แ€›แ€พแ€ฌแ€ธแ€›แ€พแ€ฌแ€ธแ€•แ€ซแ€ธแ€•แ€ซแ€ธ...

By Sue_Khat_Wai

1.1M 134K 15.6K

๐‘ฉ๐‘ณ(๐‘ช๐’๐’Ž๐’‘๐’๐’†๐’•๐’†๐’…) แ€กแ€›แ€™แ€บแ€ธแ€œแ€Šแ€บแ€œแ€ฝแ€”แ€บแ€ธแ€แ€ฒแ€ท แ€žแ€…แ€บแ€žแ€…แ€บแ€”แ€ฒแ€ท แ€•แ€ญแ€”แ€บแ€ธแ€ฅแ€–แ€ผแ€ฐแ€’แ€šแ€บแ€’แ€ฎแ€แ€ญแ€ฏแ€ทแ€›แ€ฒแ€ทแ€กแ€แ€ปแ€…แ€บแ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€œแ€ฑแ€ธ... แ€กแ€›แ€™แ€นแ€ธแ€œแ€Šแ€นแ€œแ€ผแ€”แ€นแ€ธแ€แ€ฒแ€ท... More

๐ŸŒน1๐ŸŒน
๐ŸŒน2๐ŸŒน
๐ŸŒน3๐ŸŒน
๐ŸŒน4๐ŸŒน
๐ŸŒน5๐ŸŒน
๐ŸŒน6๐ŸŒน
๐ŸŒน7๐ŸŒน
๐ŸŒน8๐ŸŒน
๐ŸŒน9๐ŸŒน
๐ŸŒน10๐ŸŒน
๐ŸŒน11๐ŸŒน
แ€กแ€แ€”แ€บแ€ธ แแ‚ (Chapter 12)
แ€กแ€แ€”แ€บแ€ธ แแƒ (Chapter 13)
แ€กแ€แ€”แ€บแ€ธ แแ„ (Chapter 14)
แ€กแ€แ€”แ€บแ€ธ แแ… (Chapter 15)
แ€กแ€แ€”แ€บแ€ธ แแ† (Chapter 16)
แ€กแ€แ€”แ€บแ€ธ แแ‡ (Chapter 17)
แ€กแ€แ€”แ€บแ€ธ แแˆ (Chapter 18)
แ€กแ€แ€”แ€บแ€ธ แแ‰ (Chapter 19)
แ€กแ€แ€”แ€บแ€ธ แ‚แ€ (Chapter 20)
แ€กแ€แ€”แ€บแ€ธ แ‚แ (Chapter 21)
แ€กแ€แ€”แ€บแ€ธ แ‚แ‚ (Chapter 22)
แ€กแ€แ€”แ€บแ€ธ แ‚แƒ (Chapter 23)
แ€กแ€แ€”แ€บแ€ธ แ‚แ„ (Chapter 24)
แ€กแ€แ€”แ€บแ€ธ แ‚แ… (Chapter 25)
แ€กแ€แ€”แ€บแ€ธ แ‚แ† (Chapter 26)
แ€กแ€แ€”แ€บแ€ธ แ‚แ‡ (Chapter 27)
แ€กแ€แ€”แ€บแ€ธ แ‚แˆ (Chapter 28)
แ€กแ€แ€”แ€บแ€ธ แ‚แ‰ (Chapter 29)
แ€กแ€แ€”แ€บแ€ธ แƒแ€ (Chapter 30)
แ€กแ€แ€”แ€บแ€ธ แƒแ (Chapter 31)
แ€กแ€แ€”แ€บแ€ธ แƒแ‚ (Chapter 32)
แ€กแ€แ€”แ€บแ€ธ แƒแƒ (Chapter 33)
แ€กแ€แ€”แ€บแ€ธ แƒแ„ (Chapter 34)
แ€กแ€แ€”แ€บแ€ธ แƒแ… (Chapter 35)
แ€กแ€แ€”แ€บแ€ธ แƒแ† (Chapter 36)
แ€กแ€แ€”แ€บแ€ธ แƒแ‡ (Chapter 37)
แ€กแ€แ€”แ€บแ€ธ แƒแˆ (Chapter 38)
แ€กแ€แ€”แ€บแ€ธ แ„แ€ (Chapter 40)
แ€กแ€แ€”แ€บแ€ธ แ„แ (Chapter 41)
แ€กแ€แ€”แ€บแ€ธ แ„แ‚ (Chapter 42)
แ€กแ€แ€”แ€บแ€ธ แ„แƒ (Chapter 43)
แ€กแ€แ€”แ€บแ€ธ แ„แ„ (Chapter 44)
แ€กแ€แ€”แ€บแ€ธ แ„แ… (Chapter 45)
แ€กแ€แ€”แ€บแ€ธ แ„แ† (Chapter 46)
แ€กแ€แ€”แ€บแ€ธ แ„แ‡ (Chapter 47)
แ€กแ€แ€”แ€บแ€ธ แ„แˆ (Chapter 48)
แ€กแ€แ€”แ€บแ€ธ แ„แ‰ (Chapter 49)
แ€กแ€แ€”แ€บแ€ธ แ…แ€ (Chapter 50)
แ€กแ€แ€”แ€บแ€ธ แ…แ (Chapter 51)
แ€กแ€แ€”แ€บแ€ธ แ…แ‚ (Chapter 52)
แ€กแ€แ€”แ€บแ€ธ แ…แƒ (Chapter 53)
แ€กแ€แ€”แ€บแ€ธ แ…แ„ (Chapter 54)
แ€กแ€แ€”แ€บแ€ธ แ…แ… (Chapter 55)
แ€กแ€แ€”แ€บแ€ธ แ…แ† (Chapter 56)
แ€กแ€แ€”แ€บแ€ธ แ…แ‡ (Chapter 57)
แ€กแ€แ€”แ€บแ€ธ แ…แˆ (Chapter 58)
แ€กแ€แ€”แ€บแ€ธ แ…แ‰ (Chapter 59)
แ€กแ€แ€”แ€บแ€ธ แ†แ€ (Chapter 60)
แ€กแ€แ€”แ€บแ€ธ แ†แ (Chapter 61)
แ€กแ€แ€”แ€บแ€ธ แ†แ‚ (Chapter 62)
แ€กแ€แ€”แ€บแ€ธ แ†แƒ (Chapter 63)
แ€กแ€แ€”แ€บแ€ธ แ†แ„ (Chapter 64)
แ€กแ€แ€”แ€บแ€ธ แ†แ… (Chapter 65)
แ€กแ€แ€”แ€บแ€ธ แ†แ† (Chapter 66)
แ€กแ€แ€”แ€บแ€ธ แ†แ‡ (Chapter 67)
แ€กแ€แ€”แ€บแ€ธ แ†แˆ (Chapter 68)
แ€กแ€แ€”แ€บแ€ธ แ†แ‰ (Chapter 69)
แ€กแ€แ€”แ€บแ€ธ แ‡แ€ (Chapter 70)
แ€กแ€แ€”แ€บแ€ธ แ‡แ (Chapter 71)
แ€กแ€แ€”แ€บแ€ธ แ‡แ‚ (Chapter 72)
แ€กแ€แ€”แ€บแ€ธ แ‡แƒ (Chapter 73)
แ€กแ€แ€”แ€บแ€ธ แ‡แ„ (Chapter 74)
แ€กแ€แ€”แ€บแ€ธ แ‡แ… (Chapter 75)
Extra 1๐ŸŒน๐ŸŒน๐ŸŒน
Extra 2๐ŸŒน๐ŸŒน๐ŸŒน
Extra 3๐ŸŒน๐ŸŒน๐ŸŒน
Extra 4๐ŸŒน๐ŸŒน๐ŸŒน
Extra 5๐ŸŒน๐ŸŒน๐ŸŒน
โ—Attention โ—

แ€กแ€แ€”แ€บแ€ธ แƒแ‰ (Chapter 39)

12.7K 1.6K 117
By Sue_Khat_Wai

(Unicode Version)


မနေ့ညက မေမေနဲ့ အိပ်ပေးခဲ့ရတာမို့ မနက်ရောက်တော့ မေမေ ထတဲ့အချိန်အတိုင်း နိုးလာခဲ့ရလေသည်။ နံနက်စာကို ပြင်ဆင်ပေးနေရင်းနဲ့ မေမေက ကျွန်တော့်ကို လှမ်းပြောလိုက်တော့သည်။

"မနေ့ကတွေ့ခဲ့တဲ့ မေမေ့အသိအန်တီက ဒီနေ့ မေမေတို့ကို ထမင်းစားဖိတ်ထားတယ်။ သား လိုက်ခဲ့ပေးနော်။"

"ဟုတ်ကဲ့...မေမေ။"

"ကဲ...စားဖို့တော့ ပြင်ဆင်ပြီးပြီ။ သစ်သစ်ကို သွားနှိုးလိုက်တော့နော်။"

မေမေ့စကားအတိုင်း ငသစ်ကို ကျွန်တော် နှိုးဖို့ အပေါ်ထပ်သို့ တက်လာခဲ့မိသည်။ မနေ့က ကျွန်တော့်ကို စိတ်ကောက်ပြီး ကျန်နေခဲ့ရတဲ့ ငသစ်က အခုကျတော့ ကလေးတစ်ယောက်လို အိပ်မောကျနေလေသည်။ ထိုပုံစံလေးက ချစ်စရာကောင်းနေတာမို့ သူ့ပါးလေးကို ခပ်ဖွဖွနမ်းပြီး နှိုးလိုက်ရတော့သည်။

"ငသစ်...ထတော့လေ။ မနက်စာသွားစားကြရအောင်။"

ကျွန်တော့်အသံကြောင့် ငသစ်က နည်းနည်းလှုပ်ရွလာခဲ့လေသည်။

"ငသစ်...ထတော့နော်။"

ခဏအကြာမှာ သူ့မျက်လုံးတွေ ပွင့်ဟလာခဲ့ပြီး ကျွန်တော့်ကို မြင်တွေ့သွားတော့သည်။

"ဒီကို ဘာလာလုပ်တာလဲ!?"

"မင်းကို လာနှိုးတာလေ။ မြန်မြန်ထ... မေမေ စောင့်နေတယ်။"

"မထချင်ဘူး။"

"အဲဒါ ဘာဖြစ်ရပြန်တာလဲ!?"

"ဒယ်ဒီ့ကြောင့် ကျွန်တော့်မှာ မနေ့ညတုန်းက အိပ်လို့တောင် မပျော်ဘူး။ တစ်ညလုံး လူကို နှိပ်စက်သွားတာ။ ဒယ်ဒီ့ကို စိတ်ဆိုးတယ်။"

"ဒါက စိတ်ဆိုးနေတဲ့ရုပ်လေးလား!?"

ငသစ်ရဲ့မေးစေ့လေးကို ညင်သာစွာ ကိုင်ရင်းနဲ့ ကျွန်တော် မေးလိုက်မိသည်။

"အခုမှ လာချော့မနေနဲ့။"

"တကယ် မချော့ရဘူးလား!?"

ငသစ်က ခန္ဓာကိုယ်ကို တစ်ဖက်သို့စောင်းပြီး ကျွန်တော့်ကို ကျောပေးလိုက်လေသည်။

"ဒီလောက်ချော့နေတာကို စိတ်ကောက်မပြေသေးဘူးဆိုရင် တစ်‌ယောက်တည်းသာ နေခဲ့တော့။"

ပြောပြီးပြီးချင်း မွေ့ယာ‌ပေါ်ကနေ ထွက်သွားဖို့ ခြေလှမ်းပြင်နေတဲ့ ကျွန်တော့်ကို ငသစ်က လှမ်းပြောလိုက်တော့သည်။

"သွားပါ...ထွက်သွား။ ကျွန်တော် ဘာဖြစ်နေနေ ဒယ်ဒီက ဂရုစိုက်တာမှမဟုတ်တာ။"

ဂျီကျနေတဲ့ ငသစ်က ထိုကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို တစ်ချိန်လုံး ပြဿနာရှာနေမှာ အသေအချာပင်။ နားငြီးတဲ့ဒဏ်ကို လုံးဝမခံနိုင်တဲ့ ကျွန်တော်က ငသစ် စိတ်ကျေနပ်သွားဖို့ လုပ်ပေးဖို့သာ ဆုံးဖြတ်လိုက်ရသည်။

"မင်းက ဘာဖြစ်ချင်နေတာလဲ!?"

"ဒီနေ့ ကျွန်တော့်အနားမှာပဲ နေပေးရမယ်။"

"မင်းက လေ့ကျင့်ရေးမရှိဘူးလား!?"

"ကျွန်တော့်အပိုင်းအတွက်က အားလုံးပြီးနေပြီ။ အဲဒါကြောင့် အိမ်မှာပဲ နားခိုင်းထားတာ။ ရိုက်ကူးရေးက လာမယ့်အပတ် စမှာ။"

"ငါ ဒီနေ့ မအားဘူး။ မေမေ့သူငယ်ချင်းအိမ်က ထမင်းဖိတ်ကျွေးလို့ လိုက်သွားရမယ်။"

"ဟာ...လာပြန်ပြီကွာ။ နားရက်လေးရလာလို့ ပျော်နေရုံရှိသေးတယ်။ အေးအေးဆေးဆေးကို မနေရဘူး။"

ငသစ်ရဲ့ပုံစံက သနားစရာ ဖြစ်နေသလို ရယ်ချင်စရာလည်း ကောင်းနေ‌ခဲ့လေသည်။ အိမ်တစ်အိမ်တည်းမှာ အတူနေရပေမယ့် ချစ်သူတွေလိုဆက်ဆံရေးမျိုး မရှိခဲ့တာလည်း ကြာခဲ့ပြီမို့ ငသစ် ညည်းညူတာ မဆန်းတော့ပေ။

"နောက်တော့ အချိန်ရလာမှာပေါ့။ နားရက်ရတုန်း ငါတို့အချင်းချင်း ပြဿနာမဖြစ်ဘဲနေတာ ပိုကောင်းပါတယ်။ မြန်မြန်မျက်နှာသစ်ပြီး ဆင်းလာခဲ့။"

ငသစ်ကို ချော့မော့ပြောခဲ့ပြီး အောက်ထပ်သို့ ကျွန်တော် ဆင်းလာခဲ့ရလေသည်။

"သစ်သစ်လေး နိုးပြီလား...သား!?"

"နိုးပြီး‌ မေမေ။ သူ ခဏနေရင် ဆင်းလာလိမ့်မယ်။"

"သူက ဒီနေ့ လေ့ကျင့်ရေးမရှိဘူးလား!?"

"နောက်တစ်ပတ် ရိုက်ကူးရေးစတော့မှ သွားရမယ်လို့ ပြောတယ်။ လေ့ကျင့်ရေးကတော့ ပြီးသွားပြီတဲ့။"

ခဏအကြာမှာ ငသစ်က ဆူပုတ်ပုတ်နဲ့ ဆင်းလာလေတော့သည်။

"ဖွားဖွားရဲ့မြေးလေးက စိတ်ကောက်နေတာလား!?"

"မကောက်ပါဘူး။"

လူက ရန်ကုန်၊ နှုတ်ခမ်းက ပဲခူးရောက်နေတဲ့ ငသစ်ရဲ့စိတ်မကောက်ပါဘူးဆိုတဲ့ အဖြေက ရယ်ချင်စရာပင်။

"ဒီနေ့ ဖွားဖွားရဲ့မိတ်ဆွေတစ်ယောက်က သူ့ဆီ ထမင်းစားဖိတ်ထားလို့ သွားရမှာ။ ဒယ်ဒီကလည်း ဖွားဖွားနဲ့လိုက်ခဲ့ရမှာဆိုတော့ သား စားဖို့အတွက်ပဲ ချက်ပေးထားခဲ့မယ်နော်။"

"အဲဒီအိမ်ကို သားလည်း လိုက်ခဲ့မယ်။"

ငသစ်ဆီက ထူးထူးဆန်းဆန်း စကားကြောင့် မေမေက အံ့အားသင့်သွားလေသည်။ အရင်ကဆို ဒီလိုကိစ္စမျိုးကို လိုက်ဖို့စိတ်မဝင်စားခဲ့တဲ့သူက အခုတော့ လိုလိုချင်ချင်နဲ့ ပြောလာတာမို့ မေမေက အံ့ဩသွားခြင်း ဖြစ်သည်။

"သစ်သစ်က တကယ်လိုက်ချင်တာလား!?"

ငသစ်က ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်လေသည်။ ကျွန်တော်က‌တော့ သူ့စိတ်ကို သိပြီးသားမို့ ပြဿနာမရှာဖို့ မျှော်လင့်နေမိတော့သည်။

နေ့လည်(၁၁)နာရီခွဲခန့်တွင်-

ကျွန်တော်တို့အားလုံး မေမေ့မိတ်ဆွေဖြစ်တဲ့ အန်တီ'မေရီ'ရဲ့အိမ်ကို နေ့လည်ခင်းလောက်မှာ ရောက်ရှိသွားခဲ့လေသည်။ ကျယ်ဝန်းလှတဲ့ ခြံကြီးနဲ့ ခန့်ညားလှတဲ့အိမ်ကို ငေးကြည့်ပြီး ကျွန်တော်တို့အားလုံး လိပ်စာကို ပြန်ပြီးငုံ့ကြည့်လိုက်ရတော့သည်။

"ဒီအိမ်နံပါတ်တော့ မှန်ပါတယ်။ ဒါပေမဲ့ သူတို့က တော်တော်ချမ်းသာတာပဲ။"

ကျွန်တော် ငသစ်ကို လှမ်းပြောလိုက်ပေမယ့် သူက ခပ်တည်တည်ရုပ်နဲ့ လျစ်လျူရှုထားခဲ့လေသည်။

"သူ့အမျိုးသားက ချမ်းသာတယ်လို့ ကြားဖူးတယ်။ ကဲပါလေ...ဘဲလ်ကိုသာ နှိပ်ကြည့်ပြီး ဟုတ်မဟုတ် စမ်းသပ်ကြတာပေါ့။"

မေမေ့သဘောအတိုင်း ကျွန်တော် လူခေါ်ဘဲလ်ကို နှိပ်လိုက်မိသည်။ ခဏအကြာမှာ အိမ်ထဲက ထွက်လာတဲ့ လူတစ်ယောက်ကြောင့် ကျွန်တော်နဲ့ငသစ်လည်း အံ့အားသင့်သွားရတော့သည်။

"ဝသန်!!!"

'ဝသန်'ကလည်း ကျွန်တော်တို့ကို ကြည့်ပြီး အံ့အားသင့်စွာဖြင့် လှမ်းပြောခဲ့လေသည်။

"ကိုကို!!!"

နှစ်ယောက်တည်းဆို မင်း၊ ငါနဲ့ သုံးနှုန်းတတ်တဲ့ 'ဝသန်'က လူတွေရှေ့မှာတော့ ရိုသေဟန်ဖြင့် ထိုသို့ခေါ်လေ့ရှိသည်။ ဒါပေမဲ့ ထိုအသံကြောင့် ငသစ်ရဲ့မျက်နှာက လငပုပ်ဖမ်းသွားသလိုမျိုး မည်းသည်းသွားလေတော့သည်။

"မင်းက ဒီအိမ်မှာ နေတာလား!?"

ကျွန်တော့်အမေးကို 'ဝသန်'က ခြံတံခါးဖွင့်ပေးရင်းနဲ့ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်။ ကိုကိုတို့ကရော ဒီကို ဘာဖြစ်လို့ ရောက်လာကြတာလဲ!?"

"ငါတို့က မေမေ့မိတ်ဆွေ အန်တီမေရီ့ဆီကို လာကြတာ။ သူ ပေးထားတဲ့ လိပ်စာကတော့ ဒီအိမ်ရဲ့လိပ်စာပဲ။"

"ဟာ...အဲဒါ ကျွန်တော့်အဖွားပဲ။ လာ...လာ.. အထဲမှာ အဖွားစောင့်နေတယ်။"

သူ့ဦးဆောင်မှုအတိုင်း ကျွန်တော်တို့ လိုက်ပါသွားပြီး ထိုအိမ်ကြီးထဲသို့ ရောက်ရှိသွားလေသည်။

"ဪ...မစိမ့်တို့ ရောက်လာပြီလား!?"

မေမေက အန်တီ'မေရီ'ကို ဘာမှပြန်မဖြေရသေးခင် 'ဝသန်'က ကျွန်တော့်လက်မောင်းကို ပိုင်စိုးပိုင်နင်းနဲ့ ဆွဲသွားလေတော့သည်။

"ဖွားဖွား... ဒါ သားကို အင်္ဂလိပ်စာပြပေးတဲ့ ကိုကိုလေ။"

"ဟယ်...တိုက်ဆိုင်လိုက်တာကွယ်။ ဒီလိုမျိုးလာဆုံနေရတယ်။ မနေ့ကသာ ကျွန်မတို့ ပြန်မတွေ့ဖြစ်ခဲ့ရင် ဒီကိစ္စကို သိရမှာမဟုတ်ဘူးနော်။"

"ဟုတ်ပ...မေရီရယ်။"

မေမေတို့က စကားဖောင်ဖွဲ့ပြောနေကြချိန်မှာ 'ဝသန်'က ကျွန်တော့်အနားကို ချဉ်းကပ်လာပြီး တိုးတိုးလေး ပြောလိုက်လေသည်။

"မင်း ကျောကုန်းက ပူမလာဘူးလား!?"

"ဘာလို့လဲ!?"

"မင်းယောက်ျားက အနောက်ဘက်ကနေပြီး လေဆာနဲ့ ပစ်နေတယ်လေ။"

ထိုစကားကြောင့် ကျွန်တော် အနောက်ဘက်ကို လှည့်ကြည့်လိုက်ချိန်မှာ ငသစ်ရဲ့စူးရဲစွာ စိုက်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ ရင်ဆိုင်ခဲ့ရသည်။ ထိုအကြည့်တွေကို ရင်မဆိုင်ရဲတာကြောင့် ကျွန်တော် အရှေ့ကို ပြန်လှည့်လိုက်ရတော့သည်။

"မင်းက ငါ့ကို အိုဗာတင်းတွေ လာလုပ်ပြနေမှတော့ သူက တင်းပြီပေါ့။"

"အဲ့လိုလူမျိုးကို ကလိပေးရတာ ပိုမိုက်တယ်လေ။ စိတ်ထဲမှာ မရိုးမရွနဲ့။"

'ဝသန်'က ငသစ်ကို ပြဿနာသွားရှာထားပြီး အူမြူးနေပေမယ့် ကျွန်တော်ကတော့ သူတို့ကြားမှာ ခေါင်းကျိန်းနေမိသည်။ ထိုခဏမှာ အပေါ်ထပ်ကနေ ဆင်းလာတဲ့ 'မဒေလီယာ' ရဲ့အသံကို ကြားလိုက်ရ‌လေသည်။

"လဝန်းသစ်...လပြည့်မှူး...ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေကြတာလဲ!?"

"ကိုကို့အမေက ဖွားဖွား ဖိတ်ထားတဲ့သူတဲ့။"

"ဟာ...တိုက်တိုက်ဆိုင်ဆိုင်ပါပဲလား!? အစ်မတို့တွေက ကံစပ်တာပဲ။"

ကျွန်တော်တို့က ရင်းနှီးပြီးသားလူတွေချည်းပဲမို့ လူကြီးတွေစကားပြောနေချိန်မှာ လူငယ်တွေကလည်း သီးခြားစီစကားပြောဖြစ်ခဲ့ကြသည်။ ကျွန်တော်နဲ့ ငသစ်က ဘေးချင်းကပ်ထိုင်ပြီး ဝသန်နဲ့ မဒေလီယာက ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ခဲ့လေသည်။

"လပြည့်မှူးကို ကျေးဇူးအရမ်းတင်ပါတယ်။ သူက ထိန်းရခက်လို့ မင်းနဲ့ အဆင်ပြေပါ့မလားလို့ တွေးခဲ့မိသေးတာ။။ အခုတော့ သူ စာကို တော်တော်လေး လိုက်လုပ်လာတယ်။ အမှတ်တွေလည်း တက်လာတယ်လေ။"

'မဒေလီယာ'ရဲ့ချီးကျူးမှုကြောင့် ကျွန်တော် ပြုံးပြလိုက်မိသည်။

"သူကိုယ်တိုင်ကလည်း ကြိုးစားချင်စိတ်ရှိပါတယ်။"

"ဒယ်ဒီက စာအသင်အပြအရမ်းတော်တယ်။ သူ့မှ မဟုတ်ဘူး...အားလုံးကို စေတနာထားပြီး သင်ပေးတတ်တာ။"

ငသစ်ရဲ့စကားက တမင်ရည်ရွယ်ချက်ရှိရှိနဲ့ ပြောလိုက်မှန်း ကျွန်တော် သတိထားမိလိုက်လေသည်။

"လပြည့်မှူးက စိတ်ရှည်တဲ့သူမှန်း အစ်မ သိပါတယ်။ အဲ့လိုစိတ်ရှည်လို့သာ ဒီနှစ်ယောက်ကို ထိန်းနိုင်တာပေါ့။"

'မ‌ဒေလီယာ' ရည်ညွှန်းတဲ့သူတွေက ငသစ်နဲ့ 'ဝသန်'ဆိုတာကို ကျွန်တော် နားလည်လိုက်တော့သည်။

"သမီးရေ...ကလေးတွေကို ထမင်းစားဖို့ ခေါ်လာခဲ့တော့နော်။ ပြီးမှပဲ အေးအေးဆေးဆေး စကားဆက်ပြောကြပေါ့။"

'မဒေလီယာ'က ကျွန်တော်တို့ကို ထမင်းစားခန်းသို့ လိုက်ပြပေးပြီး စားသောက်စရာတွေကို ပြင်ဆင်ပေးခဲ့လေသည်။ စားပွဲခုံအရှည်ကြီးမှာ တစ်ဖက်ကို သုံးယောက်စီ ထိုင်ရပြီး ကျွန်တော်က ဟိုငပွေးနှစ်ယောက်ရဲ့အလယ်မှာ နေရာယူခဲ့ရသည်။

"ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားပြီး စားကြနော်။ ဝသန်ကလည်း ဟင်းလေးတွေကို သေချာထည့်ပေးလိုက်နော်။"

"ဟုတ်..."

'ဝသန်'က ကျွန်တော့်ပန်းကန်ထဲကို ဘဲသားဟင်းနဲ့ အစိမ်းကြော်တွေ ထည့်ပေးလိုက်ချိန်မှာ ညာဘက်အခြမ်းမှာ ထိုင်နေတဲ့ ငသစ်က မျက်ထောင့်နီကြီးနဲ့ ကျွန်တော်တို့ကို စောင့်ကြည့်နေခဲ့လေသည်။

"လဝန်းသစ်လည်း ထည့်စားနော်။ ရော့... ဒါလေးကို စားကြည့်ဦး။ အစ်မကိုယ်တိုင် ချက်ထားတာ။"

'မဒေလီယာ'က ငသစ်ရဲ့ပန်းကန်ထဲကို ဟင်းထည့်ပေးပြီး ပြောလိုက်တာမို့ လှည့်မကြည့်ခဲ့ပေမယ့် နားစွင့်ထားလိုက်မိသည်။ ထိုဟင်းပွဲကို ငသစ်က စားကြည့်ပြီး ချီးကျူးစကားဆိုသံကို ကျွန်တော် ကြားလိုက်ရလေသည်။

"ဘဲသားဟင်းလေးက တော်တော်နူးညံ့တယ်နော်။ အရသာကလည်း အစပ်အဟပ် တည့်တယ်။"

ထိုစကားကို ဝတ်ကျေတန်းကျေ ပြောပြသင့်ပေမယ့် ကျွန်တော့်စိတ်ထဲမှာ အလိုမကျဖြစ်နေမိတော့သည်။ စိတ်ထဲက မကျေနပ်ချက်တစ်ခုကို ပန်းကန်ထဲက အပြစ်မဲ့တဲ့ ဘဲသားဟင်းအပေါ် ကျွန်တော် ပုံချလိုက်ပြီး လုံးဝမစားဘဲ လျစ်လျူရှုထားခဲ့တော့သည်။

"ကိုကို...ဘဲသားဟင်း မကြိုက်ဘူးလား!?"

'ဝသန်'က ကျွန်တော့်ကို သတိထားမိသွားပြီး မေးလိုက်လေသည်။

"ကြိုက်ပါတယ်။ ဒီနေ့ လေအောင့်သလိုမျိုး ဖြစ်နေလို့ ခဏရှောင်ထားတာ။"

ထိုခဏမှာပင် ငသစ်ကလည်း ကျွန်တော့်ကို လှမ်းမေးခဲ့ပြန်သည်။

"ဒယ်ဒီ...ဗိုက်မကောင်းဘူးလား!? လေဆေးသောက်မလား!?"

"ရတယ်။ ခဏနေရင် သက်သာသွားမှာပါ။"

"လေအောင့်တာက ခံရခက်တယ်။ အခန်းထဲမှာ ဆေးရှိတယ်...ကိုကို။ ကျွန်တော်နဲ့လိုက်ခဲ့နော်။"

'ဝသန်'စကားကို ငသစ်က လက်မခံနိုင်ဘဲ ဝင်ပြောလိုက်လေသည်။

"ဆေးသွားယူပြီး ဒီမှာသောက်ခိုင်းလို့လည်း ရတာပဲလေ။ ဘာလို့ အခန်းထဲခေါ်သွားရမှာလဲ!?"

"လေအောင့်တယ်ဆိုတာ လေမလည်ရလို့ပဲလေ။ ဒီမှာ လူကြီးတွေရှိတော့ သူ လေလည်လို့ မရဖြစ်နေတာပေါ့။ အဲဒါကြောင့် အခန်းထဲကို တမင်ခေါ်သွားပေးတာ။"

"ဒါဆို ငါလည်း လိုက်ခဲ့မယ်။"

"မင်းက ဘာလုပ်ဖို့လိုက်မှာလဲ!? ဖွားဖွားတို့.. ကန်တော့နော်။ အီးနံ့လိုက်ရှုမလို့လား!?"

ကျွန်တော် ဘဲသားမစားလိုက်ခြင်းက ထိုနှစ်ယောက်ကြောင့် အီးပြဿနာဖြေရှင်းခန်းသို့ ရောက်ရှိသွားလေတော့သည်။

"ဝသန်...လူကြီးတွေရှေ့မှာ မရိုင်းရဘူးလေ။ သမီး...ကလေးအတွက် လေဆေးလေး သွားယူပေးလိုက်ပါဦး။"

အန်တီ'မေရီ'ကြောင့် 'ဝသန်'က ငြိမ်ကျသွားပေမယ့် ပြဿနာက အဆုံးမသတ်သေးတာကို ကျွန်တော် သိနေသလိုပင်။ 'မဒေလီယာ' က ကျွန်တော့်အတွက် လေဆေးယူလာပေးတာမို့ လိမ်ညာမိတဲ့အကျိုးဆက်အနေနဲ့ ထိုဆေးကို သောက်လိုက်ရလေသည်။

"ကိုကို...ရေလေးသောက်လိုက်ဦး။"

'ဝသန်'လှမ်းပေးတဲ့ရေခွက်ကို ကျွန်တော် ယူလိုက်ချိန်မှာ လက်ချော်သွားပြီး ပေါင်ပေါ်ကို ရေတွေ ဖိတ်စင်ကျသွားတော့သည်။

"ဟာ...စိုကုန်ပြီပဲ။ ကျွန်တော် သုတ်ပေးမယ်နော်။"

'ဝသန်' က ပြောနေရင်းနဲ့ ရေတွေစိုရွှဲသွားတဲ့ ကျွန်တော့်ပေါင်ကို သူ့လက်က ရောက်ရှိလာခဲ့သည်။ ဒါပေမဲ့ ငသစ်က သူ့လက်ကို အမြန်ပုတ်ချပြီး ကျွန်တော့်ကို ဆွဲခေါ်ထားလိုက်လေသည်။

"ဒယ်ဒီ့ကို မထိနဲ့။"

ငသစ်ရဲ့အသံက ဒေါသကြောင့် အနည်းငယ် ကျယ်လောင်သွားတာမို့ မေမေက လှမ်းဟန့်လိုက်ရတော့သည်။

"သစ်သစ်လေး...စကားကို ဖြည်းဖြည်းပြောလေ။ သူများအိမ်မှာ အားနာစရာကြီး။"

"ရပါတယ် မစိမ့်ရယ်။ ဒီအရွယ်တွေက စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ပြောတတ်ကြတာပဲ။ ပြီးရင် ပြန်တည့်သွားကြရော။"

မေမေနဲ့ အန်တီ'မေရီ'က အဆင်ပြေသွားကြပေမယ့် ငသစ်နဲ့'ဝသန်'ကတော့ မျက်လုံးကို ဂိတ်ဆုံးအထိ ပြူးပြီး အပြိုင်ကြည့်နေခဲ့ကြသည်။ ထိုနှစ်ယောက်ကြားမှာ နေရခြင်းက ကျွန်တော့်အတွက် ဗုံးပေါ်မှာ ဖင်ခုထိုင်ထားရသလိုပင်။ ခဏကြာချိန်မှာ မေမေတို့လည်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောလို့ ဝသွားပြီး အိမ်ကို ပြန်လာဖြစ်ခဲ့ကြတော့သည်။

"အဲ့ကောင်က ဒယ်ဒီ့ကို ဘာလို့လိုက်ကပ်နေတာလဲ!?"

အခန်းထဲကို ရောက်ရောက်ချင်းပဲ မျှော်လင့်ထားတဲ့ မေးခွန်းကို ကြားလိုက်ရလေသည်။

"ဘယ်သိမှာလဲ!? သူ့ဘာသာသူ ကပ်ချင်လို့ ကပ်တာပဲ။ ငါနဲ့မှ မဆိုင်တာ။"

"🎶...🎶...🎶"

ကျွန်တော်တို့ ပြဿနာဖြစ်နေချိန်မှာ 'ဝသန်' ဆီက ဖုန်းဝင်လာပေမယ့် မကိုင်ဘဲ ချလိုက်မိသည်။

"🎶...🎶...🎶"

ထပ်ပြီးမြည်လာတဲ့ ဖုန်းသံကြောင့် ငသစ်က ကျွန်တော့်လက်ထဲကနေ ဖုန်းကို လုယူလိုက်လေသည်။ သူက ဖုန်းကို စပီကာဖွင့်လိုက်ပြီး ကျွန်တော့်ကို ဖုန်းဖြေခိုင်းလိုက်တော့သည်။

"ဟယ်လို..."

"ဟယ်လို...ကိုကိုလား!?"

"အင်း...ဘာဖြစ်လို့လဲ!?"

"ကျွန်တော် ကိုကို့ကို လွမ်းလာလို့။ ဟိုနေ့က ကျွန်တော်တို့ မတော်တဆ နမ်းမိသွားတာကိုလည်း အခုထိ မှတ်မိနေသေးတယ်။ ဖြစ်နိုင်ရင် နောက်တစ်ခေါက်လောက် ထပ်နမ်းကြရအောင်နော်။ မွ...မွ...မွ..."

'ဝသန်'ရဲ့စကားတွေက ငသစ်ရဲ့ဒေါသတွေကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေတာမို့ ကျွန်တော် ဝင်တားလို့ မရနိုင်တော့ပေ။

"ဟေ့ကောင်...$ရူးကောင်။ မင်း ဘာ$စကားတွေ လာပြောနေတာလဲ!? အရမ်း $ရူးထချင်နေရင်လည်း တခြားသူကို ရွေး။ နောက်ထပ်ဖုန်းလာခေါ်နေသေးရင် မင်းကို အသေသတ်မိလိမ့်မယ်။"

ပြောပြီးပြီးချင်း ဖုန်းကို ချလိုက်တဲ့ ငသစ်က ကျွန်တော့်ကို စူးစိုက်ကြည့်ပြီး မေးလာခဲ့လေသည်။

"သူက ဘာလို့ ဒီလိုစကားတွေကို ပြောနေရတာလဲ!? နမ်းမိတယ်ဆိုတာကရော ဘာတွေလဲ!? ကျွန်တော့်ကို သစ္စာဖောက်ချင်နေတာလား!?"

"သူက လျှောက်ပြောနေမှန်း အသိသာကြီးပဲလေ။ ဘာလို့ လျှောက်ယုံနေတာလဲ!?"

"သိလည်း စိတ်ဆိုးတာက ဆိုးတာပဲ။ ကိုယ့်ချစ်သူကို အရူးချေးပန်းလျှောက်ပြောနေတာလေ။ ဘယ်လိုစိတ်မျိုးနဲ့ သည်းခံပေးထားရမှာလဲ!? ပြီးတော့ ဒယ်ဒီက သူ့ကို အရေးပေးနေသလိုပဲ။"

အခြေအနေတွေက အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်စရာတွေ ဖြစ်လာနိုင်တာမို့ သူ့ကို သေချာရှင်းပြပေးဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ရတော့သည်။

"စိတ်ကို အေးအေးထားပြီး ငါ ရှင်းပြတာကို သေချာနားထောင်။ သူနဲ့ငါက ဘာမှမဖြစ်ဖူးဘူး။ ပြီးတော့ သူ ဒီလို‌တွေ လျှောက်လုပ်နေတာကလည်း ငါတို့အကြောင်းတွေကို သိနေလို့ တမင်စ,နေတာ။"

ကျွန်တော့်စကားကြောင့် ငသစ်ရဲ့သံသယက နည်းနည်းလျော့ပါးသွားသလိုပင်။

"ဒါပေမဲ့ ကျွန်တော်က အဲဒါကို ဘယ်လိုလုပ် ယုံရမှာလဲ!?"

"မင်းက ငါ့ကို မယုံဘူးလား!?"

"ယုံစေချင်ရင် တစ်နည်းတော့ ရှိတယ်။"

"ဘာလဲ!?"

"ခန္ဓာကိုယ်နဲ့ သက်သေပြလိုက်ပေါ့။"

ကိုယ့်ရှူးကိုယ်ပက်တယ်ဆိုတာ ဒါမျိုးပဲ ဖြစ်မှာပါ။ ဒါပေမဲ့ အန္တရာယ်ကို ရှောင်ဖို့အတွက် ကျွန်တော် မုသားသုံးလိုက်ရသည်။

"ငါ ဒီနေ့ လေအောင့်နေတာ။ နောက်‌တော့မှ သက်သေပြမယ်လေ။"

ငသစ်က ထိုစကားကို ယုံကြည်သွားပေမယ့် စိတ်ကျေနပ်ပုံတော့ သိပ်မရှိပေ။ ထိုကြောင့် နှစ်သိမ့်ပေးတဲ့အနေနဲ့ ငသစ်ရဲ့နှုတ်ခမ်းလေးကို နမ်းရှိုက်လိုက်မိသည်။

"ဒါလေးနဲ့ပဲ ကျေနပ်လိုက်တော့နော်။"

"ကျွန်တော့်ကို လာဆွပေးပြန်ပြီလား!?"

"မဆွပေးပါဘူး။ စိတ်လေးလျှော့ပြီး တရားလေးလည်း ထိုင်ပေါ့။ တဏှာကိုလည်း ထိန်းနိုင်အောင်လုပ်။"

"နောက်ဆုံးတစ်ခု‌ကို ထိန်းနိုင်မှာမဟုတ်ဘူး။ ဒီတစ်ယောက်က အမျိုးမျိုးဆွဲဆောင်နေလို့လေ။"

ငသစ်က ကျွန်တော့်ကို လှုပ်လို့မရနိုင်အောင် ပွေ့ဖက်ထားလိုက်လေသည်။ သူ့အနွေးဓာတ်လေးက ကျွန်တော့်ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံးအရာတစ်ခုပင်။ ဒီ(၂)လစာအလွမ်းတွေကို ပြန်ဖြည့်ဆည်းပေးပြီး ကျွန်တော်တို့ကြားက ကြိုးလေးတွေကို ပိုခိုင်မာလာစေဖို့ ကြိုးစားရပေဦးမည်။

#Śûè

***************


အခန္း ၃၉(Zawgyi Version)


မေန႔ညက ေမေမနဲ႔ အိပ္ေပးခဲ့ရတာမို႔ မနက္ေရာက္ေတာ့ ေမေမ ထတဲ့အခ်ိန္အတိုင္း ႏိုးလာခဲ့ရေလသည္။ နံနက္စာကို ျပင္ဆင္ေပးေနရင္းနဲ႔ ေမေမက ကြၽန္ေတာ့္ကို လွမ္းေျပာလိုက္ေတာ့သည္။

"မေန႔ကေတြ႕ခဲ့တဲ့ ေမေမ့အသိအန္တီက ဒီေန႔ ေမေမတို႔ကို ထမင္းစားဖိတ္ထားတယ္။ သား လိုက္ခဲ့ေပးေနာ္။"

"ဟုတ္ကဲ့...ေမေမ။"

"ကဲ...စားဖို႔ေတာ့ ျပင္ဆင္ၿပီးၿပီ။ သစ္သစ္ကို သြားႏိႈးလိုက္ေတာ့ေနာ္။"

ေမေမ့စကားအတိုင္း ငသစ္ကို ကြၽန္ေတာ္ ႏိႈးဖို႔ အေပၚထပ္သို႔ တက္လာခဲ့မိသည္။ မေန႔က ကြၽန္ေတာ့္ကို စိတ္ေကာက္ၿပီး က်န္ေနခဲ့ရတဲ့ ငသစ္က အခုက်ေတာ့ ကေလးတစ္ေယာက္လို အိပ္ေမာက်ေနေလသည္။ ထိုပုံစံေလးက ခ်စ္စရာေကာင္းေနတာမို႔ သူ႕ပါးေလးကို ခပ္ဖြဖြနမ္းၿပီး ႏိႈးလိုက္ရေတာ့သည္။

"ငသစ္...ထေတာ့ေလ။ မနက္စာသြားစားၾကရေအာင္။"

ကြၽန္ေတာ့္အသံေၾကာင့္ ငသစ္က နည္းနည္းလႈပ္႐ြလာခဲ့ေလသည္။

"ငသစ္...ထေတာ့ေနာ္။"

ခဏအၾကာမွာ သူ႕မ်က္လုံးေတြ ပြင့္ဟလာခဲ့ၿပီး ကြၽန္ေတာ့္ကို ျမင္ေတြ႕သြားေတာ့သည္။

"ဒီကို ဘာလာလုပ္တာလဲ!?"

"မင္းကို လာႏိႈးတာေလ။ ျမန္ျမန္ထ... ေမေမ ေစာင့္ေနတယ္။"

"မထခ်င္ဘူး။"

"အဲဒါ ဘာျဖစ္ရျပန္တာလဲ!?"

"ဒယ္ဒီ့ေၾကာင့္ ကြၽန္ေတာ့္မွာ မေန႔ညတုန္းက အိပ္လို႔ေတာင္ မေပ်ာ္ဘူး။ တစ္ညလုံး လူကို ႏွိပ္စက္သြားတာ။ ဒယ္ဒီ့ကို စိတ္ဆိုးတယ္။"

"ဒါက စိတ္ဆိုးေနတဲ့႐ုပ္ေလးလား!?"

ငသစ္ရဲ႕ေမးေစ့ေလးကို ညင္သာစြာ ကိုင္ရင္းနဲ႔ ကြၽန္ေတာ္ ေမးလိုက္မိသည္။

"အခုမွ လာေခ်ာ့မေနနဲ႔။"

"တကယ္ မေခ်ာ့ရဘူးလား!?"

ငသစ္က ခႏၶာကိုယ္ကို တစ္ဖက္သို႔ေစာင္းၿပီး ကြၽန္ေတာ့္ကို ေက်ာေပးလိုက္ေလသည္။

"ဒီေလာက္ေခ်ာ့ေနတာကို စိတ္ေကာက္မေျပေသးဘူးဆိုရင္ တစ္‌ေယာက္တည္းသာ ေနခဲ့ေတာ့။"

ေျပာၿပီးၿပီးခ်င္း ေမြ႕ယာ‌ေပၚကေန ထြက္သြားဖို႔ ေျခလွမ္းျပင္ေနတဲ့ ကြၽန္ေတာ့္ကို ငသစ္က လွမ္းေျပာလိုက္ေတာ့သည္။

"သြားပါ...ထြက္သြား။ ကြၽန္ေတာ္ ဘာျဖစ္ေနေန ဒယ္ဒီက ဂ႐ုစိုက္တာမွမဟုတ္တာ။"

ဂ်ီက်ေနတဲ့ ငသစ္က ထိုကိစၥနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ့္ကို တစ္ခ်ိန္လုံး ျပႆနာ႐ွာေနမွာ အေသအခ်ာပင္။ နားၿငီးတဲ့ဒဏ္ကို လုံးဝမခံႏိုင္တဲ့ ကြၽန္ေတာ္က ငသစ္ စိတ္ေက်နပ္သြားဖို႔ လုပ္ေပးဖို႔သာ ဆုံးျဖတ္လိုက္ရသည္။

"မင္းက ဘာျဖစ္ခ်င္ေနတာလဲ!?"

"ဒီေန႔ ကြၽန္ေတာ့္အနားမွာပဲ ေနေပးရမယ္။"

"မင္းက ေလ့က်င့္ေရးမ႐ွိဘူးလား!?"

"ကြၽန္ေတာ့္အပိုင္းအတြက္က အားလုံးၿပီးေနၿပီ။ အဲဒါေၾကာင့္ အိမ္မွာပဲ နားခိုင္းထားတာ။ ႐ိုက္ကူးေရးက လာမယ့္အပတ္ စမွာ။"

"ငါ ဒီေန႔ မအားဘူး။ ေမေမ့သူငယ္ခ်င္းအိမ္က ထမင္းဖိတ္ေကြၽးလို႔ လိုက္သြားရမယ္။"

"ဟာ...လာျပန္ၿပီကြာ။ နားရက္ေလးရလာလို႔ ေပ်ာ္ေန႐ုံ႐ွိေသးတယ္။ ေအးေအးေဆးေဆးကို မေနရဘူး။"

ငသစ္ရဲ႕ပုံစံက သနားစရာ ျဖစ္ေနသလို ရယ္ခ်င္စရာလည္း ေကာင္းေန‌ခဲ့ေလသည္။ အိမ္တစ္အိမ္တည္းမွာ အတူေနရေပမယ့္ ခ်စ္သူေတြလိုဆက္ဆံေရးမ်ိဳး မ႐ွိခဲ့တာလည္း ၾကာခဲ့ၿပီမို႔ ငသစ္ ညည္းညဴတာ မဆန္းေတာ့ေပ။

"ေနာက္ေတာ့ အခ်ိန္ရလာမွာေပါ့။ နားရက္ရတုန္း ငါတို႔အခ်င္းခ်င္း ျပႆနာမျဖစ္ဘဲေနတာ ပိုေကာင္းပါတယ္။ ျမန္ျမန္မ်က္ႏွာသစ္ၿပီး ဆင္းလာခဲ့။"

ငသစ္ကို ေခ်ာ့ေမာ့ေျပာခဲ့ၿပီး ေအာက္ထပ္သို႔ ကြၽန္ေတာ္ ဆင္းလာခဲ့ရေလသည္။

"သစ္သစ္ေလး ႏိုးၿပီလား...သား!?"

"ႏိုးၿပီး‌ ေမေမ။ သူ ခဏေနရင္ ဆင္းလာလိမ့္မယ္။"

"သူက ဒီေန႔ ေလ့က်င့္ေရးမ႐ွိဘူးလား!?"

"ေနာက္တစ္ပတ္ ႐ိုက္ကူးေရးစေတာ့မွ သြားရမယ္လို႔ ေျပာတယ္။ ေလ့က်င့္ေရးကေတာ့ ၿပီးသြားၿပီတဲ့။"

ခဏအၾကာမွာ ငသစ္က ဆူပုတ္ပုတ္နဲ႔ ဆင္းလာေလေတာ့သည္။

"ဖြားဖြားရဲ႕ေျမးေလးက စိတ္ေကာက္ေနတာလား!?"

"မေကာက္ပါဘူး။"

လူက ရန္ကုန္၊ ႏႈတ္ခမ္းက ပဲခူးေရာက္ေနတဲ့ ငသစ္ရဲ႕စိတ္မေကာက္ပါဘူးဆိုတဲ့ အေျဖက ရယ္ခ်င္စရာပင္။

"ဒီေန႔ ဖြားဖြားရဲ႕မိတ္ေဆြတစ္ေယာက္က သူ႕ဆီ ထမင္းစားဖိတ္ထားလို႔ သြားရမွာ။ ဒယ္ဒီကလည္း ဖြားဖြားနဲ႔လိုက္ခဲ့ရမွာဆိုေတာ့ သား စားဖို႔အတြက္ပဲ ခ်က္ေပးထားခဲ့မယ္ေနာ္။"

"အဲဒီအိမ္ကို သားလည္း လိုက္ခဲ့မယ္။"

ငသစ္ဆီက ထူးထူးဆန္းဆန္း စကားေၾကာင့္ ေမေမက အံ့အားသင့္သြားေလသည္။ အရင္ကဆို ဒီလိုကိစၥမ်ိဳးကို လိုက္ဖို႔စိတ္မဝင္စားခဲ့တဲ့သူက အခုေတာ့ လိုလိုခ်င္ခ်င္နဲ႔ ေျပာလာတာမို႔ ေမေမက အံ့ဩသြားျခင္း ျဖစ္သည္။

"သစ္သစ္က တကယ္လိုက္ခ်င္တာလား!?"

ငသစ္က ျပတ္ျပတ္သားသား ေခါင္းညိတ္ျပလိုက္ေလသည္။ ကြၽန္ေတာ္က‌ေတာ့ သူ႕စိတ္ကို သိၿပီးသားမို႔ ျပႆနာမ႐ွာဖို႔ ေမွ်ာ္လင့္ေနမိေတာ့သည္။

ေန႔လည္(၁၁)နာရီခြဲခန္႔တြင္-

ကြၽန္ေတာ္တို႔အားလုံး ေမေမ့မိတ္ေဆြျဖစ္တဲ့ အန္တီ'ေမရီ'ရဲ႕အိမ္ကို ေန႔လည္ခင္းေလာက္မွာ ေရာက္႐ွိသြားခဲ့ေလသည္။ က်ယ္ဝန္းလွတဲ့ ျခံႀကီးနဲ႔ ခန္႔ညားလွတဲ့အိမ္ကို ေငးၾကည့္ၿပီး ကြၽန္ေတာ္တို႔အားလုံး လိပ္စာကို ျပန္ၿပီးငုံ႔ၾကည့္လိုက္ရေတာ့သည္။

"ဒီအိမ္နံပါတ္ေတာ့ မွန္ပါတယ္။ ဒါေပမဲ့ သူတို႔က ေတာ္ေတာ္ခ်မ္းသာတာပဲ။"

ကြၽန္ေတာ္ ငသစ္ကို လွမ္းေျပာလိုက္ေပမယ့္ သူက ခပ္တည္တည္႐ုပ္နဲ႔ လ်စ္လ်ဴ႐ႈထားခဲ့ေလသည္။

"သူ႕အမ်ိဳးသားက ခ်မ္းသာတယ္လို႔ ၾကားဖူးတယ္။ ကဲပါေလ...ဘဲလ္ကိုသာ ႏွိပ္ၾကည့္ၿပီး ဟုတ္မဟုတ္ စမ္းသပ္ၾကတာေပါ့။"

ေမေမ့သေဘာအတိုင္း ကြၽန္ေတာ္ လူေခၚဘဲလ္ကို ႏွိပ္လိုက္မိသည္။ ခဏအၾကာမွာ အိမ္ထဲက ထြက္လာတဲ့ လူတစ္ေယာက္ေၾကာင့္ ကြၽန္ေတာ္နဲ႔ငသစ္လည္း အံ့အားသင့္သြားရေတာ့သည္။

"ဝသန္!!!"

'ဝသန္'ကလည္း ကြၽန္ေတာ္တို႔ကို ၾကည့္ၿပီး အံ့အားသင့္စြာျဖင့္ လွမ္းေျပာခဲ့ေလသည္။

"ကိုကို!!!"

ႏွစ္ေယာက္တည္းဆို မင္း၊ ငါနဲ႔ သုံးႏႈန္းတတ္တဲ့ 'ဝသန္'က လူေတြေ႐ွ႕မွာေတာ့ ႐ိုေသဟန္ျဖင့္ ထိုသို႔ေခၚေလ့႐ွိသည္။ ဒါေပမဲ့ ထိုအသံေၾကာင့္ ငသစ္ရဲ႕မ်က္ႏွာက လငပုပ္ဖမ္းသြားသလိုမ်ိဳး မည္းသည္းသြားေလေတာ့သည္။

"မင္းက ဒီအိမ္မွာ ေနတာလား!?"

ကြၽန္ေတာ့္အေမးကို 'ဝသန္'က ျခံတံခါးဖြင့္ေပးရင္းနဲ႔ ျပန္ေျဖလိုက္သည္။

"ဟုတ္တယ္။ ကိုကိုတို႔ကေရာ ဒီကို ဘာျဖစ္လို႔ ေရာက္လာၾကတာလဲ!?"

"ငါတို႔က ေမေမ့မိတ္ေဆြ အန္တီေမရီ႕ဆီကို လာၾကတာ။ သူ ေပးထားတဲ့ လိပ္စာကေတာ့ ဒီအိမ္ရဲ႕လိပ္စာပဲ။"

"ဟာ...အဲဒါ ကြၽန္ေတာ့္အဖြားပဲ။ လာ...လာ.. အထဲမွာ အဖြားေစာင့္ေနတယ္။"

သူ႕ဦးေဆာင္မႈအတိုင္း ကြၽန္ေတာ္တို႔ လိုက္ပါသြားၿပီး ထိုအိမ္ႀကီးထဲသို႔ ေရာက္႐ွိသြားေလသည္။

"ဪ...မစိမ့္တို႔ ေရာက္လာၿပီလား!?"

ေမေမက အန္တီ'ေမရီ'ကို ဘာမွျပန္မေျဖရေသးခင္ 'ဝသန္'က ကြၽန္ေတာ့္လက္ေမာင္းကို ပိုင္စိုးပိုင္နင္းနဲ႔ ဆြဲသြားေလေတာ့သည္။

"ဖြားဖြား... ဒါ သားကို အဂၤလိပ္စာျပေပးတဲ့ ကိုကိုေလ။"

"ဟယ္...တိုက္ဆိုင္လိုက္တာကြယ္။ ဒီလိုမ်ိဳးလာဆုံေနရတယ္။ မေန႔ကသာ ကြၽန္မတို႔ ျပန္မေတြ႕ျဖစ္ခဲ့ရင္ ဒီကိစၥကို သိရမွာမဟုတ္ဘူးေနာ္။"

"ဟုတ္ပ...ေမရီရယ္။"

ေမေမတို႔က စကားေဖာင္ဖြဲ႕ေျပာေနၾကခ်ိန္မွာ 'ဝသန္'က ကြၽန္ေတာ့္အနားကို ခ်ဥ္းကပ္လာၿပီး တိုးတိုးေလး ေျပာလိုက္ေလသည္။

"မင္း ေက်ာကုန္းက ပူမလာဘူးလား!?"

"ဘာလို႔လဲ!?"

"မင္းေယာက်္ားက အေနာက္ဘက္ကေနၿပီး ေလဆာနဲ႔ ပစ္ေနတယ္ေလ။"

ထိုစကားေၾကာင့္ ကြၽန္ေတာ္ အေနာက္ဘက္ကို လွည့္ၾကည့္လိုက္ခ်ိန္မွာ ငသစ္ရဲ႕စူးရဲစြာ စိုက္ၾကည့္ေနတဲ့ မ်က္ဝန္းတစ္စုံနဲ႔ ရင္ဆိုင္ခဲ့ရသည္။ ထိုအၾကည့္ေတြကို ရင္မဆိုင္ရဲတာေၾကာင့္ ကြၽန္ေတာ္ အေ႐ွ႕ကို ျပန္လွည့္လိုက္ရေတာ့သည္။

"မင္းက ငါ့ကို အိုဗာတင္းေတြ လာလုပ္ျပေနမွေတာ့ သူက တင္းၿပီေပါ့။"

"အဲ့လိုလူမ်ိဳးကို ကလိေပးရတာ ပိုမိုက္တယ္ေလ။ စိတ္ထဲမွာ မ႐ိုးမ႐ြနဲ႔။"

'ဝသန္'က ငသစ္ကို ျပႆနာသြား႐ွာထားၿပီး အူျမဴးေနေပမယ့္ ကြၽန္ေတာ္ကေတာ့ သူတို႔ၾကားမွာ ေခါင္းက်ိန္းေနမိသည္။ ထိုခဏမွာ အေပၚထပ္ကေန ဆင္းလာတဲ့ 'မေဒလီယာ' ရဲ႕အသံကို ၾကားလိုက္ရ‌ေလသည္။

"လဝန္းသစ္...လျပည့္မႉး...ဘယ္လိုျဖစ္ၿပီး ဒီကို ေရာက္ေနၾကတာလဲ!?"

"ကိုကို႔အေမက ဖြားဖြား ဖိတ္ထားတဲ့သူတဲ့။"

"ဟာ...တိုက္တိုက္ဆိုင္ဆိုင္ပါပဲလား!? အစ္မတို႔ေတြက ကံစပ္တာပဲ။"

ကြၽန္ေတာ္တို႔က ရင္းႏွီးၿပီးသားလူေတြခ်ည္းပဲမို႔ လူႀကီးေတြစကားေျပာေနခ်ိန္မွာ လူငယ္ေတြကလည္း သီးျခားစီစကားေျပာျဖစ္ခဲ့ၾကသည္။ ကြၽန္ေတာ္နဲ႔ ငသစ္က ေဘးခ်င္းကပ္ထိုင္ၿပီး ဝသန္နဲ႔ မေဒလီယာက ကြၽန္ေတာ္တို႔နဲ႔ မ်က္ႏွာခ်င္းဆိုင္မွာ ဝင္ထိုင္ခဲ့ေလသည္။

"လျပည့္မႉးကို ေက်းဇူးအရမ္းတင္ပါတယ္။ သူက ထိန္းရခက္လို႔ မင္းနဲ႔ အဆင္ေျပပါ့မလားလို႔ ေတြးခဲ့မိေသးတာ။။ အခုေတာ့ သူ စာကို ေတာ္ေတာ္ေလး လိုက္လုပ္လာတယ္။ အမွတ္ေတြလည္း တက္လာတယ္ေလ။"

'မေဒလီယာ'ရဲ႕ခ်ီးက်ဴးမႈေၾကာင့္ ကြၽန္ေတာ္ ျပဳံးျပလိုက္မိသည္။

"သူကိုယ္တိုင္ကလည္း ႀကိဳးစားခ်င္စိတ္႐ွိပါတယ္။"

"ဒယ္ဒီက စာအသင္အျပအရမ္းေတာ္တယ္။ သူ႕မွ မဟုတ္ဘူး...အားလုံးကို ေစတနာထားၿပီး သင္ေပးတတ္တာ။"

ငသစ္ရဲ႕စကားက တမင္ရည္႐ြယ္ခ်က္႐ွိ႐ွိနဲ႔ ေျပာလိုက္မွန္း ကြၽန္ေတာ္ သတိထားမိလိုက္ေလသည္။

"လျပည့္မႉးက စိတ္႐ွည္တဲ့သူမွန္း အစ္မ သိပါတယ္။ အဲ့လိုစိတ္႐ွည္လို႔သာ ဒီႏွစ္ေယာက္ကို ထိန္းႏိုင္တာေပါ့။"

'မ‌ေဒလီယာ' ရည္ၫႊန္းတဲ့သူေတြက ငသစ္နဲ႔ 'ဝသန္'ဆိုတာကို ကြၽန္ေတာ္ နားလည္လိုက္ေတာ့သည္။

"သမီးေရ...ကေလးေတြကို ထမင္းစားဖို႔ ေခၚလာခဲ့ေတာ့ေနာ္။ ၿပီးမွပဲ ေအးေအးေဆးေဆး စကားဆက္ေျပာၾကေပါ့။"

'မေဒလီယာ'က ကြၽန္ေတာ္တို႔ကို ထမင္းစားခန္းသို႔ လိုက္ျပေပးၿပီး စားေသာက္စရာေတြကို ျပင္ဆင္ေပးခဲ့ေလသည္။ စားပြဲခုံအ႐ွည္ႀကီးမွာ တစ္ဖက္ကို သုံးေယာက္စီ ထိုင္ရၿပီး ကြၽန္ေတာ္က ဟိုငေပြးႏွစ္ေယာက္ရဲ႕အလယ္မွာ ေနရာယူခဲ့ရသည္။

"ကိုယ့္အိမ္ကိုယ့္ရာလို သေဘာထားၿပီး စားၾကေနာ္။ ဝသန္ကလည္း ဟင္းေလးေတြကို ေသခ်ာထည့္ေပးလိုက္ေနာ္။"

"ဟုတ္..."

'ဝသန္'က ကြၽန္ေတာ့္ပန္းကန္ထဲကို ဘဲသားဟင္းနဲ႔ အစိမ္းေၾကာ္ေတြ ထည့္ေပးလိုက္ခ်ိန္မွာ ညာဘက္အျခမ္းမွာ ထိုင္ေနတဲ့ ငသစ္က မ်က္ေထာင့္နီႀကီးနဲ႔ ကြၽန္ေတာ္တို႔ကို ေစာင့္ၾကည့္ေနခဲ့ေလသည္။

"လဝန္းသစ္လည္း ထည့္စားေနာ္။ ေရာ့... ဒါေလးကို စားၾကည့္ဦး။ အစ္မကိုယ္တိုင္ ခ်က္ထားတာ။"

'မေဒလီယာ'က ငသစ္ရဲ႕ပန္းကန္ထဲကို ဟင္းထည့္ေပးၿပီး ေျပာလိုက္တာမို႔ လွည့္မၾကည့္ခဲ့ေပမယ့္ နားစြင့္ထားလိုက္မိသည္။ ထိုဟင္းပြဲကို ငသစ္က စားၾကည့္ၿပီး ခ်ီးက်ဴးစကားဆိုသံကို ကြၽန္ေတာ္ ၾကားလိုက္ရေလသည္။

"ဘဲသားဟင္းေလးက ေတာ္ေတာ္ႏူးညံ့တယ္ေနာ္။ အရသာကလည္း အစပ္အဟပ္ တည့္တယ္။"

ထိုစကားကို ဝတ္ေက်တန္းေက် ေျပာျပသင့္ေပမယ့္ ကြၽန္ေတာ့္စိတ္ထဲမွာ အလိုမက်ျဖစ္ေနမိေတာ့သည္။ စိတ္ထဲက မေက်နပ္ခ်က္တစ္ခုကို ပန္းကန္ထဲက အျပစ္မဲ့တဲ့ ဘဲသားဟင္းအေပၚ ကြၽန္ေတာ္ ပုံခ်လိုက္ၿပီး လုံးဝမစားဘဲ လ်စ္လ်ဴ႐ႈထားခဲ့ေတာ့သည္။

"ကိုကို...ဘဲသားဟင္း မႀကိဳက္ဘူးလား!?"

'ဝသန္'က ကြၽန္ေတာ့္ကို သတိထားမိသြားၿပီး ေမးလိုက္ေလသည္။

"ႀကိဳက္ပါတယ္။ ဒီေန႔ ေလေအာင့္သလိုမ်ိဳး ျဖစ္ေနလို႔ ခဏေ႐ွာင္ထားတာ။"

ထိုခဏမွာပင္ ငသစ္ကလည္း ကြၽန္ေတာ့္ကို လွမ္းေမးခဲ့ျပန္သည္။

"ဒယ္ဒီ...ဗိုက္မေကာင္းဘူးလား!? ေလေဆးေသာက္မလား!?"

"ရတယ္။ ခဏေနရင္ သက္သာသြားမွာပါ။"

"ေလေအာင့္တာက ခံရခက္တယ္။ အခန္းထဲမွာ ေဆး႐ွိတယ္...ကိုကို။ ကြၽန္ေတာ္နဲ႔လိုက္ခဲ့ေနာ္။"

'ဝသန္'စကားကို ငသစ္က လက္မခံႏိုင္ဘဲ ဝင္ေျပာလိုက္ေလသည္။

"ေဆးသြားယူၿပီး ဒီမွာေသာက္ခိုင္းလို႔လည္း ရတာပဲေလ။ ဘာလို႔ အခန္းထဲေခၚသြားရမွာလဲ!?"

"ေလေအာင့္တယ္ဆိုတာ ေလမလည္ရလို႔ပဲေလ။ ဒီမွာ လူႀကီးေတြ႐ွိေတာ့ သူ ေလလည္လို႔ မရျဖစ္ေနတာေပါ့။ အဲဒါေၾကာင့္ အခန္းထဲကို တမင္ေခၚသြားေပးတာ။"

"ဒါဆို ငါလည္း လိုက္ခဲ့မယ္။"

"မင္းက ဘာလုပ္ဖို႔လိုက္မွာလဲ!? ဖြားဖြားတို႔.. ကန္ေတာ့ေနာ္။ အီးနံ႔လိုက္႐ႈမလို႔လား!?"

ကြၽန္ေတာ္ ဘဲသားမစားလိုက္ျခင္းက ထိုႏွစ္ေယာက္ေၾကာင့္ အီးျပႆနာေျဖ႐ွင္းခန္းသို႔ ေရာက္႐ွိသြားေလေတာ့သည္။

"ဝသန္...လူႀကီးေတြေ႐ွ႕မွာ မ႐ိုင္းရဘူးေလ။ သမီး...ကေလးအတြက္ ေလေဆးေလး သြားယူေပးလိုက္ပါဦး။"

အန္တီ'ေမရီ'ေၾကာင့္ 'ဝသန္'က ၿငိမ္က်သြားေပမယ့္ ျပႆနာက အဆုံးမသတ္ေသးတာကို ကြၽန္ေတာ္ သိေနသလိုပင္။ 'မေဒလီယာ' က ကြၽန္ေတာ့္အတြက္ ေလေဆးယူလာေပးတာမို႔ လိမ္ညာမိတဲ့အက်ိဳးဆက္အေနနဲ႔ ထိုေဆးကို ေသာက္လိုက္ရေလသည္။

"ကိုကို...ေရေလးေသာက္လိုက္ဦး။"

'ဝသန္'လွမ္းေပးတဲ့ေရခြက္ကို ကြၽန္ေတာ္ ယူလိုက္ခ်ိန္မွာ လက္ေခ်ာ္သြားၿပီး ေပါင္ေပၚကို ေရေတြ ဖိတ္စင္က်သြားေတာ့သည္။

"ဟာ...စိုကုန္ၿပီပဲ။ ကြၽန္ေတာ္ သုတ္ေပးမယ္ေနာ္။"

'ဝသန္' က ေျပာေနရင္းနဲ႔ ေရေတြစို႐ႊဲသြားတဲ့ ကြၽန္ေတာ့္ေပါင္ကို သူ႕လက္က ေရာက္႐ွိလာခဲ့သည္။ ဒါေပမဲ့ ငသစ္က သူ႕လက္ကို အျမန္ပုတ္ခ်ၿပီး ကြၽန္ေတာ့္ကို ဆြဲေခၚထားလိုက္ေလသည္။

"ဒယ္ဒီ့ကို မထိနဲ႔။"

ငသစ္ရဲ႕အသံက ေဒါသေၾကာင့္ အနည္းငယ္ က်ယ္ေလာင္သြားတာမို႔ ေမေမက လွမ္းဟန္႔လိုက္ရေတာ့သည္။

"သစ္သစ္ေလး...စကားကို ျဖည္းျဖည္းေျပာေလ။ သူမ်ားအိမ္မွာ အားနာစရာႀကီး။"

"ရပါတယ္ မစိမ့္ရယ္။ ဒီအ႐ြယ္ေတြက စိတ္ထဲ႐ွိတာကို ပြင့္ပြင့္လင္းလင္း ေျပာတတ္ၾကတာပဲ။ ၿပီးရင္ ျပန္တည့္သြားၾကေရာ။"

ေမေမနဲ႔ အန္တီ'ေမရီ'က အဆင္ေျပသြားၾကေပမယ့္ ငသစ္နဲ႔'ဝသန္'ကေတာ့ မ်က္လုံးကို ဂိတ္ဆုံးအထိ ျပဴးၿပီး အၿပိဳင္ၾကည့္ေနခဲ့ၾကသည္။ ထိုႏွစ္ေယာက္ၾကားမွာ ေနရျခင္းက ကြၽန္ေတာ့္အတြက္ ဗုံးေပၚမွာ ဖင္ခုထိုင္ထားရသလိုပင္။ ခဏၾကာခ်ိန္မွာ ေမေမတို႔လည္း ေ႐ွးေဟာင္းေႏွာင္းျဖစ္ေတြ ေျပာလို႔ ဝသြားၿပီး အိမ္ကို ျပန္လာျဖစ္ခဲ့ၾကေတာ့သည္။

"အဲ့ေကာင္က ဒယ္ဒီ့ကို ဘာလို႔လိုက္ကပ္ေနတာလဲ!?"

အခန္းထဲကို ေရာက္ေရာက္ခ်င္းပဲ ေမွ်ာ္လင့္ထားတဲ့ ေမးခြန္းကို ၾကားလိုက္ရေလသည္။

"ဘယ္သိမွာလဲ!? သူ႕ဘာသာသူ ကပ္ခ်င္လို႔ ကပ္တာပဲ။ ငါနဲ႔မွ မဆိုင္တာ။"

"🎶...🎶...🎶"

ကြၽန္ေတာ္တို႔ ျပႆနာျဖစ္ေနခ်ိန္မွာ 'ဝသန္' ဆီက ဖုန္းဝင္လာေပမယ့္ မကိုင္ဘဲ ခ်လိုက္မိသည္။

"🎶...🎶...🎶"

ထပ္ၿပီးျမည္လာတဲ့ ဖုန္းသံေၾကာင့္ ငသစ္က ကြၽန္ေတာ့္လက္ထဲကေန ဖုန္းကို လုယူလိုက္ေလသည္။ သူက ဖုန္းကို စပီကာဖြင့္လိုက္ၿပီး ကြၽန္ေတာ့္ကို ဖုန္းေျဖခိုင္းလိုက္ေတာ့သည္။

"ဟယ္လို..."

"ဟယ္လို...ကိုကိုလား!?"

"အင္း...ဘာျဖစ္လို႔လဲ!?"

"ကြၽန္ေတာ္ ကိုကို႔ကို လြမ္းလာလို႔။ ဟိုေန႔က ကြၽန္ေတာ္တို႔ မေတာ္တဆ နမ္းမိသြားတာကိုလည္း အခုထိ မွတ္မိေနေသးတယ္။ ျဖစ္ႏိုင္ရင္ ေနာက္တစ္ေခါက္ေလာက္ ထပ္နမ္းၾကရေအာင္ေနာ္။ မြ...မြ...မြ..."

'ဝသန္'ရဲ႕စကားေတြက ငသစ္ရဲ႕ေဒါသေတြကို အထြတ္အထိပ္သို႔ ေရာက္႐ွိသြားေစတာမို႔ ကြၽန္ေတာ္ ဝင္တားလို႔ မရႏိုင္ေတာ့ေပ။

"ေဟ့ေကာင္...$႐ူးေကာင္။ မင္း ဘာ$စကားေတြ လာေျပာေနတာလဲ!? အရမ္း $႐ူးထခ်င္ေနရင္လည္း တျခားသူကို ေ႐ြး။ ေနာက္ထပ္ဖုန္းလာေခၚေနေသးရင္ မင္းကို အေသသတ္မိလိမ့္မယ္။"

ေျပာၿပီးၿပီးခ်င္း ဖုန္းကို ခ်လိုက္တဲ့ ငသစ္က ကြၽန္ေတာ့္ကို စူးစိုက္ၾကည့္ၿပီး ေမးလာခဲ့ေလသည္။

"သူက ဘာလို႔ ဒီလိုစကားေတြကို ေျပာေနရတာလဲ!? နမ္းမိတယ္ဆိုတာကေရာ ဘာေတြလဲ!? ကြၽန္ေတာ့္ကို သစၥာေဖာက္ခ်င္ေနတာလား!?"

"သူက ေလွ်ာက္ေျပာေနမွန္း အသိသာႀကီးပဲေလ။ ဘာလို႔ ေလွ်ာက္ယုံေနတာလဲ!?"

"သိလည္း စိတ္ဆိုးတာက ဆိုးတာပဲ။ ကိုယ့္ခ်စ္သူကို အ႐ူးေခ်းပန္းေလွ်ာက္ေျပာေနတာေလ။ ဘယ္လိုစိတ္မ်ိဳးနဲ႔ သည္းခံေပးထားရမွာလဲ!? ၿပီးေတာ့ ဒယ္ဒီက သူ႕ကို အေရးေပးေနသလိုပဲ။"

အေျခအေနေတြက အပ်က္ပ်က္နဲ႔ ႏွာေခါင္းေသြးထြက္စရာေတြ ျဖစ္လာႏိုင္တာမို႔ သူ႕ကို ေသခ်ာ႐ွင္းျပေပးဖို႔ ကြၽန္ေတာ္ ဆုံးျဖတ္ခဲ့ရေတာ့သည္။

"စိတ္ကို ေအးေအးထားၿပီး ငါ ႐ွင္းျပတာကို ေသခ်ာနားေထာင္။ သူနဲ႔ငါက ဘာမွမျဖစ္ဖူးဘူး။ ၿပီးေတာ့ သူ ဒီလို‌ေတြ ေလွ်ာက္လုပ္ေနတာကလည္း ငါတို႔အေၾကာင္းေတြကို သိေနလို႔ တမင္စ,ေနတာ။"

ကြၽန္ေတာ့္စကားေၾကာင့္ ငသစ္ရဲ႕သံသယက နည္းနည္းေလ်ာ့ပါးသြားသလိုပင္။

"ဒါေပမဲ့ ကြၽန္ေတာ္က အဲဒါကို ဘယ္လိုလုပ္ ယုံရမွာလဲ!?"

"မင္းက ငါ့ကို မယုံဘူးလား!?"

"ယုံေစခ်င္ရင္ တစ္နည္းေတာ့ ႐ွိတယ္။"

"ဘာလဲ!?"

"ခႏၶာကိုယ္နဲ႔ သက္ေသျပလိုက္ေပါ့။"

ကိုယ့္႐ွဴးကိုယ္ပက္တယ္ဆိုတာ ဒါမ်ိဳးပဲ ျဖစ္မွာပါ။ ဒါေပမဲ့ အႏၲရာယ္ကို ေ႐ွာင္ဖို႔အတြက္ ကြၽန္ေတာ္ မုသားသုံးလိုက္ရသည္။

"ငါ ဒီေန႔ ေလေအာင့္ေနတာ။ ေနာက္‌ေတာ့မွ သက္ေသျပမယ္ေလ။"

ငသစ္က ထိုစကားကို ယုံၾကည္သြားေပမယ့္ စိတ္ေက်နပ္ပုံေတာ့ သိပ္မ႐ွိေပ။ ထိုေၾကာင့္ ႏွစ္သိမ့္ေပးတဲ့အေနနဲ႔ ငသစ္ရဲ႕ႏႈတ္ခမ္းေလးကို နမ္း႐ိႈက္လိုက္မိသည္။

"ဒါေလးနဲ႔ပဲ ေက်နပ္လိုက္ေတာ့ေနာ္။"

"ကြၽန္ေတာ့္ကို လာဆြေပးျပန္ၿပီလား!?"

"မဆြေပးပါဘူး။ စိတ္ေလးေလွ်ာ့ၿပီး တရားေလးလည္း ထိုင္ေပါ့။ တဏွာကိုလည္း ထိန္းႏိုင္ေအာင္လုပ္။"

"ေနာက္ဆုံးတစ္ခု‌ကို ထိန္းႏိုင္မွာမဟုတ္ဘူး။ ဒီတစ္ေယာက္က အမ်ိဳးမ်ိဳးဆြဲေဆာင္ေနလို႔ေလ။"

ငသစ္က ကြၽန္ေတာ့္ကို လႈပ္လို႔မရႏိုင္ေအာင္ ေပြ႕ဖက္ထားလိုက္ေလသည္။ သူ႕အေႏြးဓာတ္ေလးက ကြၽန္ေတာ့္ခႏၶာကိုယ္အတြက္ အလိုအပ္ဆုံးအရာတစ္ခုပင္။ ဒီ(၂)လစာအလြမ္းေတြကို ျပန္ျဖည့္ဆည္းေပးၿပီး ကြၽန္ေတာ္တို႔ၾကားက ႀကိဳးေလးေတြကို ပိုခိုင္မာလာေစဖို႔ ႀကိဳးစားရေပဦးမည္။

#Śûè

***************


Continue Reading

You'll Also Like

511K 43.6K 61
แ€˜แ€แ€™แ€พแ€ฌแ€กแ€แ€ปแ€…แ€บแ€”แ€ฒแ€ทแ€แ€ฐแ€žแ€ฑแ€ฌแ€กแ€›แ€ฌแ€™แ€ปแ€ฌแ€ธแ€…แ€ฝแ€ฌ แ€€แ€ผแ€ฏแ€ถแ€แ€ฝแ€ฑแ€ทแ€›แ€”แ€ญแ€ฏแ€„แ€บแ€žแ€Šแ€บแ‹ แ€žแ€ญแ€ฏแ€ทแ€žแ€ฑแ€ฌแ€บ แ€กแ€แ€ปแ€…แ€บแ€…แ€…แ€บแ€€แ€แ€ฑแ€ฌแ€ท แ€กแ€›แ€ฌแ€กแ€ฌแ€œแ€ฏแ€ถแ€ธแ€‘แ€€แ€บแ€žแ€ฌแ€œแ€ฝแ€”แ€บแ€žแ€Šแ€บแ‹ แ€‘แ€ญแ€ฏแ€ทแ€กแ€แ€ฐแ€•แ€„แ€บ แ€›แ€Šแ€บแ€ธแ€…แ€ฌแ€ธแ€•แ€ฑแ€ซแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธแ€…แ€ฝแ€ฌแ€€แ€ผแ€ฏแ€ถแ€†แ€ฏแ€ถแ€›แ€”แ€ญแ€ฏแ€„แ€บแ€žแ€Šแ€บ แ€žแ€ญแ€ฏแ€ทแ€žแ€ฑแ€ฌ...
10K 622 31
โ€‹แ€”แ€ฑแ€€แ€ผแ€ฌแ€•แ€”แ€บแ€ธโ€‹แ€œแ€ฑแ€ธโ€‹แ€แ€ฝแ€ฑแ€€แ€žแ€ฐแ€”แ€ฒแ€ทแ€แ€ฐแ€œแ€ญแ€ฏแ€ทแ€™แ€ผแ€แ€บโ€‹แ€”แ€ญแ€ฏแ€ธแ€›แ€•แ€ซแ€žแ€Šแ€บโ€‹แ€†แ€ญแ€ฏแ€แ€ฒแ€ทohsehunแ€œแ€ญแ€ฏโ€‹แ€แ€ฑแ€ซแ€บแ€แ€ฒแ€ทโ€‹แ€€แ€ฑแ€ฌแ€„แ€บโ€‹โ€‹แ€œแ€ฑแ€ธแ€แ€…แ€บโ€‹โ€‹แ€šแ€ฑแ€ฌแ€€แ€บโ€‹แ€›แ€šแ€บโ€‹ Oh Sehunโ€‹แ€œแ€ฑแ€ธแ€แ€ปแ€…แ€บโ€‹แ€›แ€แ€ฒแ€ทPack Chanyeolแ€œแ€ญแ€ฏแ€ทโ€‹แ€แ€ฑแ€ซแ€บแ€แ€ฒแ€ทโ€‹แ€”แ€ฑแ€™แ€„แ€บ...
148K 11.9K 47
แ€™แ€„แ€บแ€ธแ€žแ€ฌแ€ธแ€แ€…แ€บแ€•แ€ซแ€ธแ แ€•แ€ฏแ€ถแ€•แ€ผแ€„แ€บ แ€†แ€ญแ€ฏแ€žแ€Šแ€บแ€ทแ€กแ€แ€ญแ€ฏแ€„แ€บแ€ธ แ€’แ€ฎแ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€•แ€ซ แ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€กแ€›แ€ฌแ€กแ€ฌแ€ธแ€œแ€ฏแ€ถแ€ธแ€€ แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€ทแ€›แ€ฒแ€ท แ€…แ€ญแ€แ€บแ€€แ€ฐแ€ธแ€šแ€ฅแ€บ แ€žแ€•แ€บแ€žแ€•แ€บแ€žแ€ฌ แ€–แ€ผแ€…แ€บแ€•แ€ซแ€แ€šแ€บแ‹ แ€’แ€ซแ€†แ€ญแ€ฏแ€›แ€„แ€บ แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€œแ€ฑแ€ธแ€€แ€ญแ€ฏ แ€…แ€•แ€ผแ€ฎแ€ธ แ€™แ€ญแ€...
269K 18.9K 58
แ€กแ€แ€ญแ€แ€นโ€‹ โ€‹แ€ฑแ€แ€ผ แ€กแ€”แ€ฌแ€‚แ€ซแ€แ€นโ€‹โ€‹แ€ฑแ€แ€ผโ€‹แ€ฑแ€แ€ฌแ€ท แ€€แ€ญแ€ฏแ€šแ€นโ€‹แ€™แ€žแ€ญแ€˜แ€ฐแ€ธ แ€œแ€€แ€นโ€‹แ‚แ€ฝแ€ญแ€˜แ€แ€™แ€ฝแ€ฌโ€‹แ€ฑแ€แ€ฌแ€ท แ€™แ€„แ€นโ€‹แ€ธแ€€แ€ญแ€ฏ แ€กแ€แ€บแ€…แ€นโ€‹แ€†แ€ถแ€ฏแ€ธแ€•แ€ฒ แ€กแ€แ€ญแ€แ€บโ€‹ โ€‹แ€แ€ฝแ€ฑ แ€กแ€”แ€ฌแ€‚แ€ซแ€แ€บโ€‹โ€‹แ€แ€ฝแ€ฑโ€‹แ€แ€ฑแ€ฌแ€ท แ€€แ€ญแ€ฏแ€šแ€บโ€‹แ€™แ€žแ€ญแ€˜แ€ฐแ€ธ แ€œแ€€แ€บโ€‹แ€›แ€พแ€ญแ€˜แ€แ€™แ€พแ€ฌโ€‹แ€แ€ฑแ€ฌแ€ท แ€™แ€„แ€บแ€ธแ€€...