แ€›แ€พแ€ฌแ€ธแ€›แ€พแ€ฌแ€ธแ€•แ€ซแ€ธแ€•แ€ซแ€ธ...

By Sue_Khat_Wai

1.1M 134K 15.6K

๐‘ฉ๐‘ณ(๐‘ช๐’๐’Ž๐’‘๐’๐’†๐’•๐’†๐’…) แ€กแ€›แ€™แ€บแ€ธแ€œแ€Šแ€บแ€œแ€ฝแ€”แ€บแ€ธแ€แ€ฒแ€ท แ€žแ€…แ€บแ€žแ€…แ€บแ€”แ€ฒแ€ท แ€•แ€ญแ€”แ€บแ€ธแ€ฅแ€–แ€ผแ€ฐแ€’แ€šแ€บแ€’แ€ฎแ€แ€ญแ€ฏแ€ทแ€›แ€ฒแ€ทแ€กแ€แ€ปแ€…แ€บแ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€œแ€ฑแ€ธ... แ€กแ€›แ€™แ€นแ€ธแ€œแ€Šแ€นแ€œแ€ผแ€”แ€นแ€ธแ€แ€ฒแ€ท... More

๐ŸŒน1๐ŸŒน
๐ŸŒน2๐ŸŒน
๐ŸŒน3๐ŸŒน
๐ŸŒน4๐ŸŒน
๐ŸŒน5๐ŸŒน
๐ŸŒน6๐ŸŒน
๐ŸŒน7๐ŸŒน
๐ŸŒน8๐ŸŒน
๐ŸŒน9๐ŸŒน
๐ŸŒน10๐ŸŒน
๐ŸŒน11๐ŸŒน
แ€กแ€แ€”แ€บแ€ธ แแ‚ (Chapter 12)
แ€กแ€แ€”แ€บแ€ธ แแƒ (Chapter 13)
แ€กแ€แ€”แ€บแ€ธ แแ„ (Chapter 14)
แ€กแ€แ€”แ€บแ€ธ แแ… (Chapter 15)
แ€กแ€แ€”แ€บแ€ธ แแ† (Chapter 16)
แ€กแ€แ€”แ€บแ€ธ แแ‡ (Chapter 17)
แ€กแ€แ€”แ€บแ€ธ แแˆ (Chapter 18)
แ€กแ€แ€”แ€บแ€ธ แแ‰ (Chapter 19)
แ€กแ€แ€”แ€บแ€ธ แ‚แ€ (Chapter 20)
แ€กแ€แ€”แ€บแ€ธ แ‚แ (Chapter 21)
แ€กแ€แ€”แ€บแ€ธ แ‚แ‚ (Chapter 22)
แ€กแ€แ€”แ€บแ€ธ แ‚แƒ (Chapter 23)
แ€กแ€แ€”แ€บแ€ธ แ‚แ„ (Chapter 24)
แ€กแ€แ€”แ€บแ€ธ แ‚แ… (Chapter 25)
แ€กแ€แ€”แ€บแ€ธ แ‚แ† (Chapter 26)
แ€กแ€แ€”แ€บแ€ธ แ‚แ‡ (Chapter 27)
แ€กแ€แ€”แ€บแ€ธ แ‚แˆ (Chapter 28)
แ€กแ€แ€”แ€บแ€ธ แ‚แ‰ (Chapter 29)
แ€กแ€แ€”แ€บแ€ธ แƒแ€ (Chapter 30)
แ€กแ€แ€”แ€บแ€ธ แƒแ (Chapter 31)
แ€กแ€แ€”แ€บแ€ธ แƒแ‚ (Chapter 32)
แ€กแ€แ€”แ€บแ€ธ แƒแƒ (Chapter 33)
แ€กแ€แ€”แ€บแ€ธ แƒแ„ (Chapter 34)
แ€กแ€แ€”แ€บแ€ธ แƒแ… (Chapter 35)
แ€กแ€แ€”แ€บแ€ธ แƒแ† (Chapter 36)
แ€กแ€แ€”แ€บแ€ธ แƒแ‡ (Chapter 37)
แ€กแ€แ€”แ€บแ€ธ แƒแ‰ (Chapter 39)
แ€กแ€แ€”แ€บแ€ธ แ„แ€ (Chapter 40)
แ€กแ€แ€”แ€บแ€ธ แ„แ (Chapter 41)
แ€กแ€แ€”แ€บแ€ธ แ„แ‚ (Chapter 42)
แ€กแ€แ€”แ€บแ€ธ แ„แƒ (Chapter 43)
แ€กแ€แ€”แ€บแ€ธ แ„แ„ (Chapter 44)
แ€กแ€แ€”แ€บแ€ธ แ„แ… (Chapter 45)
แ€กแ€แ€”แ€บแ€ธ แ„แ† (Chapter 46)
แ€กแ€แ€”แ€บแ€ธ แ„แ‡ (Chapter 47)
แ€กแ€แ€”แ€บแ€ธ แ„แˆ (Chapter 48)
แ€กแ€แ€”แ€บแ€ธ แ„แ‰ (Chapter 49)
แ€กแ€แ€”แ€บแ€ธ แ…แ€ (Chapter 50)
แ€กแ€แ€”แ€บแ€ธ แ…แ (Chapter 51)
แ€กแ€แ€”แ€บแ€ธ แ…แ‚ (Chapter 52)
แ€กแ€แ€”แ€บแ€ธ แ…แƒ (Chapter 53)
แ€กแ€แ€”แ€บแ€ธ แ…แ„ (Chapter 54)
แ€กแ€แ€”แ€บแ€ธ แ…แ… (Chapter 55)
แ€กแ€แ€”แ€บแ€ธ แ…แ† (Chapter 56)
แ€กแ€แ€”แ€บแ€ธ แ…แ‡ (Chapter 57)
แ€กแ€แ€”แ€บแ€ธ แ…แˆ (Chapter 58)
แ€กแ€แ€”แ€บแ€ธ แ…แ‰ (Chapter 59)
แ€กแ€แ€”แ€บแ€ธ แ†แ€ (Chapter 60)
แ€กแ€แ€”แ€บแ€ธ แ†แ (Chapter 61)
แ€กแ€แ€”แ€บแ€ธ แ†แ‚ (Chapter 62)
แ€กแ€แ€”แ€บแ€ธ แ†แƒ (Chapter 63)
แ€กแ€แ€”แ€บแ€ธ แ†แ„ (Chapter 64)
แ€กแ€แ€”แ€บแ€ธ แ†แ… (Chapter 65)
แ€กแ€แ€”แ€บแ€ธ แ†แ† (Chapter 66)
แ€กแ€แ€”แ€บแ€ธ แ†แ‡ (Chapter 67)
แ€กแ€แ€”แ€บแ€ธ แ†แˆ (Chapter 68)
แ€กแ€แ€”แ€บแ€ธ แ†แ‰ (Chapter 69)
แ€กแ€แ€”แ€บแ€ธ แ‡แ€ (Chapter 70)
แ€กแ€แ€”แ€บแ€ธ แ‡แ (Chapter 71)
แ€กแ€แ€”แ€บแ€ธ แ‡แ‚ (Chapter 72)
แ€กแ€แ€”แ€บแ€ธ แ‡แƒ (Chapter 73)
แ€กแ€แ€”แ€บแ€ธ แ‡แ„ (Chapter 74)
แ€กแ€แ€”แ€บแ€ธ แ‡แ… (Chapter 75)
Extra 1๐ŸŒน๐ŸŒน๐ŸŒน
Extra 2๐ŸŒน๐ŸŒน๐ŸŒน
Extra 3๐ŸŒน๐ŸŒน๐ŸŒน
Extra 4๐ŸŒน๐ŸŒน๐ŸŒน
Extra 5๐ŸŒน๐ŸŒน๐ŸŒน
โ—Attention โ—

แ€กแ€แ€”แ€บแ€ธ แƒแˆ (Chapter 38)

13.1K 1.6K 152
By Sue_Khat_Wai

(Unicode Version)


စာမေးပွဲဖြေရခါနီးမှာ ကျောင်းပိတ်သွားပြီမို့ နေ့တိုင်းလိုလို အိမ်ထဲမှာပဲ အချိန်ကုန်ဆုံးခဲ့ရလေသည်။ ဘေးမှာ အမြဲတမ်းအဖော်ပြုပေးတတ်တဲ့ ငသစ်ကလည်း အလုပ်ကိစ္စကြောင့် ကျွန်တော့်ကို ဂရုမစိုက်အားခဲ့ပေ။

"သစ်သစ်လေးမရှိတော့ ပျင်းနေပြီလား!?"

မေမေ့စကားကြောင့် ပန်းပင်တွေ ရေလောင်းနေရင်းက ကျွန်တော် လှမ်းကြည့်လိုက်မိလေသည်။

"မပျင်းပါဘူး...မေမေရဲ့။ ဘာဖြစ်လို့လဲ!?"

"သားပုံစံက အရင်လိုမျိုး ပြုံးပြုံးရွှင်ရွှင်မှ မရှိတာ။ သစ်သစ်ကပဲ သားကို ပျော်အောင်လို့ လုပ်ပေးနိုင်တာလေ။"

သေချာပြန်စဉ်းစားကြည့်ရင် ငယ်စဉ်အချိန်ကတည်းက အခုထိ ကျွန်တော်နဲ့ အနေအနီးစပ်ဆုံးသူကို ပြပါဆိုလျှင် ငသစ်ကိုသာ ပြရပေလိမ့်မည်။ အိမ်မှုကိစ္စတွေနဲ့ အချိန်ကုန်နေခဲ့တဲ့ မေမေက ကျွန်တော့်ကို စောင့်ရှောက်ဖို့အတွက် မအားလပ်ခဲ့သလို ဝင်ငွေရှာပေးနေရတဲ့ မမတို့ကလည်း ငသစ်ကို ဂရုမစိုက်နိုင်ခဲ့ပေ။ ထိုကြောင့် ကျွန်တော်တို့က တစ်ဦးရဲ့လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းပေးပြီး ကြီးပြင်းလာခဲ့ရတော့သည်။ စိတ်ခံစားချက်ကို ဖွင့်မပြောပြတတ်တဲ့ ကျွန်တော့်လိုလူမျိုးအတွက် ငသစ်က ကြားခံဆက်သွယ်ပေးနိုင်သူတစ်ယောက်လိုပင်။

"သူ့ကြောင့် မဟုတ်ပါဘူး။ နေ့တိုင်း အိမ်ထဲမှာပဲ နေရတော့ လူက ထိုင်းမှိုင်းလာတာပါ။"

"ဒါဆို ဒီနေ့ မေမေနဲ့အတူ ဈေးဝယ်ထွက်ကြရအောင်။"

"သားအတွက်တော့ တကူးတကကြီး မသွားပါနဲ့။ မေမေ့ဒူးက လမ်းလျှောက်များရင် ပြန်နာနေဦးမယ်။"

"လမ်းနည်းနည်းလျှောက်တာက ရပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်တာပေါ့။"

"ဒါဆိုလည်း မေမေ့သဘောပဲလေ။"

အလုပ်တွေကို လက်စ,သတ်လိုက်ပြီး မေမေနဲ့အတူဈေးဝယ်ထွက်ဖို့ ကျွန်တော် ပြင်ဆင်ခဲ့ရလေသည်။

ဈေးဝယ်စင်တာတစ်ခုတွင်-

အဝတ်အစားတွေ ရွေးနေချိန်မှာ မေမေ့အသံကို ကြားလိုက်ရသည်။

"မေမေ သားကို မေးစရာရှိတယ်။"

"မေးလေ...မေမေ။ ဘာမေးမလို့လဲ!?"

"သစ်သစ်လေးမှာ ချစ်သူရှိနေပြီလား!?"

ထိုမေးခွန်းကြောင့် အင်္ကျီရွေးနေရင်းက ကျွန်တော့်လက်တွေ တုံ့ဆိုင်းသွားခဲ့ရတော့သည်။ ဒါပေမဲ့ ဟန်မပျက်ရအောင် ဆက်ထိန်းလိုက်ပြီး မေမေ့ကို ပြန်ဖြေလိုက်မိသည်။

"မရှိဘူးလို့တော့ ထင်တာပဲ။ သားကို အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှမပြောဖူးဘူး။"

"သားမှာရော ချစ်သူရှိနေပြီလား!?"

"မရှိပါဘူး။"

"အမှန်အတိုင်းပြောနော်။"

"တကယ်‌ပြောတာပါ...မေမေရဲ့။"

"ထူးတော့ ထူးဆန်းနေပြီ။ ဗေဒင်ဆရာဟောထားတာက သေချာပေါက် ချစ်သူရနေကြပြီလို့ ပြောတာပဲ။"

'ဒီဗေဒင်ဆရာကတော့ ပြဿနာရှာလိုက်ပြန်ပြီ...' ကျွန်တော့်စိတ်ထဲကနေ ရေရွတ်ပြီး မေမေ့ကို အာရုံလွှဲဖို့ ကြိုးစားလိုက်ရသည်။

"သူလည်း အမြဲတမ်း‌တော့ ဘယ်မှန်နိုင်ပါ့မလဲ။ မှားတဲ့အခါလည်း ရှိဦးမှာပေါ့။"

"သူက ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ကြီးလေ။ မှားစရာအကြောင်း လုံးဝမရှိဘူး။ အချိန်ရတော့မှ သေချာလေး သွားမေးကြည့်ဦးမယ်။"

မေမေ့ယုံကြည်မှုကို ကျွန်တော် ဝေဖန်ခြင်းမပြုတော့ဘဲ နှုတ်ဆိတ်နေလိုက်မိသည်။

"မေမေက သစ်သစ်ကို ယွန်းနဲ့ အဆင်ပြေစေချင်တာ။ ယွန်းက အနေအေးပြီး ချစ်ဖို့လည်း ကောင်းတယ်။ သူ့မိဘတွေကလည်း ရိုးသားပြီး စိတ်ထားကောင်းကြတာ။ အဲ့လိုမိသားစုမျိုးနဲ့ဆို သစ်သစ်ရဲ့‌နောင်ရေးကို စိတ်အေးရပြီလေ။"

မေမေက သူ့စိတ်ကူးနဲ့သူ ပျော်နေရှာပေမယ့် ပြောပြလို့မရတဲ့ ကိစ္စတွေနဲ့အတူ ကျွန်တော် ရင်မောနေရတော့သည်။

"သူ့ကို မ‌မေးကြည့်ဘဲ ဘာကိုမှ ကြိုမစီစဉ်မိစေနဲ့ဦးနော်။ သစ်သစ်က သူ့ကို မတိုင်ပင်ဘဲ လျှောက်လုပ်ထားမှန်း သိသွားရင် ပြဿနာရှာလိမ့်မယ်။"

"မေမေ ဒီလောက်တော့သိပါတယ်...သားရဲ့။ သားတို့ရဲ့ဆန္ဒမပါဘဲ ဒီလိုကိစ္စမျိုးကို ဘယ်လုပ်ရက်ပါ့မလဲ!? ဒါပေမဲ့ မသင့်တော်တဲ့သူကိုတော့ မရွေးစေချင်ဘူး။ ချစ်သူထားတယ်ဆိုကတည်းက လက်ထပ်ဖို့အထိ ရည်ရွယ်မှ ဖြစ်မယ်။ သူများသားသမီးကို အပျော်တွဲပြီး စွန့်ပစ်လိုက်တာမျိုးတော့ မလုပ်နဲ့နော်။"

"အဲဒါကိုတော့ စိတ်ချပါ...မေမေ။"

ကျွန်တော်တို့နှစ်ဦး စင်တာကို လျှောက်ပတ်ကြည့်ပြီး အောက်ဆုံးထပ်သို့ ပြန်ဆင်းလာခဲ့ချိန်မှာ အန်တီကြီးတစ်ဦးနဲ့ တွေ့ခဲ့လေသည်။

"ဟယ်...မစိမ့်...မတွေ့ရတာ ကြာပြီနော်။"

နာမည်ခေါ်သံကြောင့် မေမေက အန်တီကြီးကို မှတ်မိအောင် သေချာပြန်စဉ်းစားနေလေသည်။

"ကျွန်မက မေရီလေ။ ကျွန်မတို့က ထ(၂)မှာ အတူတူတာဝန်ကျဖူးတယ်။ မှတ်မိလား!?"

"ဪ...မေရီ...မှတ်မိပြီ။ အသက်ကြီးပြီဆိုတော့ မှတ်ဉာဏ်ရော၊ မျက်လုံးရောက သိပ်အဆင်မပြေတော့ဘူး‌လေ။ အခုလို ပြန်တွေ့ရတာ ဝမ်းသာလိုက်တာကွယ်။"

"ကျွန်မလည်း အရမ်းဝမ်းသာတာပဲ။ အိမ်က အမျိုးသားနဲ့ အိမ်ထောင်ကျတော့ အလုပ်ကိုပါ နားလိုက်ရတာ။ အသိတွေနဲ့လည်း မတွေ့ဖြစ်တော့ဘူး။"

"မေရီ အလုပ်ထွက်သွားတုန်းကဆို အားလုံးက စိတ်မကောင်းဖြစ်ခဲ့ကြတာ။ အမျိုးသားနဲ့အတူ နိုင်ငံခြားကို လိုက်သွားတာဆိုတော့ အဆက်အသွယ်လည်း မရတော့ဘူးပေါ့။"

"ဟုတ်တယ်...ကျွန်မတို့က သမီးလေး ဆယ်နှစ်ကျော်လောက်မှ ဒီကိုပြန်ရောက်ကြတာ။ မစိမ့်တို့ကို ကျောင်းမှာရှိဦးမလားဆိုပြီး လာရှာခဲ့သေးတယ်။ မစိမ့်ကလည်း ဆေးပင်စင်တင်လိုက်ပြီးတော့ ကျန်တဲ့သူတွေကလည်း ကျောင်းမှာ မရှိကြတော့ဘူးလေ။"

"ကိုယ်ကလည်း အသက်သုံးဆယ်ကျော်မှပဲ သားလေးကို ကိုယ်ဝန်ရှိလာတာဆိုတော့ နားလိုက်ရတာ။"

"ဪ...ဒါ မစိမ့်ရဲ့သားလေးလား!? အရမ်းချောတယ်နော်။ သူက မစိမ့်နဲ့တူတာပဲ။ ဒါနဲ့ မစိမ့်ရဲ့အမျိုးသားရော ပါမလာဘူးလား!?"

"သားလေး တစ်နှစ်ကျော်လောက်မှာ သူ ဆုံးသွားတာ။ အခုဆို ဆယ့်ခုနစ်နှစ်ကျော်လောက် ရှိသွားပြီ။"

"ဟယ်... စိတ်မကောင်းလိုက်တာ မစိမ့်ရယ်။ မတွေ့ရတာကြာတော့ ပြောစရာတွေ များနေပြီ။ ကျွန်မတို့ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး ဆက်ပြောကြရအောင်။ အချိန်ရရဲ့လား...မစိမ့်!?"

"ရတာပေါ့။"

မေမေက အန်တီ'‌မေရီ'နဲ့ လိုက်သွားဖို့ ပြင်နေရင်း ကျွန်တော့်ကို လှည့်ကြည့်ခဲ့လေသည်။

"သား...မေမေတို့နဲ့ လိုက်ခဲ့နော်။"

"ဟုတ်ကဲ့။"

"သူ အနေရခက်နေမှာပေါ့...မစိမ့်ရဲ့။ အိမ်ကို မေရီကိုယ်တိုင် ပြန်လိုက်ပို့ပေးပါ့မယ်။ မစိမ့်ရဲ့အိမ်ကိုလည်း တစ်ခါတည်း သိသွားရတာပေါ့။ ကလေး ပြန်ချင်ရင် ပြန်ခိုင်းလိုက်ပါ။"

"သား ပြန်ချင်ရင် ပြန်နှင့်လိုက်တော့နော်။"

လူကြီးတွေရဲ့စကားဝိုင်းမှာ ကျွန်တော် လုံးဝ ဝင်မပါချင်တာမို့ မေမေ့စကားကို လက်ခံပြီး အိမ်သို့ ပြန်လာခဲ့ရတော့သည်။ မပျော်မရွှင်နဲ့ ပြန်လာတဲ့ ကျွန်တော်က အိမ်ရှေ့တံခါးကို သော့ဖွင့်ဖို့ ပြင်နေစဉ်မှာ တံခါးက စေ့ရုံလေးစေ့ထားတာကို တွေ့လိုက်ရသည်။ 'ငသစ်' ပြန်ရောက်နေတာများလား!?' စိတ်ထဲကနေ တွေးရင်းနဲ့ ဖိနပ်ချွတ်ကို ကြည့်လိုက်ချိန်မှာ ငသစ်ရဲ့ဖိနပ်က ရှိမနေခဲ့ပေ။ ဖိနပ်ကလည်း မရှိ၊ တံခါးကလည်း ပွင့်နေတာဆို‌တော့ ဖြစ်နိုင်ခြေတစ်ခုသာ ရှိပေတော့သည်။ 'အိမ်မှာ သူခိုးဝင်နေပြီ။' ဒုစရိုက်မှုတစ်ခုနဲ့ ရင်ဆိုင်ရတော့မှာမို့ ကျွန်တော့်စိတ်ကို အတတ်နိုင်ဆုံး ပြင်ဆင်ပြီး လက်နက်ကို အမြန်ဆုံးရှာလိုက်ရလေသည်။ မြေကော်တဲ့ ထွန်ခြစ်ဆိုရင် ချမိတာနဲ့ သေစေနိုင်တာမို့ အန္တရာယ်ကို ရှောင်ပြီး သစ်သားချောင်းတစ်ခုကိုသာ ရွေးလိုက်မိသည်။ ထို့နောက် အိမ်ထဲသို့ တိတ်တဆိတ် ဝင်လာပြီး သူခိုးကို ရှာဖို့ ကြိုးစားလိုက်လေသည်။ ကံကောင်းချင်တော့ ကြမ်းပြင်ပေါ်က ရွှံ့ပေနေတဲ့ခြေရာတွေကြောင့် ထိုသူခိုး သွားရာနောက်ကို ကျွန်တော် လိုက်လို့ ရသွားလေတော့သည်။ ထိုခြေရာတွေက နောက်ဖေးက ရေချိုးခန်းဘက်ကို ဦးတည်သွားပြီး ရေချိုးခန်းရှေ့မှာ ရပ်တန့်သွားခဲ့သည်။ ထိုသူခိုးက ရေချိုးခန်းထဲမှာ ရှိနေတာ သေချာသွားလေပြီ။ ကျွန်တော် သူ အထဲက‌နေ ပြန်ထွက်လာရင် သစ်သားချောင်းနဲ့ ရိုက်လိုက်ဖို့ ကြိုတင်ပြင်ဆင်ထားလိုက်မိသည်။ ခဏကြာချိန်မှာ ရေချိုးခန်းတံခါးက ဖြည်းဖြည်းချင်း ပွင့်ဟလာပြီး လူရိပ်တစ်ခုကို တွေ့လိုက်‌လေသည်။ ကျွန်တော်လည်း ရှိသမျှသတ္တိကို အကုန်သုံးပြီး မျက်လုံးစုံမှိတ်ကာ ရိုက်ဖို့ ပြင်လိုက်လေတော့သည်။

"ဒယ်ဒီ!!!"

အသံတစ်ခုကြောင့် ရိုက်ဖို့ ရွယ်ထားတဲ့လက်က အားလျော့သွားပေမယ့် အရှိန်ကြောင့် သူ့နဖူးကို ခပ်ဖွဖွ ထိမိသွားလေသည်။

"ငသစ်!!!"

"အာ...ကျွန်တော့်ကို ဘာလို့ ချောင်းရိုက်တာလဲ!?"

"မ...မဟုတ်ဘူး..."

ပြန်ဖြေရင်းက ကိုင်ထားတဲ့ သစ်သားချောင်းကို ကျွန်တော် မြန်မြန် လွှတ်ချလိုက်မိသည်။ ကံဆိုးချင်‌တော့ ထိုသစ်သားချောင်းက သူ့ရဲ့ခြေချောင်းထိပ်လေးပေါ်ကို ထပ်ပြီးကျသွားပြန်သည်။

"အား!!!"

ကျွန်တော်လည်း သူ့ခေါင်းကိုပဲ ကြည့်ပေးရမလိုလို၊ ခြေဖျားကိုပဲ ပြေးကိုင်ရမလိုလို ဖြစ်သွားရတော့သည်။ နောက်ဆုံးတော့ ခြေဖျားကို အမြန်ကိုင်ပြီး တောင်းပန်ခဲ့ရလေသည်။

"ငါ တောင်းပန်ပါတယ်။ နာနေသေးလား!?"

"ခြေဖျားလေးပေါ် ပြုတ်ကျသွားတာကို မနာဘဲ နေမလား!?"

"ဥုံဖွ...ဥုံဖွ...အိမ်ရှေ့ကို ထွက်လာခဲ့နော်။ ငါ ဆေးလိမ်းပေးမယ်။"

"ဒီပုံစံနဲ့ လမ်းဘယ်လိုလုပ်လျှောက်လို့ ရမှာလဲ!? ကျွန်တော့်ကို တွဲခေါ်သွားပေးလေ။"

"ဪ...အေး‌...အေး..."

ကျွန်တော် ငသစ်ကို တွဲခေါ်သွားဖို့ ထိုင်နေရာကနေ ပြန်ထလာချိန်မှာ ကျွန်တော့်ဦးခေါင်းနဲ့ သူ့မေးစေ့က ထပ်ဆောင့်မိသွားခဲ့ပြန်သည်။

"အား...ဒယ်ဒီ ကျွန်တော့်ကို အသေသတ်နေတာလား!?"

"မဟုတ်ပါဘူး။ လာ...ငါ ဆေးထည့်ပေးမယ်နော်။"

ကျွန်တော် သူ့ပခုံးကိုဖက်ပြီး အိမ်ရှေ့သို့ ခေါ်သွားဖို့ ကြိုးစားလိုက်ပေမယ့် မီးဖိုချောင်ရဲ့အပေါက်ဝက လူနှစ်ယောက်စာ မဆန့်တာမို့ သူ့ပခုံးအစွန်းနဲ့ တံခါးဘောင်က တိုက်မိသွားလေသည်။

"ဒယ်ဒီရေ...တစ်ကိုယ်လုံးလည်း မထိခိုက်မိတဲ့နေရာ မရှိတော့ပါဘူးလို့!!! အငြှိုးထားပြီး နှိပ်စက်နေတာလား!?"

"ငါ ဆေးကို သေချာ‌လိမ်းပေးပါ့မယ်နော်။"

တစ်မျိုးပြီးတစ်မျိုး ထိခိုက်မိနေတဲ့ ငသစ်ကို အားနာစိတ်ဝင်လာပြီး သတိထားရင်းနဲ့ ခေါ်လာခဲ့ရတော့သည်။ ခဏအကြာမှာ အိမ်ရှေ့ခန်းသို့ သူ့ကို အောင်အောင်မြင်မြင် ခေါ်လာနိုင်ခဲ့လေသည်။

"ဒီမှာ ခဏထိုင်နေဦးနော်။ ငါ ဆေးဘူးသွားယူလာခဲ့မယ်။"

ငသစ်ကို ခုံပေါ်မှာ သေချာထိုင်ခိုင်းထားခဲ့ပြီး ဆေးဘူးကို အမြန်ပြေးယူခဲ့ရသည်။ ထိခိုက်မိထားသမျှ နေရာအားလုံးကို ဆေးလိမ်းပေးပြီးချိန်မှာ ငသစ်က ကျွန်တော့်ကို မေးခဲ့လေသည်။

"စောစောက ဘာလို့ သစ်သားချောင်းကြီးနဲ့ ချဖို့ လုပ်ရတာလဲ!?"

"ငါက အိမ်ထဲကို သူခိုးဝင်တယ်လို့ ထင်သွားတာ။ အဲဒါကြောင့် ရိုက်ပြီး ဖမ်းမလို့လုပ်တာပေါ့။"

"အမယ်လေး...ကိုယ့်ယောက်ျားကို သူခိုးလို့ ထင်ပြီး သတ်တဲ့သူရယ်လို့ သမိုင်းတွင်သွားပါဦးမယ်...ဒယ်ဒီရယ်။"

"အထင်လွဲမှာပေါ့။ အိမ်ရှေ့မှာ မင်းရဲ့ဖိနပ်မှ မတွေ့တာ။"

"ကားတစ်စီးက ရွှံ့အိုင်ပေါ်ကို အရှိန်မလျှော့ဘဲ မောင်းချသွားတော့ ကျွန်တော့်တစ်ကိုယ်လုံး ရွှံ့တွေ ပေကုန်တယ်လေ။ ဖိနပ်ကလည်း ဆေးဖို့ဆိုပြီး ရေချိုးခန်းထဲ ယူသွားရတာ။"

"အဲဒါတွေကို ငါက ဘယ်လိုလုပ်သိမှာလဲ!?"

"ဒယ်ဒီက ဘာလို့ တစ်ယောက်တည်းဖြစ်နေတာလဲ!? ဖွားဖွားရော...!?"

"မေမေက အသိတစ်ယောက်နဲ့ တွေ့လို့ ကျန်နေခဲ့တယ်။ အဲ့အန်တီကြီးက အပြန်ကို သူပဲ လိုက်ပို့ပေးမယ်ဆိုလို့ ငါ ပြန်လာခဲ့တာ။"

"ဒါဆို အခု အိမ်မှာ ကျွန်တော်တို့နှစ်ယောက်ပဲ ရှိတာပေါ့နော်။"

"ဘာဖြစ်နေတာလဲ!? ဒါနဲ့‌ နေစမ်းပါဦး။ မင်းက အရင်တုန်းက ည(၉)နာရီလောက်မှ ပြန်ရောက်တာလေ။ ဒီနေ့ကျတော့ စောလှချည်လား!? နေတောင်မစောင်းသေးဘူး။"

"ဒယ်ဒီ့ကို လွမ်းလို့ စောစောပြန်လာတာ။ မပျော်ဘူးလား!?"

"အပို‌တွေ လျှောက်ပြောမနေနဲ့။ မှန်မှန်ဖြေ။"

"ဒီနေ့က ကျွန်တော့်လေ့ကျင့်ချိန်က ပြီးသွားလို့ စောစောပြန်လာရတာ။ အရမ်းထူးချွန်တဲ့ ယောက်ျားအတွက် ဂုဏ်ယူလိုက်စမ်းပါ။"

"မင်းက ဘယ်လိုလုပ် ငါ့ယောက်ျားဖြစ်သွားတာလဲ!?"

"တရားဝင်သာ မယူရသေးတာလေ။ ဟိုဟာက ဖြစ်ပြီးပြီဆိုတော့ ကျွန်တော်က ဒယ်ဒီ့ရဲ့တိတ်တိတ်ပုန်းယောက်ျား ဖြစ်နေပြီပေါ့။"

"အဲ့ကိစ္စက ဂုဏ်ဆာချင်စရာ ကောင်းနေလို့လား!?"

"အင်း..."

ပြီတီတီရုပ်နဲ့ ငသစ်ကို ထုရိုက်ပစ်လိုက်ချင်ပေမယ့် ကျွန်တော့်ကြောင့် သူ့တစ်ကိုယ်လုံးက ရစရာမရှိအောင် ဖြစ်နေပြီမို့ ရွယ်ထားတဲ့ လက်ကို ပြန်ချလိုက်ရတော့သည်။

"မတွေ့ဖြစ်တာတောင် တော်တော်ကြာပြီပဲ။ ဒယ်ဒီ့မျက်နှာလေးက ချောင်ကျသွားသလိုပဲနော်။"

"ငါတို့ညတိုင်း တွေ့ရတယ်...ငသစ်။ မဟုတ်တာတွေ လျှောက်ပြောမနေနဲ့။"

"ညတိုင်းတွေ့ရပေမယ့် ဘာမှမလုပ်ဖြစ်ခဲ့ဘူးလေ။"

"မင်းဦးနှောက်ထဲမှာ ဒါပဲ ရှိတာလား!?"

"ကျွန်တော်တို့ အဲ့လိုမနေရတာ နှစ်လကျော်နေပြီပဲဟာ။ ဒီနေ့ အိမ်မှာ ဘယ်သူမှမရှိတုန်းလေး ပျော်ပျော်နေလိုက်ကြရအောင်။"

"မင်းတစ်ကိုယ်လုံး ထိခိုက်မိထားလို့ ငါ အခုပဲ ဆေးလိမ်းပေးထားရတာလေ။ အဲဒါကို ရွချင်နေသေးတာလား!?"

"အနာကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားရင် ပိုမကောင်းဘူးလား!? နော်...နော်လို့..."

"မင်းကို ငါ ပြောထားပြီးသားပဲ။ အဲ့တစ်ခါပဲ ခွင့်ပြုပေးမှာပါလို့။ ဘာလို့ ထပ်ပြီးပြောနေရတာလဲ!?"

"ဒယ်ဒီ မတရားဘူး။"

"ဘာဖြစ်ရပြန်ပြီလဲ!?"

"ကိုယ်တိုင်ကလည်း ကျွန်တော့်ကို မထိဘဲနဲ့ ကျွန်တော့်ဘက်က ဇာတ်လမ်းစတော့လည်း ခွင့်မပြုပေးဘူး။ ဘယ်အချိန်အထိ သီလမြဲနေဦးမှာလဲ!?"

"ငါက အဲဒါမျိုးတွေကို စိတ်မှမဝင်စားတာ။"

"ကျွန်တော်က စိတ်ဝင်စားတယ်လေ။"

ငသစ်က ကျွန်တော့်ကို မရမက ဂျီတိုက်နေခဲ့လေသည်။ ခက်တာက သူ့ကို ဘယ်လိုကနေ စပြီး အဲ့လိုလုပ်ရမယ်ဆိုတာ ကျွန်တော် လုံးဝ မသိခြင်းပင်။ 'မူးနေတုန်းက ဘယ်လိုများ ဖြစ်သွားခဲ့ပါလိမ့်!? အဲ့တုန်းကလို ဖြစ်အောင် မေမေ့အခန်းထဲကနေ အရက်ပုလင်းသွားခိုးပြီး သောက်ချလိုက်ရင် ကောင်းမလား!? ဒါပေမယ့် မူးပြီး ပြဿနာတွေရှာမိမှာကလည်း စိုးရိမ်ရသေးတယ်။ ငသစ်ကို သူ လုပ်ချင်ရာ လုပ်ခွင့်ပေးလိုက်ရင် ကောင်းမလား!? ဆက်ငြင်းနေရင်လည်း စိတ်ပျက်သွားပြီး အသစ်ရှာသွားမှ ဘဝပျက်နေရဦးမယ်။' အမျိုးမျိုး တွေးတောပြီးချိန်မှာ ငသစ်ရဲ့ဆန္ဒကို လက်ခံပေးလိုက်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ရလေသည်။

"ဒီတစ်ခါ တကယ်နောက်ဆုံးပဲနော်။"

ငသစ်က ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်တော့သည်။

"တကယ်ပါ။ ဒီတစ်ခါ နောက်ဆုံးပါပဲ။"

ကျွန်တော့်အနားကို တဖြည်းဖြည်း ချဉ်းကပ်လာတဲ့ ငသစ်ကြောင့် လူက နတ်ဝင်ပူးသလို တစ်ကိုယ်လုံးကြက်သီးတွေ ထ,လာမိသည်။

"ဒီနေရာကြီးမှာ မလုပ်နဲ့လေ။ တံခါးက စေ့ရုံလေးပဲ စေ့ထားတာ။"

"ဒါဆို တံခါးသွားပိတ်လိုက်မယ်လေ။"

သွက်လက်တက်ကြွစွာ တံခါးသွားပိတ်လိုက်တဲ့ ငသစ်ကို ကျွန်တော် တအံ့တဩနဲ့ ကြည့်နေမိတော့သည်။

"စောစောက လမ်းတောင် မလျှောက်နိုင်ဘူးဆိုပြီး အခုကျတော့ မပြေးရုံတမယ်ပဲနော်။"

"ဆေးစွမ်းတော့ ချက်ချင်းကို ဖလန်းဖလန်း ထနိုင်သွားတာလေ။"

ပြောပြီးပြီးချင်း ကျွန်တော့်ဘေးမှာ လာထိုင်တဲ့ ငသစ်ကို ထပ်တားလိုက်မိလေသည်။

"ဒါက အိမ်ရှေ့ခန်းမှာဆိုတော့ အဲ့လိုမျိုးတွေ မလုပ်သင့်ဘူး။ အပေါ်ကိုပဲ သွားရအောင်။"

"ဒယ်ဒီ တမင်အချိန်ဆွဲနေတာမလား!?"

"မဆွဲပါဘူးကွာ။ မသင့်တော်လို့ပါ။"

"ဒါဆိုလည်း မြန်မြန်လာတော့။"

ငသစ်က ကျွန်တော့်ကို အပေါ်ထပ်သို့ အမြန်ဆွဲခေါ်သွားပြီး မွေ့ယာပေါ်မှာ လှဲချခိုင်းလိုက်တော့သည်။ ကျွန်တော့်အင်္ကျီကို ချွတ်ဖို့ ပြင်နေတဲ့ သူ့လက်တွေကလည်း အလျင်လိုနေပုံပင်။ ထိုအချိန်မှာပဲ အောက်ထပ်ကနေ တံခါးခေါက်သံကို ကြားလိုက်ရလေသည်။

"ငသစ်...မေမေ ပြန်လာပြီထင်တယ်။"

"ဟာ...ဘာလို့ အခုမှ ရောက်လာတာလဲ!?"

"မြန်မြန်သွားဖွင့်ပေးရမယ်။ မင်းက အတွင်းဘက်ကနေ ချက်ထိုးလာခဲ့တာမလား!?"

ငသစ်ကို အမြန်တွန်းဖယ်ပြီး အောက်ထပ်သို့ ကျွန်တော် ပြေးဆင်းလာကာ တံခါးဖွင့်ပေးခဲ့ရတော့သည်။ ဒါပေမဲ့ တံခါးလာခေါက်သူက မေမေမဟုတ်ဘဲ ရပ်ကွက်ထဲက ဆယ်အိမ်မှူးဖြစ်နေလေသည်။

"ဪ...ဦးလေး...ဘာကိစ္စများရှိလို့ပါလဲ!?"

"ဦးလေးတို့က နာရေးအတွက်အလှူငွေလိုက်ကောက်နေကြတာ။ မေမေ မရှိဘူးလား!?"

"ဟုတ်ကဲ့...အသိတစ်ယောက်နဲ့ သွားတွေ့နေလို့ပါ။ မေမေ ပြန်လာရင် ကျွန်တော် ပြောပြပေးလိုက်ပါ့မယ်။"

"အေးပါကွယ်။ ဒါဆို ဦးလေးတို့ သွားလိုက်ဦးမယ်နော်။"

"ဟုတ်ကဲ့..."

ဆယ်အိမ်မှူးတို့ ပြန်ထွက်သွားချိန်မှာ ဘယ်အချိန်ကတည်းက အနောက်ကို ရောက်ရှိနေမှန်းမသိရတဲ့ ငသစ်နဲ့ ကျွန်တော် ရင်ဆိုင်ခဲ့ရတော့သည်။

"မြန်မြန်တံခါးပိတ်လိုက်တော့။"

သူ့ပုံစံကို လူထ,သတ်တော့မလို ဖြစ်နေတာမို့ ကျွန်တော် ရယ်ချင်လာမိသည်။

"ဘာဖြစ်လို့ အဲ့လောက်လောနေတာလဲ!?"

"အချိန်မရဘူးဆို အနှောင့်အယှက်က ဝင်နေတာလေ။ မြန်မြန်သာ ပိတ်လိုက်ပါ။"

ကျွန်တော်လည်း သူ့ဆန္ဒအတိုင်း တံခါးပိတ်ပေးလိုက်ရတော့သည်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ အပေါ်ထပ်သို့ ပြန်ရောက်လာကြပြန်လေသည်။ ငသစ်က စောစောက အထမမြောက်လိုက်ရတဲ့ အစီအစဉ်ကို ပြန်စပြီး ကျွန်တော့်အင်္ကျီရဲ့ကြယ်သီးတွေကို အလျင်အမြန် ဆွဲဖြုတ်လိုက်တော့သည်။ တစ်ခါအတွေ့အကြုံရှိခဲ့ဖူးပေမယ့် ကြောက်နေမိတာတော့ အမှန်ပင်။ အရင်တစ်ခေါက်တုန်းကလည်း ခါးနာပြီး ကျန်ခဲ့ရတာမို့ ထပ်ဖြစ်လာမှာကို စိုးရိမ်နေမိ‌သည်။ ကျွန်တော် တွေးနေစဉ်မှာ ငသစ်က နမ်းဖို့ ပြင်လိုက်လေသည်။

"ဒေါက်...ဒေါက်...ဒေါက်..."

ထပ်ကြားလိုက်ရတဲ့ တံခါးခေါက်သံကြောင့် ငသစ်ရဲ့မျက်နှာက မငိုချရုံတမယ် ရှုံ့မဲ့သွားတော့သည်။

"ဘာတွေလဲကွာ!? တစ်ခုပြီးတစ်ခု ပြဿနာလာရှာနေကြတယ်။"

စိတ်ပျက်လက်ပျက် ရေရွတ်လိုက်တဲ့ ငသစ်ကြောင့် ကျွန်တော် ပြုံးလိုက်ပြီး သူ့ပါးလေးကို နမ်းခဲ့မိသည်။

"ဒီတစ်ခါတော့ မေမေပဲနေမှာပါ။ စိတ်လျှော့လိုက်ပါတော့။"

ငသစ်ကို ထားခဲ့ပြီး ကျွန်တော် တံခါးဖွင့်ပေးခဲ့ရပြန်သည်။ အပြင်ဘက်မှာ ရပ်စောင့်နေရတဲ့ မေမေက ကျွန်တော့်ကို ထူးဆန်းနေသလို ကြည့်ပြီး ပြောလိုက်လေသည်။

"တံခါးကြီးက ဘာလို့ ပိတ်ထားတာလဲ!?"

"သားတို့ အပေါ်ထပ်မှာ အနားယူလို့ပါ။"

"သားတို့ဆိုတော့ သစ်သစ်က ပြန်ရောက်နေလို့လား!?"

"ဟုတ်တယ်...မေမေ။ သူ ဒီနေ့ အစောကြီးပဲ ပြန်ရောက်နေတာ။"

မေမေက ဘာမှထပ်မမေးတော့ဘဲ အိမ်ထဲသို့ ဝင်လာခဲ့လေသည်။

"ဟယ်...ဒါတွေက ဘာတွေလဲ!?"

ကြမ်းပြင်ပေါ်မှာ ပေနေတဲ့ ရွှံ့တွေကို မြင်ပြီး မေမေက ရေရွတ်လိုက်တာမို့ ကျွန်တော် ဖြေပေးခဲ့ရပြန်သည်။

"သစ်သစ်က တစ်ကိုယ်လုံး ရွှံ့တွေပေလာလို့ အိမ်ထဲမှာ ပေကုန်တာ။ သန့်ရှင်းရေးပြန်လုပ်ရမှာကို သား မေ့သွားလို့ပါ။"

"ဟိုဆေးသေတ္တာကရော ဘာလို့ အိမ်ရှေ့မှာ ရောက်နေတာလဲ!?"

"သူ့ခြေထောက်ပေါ် သစ်သားချောင်း ပြုတ်ကျလို့ သား ဆေးထည့်ပေးထားတာ။"

"ဒဏ်ရာက တော်တော်များလား!?"

"နည်းနည်းပါပဲ။"

မေမေ့ခြေလှမ်းတွေက မီးဖိုချောင်ရှိရာဆီသို့ ဦးတည်သွားပြီး ကြမ်းပြင်ပေါ်မှာ ပြုတ်ကျခဲ့တဲ့ သစ်သားချောင်းကို တွေ့သွားလေသည်။

"ဒီသစ်သားချောင်းက အိမ်ရှေ့နားက အပင်ကို ထောက်တဲ့ဟာမလား!? ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ!?"

"သား ခဏယူလာခဲ့တာ။"

"သစ်သစ်ခြေထောက်ပေါ်ကို ပြုတ်ကျတာ ဒီသစ်သားချောင်းလား!?"

"သူက ရေချိုးခန်းထဲက ထွက်လာပြီး သားနဲ့ ဝင်တိုက်မိသွားတာ။ အဲ့သစ်သားချောင်းကလည်း လက်က လွတ်ကျသွားပြီး သူ့အပေါ် ကျသွားတာ။"

"ဪ...သနားပါတယ်။ ကဲ...ကဲ...ရွှံ့တွေကို သန့်ရှင်းရေးလုပ်လိုက်ဦး။"

"ဟုတ်ကဲ့။"

ငသစ်က အပေါ်ကနေ လုံးဝဆင်းမလာတာမို့ သန့်ရှင်းရေးကို ကျွန်တော်ပဲ လုပ်လိုက်ရလေသည်။ ကျွန်တော် အပေါ်ထပ်ကို ပြန်ရောက်ချိန်မှာ ငသစ်က အေးအေးဆေးဆေးပဲ ဖုန်းထိုင်သုံးနေခဲ့သည်။

"မင်းကတော့ သာယာနေတာပဲ။ ငါ့မှာတော့ သန့်ရှင်းရေးတွေ လိုက်လုပ်နေရတာ။"

"ဒယ်ဒီက ကျွန်တော့်ကို ထားခဲ့တာကိုလည်း စဉ်းစားကြည့်ဦးလေ။ လူက ဘယ်လိုပုံစံမျိုးနဲ့ ကျန်နေခဲ့ရမလဲဆိုတာကို မတွေးကြည့်ဘူးလား!?"

"မင်းက ဘာဖြစ်နေလို့လဲ!?"

"သိချင်ရင် ဒီနားကို လာခဲ့လေ။"

ငသစ်အနားကို ကပ်ရခြင်းက ကျားပါးစပ်ထဲ ပြေးဝင်ရသလို ဖြစ်နေမှာမို့ သူ့ဆီမသွားဘဲနဲ့ ရေချိုးခန်းသို့ ဦးတည်လိုက်မိသည်။

"ဘယ်ကို ထွက်ပြေးဦးမလို့လဲ!?"

ကျွန်တော့်ပခုံးကို အနောက်ကနေ လှမ်းကိုင်လိုက်တဲ့ ငသစ်ကြောင့် ခြေလှမ်းတွေက တုံ့ဆိုင်းသွားခဲ့လေသည်။

"သန့်ရှင်းရေးလုပ်ထားရလို့ ငါ့တစ်ကိုယ်လုံး ညစ်ပတ်နေပြီလေ။ ရေသွားချိုးမှ ဖြစ်မှာ။"

"ပြီးမှ ချိုးပါလား!? ကျွန်တော်တို့ကိစ္စလေးကို ဆက်ကြရအောင်။"

ငသစ်ဘက်ကို ကျွန်တော် အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်မိတော့သည်။

"ဟေ့ကောင်...မေမေရှိတယ်လေ။"

"ဖွားဖွားက အောက်ထပ်မှာပဲဟာ။ မကြားရပါဘူး။"

"အပေါ်ထပ်နဲ့ အောက်ထပ်က ကြားရတယ်ကွ။ အန္တရာယ်များတယ်။ မစွန့်စားချင်စမ်းပါနဲ့။"

"ဘာသံမှ မကြားစေရပါဘူးဆို။"

ငသစ်က လိုချင်တာမရမချင်း ကျွန်တော့်ကို ပြဿနာရှာနေမယ့်သူမျိုးပင်။ ရွေးချယ်စရာကလည်း မရှိတော့ပြီမို့ ထပ်ပြီးလိုက်လျောခဲ့ရပြန်သည်။

"ဘာသံမှ မကြားရတာ သေချာတယ်နော်။"

"သေချာတယ်။"

ယုန်သူငယ်လေးလို လိမ္မာပြနေတဲ့ ငသစ်က မကြာခင်မှာ ခက်ထန်တဲ့သတ္တဝါတစ်ကောင် ဖြစ်သွားမှာကို ကြိုသိနေပေမယ့် လက်ခံပေးရုံသာ ရှိလေတော့သည်။

"ဒေါက်...ဒေါက်...ဒေါက်..."

တတိယအကြိမ်မြောက် ငသစ်ရဲ့စိတ်ပျက်မှုကို ကျွန်တော် မြင်တွေ့လိုက်ရပြန်သည်။

"လုပ်ပြန်ပြီကွာ။"

ကျွန်တော်လည်း မေမေ့ကို တံခါးအမြန်ဖွင့်ပေးပြီး မေးလိုက်ရလေသည်။

"မေမေ ဘာဖြစ်လို့လဲဟင်!?"

"ဒီနေ့ည မေမေနဲ့အတူလာအိပ်ပေးပါနော်။"

"ဘာလို့လဲ!?"

"ဗေဒင်ဆရာက မှာထားတယ်။ အင်္ဂါနေ့ညမှာ ကြာသပတေးသားကို နံဘေးမှာထားပြီး အိပ်ပေးပါတဲ့။ လာဘ်ရွှင်စေတယ်လို့ ပြောတယ်။ အဲဒါကြောင့် ဒီတစ်ညတော့ မေမေနဲ့ အတူလာအိပ်ပေးပါနော်။"

"ဟုတ်ကဲ့...မေမေ။"

"ရေမြန်မြန်ချိုးလိုက်နော်။ ပြီးရင် ညစာစားဖို့ ဆင်းလာခဲ့။ မေမေ စောင့်နေမယ်။"

"ဟုတ်ကဲ့။"

"သစ်သစ်လေး...ခြေထောက်က သက်သာရဲ့လား!?"

"ဟုတ်..."

သံရှည်ဆွဲပြီး ပြောလိုက်တဲ့ ငသစ်ရဲ့မျက်နှာမှာ စိတ်ပျက်မှုတွေက ထင်ရှားစွာရှိနေခဲ့လေသည်။ သူ့မျက်နှာကိုကြည့်ပြီး ရယ်ချင်စိတ်က ထိန်းမရနိုင်အောင် ဖြစ်နေမိတော့သည်။ ခေါင်းအုံးတွေယူပြီး ကျွန်တော် အောက်ထပ်ကို ဆင်းခါနီးမှာ ငသစ်ဆီက ရေရွတ်သံတစ်ခုကို ကြားခဲ့ရသည်။

"ဒီနေ့ ကံမကောင်းပါလား!"

ထိုနေ့ညက ကျွန်တော်က မေမေနဲ့ သွားအိပ်ပေးခဲ့ရပြီး ငသစ်ရဲ့အကြံအစည်က ပျက်စီးသွားခဲ့ရ‌လေသည်။

*မနက်ဖြန်က အဖွားဆုံးပြီး ရက်လည်နေ့မို့ Upတာလေးက နောက်ကျပါလိမ့်မယ်ရှင့်။ Upတော့ Upပေးမှာပါနော်။

#Śûè

***************

အခန္း ၃၈(Zawgyi Version)


စာေမးပြဲေျဖရခါနီးမွာ ေက်ာင္းပိတ္သြားၿပီမို႔ ေန႔တိုင္းလိုလို အိမ္ထဲမွာပဲ အခ်ိန္ကုန္ဆုံးခဲ့ရေလသည္။ ေဘးမွာ အၿမဲတမ္းအေဖာ္ျပဳေပးတတ္တဲ့ ငသစ္ကလည္း အလုပ္ကိစၥေၾကာင့္ ကြၽန္ေတာ့္ကို ဂ႐ုမစိုက္အားခဲ့ေပ။

"သစ္သစ္ေလးမ႐ွိေတာ့ ပ်င္းေနၿပီလား!?"

ေမေမ့စကားေၾကာင့္ ပန္းပင္ေတြ ေရေလာင္းေနရင္းက ကြၽန္ေတာ္ လွမ္းၾကည့္လိုက္မိေလသည္။

"မပ်င္းပါဘူး...ေမေမရဲ႕။ ဘာျဖစ္လို႔လဲ!?"

"သားပုံစံက အရင္လိုမ်ိဳး ျပဳံးျပဳံး႐ႊင္႐ႊင္မွ မ႐ွိတာ။ သစ္သစ္ကပဲ သားကို ေပ်ာ္ေအာင္လို႔ လုပ္ေပးႏိုင္တာေလ။"

ေသခ်ာျပန္စဥ္းစားၾကည့္ရင္ ငယ္စဥ္အခ်ိန္ကတည္းက အခုထိ ကြၽန္ေတာ္နဲ႔ အေနအနီးစပ္ဆုံးသူကို ျပပါဆိုလွ်င္ ငသစ္ကိုသာ ျပရေပလိမ့္မည္။ အိမ္မႈကိစၥေတြနဲ႔ အခ်ိန္ကုန္ေနခဲ့တဲ့ ေမေမက ကြၽန္ေတာ့္ကို ေစာင့္ေ႐ွာက္ဖို႔အတြက္ မအားလပ္ခဲ့သလို ဝင္ေငြ႐ွာေပးေနရတဲ့ မမတို႔ကလည္း ငသစ္ကို ဂ႐ုမစိုက္ႏိုင္ခဲ့ေပ။ ထိုေၾကာင့္ ကြၽန္ေတာ္တို႔က တစ္ဦးရဲ႕လိုအပ္ခ်က္ကို တစ္ဦးက ျဖည့္ဆည္းေပးၿပီး ႀကီးျပင္းလာခဲ့ရေတာ့သည္။ စိတ္ခံစားခ်က္ကို ဖြင့္မေျပာျပတတ္တဲ့ ကြၽန္ေတာ့္လိုလူမ်ိဳးအတြက္ ငသစ္က ၾကားခံဆက္သြယ္ေပးႏိုင္သူတစ္ေယာက္လိုပင္။

"သူ႕ေၾကာင့္ မဟုတ္ပါဘူး။ ေန႔တိုင္း အိမ္ထဲမွာပဲ ေနရေတာ့ လူက ထိုင္းမိႈင္းလာတာပါ။"

"ဒါဆို ဒီေန႔ ေမေမနဲ႔အတူ ေဈးဝယ္ထြက္ၾကရေအာင္။"

"သားအတြက္ေတာ့ တကူးတကႀကီး မသြားပါနဲ႔။ ေမေမ့ဒူးက လမ္းေလွ်ာက္မ်ားရင္ ျပန္နာေနဦးမယ္။"

"လမ္းနည္းနည္းေလွ်ာက္တာက ရပါတယ္။ က်န္းမာေရးနဲ႔လည္း ညီၫြတ္တာေပါ့။"

"ဒါဆိုလည္း ေမေမ့သေဘာပဲေလ။"

အလုပ္ေတြကို လက္စ,သတ္လိုက္ၿပီး ေမေမနဲ႔အတူေဈးဝယ္ထြက္ဖို႔ ကြၽန္ေတာ္ ျပင္ဆင္ခဲ့ရေလသည္။

ေဈးဝယ္စင္တာတစ္ခုတြင္-

အဝတ္အစားေတြ ေ႐ြးေနခ်ိန္မွာ ေမေမ့အသံကို ၾကားလိုက္ရသည္။

"ေမေမ သားကို ေမးစရာ႐ွိတယ္။"

"ေမးေလ...ေမေမ။ ဘာေမးမလို႔လဲ!?"

"သစ္သစ္ေလးမွာ ခ်စ္သူ႐ွိေနၿပီလား!?"

ထိုေမးခြန္းေၾကာင့္ အက်ႌေ႐ြးေနရင္းက ကြၽန္ေတာ့္လက္ေတြ တုံ႔ဆိုင္းသြားခဲ့ရေတာ့သည္။ ဒါေပမဲ့ ဟန္မပ်က္ရေအာင္ ဆက္ထိန္းလိုက္ၿပီး ေမေမ့ကို ျပန္ေျဖလိုက္မိသည္။

"မ႐ွိဘူးလို႔ေတာ့ ထင္တာပဲ။ သားကို အဲ့ကိစၥနဲ႔ ပတ္သက္ၿပီး ဘာမွမေျပာဖူးဘူး။"

"သားမွာေရာ ခ်စ္သူ႐ွိေနၿပီလား!?"

"မ႐ွိပါဘူး။"

"အမွန္အတိုင္းေျပာေနာ္။"

"တကယ္‌ေျပာတာပါ...ေမေမရဲ႕။"

"ထူးေတာ့ ထူးဆန္းေနၿပီ။ ေဗဒင္ဆရာေဟာထားတာက ေသခ်ာေပါက္ ခ်စ္သူရေနၾကၿပီလို႔ ေျပာတာပဲ။"

'ဒီေဗဒင္ဆရာကေတာ့ ျပႆနာ႐ွာလိုက္ျပန္ၿပီ...' ကြၽန္ေတာ့္စိတ္ထဲကေန ေရ႐ြတ္ၿပီး ေမေမ့ကို အာ႐ုံလႊဲဖို႔ ႀကိဳးစားလိုက္ရသည္။

"သူလည္း အၿမဲတမ္း‌ေတာ့ ဘယ္မွန္ႏိုင္ပါ့မလဲ။ မွားတဲ့အခါလည္း ႐ွိဦးမွာေပါ့။"

"သူက ထြက္ရပ္ေပါက္ပုဂၢိဳလ္ႀကီးေလ။ မွားစရာအေၾကာင္း လုံးဝမ႐ွိဘူး။ အခ်ိန္ရေတာ့မွ ေသခ်ာေလး သြားေမးၾကည့္ဦးမယ္။"

ေမေမ့ယုံၾကည္မႈကို ကြၽန္ေတာ္ ေဝဖန္ျခင္းမျပဳေတာ့ဘဲ ႏႈတ္ဆိတ္ေနလိုက္မိသည္။

"ေမေမက သစ္သစ္ကို ယြန္းနဲ႔ အဆင္ေျပေစခ်င္တာ။ ယြန္းက အေနေအးၿပီး ခ်စ္ဖို႔လည္း ေကာင္းတယ္။ သူ႕မိဘေတြကလည္း ႐ိုးသားၿပီး စိတ္ထားေကာင္းၾကတာ။ အဲ့လိုမိသားစုမ်ိဳးနဲ႔ဆို သစ္သစ္ရဲ႕‌ေနာင္ေရးကို စိတ္ေအးရၿပီေလ။"

ေမေမက သူ႕စိတ္ကူးနဲ႔သူ ေပ်ာ္ေန႐ွာေပမယ့္ ေျပာျပလို႔မရတဲ့ ကိစၥေတြနဲ႔အတူ ကြၽန္ေတာ္ ရင္ေမာေနရေတာ့သည္။

"သူ႕ကို မ‌ေမးၾကည့္ဘဲ ဘာကိုမွ ႀကိဳမစီစဥ္မိေစနဲ႔ဦးေနာ္။ သစ္သစ္က သူ႕ကို မတိုင္ပင္ဘဲ ေလွ်ာက္လုပ္ထားမွန္း သိသြားရင္ ျပႆနာ႐ွာလိမ့္မယ္။"

"ေမေမ ဒီေလာက္ေတာ့သိပါတယ္...သားရဲ႕။ သားတို႔ရဲ႕ဆႏၵမပါဘဲ ဒီလိုကိစၥမ်ိဳးကို ဘယ္လုပ္ရက္ပါ့မလဲ!? ဒါေပမဲ့ မသင့္ေတာ္တဲ့သူကိုေတာ့ မေ႐ြးေစခ်င္ဘူး။ ခ်စ္သူထားတယ္ဆိုကတည္းက လက္ထပ္ဖို႔အထိ ရည္႐ြယ္မွ ျဖစ္မယ္။ သူမ်ားသားသမီးကို အေပ်ာ္တြဲၿပီး စြန္႔ပစ္လိုက္တာမ်ိဳးေတာ့ မလုပ္နဲ႔ေနာ္။"

"အဲဒါကိုေတာ့ စိတ္ခ်ပါ...ေမေမ။"

ကြၽန္ေတာ္တို႔ႏွစ္ဦး စင္တာကို ေလွ်ာက္ပတ္ၾကည့္ၿပီး ေအာက္ဆုံးထပ္သို႔ ျပန္ဆင္းလာခဲ့ခ်ိန္မွာ အန္တီႀကီးတစ္ဦးနဲ႔ ေတြ႕ခဲ့ေလသည္။

"ဟယ္...မစိမ့္...မေတြ႕ရတာ ၾကာၿပီေနာ္။"

နာမည္ေခၚသံေၾကာင့္ ေမေမက အန္တီႀကီးကို မွတ္မိေအာင္ ေသခ်ာျပန္စဥ္းစားေနေလသည္။

"ကြၽန္မက ေမရီေလ။ ကြၽန္မတို႔က ထ(၂)မွာ အတူတူတာဝန္က်ဖူးတယ္။ မွတ္မိလား!?"

"ဪ...ေမရီ...မွတ္မိၿပီ။ အသက္ႀကီးၿပီဆိုေတာ့ မွတ္ဉာဏ္ေရာ၊ မ်က္လုံးေရာက သိပ္အဆင္မေျပေတာ့ဘူး‌ေလ။ အခုလို ျပန္ေတြ႕ရတာ ဝမ္းသာလိုက္တာကြယ္။"

"ကြၽန္မလည္း အရမ္းဝမ္းသာတာပဲ။ အိမ္က အမ်ိဳးသားနဲ႔ အိမ္ေထာင္က်ေတာ့ အလုပ္ကိုပါ နားလိုက္ရတာ။ အသိေတြနဲ႔လည္း မေတြ႕ျဖစ္ေတာ့ဘူး။"

"ေမရီ အလုပ္ထြက္သြားတုန္းကဆို အားလုံးက စိတ္မေကာင္းျဖစ္ခဲ့ၾကတာ။ အမ်ိဳးသားနဲ႔အတူ ႏိုင္ငံျခားကို လိုက္သြားတာဆိုေတာ့ အဆက္အသြယ္လည္း မရေတာ့ဘူးေပါ့။"

"ဟုတ္တယ္...ကြၽန္မတို႔က သမီးေလး ဆယ္ႏွစ္ေက်ာ္ေလာက္မွ ဒီကိုျပန္ေရာက္ၾကတာ။ မစိမ့္တို႔ကို ေက်ာင္းမွာ႐ွိဦးမလားဆိုၿပီး လာ႐ွာခဲ့ေသးတယ္။ မစိမ့္ကလည္း ေဆးပင္စင္တင္လိုက္ၿပီးေတာ့ က်န္တဲ့သူေတြကလည္း ေက်ာင္းမွာ မ႐ွိၾကေတာ့ဘူးေလ။"

"ကိုယ္ကလည္း အသက္သုံးဆယ္ေက်ာ္မွပဲ သားေလးကို ကိုယ္ဝန္႐ွိလာတာဆိုေတာ့ နားလိုက္ရတာ။"

"ဪ...ဒါ မစိမ့္ရဲ႕သားေလးလား!? အရမ္းေခ်ာတယ္ေနာ္။ သူက မစိမ့္နဲ႔တူတာပဲ။ ဒါနဲ႔ မစိမ့္ရဲ႕အမ်ိဳးသားေရာ ပါမလာဘူးလား!?"

"သားေလး တစ္ႏွစ္ေက်ာ္ေလာက္မွာ သူ ဆုံးသြားတာ။ အခုဆို ဆယ့္ခုနစ္ႏွစ္ေက်ာ္ေလာက္ ႐ွိသြားၿပီ။"

"ဟယ္... စိတ္မေကာင္းလိုက္တာ မစိမ့္ရယ္။ မေတြ႕ရတာၾကာေတာ့ ေျပာစရာေတြ မ်ားေနၿပီ။ ကြၽန္မတို႔ဆိုင္တစ္ဆိုင္မွာ ထိုင္ၿပီး ဆက္ေျပာၾကရေအာင္။ အခ်ိန္ရရဲ႕လား...မစိမ့္!?"

"ရတာေပါ့။"

ေမေမက အန္တီ'‌ေမရီ'နဲ႔ လိုက္သြားဖို႔ ျပင္ေနရင္း ကြၽန္ေတာ့္ကို လွည့္ၾကည့္ခဲ့ေလသည္။

"သား...ေမေမတို႔နဲ႔ လိုက္ခဲ့ေနာ္။"

"ဟုတ္ကဲ့။"

"သူ အေနရခက္ေနမွာေပါ့...မစိမ့္ရဲ႕။ အိမ္ကို ေမရီကိုယ္တိုင္ ျပန္လိုက္ပို႔ေပးပါ့မယ္။ မစိမ့္ရဲ႕အိမ္ကိုလည္း တစ္ခါတည္း သိသြားရတာေပါ့။ ကေလး ျပန္ခ်င္ရင္ ျပန္ခိုင္းလိုက္ပါ။"

"သား ျပန္ခ်င္ရင္ ျပန္ႏွင့္လိုက္ေတာ့ေနာ္။"

လူႀကီးေတြရဲ႕စကားဝိုင္းမွာ ကြၽန္ေတာ္ လုံးဝ ဝင္မပါခ်င္တာမို႔ ေမေမ့စကားကို လက္ခံၿပီး အိမ္သို႔ ျပန္လာခဲ့ရေတာ့သည္။ မေပ်ာ္မ႐ႊင္နဲ႔ ျပန္လာတဲ့ ကြၽန္ေတာ္က အိမ္ေ႐ွ႕တံခါးကို ေသာ့ဖြင့္ဖို႔ ျပင္ေနစဥ္မွာ တံခါးက ေစ့႐ုံေလးေစ့ထားတာကို ေတြ႕လိုက္ရသည္။ 'ငသစ္' ျပန္ေရာက္ေနတာမ်ားလား!?' စိတ္ထဲကေန ေတြးရင္းနဲ႔ ဖိနပ္ခြၽတ္ကို ၾကည့္လိုက္ခ်ိန္မွာ ငသစ္ရဲ႕ဖိနပ္က ႐ွိမေနခဲ့ေပ။ ဖိနပ္ကလည္း မ႐ွိ၊ တံခါးကလည္း ပြင့္ေနတာဆို‌ေတာ့ ျဖစ္ႏိုင္ေျခတစ္ခုသာ ႐ွိေပေတာ့သည္။ 'အိမ္မွာ သူခိုးဝင္ေနၿပီ။' ဒုစ႐ိုက္မႈတစ္ခုနဲ႔ ရင္ဆိုင္ရေတာ့မွာမို႔ ကြၽန္ေတာ့္စိတ္ကို အတတ္ႏိုင္ဆုံး ျပင္ဆင္ၿပီး လက္နက္ကို အျမန္ဆုံး႐ွာလိုက္ရေလသည္။ ေျမေကာ္တဲ့ ထြန္ျခစ္ဆိုရင္ ခ်မိတာနဲ႔ ေသေစႏိုင္တာမို႔ အႏၲရာယ္ကို ေ႐ွာင္ၿပီး သစ္သားေခ်ာင္းတစ္ခုကိုသာ ေ႐ြးလိုက္မိသည္။ ထို႔ေနာက္ အိမ္ထဲသို႔ တိတ္တဆိတ္ ဝင္လာၿပီး သူခိုးကို ႐ွာဖို႔ ႀကိဳးစားလိုက္ေလသည္။ ကံေကာင္းခ်င္ေတာ့ ၾကမ္းျပင္ေပၚက ႐ႊံ႕ေပေနတဲ့ေျခရာေတြေၾကာင့္ ထိုသူခိုး သြားရာေနာက္ကို ကြၽန္ေတာ္ လိုက္လို႔ ရသြားေလေတာ့သည္။ ထိုေျခရာေတြက ေနာက္ေဖးက ေရခ်ိဳးခန္းဘက္ကို ဦးတည္သြားၿပီး ေရခ်ိဳးခန္းေ႐ွ႕မွာ ရပ္တန္႔သြားခဲ့သည္။ ထိုသူခိုးက ေရခ်ိဳးခန္းထဲမွာ ႐ွိေနတာ ေသခ်ာသြားေလၿပီ။ ကြၽန္ေတာ္ သူ အထဲက‌ေန ျပန္ထြက္လာရင္ သစ္သားေခ်ာင္းနဲ႔ ႐ိုက္လိုက္ဖို႔ ႀကိဳတင္ျပင္ဆင္ထားလိုက္မိသည္။ ခဏၾကာခ်ိန္မွာ ေရခ်ိဳးခန္းတံခါးက ျဖည္းျဖည္းခ်င္း ပြင့္ဟလာၿပီး လူရိပ္တစ္ခုကို ေတြ႕လိုက္‌ေလသည္။ ကြၽန္ေတာ္လည္း ႐ွိသမွ်သတၱိကို အကုန္သုံးၿပီး မ်က္လုံးစုံမွိတ္ကာ ႐ိုက္ဖို႔ ျပင္လိုက္ေလေတာ့သည္။

"ဒယ္ဒီ!!!"

အသံတစ္ခုေၾကာင့္ ႐ိုက္ဖို႔ ႐ြယ္ထားတဲ့လက္က အားေလ်ာ့သြားေပမယ့္ အ႐ွိန္ေၾကာင့္ သူ႕နဖူးကို ခပ္ဖြဖြ ထိမိသြားေလသည္။

"ငသစ္!!!"

"အာ...ကြၽန္ေတာ့္ကို ဘာလို႔ ေခ်ာင္း႐ိုက္တာလဲ!?"

"မ...မဟုတ္ဘူး..."

ျပန္ေျဖရင္းက ကိုင္ထားတဲ့ သစ္သားေခ်ာင္းကို ကြၽန္ေတာ္ ျမန္ျမန္ လႊတ္ခ်လိုက္မိသည္။ ကံဆိုးခ်င္‌ေတာ့ ထိုသစ္သားေခ်ာင္းက သူ႕ရဲ႕ေျခေခ်ာင္းထိပ္ေလးေပၚကို ထပ္ၿပီးက်သြားျပန္သည္။

"အား!!!"

ကြၽန္ေတာ္လည္း သူ႕ေခါင္းကိုပဲ ၾကည့္ေပးရမလိုလို၊ ေျခဖ်ားကိုပဲ ေျပးကိုင္ရမလိုလို ျဖစ္သြားရေတာ့သည္။ ေနာက္ဆုံးေတာ့ ေျခဖ်ားကို အျမန္ကိုင္ၿပီး ေတာင္းပန္ခဲ့ရေလသည္။

"ငါ ေတာင္းပန္ပါတယ္။ နာေနေသးလား!?"

"ေျခဖ်ားေလးေပၚ ျပဳတ္က်သြားတာကို မနာဘဲ ေနမလား!?"

"ဥဳံဖြ...ဥဳံဖြ...အိမ္ေ႐ွ႕ကို ထြက္လာခဲ့ေနာ္။ ငါ ေဆးလိမ္းေပးမယ္။"

"ဒီပုံစံနဲ႔ လမ္းဘယ္လိုလုပ္ေလွ်ာက္လို႔ ရမွာလဲ!? ကြၽန္ေတာ့္ကို တြဲေခၚသြားေပးေလ။"

"ဪ...ေအး‌...ေအး..."

ကြၽန္ေတာ္ ငသစ္ကို တြဲေခၚသြားဖို႔ ထိုင္ေနရာကေန ျပန္ထလာခ်ိန္မွာ ကြၽန္ေတာ့္ဦးေခါင္းနဲ႔ သူ႕ေမးေစ့က ထပ္ေဆာင့္မိသြားခဲ့ျပန္သည္။

"အား...ဒယ္ဒီ ကြၽန္ေတာ့္ကို အေသသတ္ေနတာလား!?"

"မဟုတ္ပါဘူး။ လာ...ငါ ေဆးထည့္ေပးမယ္ေနာ္။"

ကြၽန္ေတာ္ သူ႕ပခုံးကိုဖက္ၿပီး အိမ္ေ႐ွ႕သို႔ ေခၚသြားဖို႔ ႀကိဳးစားလိုက္ေပမယ့္ မီးဖိုေခ်ာင္ရဲ႕အေပါက္ဝက လူႏွစ္ေယာက္စာ မဆန္႔တာမို႔ သူ႕ပခုံးအစြန္းနဲ႔ တံခါးေဘာင္က တိုက္မိသြားေလသည္။

"ဒယ္ဒီေရ...တစ္ကိုယ္လုံးလည္း မထိခိုက္မိတဲ့ေနရာ မ႐ွိေတာ့ပါဘူးလို႔!!! အၿငႇိဳးထားၿပီး ႏွိပ္စက္ေနတာလား!?"

"ငါ ေဆးကို ေသခ်ာ‌လိမ္းေပးပါ့မယ္ေနာ္။"

တစ္မ်ိဳးၿပီးတစ္မ်ိဳး ထိခိုက္မိေနတဲ့ ငသစ္ကို အားနာစိတ္ဝင္လာၿပီး သတိထားရင္းနဲ႔ ေခၚလာခဲ့ရေတာ့သည္။ ခဏအၾကာမွာ အိမ္ေ႐ွ႕ခန္းသို႔ သူ႕ကို ေအာင္ေအာင္ျမင္ျမင္ ေခၚလာႏိုင္ခဲ့ေလသည္။

"ဒီမွာ ခဏထိုင္ေနဦးေနာ္။ ငါ ေဆးဘူးသြားယူလာခဲ့မယ္။"

ငသစ္ကို ခုံေပၚမွာ ေသခ်ာထိုင္ခိုင္းထားခဲ့ၿပီး ေဆးဘူးကို အျမန္ေျပးယူခဲ့ရသည္။ ထိခိုက္မိထားသမွ် ေနရာအားလုံးကို ေဆးလိမ္းေပးၿပီးခ်ိန္မွာ ငသစ္က ကြၽန္ေတာ့္ကို ေမးခဲ့ေလသည္။

"ေစာေစာက ဘာလို႔ သစ္သားေခ်ာင္းႀကီးနဲ႔ ခ်ဖို႔ လုပ္ရတာလဲ!?"

"ငါက အိမ္ထဲကို သူခိုးဝင္တယ္လို႔ ထင္သြားတာ။ အဲဒါေၾကာင့္ ႐ိုက္ၿပီး ဖမ္းမလို႔လုပ္တာေပါ့။"

"အမယ္ေလး...ကိုယ့္ေယာက်္ားကို သူခိုးလို႔ ထင္ၿပီး သတ္တဲ့သူရယ္လို႔ သမိုင္းတြင္သြားပါဦးမယ္...ဒယ္ဒီရယ္။"

"အထင္လြဲမွာေပါ့။ အိမ္ေ႐ွ႕မွာ မင္းရဲ႕ဖိနပ္မွ မေတြ႕တာ။"

"ကားတစ္စီးက ႐ႊံ႕အိုင္ေပၚကို အ႐ွိန္မေလွ်ာ့ဘဲ ေမာင္းခ်သြားေတာ့ ကြၽန္ေတာ့္တစ္ကိုယ္လုံး ႐ႊံ႕ေတြ ေပကုန္တယ္ေလ။ ဖိနပ္ကလည္း ေဆးဖို႔ဆိုၿပီး ေရခ်ိဳးခန္းထဲ ယူသြားရတာ။"

"အဲဒါေတြကို ငါက ဘယ္လိုလုပ္သိမွာလဲ!?"

"ဒယ္ဒီက ဘာလို႔ တစ္ေယာက္တည္းျဖစ္ေနတာလဲ!? ဖြားဖြားေရာ...!?"

"ေမေမက အသိတစ္ေယာက္နဲ႔ ေတြ႕လို႔ က်န္ေနခဲ့တယ္။ အဲ့အန္တီႀကီးက အျပန္ကို သူပဲ လိုက္ပို႔ေပးမယ္ဆိုလို႔ ငါ ျပန္လာခဲ့တာ။"

"ဒါဆို အခု အိမ္မွာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ပဲ ႐ွိတာေပါ့ေနာ္။"

"ဘာျဖစ္ေနတာလဲ!? ဒါနဲ႔‌ ေနစမ္းပါဦး။ မင္းက အရင္တုန္းက ည(၉)နာရီေလာက္မွ ျပန္ေရာက္တာေလ။ ဒီေန႔က်ေတာ့ ေစာလွခ်ည္လား!? ေနေတာင္မေစာင္းေသးဘူး။"

"ဒယ္ဒီ့ကို လြမ္းလို႔ ေစာေစာျပန္လာတာ။ မေပ်ာ္ဘူးလား!?"

"အပို‌ေတြ ေလွ်ာက္ေျပာမေနနဲ႔။ မွန္မွန္ေျဖ။"

"ဒီေန႔က ကြၽန္ေတာ့္ေလ့က်င့္ခ်ိန္က ၿပီးသြားလို႔ ေစာေစာျပန္လာရတာ။ အရမ္းထူးခြၽန္တဲ့ ေယာက်္ားအတြက္ ဂုဏ္ယူလိုက္စမ္းပါ။"

"မင္းက ဘယ္လိုလုပ္ ငါ့ေယာက်္ားျဖစ္သြားတာလဲ!?"

"တရားဝင္သာ မယူရေသးတာေလ။ ဟိုဟာက ျဖစ္ၿပီးၿပီဆိုေတာ့ ကြၽန္ေတာ္က ဒယ္ဒီ့ရဲ႕တိတ္တိတ္ပုန္းေယာက်္ား ျဖစ္ေနၿပီေပါ့။"

"အဲ့ကိစၥက ဂုဏ္ဆာခ်င္စရာ ေကာင္းေနလို႔လား!?"

"အင္း..."

ၿပီတီတီ႐ုပ္နဲ႔ ငသစ္ကို ထု႐ိုက္ပစ္လိုက္ခ်င္ေပမယ့္ ကြၽန္ေတာ့္ေၾကာင့္ သူ႕တစ္ကိုယ္လုံးက ရစရာမ႐ွိေအာင္ ျဖစ္ေနၿပီမို႔ ႐ြယ္ထားတဲ့ လက္ကို ျပန္ခ်လိုက္ရေတာ့သည္။

"မေတြ႕ျဖစ္တာေတာင္ ေတာ္ေတာ္ၾကာၿပီပဲ။ ဒယ္ဒီ့မ်က္ႏွာေလးက ေခ်ာင္က်သြားသလိုပဲေနာ္။"

"ငါတို႔ညတိုင္း ေတြ႕ရတယ္...ငသစ္။ မဟုတ္တာေတြ ေလွ်ာက္ေျပာမေနနဲ႔။"

"ညတိုင္းေတြ႕ရေပမယ့္ ဘာမွမလုပ္ျဖစ္ခဲ့ဘူးေလ။"

"မင္းဦးေႏွာက္ထဲမွာ ဒါပဲ ႐ွိတာလား!?"

"ကြၽန္ေတာ္တို႔ အဲ့လိုမေနရတာ ႏွစ္လေက်ာ္ေနၿပီပဲဟာ။ ဒီေန႔ အိမ္မွာ ဘယ္သူမွမ႐ွိတုန္းေလး ေပ်ာ္ေပ်ာ္ေနလိုက္ၾကရေအာင္။"

"မင္းတစ္ကိုယ္လုံး ထိခိုက္မိထားလို႔ ငါ အခုပဲ ေဆးလိမ္းေပးထားရတာေလ။ အဲဒါကို ႐ြခ်င္ေနေသးတာလား!?"

"အနာကို ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္သြားရင္ ပိုမေကာင္းဘူးလား!? ေနာ္...ေနာ္လို႔..."

"မင္းကို ငါ ေျပာထားၿပီးသားပဲ။ အဲ့တစ္ခါပဲ ခြင့္ျပဳေပးမွာပါလို႔။ ဘာလို႔ ထပ္ၿပီးေျပာေနရတာလဲ!?"

"ဒယ္ဒီ မတရားဘူး။"

"ဘာျဖစ္ရျပန္ၿပီလဲ!?"

"ကိုယ္တိုင္ကလည္း ကြၽန္ေတာ့္ကို မထိဘဲနဲ႔ ကြၽန္ေတာ့္ဘက္က ဇာတ္လမ္းစေတာ့လည္း ခြင့္မျပဳေပးဘူး။ ဘယ္အခ်ိန္အထိ သီလၿမဲေနဦးမွာလဲ!?"

"ငါက အဲဒါမ်ိဳးေတြကို စိတ္မွမဝင္စားတာ။"

"ကြၽန္ေတာ္က စိတ္ဝင္စားတယ္ေလ။"

ငသစ္က ကြၽန္ေတာ့္ကို မရမက ဂ်ီတိုက္ေနခဲ့ေလသည္။ ခက္တာက သူ႕ကို ဘယ္လိုကေန စၿပီး အဲ့လိုလုပ္ရမယ္ဆိုတာ ကြၽန္ေတာ္ လုံးဝ မသိျခင္းပင္။ 'မူးေနတုန္းက ဘယ္လိုမ်ား ျဖစ္သြားခဲ့ပါလိမ့္!? အဲ့တုန္းကလို ျဖစ္ေအာင္ ေမေမ့အခန္းထဲကေန အရက္ပုလင္းသြားခိုးၿပီး ေသာက္ခ်လိုက္ရင္ ေကာင္းမလား!? ဒါေပမယ့္ မူးၿပီး ျပႆနာေတြ႐ွာမိမွာကလည္း စိုးရိမ္ရေသးတယ္။ ငသစ္ကို သူ လုပ္ခ်င္ရာ လုပ္ခြင့္ေပးလိုက္ရင္ ေကာင္းမလား!? ဆက္ျငင္းေနရင္လည္း စိတ္ပ်က္သြားၿပီး အသစ္႐ွာသြားမွ ဘဝပ်က္ေနရဦးမယ္။' အမ်ိဳးမ်ိဳး ေတြးေတာၿပီးခ်ိန္မွာ ငသစ္ရဲ႕ဆႏၵကို လက္ခံေပးလိုက္ဖို႔ ကြၽန္ေတာ္ ဆုံးျဖတ္လိုက္ရေလသည္။

"ဒီတစ္ခါ တကယ္ေနာက္ဆုံးပဲေနာ္။"

ငသစ္က ျပဳံး႐ႊင္စြာျဖင့္ ေခါင္းညိတ္ျပလိုက္ေတာ့သည္။

"တကယ္ပါ။ ဒီတစ္ခါ ေနာက္ဆုံးပါပဲ။"

ကြၽန္ေတာ့္အနားကို တျဖည္းျဖည္း ခ်ဥ္းကပ္လာတဲ့ ငသစ္ေၾကာင့္ လူက နတ္ဝင္ပူးသလို တစ္ကိုယ္လုံးၾကက္သီးေတြ ထ,လာမိသည္။

"ဒီေနရာႀကီးမွာ မလုပ္နဲ႔ေလ။ တံခါးက ေစ့႐ုံေလးပဲ ေစ့ထားတာ။"

"ဒါဆို တံခါးသြားပိတ္လိုက္မယ္ေလ။"

သြက္လက္တက္ႂကြစြာ တံခါးသြားပိတ္လိုက္တဲ့ ငသစ္ကို ကြၽန္ေတာ္ တအံ့တဩနဲ႔ ၾကည့္ေနမိေတာ့သည္။

"ေစာေစာက လမ္းေတာင္ မေလွ်ာက္ႏိုင္ဘူးဆိုၿပီး အခုက်ေတာ့ မေျပး႐ုံတမယ္ပဲေနာ္။"

"ေဆးစြမ္းေတာ့ ခ်က္ခ်င္းကို ဖလန္းဖလန္း ထႏိုင္သြားတာေလ။"

ေျပာၿပီးၿပီးခ်င္း ကြၽန္ေတာ့္ေဘးမွာ လာထိုင္တဲ့ ငသစ္ကို ထပ္တားလိုက္မိေလသည္။

"ဒါက အိမ္ေ႐ွ႕ခန္းမွာဆိုေတာ့ အဲ့လိုမ်ိဳးေတြ မလုပ္သင့္ဘူး။ အေပၚကိုပဲ သြားရေအာင္။"

"ဒယ္ဒီ တမင္အခ်ိန္ဆြဲေနတာမလား!?"

"မဆြဲပါဘူးကြာ။ မသင့္ေတာ္လို႔ပါ။"

"ဒါဆိုလည္း ျမန္ျမန္လာေတာ့။"

ငသစ္က ကြၽန္ေတာ့္ကို အေပၚထပ္သို႔ အျမန္ဆြဲေခၚသြားၿပီး ေမြ႕ယာေပၚမွာ လွဲခ်ခိုင္းလိုက္ေတာ့သည္။ ကြၽန္ေတာ့္အက်ႌကို ခြၽတ္ဖို႔ ျပင္ေနတဲ့ သူ႕လက္ေတြကလည္း အလ်င္လိုေနပုံပင္။ ထိုအခ်ိန္မွာပဲ ေအာက္ထပ္ကေန တံခါးေခါက္သံကို ၾကားလိုက္ရေလသည္။

"ငသစ္...ေမေမ ျပန္လာၿပီထင္တယ္။"

"ဟာ...ဘာလို႔ အခုမွ ေရာက္လာတာလဲ!?"

"ျမန္ျမန္သြားဖြင့္ေပးရမယ္။ မင္းက အတြင္းဘက္ကေန ခ်က္ထိုးလာခဲ့တာမလား!?"

ငသစ္ကို အျမန္တြန္းဖယ္ၿပီး ေအာက္ထပ္သို႔ ကြၽန္ေတာ္ ေျပးဆင္းလာကာ တံခါးဖြင့္ေပးခဲ့ရေတာ့သည္။ ဒါေပမဲ့ တံခါးလာေခါက္သူက ေမေမမဟုတ္ဘဲ ရပ္ကြက္ထဲက ဆယ္အိမ္မႉးျဖစ္ေနေလသည္။

"ဪ...ဦးေလး...ဘာကိစၥမ်ား႐ွိလို႔ပါလဲ!?"

"ဦးေလးတို႔က နာေရးအတြက္အလႉေငြလိုက္ေကာက္ေနၾကတာ။ ေမေမ မ႐ွိဘူးလား!?"

"ဟုတ္ကဲ့...အသိတစ္ေယာက္နဲ႔ သြားေတြ႕ေနလို႔ပါ။ ေမေမ ျပန္လာရင္ ကြၽန္ေတာ္ ေျပာျပေပးလိုက္ပါ့မယ္။"

"ေအးပါကြယ္။ ဒါဆို ဦးေလးတို႔ သြားလိုက္ဦးမယ္ေနာ္။"

"ဟုတ္ကဲ့..."

ဆယ္အိမ္မႉးတို႔ ျပန္ထြက္သြားခ်ိန္မွာ ဘယ္အခ်ိန္ကတည္းက အေနာက္ကို ေရာက္႐ွိေနမွန္းမသိရတဲ့ ငသစ္နဲ႔ ကြၽန္ေတာ္ ရင္ဆိုင္ခဲ့ရေတာ့သည္။

"ျမန္ျမန္တံခါးပိတ္လိုက္ေတာ့။"

သူ႕ပုံစံကို လူထ,သတ္ေတာ့မလို ျဖစ္ေနတာမို႔ ကြၽန္ေတာ္ ရယ္ခ်င္လာမိသည္။

"ဘာျဖစ္လို႔ အဲ့ေလာက္ေလာေနတာလဲ!?"

"အခ်ိန္မရဘူးဆို အေႏွာင့္အယွက္က ဝင္ေနတာေလ။ ျမန္ျမန္သာ ပိတ္လိုက္ပါ။"

ကြၽန္ေတာ္လည္း သူ႕ဆႏၵအတိုင္း တံခါးပိတ္ေပးလိုက္ရေတာ့သည္။ ဒီလိုနဲ႔ပဲ ကြၽန္ေတာ္တို႔ အေပၚထပ္သို႔ ျပန္ေရာက္လာၾကျပန္ေလသည္။ ငသစ္က ေစာေစာက အထမေျမာက္လိုက္ရတဲ့ အစီအစဥ္ကို ျပန္စၿပီး ကြၽန္ေတာ့္အက်ႌရဲ႕ၾကယ္သီးေတြကို အလ်င္အျမန္ ဆြဲျဖဳတ္လိုက္ေတာ့သည္။ တစ္ခါအေတြ႕အၾကဳံ႐ွိခဲ့ဖူးေပမယ့္ ေၾကာက္ေနမိတာေတာ့ အမွန္ပင္။ အရင္တစ္ေခါက္တုန္းကလည္း ခါးနာၿပီး က်န္ခဲ့ရတာမို႔ ထပ္ျဖစ္လာမွာကို စိုးရိမ္ေနမိ‌သည္။ ကြၽန္ေတာ္ ေတြးေနစဥ္မွာ ငသစ္က နမ္းဖို႔ ျပင္လိုက္ေလသည္။

"ေဒါက္...ေဒါက္...ေဒါက္..."

ထပ္ၾကားလိုက္ရတဲ့ တံခါးေခါက္သံေၾကာင့္ ငသစ္ရဲ႕မ်က္ႏွာက မငိုခ်႐ုံတမယ္ ႐ႈံ႕မဲ့သြားေတာ့သည္။

"ဘာေတြလဲကြာ!? တစ္ခုၿပီးတစ္ခု ျပႆနာလာ႐ွာေနၾကတယ္။"

စိတ္ပ်က္လက္ပ်က္ ေရ႐ြတ္လိုက္တဲ့ ငသစ္ေၾကာင့္ ကြၽန္ေတာ္ ျပဳံးလိုက္ၿပီး သူ႕ပါးေလးကို နမ္းခဲ့မိသည္။

"ဒီတစ္ခါေတာ့ ေမေမပဲေနမွာပါ။ စိတ္ေလွ်ာ့လိုက္ပါေတာ့။"

ငသစ္ကို ထားခဲ့ၿပီး ကြၽန္ေတာ္ တံခါးဖြင့္ေပးခဲ့ရျပန္သည္။ အျပင္ဘက္မွာ ရပ္ေစာင့္ေနရတဲ့ ေမေမက ကြၽန္ေတာ့္ကို ထူးဆန္းေနသလို ၾကည့္ၿပီး ေျပာလိုက္ေလသည္။

"တံခါးႀကီးက ဘာလို႔ ပိတ္ထားတာလဲ!?"

"သားတို႔ အေပၚထပ္မွာ အနားယူလို႔ပါ။"

"သားတို႔ဆိုေတာ့ သစ္သစ္က ျပန္ေရာက္ေနလို႔လား!?"

"ဟုတ္တယ္...ေမေမ။ သူ ဒီေန႔ အေစာႀကီးပဲ ျပန္ေရာက္ေနတာ။"

ေမေမက ဘာမွထပ္မေမးေတာ့ဘဲ အိမ္ထဲသို႔ ဝင္လာခဲ့ေလသည္။

"ဟယ္...ဒါေတြက ဘာေတြလဲ!?"

ၾကမ္းျပင္ေပၚမွာ ေပေနတဲ့ ႐ႊံ႕ေတြကို ျမင္ၿပီး ေမေမက ေရ႐ြတ္လိုက္တာမို႔ ကြၽန္ေတာ္ ေျဖေပးခဲ့ရျပန္သည္။

"သစ္သစ္က တစ္ကိုယ္လုံး ႐ႊံ႕ေတြေပလာလို႔ အိမ္ထဲမွာ ေပကုန္တာ။ သန္႔႐ွင္းေရးျပန္လုပ္ရမွာကို သား ေမ့သြားလို႔ပါ။"

"ဟိုေဆးေသတၱာကေရာ ဘာလို႔ အိမ္ေ႐ွ႕မွာ ေရာက္ေနတာလဲ!?"

"သူ႕ေျခေထာက္ေပၚ သစ္သားေခ်ာင္း ျပဳတ္က်လို႔ သား ေဆးထည့္ေပးထားတာ။"

"ဒဏ္ရာက ေတာ္ေတာ္မ်ားလား!?"

"နည္းနည္းပါပဲ။"

ေမေမ့ေျခလွမ္းေတြက မီးဖိုေခ်ာင္႐ွိရာဆီသို႔ ဦးတည္သြားၿပီး ၾကမ္းျပင္ေပၚမွာ ျပဳတ္က်ခဲ့တဲ့ သစ္သားေခ်ာင္းကို ေတြ႕သြားေလသည္။

"ဒီသစ္သားေခ်ာင္းက အိမ္ေ႐ွ႕နားက အပင္ကို ေထာက္တဲ့ဟာမလား!? ဘယ္လိုျဖစ္ၿပီး ဒီကို ေရာက္ေနတာလဲ!?"

"သား ခဏယူလာခဲ့တာ။"

"သစ္သစ္ေျခေထာက္ေပၚကို ျပဳတ္က်တာ ဒီသစ္သားေခ်ာင္းလား!?"

"သူက ေရခ်ိဳးခန္းထဲက ထြက္လာၿပီး သားနဲ႔ ဝင္တိုက္မိသြားတာ။ အဲ့သစ္သားေခ်ာင္းကလည္း လက္က လြတ္က်သြားၿပီး သူ႕အေပၚ က်သြားတာ။"

"ဪ...သနားပါတယ္။ ကဲ...ကဲ...႐ႊံ႕ေတြကို သန္႔႐ွင္းေရးလုပ္လိုက္ဦး။"

"ဟုတ္ကဲ့။"

ငသစ္က အေပၚကေန လုံးဝဆင္းမလာတာမို႔ သန္႔႐ွင္းေရးကို ကြၽန္ေတာ္ပဲ လုပ္လိုက္ရေလသည္။ ကြၽန္ေတာ္ အေပၚထပ္ကို ျပန္ေရာက္ခ်ိန္မွာ ငသစ္က ေအးေအးေဆးေဆးပဲ ဖုန္းထိုင္သုံးေနခဲ့သည္။

"မင္းကေတာ့ သာယာေနတာပဲ။ ငါ့မွာေတာ့ သန္႔႐ွင္းေရးေတြ လိုက္လုပ္ေနရတာ။"

"ဒယ္ဒီက ကြၽန္ေတာ့္ကို ထားခဲ့တာကိုလည္း စဥ္းစားၾကည့္ဦးေလ။ လူက ဘယ္လိုပုံစံမ်ိဳးနဲ႔ က်န္ေနခဲ့ရမလဲဆိုတာကို မေတြးၾကည့္ဘူးလား!?"

"မင္းက ဘာျဖစ္ေနလို႔လဲ!?"

"သိခ်င္ရင္ ဒီနားကို လာခဲ့ေလ။"

ငသစ္အနားကို ကပ္ရျခင္းက က်ားပါးစပ္ထဲ ေျပးဝင္ရသလို ျဖစ္ေနမွာမို႔ သူ႕ဆီမသြားဘဲနဲ႔ ေရခ်ိဳးခန္းသို႔ ဦးတည္လိုက္မိသည္။

"ဘယ္ကို ထြက္ေျပးဦးမလို႔လဲ!?"

ကြၽန္ေတာ့္ပခုံးကို အေနာက္ကေန လွမ္းကိုင္လိုက္တဲ့ ငသစ္ေၾကာင့္ ေျခလွမ္းေတြက တုံ႔ဆိုင္းသြားခဲ့ေလသည္။

"သန္႔႐ွင္းေရးလုပ္ထားရလို႔ ငါ့တစ္ကိုယ္လုံး ညစ္ပတ္ေနၿပီေလ။ ေရသြားခ်ိဳးမွ ျဖစ္မွာ။"

"ၿပီးမွ ခ်ိဳးပါလား!? ကြၽန္ေတာ္တို႔ကိစၥေလးကို ဆက္ၾကရေအာင္။"

ငသစ္ဘက္ကို ကြၽန္ေတာ္ အံ့အားသင့္စြာျဖင့္ လွည့္ၾကည့္လိုက္မိေတာ့သည္။

"ေဟ့ေကာင္...ေမေမ႐ွိတယ္ေလ။"

"ဖြားဖြားက ေအာက္ထပ္မွာပဲဟာ။ မၾကားရပါဘူး။"

"အေပၚထပ္နဲ႔ ေအာက္ထပ္က ၾကားရတယ္ကြ။ အႏၲရာယ္မ်ားတယ္။ မစြန္႔စားခ်င္စမ္းပါနဲ႔။"

"ဘာသံမွ မၾကားေစရပါဘူးဆို။"

ငသစ္က လိုခ်င္တာမရမခ်င္း ကြၽန္ေတာ့္ကို ျပႆနာ႐ွာေနမယ့္သူမ်ိဳးပင္။ ေ႐ြးခ်ယ္စရာကလည္း မ႐ွိေတာ့ၿပီမို႔ ထပ္ၿပီးလိုက္ေလ်ာခဲ့ရျပန္သည္။

"ဘာသံမွ မၾကားရတာ ေသခ်ာတယ္ေနာ္။"

"ေသခ်ာတယ္။"

ယုန္သူငယ္ေလးလို လိမၼာျပေနတဲ့ ငသစ္က မၾကာခင္မွာ ခက္ထန္တဲ့သတၱဝါတစ္ေကာင္ ျဖစ္သြားမွာကို ႀကိဳသိေနေပမယ့္ လက္ခံေပး႐ုံသာ ႐ွိေလေတာ့သည္။

"ေဒါက္...ေဒါက္...ေဒါက္..."

တတိယအႀကိမ္ေျမာက္ ငသစ္ရဲ႕စိတ္ပ်က္မႈကို ကြၽန္ေတာ္ ျမင္ေတြ႕လိုက္ရျပန္သည္။

"လုပ္ျပန္ၿပီကြာ။"

ကြၽန္ေတာ္လည္း ေမေမ့ကို တံခါးအျမန္ဖြင့္ေပးၿပီး ေမးလိုက္ရေလသည္။

"ေမေမ ဘာျဖစ္လို႔လဲဟင္!?"

"ဒီေန႔ည ေမေမနဲ႔အတူလာအိပ္ေပးပါေနာ္။"

"ဘာလို႔လဲ!?"

"ေဗဒင္ဆရာက မွာထားတယ္။ အဂၤါေန႔ညမွာ ၾကာသပေတးသားကို နံေဘးမွာထားၿပီး အိပ္ေပးပါတဲ့။ လာဘ္႐ႊင္ေစတယ္လို႔ ေျပာတယ္။ အဲဒါေၾကာင့္ ဒီတစ္ညေတာ့ ေမေမနဲ႔ အတူလာအိပ္ေပးပါေနာ္။"

"ဟုတ္ကဲ့...ေမေမ။"

"ေရျမန္ျမန္ခ်ိဳးလိုက္ေနာ္။ ၿပီးရင္ ညစာစားဖို႔ ဆင္းလာခဲ့။ ေမေမ ေစာင့္ေနမယ္။"

"ဟုတ္ကဲ့။"

"သစ္သစ္ေလး...ေျခေထာက္က သက္သာရဲ႕လား!?"

"ဟုတ္..."

သံ႐ွည္ဆြဲၿပီး ေျပာလိုက္တဲ့ ငသစ္ရဲ႕မ်က္ႏွာမွာ စိတ္ပ်က္မႈေတြက ထင္႐ွားစြာ႐ွိေနခဲ့ေလသည္။ သူ႕မ်က္ႏွာကိုၾကည့္ၿပီး ရယ္ခ်င္စိတ္က ထိန္းမရႏိုင္ေအာင္ ျဖစ္ေနမိေတာ့သည္။ ေခါင္းအုံးေတြယူၿပီး ကြၽန္ေတာ္ ေအာက္ထပ္ကို ဆင္းခါနီးမွာ ငသစ္ဆီက ေရ႐ြတ္သံတစ္ခုကို ၾကားခဲ့ရသည္။

"ဒီေန႔ ကံမေကာင္းပါလား!"

ထိုေန႔ညက ကြၽန္ေတာ္က ေမေမနဲ႔ သြားအိပ္ေပးခဲ့ရၿပီး ငသစ္ရဲ႕အၾကံအစည္က ပ်က္စီးသြားခဲ့ရ‌ေလသည္။

*မနက္ျဖန္က အဖြားဆုံးၿပီး ရက္လည္ေန႔မို႔ Upတာေလးက ေနာက္က်ပါလိမ့္မယ္႐ွင့္။ Upေတာ့ Upေပးမွာပါေနာ္။

#Śûè

***************

Continue Reading

You'll Also Like

1.4M 175K 76
crush แ€€ แ€€แ€ญแ€ฏแ€šแ€ทแ€บแ€€แ€ญแ€ฏ แ€•แ€ผแ€”แ€บแ€€แ€ผแ€ญแ€ฏแ€€แ€บแ€–แ€ญแ€ฏแ€ทแ€†แ€ญแ€ฏแ€แ€ฌ แ€™แ€–แ€ผแ€…แ€บแ€”แ€ญแ€ฏแ€„แ€บแ€แ€ฒแ€ทแ€€แ€ญแ€…แ€นแ€…แ€€แ€ผแ€ฎแ€ธแ€œแ€ญแ€ฏแ€•แ€ฒ.... แ€กแ€‘แ€ฐแ€ธแ€žแ€–แ€ผแ€„แ€ทแ€บ แ€€แ€ญแ€ฏแ€šแ€บแ€€แ€œแ€Šแ€บแ€ธ แ€šแ€ฑแ€ฌแ€€แ€บแ€ปแ€ฌแ€ธแ€œแ€ฑแ€ธ....แ€žแ€ฐแ€€แ€œแ€Šแ€บแ€ธแ€šแ€ฑแ€ฌแ€€แ€บแ€ปแ€ฌแ€ธแ€œแ€ฑแ€ธ แ€–แ€ผแ€…แ€บแ€”แ€ฑแ€›แ€„แ€บแ€•แ€ฑแ€ซแ€ท.... crush...
10K 622 31
โ€‹แ€”แ€ฑแ€€แ€ผแ€ฌแ€•แ€”แ€บแ€ธโ€‹แ€œแ€ฑแ€ธโ€‹แ€แ€ฝแ€ฑแ€€แ€žแ€ฐแ€”แ€ฒแ€ทแ€แ€ฐแ€œแ€ญแ€ฏแ€ทแ€™แ€ผแ€แ€บโ€‹แ€”แ€ญแ€ฏแ€ธแ€›แ€•แ€ซแ€žแ€Šแ€บโ€‹แ€†แ€ญแ€ฏแ€แ€ฒแ€ทohsehunแ€œแ€ญแ€ฏโ€‹แ€แ€ฑแ€ซแ€บแ€แ€ฒแ€ทโ€‹แ€€แ€ฑแ€ฌแ€„แ€บโ€‹โ€‹แ€œแ€ฑแ€ธแ€แ€…แ€บโ€‹โ€‹แ€šแ€ฑแ€ฌแ€€แ€บโ€‹แ€›แ€šแ€บโ€‹ Oh Sehunโ€‹แ€œแ€ฑแ€ธแ€แ€ปแ€…แ€บโ€‹แ€›แ€แ€ฒแ€ทPack Chanyeolแ€œแ€ญแ€ฏแ€ทโ€‹แ€แ€ฑแ€ซแ€บแ€แ€ฒแ€ทโ€‹แ€”แ€ฑแ€™แ€„แ€บ...
206K 5K 72
แ€แ€ฑแ€ฌแ€„แ€บแ€•แ€ฑแ€ซแ€บแ€žแ€ฌแ€ธแ€”แ€ฒแ€ท แ€™แ€ผแ€ฑแ€•แ€ผแ€”แ€ทแ€บแ€žแ€ฐ แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€œแ€ฑแ€ธแ€•แ€ซแ€›แ€พแ€„แ€บแ€ท
205K 14.6K 49
แ€Ÿแ€ญแ€แ€บ แ€Ÿแ€ญแ€ฏแ€€แ€ฑแ€ฌแ€„แ€บแ€œแ€ฑแ€ธ แ€กแ€แ€ปแ€ญแ€”แ€บแ€…แ€ฑแ€ทแ€•แ€ผแ€ฎ แ€กแ€ญแ€™แ€บแ€…แ€ฌแ€œแ€ฌแ€‘แ€•แ€บแ€แ€ปแ€Šแ€บแ€แ€ฑแ€ฌแ€ท..! - แ€…แ€ฑแ€ฌแ€žแ€ญแ€ฏแ€€แ€บแ€แ€ฑแ€แ€บ แ€™แ€ฑแ€ฌแ€บโ€‹แ€€แ€ผแ€ฎแ€ธแ€†แ€ญแ€ฏแ€แ€ฒแ€ทแ€กแ€€แ€ฑแ€ฌแ€„แ€บ แ€œแ€™แ€บแ€ธแ€™แ€พแ€ฌ แ€แ€ฝแ€ฑแ€ธแ€แ€ปแ€ฎแ€ธแ€แ€€แ€บแ€”แ€„แ€บแ€ธแ€•แ€ผแ€ฎแ€ธ แ€แ€ปแ€ฑแ€ฌ...