာ္ ျမင္လိုက္ရေလသည္။
"ကြၽန္ေတာ္တို႔ သြားလိုက္ပါဦးမယ္။"
ဆရာႀကီးကိုႏႈတ္ဆက္ၿပီး ကြၽန္ေတာ္တို႔ အိမ္ျပန္လာတဲ့အခ်ိန္အထိ သူ႕ဘက္က လုံးဝႏႈတ္ဆိတ္ေနခဲ့တာမို႔ ကြၽန္ေတာ္ကပဲ စတင္ေျပာခဲ့ရေတာ့သည္။
"စိတ္ထဲမွာ အဲ့ေလာက္ထားမေနပါနဲ႔။ အရင္ကလည္း မင္း ဒါမ်ိဳးေတြကို အယုံအၾကည္မွ မ႐ွိခဲ့တာ။ ေခါင္းထဲက ထုတ္လိုက္ေတာ့။"
"ကြၽန္ေတာ့္ေၾကာင့္တဲ့..."
သူ႕စကားသံက အနည္းငယ္ တုန္ရီေနတာကို ကြၽန္ေတာ္ သတိထားမိလိုက္ေလသည္။
"ငသစ္...ငါ့ကို ၾကည့္စမ္း။"
သူ႕ေ႐ွ႕တည့္တည့္မွာ မတ္တပ္ရပ္ထားရင္းနဲ႔ သူ႕အၾကည့္ေတြကို ကြၽန္ေတာ့္ဆီ ေရာက္လာေအာင္ လႈံ႕ေဆာ္ေပးလိုက္မိသည္။
"ဘယ္သူ႕ေၾကာင့္မွ ဘာမွမျဖစ္ေအာင္ ေနလို႔ရတယ္။ ဆရာႀကီးကလည္း ေျပာလိုက္သားပဲ။ ငါတို႔အနာဂတ္ကို ငါတို႔ကိုယ္တိုင္ ဖန္တီးရမွာေလ။ မင္း အခုကစ,ၿပီး ေကာင္းေကာင္းေနလိုက္ရင္ ရၿပီ။ ဒါဆို ဘာမွမျဖစ္ေတာ့ဘူးေလ။ ဟုတ္ၿပီလား!?"
ကြၽန္ေတာ့္ကို သူက ေတြေဝစြာ ေငးၾကည့္ေနတာမို႔ ေပြ႕ဖက္ၿပီး ႏွစ္သိမ့္ေပးခဲ့ရေလသည္။
"အမ်ားႀကီး ေလွ်ာက္ေတြးမေနပါနဲ႔။ အခု ငါ မင္းေဘးနားမွာ ႐ွိေနတယ္ေလ။ လက္႐ွိမွာပဲ ေကာင္းေအာင္ ေနလိုက္ေနာ္။ ေျပာစကားကို နားေထာင္။"
ႏွစ္သိမ့္စကားကို ၾကားခ်ိန္မွာ ကြၽန္ေတာ့္ကို သူက ပိုမိုတင္းၾကပ္စြာ ေပြ႕ဖက္ခဲ့ေလသည္။
"ဒယ္ဒီ ဘာမွမျဖစ္ရေအာင္ ကြၽန္ေတာ့္ဘက္က ႀကိဳးစားေပးမယ္။"
ဒီကတိစကားက ထာဝရတည္ၿမဲေနမယ္မွန္း ကြၽန္ေတာ္ ေသခ်ာသိေနၿပီး သူ႕ကို ယုံၾကည္ေပးထားလိုက္မိေတာ့သည္။
#Śûè
***************