(Unicode Version)
နေခြည်နုနုနဲ့ လွှမ်းခြုံထားတဲ့ နံနက်ခင်းလေးမှာ ကျွန်တော့်ကို နွေးထွေးနေအောင် ပွေ့ဖက်ပေးထားပြီး အိပ်မောကျနေရှာတဲ့ သူ့မျက်နှာလေးကို တစိမ်စိမ့် ငေးစိုက်ကြည့်နေမိသည်။ မကျဉ်းမကျယ် နဖူးပြင်ပေါ်မှာ နက်မှောင်ပြီး ပျော့ပျောင်းတဲ့ ဆံနွယ်စ,တွေ ဝဲကျနေတာမို့ ကျွန်တော် နူးညံ့စွာ သပ်တင်ပေးလိုက်ရလေသည်။ ပေါ်လွင်ထင်ရှားလာတဲ့ မျက်ခုံးထူထူလေးတစ်ခုက ဖြောင့်စင်းတဲ့ နှာတံနားမှာ ထိစပ်လုမတတ်ဖြစ်နေပြီး ယောက်ျားပီသမှုကို ဖော်ပြပေးနေသလိုပင်။ နှုတ်ခမ်းဖူးဖူးလေးနဲ့ မုတ်ဆိတ်မွှေးရေးရေးလေးတွေက လူကို ဆွဲဆောင်နိုင်တဲ့ အဓိကအချက်ဆိုလည်း မမှားပေ။ ကျွန်တော့်မျက်စိရှေ့က အချစ်ရဆုံးသူရဲ့ခံ့ညားမှုတွေကို အသေးစိတ်ဖော်ညွှန်းရင်း သူ ပြောဖူးတဲ့ 'ချစ်တယ်'ဆိုတဲ့ စကားလေးကို နားထဲ ပြန်ကြားယောင်လာခဲ့ရပြန်သည်။
"ငါ ဘာလို့ မင်းလိုမျိုးအဆိုးအသွမ်းလေးကိုမှ ချစ်မိခဲ့တာလဲ!?"
ဆယ်ကျော်သက်အရွယ်တုန်းက ချစ်သူထားကြတဲ့ သူငယ်ချင်းတွေကိုအားကျပြီး ချစ်သူဖြစ်လာနိုင်မယ့်မိန်းကလေးကို စိတ်ကူးထဲမှာ ကျွန်တော် ပုံဖော်ကြည့်ခဲ့ဖူးသည်။ စိတ်ထားနူးညံ့ပြီး လှပချောမောတဲ့ အလိမ္မာအိမ်ပါနိုင်မယ့် မိန်းကလေးမျိုးပေါ့...ဒါပေမဲ့ စိတ်ကူးနဲ့လက်တွေ့က ဘယ်တော့မှ တစ်ထပ်တည်းမကျနိုင်မှန်း သူက ကျွန်တော့်ကို သက်သေပြပေးခဲ့လေသည်။ ယောက်ျားတစ်ယောက်ကို ရူးရူးမူးမူးချစ်မိပြီး ဘဝတစ်ခုလုံး ပေးအပ်ခဲ့တာတဲ့...ရယ်ချင်စရာကောင်းမနေဘူးလား!? ဒါပေမဲ့ ကျွန်တော် ပျော်နေတယ်။ သူနဲ့အတူ ရှိနေရရင် စိတ်ထဲမှာ အလိုလိုပျော်နေမိတာ။ သူ့ကို ချစ်လွန်းလို့ ရူးသွားပြီ ထင်ပါရဲ့...ဒီလိုနံနက်ခင်းမျိုးမှာ သူ့မျက်နှာကို ငေးကြည့်ပြီး အမွှမ်းတင်ရလောက်အောင်တဲ့အထိ ရူးသွပ်နေခဲ့မိတာပါ။
"မင်းထက် ငါက ပိုရူးသွပ်နေပါလား!?"
သူ့ပါးပြင်ကို ကျွန်တော် နမ်းရှိုက်ရင်းနဲ့ နူးညံ့ညင်သာစွာ နှိူးလိုက်ချိန်မှာ သူ့မျက်ဝန်းလေးတွေက ပွင့်ဟလာခဲ့လေသည်။
"အစောကြီးရှိသေးတာကို နိုးနေပြီလား!?"
"နေထွက်လာတော့မှာ...စောစောထပြီး အိမ်ပြန်ရမယ်လေ။"
"ကျွန်တော်က ဒယ်ဒီနဲ့ ဒီလိုမျိုးလေး နေချင်သေးတာ။"
"မင်းလည်း အလုပ်သွားရဦးမှာပဲမလား!?"
"ခဏလေးနေပါရစေဦး။"
ပြောနေရင်းက ကျွန်တော့်ကို ပိုတင်းကြပ်စွာ ဖက်လိုက်တာမို့ သူ့ဆန္ဒအတိုင်း ခဏနေပေးဖို့ ဆုံးဖြတ်ခဲ့မိသည်။
"ငသစ်..."
"ဟင်!!!"
"ငါ အလုပ်ရသွားပြီ။"
"ဘာအလုပ်လဲ!?"
"ဧည့်လမ်းညွှန်အလုပ်လေ။"
သူက ကျွန်တော့်ကို အံ့အားသင့်စွာ လှမ်းမေးလိုက်လေသည်။
"အဲဒါက ဧည့်လမ်းညွှန်လက်မှတ် ရပြီးတော့မှ အလုပ်ပေးတာ မဟုတ်ဘူးလား!?"
"ပုံမှန်ဆိုရင်တော့ အဲ့လိုပဲ။ ဒါပေမဲ့ မနေ့တုန်းက ဝသန်တို့အိမ်ကို လာလည်တဲ့ ဧည့်သည်နဲ့ ငါနဲ့ စကားပြောဖြစ်ကြတော့ လက်မှတ်ရပြီးသွားရင် သူ့ဆီကို လှမ်းဆက်သွယ်ဖို့ မှာသွားတယ်။ အလုပ်တန်းပြီး ခန့်ပေးမယ်တဲ့လေ။"
"ဟာ...ဒါဆို ဒယ်ဒီက ကံကောင်းတာပေါ့။"
"ထင်ရတာပဲ။"
"မနေ့က ဖုန်းထဲကနေ နားစွန်နားဖျား ကြားခဲ့သေးတယ်။ ဒါပေမဲ့ ဘာကိုပြောနေမှန်း သိပ်နားမလည်လို့။"
"အဲဒါကို ပြောပြနေတာလေ။"
"ဒယ်ဒီ ပျော်နေမှန်းသိသာပါတယ်။ မျက်နှာလေးက ချိုနေတာပဲ။"
"ပျော်တာပေါ့။ အလုပ်ကို ခက်ခက်ခဲခဲ ရှာဖို့ မလိုတော့ဘူးလေ။ မေမေတို့ကိုလည်း လစာနဲ့ ကန်တော့လို့ ရပြီ။"
ထိုအချိန်မှာ သူက တစ်စုံတစ်ခုကို လေးနက်စွာ တွေးနေသလိုပုံစံမျိုး ဖြစ်သွားတာမို့ မေးကြည့်လိုက်မိတော့သည်။
"ဘာတွေတွေးနေတာလဲ!?"
"လူကြီးတွေကို ဖွင့်ပြောပြလိုက်ရင် ကောင်းမလားလို့ တွေးနေတာ။"
"ဖြစ်ပါ့မလား!?"
"မေမေတို့က သေချာပြောပြရင် လက်ခံပေးနိုင်မှာပါ။ ခက်တာက ဖွားဖွားပဲ။ ရှေးလူကြီးဆိုတော့ အယူအဆနည်းနည်းကွာနေတာ။"
"ခဏလောက်တော့ ထပ်စောင့်ကြည့်လိုက်မှ ဖြစ်မယ် ထင်တယ်။"
"အချိန်တန်ရင်တော့ ဖွင့်ပြောပြရမယ့်ကိစ္စပဲလေ။ ဒါပေမဲ့ နည်းလမ်းသုံးပြီး ပြောပြလိုက်ရင်ကောင်းမလား!?"
"ဘယ်လိုနည်းလမ်းလဲ!?"
"မသိမသာလေးနဲ့ ကျွန်တော်တို့ဆက်ဆံရေးကို အသိပေးကြမယ်လေ။"
"မင်းက ဘယ်လိုအသိပေးချင်လို့လဲ!?"
"အရင်ဆုံး ဖွားဖွား အယုံကြည်ဆုံးအရာကို သိအောင် လုပ်ရမယ်။"
"အဲဒါတော့ ငါ သိတယ်။"
"ဘာမို့လို့လဲ!?"
"ဗေဒင်လေ။ မေမေက ဗေဒင်ဆရာ ပြောရင် အားလုံးယုံတယ်။"
"ဟုတ်တယ်...ဒါဆို ကျွန်တော်တို့ ပထမဆုံးလုပ်ရမှာက ဗေဒင်ဆရာနဲ့ သွားဆွေးနွေးပြီး အကူအညီတောင်းဖို့ပဲ။"
"ဘယ်နေ့လောက် သွားမှာလဲ!?"
"လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် ကျွန်တော် ညနေပိုင်းအားတယ်။ ဒယ်ဒီရော!?"
"ငါလည်း ရက်ရွှေ့လိုက်လို့ရတယ်။"
"ဒါဆို အဲ့နေ့ညနေကို သွားကြတာပေါ့။"
"အင်း...ပြီးတော့ ရှင်းစရာကိစ္စတစ်ခု ရှိသေးတယ်။"
"ဘာကိစ္စလဲ!?"
"မင်းကို ဒုက္ခပေးတဲ့သူကို စုံစမ်းရမှာလေ။"
"နီလာသွယ်က ကျွန်တော်တို့ကို မပြောပြရင် ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုပဲ ဖြစ်နေမှာပေါ့။"
"ငါ့မှာ အကြံတစ်ခုရှိတယ်။"
"ဘာလဲ!?"
"ဒါပေမဲ့ မင်းဘက်က သေချာစိတ်ထိန်းထားဖို့တော့ လိုလိမ့်မယ်နော်။"
"ဒယ်ဒီက ဘာလုပ်မှာမို့လို့လဲ!?"
"ငါ နီလာသွယ်နဲ့ ဝင်ရောရမှာ။"
"အဲဒါကတော့..."
"ဟန်ဆောင်ရုံပါပဲ။ ရုပ်ရှင်ရိုက်နေတယ်လို့ပဲ သဘောထားလိုက်ပေါ့။"
"သူက အသေအလဲ လိုက်ကပ်နေရင်ရော။"
"သူက အဲ့လိုမိန်းကလေးမျိုး မဟုတ်ပါဘူး။ ငါက သူ့ပတ်ဝန်းကျင်ကို သိချင်တာ။ ငါတို့နဲ့သိတဲ့သူတစ်ယောက်ယောက်က သူ့အနားမှာ ရှိနေမှာ သေချာတယ်။ အဲဒါကို သိရဖို့ သူ့ကို အယုံသွင်းမှ ရမှာ။"
ကျွန်တော့်အကြံကို သူက လက်မခံချင်သလိုပုံစံမျိုး ဖြစ်နေပေမယ့် နောက်ဆုံးမှာ လက်ခံပေးခဲ့ရလေသည်။
"သူနဲ့ အရမ်းကြီးပရောပရည် မနေနဲ့ဦး။"
"ပြီးတော့ ငါနဲ့မင်းက လုံးဝဆက်ဆံရေးပြတ်သွားသလိုမျိုး နေပြရမယ်။ အဲဒီလူက ငါတို့ပတ်သက်မှုကို သိထားတာ သေချာတယ်။"
"ဒါဆို ဘယ်လိုလုပ်မှာလဲ!? ကျွန်တော်တို့က တစ်အိမ်တည်းမှာ အတူတူနေနေတာလေ။"
"ငါက လောလောဆယ် ဒီအိမ်မှာ ခဏနေနေလိုက်မယ်။ ဒီကိစ္စတွေကို ရှင်းပြီးသွားမှ အိမ်ပြန်လာခဲ့ရမှာပေါ့။"
"ထမင်းစားဖို့ကရော!?"
"ငါ့ဘာသာငါ ထွက်ဝယ်လို့ရပါတယ်။"
"ကျွန်တော် နေ့တိုင်းလာတွေ့မယ်နော်။"
"လာတွေ့လို့ရပါတယ်။ ဒါပေမဲ့ အလုပ်ကနေ တော့ တန်းဝင်မလာခဲ့နဲ့။ အိမ်ကို ပြန်သွားပြီးမှ ပြန်ထွက်လာခဲ့။ သူက မင်းအခြေအနေကို စောင့်ကြည့်နေတာ ဖြစ်နိုင်တယ်။ ဘယ်သူပဲမေးမေး မင်းနဲ့ငါက ပြတ်သွားပြီလို့သာ ပြောလိုက်...ကြားလား!?"
"ဟူး...ဂျိမ်းစ်ဘွန်းဇာတ်လမ်းကျနေတာပဲ။"
"ခဏပါပဲကွာ။"
"အင်းပါ...ဒယ်ဒီ့သဘောအတိုင်း အကုန်လုပ်ပေးပါ့မယ်။ ဒါပေမဲ့ ဒယ်ဒီ့ဖုန်းထဲက Appကိုတော့ ဆက်ထည့်ထားရမယ်နော်။ ဒါမှ ဘယ်သွားနေတာလဲဆိုတာ ကျွန်တော် သိရမှာ။"
"ဒီကိစ္စတွေ ပြီးသွားရင်တော့ ပြန်ထုတ်ပစ်ရမယ်။ အဲ့လိုမျိုးတွေကို ငါ မကြိုက်ဘူး။"
"ဟုတ်ပါပြီခင်ဗျ...ဒါနဲ့ နီလာသွယ့်ကို ဘယ်နေ့လောက် သွားတွေ့မှာလဲ!?"
"ဒီနေ့ပဲ သွားတွေ့လိုက်မယ်။"
သူက ကျွန်တော့်နဖူးကို သူ့နဖူးနဲ့ ထိကပ်ပြီး ပြောလိုက်တော့သည်။
"သူ့အနားကို အရမ်းမကပ်နဲ့နော်။"
"ငါ့ကို မယုံဘူးလား!?"
"ယုံပါတယ်။ ဒါပေမဲ့ ဒယ်ဒီ့ကို ဘယ်သူမှ ထိတာ မလိုချင်ဘူး။ ကျွန်တော့်အတွက် တန်ဖိုးအထားရဆုံးသူဆိုတော့ နည်းနည်းလေး လာထိရင်တောင် နှမြောတယ်။"
ကျွန်တော့်ကို ကပ်ချွဲနေတဲ့ ဒီကောင်လေးကို အသည်းယားလာပြီး နမ်းလိုက်မိလေသည်။
"ကပ်စေးနည်းမနေနဲ့။"
"ချစ်လို့ ကပ်စေးနည်းရတာလေ။ ကျွန်တော် မချစ်တဲ့သူဆိုရင် ကျီးထိုးထိုး ခွေးစားစားဆိုပြီး လှည့်ကို မကြည့်တာ။ ဥပမာ - ဝသန့်လိုလူမျိုးပေါ့။"
"မနေ့က သူ ကူညီပေးလို့ ငါနဲ့ အခုလိုပြန်နေနိုင်ခဲ့တာနော်။ ကျေးဇူးရှင်ကို ကျေးမစွပ်နဲ့။"
"သူက စောစောစီးစီးမှ မပြောပြတာ။ လူက တစ်ပတ်လုံးလုံး ခံစားခဲ့ရတာ။"
"သူတို့ကလည်း မင်းကို ပိုကောင်းစေချင်လို့ မပြောပြခဲ့တာပါ။ အပြစ်တင်မနေပါနဲ့။"
"ဒယ်ဒီကလေ နတ်သားလေးလိုပဲ။ စိတ်ထားက တအားဖြူစင်လွန်းတယ်။ ကျွန်တော်နဲ့က တခြားစီပဲ။"
"မင်းက စိတ်မထားတတ်ရုံပါပဲ။ အတ္တလျှော့လိုက်ရင် အဆင်ပြေသွားလိမ့်မယ်။"
"ကျန်တာတွေကို အတ္တလျှော့နိုင်တယ်။ ဘာမှ မကျန်တော့တဲ့အထိ ပေးလိုက်လို့ရတယ်။ ဒယ်ဒီနဲ့ ပတ်သက်လာရင်တော့ ဘယ်သူ့ကိုမှ သည်းခံပေးလို့ မရဘူး။"
"အပေါက်ဆိုးလိုက်တာ။"
"အဲဒါလည်း ချစ်လွန်းလို့ ဖြစ်ရတာပဲ။"
ပြောနေရင်းက ကျွန်တော့်ကို နမ်းဖို့ ဟန်ပြင်လိုက်တဲ့ သူ့ကို တားထားလိုက်ရတော့သည်။
"တော်ပြီ...နိုးနေမှတော့ လုပ်စရာရှိတာ လုပ်ရဦးမှာ။"
"အင်းလေ...လုပ်စရာရှိတာ လုပ်ရဦးမှာ။"
ကျွန်တော် ပြောလိုက်တဲ့အဓိပ္ပါယ်နဲ့ သူ ပြောတဲ့အဓိပ္ပါယ်က ပြဒါးတစ်လမ်း၊သံတစ်လမ်းမှန်း သိလိုက်ရချိန်မှာ သူ့ရင်ဘတ်ကို ထုရိုက်လိုက်မိတော့သည်။
"မဟုတ်တာ လာလုပ်ဖို့ မစဉ်းစားနဲ့။"
"ကျွန်တော် ဘာစဉ်းစားနေလဲဆိုတာကိုရော သိလို့လား!?"
"မင်းက အမြဲအဲဒါကိုပဲ တွေးနေတာလေ။"
"အဲဒါက ဘာကြီးလဲ!?"
သူက ကျွန်တော့်ကို အပြစ်ကင်းသလိုရုပ်မျိုးနဲ့ လာကြည့်နေခဲ့လေသည်။
"ဘာကြီးလဲဆိုတာ မင်းပဲ သိမှာပေါ့။"
"ပြောပြပါဆို..."
ပြောနေရင်းက ကျွန်တော့်ခါးကို သူ့ဘက်သို့ ဆွဲခေါ်သွားတာမို့ အမြန်တားခဲ့ရပြန်သည်။
"ငြိမ်ငြိမ်နေ...မနေ့ညက မင်း လုပ်ချင်တာကို လုပ်ဖို့ ခွင့်ပြုပေးထားပြီးပြီလေ။"
"ဒယ်ဒီက ရှက်နေသလိုပုံစံမျိုး လုပ်နေတော့ ကျွန်တော်လည်း အသည်းယားလာတာပေါ့။ အဲ့တော့ တာဝန်ယူပေးရမယ်နော်။"
"မယူနိုင်ဘူး။ ဒီနေ့ သွားစရာတွေက ရှိသေးတယ်။"
"ဒီတစ်ခါပါပဲ။"
"တော်တော့...အဲဒါ ချင်း(ဂျင်း)စကားပဲ။"
"တကယ်ပါဆို...နော်...နော်..."
ဆက်ငြင်းဖို့ ကျွန်တော် ကြံရွယ်ထားပေမယ့် ထိစပ်နေတဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်နှစ်ခုက ဒီထက်ပိုပြီး နီးကပ်ချင်နေသေးပုံပင်။
"အမှန်တရားကို လက်ခံလိုက်ပါတော့။"
ကျွန်တော့်နားရွက်ဖျားလေးကို ခပ်ဖွဖွ ကိုက်ပြီး ပြောလာတဲ့ သူ့ကို ဘယ်လိုမှ မငြင်းဆန်နိုင်တော့ဘဲ လိုက်လျောပေးခဲ့ရပြန်သည်။
နေ့လည်(၁၂)နာရီခန့်တွင်-
သူ့ကြောင့် ကျွန်တော် တစ်မနက်လုံး မထနိုင်ဘဲ အနားယူနေခဲ့ရပြီး နေ့လည်လောက်ကျမှ အပြင်ကိုသွားဖို့ အားယူခဲ့ရလေသည်။
"$ကောင်စုတ်လေး...ငါ့ခါးတွေတောင် နာနေပြီ။"
ကြင်ကြင်နာနာ ပြောဆိုဆက်ဆံဖို့ ကြိုးစားခဲ့ပေမယ့် သူ လုပ်သမျှတွေက ဆဲချင်စရာဖြစ်နေခဲ့တော့သည်။ ကျွန်တော်လည်း နာနေတာကို အသာထားပြီး 'နီလာသွယ်'နဲ့ သွားတွေ့ဖို့ ပြင်ခဲ့ရလေသည်။ သူမရဲ့အိမ်ကို ကျွန်တော် ရောက်သွားချိန်မှာ ဖြူဖပ်ဖြူရော် မျက်နှာနဲ့ သူမက အားတင်းထားပြီး ကြိုဆိုနေခဲ့သည်။
"နင် အဆင်ပြေရဲ့လား!?"
"ပြေပါတယ်။ နင်တို့နှစ်ယောက်ရော!?"
"ငါတို့ ပြတ်သွားပြီ။"
"ဟမ်...သူ ဟိုနေ့က ငါ့ဆီရောက်လာလို့ ရှင်းပြပေးလိုက်တယ်လေ။ ဘာလို့ ဒီလိုဖြစ်သွားရတာလဲ!?"
"သူက ငါ့ကို အမြဲသံသယဝင်နေမှတော့ ရှေ့ကို ဆက်သွားဖို့ မဖြစ်နိုင်တော့ဘူးလေ။"
"နင်တို့က တွဲလာတာ ကြာပြီမလား!?"
ဒါတွေကိုပါ သူမက သိနေတာမို့ သံသယဝင်မိတာတွေက မှန်နေခဲ့မှန်း သေချာသွားခဲ့လေပြီ။ ဒီလူက ကျွန်တော်တို့အကြောင်းကို နှံစပ်နေအောင် သိတဲ့သူပင်။
"တွဲတာကတော့ ကြာပါပြီ။ ဒါပေမဲ့ ပြဿနာက အမြဲဖြစ်နေရတော့ ငါလည်း တော်တော်စိတ်ကုန်နေပြီ။ သူ့ကို ဆက်ပြီး သည်းမခံနိုင်တော့ဘူး။"
"နင် ငါ့ကို လိမ်နေတာမလား!?"
သူမက ခေသူမဟုတ်တာကို ကျွန်တော် သိခဲ့ရလေပြီ။ ဒါပေမဲ့ ဝန်မခံသေးဘဲ ဆက်လိမ်ဖို့ ကြိုးစားလိုက်မိသည်။
"ငါက နင့်ကို ဘာလို့လိမ်ရမှာလဲ!?"
"ငါ့နားကို ချဉ်းကပ်ပြီး စုံစမ်းဖို့ပေါ့။"
ဖုံးလေ၊ ပေါ်လေဖြစ်နေတာမို့ ကျွန်တော် ဘာဆက်ပြောရမှန်း မသိဖြစ်နေတော့သည်။
"ငါ နင်နဲ့ ပူးပေါင်းပေးပါ့မယ်။"
"ဟမ်!!!"
"ငါ့နှုတ်က ထုတ်မပြောပါဘူးဆိုပြီး သစ္စာဆိုထားရတယ်။ ဒီတော့ နင့်ဘာသာနင်ပဲ စုံစမ်းကြည့်ပေါ့။ ငါ့ကို အသုံးချပြီးတော့လေ။"
"ဘာလို့လဲ!?"
"နင်က ငါ့အမေအတွက် ကူညီပေးခဲ့တော့ ငါ့ဘက်ကလည်း ကျေးဇူးပြန်ဆပ်တာ။ နင်နဲ့ငါ ပူးပေါင်းပေးမယ်။"
"ကျေးဇူးတင်ပါတယ်။ နင် ကူညီပေးမယ်ဆိုလို့ ငါ ဝမ်းသာပါတယ်။ ဒါပေမဲ့ နင့်အမေကို ငါ ကူညီပေးခဲ့တာက အကျိုးလိုလို့ လုပ်ပေးခဲ့တာ မဟုတ်ပါဘူး။"
"ငါ့ကို ပိုက်ဆံပေးထားပြီး နင် ထွက်သွားတဲ့အချိန်ကတည်းက နင့်စိတ်ရင်းကို ငါ သိခဲ့ပြီးသားပါ။"
"ဘာလို့လဲ!?"
"ငါ့ကို ပိုက်ဆံပေးခဲ့တဲ့သူတွေက ငါ့ဆီကနေ တစ်ခုခုပြန်လိုချင်တဲ့သူတွေချည်းပဲလေ။ နင်တစ်ယောက်တည်းကပဲ ငါ့ကို ရိုးရိုးသားသားနဲ့ ဆက်ဆံပေးခဲ့တာ။"
သူမရဲ့ဘဝကို စဉ်းစားမိတိုင်း စိတ်မကောင်းဖြစ်ရတာက အမှန်ပင်။ စိတ်ထဲမှာလည်း သူ့ကို ကျွန်တော့်ညီမလေးလိုမျိုး မှတ်ယူထားခဲ့တာမို့ ဒီလိုဘဝကနေ အမြန်ရုန်းထွက်စေချင်မိသည်။
"ငါတို့ ဘယ်ကနေ စ,ရင်ကောင်းမလဲ!?"
"သန်ဘက်ခါကျရင် ငါ သွားစရာနေရာ တစ်ခုရှိတယ်။ နင် လိုက်လာခဲ့ပြီး အခြေအနေကို ကြည့်ကြည့်ပေါ့။"
"ကောင်းပြီလေ။ ငါ လာခဲ့ပါ့မယ်။ အချိန်ကရော!?"
"ည(၁၁)နာရီ...ငါ ဧည့်ဂေဟာနားမှာ စောင့်နေမယ်။"
သူမနဲ့ ချိန်းဆိုပြီးချိန်မှာ နှုတ်ဆက်စကားဆိုပြီး ကျွန်တော် ပြန်လာခဲ့လေသည်။
"🎶...🎶...🎶"
အိမ်ကိုပြန်ရောက်ပြီး ခဏနားနေချိန်မှာ ဖုန်းသံမြည်လာတာမို့ ခေါ်ဆိုသူကို လှမ်းကြည့်လိုက်မိသည်။
"ဟယ်လို...ဝသန်...ပြောလေ။"
"မင်းတို့ အဆင်ပြေသွားပြီလား!?"
'ဝသန်'ကိုတော့ ယုံကြည်ထားလို့ ရနိုင်တာမို့ အမှန်အတိုင်းပဲ ပြောပြလိုက်လေသည်။
"အင်း...ပြေသွားပါပြီ။ မင်းရော အေးချမ်းနဲ့ အဆင်ပြေခဲ့လား!? မနေ့တုန်းက ငါ့ကိစ္စနဲ့ငါဆိုတော့ မမေးဖြစ်လိုက်ဘူး။"
"ပြေတာပေါ့။ ဒီနေ့ သူနဲ့ ထပ်ချိန်းထားသေးတယ်။"
"ဟ...တော်တော်အဆင်ပြေနေတာပဲ။"
"ဟုတ်တယ်။ ငါ ဒီနေ့တော့ အဆင့်တက်ဖြစ်အောင် လုပ်ရမယ်။"
"ဘယ်အဆင့်ကို ဆက်တက်ဦးမလို့လဲ!?"
"ဟိုလို ဒီလို...အဟိ အဟိအဆင့်ပေါ့။"
"ဟေ့ကောင်...ကလေးက innocenceလေး။ ပြဿနာ သွားမရှာပါနဲ့ဦး။"
"ငါတို့တွဲလာတာလည်း ကြာလှပြီလေ။ ဒီလိုမျိုး နေကြည့်ချင်သေးတာပေါ့။ သီလထိန်းရလွန်းလို့ တောထွက်ချင်စိတ်မပေါက်သေးခင် ရအောင်ယူထားမှ ဖြစ်မယ်။"
"မနက်ဖြန်ကျရင် မင်းပါးက ဖူးရောင်နေမှာ သေချာတယ်။"
"ရောင်ချင်တာသာ ရောင်ပါစေတော့။ ဆက်ပြီး လျှောက်ရမှာပဲ။"
"ပြောမရလည်း နေပေါ့။ Good Luck..."
'ဝသန်'နဲ့ ဖုန်းပြောပြီး ကျွန်တော်လည်း အိမ်ကို သန့်ရှင်းရေးလုပ်ရင်းနဲ့ အချိန်ဖြုန်းလိုက်မိတော့သည်။
ည(၈)နာရီခန့်တွင်-
သူက ကျွန်တော့်အတွက် စားစရာယူလာပေးပြီး အတူညစာစားဖြစ်ခဲ့လေသည်။
"မင်းက အိမ်မှာ ဘာလို့မစားလာတာလဲ!?"
"စီမံကိန်းနံပါတ်တစ်လေ။"
"ဘာကြီးလဲ!?"
"ဖွားဖွားကို စိတ်ဓာတ်တိုက်စစ်ဆင်နေတာ။"
"ထမင်းမစားတာနဲ့ တိုက်စစ်ဆင်တာနဲ့ ဘယ်ကနေ ဘယ်လိုသွားပတ်သက်နေတာလဲ!?"
"ဆိုင်တာပေါ့။ ကျွန်တော်က ဒယ်ဒီနဲ့ အခုလို အဆင်မပြေဖြစ်တိုင်း အစားအသောက်ပျက်တယ်။ နေထိုင်မကောင်းဖြစ်တယ်။ ဒါမျိုးကို တမင်လုပ်ပြထားမှ ကျွန်တော်တို့ကို မခွဲရက်တော့မှာပေါ့။ လိုအပ်ရင် စိတ်ရောဂါကို ထပ်ဆွဲထည့်ရဦးမှာ။"
"မင်းကတော့လေ..."
"ဒီအချိန်ကတည်းက ကြိုးစားထားမှ ဖြစ်မှာပေါ့။"
"မင်းကို ပြောစရာရှိသေးတယ်။"
"နီလာသွယ်နဲ့ ပတ်သက်တာလား!?"
"သူက ငါနဲ့ ပူးပေါင်းမယ်တဲ့။"
"ကျွန်တော်တို့မပြတ်သေးမှန်း သူ ရိပ်မိသွားတာလား!?"
"ဟုတ်တယ်...ဒါပေမဲ့ သူ ပူးပေါင်းပေးတော့ ငါ့အတွက် ပိုအဆင်ပြေသွားတာပေါ့။"
"သတိတော့ထားနော်။ လူတွေကို မယုံလိုက်နဲ့။"
"စိတ်ချပါ။ လာမယ့် အင်္ဂါနေ့ညကျရင် သူနဲ့ ငါ ချိန်းထားတယ်။ တစ်နေရာကို ခေါ်သွားဖို့ ရှိတယ်တဲ့။ မင်း လိုက်ခဲ့ချင်လား!?"
"လိုက်မှာပေါ့။ ညဘက်ကြီး ဒယ်ဒီ့ကို မိန်းမတစ်ယောက်နဲ့ အတူထွက်သွားခိုင်းရအောင် ကျွန်တော်က ဝေသန္တရာလက်သစ်မှ မဟုတ်တာ။"
"လိုက်မယ်ဆိုလည်း ခပ်လှမ်းလှမ်းက လိုက်ခဲ့နော်။ ပုံစံက မသိသာအောင် ဝတ်ခဲ့။"
"ဘယ်အချိန်သွားမှာလဲ!?"
"ည(၁၁)နာရီကျရင် သူ့အလုပ်နားမှာ စောင့်နေမယ်တဲ့။"
"ကျွန်တော် အဲ့နေ့ညကျရင် အိမ်ကနေ ထွက်လာခဲ့ပါ့မယ်။"
အစီအစဉ်တွေလည်း ချပြီးပြီမို့ ထိုနေ့ရောက်ဖို့ ကျွန်တော် ဆုတောင်းနေမိတော့သည်။
*တရားခံ ဘယ်သူလဲဟေ့!?
မကြာခင်မှာ သိရတော့မှာပါ။ အမျိုးမျိုး ထင်ကြေးပေးနေတာကို တွေ့ရလို့ တကယ်ပျော်မိပါတယ်။ အခုလောလောဆယ်မှာ ပြောနိုင်တာကတော့ ဒီficထဲမှာ ပါဖူးတဲ့သူတိုင်းက တရားခံဖြစ်နိုင်ချေရှိတဲ့သူတွေချည်းပါပဲ။😁😁😁
#Śûè
***************
အခန္း ၆၄(Zawgyi Version)
ေနျခည္ႏုႏုနဲ႔ လႊမ္းျခဳံထားတဲ့ နံနက္ခင္းေလးမွာ ကြၽန္ေတာ့္ကို ေႏြးေထြးေနေအာင္ ေပြ႕ဖက္ေပးထားၿပီး အိပ္ေမာက်ေန႐ွာတဲ့ သူ႕မ်က္ႏွာေလးကို တစိမ္စိမ့္ ေငးစိုက္ၾကည့္ေနမိသည္။ မက်ဥ္းမက်ယ္ နဖူးျပင္ေပၚမွာ နက္ေမွာင္ၿပီး ေပ်ာ့ေပ်ာင္းတဲ့ ဆံႏြယ္စ,ေတြ ဝဲက်ေနတာမို႔ ကြၽန္ေတာ္ ႏူးညံ့စြာ သပ္တင္ေပးလိုက္ရေလသည္။ ေပၚလြင္ထင္႐ွားလာတဲ့ မ်က္ခုံးထူထူေလးတစ္ခုက ေျဖာင့္စင္းတဲ့ ႏွာတံနားမွာ ထိစပ္လုမတတ္ျဖစ္ေနၿပီး ေယာက်္ားပီသမႈကို ေဖာ္ျပေပးေနသလိုပင္။ ႏႈတ္ခမ္းဖူးဖူးေလးနဲ႔ မုတ္ဆိတ္ေမႊးေရးေရးေလးေတြက လူကို ဆြဲေဆာင္ႏိုင္တဲ့ အဓိကအခ်က္ဆိုလည္း မမွားေပ။ ကြၽန္ေတာ္႕မ်က္စိေ႐ွ႕က အခ်စ္ရဆုံးသူရဲ႕ခံ့ညားမႈေတြကို အေသးစိတ္ေဖာ္ၫႊန္းရင္း သူ ေျပာဖူးတဲ့ 'ခ်စ္တယ္'ဆိုတဲ့ စကားေလးကို နားထဲ ျပန္ၾကားေယာင္လာခဲ့ရျပန္သည္။
"ငါ ဘာလို႔ မင္းလိုမ်ိဳးအဆိုးအသြမ္းေလးကိုမွ ခ်စ္မိခဲ့တာလဲ!?"
ဆယ္ေက်ာ္သက္အ႐ြယ္တုန္းက ခ်စ္သူထားၾကတဲ့ သူငယ္ခ်င္းေတြကိုအားက်ၿပီး ခ်စ္သူျဖစ္လာႏိုင္မယ့္မိန္းကေလးကို စိတ္ကူးထဲမွာ ကြၽန္ေတာ္ ပုံေဖာ္ၾကည့္ခဲ့ဖူးသည္။ စိတ္ထားႏူးညံ့ၿပီး လွပေခ်ာေမာတဲ့ အလိမၼာအိမ္ပါႏိုင္မယ့္ မိန္းကေလးမ်ိဳးေပါ့...ဒါေပမဲ့ စိတ္ကူးနဲ႔လက္ေတြ႕က ဘယ္ေတာ့မွ တစ္ထပ္တည္းမက်ႏိုင္မွန္း သူက ကြၽန္ေတာ့္ကို သက္ေသျပေပးခဲ့ေလသည္။ ေယာက်္ားတစ္ေယာက္ကို ႐ူး႐ူးမူးမူးခ်စ္မိၿပီး ဘဝတစ္ခုလုံး ေပးအပ္ခဲ့တာတဲ့...ရယ္ခ်င္စရာေကာင္းမေနဘူးလား!? ဒါေပမဲ့ ကြၽန္ေတာ္ ေပ်ာ္ေနတယ္။ သူနဲ႔အတူ ႐ွိေနရရင္ စိတ္ထဲမွာ အလိုလိုေပ်ာ္ေနမိတာ။ သူ႕ကို ခ်စ္လြန္းလို႔ ႐ူးသြားၿပီ ထင္ပါရဲ႕...ဒီလိုနံနက္ခင္းမ်ိဳးမွာ သူ႕မ်က္ႏွာကို ေငးၾကည့္ၿပီး အမႊမ္းတင္ရေလာက္ေအာင္တဲ့အထိ ႐ူးသြပ္ေနခဲ့မိတာပါ။
"မင္းထက္ ငါက ပို႐ူးသြပ္ေနပါလား!?"
သူ႕ပါးျပင္ကို ကြၽန္ေတာ္ နမ္း႐ိႈက္ရင္းနဲ႔ ႏူးညံ့ညင္သာစြာ ႏိႉးလိုက္ခ်ိန္မွာ သူ႕မ်က္ဝန္းေလးေတြက ပြင့္ဟလာခဲ့ေလသည္။
"အေစာႀကီး႐ွိေသးတာကို ႏိုးေနၿပီလား!?"
"ေနထြက္လာေတာ့မွာ...ေစာေစာထၿပီး အိမ္ျပန္ရမယ္ေလ။"
"ကြၽန္ေတာ္က ဒယ္ဒီနဲ႔ ဒီလိုမ်ိဳးေလး ေနခ်င္ေသးတာ။"
"မင္းလည္း အလုပ္သြားရဦးမွာပဲမလား!?"
"ခဏေလးေနပါရေစဦး။"
ေျပာေနရင္းက ကြၽန္ေတာ့္ကို ပိုတင္းၾကပ္စြာ ဖက္လိုက္တာမို႔ သူ႕ဆႏၵအတိုင္း ခဏေနေပးဖို႔ ဆုံးျဖတ္ခဲ့မိသည္။
"ငသစ္..."
"ဟင္!!!"
"ငါ အလုပ္ရသြားၿပီ။"
"ဘာအလုပ္လဲ!?"
"ဧည့္လမ္းၫႊန္အလုပ္ေလ။"
သူက ကြၽန္ေတာ့္ကို အံ့အားသင့္စြာ လွမ္းေမးလိုက္ေလသည္။
"အဲဒါက ဧည့္လမ္းၫႊန္လက္မွတ္ ရၿပီးေတာ့မွ အလုပ္ေပးတာ မဟုတ္ဘူးလား!?"
"ပုံမွန္ဆိုရင္ေတာ့ အဲ့လိုပဲ။ ဒါေပမဲ့ မေန႔တုန္းက ဝသန္တို႔အိမ္ကို လာလည္တဲ့ ဧည့္သည္နဲ႔ ငါနဲ႔ စကားေျပာျဖစ္ၾကေတာ့ လက္မွတ္ရၿပီးသြားရင္ သူ႕ဆီကို လွမ္းဆက္သြယ္ဖို႔ မွာသြားတယ္။ အလုပ္တန္းၿပီး ခန္႔ေပးမယ္တဲ့ေလ။"
"ဟာ...ဒါဆို ဒယ္ဒီက ကံေကာင္းတာေပါ့။"
"ထင္ရတာပဲ။"
"မေန႔က ဖုန္းထဲကေန နားစြန္နားဖ်ား ၾကားခဲ့ေသးတယ္။ ဒါေပမဲ့ ဘာကိုေျပာေနမွန္း သိပ္နားမလည္လို႔။"
"အဲဒါကို ေျပာျပေနတာေလ။"
"ဒယ္ဒီ ေပ်ာ္ေနမွန္းသိသာပါတယ္။ မ်က္ႏွာေလးက ခ်ိဳေနတာပဲ။"
"ေပ်ာ္တာေပါ့။ အလုပ္ကို ခက္ခက္ခဲခဲ ႐ွာဖို႔ မလိုေတာ့ဘူးေလ။ ေမေမတို႔ကိုလည္း လစာနဲ႔ ကန္ေတာ့လို႔ ရၿပီ။"
ထိုအခ်ိန္မွာ သူက တစ္စုံတစ္ခုကို ေလးနက္စြာ ေတြးေနသလိုပုံစံမ်ိဳး ျဖစ္သြားတာမို႔ ေမးၾကည့္လိုက္မိေတာ့သည္။
"ဘာေတြေတြးေနတာလဲ!?"
"လူႀကီးေတြကို ဖြင့္ေျပာျပလိုက္ရင္ ေကာင္းမလားလို႔ ေတြးေနတာ။"
"ျဖစ္ပါ့မလား!?"
"ေမေမတို႔က ေသခ်ာေျပာျပရင္ လက္ခံေပးႏိုင္မွာပါ။ ခက္တာက ဖြားဖြားပဲ။ ေ႐ွးလူႀကီးဆိုေတာ့ အယူအဆနည္းနည္းကြာေနတာ။"
"ခဏေလာက္ေတာ့ ထပ္ေစာင့္ၾကည့္လိုက္မွ ျဖစ္မယ္ ထင္တယ္။"
"အခ်ိန္တန္ရင္ေတာ့ ဖြင့္ေျပာျပရမယ့္ကိစၥပဲေလ။ ဒါေပမဲ့ နည္းလမ္းသုံးၿပီး ေျပာျပလိုက္ရင္ေကာင္းမလား!?"
"ဘယ္လိုနည္းလမ္းလဲ!?"
"မသိမသာေလးနဲ႔ ကြၽန္ေတာ္တို႔ဆက္ဆံေရးကို အသိေပးၾကမယ္ေလ။"
"မင္းက ဘယ္လိုအသိေပးခ်င္လို႔လဲ!?"
"အရင္ဆုံး ဖြားဖြား အယုံၾကည္ဆုံးအရာကို သိေအာင္ လုပ္ရမယ္။"
"အဲဒါေတာ့ ငါ သိတယ္။"
"ဘာမို႔လို႔လဲ!?"
"ေဗဒင္ေလ။ ေမေမက ေဗဒင္ဆရာ ေျပာရင္ အားလုံးယုံတယ္။"
"ဟုတ္တယ္...ဒါဆို ကြၽန္ေတာ္တို႔ ပထမဆုံးလုပ္ရမွာက ေဗဒင္ဆရာနဲ႔ သြားေဆြးေႏြးၿပီး အကူအညီေတာင္းဖို႔ပဲ။"
"ဘယ္ေန႔ေလာက္ သြားမွာလဲ!?"
"လာမယ့္ ဗုဒၶဟူးေန႔က်ရင္ ကြၽန္ေတာ္ ညေနပိုင္းအားတယ္။ ဒယ္ဒီေရာ!?"
"ငါလည္း ရက္ေ႐ႊ႕လိုက္လို႔ရတယ္။"
"ဒါဆို အဲ့ေန႔ညေနကို သြားၾကတာေပါ့။"
"အင္း...ၿပီးေတာ့ ႐ွင္းစရာကိစၥတစ္ခု ႐ွိေသးတယ္။"
"ဘာကိစၥလဲ!?"
"မင္းကို ဒုကၡေပးတဲ့သူကို စုံစမ္းရမွာေလ။"
"နီလာသြယ္က ကြၽန္ေတာ္တို႔ကို မေျပာျပရင္ ေကာက္႐ိုးပုံထဲ အပ္ေပ်ာက္႐ွာရသလိုပဲ ျဖစ္ေနမွာေပါ့။"
"ငါ့မွာ အၾကံတစ္ခု႐ွိတယ္။"
"ဘာလဲ!?"
"ဒါေပမဲ့ မင္းဘက္က ေသခ်ာစိတ္ထိန္းထားဖို႔ေတာ့ လိုလိမ့္မယ္ေနာ္။"
"ဒယ္ဒီက ဘာလုပ္မွာမို႔လို႔လဲ!?"
"ငါ နီလာသြယ္နဲ႔ ဝင္ေရာရမွာ။"
"အဲဒါကေတာ့..."
"ဟန္ေဆာင္႐ုံပါပဲ။ ႐ုပ္႐ွင္႐ိုက္ေနတယ္လို႔ပဲ သေဘာထားလိုက္ေပါ့။"
"သူက အေသအလဲ လိုက္ကပ္ေနရင္ေရာ။"
"သူက အဲ့လိုမိန္းကေလးမ်ိဳး မဟုတ္ပါဘူး။ ငါက သူ႕ပတ္ဝန္းက်င္ကို သိခ်င္တာ။ ငါတို႔နဲ႔သိတဲ့သူတစ္ေယာက္ေယာက္က သူ႕အနားမွာ ႐ွိေနမွာ ေသခ်ာတယ္။ အဲဒါကို သိရဖို႔ သူ႕ကို အယုံသြင္းမွ ရမွာ။"
ကြၽန္ေတာ့္အၾကံကို သူက လက္မခံခ်င္သလိုပုံစံမ်ိဳး ျဖစ္ေနေပမယ့္ ေနာက္ဆုံးမွာ လက္ခံေပးခဲ့ရေလသည္။
"သူနဲ႔ အရမ္းႀကီးပေရာပရည္ မေနနဲ႔ဦး။"
"ၿပီးေတာ့ ငါနဲ႔မင္းက လုံးဝဆက္ဆံေရးျပတ္သြားသလိုမ်ိဳး ေနျပရမယ္။ အဲဒီလူက ငါတို႔ပတ္သက္မႈကို သိထားတာ ေသခ်ာတယ္။"
"ဒါဆို ဘယ္လိုလုပ္မွာလဲ!? ကြၽန္ေတာ္တို႔က တစ္အိမ္တည္းမွာ အတူတူေနေနတာေလ။"
"ငါက ေလာေလာဆယ္ ဒီအိမ္မွာ ခဏေနေနလိုက္မယ္။ ဒီကိစၥေတြကို ႐ွင္းၿပီးသြားမွ အိမ္ျပန္လာခဲ့ရမွာေပါ့။"
"ထမင္းစားဖို႔ကေရာ!?"
"ငါ့ဘာသာငါ ထြက္ဝယ္လို႔ရပါတယ္။"
"ကြၽန္ေတာ္ ေန႔တိုင္းလာေတြ႕မယ္ေနာ္။"
"လာေတြ႕လို႔ရပါတယ္။ ဒါေပမဲ့ အလုပ္ကေန ေတာ့ တန္းဝင္မလာခဲ့နဲ႔။ အိမ္ကို ျပန္သြားၿပီးမွ ျပန္ထြက္လာခဲ့။ သူက မင္းအေျခအေနကို ေစာင့္ၾကည့္ေနတာ ျဖစ္ႏိုင္တယ္။ ဘယ္သူပဲေမးေမး မင္းနဲ႔ငါက ျပတ္သြားၿပီလို႔သာ ေျပာလိုက္...ၾကားလား!?"
"ဟူး...ဂ်ိမ္းစ္ဘြန္းဇာတ္လမ္းက်ေနတာပဲ။"
"ခဏပါပဲကြာ။"
"အင္းပါ...ဒယ္ဒီ့သေဘာအတိုင္း အကုန္လုပ္ေပးပါ့မယ္။ ဒါေပမဲ့ ဒယ္ဒီ့ဖုန္းထဲက Appကိုေတာ့ ဆက္ထည့္ထားရမယ္ေနာ္။ ဒါမွ ဘယ္သြားေနတာလဲဆိုတာ ကြၽန္ေတာ္ သိရမွာ။"
"ဒီကိစၥေတြ ၿပီးသြားရင္ေတာ့ ျပန္ထုတ္ပစ္ရမယ္။ အဲ့လိုမ်ိဳးေတြကို ငါ မႀကိဳက္ဘူး။"
"ဟုတ္ပါၿပီခင္ဗ်...ဒါနဲ႔ နီလာသြယ့္ကို ဘယ္ေန႔ေလာက္ သြားေတြ႕မွာလဲ!?"
"ဒီေန႔ပဲ သြားေတြ႕လိုက္မယ္။"
သူက ကြၽန္ေတာ့္နဖူးကို သူ႕နဖူးနဲ႔ ထိကပ္ၿပီး ေျပာလိုက္ေတာ့သည္။
"သူ႕အနားကို အရမ္းမကပ္နဲ႔ေနာ္။"
"ငါ့ကို မယုံဘူးလား!?"
"ယုံပါတယ္။ ဒါေပမဲ့ ဒယ္ဒီ့ကို ဘယ္သူမွ ထိတာ မလိုခ်င္ဘူး။ ကြၽန္ေတာ့္အတြက္ တန္ဖိုးအထားရဆုံးသူဆိုေတာ့ နည္းနည္းေလး လာထိရင္ေတာင္ ႏွေျမာတယ္။"
ကြၽန္ေတာ့္ကို ကပ္ခြၽဲေနတဲ့ ဒီေကာင္ေလးကို အသည္းယားလာၿပီး နမ္းလိုက္မိေလသည္။
"ကပ္ေစးနည္းမေနနဲ႔။"
"ခ်စ္လို႔ ကပ္ေစးနည္းရတာေလ။ ကြၽန္ေတာ္ မခ်စ္တဲ့သူဆိုရင္ က်ီးထိုးထိုး ေခြးစားစားဆိုၿပီး လွည့္ကို မၾကည့္တာ။ ဥပမာ - ဝသန္႔လိုလူမ်ိဳးေပါ့။"
"မေန႔က သူ ကူညီေပးလို႔ ငါနဲ႔ အခုလိုျပန္ေနႏိုင္ခဲ့တာေနာ္။ ေက်းဇူး႐ွင္ကို ေက်းမစြပ္နဲ႔။"
"သူက ေစာေစာစီးစီးမွ မေျပာျပတာ။ လူက တစ္ပတ္လုံးလုံး ခံစားခဲ့ရတာ။"
"သူတို႔ကလည္း မင္းကို ပိုေကာင္းေစခ်င္လို႔ မေျပာျပခဲ့တာပါ။ အျပစ္တင္မေနပါနဲ႔။"
"ဒယ္ဒီကေလ နတ္သားေလးလိုပဲ။ စိတ္ထားက တအားျဖဴစင္လြန္းတယ္။ ကြၽန္ေတာ္နဲ႔က တျခားစီပဲ။"
"မင္းက စိတ္မထားတတ္႐ုံပါပဲ။ အတၱေလွ်ာ့လိုက္ရင္ အဆင္ေျပသြားလိမ့္မယ္။"
"က်န္တာေတြကို အတၱေလွ်ာ့ႏိုင္တယ္။ ဘာမွ မက်န္ေတာ့တဲ့အထိ ေပးလိုက္လို႔ရတယ္။ ဒယ္ဒီနဲ႔ ပတ္သက္လာရင္ေတာ့ ဘယ္သူ႕ကိုမွ သည္းခံေပးလို႔ မရဘူး။"
"အေပါက္ဆိုးလိုက္တာ။"
"အဲဒါလည္း ခ်စ္လြန္းလို႔ ျဖစ္ရတာပဲ။"
ေျပာေနရင္းက ကြၽန္ေတာ့္ကို နမ္းဖို႔ ဟန္ျပင္လိုက္တဲ့ သူ႕ကို တားထားလိုက္ရေတာ့သည္။
"ေတာ္ၿပီ...ႏိုးေနမွေတာ့ လုပ္စရာ႐ွိတာ လုပ္ရဦးမွာ။"
"အင္းေလ...လုပ္စရာ႐ွိတာ လုပ္ရဦးမွာ။"
ကြၽန္ေတာ္ ေျပာလိုက္တဲ့အဓိပၸါယ္နဲ႔ သူ ေျပာတဲ့အဓိပၸါယ္က ျပဒါးတစ္လမ္း၊သံတစ္လမ္းမွန္း သိလိုက္ရခ်ိန္မွာ သူ႕ရင္ဘတ္ကို ထု႐ိုက္လိုက္မိေတာ့သည္။
"မဟုတ္တာ လာလုပ္ဖို႔ မစဥ္းစားနဲ႔။"
"ကြၽန္ေတာ္ ဘာစဥ္းစားေနလဲဆိုတာကိုေရာ သိလို႔လား!?"
"မင္းက အၿမဲအဲဒါကိုပဲ ေတြးေနတာေလ။"
"အဲဒါက ဘာႀကီးလဲ!?"
သူက ကြၽန္ေတာ့္ကို အျပစ္ကင္းသလို႐ုပ္မ်ိဳးနဲ႔ လာၾကည့္ေနခဲ့ေလသည္။
"ဘာႀကီးလဲဆိုတာ မင္းပဲ သိမွာေပါ့။"
"ေျပာျပပါဆို..."
ေျပာေနရင္းက ကြၽန္ေတာ့္ခါးကို သူ႕ဘက္သို႔ ဆြဲေခၚသြားတာမို႔ အျမန္တားခဲ့ရျပန္သည္။
"ၿငိမ္ၿငိမ္ေန...မေန႔ညက မင္း လုပ္ခ်င္တာကို လုပ္ဖို႔ ခြင့္ျပဳေပးထားၿပီးၿပီေလ။"
"ဒယ္ဒီက ႐ွက္ေနသလိုပုံစံမ်ိဳး လုပ္ေနေတာ့ ကြၽန္ေတာ္လည္း အသည္းယားလာတာေပါ့။ အဲ့ေတာ့ တာဝန္ယူေပးရမယ္ေနာ္။"
"မယူႏိုင္ဘူး။ ဒီေန႔ သြားစရာေတြက ႐ွိေသးတယ္။"
"ဒီတစ္ခါပါပဲ။"
"ေတာ္ေတာ့...အဲဒါ ခ်င္း(ဂ်င္း)စကားပဲ။"
"တကယ္ပါဆို...ေနာ္...ေနာ္..."
ဆက္ျငင္းဖို႔ ကြၽန္ေတာ္ ၾကံ႐ြယ္ထားေပမယ့္ ထိစပ္ေနတဲ့ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ႏွစ္ခုက ဒီထက္ပိုၿပီး နီးကပ္ခ်င္ေနေသးပုံပင္။
"အမွန္တရားကို လက္ခံလိုက္ပါေတာ့။"
ကြၽန္ေတာ့္နား႐ြက္ဖ်ားေလးကို ခပ္ဖြဖြ ကိုက္ၿပီး ေျပာလာတဲ့ သူ႕ကို ဘယ္လိုမွ မျငင္းဆန္ႏိုင္ေတာ့ဘဲ လိုက္ေလ်ာေပးခဲ့ရျပန္သည္။
ေန႔လည္(၁၂)နာရီခန္႔တြင္-
သူ႕ေၾကာင့္ ကြၽန္ေတာ္ တစ္မနက္လုံး မထႏိုင္ဘဲ အနားယူေနခဲ့ရၿပီး ေန႔လည္ေလာက္က်မွ အျပင္ကိုသြားဖို႔ အားယူခဲ့ရေလသည္။
"$ေကာင္စုတ္ေလး...ငါ့ခါးေတြေတာင္ နာေနၿပီ။"
ၾကင္ၾကင္နာနာ ေျပာဆိုဆက္ဆံဖို႔ ႀကိဳးစားခဲ့ေပမယ့္ သူ လုပ္သမွ်ေတြက ဆဲခ်င္စရာျဖစ္ေနခဲ့ေတာ့သည္။ ကြၽန္ေတာ္လည္း နာေနတာကို အသာထားၿပီး 'နီလာသြယ္'နဲ႔ သြားေတြ႕ဖို႔ ျပင္ခဲ့ရေလသည္။ သူမရဲ႕အိမ္ကို ကြၽန္ေတာ္ ေရာက္သြားခ်ိန္မွာ ျဖဴဖပ္ျဖဴေရာ္ မ်က္ႏွာနဲ႔ သူမက အားတင္းထားၿပီး ႀကိဳဆိုေနခဲ့သည္။
"နင္ အဆင္ေျပရဲ႕လား!?"
"ေျပပါတယ္။ နင္တို႔ႏွစ္ေယာက္ေရာ!?"
"ငါတို႔ ျပတ္သြားၿပီ။"
"ဟမ္...သူ ဟိုေန႔က ငါ့ဆီေရာက္လာလို႔ ႐ွင္းျပေပးလိုက္တယ္ေလ။ ဘာလို႔ ဒီလိုျဖစ္သြားရတာလဲ!?"
"သူက ငါ့ကို အၿမဲသံသယဝင္ေနမွေတာ့ ေ႐ွ႕ကို ဆက္သြားဖို႔ မျဖစ္ႏိုင္ေတာ့ဘူးေလ။"
"နင္တို႔က တြဲလာတာ ၾကာၿပီမလား!?"
ဒါေတြကိုပါ သူမက သိေနတာမို႔ သံသယဝင္မိတာေတြက မွန္ေနခဲ့မွန္း ေသခ်ာသြားခဲ့ေလၿပီ။ ဒီလူက ကြၽန္ေတာ္တို႔အေၾကာင္းကို ႏွံစပ္ေနေအာင္ သိတဲ့သူပင္။
"တြဲတာကေတာ့ ၾကာပါၿပီ။ ဒါေပမဲ့ ျပႆနာက အၿမဲျဖစ္ေနရေတာ့ ငါလည္း ေတာ္ေတာ္စိတ္ကုန္ေနၿပီ။ သူ႕ကို ဆက္ၿပီး သည္းမခံႏိုင္ေတာ့ဘူး။"
"နင္ ငါ့ကို လိမ္ေနတာမလား!?"
သူမက ေခသူမဟုတ္တာကို ကြၽန္ေတာ္ သိခဲ့ရေလၿပီ။ ဒါေပမဲ့ ဝန္မခံေသးဘဲ ဆက္လိမ္ဖို႔ ႀကိဳးစားလိုက္မိသည္။
"ငါက နင့္ကို ဘာလို႔လိမ္ရမွာလဲ!?"
"ငါ့နားကို ခ်ဥ္းကပ္ၿပီး စုံစမ္းဖို႔ေပါ့။"
ဖုံးေလ၊ ေပၚေလျဖစ္ေနတာမို႔ ကြၽန္ေတာ္ ဘာဆက္ေျပာရမွန္း မသိျဖစ္ေနေတာ့သည္။
"ငါ နင္နဲ႔ ပူးေပါင္းေပးပါ့မယ္။"
"ဟမ္!!!"
"ငါ့ႏႈတ္က ထုတ္မေျပာပါဘူးဆိုၿပီး သစၥာဆိုထားရတယ္။ ဒီေတာ့ နင့္ဘာသာနင္ပဲ စုံစမ္းၾကည့္ေပါ့။ ငါ့ကို အသုံးခ်ၿပီးေတာ့ေလ။"
"ဘာလို႔လဲ!?"
"နင္က ငါ့အေမအတြက္ ကူညီေပးခဲ့ေတာ့ ငါ့ဘက္ကလည္း ေက်းဇူးျပန္ဆပ္တာ။ နင္နဲ႔ငါ ပူးေပါင္းေပးမယ္။"
"ေက်းဇူးတင္ပါတယ္။ နင္ ကူညီေပးမယ္ဆိုလို႔ ငါ ဝမ္းသာပါတယ္။ ဒါေပမဲ့ နင့္အေမကို ငါ ကူညီေပးခဲ့တာက အက်ိဳးလိုလို႔ လုပ္ေပးခဲ့တာ မဟုတ္ပါဘူး။"
"ငါ့ကို ပိုက္ဆံေပးထားၿပီး နင္ ထြက္သြားတဲ့အခ်ိန္ကတည္းက နင့္စိတ္ရင္းကို ငါ သိခဲ့ၿပီးသားပါ။"
"ဘာလို႔လဲ!?"
"ငါ့ကို ပိုက္ဆံေပးခဲ့တဲ့သူေတြက ငါ့ဆီကေန တစ္ခုခုျပန္လိုခ်င္တဲ့သူေတြခ်ည္းပဲေလ။ နင္တစ္ေယာက္တည္းကပဲ ငါ့ကို ႐ိုး႐ိုးသားသားနဲ႔ ဆက္ဆံေပးခဲ့တာ။"
သူမရဲ႕ဘဝကို စဥ္းစားမိတိုင္း စိတ္မေကာင္းျဖစ္ရတာက အမွန္ပင္။ စိတ္ထဲမွာလည္း သူ႕ကို ကြၽန္ေတာ့္ညီမေလးလိုမ်ိဳး မွတ္ယူထားခဲ့တာမို႔ ဒီလိုဘဝကေန အျမန္႐ုန္းထြက္ေစခ်င္မိသည္။
"ငါတို႔ ဘယ္ကေန စ,ရင္ေကာင္းမလဲ!?"
"သန္ဘက္ခါက်ရင္ ငါ သြားစရာေနရာ တစ္ခု႐ွိတယ္။ နင္ လိုက္လာခဲ့ၿပီး အေျခအေနကို ၾကည့္ၾကည့္ေပါ့။"
"ေကာင္းၿပီေလ။ ငါ လာခဲ့ပါ့မယ္။ အခ်ိန္ကေရာ!?"
"ည(၁၁)နာရီ...ငါ ဧည့္ေဂဟာနားမွာ ေစာင့္ေနမယ္။"
သူမနဲ႔ ခ်ိန္းဆိုၿပီးခ်ိန္မွာ ႏႈတ္ဆက္စကားဆိုၿပီး ကြၽန္ေတာ္ ျပန္လာခဲ့ေလသည္။
"🎶...🎶...🎶"
အိမ္ကိုျပန္ေရာက္ၿပီး ခဏနားေနခ်ိန္မွာ ဖုန္းသံျမည္လာတာမို႔ ေခၚဆိုသူကို လွမ္းၾကည့္လိုက္မိသည္။
"ဟယ္လို...ဝသန္...ေျပာေလ။"
"မင္းတို႔ အဆင္ေျပသြားၿပီလား!?"
'ဝသန္'ကိုေတာ့ ယုံၾကည္ထားလို႔ ရႏိုင္တာမို႔ အမွန္အတိုင္းပဲ ေျပာျပလိုက္ေလသည္။
"အင္း...ေျပသြားပါၿပီ။ မင္းေရာ ေအးခ်မ္းနဲ႔ အဆင္ေျပခဲ့လား!? မေန႔တုန္းက ငါ့ကိစၥနဲ႔ငါဆိုေတာ့ မေမးျဖစ္လိုက္ဘူး။"
"ေျပတာေပါ့။ ဒီေန႔ သူနဲ႔ ထပ္ခ်ိန္းထားေသးတယ္။"
"ဟ...ေတာ္ေတာ္အဆင္ေျပေနတာပဲ။"
"ဟုတ္တယ္။ ငါ ဒီေန႔ေတာ့ အဆင့္တက္ျဖစ္ေအာင္ လုပ္ရမယ္။"
"ဘယ္အဆင့္ကို ဆက္တက္ဦးမလို႔လဲ!?"
"ဟိုလို ဒီလို...အဟိ အဟိအဆင့္ေပါ့။"
"ေဟ့ေကာင္...ကေလးက innocenceေလး။ ျပႆနာ သြားမ႐ွာပါနဲ႔ဦး။"
"ငါတို႔တြဲလာတာလည္း ၾကာလွၿပီေလ။ ဒီလိုမ်ိဳး ေနၾကည့္ခ်င္ေသးတာေပါ့။ သီလထိန္းရလြန္းလို႔ ေတာထြက္ခ်င္စိတ္မေပါက္ေသးခင္ ရေအာင္ယူထားမွ ျဖစ္မယ္။"
"မနက္ျဖန္က်ရင္ မင္းပါးက ဖူးေရာင္ေနမွာ ေသခ်ာတယ္။"
"ေရာင္ခ်င္တာသာ ေရာင္ပါေစေတာ့။ ဆက္ၿပီး ေလွ်ာက္ရမွာပဲ။"
"ေျပာမရလည္း ေနေပါ့။ Good Luck..."
'ဝသန္'နဲ႔ ဖုန္းေျပာၿပီး ကြၽန္ေတာ္လည္း အိမ္ကို သန္႔႐ွင္းေရးလုပ္ရင္းနဲ႔ အခ်ိန္ျဖဳန္းလိုက္မိေတာ့သည္။
ည(၈)နာရီခန္႔တြင္-
သူက ကြၽန္ေတာ့္အတြက္ စားစရာယူလာေပးၿပီး အတူညစာစားျဖစ္ခဲ့ေလသည္။
"မင္းက အိမ္မွာ ဘာလို႔မစားလာတာလဲ!?"
"စီမံကိန္းနံပါတ္တစ္ေလ။"
"ဘာႀကီးလဲ!?"
"ဖြားဖြားကို စိတ္ဓာတ္တိုက္စစ္ဆင္ေနတာ။"
"ထမင္းမစားတာနဲ႔ တိုက္စစ္ဆင္တာနဲ႔ ဘယ္ကေန ဘယ္လိုသြားပတ္သက္ေနတာလဲ!?"
"ဆိုင္တာေပါ့။ ကြၽန္ေတာ္က ဒယ္ဒီနဲ႔ အခုလို အဆင္မေျပျဖစ္တိုင္း အစားအေသာက္ပ်က္တယ္။ ေနထိုင္မေကာင္းျဖစ္တယ္။ ဒါမ်ိဳးကို တမင္လုပ္ျပထားမွ ကြၽန္ေတာ္တို႔ကို မခြဲရက္ေတာ့မွာေပါ့။ လိုအပ္ရင္ စိတ္ေရာဂါကို ထပ္ဆြဲထည့္ရဦးမွာ။"
"မင္းကေတာ့ေလ..."
"ဒီအခ်ိန္ကတည္းက ႀကိဳးစားထားမွ ျဖစ္မွာေပါ့။"
"မင္းကို ေျပာစရာ႐ွိေသးတယ္။"
"နီလာသြယ္နဲ႔ ပတ္သက္တာလား!?"
"သူက ငါနဲ႔ ပူးေပါင္းမယ္တဲ့။"
"ကြၽန္ေတာ္တို႔မျပတ္ေသးမွန္း သူ ရိပ္မိသြားတာလား!?"
"ဟုတ္တယ္...ဒါေပမဲ့ သူ ပူးေပါင္းေပးေတာ့ ငါ့အတြက္ ပိုအဆင္ေျပသြားတာေပါ့။"
"သတိေတာ့ထားေနာ္။ လူေတြကို မယုံလိုက္နဲ႔။"
"စိတ္ခ်ပါ။ လာမယ့္ အဂၤါေန႔ညက်ရင္ သူနဲ႔ ငါ ခ်ိန္းထားတယ္။ တစ္ေနရာကို ေခၚသြားဖို႔ ႐ွိတယ္တဲ့။ မင္း လိုက္ခဲ့ခ်င္လား!?"
"လိုက္မွာေပါ့။ ညဘက္ႀကီး ဒယ္ဒီ့ကို မိန္းမတစ္ေယာက္နဲ႔ အတူထြက္သြားခိုင္းရေအာင္ ကြၽန္ေတာ္က ေဝသႏၲရာလက္သစ္မွ မဟုတ္တာ။"
"လိုက္မယ္ဆိုလည္း ခပ္လွမ္းလွမ္းက လိုက္ခဲ့ေနာ္။ ပုံစံက မသိသာေအာင္ ဝတ္ခဲ့။"
"ဘယ္အခ်ိန္သြားမွာလဲ!?"
"ည(၁၁)နာရီက်ရင္ သူ႕အလုပ္နားမွာ ေစာင့္ေနမယ္တဲ့။"
"ကြၽန္ေတာ္ အဲ့ေန႔ညက်ရင္ အိမ္ကေန ထြက္လာခဲ့ပါ့မယ္။"
အစီအစဥ္ေတြလည္း ခ်ၿပီးၿပီမို႔ ထိုေန႔ေရာက္ဖို႔ ကြၽန္ေတာ္ ဆုေတာင္းေနမိေတာ့သည္။
*တရားခံ ဘယ္သူလဲေဟ့!?
မၾကာခင္မွာ သိရေတာ့မွာပါ။ အမ်ိဳးမ်ိဳး ထင္ေၾကးေပးေနတာကို ေတြ႕ရလို႔ တကယ္ေပ်ာ္မိပါတယ္။ အခုေလာေလာဆယ္မွာ ေျပာႏိုင္တာကေတာ့ ဒီficထဲမွာ ပါဖူးတဲ့သူတိုင္းက တရားခံျဖစ္ႏိုင္ေခ်႐ွိတဲ့သူေတြခ်ည္းပါပဲ။😁😁😁
#Śûè
***************