(Unicode Version)
(၁)လခန့် ကြာပြီးနောက်-
ဒီအချိန်အတွင်းမှာ ကျွန်တော် အချိန်ရတိုင်း 'နီလာသွယ်'ရဲ့အခြေအနေကို စောင့်ကြည့်ခဲ့ပေမယ့် မသင်္ကာစရာကိုတော့ မတွေ့ခဲ့ရပေ။ သူမ သွားလာတဲ့နေရာတွေကလည်း အလုပ်နဲ့အိမ်ပဲရှိတာမို့ ကျွန်တော်လည်း အစအနရှာဖို့ ခက်နေရတော့သည်။
"ဒီနေ့ ဝင်ခွင့်သွားဖြေရမှာမလား!?"
အဝတ်အစားလဲနေချိန်မှာ လှမ်းမေးလိုက်တဲ့ ငသစ်ကြောင့် ကျွန်တော် အနောက်ကို လှည့်ကြည့်ရင်းနဲ့ ဖြေလိုက်ရတော့သည်။
"ဟုတ်တယ်။ ဘာဖြစ်လို့လဲ!?"
"ကျွန်တော် လိုက်စောင့်ပေးရမလား!?"
"မင်း လိုက်ရင် လူတွေ ရှူပ်ယှက်ခတ်ကုန်မှာပေါ့။ ပြီးတော့ ဒီနေ့ ရှုတင်ရှိတယ်မလား!?"
"မနက်ပိုင်းကို ခဏပဲ ရှိတာပါ။"
"ညနေပိုင်း ကြော်ငြာရိုက်ဖို့ကရော!?"
"သူတို့ဘက်က မအားတာနဲ့ ရက်ရွှေ့လိုက်ရတာ။"
"သေချာလို့လား!?"
"ဒီတစ်ခါ တကယ်ပါ။ ဒါနဲ့ ဒယ်ဒီ ကျွန်တော့်အချိန်စာရင်းတွေကို ကြည့်ထားတာလား!?"
"မတော်တဆ မြင်သွားတာပါ။ ငါက ဘာလို့ ယူကြည့်ရမှာလဲ!?"
"အခုချိန်ထိလည်း လိမ်တဲ့အရည်အချင်းက တိုးတက်မှု မရှိသေးပါလား!?"
ငသစ်ရဲ့စကားကြောင့် ကျွန်တော် ပြုံးပြရင်းနဲ့ တုံ့ပြန်လိုက်လေသည်။
"မန်နေဂျာနဲ့ အဆင်ပြေရဲ့လား!?"
"ပြေပါတယ်။ သူကလည်း ခပ်အေးအေးနေတတ်တဲ့သူဆိုတော့ ကျွန်တော်တို့ အတူတူရှိနေရင် အသံကို မထွက်ကြတော့တာ။"
"ကောင်းတာပေါ့။ ငါနဲ့သာဆို မင်းက နားပူနားဆာ တအားလုပ်တာ။"
"တူမလား!? ဒယ်ဒီက ကျွန်တော့်ရဲ့VIPလေ။ သူတို့ကတော့ ဇာတ်ပို့လေးတွေ။"
"ပေါတောတောနဲ့..."
ငသစ်က ကျွန်တော့်အနားကို တဖြည်းဖြည်း ချဉ်းကပ်လာပြီး နဖူးကို ခပ်ဖွဖွလေးနမ်းရင်းနဲ့ ဆုတောင်းပေးလိုက်တော့သည်။
"Good luckပါ...ဒယ်ဒီ။"
ကျွန်တော်တို့အတူလက်တွဲခဲ့ကြတဲ့ ငါးနှစ်တာကာလအတွင်းမှာ အနမ်းပန်းတွေလည်း ဝေဝေဆာဆာဖူးပွင့်ခဲ့ပေမယ့် အနံ့ပြယ်သွားခြင်းမရှိသလို ညှိုးနွမ်းခြောက်သွေ့သွားခြင်းမျိုးလည်း မရှိခဲ့ပေ။
"အင်း...မင်းလည်း အလုပ်မှာ အဆင်ပြေပြေနဲ့ ပြီးပြတ်အောင်လုပ်ခဲ့။"
"စာမေးပွဲဖြေပြီးသွားရင် ကျွန်တော်တို့အတူ သွားစားနေကျ စားသောက်ဆိုင်ကို ဝင်လာခဲ့နော်။"
"ဘာလုပ်ဖို့လဲ!?"
"ဂုဏ်ပြုပေးချင်လို့။"
"အောင်စာရင်းထွက်တာမှ မဟုတ်တာ။"
"ဒယ်ဒီက ဖြေပြီးသွားတာနဲ့ အောင်တယ်ဆိုတဲ့စာသားက အလိုလို ပါလာတဲ့သူမျိုးလေ။ အောင်စာရင်းက သွားကြည့်စရာမှ မလိုတာကို။"
"အကြာကြီးထိုင်စောင့်နေရရင် ဘယ်လိုလုပ်မလဲ!?"
"ကျွန်တော် အရင်ရောက်နှင့်နေဖို့ သေချာပါတယ်။ တကယ်လို့ ဒယ်ဒီ အရင်ရောက်နေခဲ့ရင်လည်း ဆိုင်ရဲ့ရှေ့နားက ပန်းခြံထဲမှာ ထိုင်စောင့်နေလိုက်လေ။ ဟုတ်ပြီလား!?"
"အင်း..."
ကျွန်တော်တို့ မနက်စာစားဖို့ အောက်ထပ်ကို ဆင်းလာချိန်မှာ မေမေက ပြုံးပြရင်းနဲ့ လှမ်းမေးလိုက်လေသည်။
"စာမေးပွဲအတွက် အဆင်သင့်ပဲလား!?"
"ဟုတ်ကဲ့...မေမေ။"
"ဘယ်နှနာရီကြာအောင် ဖြေရမှာလဲ!?"
"သုံးနာရီကြာမှာ...မေမေ။ (၁၀၀)ဖိုး မေးမှာလေ။"
"ဒါက ရေးဖြေစာမေးပွဲနော်။"
"ဟုတ်ကဲ့... Engက အမှတ်(၆၀)ဖိုးနဲ့ မြန်မာက အမှတ်(၄၀)ဖိုး ဖြေရမှာ။ Grammarပိုင်းနဲ့ ဗဟုသုတ ဘယ်လောက်နှံ့စပ်လဲဆိုတာကို အဓိကထားပြီး မေးမယ်လို့ ကြားတယ်။"
"သား ဖြေနိုင်လိမ့်မယ်လို့ မေမေ ယုံတယ်။"
"ဟုတ်ကဲ့...မေမေ။ သား သေချာလေ့လာပြီးသားပါ။"
(၄)နာရီခန့်ကြာပြီးနောက်-
ရေးဖြေစာမေးပွဲကို အခက်အခဲမရှိ ဖြေဆိုလို့ ပြီးသွားပြီမို့ ငသစ်ဆီ ကျွန်တော် ဖုန်းခေါ်ပြီး မေးလိုက်မိသည်။
"ဟယ်လို...ဒယ်ဒီ"
"ငါ စာမေးပွဲဖြေပြီးသွားပြီ။"
"ဪ...စောသားပဲ။ ကျွန်တော် နောက်တစ်နာရီလောက်နေရင် လာခဲ့မယ်နော်။ စောစောပြီးရမယ့်ဟာကို အနှောင့်အယှက်တစ်ခု လာဖြစ်နေလို့။"
"ဘာလဲ!? မင်းနဲ့ ပတ်သက်တာလား!?"
"မဟုတ်ပါဘူး။ သူတို့ ဝန်ထမ်းပိုင်းမှာပဲ ဖြစ်နေတာ။ စိတ်မပူနဲ့နော်။"
"အင်းပါ။ ဒါဆို ငါလည်း ဝယ်စရာရှိတာ ဝင်ဝယ်ပြီးမှ လာခဲ့တော့မယ်။"
"ကျွန်တော် ရောက်ခါနီးကျရင် ဖုန်းထပ်ခေါ်လိုက်မယ်။"
သူနဲ့ ဖုန်းပြောပြီးသွားချိန်မှာ 'နီလာသွယ်'ဆီကို သွားဖို့ ကျွန်တော် ဆုံးဖြတ်လိုက်မိသည်။ သူမကို ခြိမ်းခြောက်ပြီး မရရတဲ့နည်းလမ်းနဲ့ မေးကြည့်ဖို့လည်း တွေးထားခဲ့လေသည်။
"နီလာသွယ်!!!"
အိမ်ရှေ့တံခါးနားကနေ ကျွန်တော် လှမ်းခေါ်ခဲ့ပေမယ့် တုံ့ပြန်သံကို မကြားရတာမို့ စိတ်ပူသွားရတော့သည်။ 'သူတို့ ထွက်ပြေးသွားပြီလား!?'
"နီလာသွယ်!!!"
ဒီတစ်ခါလည်း အထဲကနေ ဘာသံမှမကြားခဲ့ရပေ။ နောက်ဆုံးမှာ ကြီးမားလာတဲ့ သံသယစိတ်နဲ့ အိမ်ထဲဝင်ဖို့ ကျွန်တော် ကြိုးစားလိုက်ရတော့သည်။ ဒါပေမဲ့ အိမ်ထဲမှာ အန်တီကြီးက လဲလျောင်းနေပြီး အသက်ရှူမဝသလို ပုံစံမျိုးဖြစ်နေတာမို့ ကျွန်တော် အမြန်ပြေးသွားပြီး ကူညီပေးလိုက်မိသည်။
"ဒေါ်ဒေါ်...ဘာဖြစ်တာလဲ!?"
အန်တီကြီးက ကျွန်တော့်ကို အဖြေမပေးနိုင်ဘဲ အသက်ကို လူရှူနေရသလိုပင်။ ဒီအတိုင်းဆက်ထားလို့ မဖြစ်နိုင်တာကို ကျွန်တော် သိလိုက်ရပြီး အန်တီကြီးရဲ့ပါးလျလျခန္ဓာကိုယ်ကို ပွေ့ချီကာ အိမ်ထဲကနေ အမြန်ပြေးထွက်ခဲ့လေသည်။
"ဘာ...ဘာဖြစ်တာလဲ!?"
ထိုအချိန်မှာပင် ဘေးအိမ်က အန်တီကြီးတစ်ယောက်က ရောက်လာပြီး ကျွန်တော့်ကို မေးလိုက်တော့သည်။
"ဒေါ်ဒေါ် အမောဖောက်နေပြီ။ ဆေးရုံကို မြန်မြန်ခေါ်သွားမှ ဖြစ်မှာ။ ကျွန်တော့်ကို တက္ကစီ လိုက်ဌားပေးပါ။ ပြီးရင် သူ့သမီးဆီကိုလည်း ဖုန်းဆက်ပြီး အကြောင်းကြားပေးပါ။"
"ဪ...အေး...အေး။"
ကျွန်တော်တို့နှစ်ဦး လမ်းထိပ်ကို အမြန်ထွက်လာပြီး တက္ကစီတစ်စီးကို တားကာ ဆေးရုံဆီသို့ ဦးတည်ခဲ့ရသည်။
(၁၀)မိနစ်ခန့်ကြာသော်-
အနီးဆုံးဆေးရုံကို ကျွန်တော်တို့ ရောက်လာပြီး အန်တီကြီးကို ဆရာဝန်တွေဆီ အပ်နှံပြီးချိန်မှာ 'နီလာသွယ်'ဆီ ဖုန်းခေါ်ဖို့ ကြိုးစားခဲ့ရတော့သည်။ ဒါပေမဲ့ ဘောင်းဘီအိတ်ထဲက ဖုန်းကို ကျွန်တော် ရှာမတွေ့တော့တာမို့ အတူပါလာတဲ့ အန်တီကြီးကို မေးခဲ့ရလေသည်။
"နီလာသွယ့်ဆီကို ဖုန်းဆက်လို့ရလား...အန်တီ!?"
"မရသေးဘူး။"
ကျွန်တော်လည်း ဘာဆက်လုပ်ပေးရမယ်ဆိုတာကို စဉ်းစားရင်းနဲ့ ခေါင်းရှူပ်နေမိသည်။
"ဟိုမှာ ဆရာဝန်ကြီးတွေ ပြန်ထွက်လာပြီ။"
ကျွန်တော်လည်း နောက်ကို ပြန်လှည့်ကြည့်ပြီး အန်တီကြီးရဲ့အခြေအနေကို မေးလိုက်ရပြန်သည်။
"ဆရာ...အခြေအနေ ဘယ်လိုရှိလဲဟင်!?"
"ဆရာတို့လည်း အစွမ်းကုန်ကြိုးစားပေးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရောဂါက တော်တော်လေးဆိုးနေပြီဆိုတော့ ဘယ်လိုမှ ကယ်တင်ပေးဖို့ မဖြစ်နိုင်တော့ ဆရာတို့လည်း စိတ်မကောင်းပါဘူးကွယ်။"
အန်တီကြီးရဲ့အခြေအနေက မကောင်းတော့တာကို ကျွန်တော်တို့လည်း သိထားခဲ့ပေမယ့် မိခင်ဖြစ်သူရဲ့နောက်ဆုံးအချိန်မှာ အတူနေမပေးနိုင်ခဲ့တဲ့ 'နီလာသွယ်'ကို ဂရုဏာသက်နေမိတော့သည်။ ဈာပနကိစ္စတွေစီစဉ်ဖို့က သူမ ရှိနေမှ ဖြစ်မှာမို့ ကျွန်တော် ဧည့်ဂေဟာအထိ သွားခေါ်ဖို့ ဆုံးဖြတ်လိုက်မိသည်။
"အန်တီ...ကျွန်တော် နီလာသွယ့်ကို သွားခေါ်လာခဲ့မယ်။ အန်တီက ဒီမှာခဏစောင့်နေပေးပါနော်။"
"အေးပါကွယ်။ မြန်မြန်ပြန်လာခဲ့နော်။"
မိနစ်(၂၀)ခန့်ကြာပြီးနောက်-
ဧည့်ဂေဟာကို ကျွန်တော် ရောက်ရှိလာခဲ့ချိန်မှာ ထုံးစံအတိုင်း အစောင့်ရဲ့မေးမြန်းခြင်းကို ခံလိုက်ရပြန်သည်။
"ဘာလဲ...တစ်ခါတည်းနဲ့ စွဲသွားတာလား!?"
သူ့စကားတွေကို ပြန်လည်ချေပချင်စိတ် မရှိတာမို့ မေးစရာရှိတာကိုသာ အမြန်မေးလိုက်မိသည်။
"နီလာသွယ်နဲ့ အရေးတကြီး တွေ့စရာလေးရှိလို့ပါ။ သူ ရှိတယ်မလား!?"
"မရှိဘူး။ သူဌေးတစ်ယောက်နဲ့ အတူပါသွားတယ်။ တစ်နာရီလောက်တောင် ကြာပြီ ထင်တာပဲ။"
"ဘယ်ကို သွားကြမယ်လို့ ပြောသွားသေးလဲဟင်!?"
"အဲဒါတော့ ငါလည်း ဘယ်သိပါ့မလဲ!?"
"သူက အဲဒါပြီးရင် ဒီကို ပြန်လာမှာလား!?"
"မလာဖြစ်လောက်ဘူး ထင်တယ်။"
ထိုအဖြေကြောင့် ကျွန်တော်လည်း စိတ်ပျက်လက်ပျက်နဲ့ လှည့်ထွက်ဖို့ ပြင်ခဲ့ရလေသည်။
"ခဏလေး...နားစွန်နားဖျား ကြားလိုက်သလိုပဲ။ Glorious ဘာဆိုလား!? နာမည်ကြီးတွေပဲ သွားတဲ့ဟိုတယ်လေ။"
"Glorious Sunလား!?"
"အေး...ဟုတ်တယ်။ အဲ့ဟိုတယ်ကို သွားကြမယ်လို့တော့ ကြားလိုက်တယ်။"
"ကျေးဇူးပါပဲနော်...အစ်ကို။ ကျွန်တော် သွားရှာကြည့်လိုက်ဦးမယ်။"
"မင်းကို ကြည့်ပြီး သနားလို့ ငါ ပြောပြလိုက်တာ။ အဲ့သူဌေးက VIP Customer ဆိုတော့ ပြဿနာတော့ မဖြစ်လာစေနဲ့။"
"ဟုတ်ကဲ့...စိတ်ချပါ။"
ကျွန်တော်လည်း ဧည့်ဂေဟာကနေ ဟိုတယ်ဆီသို့ ခရီးနှင်ခဲ့ရပြန်သည်။ (၂)မှတ်တိုင်စာမျှသာ ကွာဝေးတဲ့ နေရာမို့ ကျွန်တော် မပြေးရုံတမယ် အမြန်လျှောက်သွားခဲ့ရလေသည်။ ဒါပေမဲ့ ဧည့်ကြိုကောင်တာမှာ ပြဿနာတစ်ခု ထပ်ပေါ်လာလေတော့သည်။
"ဒါက ဧည့်သည်ရဲ့ကိုယ်ရေးကိုယ်တာပိုင်းမို့ ကျွန်မတို့ ပြောပြလို့မရပါဘူးရှင့်။"
"ကျွန်တော်ကလည်း အရေးကြီးကိစ္စလေး ရှိနေလို့ပါ။ သူတို့ကို တမင်လာနှောင့်ယှက်တာ မဟုတ်ပါဘူး။"
"တောင်းပန်ပါတယ်ရှင့်။"
"ဘာတွေ ဖြစ်နေတာလဲ!?"
ဩဇာသံပါပါနဲ့ ပြောလိုက်တဲ့ အသံတစ်ခုကို ကြားရချိန်မှာ ကျွန်တော် အနောက်ကို လှည့်ကြည့်လိုက်မိသည်။ ဥပဓိရုပ်က တည်ကြည်ပြီး ဖြောင့်မတ်ဟန်ပေါ်ပေမယ့် ပကတိ အေးစက်နေတဲ့ မျက်လုံးအစုံက လူကို အရိုးထဲထိ စိမ့်ဝင်သွားအောင် ထိုးဖောက်ကြည့်နိုင်သလိုပုံစံမျိုးနဲ့ အမျိုးသားတစ်ဦးကို မြင်တွေ့လိုက်ရလေသည်။
"ဟို...သူက ဧည့်သည်တစ်ယောက်နဲ့ တွေ့ခွင့်ပေးပါလို့ လာပြောနေလို့ပါ။"
ဧည့်ကြိုကောင်တာက ကောင်မလေးရဲ့အသံက တုန်ရီနေတာကို ကျွန်တော် သတိထားမိခဲ့လေသည်။
"အရေးကြီးကိစ္စရှိလို့လား!?"
ထိုမေးခွန်းက ကျွန်တော့်ကို ဦးတည်နေတာမို့ အမြန်ပြန်ဖြေလိုက်ရတော့သည်။
"ဟုတ်ကဲ့...သူ ခေါ်သွားတဲ့ မိန်းကလေးရဲ့အမေ ဆုံးသွားလို့ လာပြောပြပေးတာပါ။"
"ဖုန်းမဆက်ကြည့်ဘူးလား!?"
"သူ့ဖုန်းက ပိတ်ထားလို့ပါ။"
"ခေါ်သွားတဲ့သူရဲ့နာမည်ကို သိလား!?"
"အဲဒါကိုတော့ မသိပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်နာရီလောက်က ဒီကိုရောက်လာတဲ့ စုံတွဲတွေထဲမှာ သူတို့ ရှိနိုင်ပါတယ်။"
ထိုလူက ကျွန်တော့်အနောက်ဘက်ကို ကျော်ပြီး ပြောလိုက်လေသည်။
"ကောင်မလေးရဲ့ပုံစံကို မေးကြည့်ပြီး ပြန်ရှာပေးလိုက်။"
ကျွန်တော်လည်း သူမနဲ့တွေ့ဖို့ မျှော်လင့်ချက်ရှိလာပြီမို့ ပုံစံကို မြန်မြန်ပြောပြခဲ့လေသည်။
"သူ့အရပ်က ၅ပေ၆လက်မလောက် ရှိမယ်။ အသားဖြူဖြူ ပါးချိုင့်ပါတယ်။ ဆံပင်တိုတိုနဲ့ပဲ ပန်းခရမ်းရောင်ဆိုးထားတယ်။"
"အဲ့လိုပုံစံနဲ့ ဧည့်သည်ရောက်လာလား!?"
"ဟုတ်ကဲ့...ရောက်လာပါတယ်။"
"ဒါဆို အဲ့အခန်းကို ဖုန်းလှမ်းခေါ်လိုက်။ သူ့နာမည်က ဘာတဲ့လဲ!?"
"နီလာသွယ်ပါ။"
ဧည့်ကြိုကောင်တာကနေ သူတို့အခန်းဆီကို ဖုန်းလှမ်းဆက်ကြည့်ပြီး ခန့်မှန်းချက်က မှန်သွားခဲ့လေသည်။
"ဟယ်လို...နီလာသွယ်လား!?"
"လပြည့်မှူး...နင် ဘာလို့ ဒီအထိ ရောက်လာတာလဲ!?"
"ငါ...လာပြောတာ။"
"ဘာကိုလဲ!?"
"နင့်အမေဆုံးသွားပြီ။"
"......"
သူမဆီက တုံ့ပြန်သံကိုမကြားရတော့ပေမယ့် ကျွန်တော် ဆက်ပြီး ပြောလိုက်မိသည်။
"နင့်အမေကို တွေ့ရအောင်လို့ လာခေါ်တာ။"
"ငါ.......ငါ ဆင်းလာခဲ့မယ်။"
ပြောပြီးပြီးချင်းမှာ သူမက ဖုန်းချသွားခဲ့တာမို့ ကူညီပေးခဲ့သူကို ကျေးဇူးတင်စကားပြောလိုက်မိသည်။
"ကျွန်တော့်ကို အခုလိုမျိုး ကူညီပေးခဲ့တာကို ကျေးဇူးအများကြီးတင်ပါတယ်။"
"ရပါတယ်။"
ထိုအမျိုးသားက ကျွန်တော့်ကို ပြတ်သားစွာ ပြန်ဖြေပြီး လှည့်ထွက်သွားခဲ့လေသည်။ ထိုအချိန်ကျမှ ကျွန်တော်လည်း နာမည်မမေးမိခဲ့တာကို သတိရလိုက်တော့သည်။
"ဟို...စောစောက အမျိုးသားနာမည်လေးကို သိခွင့်ရှိမလား ခင်ဗျ။"
"အဲဒါ ကျွန်မတို့Boss ဦးထွဋ်ခေါင်ဦး။"
*သူက 'အမုန်းတရားများစွာဖြင့်' ထဲက ဦးပါပဲ။
ထိုနာမည်ကို မှတ်သားနေရင်းနဲ့ ခဏအကြာမှာ 'နီလာသွယ်'က ဖြူဖျော့ဖျော့ပုံစံနဲ့ ဆင်းလာတာကို တွေ့လိုက်ရသည်။
"အားတင်းထား...နင် လဲကျသွားရင် ဒေါ်ဒေါ်အတွက် ဝတ္တရားကျေပွန်အောင် လုပ်ပေးနိုင်တော့မှာ မဟုတ်ဘူး။"
ကျွန်တော်လည်း သူမကို ဆေးရုံသို့ ပြန်ခေါ်လာခဲ့မိသည်။
"ရောက်လာကြပြီလား!?"
လူစောင့်ထားခဲ့တဲ့ အန်တီကြီးက ကျွန်တော်တို့ကို လှမ်းမေးလိုက်ပေမယ့် 'နီလာသွယ်'က ဘာမှပြန်မဖြေနိုင်ခဲ့ပေ။
"အန်တီက အိမ်မှာ ကလေးတွေကို သူများနဲ့ ချန်ထားခဲ့ရတာ။ သူစိမ်းနဲ့ဆိုရင် စိတ်မချရလို့ ပြန်နှင့်တော့မယ်နော်။"
"ဟုတ်ကဲ့။"
ထိုအန်တီကြီး ထွက်သွားချိန်မှာ 'နီလာသွယ်' ကို ကျွန်တော် မေးလိုက်မိသည်။
"နင့်မှာ ဆွေမျိုးသားချင်းမရှိဘူးလား!?"
'နီလာသွယ်'က ခေါင်းညိတ်ပြပြီး အလောင်းထားရာအခန်းထဲ ဝင်သွားချိန်မှာ ကျွန်တော်လည်း သူမရဲ့အနောက်ကနေ လိုက်ပါလာခဲ့လေသည်။ အဖြူရောင်ပိတ်စနဲ့ လွှမ်းခြုံပေးထားတဲ့ အန်တီကြီးရဲ့ရုပ်အလောင်းကို သူမက ဖြည်းဖြည်းချင်းဖယ်ရှားလိုက်ပြီး အဖြစ်မှန်ကို လက်မခံနိုင်သလို အသံတိတ် ငိုကြွေးနေခဲ့သည်။ မိခင်တစ်ဦးတည်းသာရှိတဲ့ ဘဝတွေပဲမို့ သူမရဲ့ဝမ်းနည်းမှု အတိုင်းအတာကို ကျွန်တော် ကိုယ်ချင်းစာပေးနိုင်ပေသည်။
"ဒေါ်ဒေါ်အတွက် ကောင်းမှုကုသိုလ်ပြုပေးဖို့ နင် အားတင်းထားရမယ်။ ပြီးတော့ ဒီအလုပ်တွေကိုလည်း မလုပ်ပါနဲ့တော့။ နင့်အမေသာ ဒါတွေကို မြင်သွားရင် ဘယ်လောက်တောင် စိတ်မကောင်းဖြစ်သွားရှာမလဲ!? တခြားတစ်နည်းနည်းနဲ့ စီးပွါးရှာဖို့ နင် ကြိုးစားရမယ်။ အခုအချိန်မှာ နင် ဝမ်းနည်းသမျှတွေကို ငိုချလိုက်။ စိတ်ထဲမှာ ပေါ့ပါးသွားတဲ့အထိ ငိုပစ်ပြီးရင် အနာဂတ်အတွက် သေချာစဉ်းစားပြီး ဆုံးဖြတ်ချက်ချလိုက်ပါ။"
ကျွန်တော့်စကားကို ကြားချိန်မှာ ထိန်းထားခဲ့တဲ့ သူမရဲ့မျက်ရည်တွေလည်း တဖြိုင်ဖြိုင်နဲ့ စီးကျလာပြီး ငိုကြွေးလိုက်လေသည်။
(၁၀)မိနစ်ခန့်ကြာပြီးနောက်-
သူမရဲ့စိတ်က ပြန်တည်ငြိမ်သွားပြီမို့ နာရီကို ကြည့်မိလိုက်ချိန်မှာ ချိန်းထားတဲ့အချိန်ထက် (၄၅)မိနစ်မျှ ကျော်လွန်သွားခဲ့လေပြီ။
"ငါ ချိန်းထားတာလေးတစ်ခုရှိလို့ သွားလိုက်ဦးမယ်နော်။"
"ဪ...အေးပါ။ ကောင်းကောင်းသွားဦး။"
သူမက အလောင်းရှေ့မှာ ထိုင်ပြီး ငိုနေရာကနေ ပြန်ထလာပြီး ယိုင်ကျမလိုဖြစ်သွားတာမို့ ကျွန်တော် လှမ်းထိန်းပေးထားလိုက်ရသည်။
"အဆင်ပြေရဲ့လား!?"
"အေး...ခေါင်းထဲ မိုက်ခနဲဖြစ်သွားတာပါ။"
"ဒယ်ဒီ!!!"
ထိုခေါ်သံကြောင့် ကျွန်တော့်ကျောပြင်တစ်ခုလုံး တုန်ခါသွားလုမတတ်ပင်။ မယုံကြည်နိုင်တဲ့စိတ်နဲ့ သူမကို ထိန်းပေးထားရာက အမြန်လွှတ်ပေးလိုက်ပြီး အသံရှင်ကို လှည့်ကြည့်ခဲ့ရတော့သည်။ ကျွန်တော် ရင်ဆိုင်လိုက်ရတာက စူးရဲစွာ စိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းတွေကိုသာ ဖြစ်လေသည်။ သူ့အကြည့်တွေထဲမှာ သစ္စာဖောက်ဆိုတဲ့ စာသားကို ရေးထိုးထားခဲ့တာမို့ ရှင်းပြဖို့စကားလုံးတွေကို အမြန်ရှာဖွေလိုက်မိသည်။
"ငသစ်...ငါက..."
"ကျွန်တော့်မျက်စိနဲ့ တပ်အပ်မြင်နေရတာကို ရှင်းပြချင်နေသေးတာလား!?"
မကျယ်လောင်ပေမယ့် ပြတ်သားလွန်းလှတဲ့ အသံတစ်ခုကြောင့် ကျွန်တော် ဆက်ရှင်းပြဖို့ အားလျော့သွားခဲ့သည်။ ဒါပေမဲ့ ဘေးလူတွေရှိနေတဲ့ နေရာတစ်ခုမှာ ပြဿနာဖြစ်သွားရင် သူ့အတွက် ဆိုးကျိုးများလာနိုင်ပေသည်။
"ငါတို့ အပြင်မှာ ထွက်ပြောကြရအောင်။"
"ဘာလဲ...ကျွန်တော်က သူ့ကို နာကျင်အောင်ပြောလိုက်မှာကို စိုးရိမ်နေတာလား!?"
သူ့စကားတွေကို ကျွန်တော် မချေပနိုင်သေးဘဲ ဆေးရုံအပြင်ဘက်သို့ ဆွဲခေါ်ထုတ်လာခဲ့မိသည်။ လူရှင်းတဲ့နေရာတစ်ခုကို ရောက်ပြီးမှ သူ့စိတ်တိုင်းကျအပြစ်တင်ခွင့်ကို ပေးအပ်လိုက်တော့သည်။
"ကျွန်တော့်ကို တစ်ချိန်လုံး ကွယ်ဝှက်ထားခဲ့တာက ဒီမိန်းမကို ကာကွယ်ပေးဖို့လား!? သူ့ကို ထောက်ပံ့ပေးဖို့ အလုပ်တွေကို အပင်ပန်းခံပြီး လုပ်နေခဲ့တာလား!? ဒီမိန်းမဆီကို အမြဲပဏ္ဍာဆက်ပြီး ပိုးပန်းနေခဲ့တာလား!? ဘာလဲ သူ့အပြုအစု အယုအယတွေမှာ မျောနေတာလား!? ဟုတ်မှာပေါ့... ဒယ်ဒီက မိန်းကလေးတွေအပေါ်ဆို သိပ်ကြင်နာတတ်တဲ့သူလေ။ ကျွန်တော့်ကို အခြေအနေအရ လက်ခံပေးခဲ့ပေမယ့် စိတ်ကတော့ မိန်းမတွေကိုပဲ ယိုင်နေခဲ့တာမလား!?"
သူ စွပ်စွဲသမျှကို သည်းခံပြီး နားထောင်နေခဲ့ပေမယ့် နောက်ဆုံးစကားကြောင့် ကျွန်တော် စိတ်မထိန်းနိုင်ဘဲ လက်သီးနဲ့ ထိုးလိုက်မိလေသည်။
"ငါသာ တခြားသူတွေအပေါ်ကို စိတ်ယိုင်နေခဲ့ရင် မင်းလိုလူမျိုးကို ပစ်ထားခဲ့တာကြာပြီ။ ဘာတဲ့... အခြေအနေအရ လက်ခံပေးထားခဲ့တာ...ဟုတ်လား!? မင်းလို ချုပ်ချယ်တတ်တဲ့ ဒေါသကြီးတဲ့သူကို ငါ ဘာလို့ သည်းခံပေးခဲ့တာလဲဆိုတာကို နည်းနည်းလေးတောင် မသိဘဲ လာမစွပ်စွဲနဲ့။ ငါက........."
'မင်းကို သိပ်ချစ်လွန်းလို့သာ မင်း ဆိုးခဲ့သမျှကို သည်းခံပြီး အနားမှာ ရှိနေပေးခဲ့မိတာ...' ကိုယ့်အပေါ် ယုံကြည်မှုမရှိတဲ့သူအတွက် ထိုစကားတွေကို ဆက်ပြောပြနေဖို့ မထိုက်တန်တာမို့ အောက်နှုတ်ခမ်းတွေကို သွေးထွက်လုအောင် ဖိကိုက်ထားပြီး ကျွန်တော် ထိန်းချုပ်ထားခဲ့မိသည်။
"ကျွန်တော်တို့ ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ!?"
ပြောရင်းနဲ့ မျက်ရည်တွေစီးကျလာတဲ့ သူ့ကို ကျွန်တော် ဆက်မကြည့်ရက်တော့သလို ရင်ထဲမှာလည်း နာကျင်နေခဲ့လေသည်။ စိတ်ကို ထိန်းထားတဲ့ကြားက မျက်ဝန်းအိမ်တစ်ခုလုံး မျက်ရည်တွေပြည့်လျှံပြီး အမြင်တွေ ဝေဝါးလာပြီမို့ သူ့ကို ကျောပေးထားပြီး ကျွန်တော် ထွက်သွားဖို့ ခြေလှမ်းပြင်လိုက်မိသည်။
"ဒယ်ဒီ..."
သူ ဒီလိုခေါ်လိုက်တိုင်း ကျွန်တော့်ခြေလှမ်းတွေက ရှေ့ဆက်ဖို့ တွန့်ဆုတ်သွားရစမြဲပင်။
"မင်းကို အလိုလိုက်ထားခဲ့မိတာ ငါ့အမှားပဲ။ အခုကစ,ပြီး ကိုယ့်လမ်းကို ရွေးလိုက်တော့။ မင်းရဲ့တဇွတ်ထိုးဆန်တဲ့စိတ်တွေကို ငါ ထိန်းပေးရတာ အရမ်းပင်ပန်းနေပြီ။"
ကျွန်တော် စိတ်ပိုင်းဖြတ်ပြီး ရှေ့ဆက်ဖို့ ပြင်လိုက်ပေမယ့် သူက နောက်ကျောဘက်ကနေ တင်းကြပ်စွာ ပွေ့ဖက်ထားခဲ့သည်။
"မသွားပါနဲ့။ ကျွန်တော့်ကို မထားခဲ့ပါနဲ့။"
ထိုခဏအတွင်းမှာ ကျွန်တော့်ပခုံးပေါ်ကို ကျဆင်းလာတာက အရင်လို သူ့ဆီက ချိုမြိန်တဲ့ အနမ်းတွေမဟုတ်ဘဲနဲ့ ပူလောင်တဲ့မျက်ရည်တွေသာ ဖြစ်နေခဲ့လေသည်။
"မင်းကြောင့် ငါ စိတ်တွေအရမ်းပင်ပန်းနေရတယ်။ မင်းရဲ့ဒေါသကြီးတတ်တဲ့စိတ်တွေကို ငါ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားထိန်းချုပ်ပေးခဲ့ပြီးပြီ။ အပြစ်မတင်သေးခင် အဖြစ်မှန်ကို သိရအောင် မင်း ဘယ်နှခါများကြိုးစားခဲ့ဖူးလဲ!?"
"ကျွန်တော် ကြိုးစားပါ့မယ်။"
"ငါတို့ ခဏလောက် ခွဲနေရအောင်။"
"ဒယ်ဒီ ပြောတဲ့အတိုင်း ကျွန်တော် ပြုပြင်ပါ့မယ်။ စောစောတုန်းက ဒေါသထွက်ပြီး ပြောခဲ့တာတွေအတွက်လည်း ဒယ်ဒီ စိတ်ကျေနပ်တဲ့အထိ ကျွန်တော် တောင်းပန်ပါ့မယ်။ ခွဲနေဖို့တော့ မပြောပါနဲ့နော်။"
"မင်း အနောက်ကနေ ဆက်လိုက်လာရင် ငါ့ကိုယ်ငါ နာကျင်အောင် လုပ်မိလိမ့်မယ်။"
ထိုစကားကြောင့် သူ့လက်တွေက ပြေလျော့သွားချိန်မှာ ကျွန်တော်လည်း သူ့အနားကနေ ထွက်ခွာလာခဲ့မိတော့သည်။
*သစ်သစ်ဘက်က ခံစားချက်နဲ့ တိုက်ဆိုင်မယ့် သီချင်းလေးကိုလည်း နားထောင်ကြည့်ကြပေါ့။
မိနစ်(၃၀)ခန့်ကြာပြီးနောက်-
ကျွန်တော့်ရဲ့ဦးတည်ရာက 'ဝသန်'တို့အိမ်ကိုသာ ဖြစ်လေသည်။
"ဘာတွေ ဖြစ်လာတာလဲကွာ!?"
"ထုံးစံအတိုင်း စကားများလာတာပေါ့။"
"အရင်ကလည်း စကားများခဲ့တာပဲ။ ဒါပေမဲ့ အိမ်ပေါ်က ဆင်းရလောက်တဲ့အထိမှ မဖြစ်ခဲ့တာ။"
'ဝသန်'က အကြောင်းအရင်းကို မသိရမချင်း ဆက်တိုက်မေးနေမယ့်သူမျိုးမို့ ပြောပြလိုက်ရတော့သည်။
"ဖြစ်ခဲ့သမျှကတော့ အဲဒါအကုန်ပဲ။ ငါ နားမလည်တာက သူ ဘယ်လိုလုပ်သိပြီး ငါ့ဆီကို ရောက်ချလာသလဲဆိုတာကိုပဲ။"
"အဲဒါကလေ..."
မပွင့်တပွင့်လုပ်ပြနေတဲ့ 'ဝသန်'ရဲ့ပုံစံကြောင့် ကျွန်တော် မသင်္ကာဖြစ်လာမိသည်။
"ဘာလဲ...မင်း ဘာသိထားလို့လဲ!?"
"ငါတို့ တိုင်ပင်ထားတာ ရှိတယ်။"
"ဘာကို တိုင်ပင်ထားတာလဲ!?"
"ကမ်းခြေမှာတုန်းက အေးချမ်းကို ချော့ဖို့ ငါတို့ စကားပြောဖြစ်ခဲ့တယ်လေ။ အဲ့မှာ သူက ငါ့ကို အကြံပေးတယ်။ သူ သွားတဲ့နေရာတွေကို သိရအောင်လို့ သူ့ဖုန်းထဲ Tracking app လေး ထည့်ပေးထားလိုက်တဲ့။ သူ သွားတတ်တဲ့နေရာတွေကို ကိုယ်ကလည်း မတော်တဆ ရောက်နေသလိုလိုနဲ့ ဟန်ဆောင်ပြခိုင်းတာ။"
"ဪ... မင်းတို့က ပူးပေါင်းထားကြတာပဲ။ သေချာတယ်...ငါ့ဖုန်းထဲကိုလည်း ထည့်ထားမှာ။ အဲဒါကြောင့် သူ သိသွားပြီးတော့ လိုက်လာနိုင်တာ။"
"ဒါနဲ့ သူ့ကို ဘယ်လောက်ကြာအောင် ပညာပေးဖို့ စဉ်းစားထားတာလဲ!?"
"ငါက အမြဲတမ်း သူ့ဘေးနားမှာ ရှိနေနိုင်မှာ မဟုတ်ဘူး။ ဒီတော့ သူ့ရဲ့တဇွတ်ထိုးဆန်တဲ့စိတ်ကို သူကိုယ်တိုင်ပဲ ထိန်းချုပ်ရမှာ။ ဒါကို သူ သေချာနားလည်မှ ငါ ပြန်သွားမယ်။"
"ဟား...အိမ်က ဆန်တွေတော့ ကုန်ပါပြီ။"
"ဟေ့ကောင်...အလကားမနေဘူး။ ငါ့လစာနဲ့ ငါ နေမှာ။"
"တီလေးတို့က အဲဒါကို လက်ခံမယ်လို့ ထင်နေတာလား!? လင်မယားရန်ဖြစ်တာနဲ့ ငါတို့အိမ်ကို ဆင်းပြေးလာရတယ်လို့။ ကိုယ့်အပူနဲ့ကိုယ်တောင် ရှုပ်နေရတဲ့ကြားထဲ။"
"အေးချမ်းနဲ့ ဘာဖြစ်ထားပြန်ပြီလဲ!?"
"ဒီတစ်ခါက အဆင့်တက်ပြီး သူ့နှုတ်ခမ်းကို နမ်းလိုက်တာလေ။ ပါးမချရုံတမယ် စိတ်ဆိုးသွားပါလေရော။"
"မင်းဟာကလည်း အမြီးဖြုတ်လိုက်၊ ခေါင်းဖြုတ်လိုက်နဲ့။"
"ရတာကို ဖြုတ်ထားရမှာပဲ။ သူ့ကို စောင့်နေလို့ကတော့ တကယ်ကို တရားပေါက်သွားမှာ သေချာတယ်။ နမ်းနေတုန်းကကျတော့ သူပဲ နှုတ်ခမ်းလေး ထော်ပေးထားပြီးတော့။"
'ဝသန်'ကို ကြည့်နေရင်းက ကျွန်တော် ငသစ်ကို ပြန်မြင်ယောင်လာသလိုပင်။ 'အခုဆို သူ ဘာတွေများ လုပ်နေလိမ့်မလဲ!? အရင်ကလို ရူးရူးမိုက်မိုက်တွေတော့ မလုပ်လောက်ပါဘူးလေ...' သူ့အကြောင်းတွေ ခေါင်းထဲ ဝင်လာချိန်မှာ မျက်ရည်ကလည်း အလိုလိုဝေ့ဝဲလာခဲ့လေသည်။
"ပျော်ပျော်နေစမ်းပါကွာ။ သူ့ကို ခေါင်းထဲကနေ ခဏထုတ်ထားလိုက်။ သူ ကောင်းဖို့ မင်း ဆုံးဖြတ်ချက်ချခဲ့တာက မှန်ပါတယ်။"
"ဒါတွေကို သူ နားလည်ဖို့ပဲ လိုတာပါ။"
ကျွန်တော်လည်း သက်ပြင်းရှည်တစ်ခုကို ချလိုက်ပြီး ရှေ့ဆက်လျှောက်ဖို့ အားတင်းထားလိုက်ရတော့သည်။
*ကဲ...မုန်တိုင်းက ပါးပါးလေးပါဆို...ယုံမှ မယုံကြတာ။ မနက်ဖြန် သူတို့Roတာကို ဆက်စောင့်ကြည့်ပေးကြပါလို့😁😁😁
#Śûè
***************
အခန္း ၆၂(Zawgyi Version)
(၁)လခန္႔ ၾကာၿပီးေနာက္-
ဒီအခ်ိန္အတြင္းမွာ ကြၽန္ေတာ္ အခ်ိန္ရတိုင္း 'နီလာသြယ္'ရဲ႕အေျခအေနကို ေစာင့္ၾကည့္ခဲ့ေပမယ့္ မသကၤာစရာကိုေတာ့ မေတြ႕ခဲ့ရေပ။ သူမ သြားလာတဲ့ေနရာေတြကလည္း အလုပ္နဲ႔အိမ္ပဲ႐ွိတာမို႔ ကြၽန္ေတာ္လည္း အစအန႐ွာဖို႔ ခက္ေနရေတာ့သည္။
"ဒီေန႔ ဝင္ခြင့္သြားေျဖရမွာမလား!?"
အဝတ္အစားလဲေနခ်ိန္မွာ လွမ္းေမးလိုက္တဲ့ ငသစ္ေၾကာင့္ ကြၽန္ေတာ္ အေနာက္ကို လွည့္ၾကည့္ရင္းနဲ႔ ေျဖလိုက္ရေတာ့သည္။
"ဟုတ္တယ္။ ဘာျဖစ္လို႔လဲ!?"
"ကြၽန္ေတာ္ လိုက္ေစာင့္ေပးရမလား!?"
"မင္း လိုက္ရင္ လူေတြ ႐ွဴပ္ယွက္ခတ္ကုန္မွာေပါ့။ ၿပီးေတာ့ ဒီေန႔ ႐ႈတင္႐ွိတယ္မလား!?"
"မနက္ပိုင္းကို ခဏပဲ ႐ွိတာပါ။"
"ညေနပိုင္း ေၾကာ္ျငာ႐ိုက္ဖို႔ကေရာ!?"
"သူတို႔ဘက္က မအားတာနဲ႔ ရက္ေ႐ႊ႕လိုက္ရတာ။"
"ေသခ်ာလို႔လား!?"
"ဒီတစ္ခါ တကယ္ပါ။ ဒါနဲ႔ ဒယ္ဒီ ကြၽန္ေတာ့္အခ်ိန္စာရင္းေတြကို ၾကည့္ထားတာလား!?"
"မေတာ္တဆ ျမင္သြားတာပါ။ ငါက ဘာလို႔ ယူၾကည့္ရမွာလဲ!?"
"အခုခ်ိန္ထိလည္း လိမ္တဲ့အရည္အခ်င္းက တိုးတက္မႈ မ႐ွိေသးပါလား!?"
ငသစ္ရဲ႕စကားေၾကာင့္ ကြၽန္ေတာ္ ျပဳံးျပရင္းနဲ႔ တုံ႔ျပန္လိုက္ေလသည္။
"မန္ေနဂ်ာနဲ႔ အဆင္ေျပရဲ႕လား!?"
"ေျပပါတယ္။ သူကလည္း ခပ္ေအးေအးေနတတ္တဲ့သူဆိုေတာ့ ကြၽန္ေတာ္တို႔ အတူတူ႐ွိေနရင္ အသံကို မထြက္ၾကေတာ့တာ။"
"ေကာင္းတာေပါ့။ ငါနဲ႔သာဆို မင္းက နားပူနားဆာ တအားလုပ္တာ။"
"တူမလား!? ဒယ္ဒီက ကြၽန္ေတာ့္ရဲ႕VIPေလ။ သူတို႔ကေတာ့ ဇာတ္ပို႔ေလးေတြ။"
"ေပါေတာေတာနဲ႔..."
ငသစ္က ကြၽန္ေတာ့္အနားကို တျဖည္းျဖည္း ခ်ဥ္းကပ္လာၿပီး နဖူးကို ခပ္ဖြဖြေလးနမ္းရင္းနဲ႔ ဆုေတာင္းေပးလိုက္ေတာ့သည္။
"Good luckပါ...ဒယ္ဒီ။"
ကြၽန္ေတာ္တို႔အတူလက္တြဲခဲ့ၾကတဲ့ ငါးႏွစ္တာကာလအတြင္းမွာ အနမ္းပန္းေတြလည္း ေဝေဝဆာဆာဖူးပြင့္ခဲ့ေပမယ့္ အနံ႔ျပယ္သြားျခင္းမ႐ွိသလို ညိႇဳးႏြမ္းေျခာက္ေသြ႕သြားျခင္းမ်ိဳးလည္း မ႐ွိခဲ့ေပ။
"အင္း...မင္းလည္း အလုပ္မွာ အဆင္ေျပေျပနဲ႔ ၿပီးျပတ္ေအာင္လုပ္ခဲ့။"
"စာေမးပြဲေျဖၿပီးသြားရင္ ကြၽန္ေတာ္တို႔အတူ သြားစားေနက် စားေသာက္ဆိုင္ကို ဝင္လာခဲ့ေနာ္။"
"ဘာလုပ္ဖို႔လဲ!?"
"ဂုဏ္ျပဳေပးခ်င္လို႔။"
"ေအာင္စာရင္းထြက္တာမွ မဟုတ္တာ။"
"ဒယ္ဒီက ေျဖၿပီးသြားတာနဲ႔ ေအာင္တယ္ဆိုတဲ့စာသားက အလိုလို ပါလာတဲ့သူမ်ိဳးေလ။ ေအာင္စာရင္းက သြားၾကည့္စရာမွ မလိုတာကို။"
"အၾကာႀကီးထိုင္ေစာင့္ေနရရင္ ဘယ္လိုလုပ္မလဲ!?"
"ကြၽန္ေတာ္ အရင္ေရာက္ႏွင့္ေနဖို႔ ေသခ်ာပါတယ္။ တကယ္လို႔ ဒယ္ဒီ အရင္ေရာက္ေနခဲ့ရင္လည္း ဆိုင္ရဲ႕ေ႐ွ႕နားက ပန္းျခံထဲမွာ ထိုင္ေစာင့္ေနလိုက္ေလ။ ဟုတ္ၿပီလား!?"
"အင္း..."
ကြၽန္ေတာ္တို႔ မနက္စာစားဖို႔ ေအာက္ထပ္ကို ဆင္းလာခ်ိန္မွာ ေမေမက ျပဳံးျပရင္းနဲ႔ လွမ္းေမးလိုက္ေလသည္။
"စာေမးပြဲအတြက္ အဆင္သင့္ပဲလား!?"
"ဟုတ္ကဲ့...ေမေမ။"
"ဘယ္ႏွနာရီၾကာေအာင္ ေျဖရမွာလဲ!?"
"သုံးနာရီၾကာမွာ...ေမေမ။ (၁၀၀)ဖိုး ေမးမွာေလ။"
"ဒါက ေရးေျဖစာေမးပြဲေနာ္။"
"ဟုတ္ကဲ့... Engက အမွတ္(၆၀)ဖိုးနဲ႔ ျမန္မာက အမွတ္(၄၀)ဖိုး ေျဖရမွာ။ Grammarပိုင္းနဲ႔ ဗဟုသုတ ဘယ္ေလာက္ႏွံ႔စပ္လဲဆိုတာကို အဓိကထားၿပီး ေမးမယ္လို႔ ၾကားတယ္။"
"သား ေျဖႏိုင္လိမ့္မယ္လို႔ ေမေမ ယုံတယ္။"
"ဟုတ္ကဲ့...ေမေမ။ သား ေသခ်ာေလ့လာၿပီးသားပါ။"
(၄)နာရီခန္႔ၾကာၿပီးေနာက္-
ေရးေျဖစာေမးပြဲကို အခက္အခဲမ႐ွိ ေျဖဆိုလို႔ ၿပီးသြားၿပီမို႔ ငသစ္ဆီ ကြၽန္ေတာ္ ဖုန္းေခၚၿပီး ေမးလိုက္မိသည္။
"ဟယ္လို...ဒယ္ဒီ"
"ငါ စာေမးပြဲေျဖၿပီးသြားၿပီ။"
"ဪ...ေစာသားပဲ။ ကြၽန္ေတာ္ ေနာက္တစ္နာရီေလာက္ေနရင္ လာခဲ့မယ္ေနာ္။ ေစာေစာၿပီးရမယ့္ဟာကို အေႏွာင့္အယွက္တစ္ခု လာျဖစ္ေနလို႔။"
"ဘာလဲ!? မင္းနဲ႔ ပတ္သက္တာလား!?"
"မဟုတ္ပါဘူး။ သူတို႔ ဝန္ထမ္းပိုင္းမွာပဲ ျဖစ္ေနတာ။ စိတ္မပူနဲ႔ေနာ္။"
"အင္းပါ။ ဒါဆို ငါလည္း ဝယ္စရာ႐ွိတာ ဝင္ဝယ္ၿပီးမွ လာခဲ့ေတာ့မယ္။"
"ကြၽန္ေတာ္ ေရာက္ခါနီးက်ရင္ ဖုန္းထပ္ေခၚလိုက္မယ္။"
သူနဲ႔ ဖုန္းေျပာၿပီးသြားခ်ိန္မွာ 'နီလာသြယ္'ဆီကို သြားဖို႔ ကြၽန္ေတာ္ ဆုံးျဖတ္လိုက္မိသည္။ သူမကို ၿခိမ္းေျခာက္ၿပီး မရရတဲ့နည္းလမ္းနဲ႔ ေမးၾကည့္ဖို႔လည္း ေတြးထားခဲ့ေလသည္။
"နီလာသြယ္!!!"
အိမ္ေ႐ွ႕တံခါးနားကေန ကြၽန္ေတာ္ လွမ္းေခၚခဲ့ေပမယ့္ တုံ႔ျပန္သံကို မၾကားရတာမို႔ စိတ္ပူသြားရေတာ့သည္။ 'သူတို႔ ထြက္ေျပးသြားၿပီလား!?'
"နီလာသြယ္!!!"
ဒီတစ္ခါလည္း အထဲကေန ဘာသံမွမၾကားခဲ့ရေပ။ ေနာက္ဆုံးမွာ ႀကီးမားလာတဲ့ သံသယစိတ္နဲ႔ အိမ္ထဲဝင္ဖို႔ ကြၽန္ေတာ္ ႀကိဳးစားလိုက္ရေတာ့သည္။ ဒါေပမဲ့ အိမ္ထဲမွာ အန္တီႀကီးက လဲေလ်ာင္းေနၿပီး အသက္႐ွဴမဝသလို ပုံစံမ်ိဳးျဖစ္ေနတာမို႔ ကြၽန္ေတာ္ အျမန္ေျပးသြားၿပီး ကူညီေပးလိုက္မိသည္။
"ေဒၚေဒၚ...ဘာျဖစ္တာလဲ!?"
အန္တီႀကီးက ကြၽန္ေတာ့္ကို အေျဖမေပးႏိုင္ဘဲ အသက္ကို လူ႐ွဴေနရသလိုပင္။ ဒီအတိုင္းဆက္ထားလို႔ မျဖစ္ႏိုင္တာကို ကြၽန္ေတာ္ သိလိုက္ရၿပီး အန္တီႀကီးရဲ႕ပါးလ်လ်ခႏၶာကိုယ္ကို ေပြ႕ခ်ီကာ အိမ္ထဲကေန အျမန္ေျပးထြက္ခဲ့ေလသည္။
"ဘာ...ဘာျဖစ္တာလဲ!?"
ထိုအခ်ိန္မွာပင္ ေဘးအိမ္က အန္တီႀကီးတစ္ေယာက္က ေရာက္လာၿပီး ကြၽန္ေတာ့္ကို ေမးလိုက္ေတာ့သည္။
"ေဒၚေဒၚ အေမာေဖာက္ေနၿပီ။ ေဆး႐ုံကို ျမန္ျမန္ေခၚသြားမွ ျဖစ္မွာ။ ကြၽန္ေတာ့္ကို တကၠစီ လိုက္ဌားေပးပါ။ ၿပီးရင္ သူ႕သမီးဆီကိုလည္း ဖုန္းဆက္ၿပီး အေၾကာင္းၾကားေပးပါ။"
"ဪ...ေအး...ေအး။"
ကြၽန္ေတာ္တို႔ႏွစ္ဦး လမ္းထိပ္ကို အျမန္ထြက္လာၿပီး တကၠစီတစ္စီးကို တားကာ ေဆး႐ုံဆီသို႔ ဦးတည္ခဲ့ရသည္။
(၁၀)မိနစ္ခန္႔ၾကာေသာ္-
အနီးဆုံးေဆး႐ုံကို ကြၽန္ေတာ္တို႔ ေရာက္လာၿပီး အန္တီႀကီးကို ဆရာဝန္ေတြဆီ အပ္ႏွံၿပီးခ်ိန္မွာ 'နီလာသြယ္'ဆီ ဖုန္းေခၚဖို႔ ႀကိဳးစားခဲ့ရေတာ့သည္။ ဒါေပမဲ့ ေဘာင္းဘီအိတ္ထဲက ဖုန္းကို ကြၽန္ေတာ္ ႐ွာမေတြ႕ေတာ့တာမို႔ အတူပါလာတဲ့ အန္တီႀကီးကို ေမးခဲ့ရေလသည္။
"နီလာသြယ့္ဆီကို ဖုန္းဆက္လို႔ရလား...အန္တီ!?"
"မရေသးဘူး။"
ကြၽန္ေတာ္လည္း ဘာဆက္လုပ္ေပးရမယ္ဆိုတာကို စဥ္းစားရင္းနဲ႔ ေခါင္း႐ွဴပ္ေနမိသည္။
"ဟိုမွာ ဆရာဝန္ႀကီးေတြ ျပန္ထြက္လာၿပီ။"
ကြၽန္ေတာ္လည္း ေနာက္ကို ျပန္လွည့္ၾကည့္ၿပီး အန္တီႀကီးရဲ႕အေျခအေနကို ေမးလိုက္ရျပန္သည္။
"ဆရာ...အေျခအေန ဘယ္လို႐ွိလဲဟင္!?"
"ဆရာတို႔လည္း အစြမ္းကုန္ႀကိဳးစားေပးခဲ့ပါတယ္။ ဒါေပမဲ့ သူ႕ေရာဂါက ေတာ္ေတာ္ေလးဆိုးေနၿပီဆိုေတာ့ ဘယ္လိုမွ ကယ္တင္ေပးဖို႔ မျဖစ္ႏိုင္ေတာ့ ဆရာတို႔လည္း စိတ္မေကာင္းပါဘူးကြယ္။"
အန္တီႀကီးရဲ႕အေျခအေနက မေကာင္းေတာ့တာကို ကြၽန္ေတာ္တို႔လည္း သိထားခဲ့ေပမယ့္ မိခင္ျဖစ္သူရဲ႕ေနာက္ဆုံးအခ်ိန္မွာ အတူေနမေပးႏိုင္ခဲ့တဲ့ 'နီလာသြယ္'ကို ဂ႐ုဏာသက္ေနမိေတာ့သည္။ ဈာပနကိစၥေတြစီစဥ္ဖို႔က သူမ ႐ွိေနမွ ျဖစ္မွာမို႔ ကြၽန္ေတာ္ ဧည့္ေဂဟာအထိ သြားေခၚဖို႔ ဆုံးျဖတ္လိုက္မိသည္။
"အန္တီ...ကြၽန္ေတာ္ နီလာသြယ့္ကို သြားေခၚလာခဲ့မယ္။ အန္တီက ဒီမွာခဏေစာင့္ေနေပးပါေနာ္။"
"ေအးပါကြယ္။ ျမန္ျမန္ျပန္လာခဲ့ေနာ္။"
မိနစ္(၂၀)ခန္႔ၾကာၿပီးေနာက္-
ဧည့္ေဂဟာကို ကြၽန္ေတာ္ ေရာက္႐ွိလာခဲ့ခ်ိန္မွာ ထုံးစံအတိုင္း အေစာင့္ရဲ႕ေမးျမန္းျခင္းကို ခံလိုက္ရျပန္သည္။
"ဘာလဲ...တစ္ခါတည္းနဲ႔ စြဲသြားတာလား!?"
သူ႕စကားေတြကို ျပန္လည္ေခ်ပခ်င္စိတ္ မ႐ွိတာမို႔ ေမးစရာ႐ွိတာကိုသာ အျမန္ေမးလိုက္မိသည္။
"နီလာသြယ္နဲ႔ အေရးတႀကီး ေတြ႕စရာေလး႐ွိလို႔ပါ။ သူ ႐ွိတယ္မလား!?"
"မ႐ွိဘူး။ သူေဌးတစ္ေယာက္နဲ႔ အတူပါသြားတယ္။ တစ္နာရီေလာက္ေတာင္ ၾကာၿပီ ထင္တာပဲ။"
"ဘယ္ကို သြားၾကမယ္လို႔ ေျပာသြားေသးလဲဟင္!?"
"အဲဒါေတာ့ ငါလည္း ဘယ္သိပါ့မလဲ!?"
"သူက အဲဒါၿပီးရင္ ဒီကို ျပန္လာမွာလား!?"
"မလာျဖစ္ေလာက္ဘူး ထင္တယ္။"
ထိုအေျဖေၾကာင့္ ကြၽန္ေတာ္လည္း စိတ္ပ်က္လက္ပ်က္နဲ႔ လွည့္ထြက္ဖို႔ ျပင္ခဲ့ရေလသည္။
"ခဏေလး...နားစြန္နားဖ်ား ၾကားလိုက္သလိုပဲ။ Glorious ဘာဆိုလား!? နာမည္ႀကီးေတြပဲ သြားတဲ့ဟိုတယ္ေလ။"
"Glorious Sunလား!?"
"ေအး...ဟုတ္တယ္။ အဲ့ဟိုတယ္ကို သြားၾကမယ္လို႔ေတာ့ ၾကားလိုက္တယ္။"
"ေက်းဇူးပါပဲေနာ္...အစ္ကို။ ကြၽန္ေတာ္ သြား႐ွာၾကည့္လိုက္ဦးမယ္။"
"မင္းကို ၾကည့္ၿပီး သနားလို႔ ငါ ေျပာျပလိုက္တာ။ အဲ့သူေဌးက VIP Customer ဆိုေတာ့ ျပႆနာေတာ့ မျဖစ္လာေစနဲ႔။"
"ဟုတ္ကဲ့...စိတ္ခ်ပါ။"
ကြၽန္ေတာ္လည္း ဧည့္ေဂဟာကေန ဟိုတယ္ဆီသို႔ ခရီးႏွင္ခဲ့ရျပန္သည္။ (၂)မွတ္တိုင္စာမွ်သာ ကြာေဝးတဲ့ ေနရာမို႔ ကြၽန္ေတာ္ မေျပး႐ုံတမယ္ အျမန္ေလွ်ာက္သြားခဲ့ရေလသည္။ ဒါေပမဲ့ ဧည့္ႀကိဳေကာင္တာမွာ ျပႆနာတစ္ခု ထပ္ေပၚလာေလေတာ့သည္။
"ဒါက ဧည့္သည္ရဲ႕ကိုယ္ေရးကိုယ္တာပိုင္းမို႔ ကြၽန္မတို႔ ေျပာျပလို႔မရပါဘူး႐ွင့္။"
"ကြၽန္ေတာ္ကလည္း အေရးႀကီးကိစၥေလး ႐ွိေနလို႔ပါ။ သူတို႔ကို တမင္လာေႏွာင့္ယွက္တာ မဟုတ္ပါဘူး။"
"ေတာင္းပန္ပါတယ္႐ွင့္။"
"ဘာေတြ ျဖစ္ေနတာလဲ!?"
ဩဇာသံပါပါနဲ႔ ေျပာလိုက္တဲ့ အသံတစ္ခုကို ၾကားရခ်ိန္မွာ ကြၽန္ေတာ္ အေနာက္ကို လွည့္ၾကည့္လိုက္မိသည္။ ဥပဓိ႐ုပ္က တည္ၾကည္ၿပီး ေျဖာင့္မတ္ဟန္ေပၚေပမယ့္ ပကတိ ေအးစက္ေနတဲ့ မ်က္လုံးအစုံက လူကို အ႐ိုးထဲထိ စိမ့္ဝင္သြားေအာင္ ထိုးေဖာက္ၾကည့္ႏိုင္သလိုပုံစံမ်ိဳးနဲ႔ အမ်ိဳးသားတစ္ဦးကို ျမင္ေတြ႕လိုက္ရေလသည္။
"ဟို...သူက ဧည့္သည္တစ္ေယာက္နဲ႔ ေတြ႕ခြင့္ေပးပါလို႔ လာေျပာေနလို႔ပါ။"
ဧည့္ႀကိဳေကာင္တာက ေကာင္မေလးရဲ႕အသံက တုန္ရီေနတာကို ကြၽန္ေတာ္ သတိထားမိခဲ့ေလသည္။
"အေရးႀကီးကိစၥ႐ွိလို႔လား!?"
ထိုေမးခြန္းက ကြၽန္ေတာ့္ကို ဦးတည္ေနတာမို႔ အျမန္ျပန္ေျဖလိုက္ရေတာ့သည္။
"ဟုတ္ကဲ့...သူ ေခၚသြားတဲ့ မိန္းကေလးရဲ႕အေမ ဆုံးသြားလို႔ လာေျပာျပေပးတာပါ။"
"ဖုန္းမဆက္ၾကည့္ဘူးလား!?"
"သူ႕ဖုန္းက ပိတ္ထားလို႔ပါ။"
"ေခၚသြားတဲ့သူရဲ႕နာမည္ကို သိလား!?"
"အဲဒါကိုေတာ့ မသိပါဘူး။ ဒါေပမဲ့ လြန္ခဲ့တဲ့ တစ္နာရီေလာက္က ဒီကိုေရာက္လာတဲ့ စုံတြဲေတြထဲမွာ သူတို႔ ႐ွိႏိုင္ပါတယ္။"
ထိုလူက ကြၽန္ေတာ့္အေနာက္ဘက္ကို ေက်ာ္ၿပီး ေျပာလိုက္ေလသည္။
"ေကာင္မေလးရဲ႕ပုံစံကို ေမးၾကည့္ၿပီး ျပန္႐ွာေပးလိုက္။"
ကြၽန္ေတာ္လည္း သူမနဲ႔ေတြ႕ဖို႔ ေမွ်ာ္လင့္ခ်က္႐ွိလာၿပီမို႔ ပုံစံကို ျမန္ျမန္ေျပာျပခဲ့ေလသည္။
"သူ႕အရပ္က ၅ေပ၆လက္မေလာက္ ႐ွိမယ္။ အသားျဖဴျဖဴ ပါးခ်ိဳင့္ပါတယ္။ ဆံပင္တိုတိုနဲ႔ပဲ ပန္းခရမ္းေရာင္ဆိုးထားတယ္။"
"အဲ့လိုပုံစံနဲ႔ ဧည့္သည္ေရာက္လာလား!?"
"ဟုတ္ကဲ့...ေရာက္လာပါတယ္။"
"ဒါဆို အဲ့အခန္းကို ဖုန္းလွမ္းေခၚလိုက္။ သူ႕နာမည္က ဘာတဲ့လဲ!?"
"နီလာသြယ္ပါ။"
ဧည့္ႀကိဳေကာင္တာကေန သူတို႔အခန္းဆီကို ဖုန္းလွမ္းဆက္ၾကည့္ၿပီး ခန္႔မွန္းခ်က္က မွန္သြားခဲ့ေလသည္။
"ဟယ္လို...နီလာသြယ္လား!?"
"လျပည့္မႉး...နင္ ဘာလို႔ ဒီအထိ ေရာက္လာတာလဲ!?"
"ငါ...လာေျပာတာ။"
"ဘာကိုလဲ!?"
"နင့္အေမဆုံးသြားၿပီ။"
"......"
သူမဆီက တုံ႔ျပန္သံကိုမၾကားရေတာ့ေပမယ့္ ကြၽန္ေတာ္ ဆက္ၿပီး ေျပာလိုက္မိသည္။
"နင့္အေမကို ေတြ႕ရေအာင္လို႔ လာေခၚတာ။"
"ငါ.......ငါ ဆင္းလာခဲ့မယ္။"
ေျပာၿပီးၿပီးခ်င္းမွာ သူမက ဖုန္းခ်သြားခဲ့တာမို႔ ကူညီေပးခဲ့သူကို ေက်းဇူးတင္စကားေျပာလိုက္မိသည္။
"ကြၽန္ေတာ့္ကို အခုလိုမ်ိဳး ကူညီေပးခဲ့တာကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။"
"ရပါတယ္။"
ထိုအမ်ိဳးသားက ကြၽန္ေတာ့္ကို ျပတ္သားစြာ ျပန္ေျဖၿပီး လွည့္ထြက္သြားခဲ့ေလသည္။ ထိုအခ်ိန္က်မွ ကြၽန္ေတာ္လည္း နာမည္မေမးမိခဲ့တာကို သတိရလိုက္ေတာ့သည္။
"ဟို...ေစာေစာက အမ်ိဳးသားနာမည္ေလးကို သိခြင့္႐ွိမလား ခင္ဗ်။"
"အဲဒါ ကြၽန္မတို႔Boss ဦးထြဋ္ေခါင္ဦး။"
*သူက 'အမုန္းတရားမ်ားစြာျဖင့္' ထဲက ဦးပါပဲ။
ထိုနာမည္ကို မွတ္သားေနရင္းနဲ႔ ခဏအၾကာမွာ 'နီလာသြယ္'က ျဖဴေဖ်ာ့ေဖ်ာ့ပုံစံနဲ႔ ဆင္းလာတာကို ေတြ႕လိုက္ရသည္။
"အားတင္းထား...နင္ လဲက်သြားရင္ ေဒၚေဒၚအတြက္ ဝတၱရားေက်ပြန္ေအာင္ လုပ္ေပးႏိုင္ေတာ့မွာ မဟုတ္ဘူး။"
ကြၽန္ေတာ္လည္း သူမကို ေဆး႐ုံသို႔ ျပန္ေခၚလာခဲ့မိသည္။
"ေရာက္လာၾကၿပီလား!?"
လူေစာင့္ထားခဲ့တဲ့ အန္တီႀကီးက ကြၽန္ေတာ္တို႔ကို လွမ္းေမးလိုက္ေပမယ့္ 'နီလာသြယ္'က ဘာမွျပန္မေျဖႏိုင္ခဲ့ေပ။
"အန္တီက အိမ္မွာ ကေလးေတြကို သူမ်ားနဲ႔ ခ်န္ထားခဲ့ရတာ။ သူစိမ္းနဲ႔ဆိုရင္ စိတ္မခ်ရလို႔ ျပန္ႏွင့္ေတာ့မယ္ေနာ္။"
"ဟုတ္ကဲ့။"
ထိုအန္တီႀကီး ထြက္သြားခ်ိန္မွာ 'နီလာသြယ္' ကို ကြၽန္ေတာ္ ေမးလိုက္မိသည္။
"နင့္မွာ ေဆြမ်ိဳးသားခ်င္းမ႐ွိဘူးလား!?"
'နီလာသြယ္'က ေခါင္းညိတ္ျပၿပီး အေလာင္းထားရာအခန္းထဲ ဝင္သြားခ်ိန္မွာ ကြၽန္ေတာ္လည္း သူမရဲ႕အေနာက္ကေန လိုက္ပါလာခဲ့ေလသည္။ အျဖဴေရာင္ပိတ္စနဲ႔ လႊမ္းျခဳံေပးထားတဲ့ အန္တီႀကီးရဲ႕႐ုပ္အေလာင္းကို သူမက ျဖည္းျဖည္းခ်င္းဖယ္႐ွားလိုက္ၿပီး အျဖစ္မွန္ကို လက္မခံႏိုင္သလို အသံတိတ္ ငိုေႂကြးေနခဲ့သည္။ မိခင္တစ္ဦးတည္းသာ႐ွိတဲ့ ဘဝေတြပဲမို႔ သူမရဲ႕ဝမ္းနည္းမႈ အတိုင္းအတာကို ကြၽန္ေတာ္ ကိုယ္ခ်င္းစာေပးႏိုင္ေပသည္။
"ေဒၚေဒၚအတြက္ ေကာင္းမႈကုသိုလ္ျပဳေပးဖို႔ နင္ အားတင္းထားရမယ္။ ၿပီးေတာ့ ဒီအလုပ္ေတြကိုလည္း မလုပ္ပါနဲ႔ေတာ့။ နင့္အေမသာ ဒါေတြကို ျမင္သြားရင္ ဘယ္ေလာက္ေတာင္ စိတ္မေကာင္းျဖစ္သြား႐ွာမလဲ!? တျခားတစ္နည္းနည္းနဲ႔ စီးပြါး႐ွာဖို႔ နင္ ႀကိဳးစားရမယ္။ အခုအခ်ိန္မွာ နင္ ဝမ္းနည္းသမွ်ေတြကို ငိုခ်လိုက္။ စိတ္ထဲမွာ ေပါ့ပါးသြားတဲ့အထိ ငိုပစ္ၿပီးရင္ အနာဂတ္အတြက္ ေသခ်ာစဥ္းစားၿပီး ဆုံးျဖတ္ခ်က္ခ်လိုက္ပါ။"
ကြၽန္ေတာ့္စကားကို ၾကားခ်ိန္မွာ ထိန္းထားခဲ့တဲ့ သူမရဲ႕မ်က္ရည္ေတြလည္း တၿဖိဳင္ၿဖိဳင္နဲ႔ စီးက်လာၿပီး ငိုေႂကြးလိုက္ေလသည္။
(၁၀)မိနစ္ခန္႔ၾကာၿပီးေနာက္-
သူမရဲ႕စိတ္က ျပန္တည္ၿငိမ္သြားၿပီမို႔ နာရီကို ၾကည့္မိလိုက္ခ်ိန္မွာ ခ်ိန္းထားတဲ့အခ်ိန္ထက္ (၄၅)မိနစ္မွ် ေက်ာ္လြန္သြားခဲ့ေလၿပီ။
"ငါ ခ်ိန္းထားတာေလးတစ္ခု႐ွိလို႔ သြားလိုက္ဦးမယ္ေနာ္။"
"ဪ...ေအးပါ။ ေကာင္းေကာင္းသြားဦး။"
သူမက အေလာင္းေ႐ွ႕မွာ ထိုင္ၿပီး ငိုေနရာကေန ျပန္ထလာၿပီး ယိုင္က်မလိုျဖစ္သြားတာမို႔ ကြၽန္ေတာ္ လွမ္းထိန္းေပးထားလိုက္ရသည္။
"အဆင္ေျပရဲ႕လား!?"
"ေအး...ေခါင္းထဲ မိုက္ခနဲျဖစ္သြားတာပါ။"
"ဒယ္ဒီ!!!"
ထိုေခၚသံေၾကာင့္ ကြၽန္ေတာ့္ေက်ာျပင္တစ္ခုလုံး တုန္ခါသြားလုမတတ္ပင္။ မယုံၾကည္ႏိုင္တဲ့စိတ္နဲ႔ သူမကို ထိန္းေပးထားရာက အျမန္လႊတ္ေပးလိုက္ၿပီး အသံ႐ွင္ကို လွည့္ၾကည့္ခဲ့ရေတာ့သည္။ ကြၽန္ေတာ္ ရင္ဆိုင္လိုက္ရတာက စူးရဲစြာ စိုက္ၾကည့္ေနတဲ့ သူ႕မ်က္ဝန္းေတြကိုသာ ျဖစ္ေလသည္။ သူ႕အၾကည့္ေတြထဲမွာ သစၥာေဖာက္ဆိုတဲ့ စာသားကို ေရးထိုးထားခဲ့တာမို႔ ႐ွင္းျပဖို႔စကားလုံးေတြကို အျမန္႐ွာေဖြလိုက္မိသည္။
"ငသစ္...ငါက..."
"ကြၽန္ေတာ့္မ်က္စိနဲ႔ တပ္အပ္ျမင္ေနရတာကို ႐ွင္းျပခ်င္ေနေသးတာလား!?"
မက်ယ္ေလာင္ေပမယ့္ ျပတ္သားလြန္းလွတဲ့ အသံတစ္ခုေၾကာင့္ ကြၽန္ေတာ္ ဆက္႐ွင္းျပဖို႔ အားေလ်ာ့သြားခဲ့သည္။ ဒါေပမဲ့ ေဘးလူေတြ႐ွိေနတဲ့ ေနရာတစ္ခုမွာ ျပႆနာျဖစ္သြားရင္ သူ႕အတြက္ ဆိုးက်ိဳးမ်ားလာႏိုင္ေပသည္။
"ငါတို႔ အျပင္မွာ ထြက္ေျပာၾကရေအာင္။"
"ဘာလဲ...ကြၽန္ေတာ္က သူ႕ကို နာက်င္ေအာင္ေျပာလိုက္မွာကို စိုးရိမ္ေနတာလား!?"
သူ႕စကားေတြကို ကြၽန္ေတာ္ မေခ်ပႏိုင္ေသးဘဲ ေဆး႐ုံအျပင္ဘက္သို႔ ဆြဲေခၚထုတ္လာခဲ့မိသည္။ လူ႐ွင္းတဲ့ေနရာတစ္ခုကို ေရာက္ၿပီးမွ သူ႕စိတ္တိုင္းက်အျပစ္တင္ခြင့္ကို ေပးအပ္လိုက္ေတာ့သည္။
"ကြၽန္ေတာ့္ကို တစ္ခ်ိန္လုံး ကြယ္ဝွက္ထားခဲ့တာက ဒီမိန္းမကို ကာကြယ္ေပးဖို႔လား!? သူ႕ကို ေထာက္ပံ့ေပးဖို႔ အလုပ္ေတြကို အပင္ပန္းခံၿပီး လုပ္ေနခဲ့တာလား!? ဒီမိန္းမဆီကို အၿမဲပ႑ာဆက္ၿပီး ပိုးပန္းေနခဲ့တာလား!? ဘာလဲ သူ႕အျပဳအစု အယုအယေတြမွာ ေမ်ာေနတာလား!? ဟုတ္မွာေပါ့... ဒယ္ဒီက မိန္းကေလးေတြအေပၚဆို သိပ္ၾကင္နာတတ္တဲ့သူေလ။ ကြၽန္ေတာ့္ကို အေျခအေနအရ လက္ခံေပးခဲ့ေပမယ့္ စိတ္ကေတာ့ မိန္းမေတြကိုပဲ ယိုင္ေနခဲ့တာမလား!?"
သူ စြပ္စြဲသမွ်ကို သည္းခံၿပီး နားေထာင္ေနခဲ့ေပမယ့္ ေနာက္ဆုံးစကားေၾကာင့္ ကြၽန္ေတာ္ စိတ္မထိန္းႏိုင္ဘဲ လက္သီးနဲ႔ ထိုးလိုက္မိေလသည္။
"ငါသာ တျခားသူေတြအေပၚကို စိတ္ယိုင္ေနခဲ့ရင္ မင္းလိုလူမ်ိဳးကို ပစ္ထားခဲ့တာၾကာၿပီ။ ဘာတဲ့... အေျခအေနအရ လက္ခံေပးထားခဲ့တာ...ဟုတ္လား!? မင္းလို ခ်ဳပ္ခ်ယ္တတ္တဲ့ ေဒါသႀကီးတဲ့သူကို ငါ ဘာလို႔ သည္းခံေပးခဲ့တာလဲဆိုတာကို နည္းနည္းေလးေတာင္ မသိဘဲ လာမစြပ္စြဲနဲ႔။ ငါက........."
'မင္းကို သိပ္ခ်စ္လြန္းလို႔သာ မင္း ဆိုးခဲ့သမွ်ကို သည္းခံၿပီး အနားမွာ ႐ွိေနေပးခဲ့မိတာ...' ကိုယ့္အေပၚ ယုံၾကည္မႈမ႐ွိတဲ့သူအတြက္ ထိုစကားေတြကို ဆက္ေျပာျပေနဖို႔ မထိုက္တန္တာမို႔ ေအာက္ႏႈတ္ခမ္းေတြကို ေသြးထြက္လုေအာင္ ဖိကိုက္ထားၿပီး ကြၽန္ေတာ္ ထိန္းခ်ဳပ္ထားခဲ့မိသည္။
"ကြၽန္ေတာ္တို႔ ဘာလို႔ ဒီလိုေတြ ျဖစ္ေနရတာလဲ!?"
ေျပာရင္းနဲ႔ မ်က္ရည္ေတြစီးက်လာတဲ့ သူ႕ကို ကြၽန္ေတာ္ ဆက္မၾကည့္ရက္ေတာ့သလို ရင္ထဲမွာလည္း နာက်င္ေနခဲ့ေလသည္။ စိတ္ကို ထိန္းထားတဲ့ၾကားက မ်က္ဝန္းအိမ္တစ္ခုလုံး မ်က္ရည္ေတြျပည့္လွ်ံၿပီး အျမင္ေတြ ေဝဝါးလာၿပီမို႔ သူ႕ကို ေက်ာေပးထားၿပီး ကြၽန္ေတာ္ ထြက္သြားဖို႔ ေျခလွမ္းျပင္လိုက္မိသည္။
"ဒယ္ဒီ..."
သူ ဒီလိုေခၚလိုက္တိုင္း ကြၽန္ေတာ့္ေျခလွမ္းေတြက ေ႐ွ႕ဆက္ဖို႔ တြန္႔ဆုတ္သြားရစၿမဲပင္။
"မင္းကို အလိုလိုက္ထားခဲ့မိတာ ငါ့အမွားပဲ။ အခုကစ,ၿပီး ကိုယ့္လမ္းကို ေ႐ြးလိုက္ေတာ့။ မင္းရဲ႕တဇြတ္ထိုးဆန္တဲ့စိတ္ေတြကို ငါ ထိန္းေပးရတာ အရမ္းပင္ပန္းေနၿပီ။"
ကြၽန္ေတာ္ စိတ္ပိုင္းျဖတ္ၿပီး ေ႐ွ႕ဆက္ဖို႔ ျပင္လိုက္ေပမယ့္ သူက ေနာက္ေက်ာဘက္ကေန တင္းၾကပ္စြာ ေပြ႕ဖက္ထားခဲ့သည္။
"မသြားပါနဲ႔။ ကြၽန္ေတာ့္ကို မထားခဲ့ပါနဲ႔။"
ထိုခဏအတြင္းမွာ ကြၽန္ေတာ့္ပခုံးေပၚကို က်ဆင္းလာတာက အရင္လို သူ႕ဆီက ခ်ိဳၿမိန္တဲ့ အနမ္းေတြမဟုတ္ဘဲနဲ႔ ပူေလာင္တဲ့မ်က္ရည္ေတြသာ ျဖစ္ေနခဲ့ေလသည္။
"မင္းေၾကာင့္ ငါ စိတ္ေတြအရမ္းပင္ပန္းေနရတယ္။ မင္းရဲ႕ေဒါသႀကီးတတ္တဲ့စိတ္ေတြကို ငါ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ႀကိဳးစားထိန္းခ်ဳပ္ေပးခဲ့ၿပီးၿပီ။ အျပစ္မတင္ေသးခင္ အျဖစ္မွန္ကို သိရေအာင္ မင္း ဘယ္ႏွခါမ်ားႀကိဳးစားခဲ့ဖူးလဲ!?"
"ကြၽန္ေတာ္ ႀကိဳးစားပါ့မယ္။"
"ငါတို႔ ခဏေလာက္ ခြဲေနရေအာင္။"
"ဒယ္ဒီ ေျပာတဲ့အတိုင္း ကြၽန္ေတာ္ ျပဳျပင္ပါ့မယ္။ ေစာေစာတုန္းက ေဒါသထြက္ၿပီး ေျပာခဲ့တာေတြအတြက္လည္း ဒယ္ဒီ စိတ္ေက်နပ္တဲ့အထိ ကြၽန္ေတာ္ ေတာင္းပန္ပါ့မယ္။ ခြဲေနဖို႔ေတာ့ မေျပာပါနဲ႔ေနာ္။"
"မင္း အေနာက္ကေန ဆက္လိုက္လာရင္ ငါ့ကိုယ္ငါ နာက်င္ေအာင္ လုပ္မိလိမ့္မယ္။"
ထိုစကားေၾကာင့္ သူ႕လက္ေတြက ေျပေလ်ာ့သြားခ်ိန္မွာ ကြၽန္ေတာ္လည္း သူ႕အနားကေန ထြက္ခြာလာခဲ့မိေတာ့သည္။
*သစ္သစ္ဘက္က ခံစားခ်က္နဲ႔ တိုက္ဆိုင္မယ့္ သီခ်င္းေလးကိုလည္း နားေထာင္ၾကည့္ၾကေပါ့။
မိနစ္(၃၀)ခန္႔ၾကာၿပီးေနာက္-
ကြၽန္ေတာ့္ရဲ႕ဦးတည္ရာက 'ဝသန္'တို႔အိမ္ကိုသာ ျဖစ္ေလသည္။
"ဘာေတြ ျဖစ္လာတာလဲကြာ!?"
"ထုံးစံအတိုင္း စကားမ်ားလာတာေပါ့။"
"အရင္ကလည္း စကားမ်ားခဲ့တာပဲ။ ဒါေပမဲ့ အိမ္ေပၚက ဆင္းရေလာက္တဲ့အထိမွ မျဖစ္ခဲ့တာ။"
'ဝသန္'က အေၾကာင္းအရင္းကို မသိရမခ်င္း ဆက္တိုက္ေမးေနမယ့္သူမ်ိဳးမို႔ ေျပာျပလိုက္ရေတာ့သည္။
"ျဖစ္ခဲ့သမွ်ကေတာ့ အဲဒါအကုန္ပဲ။ ငါ နားမလည္တာက သူ ဘယ္လိုလုပ္သိၿပီး ငါ့ဆီကို ေရာက္ခ်လာသလဲဆိုတာကိုပဲ။"
"အဲဒါကေလ..."
မပြင့္တပြင့္လုပ္ျပေနတဲ့ 'ဝသန္'ရဲ႕ပုံစံေၾကာင့္ ကြၽန္ေတာ္ မသကၤာျဖစ္လာမိသည္။
"ဘာလဲ...မင္း ဘာသိထားလို႔လဲ!?"
"ငါတို႔ တိုင္ပင္ထားတာ ႐ွိတယ္။"
"ဘာကို တိုင္ပင္ထားတာလဲ!?"
"ကမ္းေျခမွာတုန္းက ေအးခ်မ္းကို ေခ်ာ့ဖို႔ ငါတို႔ စကားေျပာျဖစ္ခဲ့တယ္ေလ။ အဲ့မွာ သူက ငါ့ကို အၾကံေပးတယ္။ သူ သြားတဲ့ေနရာေတြကို သိရေအာင္လို႔ သူ႕ဖုန္းထဲ Tracking app ေလး ထည့္ေပးထားလိုက္တဲ့။ သူ သြားတတ္တဲ့ေနရာေတြကို ကိုယ္ကလည္း မေတာ္တဆ ေရာက္ေနသလိုလိုနဲ႔ ဟန္ေဆာင္ျပခိုင္းတာ။"
"ဪ... မင္းတို႔က ပူးေပါင္းထားၾကတာပဲ။ ေသခ်ာတယ္...ငါ့ဖုန္းထဲကိုလည္း ထည့္ထားမွာ။ အဲဒါေၾကာင့္ သူ သိသြားၿပီးေတာ့ လိုက္လာႏိုင္တာ။"
"ဒါနဲ႔ သူ႕ကို ဘယ္ေလာက္ၾကာေအာင္ ပညာေပးဖို႔ စဥ္းစားထားတာလဲ!?"
"ငါက အၿမဲတမ္း သူ႕ေဘးနားမွာ ႐ွိေနႏိုင္မွာ မဟုတ္ဘူး။ ဒီေတာ့ သူ႕ရဲ႕တဇြတ္ထိုးဆန္တဲ့စိတ္ကို သူကိုယ္တိုင္ပဲ ထိန္းခ်ဳပ္ရမွာ။ ဒါကို သူ ေသခ်ာနားလည္မွ ငါ ျပန္သြားမယ္။"
"ဟား...အိမ္က ဆန္ေတြေတာ့ ကုန္ပါၿပီ။"
"ေဟ့ေကာင္...အလကားမေနဘူး။ ငါ့လစာနဲ႔ ငါ ေနမွာ။"
"တီေလးတို႔က အဲဒါကို လက္ခံမယ္လို႔ ထင္ေနတာလား!? လင္မယားရန္ျဖစ္တာနဲ႔ ငါတို႔အိမ္ကို ဆင္းေျပးလာရတယ္လို႔။ ကိုယ့္အပူနဲ႔ကိုယ္ေတာင္ ႐ႈပ္ေနရတဲ့ၾကားထဲ။"
"ေအးခ်မ္းနဲ႔ ဘာျဖစ္ထားျပန္ၿပီလဲ!?"
"ဒီတစ္ခါက အဆင့္တက္ၿပီး သူ႕ႏႈတ္ခမ္းကို နမ္းလိုက္တာေလ။ ပါးမခ်႐ုံတမယ္ စိတ္ဆိုးသြားပါေလေရာ။"
"မင္းဟာကလည္း အၿမီးျဖဳတ္လိုက္၊ ေခါင္းျဖဳတ္လိုက္နဲ႔။"
"ရတာကို ျဖဳတ္ထားရမွာပဲ။ သူ႕ကို ေစာင့္ေနလို႔ကေတာ့ တကယ္ကို တရားေပါက္သြားမွာ ေသခ်ာတယ္။ နမ္းေနတုန္းကက်ေတာ့ သူပဲ ႏႈတ္ခမ္းေလး ေထာ္ေပးထားၿပီးေတာ့။"
'ဝသန္'ကို ၾကည့္ေနရင္းက ကြၽန္ေတာ္ ငသစ္ကို ျပန္ျမင္ေယာင္လာသလိုပင္။ 'အခုဆို သူ ဘာေတြမ်ား လုပ္ေနလိမ့္မလဲ!? အရင္ကလို ႐ူး႐ူးမိုက္မိုက္ေတြေတာ့ မလုပ္ေလာက္ပါဘူးေလ...' သူ႕အေၾကာင္းေတြ ေခါင္းထဲ ဝင္လာခ်ိန္မွာ မ်က္ရည္ကလည္း အလိုလိုေဝ့ဝဲလာခဲ့ေလသည္။
"ေပ်ာ္ေပ်ာ္ေနစမ္းပါကြာ။ သူ႕ကို ေခါင္းထဲကေန ခဏထုတ္ထားလိုက္။ သူ ေကာင္းဖို႔ မင္း ဆုံးျဖတ္ခ်က္ခ်ခဲ့တာက မွန္ပါတယ္။"
"ဒါေတြကို သူ နားလည္ဖို႔ပဲ လိုတာပါ။"
ကြၽန္ေတာ္လည္း သက္ျပင္း႐ွည္တစ္ခုကို ခ်လိုက္ၿပီး ေ႐ွ႕ဆက္ေလွ်ာက္ဖို႔ အားတင္းထားလိုက္ရေတာ့သည္။
*ကဲ...မုန္တိုင္းက ပါးပါးေလးပါဆို...ယုံမွ မယုံၾကတာ။ မနက္ျဖန္ သူတို႔Roတာကို ဆက္ေစာင့္ၾကည့္ေပးၾကပါလို႔😁😁😁
#Śûè
***************