(Unicode Version)
ရပ်ကွက်ထဲက အလှူပွဲအတွက် ကျွန်တော်တို့နှစ်ဦး လုပ်အားပေးအဖြစ် ကူညီပေးဖို့ ကတိပေးထားခဲ့ကြသည်။ ပိုက်ဆံတော်တော်လေး အကုန်အကျခံထားရတဲ့ အလှူပွဲမို့ ခြိမ့်ခြိမ့်သဲ စည်ကားနေလေတော့သည်။ လုပ်အားပေးဖို့အတွက် တစ်ရပ်ကွက်လုံးက တက်ကြွနေပြီး ရွာအလှူပွဲလို ဖြစ်နေခဲ့လေသည်။
"လပြည့်မှူးက ရှေ့ဆုံးက ရှင်လောင်းကို ထီးမိုးပေးရမယ်။ လဝန်းသစ်က ဒုတိယမြောက် ရှင်လောင်းကို ထီးမိုးပေးရမယ်နော်။"
ပွဲစီစဉ်သူက ကျွန်တော်တို့ကို နေရာချပေးခဲ့ပြီး တခြားသူတွေဆီသို့ ထွက်သွားချိန်မှာ ငသစ်ရဲ့ခေါ်သံကို ကြားလိုက်ရသည်။
"ဒယ်ဒီ..."
"ဘာလဲ!?"
"မျက်နှာကို ခပ်တည်တည်ထား။ တွေ့တဲ့လူတိုင်းကို လိုက်ရယ်ပြမနေနဲ့။"
ကိုယ့်ပါးစပ်တောင် ကိုယ် မပိုင်တဲ့ဘဝထက် ဆိုးဝါးတာ ရှိပါဦးမလား!? ဒါပေမဲ့ သူများရဲ့အလှူမှာ ပြဿနာမဖြစ်ချင်တာမို့ နှုတ်ဆိတ်ပြီး နေခဲ့မိသည်။ ခဏအကြာမှာ ကျွန်တော်တို့လည်း သက်ဆိုင်ရာရှင်လောင်းတစ်ဦးစီနဲ့အတူ ကားပေါ်သို့တက်ပြီး ရွှေတိဂုံဘုရားသို့ စတင်ထွက်ခွာခဲ့ကြတော့သည်။ စည်ကားလှတဲ့ လူအုပ်ကြီးနဲ့အတူ ဘုရားပေါ်သို့ တက်ခဲ့ချိန်မှာ ဘုရားဖူးအားလုံးအတွက် ထူးခြားတဲ့မြင်ကွင်းတစ်ခုလို ဖြစ်နေတာမို့ ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ခြင်းကိုလည်း ခံယူခဲ့ရလေသည်။ ထိုနောက် ဓလေ့ထုံးစံအတိုင်း နတ်ပြခြင်းနဲ့ ရှင်လောင်းလှည့်ခြင်းတွေကို ပြုလုပ်ခဲ့ကြသည်။ ထိုအချိန်အထိ အရာအားလုံးက အေးအေးဆေးဆေး ရှိနေဆဲပင်။ သို့ပေမယ့် ဘုရားပေါ်မှာ အုပ်စုလိုက်အမှတ်တရဓာတ်ပုံရိုက်ဖို့ နေရာယူချိန်မှာ ပြဿနာစ,လာခဲ့လေသည်။ ကျွန်တော့်ဘေးနားမှာ လာရပ်ကြတဲ့ ရပ်ကွက်ထဲက ကွမ်းတောင်ကိုင်မိန်းကလေးတစ်ချို့ကို ငသစ်က မနှစ်မြို့ဟန်ဖြင့် လှမ်းကြည့်နေတာကို တွေ့လိုက်ရတာမို့ တတ်နိုင်သလောက် ရှောင်ပြီး ရပ်နေခဲ့ရတော့သည်။ ကံဆိုးချင်တော့ ထိုအုပ်စုက နေရာယူဖို့ တိုးကြိတ်နေရင်းနဲ့ မိန်းကလေးတစ်ဦးက ကျွန်တော့်အပေါ်ကို မတော်တဆ ယိုင်ကျလာခဲ့လေသည်။ ဒုက္ခရောက်နေသူကို လျစ်လျူရှုထားခြင်းမျိုး မလုပ်တတ်တဲ့ ကျွန်တော့်စိတ်ကြောင့် သူမကို ကူညီပေးဖို့ ပြင်လိုက်ချိန်မှာ ခါးကို ဖက်မိသလို ဖြစ်သွားလေတော့သည်။ ကျွန်တော်တို့နှစ်ဦးရဲ့ပုံစံက စုံတွဲအကတစ်ခုနဲ့ ကဗျာဆန်ဆန် ဖျော်ဖြေနေသလို ဖြစ်ခဲ့ပေမယ့် ထိုမြင်ကွင်းလေးက ကြာရှည်မခံခဲ့ပေ။ ငသစ်က ကျွန်တော်ရှိရာဆီသို့ အမြန်ရောက်ရှိလာပြီး ဆွဲခေါ်လိုက်တာမို့ ထိုမိန်းကလေးခမျာ ဘေးနားမှာထိုင်နေရှာတဲ့ ရှင်လောင်းရဲ့ဖခင်ပေါ်သို့ လဲကျသွားလေသည်။ ပြဿနာရဲ့နောက်ဆက်တွဲအနေနဲ့ ရှင်လောင်းရဲ့မိခင်က ခင်ပွန်းဖြစ်သူကို ဆူပူသောင်းကျန်းလေတော့သည်။
"ရှင်က အလှူမှာတောင် နှာဘူးထ,နေတုန်းပဲလား!?"
ရှင်လောင်းရဲ့ဖခင်ဖြစ်သူက ငယ်စဥ်တုန်းက မိန်းမပြဿနာရှိခဲ့ဖူးတာမို့ ဒီကိစ္စက ဇနီးဖြစ်သူရဲ့ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားခဲ့လေသည်။
"မဟုတ်ဘူးလေ...သူက ကိုယ့်အပေါ် လဲကျလာလို့ ဖမ်းထားလိုက်ရတာ။"
"ဖမ်းပြီးရင်လည်း ပြန်လွှတ်လိုက်ပေါ့။ ဘာလို့ အကြည်စိုက်နေသေးလဲ!?"
"ကိုယ် သူ့ကို ချက်ချင်းလွှတ်ပေးလိုက်တာပဲလေ။"
"ဘာကို ချက်ချင်း လွှတ်ပေးတာလဲ!? စိုက်ကြည့်နေတာ ဆယ်စက္ကန့်လောက် ကြာသွားတာကို ကျွန်မ မသိဘူးများ ထင်နေလား!?"
"ဆယ်စက္ကန့်ဆိုတာက အီးပေါက်သလောက်တောင် မကြာပါဘူးကွာ။"
"ရှင့်ကို မိန်းကလေးတွေနဲ့ ခပ်ကင်းကင်းနေဖို့ ပြောထားခဲ့ပြီးသား။ ဒါတောင်မှ အခုအရွယ်ထိ တဏှာက ကြီးတုန်းပဲလား!?"
"မင်း...ငါ့ကို စော်ကားပေါင်းများနေပြီနော်။"
"အဲ့တော့ ဘာဖြစ်ချင်လဲပြော!?"
"ကွာချင်တာ...ရှင်းပြီလား!? ရှင့်လိုလူနဲ့ နေရတာကို စိတ်ကုန်နေပြီ။ အလကားနေ နှာဘူးထနေတဲ့ တဏှာရူးကြီး။"
"အေး... ကောင်းတယ်။ ငါကလည်း မင်းလို နေရာတကာ လိုက်တွက်ကပ်နေတဲ့ မိန်းမကို စိတ်ကုန်နေတာ ကြာပြီ။ ဒီလောက်တောင်မှ ကွာချင်နေတဲ့မိန်းမ...စိတ်ချ ကွာပေးမယ်။"
ငသစ် မွှေလိုက်တဲ့ ပြဿနာက အလှူရှင်နှစ်ဦး ကွာရှင်းတဲ့အထိ ဖြစ်သွားတော့မှာမို့ ဝင်ရှင်းပြပေးဖို့ ကျွန်တော် ကြိုးစားလိုက်ရလေသည်။
"ဟို...ဦးနဲ့ အန်တီ...စိတ်ကို လျှော့ကြပါဗျာ။ တစ်ခုခုကို ယတိပြတ်ကြီး မဆုံးဖြတ်ခင် ဦးတို့ရဲ့သားတွေကို တစ်ချက်လောက်ဖြစ်ဖြစ် ကြည့်ပေးကြပါဦး။"
ကျွန်တော့်စကားကြောင့် သူတို့နှစ်ဦးက ငိုမဲ့မဲ့ဖြစ်နေကြတဲ့ ရှင်လောင်းတွေကို ပြန်လှည့်ကြည့်ခဲ့ရတော့သည်။ ထိုအချိန်မှာပင် ဆယ်အိမ်မှူးလည်း ကျွန်တော်တို့ရှိရာဆီ ရောက်ရှိလာပြီး အခြေအနေကို ဝင်ထိန်းလိုက်ရလေသည်။
"သားတွေရဲ့မျက်နှာကို ကြည့်ကြပါဦးဗျာ။ ဒီနေ့က အားလုံး ပျော်ရွှင်နေရမယ့်နေ့လေ။ ဒေါသကို ထိန်းဦးမှပေါ့။"
ခဏအကြာမှာ ရန်ပွဲက အဆုံးသတ်သွားပြီး ထုံးတမ်းစဉ်လာအတိုင်း ထိုရှင်ပြုပွဲကို ဆက်ကျင်းပဖြစ်ခဲ့ကြသည်။ ပြဿနာအားလုံးရဲ့တရားခံဖြစ်သူ ငသစ်ကို ကျွန်တော် ဆူလိုက်ချင်ပေမယ့် လူကြားထဲမှာမို့ နှုတ်ဆိတ်နေခဲ့ရလေသည်။
"ဒယ်ဒီ...ကျွန်တော့်ကို စိတ်ဆိုးနေပြီလား!?"
ဘုရားပေါ်က ဆင်းပြီး ကားပေါ်တက်ဖို့ ပြင်နေချိန်မှာ ငသစ်က ကျွန်တော့်အနားကို ကပ်လာပြီး ပြောလိုက်တာမို့ စိတ်ကိုထိန်းပြီး ပြန်ဖြေလိုက်ရတော့သည်။
"ငါ စိတ်ဆိုးတာထက် သူများအလှူပွဲပျက်မှာက ပိုဆိုးတာကွ။ လူကြားထဲမှာ ဆင်ဆင်ခြင်ခြင် နေပါဆိုတာ ပြောလို့ကို မရဘူး။ ပွဲပျက်သွားရင် မေမေ့ကိုလည်း ရပ်ကွက်က အပြစ်ဝိုင်းပြောကြမှာ။"
"နောက်မဖြစ်စေရပါဘူး...ဒယ်ဒီရယ်။ စိတ်မဆိုးနဲ့တော့နော်။"
"ကိုယ့်နေရာကိုယ် သွားတော့။ ငါ ကားပေါ်ကို တက်ရတော့မှာ။"
ငသစ်ကို ထားခဲ့ပြီး ကျွန်တော် ကားပေါ်သို့ တက်လာခဲ့မိသည်။ ဒါပေမဲ့ ခဏကြာချိန်မှာ ကားပေါ်ကို လူတစ်ယောက် တက်လာတာမို့ လှမ်းကြည့်လိုက်ချိန်မှာ ထိုလူက ငသစ် ဖြစ်နေခဲ့လေသည်။
"မင်းက ဒီကားပေါ် ဘာလာလုပ်တာလဲ!?"
"ကျွန်တော့်ကို နောက်ကားက လက်မခံတော့ဘူး။ သူ့မိဘတွေ ပြဿနာဖြစ်အောင် လုပ်မိလို့တဲ့။"
ငသစ် မှားခဲ့တာကို နားလည်ပေမယ့် အခုလိုမျိုး ဖယ်ကျဉ်ထားတာကိုတော့ လုံးဝအလိုမကျပေ။ ကျွန်တော့်ကြောင့် မှားယွင်းသွားတဲ့ သူ့အပြုအမူကို တခြားသူတွေက အပြစ်မြင်နေကြမှာကိုလည်း မလိုချင်ပေမယ့် ပြဿနာ ထပ်မဖြစ်ရအောင် ဒေါသကို ထိန်းပြီး ငသစ်ရဲ့လက်ကို ဆုပ်ကိုင်ထားလိုက်မိတော့သည်။
"ဘာဖြစ်လို့ ဒယ်ဒီ့လက်တွေက အေးနေတာလဲ!?"
"ဒေါသထွက်နေလို့။"
"ကျွန်တော့်ကိုလား!?"
"ပါးစပ်ပိတ်ထား...လောလောဆယ် စိတ်ငြိမ်အောင် ထားနေတာ။"
ကျွန်တော့်ဆီက ခပ်ပြတ်ပြတ်အသံနဲ့ တုံ့ပြန်လိုက်မှုကြောင့် ငသစ်လည်း နှုတ်ဆိတ်သွားရလေသည်။ ပြဿနာတွေကို ထိုမျှနဲ့ ပြီးဆုံးသွားစေချင်ပေမယ့်လည်း ကံတရားက ကျွန်တော့်ကို မျက်နှာသာမပေးခဲ့ပေ။ ကျွန်တော်တို့ရပ်ကွက်ထဲကို ပြန်ရောက်လာပြီး မဏ္ဍပ်မှာ ဝိုင်းကူလုပ်ပေးနေချိန်မှာ ဆူညံသံတစ်ခုကို ကြားလိုက်ရတော့သည်။
"မင်းက တကယ့်ပြဿနာကောင်ပဲ။"
ဧည့်သည်တွေအတွက် ပန်းကန်တွေကို လိုက်ချပေးရင်းက အသံလာရာဆီသို့ အများနည်းတူ ကျွန်တော် ထွက်လာခဲ့မိသည်။ လူအများအလယ်မှာ ဒေါသတကြီးနဲ့ ပြောဆိုနေသူက အလှူရှင်ရဲ့တူဖြစ်သူပင်။ ဘယ်သူ့ကို အလိုမကျဖြစ်ပြီး ဆူပူနေရတာလဲဆိုတာကို သိချင်စိတ်ကြောင့် ကျွန်တော် အရှေ့နားသို့ တိုးဝင်ပြီး ကြည့်လိုက်မိချိန်မှာ ငသစ်ကို တွေ့လိုက်ရလေသည်။
"ငသစ်!!!"
ကျွန်တော့်အသံလာရာဆီကို လှည့်ကြည့်လာတဲ့ ငသစ်က တစ်ခုခုကြောင့် အားငယ်နေရှာသလိုပင်။
"ဘာတွေ ဖြစ်နေတာလဲ!?"
ကျွန်တော့်အမေးကို ငသစ်က ပြန်မဖြေသေးခင်မှာ တစ်ဖက်လူက အမြန်အဖြေပေးလိုက်လေသည်။
"သူက ဟင်းပွဲတွေကို သေချာလိုက်မချပေးဘဲနဲ့ မှောက်ပစ်လိုက်တော့ ဧည့်သည်တွေကို ပေကျံကုန်ပြီလေ။ ဒီတစ်နေ့လုံး သူပဲ အမျိုးမျိုး ပြဿနာလိုက်ရှာနေတာ။ လာကူညီတာလား!? သက်သက်မဲ့ ပွဲဖျက်နေတာလား!?"
ထိုလူရဲ့စကားကို ကျန်တဲ့သူအားလုံးက ဝိုင်းပြီး ထောက်ခံလိုက်ကြတော့သည်။
"ဟုတ်တယ်...အလှူရှင်လင်မယားလည်း သူ့ကြောင့်ပဲ ပြဿနာတက်သွားရတာ။"
"ဟုတ်ပ...စိတ်ပျက်စရာကောင်းလိုက်တာ။"
"သူ့ကို ငယ်ငယ်တုန်းက လိမ္မာတဲ့သူဖြစ်မယ်လို့ ထင်ထားခဲ့တာ။ အခုတော့ တော်တော်ကို ချဉ်သွားပြီ။"
ထိုစကားတွေကြောင့် သည်းခံပေးခဲ့သမျှက ပေါက်ကွဲထွက်လုနီးပါးပင်။ ဒါပေမဲ့ ကိုယ့်လူဘက်က အမှားဖြစ်နေတာမို့ ငသစ်ကိုယ်စား တောင်းပန်စကားဆိုပြီး ပြဿနာကို ဖြေရှင်းပေးဖို့ ဆုံးဖြတ်လိုက်မိသည်။
"ငသစ်...သူတို့ကို တောင်းပန်လိုက်လေ။"
ငသစ်က ကျွန်တော့်စကားအတိုင်း အားလုံးကို တောင်းပန်စကားဆိုလိုက်လေသည်။
"ပန်းကန်တွေ ကျကွဲသွားခဲ့လို့ တောင်းပန်ပါတယ်။"
သူ့တောင်းပန်မှုတစ်ခုတည်းနဲ့ လေးနက်မှုမရှိမှာကို စိုးရိမ်ပြီး ကျွန်တော်ကိုယ်တိုင် ထပ်ပြီး တောင်းပန်ပေးလိုက်မိသည်။
"သူ့ကြောင့် ပန်းကန်တွေ လွတ်ကျသွားခဲ့တဲ့အတွက် ကျွန်တော် ကိုယ်စား တောင်းပန်ပါတယ်။ အခု အားလုံးပျော်နေရမယ့်အချိန်ဆိုတော့ ဒီကိစ္စကို ဒီလောက်နဲ့ပဲ ပြီးပေးလိုက်ပါတော့။ ကျကွဲသွားရတဲ့ ပန်းကန်တွေအတွက် ကျွန်တော်တို့ ပြန်လျော်ပေးပါ့မယ်။"
"ငါတို့မိသားစုက ဒီပန်းကန်ကို ပြန်မဝယ်နိုင်တဲ့အထိ မွဲတေမနေဘူး။ ဒီကောင်က $ချိုးမပြေလို့ ဆုံးမပေးနေတာ။"
ငသစ်ကို ရိုင်းရိုင်းစိုင်းစိုင်း ပြောနေတဲ့ ထိုလူ့ကို ကျွန်တော် စိတ်မပါပေမယ့် အတတ်နိုင်ဆုံး ချိုသာစွာ ပြန်ပြောခဲ့ရလေသည်။
"သူလည်း မရည်ရွယ်ဘဲနဲ့ ဖြစ်သွားခဲ့တာပါ။ အလှူကို ပျက်စီးစေချင်တဲ့စိတ်မျိုး လုံးဝမရှိပါဘူး။ သူ့ကို နားလည်ပေးလိုက်ကြပါ။"
"မင်းအိမ်ကလူဆိုတော့ လိုက်ကာကွယ်ပြီး ဒီစကားပဲ ပြောမှာပေါ့။ အလိုလိုက်ထားတော့ လူမှန်းသူမှန်း မသိတော့တာလေ။"
"မင်း ဘာစကားပြောတာလဲ!?"
တောင်းပန်စကားကို ချိုသာစွာ ပြောနေခဲ့တဲ့ ကျွန်တော့်ဆီက ဒီလိုစကားမျိုးထွက်လာချိန်မှာ အားလုံးက အံ့အားသင့်သွားရလေသည်။
"မင်း...အခု ဘယ်လိုလေသံမျိုးနဲ့ ပြောလိုက်တာလဲ!?"
"ကြားတဲ့အတိုင်းပဲလေ။ မှားခဲ့တာကိုလည်း တောင်းပန်ပြီးနေပြီ။ ဘာလို့ ဒီပြဿနာကိုပဲ အကြီးလိုက်ချဲ့နေတာလဲ!?"
"အဲ့ကောင်က $သုံးမကျတာကိုလည်း ထည့်ပြောဦးလေ။ ဘုရားပေါ်မှာ ပြဿနာရှာခဲ့ပြီးတာကို အားမရဘဲနဲ့ ဧည့်ခံပွဲမှာပါ လိုက်ဒုက္ခပေးနေတာကို တောင်းပန်ပေးလိုက်ရုံနဲ့ ငါတို့က ကျေနပ်ပေးရမှာလား!?"
"ဒါအလှူလေ...အမှားရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးရမှာ ထုံးစံပဲ။ မင်းတို့ အခုလုပ်နေပုံက လူကြားထဲမှာ တမင်အရှက်ခွဲနေကြသလိုပဲ။ ဒီလိုလူမှုရေးကို နားမလည်တာ သူလား... မင်းတို့လား!?"
"အလှူကို လာဖျက်ဆီးနေပြီးတော့ နှုတ်သီးသိပ်ကောင်းနေတယ်ပေါ့။ မင်းတို့လိုကောင်မျိုးတွေကို ငါတို့က ဂရုစိုက်မယ်လို့ ထင်နေတာလား!?"
"ငါတို့ကလည်း မင်းတို့ကို ခေါင်းထဲတောင် ထည့်မထားပါဘူး။ တောင်းပန်စရာရှိတာကို တောင်းပန်ပြီးပြီ။ ဒါကိုမှ မကျေနပ်ရင် နှုတ်တင်မဟုတ်ဘူး...လက်သီးကလည်း ကောင်းတယ်ဆိုတာကို မင်း သိသွားလိမ့်မယ်။"
"ကြီးကြီးကျယ်ကျယ်တွေ လာပြောနေသေးတယ်။ မင်းမှာပဲ လက်ပါတာလား!? ငါတို့မှာလည်း ပါတာပဲ။"
အခြေအနေတွေက တင်းမာလာချိန်မှာ ဆယ်အိမ်မှူးက အပြေးဝင်တားလိုက်ရပြန်သည်။
"အလှူပွဲမှာ သွေးထွက်သံယိုတွေ ဖြစ်ကုန်ရင် မကောင်းပါဘူး။ နှစ်ဖက်စလုံးက စိတ်လျှော့လိုက်ကြပါတော့။ ဧည့်သည်တွေလည်း ရှိနေတာ ရှက်ဖို့ကောင်းပါတယ်။"
အာချောင်ရုံသာ တတ်တဲ့ ထိုအုပ်စုက ဆယ်အိမ်မှူးရဲ့စကားကြောင့် အခြားတစ်နေရာသို့ ထွက်သွားကြလေသည်။ ထိုအခါကျမှ ဆယ်အိမ်မှူးက ကျွန်တော်တို့နှစ်ဦးဘက်ကို လှည့်လာပြီး ပြောခဲ့တော့သည်။
"မင်းတို့လည်း အိမ်ကို ပြန်ပြီးအနားယူလိုက်တော့။ သူတို့နဲ့ ပြဿနာထပ်ဖြစ်ရင် အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရမှာ။"
ဆယ်အိမ်မှူးရဲ့စကားကို နားထောင်ပြီး အိမ်သို့ ပြန်လာရာလမ်းမှာ ငသစ်က ကျွန်တော့်ကို မဝံ့မရဲနဲ့ ပြောခဲ့လေသည်။
"သူက ခြေထိုးခံလိုက်တာ။"
ဘာကိုဆိုလိုချင်မှန်း သေချာနားမလည်တာမို့ ငသစ်ကို ကျွန်တော် ပြန်မေးလိုက်မိသည်။
"မင်း ဘာပြောလိုက်တာလဲ!?"
"ကျွန်တော် ပန်းကန်သယ်လာနေတုန်း သူက တမင်ခြေထိုးခံလိုက်တာ။"
ငသစ်လိုလူမျိုးက ဒီလိုမတရားတဲ့ ကိစ္စတစ်ခုကို ငြိမ်ခံနေခဲ့ခြင်းက ကျွန်တော့်ကို အံ့သြသွားစေတော့သည်။
"ဒါဆို ဘာလို့ စောစောက ပြန်မပြောဘဲ ငြိမ်ခံနေခဲ့တာလဲ!?"
"ပြဿနာဖြစ်ပြီးကတည်းက ကျွန်တော့်ကို ဒယ်ဒီက စိတ်ဆိုးနေတာလေ။ အခုထပ်ဖြစ်ရင် ပိုဆိုးသွားမှာပေါ့။ အဲဒါကြောင့် ငြိမ်နေခဲ့ရတာ။"
ထိုအဖြေကြောင့် ငသစ်ကို ကျွန်တော် သနားစိတ်ဝင်လာပြီး အမှန်အတိုင်း ပြောပြလိုက်မိသည်။
"ငါ စိတ်ဆိုးနေတဲ့သူက မင်းမှ မဟုတ်တာ။"
ကျွန်တော့်စကားကိုကြားမှ ငသစ်က ပြုံးရွှင်သွားလေတော့သည်။
"ဒါဆို ဘယ်သူ့ကို စိတ်ဆိုးနေတာလဲ!?"
"ကားပေါ်ကနေ မင်းကို နှင်ထုတ်လိုက်တဲ့သူတွေကို စိတ်ဆိုးနေတာ။ ငွေဂုဏ်မောက်ပြီး ထင်တိုင်းကြဲနေကြတာလေ။"
ငသစ်က ကျွန်တော့်ကို ကြည့်ပြီး ရယ်နေခဲ့လေသည်။
"မင်းက ဘာရယ်တာလဲ!?"
"ဒယ်ဒီ ရန်တွေ့နေတာလေးက ချစ်ဖို့ကောင်းတယ်။ စောစောကလည်း စွာလိုက်တာ ပြောမနေနဲ့။ လက်သီးလည်း ကောင်းတယ်ဆိုပဲ။"
"လူလို တောင်းပန်တာကို နားမလည်မှတော့ဒေါသက ထွက်လာရပြီပေါ့။"
"ဟုတ်တယ်...ကျွန်တော့်ဒယ်ဒီက အမှန်ဆုံးပဲ။"
ကျွန်တော်တို့နှစ်ဦး စကားပြောရင်းနဲ့ အိမ်ကို ပြန်ရောက်လာချိန်မှာ မေမေက အိမ်ပေါက်ဝကနေ ဆီးကြိုနေခဲ့သည်။
"မေးစရာလေးရှိလို့ ဒီနားကို လာကြပါဦး။"
ထိုလေသံက တစ်စုံတစ်ခုကို အခဲမကျေတဲ့အသံမှန်း ကျွန်တော်တို့ ကောင်းကောင်းကြီး သိနေပေသည်။ ထိုကြောင့် မေမေ့အနားသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားရတော့သည်။
"သူများအလှူမှာ ဘာတွေ ပြဿနာရှာလာခဲ့ကြတာလဲ!?"
ဆယ်အိမ်မှူးက ပါးစပ်ဖွာတတ်မှန်း သိထားပြီးသားမို့ အိမ်မှာနေတဲ့ မေမေ့ဆီ ထိုသတင်းကို သယ်လာသူကလည်း သူဆိုတာ သေချာသိနေလေသည်။
"အဲဒါက..."
ကျွန်တော့်စကားမဆုံးခင်မှာ ငသစ်က ကြားဝင်ဖြေရှင်းပေးလိုက်တော့သည်။
"မိန်းကလေးတွေက ဒယ်ဒီ့အနားကို အတင်းကပ်ပြီး ဓာတ်ပုံရိုက်ဖို့ လုပ်နေကြတာနဲ့ သားက ဒယ်ဒီ့ကို ကူညီတဲ့အနေနဲ့ ဆွဲခေါ်ပေးထားလိုက်တာ။ ယတြာထဲက ကာမအမှုမှာ အဲ့လို အသားချင်းထိတာမျိုးလည်း ပါတယ်လေ။ ဒါပေမဲ့ အဲ့ကောင်မလေးက အလှူရှင်ဦးလေးကြီးပေါ် လဲသွားတော့ သူတို့လင်မယားချင်း ပြဿနာတက်ကုန်တာ။"
ငသစ်ရဲ့အဖြေကို မေမေက သဘောတူသွားသလိုပုံစံမျိုးဖြင့် အခြားတစ်ခုကို ပြောင်းပြီး မေးခဲ့လေသည်။
"ဒါဆို ဧည့်ခံပွဲမှာ ရန်ဖြစ်ကြတာကရော!?"
"အဲ့တစ်ယောက်က အရင်ရန်လာစပြီး ကျွန်တော့်ကို ခြေထိုးခံလိုက်တော့ ချော်လဲကျပြီး လက်တွေတောင် ပွန်းသွားတယ်။ ဒီမှာလေ... သွေးစို့နေတယ် တွေ့လား!?"
ငသစ်က သူ့လက်ဖဝါးက ဒဏ်ရာကို အကြီးချဲ့ပြီး မပြရုံတမယ် မေမေ့ကို မဲဆွယ်နေလေသည်။
"အေးလေ...ဟုတ်သားပဲ။ အဲဒါကို သူတို့က ပြန်မတောင်းပန်ဘူးလား!?"
"မတောင်းပန်တဲ့အပြင် သားက ပန်းကန်ကွဲအောင်လုပ်တယ်ဆိုပြီး သူတို့ကို အတင်းပြန်တောင်းပန်ခိုင်းခဲ့တာ။ သားတို့နှစ်ယောက်က တောင်းပန်ပေးခဲ့တာကို မကျေနပ်သေးဘဲနဲ့ ထပ်ပြဿနာရှာသေးတယ်လေ။"
"တော်တော်ဆိုးသွမ်းတဲ့သူတွေပဲ။ ပိုက်ဆံရှိတယ်ဆိုပြီး မောက်မာနေကြတယ်။ သွား... ရေချိုးပြီး ခဏနားလိုက်ကြတော့။ အဲ့ကိစ္စကိုလည်း ခေါင်းထဲက ထုတ်ပစ်လိုက်။"
မေမေက ငသစ်ရဲ့အပြောအောက်မှာ လှလှကြီး မျောပါသွားခဲ့လေပြီ။ ကျွန်တော်တို့နှစ်ဦး အပေါ်ထပ်သို့ တက်လာချိန်မှာ ငသစ်က အနောက်ကနေ လာပွေ့ဖက်ပြီး လည်တိုင်ကို နမ်းရှိုက်လိုက်တော့သည်။
"စောစောက မင်းပြောတော့ ကာမအမှုထဲမှာ အသားချင်းတောင် မထိရဘူးဆို။ ဘာလို့ ငါ့ကို လာနမ်းနေတာလဲ!?"
"နည်းနည်းတော့ အာရွှီးပေးလိုက်ရတာပေါ့။ ဖွားဖွားအကြောင်းကိုလည်း ဒယ်ဒီ သိတာပဲလေ။ ဆူနေတာက ညနေစောင်းတဲ့အထိ ပြီးမှာ မဟုတ်ဘူး။ အခုတော့ ငြိမ်ကျသွားပြီ။"
ငသစ် ပြောတာတွေကလည်း အမှန်တွေပဲမို့ ကျွန်တော် ထပ်မငြင်းတော့ဘဲ ငြိမ်နေလိုက်မိသည်။
"ဒယ်ဒီ..."
"ဟင်...ဘာလဲ!?"
"စောစောက ကျွန်တော့်ဘက်ကနေ ဘာလို့ လိုက်ပြောပေးခဲ့တာလဲ!? ကျွန်တော့်အတွက် ဘာလို့ စိတ်တိုပေးရတာလဲ!?"
"မင်းကို ငါကလွဲပြီး ဘယ်သူမှ ဆဲခွင့်မရှိဘူးလေ။ အဲဒါကြောင့် ငါ့အခွင့်အရေးကို ပြန်လုထားလိုက်တာ။"
ကျွန်တော့်စကားကြောင့် ငသစ်က ရယ်မောလိုက်လေသည်။
"ဟုတ်ပါပြီ။ ကျွန်တော့်ကို ရာသက်ပန် မူပိုင်ဆဲခွင့်ကို ဒယ်ဒီ့ဆီမှာ ပေးထားပါ့မယ်။"
ငသစ်ရဲ့စကားကြောင့် ကျွန်တော်လည်း ပြုံးလိုက်မိတော့သည်။ 'သူနဲ့ အနေနီးလာလို့များလား!? တစ်ယောက်ယောက်က သူ့အပေါ်ကို မကောင်းပြောတာနဲ့ ကျွန်တော်ကိုယ်တိုင်ကလည်း အကဲဆတ်လာပြီး သူ့အနားမှာ နေရတာကိုလည်း တပ်မက်လာခဲ့လေသည်။
"ဒီသုံးလကလည်း မကုန်နိုင်သေးဘူး။"
ငသစ်ရဲ့အသံက တကယ့်ကို စိတ်ပျက်နေခဲ့သလိုပင်။
"အခုမှ သုံးရက်ပဲ ရှိသေးတာ။ ဘာလာဖြစ်နေတာလဲ!?"
"အဲ့ရက်အရေအတွက်ကို ထုတ်ပြီး မပြောပါနဲ့။ မခံစားနိုင်လွန်းလို့ပါ။ အဲ့ဗေဒင်ဆရာဆီကို တစ်ရက်တော့ လိုက်သွားဦးမယ်။"
"ဘာလုပ်မလို့လဲ!?"
"နုတ်နုတ်စဉ်းပစ်မလို့။"
ကျွန်တော် ဟက်ဟက်ပက်ပက် ရယ်မောခဲ့မိလေသည်။ ငသစ်လိုလူအတွက် ဒီသုံးလက အရှင်လတ်လတ် ငရဲကျနေသလို ဖြစ်နေမှာ သေချာနေတော့သည်။
*စာဖတ်သူအားလုံးကို ပြောစရာလေးတစ်ခု ရှိပါတယ်ရှင့်။ အခန်း(၃၈)ရဲ့ပထမဆုံးစာကြောင်းမှာ 'စာမေးပွဲဖြေပြီးသွားတာမို့' ဆိုတဲ့ စာသားအစား 'စာမေးပွဲဖြေခါနီးမှာ ကျောင်းပိတ်သွားပြီမို့' လို့ ပြင်ဆင်ပေးထားပါတယ်။ ဒီနှစ်မှာ ဖြစ်ပျက်နေတာတွေကို ထည့်ရေးရမှာမို့ အချိန်တွက်ကြည့်တော့ နည်းနည်းလေးလွဲသွားလို့ပါ။ ပြင်ပေးထားတာက ရက်နည်းနည်းကြာမှ ပြောင်းသွားမှာမို့ အသိပေးထားခြင်းဖြစ်ပါတယ်။
#Śûè
***************
အခန္း ၄၁(Zawgyi Version)
ရပ္ကြက္ထဲက အလႉပြဲအတြက္ ကြၽန္ေတာ္တို႔ႏွစ္ဦး လုပ္အားေပးအျဖစ္ ကူညီေပးဖို႔ ကတိေပးထားခဲ့ၾကသည္။ ပိုက္ဆံေတာ္ေတာ္ေလး အကုန္အက်ခံထားရတဲ့ အလႉပြဲမို႔ ၿခိမ့္ၿခိမ့္သဲ စည္ကားေနေလေတာ့သည္။ လုပ္အားေပးဖို႔အတြက္ တစ္ရပ္ကြက္လုံးက တက္ႂကြေနၿပီး ႐ြာအလႉပြဲလို ျဖစ္ေနခဲ့ေလသည္။
"လျပည့္မႉးက ေ႐ွ႕ဆုံးက ႐ွင္ေလာင္းကို ထီးမိုးေပးရမယ္။ လဝန္းသစ္က ဒုတိယေျမာက္ ႐ွင္ေလာင္းကို ထီးမိုးေပးရမယ္ေနာ္။"
ပြဲစီစဥ္သူက ကြၽန္ေတာ္တို႔ကို ေနရာခ်ေပးခဲ့ၿပီး တျခားသူေတြဆီသို႔ ထြက္သြားခ်ိန္မွာ ငသစ္ရဲ႕ေခၚသံကို ၾကားလိုက္ရသည္။
"ဒယ္ဒီ..."
"ဘာလဲ!?"
"မ်က္ႏွာကို ခပ္တည္တည္ထား။ ေတြ႕တဲ့လူတိုင္းကို လိုက္ရယ္ျပမေနနဲ႔။"
ကိုယ့္ပါးစပ္ေတာင္ ကိုယ္ မပိုင္တဲ့ဘဝထက္ ဆိုးဝါးတာ ႐ွိပါဦးမလား!? ဒါေပမဲ့ သူမ်ားရဲ႕အလႉမွာ ျပႆနာမျဖစ္ခ်င္တာမို႔ ႏႈတ္ဆိတ္ၿပီး ေနခဲ့မိသည္။ ခဏအၾကာမွာ ကြၽန္ေတာ္တို႔လည္း သက္ဆိုင္ရာ႐ွင္ေလာင္းတစ္ဦးစီနဲ႔အတူ ကားေပၚသို႔တက္ၿပီး ေ႐ႊတိဂုံဘုရားသို႔ စတင္ထြက္ခြာခဲ့ၾကေတာ့သည္။ စည္ကားလွတဲ့ လူအုပ္ႀကီးနဲ႔အတူ ဘုရားေပၚသို႔ တက္ခဲ့ခ်ိန္မွာ ဘုရားဖူးအားလုံးအတြက္ ထူးျခားတဲ့ျမင္ကြင္းတစ္ခုလို ျဖစ္ေနတာမို႔ ဓာတ္ပုံ႐ိုက္ၿပီး မွတ္တမ္းတင္ျခင္းကိုလည္း ခံယူခဲ့ရေလသည္။ ထိုေနာက္ ဓေလ့ထုံးစံအတိုင္း နတ္ျပျခင္းနဲ႔ ႐ွင္ေလာင္းလွည့္ျခင္းေတြကို ျပဳလုပ္ခဲ့ၾကသည္။ ထိုအခ်ိန္အထိ အရာအားလုံးက ေအးေအးေဆးေဆး ႐ွိေနဆဲပင္။ သို႔ေပမယ့္ ဘုရားေပၚမွာ အုပ္စုလိုက္အမွတ္တရဓာတ္ပုံ႐ိုက္ဖို႔ ေနရာယူခ်ိန္မွာ ျပႆနာစ,လာခဲ့ေလသည္။ ကြၽန္ေတာ္႕ေဘးနားမွာ လာရပ္ၾကတဲ့ ရပ္ကြက္ထဲက ကြမ္းေတာင္ကိုင္မိန္းကေလးတစ္ခ်ိဳ႕ကို ငသစ္က မႏွစ္ၿမိဳ႕ဟန္ျဖင့္ လွမ္းၾကည့္ေနတာကို ေတြ႕လိုက္ရတာမို႔ တတ္ႏိုင္သေလာက္ ေ႐ွာင္ၿပီး ရပ္ေနခဲ့ရေတာ့သည္။ ကံဆိုးခ်င္ေတာ့ ထိုအုပ္စုက ေနရာယူဖို႔ တိုးႀကိတ္ေနရင္းနဲ႔ မိန္းကေလးတစ္ဦးက ကြၽန္ေတာ့္အေပၚကို မေတာ္တဆ ယိုင္က်လာခဲ့ေလသည္။ ဒုကၡေရာက္ေနသူကို လ်စ္လ်ဴ႐ႈထားျခင္းမ်ိဳး မလုပ္တတ္တဲ့ ကြၽန္ေတာ့္စိတ္ေၾကာင့္ သူမကို ကူညီေပးဖို႔ ျပင္လိုက္ခ်ိန္မွာ ခါးကို ဖက္မိသလို ျဖစ္သြားေလေတာ့သည္။ ကြၽန္ေတာ္တို႔ႏွစ္ဦးရဲ႕ပုံစံက စုံတြဲအကတစ္ခုနဲ႔ ကဗ်ာဆန္ဆန္ ေဖ်ာ္ေျဖေနသလို ျဖစ္ခဲ့ေပမယ့္ ထိုျမင္ကြင္းေလးက ၾကာ႐ွည္မခံခဲ့ေပ။ ငသစ္က ကြၽန္ေတာ္႐ွိရာဆီသို႔ အျမန္ေရာက္႐ွိလာၿပီး ဆြဲေခၚလိုက္တာမို႔ ထိုမိန္းကေလးခမ်ာ ေဘးနားမွာထိုင္ေန႐ွာတဲ့ ႐ွင္ေလာင္းရဲ႕ဖခင္ေပၚသို႔ လဲက်သြားေလသည္။ ျပႆနာရဲ႕ေနာက္ဆက္တြဲအေနနဲ႔ ႐ွင္ေလာင္းရဲ႕မိခင္က ခင္ပြန္းျဖစ္သူကို ဆူပူေသာင္းက်န္းေလေတာ့သည္။
"႐ွင္က အလႉမွာေတာင္ ႏွာဘူးထ,ေနတုန္းပဲလား!?"
႐ွင္ေလာင္းရဲ႕ဖခင္ျဖစ္သူက ငယ္စဥ္တုန္းက မိန္းမျပႆနာ႐ွိခဲ့ဖူးတာမို႔ ဒီကိစၥက ဇနီးျဖစ္သူရဲ႕ေဒါသကို ဆြေပးလိုက္သလို ျဖစ္သြားခဲ့ေလသည္။
"မဟုတ္ဘူးေလ...သူက ကိုယ့္အေပၚ လဲက်လာလို႔ ဖမ္းထားလိုက္ရတာ။"
"ဖမ္းၿပီးရင္လည္း ျပန္လႊတ္လိုက္ေပါ့။ ဘာလို႔ အၾကည္စိုက္ေနေသးလဲ!?"
"ကိုယ္ သူ႕ကို ခ်က္ခ်င္းလႊတ္ေပးလိုက္တာပဲေလ။"
"ဘာကို ခ်က္ခ်င္း လႊတ္ေပးတာလဲ!? စိုက္ၾကည့္ေနတာ ဆယ္စကၠန္႔ေလာက္ ၾကာသြားတာကို ကြၽန္မ မသိဘူးမ်ား ထင္ေနလား!?"
"ဆယ္စကၠန္႔ဆိုတာက အီးေပါက္သေလာက္ေတာင္ မၾကာပါဘူးကြာ။"
"႐ွင့္ကို မိန္းကေလးေတြနဲ႔ ခပ္ကင္းကင္းေနဖို႔ ေျပာထားခဲ့ၿပီးသား။ ဒါေတာင္မွ အခုအ႐ြယ္ထိ တဏွာက ႀကီးတုန္းပဲလား!?"
"မင္း...ငါ့ကို ေစာ္ကားေပါင္းမ်ားေနၿပီေနာ္။"
"အဲ့ေတာ့ ဘာျဖစ္ခ်င္လဲေျပာ!?"
"ကြာခ်င္တာ...႐ွင္းၿပီလား!? ႐ွင့္လိုလူနဲ႔ ေနရတာကို စိတ္ကုန္ေနၿပီ။ အလကားေန ႏွာဘူးထေနတဲ့ တဏွာ႐ူးႀကီး။"
"ေအး... ေကာင္းတယ္။ ငါကလည္း မင္းလို ေနရာတကာ လိုက္တြက္ကပ္ေနတဲ့ မိန္းမကို စိတ္ကုန္ေနတာ ၾကာၿပီ။ ဒီေလာက္ေတာင္မွ ကြာခ်င္ေနတဲ့မိန္းမ...စိတ္ခ် ကြာေပးမယ္။"
ငသစ္ ေမႊလိုက္တဲ့ ျပႆနာက အလႉ႐ွင္ႏွစ္ဦး ကြာ႐ွင္းတဲ့အထိ ျဖစ္သြားေတာ့မွာမို႔ ဝင္႐ွင္းျပေပးဖို႔ ကြၽန္ေတာ္ ႀကိဳးစားလိုက္ရေလသည္။
"ဟို...ဦးနဲ႔ အန္တီ...စိတ္ကို ေလွ်ာ့ၾကပါဗ်ာ။ တစ္ခုခုကို ယတိျပတ္ႀကီး မဆုံးျဖတ္ခင္ ဦးတို႔ရဲ႕သားေတြကို တစ္ခ်က္ေလာက္ျဖစ္ျဖစ္ ၾကည့္ေပးၾကပါဦး။"
ကြၽန္ေတာ့္စကားေၾကာင့္ သူတို႔ႏွစ္ဦးက ငိုမဲ့မဲ့ျဖစ္ေနၾကတဲ့ ႐ွင္ေလာင္းေတြကို ျပန္လွည့္ၾကည့္ခဲ့ရေတာ့သည္။ ထိုအခ်ိန္မွာပင္ ဆယ္အိမ္မႉးလည္း ကြၽန္ေတာ္တို႔႐ွိရာဆီ ေရာက္႐ွိလာၿပီး အေျခအေနကို ဝင္ထိန္းလိုက္ရေလသည္။
"သားေတြရဲ႕မ်က္ႏွာကို ၾကည့္ၾကပါဦးဗ်ာ။ ဒီေန႔က အားလုံး ေပ်ာ္႐ႊင္ေနရမယ့္ေန႔ေလ။ ေဒါသကို ထိန္းဦးမွေပါ့။"
ခဏအၾကာမွာ ရန္ပြဲက အဆုံးသတ္သြားၿပီး ထုံးတမ္းစဥ္လာအတိုင္း ထို႐ွင္ျပဳပြဲကို ဆက္က်င္းပျဖစ္ခဲ့ၾကသည္။ ျပႆနာအားလုံးရဲ႕တရားခံျဖစ္သူ ငသစ္ကို ကြၽန္ေတာ္ ဆူလိုက္ခ်င္ေပမယ့္ လူၾကားထဲမွာမို႔ ႏႈတ္ဆိတ္ေနခဲ့ရေလသည္။
"ဒယ္ဒီ...ကြၽန္ေတာ့္ကို စိတ္ဆိုးေနၿပီလား!?"
ဘုရားေပၚက ဆင္းၿပီး ကားေပၚတက္ဖို႔ ျပင္ေနခ်ိန္မွာ ငသစ္က ကြၽန္ေတာ့္အနားကို ကပ္လာၿပီး ေျပာလိုက္တာမို႔ စိတ္ကိုထိန္းၿပီး ျပန္ေျဖလိုက္ရေတာ့သည္။
"ငါ စိတ္ဆိုးတာထက္ သူမ်ားအလႉပြဲပ်က္မွာက ပိုဆိုးတာကြ။ လူၾကားထဲမွာ ဆင္ဆင္ျခင္ျခင္ ေနပါဆိုတာ ေျပာလို႔ကို မရဘူး။ ပြဲပ်က္သြားရင္ ေမေမ့ကိုလည္း ရပ္ကြက္က အျပစ္ဝိုင္းေျပာၾကမွာ။"
"ေနာက္မျဖစ္ေစရပါဘူး...ဒယ္ဒီရယ္။ စိတ္မဆိုးနဲ႔ေတာ့ေနာ္။"
"ကိုယ့္ေနရာကိုယ္ သြားေတာ့။ ငါ ကားေပၚကို တက္ရေတာ့မွာ။"
ငသစ္ကို ထားခဲ့ၿပီး ကြၽန္ေတာ္ ကားေပၚသို႔ တက္လာခဲ့မိသည္။ ဒါေပမဲ့ ခဏၾကာခ်ိန္မွာ ကားေပၚကို လူတစ္ေယာက္ တက္လာတာမို႔ လွမ္းၾကည့္လိုက္ခ်ိန္မွာ ထိုလူက ငသစ္ ျဖစ္ေနခဲ့ေလသည္။
"မင္းက ဒီကားေပၚ ဘာလာလုပ္တာလဲ!?"
"ကြၽန္ေတာ့္ကို ေနာက္ကားက လက္မခံေတာ့ဘူး။ သူ႕မိဘေတြ ျပႆနာျဖစ္ေအာင္ လုပ္မိလို႔တဲ့။"
ငသစ္ မွားခဲ့တာကို နားလည္ေပမယ့္ အခုလိုမ်ိဳး ဖယ္က်ဥ္ထားတာကိုေတာ့ လုံးဝအလိုမက်ေပ။ ကြၽန္ေတာ့္ေၾကာင့္ မွားယြင္းသြားတဲ့ သူ႕အျပဳအမူကို တျခားသူေတြက အျပစ္ျမင္ေနၾကမွာကိုလည္း မလိုခ်င္ေပမယ့္ ျပႆနာ ထပ္မျဖစ္ရေအာင္ ေဒါသကို ထိန္းၿပီး ငသစ္ရဲ႕လက္ကို ဆုပ္ကိုင္ထားလိုက္မိေတာ့သည္။
"ဘာျဖစ္လို႔ ဒယ္ဒီ့လက္ေတြက ေအးေနတာလဲ!?"
"ေဒါသထြက္ေနလို႔။"
"ကြၽန္ေတာ့္ကိုလား!?"
"ပါးစပ္ပိတ္ထား...ေလာေလာဆယ္ စိတ္ၿငိမ္ေအာင္ ထားေနတာ။"
ကြၽန္ေတာ့္ဆီက ခပ္ျပတ္ျပတ္အသံနဲ႔ တုံ႔ျပန္လိုက္မႈေၾကာင့္ ငသစ္လည္း ႏႈတ္ဆိတ္သြားရေလသည္။ ျပႆနာေတြကို ထိုမွ်နဲ႔ ၿပီးဆုံးသြားေစခ်င္ေပမယ့္လည္း ကံတရားက ကြၽန္ေတာ့္ကို မ်က္ႏွာသာမေပးခဲ့ေပ။ ကြၽန္ေတာ္တို႔ရပ္ကြက္ထဲကို ျပန္ေရာက္လာၿပီး မ႑ပ္မွာ ဝိုင္းကူလုပ္ေပးေနခ်ိန္မွာ ဆူညံသံတစ္ခုကို ၾကားလိုက္ရေတာ့သည္။
"မင္းက တကယ့္ျပႆနာေကာင္ပဲ။"
ဧည့္သည္ေတြအတြက္ ပန္းကန္ေတြကို လိုက္ခ်ေပးရင္းက အသံလာရာဆီသို႔ အမ်ားနည္းတူ ကြၽန္ေတာ္ ထြက္လာခဲ့မိသည္။ လူအမ်ားအလယ္မွာ ေဒါသတႀကီးနဲ႔ ေျပာဆိုေနသူက အလႉ႐ွင္ရဲ႕တူျဖစ္သူပင္။ ဘယ္သူ႕ကို အလိုမက်ျဖစ္ၿပီး ဆူပူေနရတာလဲဆိုတာကို သိခ်င္စိတ္ေၾကာင့္ ကြၽန္ေတာ္ အေ႐ွ႕နားသို႔ တိုးဝင္ၿပီး ၾကည့္လိုက္မိခ်ိန္မွာ ငသစ္ကို ေတြ႕လိုက္ရေလသည္။
"ငသစ္!!!"
ကြၽန္ေတာ့္အသံလာရာဆီကို လွည့္ၾကည့္လာတဲ့ ငသစ္က တစ္ခုခုေၾကာင့္ အားငယ္ေန႐ွာသလိုပင္။
"ဘာေတြ ျဖစ္ေနတာလဲ!?"
ကြၽန္ေတာ့္အေမးကို ငသစ္က ျပန္မေျဖေသးခင္မွာ တစ္ဖက္လူက အျမန္အေျဖေပးလိုက္ေလသည္။
"သူက ဟင္းပြဲေတြကို ေသခ်ာလိုက္မခ်ေပးဘဲနဲ႔ ေမွာက္ပစ္လိုက္ေတာ့ ဧည့္သည္ေတြကို ေပက်ံကုန္ၿပီေလ။ ဒီတစ္ေန႔လုံး သူပဲ အမ်ိဳးမ်ိဳး ျပႆနာလိုက္႐ွာေနတာ။ လာကူညီတာလား!? သက္သက္မဲ့ ပြဲဖ်က္ေနတာလား!?"
ထိုလူရဲ႕စကားကို က်န္တဲ့သူအားလုံးက ဝိုင္းၿပီး ေထာက္ခံလိုက္ၾကေတာ့သည္။
"ဟုတ္တယ္...အလႉ႐ွင္လင္မယားလည္း သူ႕ေၾကာင့္ပဲ ျပႆနာတက္သြားရတာ။"
"ဟုတ္ပ...စိတ္ပ်က္စရာေကာင္းလိုက္တာ။"
"သူ႕ကို ငယ္ငယ္တုန္းက လိမၼာတဲ့သူျဖစ္မယ္လို႔ ထင္ထားခဲ့တာ။ အခုေတာ့ ေတာ္ေတာ္ကို ခ်ဥ္သြားၿပီ။"
ထိုစကားေတြေၾကာင့္ သည္းခံေပးခဲ့သမွ်က ေပါက္ကြဲထြက္လုနီးပါးပင္။ ဒါေပမဲ့ ကိုယ့္လူဘက္က အမွားျဖစ္ေနတာမို႔ ငသစ္ကိုယ္စား ေတာင္းပန္စကားဆိုၿပီး ျပႆနာကို ေျဖ႐ွင္းေပးဖို႔ ဆုံးျဖတ္လိုက္မိသည္။
"ငသစ္...သူတို႔ကို ေတာင္းပန္လိုက္ေလ။"
ငသစ္က ကြၽန္ေတာ့္စကားအတိုင္း အားလုံးကို ေတာင္းပန္စကားဆိုလိုက္ေလသည္။
"ပန္းကန္ေတြ က်ကြဲသြားခဲ့လို႔ ေတာင္းပန္ပါတယ္။"
သူ႕ေတာင္းပန္မႈတစ္ခုတည္းနဲ႔ ေလးနက္မႈမ႐ွိမွာကို စိုးရိမ္ၿပီး ကြၽန္ေတာ္ကိုယ္တိုင္ ထပ္ၿပီး ေတာင္းပန္ေပးလိုက္မိသည္။
"သူ႕ေၾကာင့္ ပန္းကန္ေတြ လြတ္က်သြားခဲ့တဲ့အတြက္ ကြၽန္ေတာ္ ကိုယ္စား ေတာင္းပန္ပါတယ္။ အခု အားလုံးေပ်ာ္ေနရမယ့္အခ်ိန္ဆိုေတာ့ ဒီကိစၥကို ဒီေလာက္နဲ႔ပဲ ၿပီးေပးလိုက္ပါေတာ့။ က်ကြဲသြားရတဲ့ ပန္းကန္ေတြအတြက္ ကြၽန္ေတာ္တို႔ ျပန္ေလ်ာ္ေပးပါ့မယ္။"
"ငါတို႔မိသားစုက ဒီပန္းကန္ကို ျပန္မဝယ္ႏိုင္တဲ့အထိ မြဲေတမေနဘူး။ ဒီေကာင္က $ခ်ိဳးမေျပလို႔ ဆုံးမေပးေနတာ။"
ငသစ္ကို ႐ိုင္း႐ိုင္းစိုင္းစိုင္း ေျပာေနတဲ့ ထိုလူ႕ကို ကြၽန္ေတာ္ စိတ္မပါေပမယ့္ အတတ္ႏိုင္ဆုံး ခ်ိဳသာစြာ ျပန္ေျပာခဲ့ရေလသည္။
"သူလည္း မရည္႐ြယ္ဘဲနဲ႔ ျဖစ္သြားခဲ့တာပါ။ အလႉကို ပ်က္စီးေစခ်င္တဲ့စိတ္မ်ိဳး လုံးဝမ႐ွိပါဘူး။ သူ႕ကို နားလည္ေပးလိုက္ၾကပါ။"
"မင္းအိမ္ကလူဆိုေတာ့ လိုက္ကာကြယ္ၿပီး ဒီစကားပဲ ေျပာမွာေပါ့။ အလိုလိုက္ထားေတာ့ လူမွန္းသူမွန္း မသိေတာ့တာေလ။"
"မင္း ဘာစကားေျပာတာလဲ!?"
ေတာင္းပန္စကားကို ခ်ိဳသာစြာ ေျပာေနခဲ့တဲ့ ကြၽန္ေတာ့္ဆီက ဒီလိုစကားမ်ိဳးထြက္လာခ်ိန္မွာ အားလုံးက အံ့အားသင့္သြားရေလသည္။
"မင္း...အခု ဘယ္လိုေလသံမ်ိဳးနဲ႔ ေျပာလိုက္တာလဲ!?"
"ၾကားတဲ့အတိုင္းပဲေလ။ မွားခဲ့တာကိုလည္း ေတာင္းပန္ၿပီးေနၿပီ။ ဘာလို႔ ဒီျပႆနာကိုပဲ အႀကီးလိုက္ခ်ဲ႕ေနတာလဲ!?"
"အဲ့ေကာင္က $သုံးမက်တာကိုလည္း ထည့္ေျပာဦးေလ။ ဘုရားေပၚမွာ ျပႆနာ႐ွာခဲ့ၿပီးတာကို အားမရဘဲနဲ႔ ဧည့္ခံပြဲမွာပါ လိုက္ဒုကၡေပးေနတာကို ေတာင္းပန္ေပးလိုက္႐ုံနဲ႔ ငါတို႔က ေက်နပ္ေပးရမွာလား!?"
"ဒါအလႉေလ...အမွား႐ွိခဲ့ရင္လည္း နားလည္ခြင့္လႊတ္ေပးရမွာ ထုံးစံပဲ။ မင္းတို႔ အခုလုပ္ေနပုံက လူၾကားထဲမွာ တမင္အ႐ွက္ခြဲေနၾကသလိုပဲ။ ဒီလိုလူမႈေရးကို နားမလည္တာ သူလား... မင္းတို႔လား!?"
"အလႉကို လာဖ်က္ဆီးေနၿပီးေတာ့ ႏႈတ္သီးသိပ္ေကာင္းေနတယ္ေပါ့။ မင္းတို႔လိုေကာင္မ်ိဳးေတြကို ငါတို႔က ဂ႐ုစိုက္မယ္လို႔ ထင္ေနတာလား!?"
"ငါတို႔ကလည္း မင္းတို႔ကို ေခါင္းထဲေတာင္ ထည့္မထားပါဘူး။ ေတာင္းပန္စရာ႐ွိတာကို ေတာင္းပန္ၿပီးၿပီ။ ဒါကိုမွ မေက်နပ္ရင္ ႏႈတ္တင္မဟုတ္ဘူး...လက္သီးကလည္း ေကာင္းတယ္ဆိုတာကို မင္း သိသြားလိမ့္မယ္။"
"ႀကီးႀကီးက်ယ္က်ယ္ေတြ လာေျပာေနေသးတယ္။ မင္းမွာပဲ လက္ပါတာလား!? ငါတို႔မွာလည္း ပါတာပဲ။"
အေျခအေနေတြက တင္းမာလာခ်ိန္မွာ ဆယ္အိမ္မႉးက အေျပးဝင္တားလိုက္ရျပန္သည္။
"အလႉပြဲမွာ ေသြးထြက္သံယိုေတြ ျဖစ္ကုန္ရင္ မေကာင္းပါဘူး။ ႏွစ္ဖက္စလုံးက စိတ္ေလွ်ာ့လိုက္ၾကပါေတာ့။ ဧည့္သည္ေတြလည္း ႐ွိေနတာ ႐ွက္ဖို႔ေကာင္းပါတယ္။"
အာေခ်ာင္႐ုံသာ တတ္တဲ့ ထိုအုပ္စုက ဆယ္အိမ္မႉးရဲ႕စကားေၾကာင့္ အျခားတစ္ေနရာသို႔ ထြက္သြားၾကေလသည္။ ထိုအခါက်မွ ဆယ္အိမ္မႉးက ကြၽန္ေတာ္တို႔ႏွစ္ဦးဘက္ကို လွည့္လာၿပီး ေျပာခဲ့ေတာ့သည္။
"မင္းတို႔လည္း အိမ္ကို ျပန္ၿပီးအနားယူလိုက္ေတာ့။ သူတို႔နဲ႔ ျပႆနာထပ္ျဖစ္ရင္ အပ်က္ပ်က္နဲ႔ ႏွာေခါင္းေသြးထြက္ရမွာ။"
ဆယ္အိမ္မႉးရဲ႕စကားကို နားေထာင္ၿပီး အိမ္သို႔ ျပန္လာရာလမ္းမွာ ငသစ္က ကြၽန္ေတာ့္ကို မဝံ့မရဲနဲ႔ ေျပာခဲ့ေလသည္။
"သူက ေျခထိုးခံလိုက္တာ။"
ဘာကိုဆိုလိုခ်င္မွန္း ေသခ်ာနားမလည္တာမို႔ ငသစ္ကို ကြၽန္ေတာ္ ျပန္ေမးလိုက္မိသည္။
"မင္း ဘာေျပာလိုက္တာလဲ!?"
"ကြၽန္ေတာ္ ပန္းကန္သယ္လာေနတုန္း သူက တမင္ေျခထိုးခံလိုက္တာ။"
ငသစ္လိုလူမ်ိဳးက ဒီလိုမတရားတဲ့ ကိစၥတစ္ခုကို ၿငိမ္ခံေနခဲ့ျခင္းက ကြၽန္ေတာ့္ကို အံ့ၾသသြားေစေတာ့သည္။
"ဒါဆို ဘာလို႔ ေစာေစာက ျပန္မေျပာဘဲ ၿငိမ္ခံေနခဲ့တာလဲ!?"
"ျပႆနာျဖစ္ၿပီးကတည္းက ကြၽန္ေတာ့္ကို ဒယ္ဒီက စိတ္ဆိုးေနတာေလ။ အခုထပ္ျဖစ္ရင္ ပိုဆိုးသြားမွာေပါ့။ အဲဒါေၾကာင့္ ၿငိမ္ေနခဲ့ရတာ။"
ထိုအေျဖေၾကာင့္ ငသစ္ကို ကြၽန္ေတာ္ သနားစိတ္ဝင္လာၿပီး အမွန္အတိုင္း ေျပာျပလိုက္မိသည္။
"ငါ စိတ္ဆိုးေနတဲ့သူက မင္းမွ မဟုတ္တာ။"
ကြၽန္ေတာ့္စကားကိုၾကားမွ ငသစ္က ျပဳံး႐ႊင္သြားေလေတာ့သည္။
"ဒါဆို ဘယ္သူ႕ကို စိတ္ဆိုးေနတာလဲ!?"
"ကားေပၚကေန မင္းကို ႏွင္ထုတ္လိုက္တဲ့သူေတြကို စိတ္ဆိုးေနတာ။ ေငြဂုဏ္ေမာက္ၿပီး ထင္တိုင္းႀကဲေနၾကတာေလ။"
ငသစ္က ကြၽန္ေတာ့္ကို ၾကည့္ၿပီး ရယ္ေနခဲ့ေလသည္။
"မင္းက ဘာရယ္တာလဲ!?"
"ဒယ္ဒီ ရန္ေတြ႕ေနတာေလးက ခ်စ္ဖို႔ေကာင္းတယ္။ ေစာေစာကလည္း စြာလိုက္တာ ေျပာမေနနဲ႔။ လက္သီးလည္း ေကာင္းတယ္ဆိုပဲ။"
"လူလို ေတာင္းပန္တာကို နားမလည္မွေတာ့ေဒါသက ထြက္လာရၿပီေပါ့။"
"ဟုတ္တယ္...ကြၽန္ေတာ့္ဒယ္ဒီက အမွန္ဆုံးပဲ။"
ကြၽန္ေတာ္တို႔ႏွစ္ဦး စကားေျပာရင္းနဲ႔ အိမ္ကို ျပန္ေရာက္လာခ်ိန္မွာ ေမေမက အိမ္ေပါက္ဝကေန ဆီးႀကိဳေနခဲ့သည္။
"ေမးစရာေလး႐ွိလို႔ ဒီနားကို လာၾကပါဦး။"
ထိုေလသံက တစ္စုံတစ္ခုကို အခဲမေက်တဲ့အသံမွန္း ကြၽန္ေတာ္တို႔ ေကာင္းေကာင္းႀကီး သိေနေပသည္။ ထိုေၾကာင့္ ေမေမ့အနားသို႔ ျဖည္းညင္းစြာ ခ်ဥ္းကပ္သြားရေတာ့သည္။
"သူမ်ားအလႉမွာ ဘာေတြ ျပႆနာ႐ွာလာခဲ့ၾကတာလဲ!?"
ဆယ္အိမ္မႉးက ပါးစပ္ဖြာတတ္မွန္း သိထားၿပီးသားမို႔ အိမ္မွာေနတဲ့ ေမေမ့ဆီ ထိုသတင္းကို သယ္လာသူကလည္း သူဆိုတာ ေသခ်ာသိေနေလသည္။
"အဲဒါက..."
ကြၽန္ေတာ့္စကားမဆုံးခင္မွာ ငသစ္က ၾကားဝင္ေျဖ႐ွင္းေပးလိုက္ေတာ့သည္။
"မိန္းကေလးေတြက ဒယ္ဒီ့အနားကို အတင္းကပ္ၿပီး ဓာတ္ပုံ႐ိုက္ဖို႔ လုပ္ေနၾကတာနဲ႔ သားက ဒယ္ဒီ့ကို ကူညီတဲ့အေနနဲ႔ ဆြဲေခၚေပးထားလိုက္တာ။ ယၾတာထဲက ကာမအမႈမွာ အဲ့လို အသားခ်င္းထိတာမ်ိဳးလည္း ပါတယ္ေလ။ ဒါေပမဲ့ အဲ့ေကာင္မေလးက အလႉ႐ွင္ဦးေလးႀကီးေပၚ လဲသြားေတာ့ သူတို႔လင္မယားခ်င္း ျပႆနာတက္ကုန္တာ။"
ငသစ္ရဲ႕အေျဖကို ေမေမက သေဘာတူသြားသလိုပုံစံမ်ိဳးျဖင့္ အျခားတစ္ခုကို ေျပာင္းၿပီး ေမးခဲ့ေလသည္။
"ဒါဆို ဧည့္ခံပြဲမွာ ရန္ျဖစ္ၾကတာကေရာ!?"
"အဲ့တစ္ေယာက္က အရင္ရန္လာစၿပီး ကြၽန္ေတာ့္ကို ေျခထိုးခံလိုက္ေတာ့ ေခ်ာ္လဲက်ၿပီး လက္ေတြေတာင္ ပြန္းသြားတယ္။ ဒီမွာေလ... ေသြးစို႔ေနတယ္ ေတြ႕လား!?"
ငသစ္က သူ႕လက္ဖဝါးက ဒဏ္ရာကို အႀကီးခ်ဲ႕ၿပီး မျပ႐ုံတမယ္ ေမေမ့ကို မဲဆြယ္ေနေလသည္။
"ေအးေလ...ဟုတ္သားပဲ။ အဲဒါကို သူတို႔က ျပန္မေတာင္းပန္ဘူးလား!?"
"မေတာင္းပန္တဲ့အျပင္ သားက ပန္းကန္ကြဲေအာင္လုပ္တယ္ဆိုၿပီး သူတို႔ကို အတင္းျပန္ေတာင္းပန္ခိုင္းခဲ့တာ။ သားတို႔ႏွစ္ေယာက္က ေတာင္းပန္ေပးခဲ့တာကို မေက်နပ္ေသးဘဲနဲ႔ ထပ္ျပႆနာ႐ွာေသးတယ္ေလ။"
"ေတာ္ေတာ္ဆိုးသြမ္းတဲ့သူေတြပဲ။ ပိုက္ဆံ႐ွိတယ္ဆိုၿပီး ေမာက္မာေနၾကတယ္။ သြား... ေရခ်ိဳးၿပီး ခဏနားလိုက္ၾကေတာ့။ အဲ့ကိစၥကိုလည္း ေခါင္းထဲက ထုတ္ပစ္လိုက္။"
ေမေမက ငသစ္ရဲ႕အေျပာေအာက္မွာ လွလွႀကီး ေမ်ာပါသြားခဲ့ေလၿပီ။ ကြၽန္ေတာ္တို႔ႏွစ္ဦး အေပၚထပ္သို႔ တက္လာခ်ိန္မွာ ငသစ္က အေနာက္ကေန လာေပြ႕ဖက္ၿပီး လည္တိုင္ကို နမ္း႐ိႈက္လိုက္ေတာ့သည္။
"ေစာေစာက မင္းေျပာေတာ့ ကာမအမႈထဲမွာ အသားခ်င္းေတာင္ မထိရဘူးဆို။ ဘာလို႔ ငါ့ကို လာနမ္းေနတာလဲ!?"
"နည္းနည္းေတာ့ အာ႐ႊီးေပးလိုက္ရတာေပါ့။ ဖြားဖြားအေၾကာင္းကိုလည္း ဒယ္ဒီ သိတာပဲေလ။ ဆူေနတာက ညေနေစာင္းတဲ့အထိ ၿပီးမွာ မဟုတ္ဘူး။ အခုေတာ့ ၿငိမ္က်သြားၿပီ။"
ငသစ္ ေျပာတာေတြကလည္း အမွန္ေတြပဲမို႔ ကြၽန္ေတာ္ ထပ္မျငင္းေတာ့ဘဲ ၿငိမ္ေနလိုက္မိသည္။
"ဒယ္ဒီ..."
"ဟင္...ဘာလဲ!?"
"ေစာေစာက ကြၽန္ေတာ့္ဘက္ကေန ဘာလို႔ လိုက္ေျပာေပးခဲ့တာလဲ!? ကြၽန္ေတာ့္အတြက္ ဘာလို႔ စိတ္တိုေပးရတာလဲ!?"
"မင္းကို ငါကလြဲၿပီး ဘယ္သူမွ ဆဲခြင့္မ႐ွိဘူးေလ။ အဲဒါေၾကာင့္ ငါ့အခြင့္အေရးကို ျပန္လုထားလိုက္တာ။"
ကြၽန္ေတာ့္စကားေၾကာင့္ ငသစ္က ရယ္ေမာလိုက္ေလသည္။
"ဟုတ္ပါၿပီ။ ကြၽန္ေတာ္႕ကို ရာသက္ပန္ မူပိုင္ဆဲခြင့္ကို ဒယ္ဒီ့ဆီမွာ ေပးထားပါ့မယ္။"
ငသစ္ရဲ႕စကားေၾကာင့္ ကြၽန္ေတာ္လည္း ျပဳံးလိုက္မိေတာ့သည္။ 'သူနဲ႔ အေနနီးလာလို႔မ်ားလား!? တစ္ေယာက္ေယာက္က သူ႕အေပၚကို မေကာင္းေျပာတာနဲ႔ ကြၽန္ေတာ္ကိုယ္တိုင္ကလည္း အကဲဆတ္လာၿပီး သူ႕အနားမွာ ေနရတာကိုလည္း တပ္မက္လာခဲ့ေလသည္။
"ဒီသုံးလကလည္း မကုန္ႏိုင္ေသးဘူး။"
ငသစ္ရဲ႕အသံက တကယ့္ကို စိတ္ပ်က္ေနခဲ့သလိုပင္။
"အခုမွ သုံးရက္ပဲ ႐ွိေသးတာ။ ဘာလာျဖစ္ေနတာလဲ!?"
"အဲ့ရက္အေရအတြက္ကို ထုတ္ၿပီး မေျပာပါနဲ႔။ မခံစားႏိုင္လြန္းလို႔ပါ။ အဲ့ေဗဒင္ဆရာဆီကို တစ္ရက္ေတာ့ လိုက္သြားဦးမယ္။"
"ဘာလုပ္မလို႔လဲ!?"
"ႏုတ္ႏုတ္စဥ္းပစ္မလို႔။"
ကြၽန္ေတာ္ ဟက္ဟက္ပက္ပက္ ရယ္ေမာခဲ့မိေလသည္။ ငသစ္လိုလူအတြက္ ဒီသုံးလက အ႐ွင္လတ္လတ္ ငရဲက်ေနသလို ျဖစ္ေနမွာ ေသခ်ာေနေတာ့သည္။
*စာဖတ္သူအားလုံးကို ေျပာစရာေလးတစ္ခု ႐ွိပါတယ္႐ွင့္။ အခန္း(၃၈)ရဲ႕ပထမဆုံးစာေၾကာင္းမွာ 'စာေမးပြဲေျဖၿပီးသြားတာမို႔' ဆိုတဲ့ စာသားအစား 'စာေမးပြဲေျဖခါနီးမွာ ေက်ာင္းပိတ္သြားၿပီမို႔' လို႔ ျပင္ဆင္ေပးထားပါတယ္။ ဒီႏွစ္မွာ ျဖစ္ပ်က္ေနတာေတြကို ထည့္ေရးရမွာမို႔ အခ်ိန္တြက္ၾကည့္ေတာ့ နည္းနည္းေလးလြဲသြားလို႔ပါ။ ျပင္ေပးထားတာက ရက္နည္းနည္းၾကာမွ ေျပာင္းသြားမွာမို႔ အသိေပးထားျခင္းျဖစ္ပါတယ္။
#Śûè
***************