แ€›แ€พแ€ฌแ€ธแ€›แ€พแ€ฌแ€ธแ€•แ€ซแ€ธแ€•แ€ซแ€ธ...

By Sue_Khat_Wai

1.1M 134K 15.6K

๐‘ฉ๐‘ณ(๐‘ช๐’๐’Ž๐’‘๐’๐’†๐’•๐’†๐’…) แ€กแ€›แ€™แ€บแ€ธแ€œแ€Šแ€บแ€œแ€ฝแ€”แ€บแ€ธแ€แ€ฒแ€ท แ€žแ€…แ€บแ€žแ€…แ€บแ€”แ€ฒแ€ท แ€•แ€ญแ€”แ€บแ€ธแ€ฅแ€–แ€ผแ€ฐแ€’แ€šแ€บแ€’แ€ฎแ€แ€ญแ€ฏแ€ทแ€›แ€ฒแ€ทแ€กแ€แ€ปแ€…แ€บแ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€œแ€ฑแ€ธ... แ€กแ€›แ€™แ€นแ€ธแ€œแ€Šแ€นแ€œแ€ผแ€”แ€นแ€ธแ€แ€ฒแ€ท... More

๐ŸŒน1๐ŸŒน
๐ŸŒน2๐ŸŒน
๐ŸŒน3๐ŸŒน
๐ŸŒน4๐ŸŒน
๐ŸŒน5๐ŸŒน
๐ŸŒน6๐ŸŒน
๐ŸŒน7๐ŸŒน
๐ŸŒน8๐ŸŒน
๐ŸŒน9๐ŸŒน
๐ŸŒน10๐ŸŒน
๐ŸŒน11๐ŸŒน
แ€กแ€แ€”แ€บแ€ธ แแ‚ (Chapter 12)
แ€กแ€แ€”แ€บแ€ธ แแƒ (Chapter 13)
แ€กแ€แ€”แ€บแ€ธ แแ„ (Chapter 14)
แ€กแ€แ€”แ€บแ€ธ แแ… (Chapter 15)
แ€กแ€แ€”แ€บแ€ธ แแ† (Chapter 16)
แ€กแ€แ€”แ€บแ€ธ แแ‡ (Chapter 17)
แ€กแ€แ€”แ€บแ€ธ แแˆ (Chapter 18)
แ€กแ€แ€”แ€บแ€ธ แแ‰ (Chapter 19)
แ€กแ€แ€”แ€บแ€ธ แ‚แ€ (Chapter 20)
แ€กแ€แ€”แ€บแ€ธ แ‚แ (Chapter 21)
แ€กแ€แ€”แ€บแ€ธ แ‚แ‚ (Chapter 22)
แ€กแ€แ€”แ€บแ€ธ แ‚แƒ (Chapter 23)
แ€กแ€แ€”แ€บแ€ธ แ‚แ„ (Chapter 24)
แ€กแ€แ€”แ€บแ€ธ แ‚แ… (Chapter 25)
แ€กแ€แ€”แ€บแ€ธ แ‚แ† (Chapter 26)
แ€กแ€แ€”แ€บแ€ธ แ‚แ‡ (Chapter 27)
แ€กแ€แ€”แ€บแ€ธ แ‚แˆ (Chapter 28)
แ€กแ€แ€”แ€บแ€ธ แ‚แ‰ (Chapter 29)
แ€กแ€แ€”แ€บแ€ธ แƒแ€ (Chapter 30)
แ€กแ€แ€”แ€บแ€ธ แƒแ (Chapter 31)
แ€กแ€แ€”แ€บแ€ธ แƒแ‚ (Chapter 32)
แ€กแ€แ€”แ€บแ€ธ แƒแƒ (Chapter 33)
แ€กแ€แ€”แ€บแ€ธ แƒแ… (Chapter 35)
แ€กแ€แ€”แ€บแ€ธ แƒแ† (Chapter 36)
แ€กแ€แ€”แ€บแ€ธ แƒแ‡ (Chapter 37)
แ€กแ€แ€”แ€บแ€ธ แƒแˆ (Chapter 38)
แ€กแ€แ€”แ€บแ€ธ แƒแ‰ (Chapter 39)
แ€กแ€แ€”แ€บแ€ธ แ„แ€ (Chapter 40)
แ€กแ€แ€”แ€บแ€ธ แ„แ (Chapter 41)
แ€กแ€แ€”แ€บแ€ธ แ„แ‚ (Chapter 42)
แ€กแ€แ€”แ€บแ€ธ แ„แƒ (Chapter 43)
แ€กแ€แ€”แ€บแ€ธ แ„แ„ (Chapter 44)
แ€กแ€แ€”แ€บแ€ธ แ„แ… (Chapter 45)
แ€กแ€แ€”แ€บแ€ธ แ„แ† (Chapter 46)
แ€กแ€แ€”แ€บแ€ธ แ„แ‡ (Chapter 47)
แ€กแ€แ€”แ€บแ€ธ แ„แˆ (Chapter 48)
แ€กแ€แ€”แ€บแ€ธ แ„แ‰ (Chapter 49)
แ€กแ€แ€”แ€บแ€ธ แ…แ€ (Chapter 50)
แ€กแ€แ€”แ€บแ€ธ แ…แ (Chapter 51)
แ€กแ€แ€”แ€บแ€ธ แ…แ‚ (Chapter 52)
แ€กแ€แ€”แ€บแ€ธ แ…แƒ (Chapter 53)
แ€กแ€แ€”แ€บแ€ธ แ…แ„ (Chapter 54)
แ€กแ€แ€”แ€บแ€ธ แ…แ… (Chapter 55)
แ€กแ€แ€”แ€บแ€ธ แ…แ† (Chapter 56)
แ€กแ€แ€”แ€บแ€ธ แ…แ‡ (Chapter 57)
แ€กแ€แ€”แ€บแ€ธ แ…แˆ (Chapter 58)
แ€กแ€แ€”แ€บแ€ธ แ…แ‰ (Chapter 59)
แ€กแ€แ€”แ€บแ€ธ แ†แ€ (Chapter 60)
แ€กแ€แ€”แ€บแ€ธ แ†แ (Chapter 61)
แ€กแ€แ€”แ€บแ€ธ แ†แ‚ (Chapter 62)
แ€กแ€แ€”แ€บแ€ธ แ†แƒ (Chapter 63)
แ€กแ€แ€”แ€บแ€ธ แ†แ„ (Chapter 64)
แ€กแ€แ€”แ€บแ€ธ แ†แ… (Chapter 65)
แ€กแ€แ€”แ€บแ€ธ แ†แ† (Chapter 66)
แ€กแ€แ€”แ€บแ€ธ แ†แ‡ (Chapter 67)
แ€กแ€แ€”แ€บแ€ธ แ†แˆ (Chapter 68)
แ€กแ€แ€”แ€บแ€ธ แ†แ‰ (Chapter 69)
แ€กแ€แ€”แ€บแ€ธ แ‡แ€ (Chapter 70)
แ€กแ€แ€”แ€บแ€ธ แ‡แ (Chapter 71)
แ€กแ€แ€”แ€บแ€ธ แ‡แ‚ (Chapter 72)
แ€กแ€แ€”แ€บแ€ธ แ‡แƒ (Chapter 73)
แ€กแ€แ€”แ€บแ€ธ แ‡แ„ (Chapter 74)
แ€กแ€แ€”แ€บแ€ธ แ‡แ… (Chapter 75)
Extra 1๐ŸŒน๐ŸŒน๐ŸŒน
Extra 2๐ŸŒน๐ŸŒน๐ŸŒน
Extra 3๐ŸŒน๐ŸŒน๐ŸŒน
Extra 4๐ŸŒน๐ŸŒน๐ŸŒน
Extra 5๐ŸŒน๐ŸŒน๐ŸŒน
โ—Attention โ—

แ€กแ€แ€”แ€บแ€ธ แƒแ„ (Chapter 34)

13.9K 1.8K 273
By Sue_Khat_Wai

(Unicode Version)


မနေ့ညက ဗီဒီယိုကြောင့် တစ်ညလုံးအိပ်မရဘဲ မိုးလင်းသွားခဲ့တာမို့ ကျွန်တော့်မျက်ကွင်းတွေက အနက်နုရောင် ထ,နေခဲ့လေသည်။

"ဟဲ့...သား...မျက်ကွင်းတွေလည်း ညိုလို့ပါလား!? ဘာဖြစ်တာလဲ!?"

မေမေ့ရဲ့မေးခွန်းကို ကျွန်တော် စိတ်မပါစွာနဲ့ ပြန်ဖြေလိုက်မိသည်။

"ညက အိပ်မပျော်လို့ပါ...မေမေ။"

"နေလို့ရော ကောင်းရဲ့လား!?"

မေးရင်းနဲ့ ကျွန်တော့်နဖူးကို စမ်းကြည့်လိုက်တဲ့ ငသစ်ကြောင့် သူ့လက်ကို အမြန်ပုတ်ချလိုက်မိတော့သည်။

"ဘာ...ဘာလုပ်တာလဲ!?"

ခါးခါးသီးသီး ဖြစ်နေတဲ့ ကျွန်တော့်ကို ကြည့်ပြီး ငသစ်က အံ့အားသင့်သွားသလိုပင်။

"ဒယ်ဒီ...ဘာဖြစ်နေတာလဲ!?"

"ဟုတ်သားပဲ...သားရယ်။ သစ်သစ်က သားကို စိတ်ပူလို့ မေးနေတာလေ။"

မေမေနဲ့ ငသစ်ကို ကျွန်တော် ဘာမှပြန်မဖြေဘဲ အိမ်ရှေ့ခန်းသို့ ထွက်လာခဲ့လေသည်။ 'ဒီခေါင်းထဲက အဲဒါကြီးကို ဘယ်လိုထုတ်ပစ်ရမလဲ!? သူများတွေသာ ငါ့အတွေးကို သိသွားရင် နှာဘူးကောင်လို့ ဝိုင်းပြောကုန်ကြတော့မှာပဲ။' စိတ်ထဲမှာ ကယောင်ချောက်ချားဖြစ်နေရင်းနဲ့ သတင်းစာကို ဖတ်ကြည့်ခဲ့မိသည်။ တွေ့လိုက်ရတဲ့သတင်းက လိင်တူအမျိုးသားနှစ်ဦးရဲ့လက်ထပ်ခြင်းအကြောင်း ဖြစ်နေခဲ့လေသည်။

"ဘာလို့ ဒါကြီးကို လာတွေ့နေရတာလဲ!?"

ကျွန်တော် ရေရွတ်ရင်းနဲ့ သတင်းစာကို ပြန်ချထားလိုက်ရတော့သည်။

"ဒယ်ဒီ..."

ငသစ်ရဲ့ခေါ်သံကြောင့် စောစောက ချထားခဲ့တဲ့ သတင်းစာကို ပြန်ကောက်ယူလိုက်ပြီး စာဖတ်နေသလို ဟန်ဆောင်ခဲ့ရပြန်သည်။

"ဘာလဲ!?"

"သတင်းစာက ပြောင်းပြန်ကြီး ဖြစ်နေတယ်လေ။"

ငသစ်ရဲ့စကားကြောင့် ကျွန်တော် သတိထားပြီး ကြည့်လိုက်မိသည်။ ကျွန်တော်ကိုင်ထားမိတာက တကယ့်ကို ပြောင်းပြန်ကြီးပင်။ သူ့ရှေ့မှာ ခပ်တည်တည်နေဖို့ ကြံစည်ထားခဲ့ပေမယ့် တမင်မျက်နှာပြောင်သလို ဖြစ်သွားခဲ့ရလေပြီ။ ဒါပေမဲ့လည်း ရုပ်ကို ဆက်တည်နေရင်း သတင်းစာကို ဘေးသို့ ပြန်ချထားပြီး မေးလိုက်မိတော့သည်။

"ဘာလဲ!? ဘာဖြစ်လို့ လိုက်ရှုပ်နေတာလဲ!?"

"ကျွန်တော့်ကို စိတ်ဆိုးနေတာလား!?"

"မဆိုးပါဘူး။"

"ဒါဆို ဘာလို့ ကျွန်တော့်မျက်နှာကို မကြည့်တာလဲ!?"

'ဒီအချိန်မှာ မင်းမျက်နှာကို ကြည့်ရင် ဟိုဟာတွေက ပြန်ပေါ်လာမှာပေါ့' ထိုစကားတွေကို ကျွန်တော် စိတ်ထဲကနေ ပြောလိုက်မိသည်။

"ငါ စိတ်ရှုပ်နေလို့ ဒီနေ့တစ်ရက်တော့ လွှတ်ထားပေးစမ်းပါ။ ဘာဖြစ်လဲဆိုတာကိုလည်း အပ်ကြောင်းထပ်အောင် မမေးပါနဲ့။"

မနေ့က ညနေအထိ အကောင်းအတိုင်းရှိနေခဲ့သူက အခုတော့ ရူး‌သွပ်နေသူလို ဖြစ်နေတာမို့ ငသစ်ရဲ့စိတ်ထဲမှာ ထူးဆန်းနေမှာ သေချာလေသည်။ ဒါတွေအားလုံးက 'ဝသန်' ဆိုတဲ့ အကောင်ကြောင့်ပဲ။ သူ လုပ်လို့ သာယာနေတဲ့ ကျွန်တော့်ဘဝက အခုလိုမျိုး မှောင်မိုက်တဲ့ အတွေးတွေ ဝင်လာခဲ့ရခြင်းပင်။ ဒါပေမဲ့ ငသစ်က ကျွန်တော့်တောင်းဆိုချက်အတိုင်း ပြုလုပ်ပေးပြီး ဘာမှလည်း မမေးတော့သလို အနားကိုလည်း ရောက်ရှိမလာတော့ပေ။

သင်တန်းခန်းမတွင်-

သင်တန်းကို ရောက်ပြီး 'ဝသန်'နဲ့ တွေ့ချိန်မှာ သတ်ပစ်ချင်စိတ်တွေကို မနည်းထိန်းထားခဲ့ရလေသည်။

"ဘာလို့ ငါ့ကို အဲဒါကြီး ပို့လိုက်တာလဲ!?"

"မင်းပဲ သိချင်တယ်ဆိုလို့လေ။ သိအောင်လို့ ပို့ပေးလိုက်တာပေါ့။ ဘယ်လိုလဲ!? ကြည့်လို့ ကောင်းရဲ့လား!?"

"ဘာကို ကြည့်လို့ကောင်းရမှာလဲ!? အဲဒါမြင်ပြီး ကိုယ့်စိတ်ကိုယ် မလုံသလိုမျိုး ဖြစ်နေလို့ ငသစ်ကိုတောင် အနားကပ်မခံရဘူး။"

"စိတ်ကူးတွေ ယဉ်နေမိတယ်ဆိုပါတော့။"

"လူသတ်နေသလို ဖြစ်နေတာကြီးကို ဘာလို့ စိတ်ကူးယဉ်ကြည့်ရမှာလဲ!?"

"လက်တွေ့ကြုံရင်တော့ ကောင်းမှန်းသိသွားမှာပါ။ ဒါနဲ့ မင်းက အထက်က ဖြစ်မလား... အောက်က ဖြစ်မလားတော့ မကျိန်းသေဘူးနော်။"

"ဘာလဲ!? အထက်တွေ အောက်တွေက!?"

"မနေ့က မမြင်လိုက်ဘူးလား!? အထက်မှာရှိနေတဲ့သူက ဘယ်လိုမျိုးလဲဆိုတာကို။"

'ဝသန်'ရဲ့အမေးကြောင့် ထိုမြင်ကွင်းကို ပြန်မြင်ယောင်ကြည့်လိုက်မိသည်။ ထိုလူနှစ်ဦးမှာ အောက်ကလူကိုသာ သနားမိလေသည်။

"ဘယ်တော့မှ အောက်ကလူ မဖြစ်စေနဲ့။"

'ဝသန်'ဆီက သတိပေးစကားကို ကျွန်တော် သေချာမှတ်ထားလိုက်ပြီး စိတ်ထဲ မရှင်းတဲ့ ကိစ္စတစ်ခုကို မေးလိုက်မိသည်။

"မင်း ငါ့ကို မနေ့က ပြောတယ်လေ။ ငသစ်က ငါ့ကို သဘောကျနေတယ်ဆိုတာ။ အဲဒါကို သေချာသိရအောင် ငါ ဘယ်လိုစမ်းသပ်ရမလဲ!?"

"အဲဒါများ လွယ်လွယ်လေး။ မင်းရဲ့ပါးကို ငါ တစ်ချက်လောက် နမ်းလိုက်ရုံနဲ့ ကိစ္စပြတ်ပြီပဲ။"

"ဘာဆိုင်လို့လဲ!?"

"ဆိုင်တာပေါ့။ အဲ့လိုလုပ်လိုက်ရင် ဟိုကောင်က ငါ့ကို လာသတ်မှာလေ။ အဲ့အခါကျ မင်းလည်း အဖြေသိရပြီး ငါလည်း သေပြီးတော့ ကိစ္စပြတ်သွားပြီ။"

ထိုစကားကြောင့် ကျွန်တော် တွေးကြည့်ပြီး ပြုံးလိုက်မိတော့သည်။

"အဖြေက အခုတောင် ပေါ်နေပြီပဲ။"

"ဘာလို့လဲ!?"

"မင်းဆီကို အဲ့ကောင် လာနေပြီ။"

ထိုခဏမှာပင် ကျွန်တော့်အနောက်က တံခါးဖွင့်သံကို ကြားလိုက်ရလေသည်။

"ဒယ်ဒီ!!!"

ခေါ်သံကြောင့် ကျွန်တော် လှည့်ကြည့်မိချိန်မှာ ငသစ်ရဲ့ဒေါသမျက်ဝန်းတွေနဲ့ ရင်ဆိုင်ခဲ့ရလေသည်။

"ဘာကိစ္စရှိလို့လဲ!?"

"ကျွန်တော်နဲ့ အပြင်ကို ခဏလောက် လိုက်ခဲ့ပါ။ ပြောစရာရှိတယ်။"

ဘာကြောင့်ဆိုတာကို ကျွန်တော် ရိပ်မိသွားခဲ့တော့သည်။ 'ဝသန်'ကို ပြုံးမပြဖို့ မှာထားတဲ့ သူ့စကားကို ကျွန်တော် လွန်ဆန်မိသလို ဖြစ်သွားခဲ့လေပြီ။ ဒါတွေအားလုံးက ကျွန်တော့်ကို သဘောကျလို့ သူ လုပ်နေတာတွေလား!?

"ဒယ်ဒီ...ကျွန်တော် ခေါ်နေတယ်လေ။"

အခြေအနေကို ထပ်စမ်းသပ်ကြည့်ချင်စိတ်နဲ့ သူ့ကို ပထမဆုံးအကြိမ် ကျွန်တော် ငြင်းဆန်လိုက်တော့သည်။

"ငါ စာသင်နေတယ်လေ။ ပြောစရာရှိရင် ပြီးမှ ပြောလို့ရတာပဲ။"

"အခုချက်ချင်း မထရင် ကျွန်တော့်ကို အဆိုးမဆိုနဲ့နော်။"

ငသစ်ရဲ့စိတ်ကို ဒီထက်ပိုပြီး စမ်းသပ်ကြည့်ရင် အန္တရာယ်ရှိလာနိုင်ပေသည်။ ထိုကြောင့် ကျွန်တော် လိုက်သွားဖို့ ပြင်ခဲ့ရလေသည်။

"ငါ သူနဲ့ ခဏလိုက်သွားဦးမယ်။ စာသေချာရေးထားဦးနော်။"

"မြန်မြန်ပြန်လာခဲ့နော်...ကိုကို..."

'ဝသန်'က မီးပုံထဲသို့ ‌ဆီလောင်းထည့်ပေးပြီး ကျန်နေခဲ့ချိန်မှာ ကျွန်တော်ကတော့ ငသစ်ရဲ့‌ ဆွဲခေါ်ရာနောက်ကို လိုက်ပါခဲ့ရတော့သည်။ ကျွန်တော်တို့ အဝတ်လဲခန်းထဲကို ရောက်ရှိခဲ့ပြီး ငသစ်က တံခါးကို အမြန်ပိတ်လိုက်လေသည်။

"သူ့ကို မရောနဲ့လို့ ပြောထားတယ်လေ။ ဘာလို့ သွားပတ်သက်ပြီး ရယ်မောနေတာလဲ!?"

"ငါက စာသင်နေတာ‌လေ။ မျက်နှာကြီး ရှုံ့မဲ့ပြီး သင်နေလို့ ဘယ်ရပါ့မလဲ!?"

"အဲဒါနဲ့ပဲ ဟီးဟီးဟားဟား လုပ်ပြနေရတယ်ပေါ့။ အခေါ်အဝေါ်ကတောင် ညင်သာနေကြတာ။ ဘာတဲ့...ကိုကိုဆိုတာလား!? သူ့အသံနဲ့ ရွံစရာကောင်းလိုက်တာ။"

ငသစ်ရဲ့ပုံစံကို ကြည့်ပြီး ကျွန်တော် ရယ်ချင်စိတ်ကို မနည်းထိန်းထားရလေသည်။

"သူ့ဘာသာသူ ငါ့ကို လေးစားသမှုနဲ့ ခေါ်တာလေ။ မခေါ်ပါနဲ့လို့ သွားတားလို့မှ မရတာ။"

"ဒယ်ဒီ...မနေ့ညကတည်းက ဘာဖြစ်နေတာလဲ!? ကျွန်တော့်ကို အနားအကပ်မခံဘဲနဲ့ သူ့ကိုကျတော့ ရယ်မောပြနေတာ။ အသစ်တွေ့လို့ အဟောင်းမေ့နေတာလား!? အဲ့လိုအခေါ်ခံရတာကို ကြည်နူးနေတာလား!?"

"အဲ့လိုခေါ်သံလေးကြားရတော့ မဆိုးပါဘူး။ နူးနူးညံ့ညံ့လေးနဲ့ ရင်ထဲအေးသွားသလိုပဲ။"

"ဒယ်ဒီက လုံးဝအကျင့်မကောင်းဘူး။"

ငသစ်က ငိုတော့မလို ဖြစ်သွားတာမို့ စိတ်ထဲ မကောင်းပေမယ့်လည်း စနောက်ချင်စိတ်က တားဆီးလို့ မရနိုင်ခဲ့ပေ။

"မင်းလည်း ငါ့ကို အဲ့လိုမျိုးခေါ်ကြည့်လေ။ ငါ ကျေနပ်ရင် ကျေနပ်သွားမှာပေါ့။"

ငသစ်‌ဆီက ဒီလိုနူးနူးညံ့ညံ့အသံမျိုး ကြားရဖို့ဆိုတာ မဖြစ်နိုင်မှန်း သိပြီးသားပင်။ သူ့ကို စိတ်ပျက်နေသလို ပုံစံမျိုးနဲ့ လှမ်းကြည့်ရင်း ကျွန်တော် ထွက်သွားဖို့ ပြင်လိုက်မိသည်။

"ကိုကို..."

'ဘုရားရေ... ဒါ ငသစ်ဆီက အသံတဲ့လား!?' မွေးလာကတည်းက ခုချိန်ထိ ဒယ်ဒီလို့ပဲ ခေါ်လာခဲ့တဲ့သူက ကျွန်တော့်ကို ကိုကိုလို့ ပထမဆုံးအကြိမ်အဖြစ် ခေါ်ခဲ့လေသည်။ ငသစ်ရဲ့အနားကို ကျွန်တော် ချဉ်းကပ်သွားပြီး ပြုံးပြလိုက်မိသည်။

"ဒီလိုဆိုတော့လည်း လိမ္မာသားပဲ။"

ပြောရင်းနဲ့ ခေါင်းကို ပုတ်ပေးလိုက်တဲ့ ကျွန်တော့်ကို ငသစ်က နံရံနဲ့ ထိကပ်ထားလိုက်ပြီး ပြောခဲ့လေသည်။

"စောစောက သူ့ကို ပြုံးပြခဲ့လို့ ပြစ်ဒဏ်ပေးရဦးမယ်။"

ငသစ်ပေးမယ့် ပြစ်ဒဏ်ကို ကျွန်တော် သိနေတာမို့ အမြန်ရှောင်ထွက်ဖို့ ကြိုးစားလိုက်ရတော့သည်။ အခုချိန်မှာ သူနဲ့ နီးနီးကပ်ကပ်နေရင် ကျွန်တော့်စိတ်တွေက ကမောက်ကမ ဖြစ်သွားနိုင်ပေသည်။

"ပြစ်ဒဏ်ကို နောက်မှပဲ ပေးပါ။ အခု ငါ နေရတာ အဆင်‌မပြေသေးလို့။"

"လျှောက်ပြောမနေနဲ့။"

"တကယ်ပြောတာ...ငါ ရင်ပြည့်နေသလိုကြီး ဖြစ်နေတာ။"

ကျွန်တော် ပြောတာကို ငသစ်က ယုံသွားပြီး လက်လျှော့ပေးခဲ့လေသည်။

"လေဆေးသောက်မလား!? ဆရာမဆီကနေ ယူလာခဲ့ပေးမယ်လေ။"

"နေပါစေ။ အဲ့လောက်တော့ မဟုတ်ပါဘူး။"

"သောက်ထားလိုက်ပါ။ နည်းနည်းသက်သာသွားတာပေါ့။"

ငသစ်ရဲ့ဂရုစိုက်မှုတွေကြောင့် 'ဝသန်'ပြောခဲ့တဲ့ကိစ္စကို ကျွန်တော် သံသယဝင်နေမိသည်။ ငသစ်က တကယ်ပဲ ကျွန်တော့်ကို ကြိုက်နေတာလား!? စိတ်ထဲမှာ မတင်မကျဖြစ်နေမယ့်အစား ထုတ်မေးလိုက်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တော့သည်။

"ငသစ်...ငါ မင်းကို မေးစရာရှိတယ်။"

"ဘာကိစ္စမို့လို့လဲ!? မေးလေ။"

"မင်းဆီမှာ လောလောဆယ် သဘောကျနေတဲ့သူရှိလား!?"

"သဘောကျနေတဲ့သူလား!? မရှိဘူးလေ။"

မျှော်လင့်ထားသမျှက သဲထဲရေသွန်ဖြစ်သွားခဲ့ရလေပြီ။ မဖြစ်နိုင်မှန်းသိခဲ့ပေမယ့် စိတ်ထဲမှာတော့ နာကျင်မိတာ အမှန်ပင်။

"ဒါပေမဲ့..."

"ဒေါက်...ဒေါက်...ဒေါက်"

တံခါးခေါက်သံကြောင့် ပြောလက်စ,စကားကို ခဏရပ်ထားပြီး ငသစ်က တံခါးသွားဖွင့်ပေးလိုက်ရလေသည်။

"ငါ ပစ္စည်းလေး ဝင်ယူစရာရှိလို့။"

သင်တန်းသားတစ်ဦးရဲ့ တောင်းဆိုမှုကြောင့် ကျွန်တော်တို့နှစ်ဦး စကားဆက်ပြောဖို့ မဖြစ်နိုင်တော့ဘဲ အပြင်သို့ ထွက်လာခဲ့ရသည်။

"ငါ စာသွားသင်တော့မယ်။"

"ကျွန်တော် လေဆေးလာပေးမယ်နော်။"

"နေပါစေ။ ငါ့ဆီ ခဏခဏလာရင် လူတွေက တစ်မျိုးထင်ကုန်လိမ့်မယ်။"

ပြောပြီးပြီးချင်းပဲ ငသစ်ရှေ့ကနေ ကျွန်တော် လှည့်ထွက်လာပြီး 'ဝသန်'ဆီသို့သာ ပြန်လာခဲ့မိသည်။

"ရုပ်က ဘာဖြစ်လာတာလဲ!?"

"သူ့မှာ သဘောကျနေတဲ့သူမရှိဘူးတဲ့။"

"ငါ့အမြင်က ဘယ်လိုမှ မမှားနိုင်ပါဘူး။ မင်းကို လှမ်းကြည့်လိုက်တိုင်း သူ့မျက်လုံးထဲမှာ အရောင်တောက်ပြီး အသည်းပုံတွေ ပေါ်နေတာ ငါ သိတယ်။ သူ မင်းကို သဘောကျနေတာ သေချာပါတယ်။"

"ခေါင်းရှုပ်လာပြီကွာ။ သူ့အကြောင်းကို လာမပြောနဲ့တော့။"

ကျွန်တော့်အော်သံကို ကြားမှ 'ဝသန်' လည်း ကြောက်ပြီး ငြိမ်သက်သွားလေသည်။ ဒီနှစ်ကောင်ကြောင့် လူကလည်း ရူးချင်လာသလိုပင်။ တစ်ယောက်က အနာပေးလိုက်၊ နောက်တစ်ယောက် ဆေးပြန်ပေးလိုက်နဲ့ ခံစားချက်တွေကလည်း နိမ့်လိုက်၊ မြင့်လိုက် ဖြစ်နေခဲ့ရတော့သည်။ ဒါပေမဲ့ နှစ်ယောက်လုံးဆီကနေ ကျွန်တော် သိလိုက်ရတဲ့ အမှန်တရားက သူတို့လိုလူမျိုးကို လုံးဝမယုံကြည်ရန်သာ ဖြစ်လေသည်။

ညနေ (၄)နာရီခန့်တွင်-

"ဒယ်ဒီ...ကျွန်တော်တို့ အိမ်မပြန်သေးဘဲ မုန့်သွားစားကြရအောင်။"

ကျွန်တော့်ပခုံးပေါ် လက်တင်ထားရင်း ငသစ်က မေးလိုက်တော့သည်။

"မစားချင်ဘူး။"

"ကစားကွင်းရော သွားချင်လား!?"

"ကလေးကလားနဲ့ ဘာသွားလုပ်ရမှာလဲ!?"

"ဒါဆို ရုပ်ရှင်သွားကြည့်ကြမလား!?"

"မကြည့်ချင်ဘူး။"

"‌ကမ်းနားသွားပြီး လေညင်းခံရင်ရော!?"

"လူရှုပ်တယ်။ မသွားချင်ဘူး။"

"ကာရာအိုကေဆိုင်ကိုရော သွားချင်လား!?"

"တောက်လျှောက်မေးနေတာ မင်း မမောဘူးလား!?"

"မမောပါဘူး။ ဒယ်ဒီ့ကို ပျော်အောင်လို့ လုပ်ပေးနိုင်မှ ဖြစ်မှာ။"

"ငါကတော့ ပြန်ဖြေရတာ တော်တော်မောနေပြီ။"

"ဒါဆို အအေးသွားသောက်ကြမယ်လေ။"

"မသောက်ဘူး။ ငါ အိမ်ပြန်ပြီး အနားယူချင်တယ်။ ထပ်မနှောင့်ယှက်နဲ့တော့။"

ငသစ်က ကျွန်တော့်ဆန္ဒအတိုင်း အိမ်သို့ ပြန်လိုက်လာခဲ့လေသည်။ မနေ့ညကလည်း အိပ်မပျော်ခဲ့တာမို့ အိမ်သို့ပြန်ရောက်ရောက်ချင်း ကျွန်တော် အနားယူလိုက်မိသည်။

ည (၁၂)နာရီခန့်တွင်-

တစ်ညနေလုံး အိပ်ပစ်လိုက်ပြီးနောက် ညဦးပိုင်းမှ ပြန်နိုးလာချိန်တွင် ကျွန်တော့်ကို ဖက်ထားရင်း ငသစ်က အိပ်ပျော်နေခဲ့လေသည်။ ထမင်းမစားဘဲ အိပ်ပစ်လိုက်တာမို့ ဝမ်းဗိုက်ကလည်း ဆန္ဒပြနေလေတော့သည်။ အတင်းဖက်တွယ်ထားတဲ့ ငသစ်ရဲ့လက်ကို ဖယ်ရှားပြီး မွေ့ယာပေါ်က ကျွန်တော် တိတ်တဆိတ် ဆင်းလာရင်း ခြေလှမ်းတွေကို မီးဖိုချောင်ထဲရှိ ရေခဲသေတ္တာဆီသို့ ဦးတည်လိုက်မိသည်။ ခက်တာက အိမ်မှာ ကလေးအငယ်မရှိတော့ မုန့်တွေ ကြိုဝယ်ထားတာမျိုးလည်း ရှိမနေခဲ့ပေ။ စားစရာမုန့်က လုံးဝမရှိတာမို့ ဆာနေတဲ့ဗိုက်ကို ဖြည့်ဖို့ အအေးတစ်ပုလင်းကို ယူလာပြီး အခန်းသို့ ပြန်လာခဲ့ရသည်။

"ဒယ်ဒီ...ဘယ်သွားတာလဲ!?"

အခန်းထဲကို တိတ်တိတ်လေး ပြန်ဝင်လာချိန်မှာ မေးလိုက်တဲ့ ငသစ်ကြောင့် ကိုင်ထားတဲ့ အအေးပုလင်းက လွတ်ကျလုနီးပါး ဖြစ်သွားလေသည်။

"မင်းက အိပ်နေတာမဟုတ်ဘူးလား!?"

"အိပ်‌ပျော်မလိုဖြစ်နေတုန်း ဒယ်ဒီ နိုးလာတာကို သိလိုက်တာ။ ဘာဖြစ်လို့လဲ!?"

"ဗိုက်ဆာလို့ စားစရာသွားရှာတာ။"

"အအေးပုလင်းက ဘာလို့ ယူလာတာလဲ!?"

"စားစရာမရှိတာနဲ့ ရှိတဲ့ဟာပဲ ယူလာခဲ့ရတာပေါ့။"

"ကျွန်တော် ကြက်ဥကြော်ပေးမယ်လေ။ စားမလား!?"

"ဆူဆူညံညံတွေ လုပ်နေရင် မေမေ နိုးသွားလိမ့်မယ်။ သူက တစ်ရေးနိုးပြီးရင် ပြန်အိပ်ဖို့ ခက်တယ်။ ငါ့ဘာသာငါ အအေးသောက်ပြီး ပြန်အိပ်လိုက်တော့မယ်။"

ပြောနေရင်းက ကျွန်တော် အအေးပုလင်းကို တစ်ကျိုက်တည်း မော့ချလိုက်မိတော့သည်။ ဒါပေမဲ့ ပါးစပ်ထဲ ဝင်လာတဲ့အရသာက ချိုမနေဘဲ ရှတတ,ဖြစ်နေသလိုပင်။ လည်ပင်းထဲမှာလည်း ပူနေပြီး ခါးသက်သက် ဖြစ်နေလေသည်။

"ဒီအအေးက ချိုလည်း မချိုဘူး။ ဂတ်စ်များ ပါလို့လား!?"

အရသာက မကောင်းပေမယ့်လည်း ဗိုက်ဆာနေတာမို့ ကျွန်တော် ပုလင်းရဲ့တစ်ဝက်တိတိကို သောက်ချလိုက်မိသည်။

"မကောင်းရင် မသောက်နဲ့တော့လေ။ ဘာလို့ ကြိတ်မှိတ်ပြီး သောက်နေတာလဲ!?"

စကားပြောနေတဲ့ ငသစ်ကို လှမ်းကြည့်လိုက်ပေမယ့် ပုံရိပ်တွေက ဝေဝါးနေပြန်သည်။ သူ ရှိတဲ့ဆီသို့ ဒယိမ်းဒယိုင်နဲ့ လျှောက်သွားရင်း ကျွန်တော် မေးလိုက်မိသည်။

"မင်းက ဘာလို့ နှစ်ထပ်ဖြစ်နေရတာလဲ!?"

"ဟမ်!!! ကျွန်တော်က ဘာလို့ နှစ်ထပ်ဖြစ်နေတာလဲ!?"

"မသိဘူး။ ငါ မင်းကို သေချာလည်း မမြင်ရဘူး။ အေ့..."

ငသစ်က ကျွန်တော့်လက်ထဲမှာ ကိုင်ထားတဲ့ ပုလင်းကို ယူပြီး နမ်းကြည့်လိုက်လေသည်။

"ဟာ...ဒါတွေက အရက်တွေပဲ။ ဒယ်ဒီ မူးနေပြီ ထင်တယ်။"

"မဟုတ်တာတွေ မပြောနဲ့။ ငါက အအေးကိုပဲ ယူလာတာ။ မင်းရဲ့နှာခေါင်းက မကောင်းတော့တာ နေမယ်။"

ကျွန်တော် ငသစ်ရဲ့နှာခေါင်းကို ဆွဲညှစ်ရင်းနဲ့ ပြောလိုက်လေတော့သည်။

"အား... ဟုတ်ပါပြီ။ ကျွန်တော် မှားသွားတာပါ။ ဟုတ်ပြီလား!?"

"အဲ့လို လိမ္မာစမ်းပါ။ ဒါနဲ့ မင်းကို မေးစရာရှိသေးတယ်။"

"ဘာမေးမလို့လဲ!? မေးလေ။"

"မင်းကို ငါက သဘောကျတဲ့သူ ရှိနေပြီလားလို့ မေးခဲ့တယ်လေ။ အဲဒါကို ဘာလို့ မရှိဘူးလို့ ဖြေခဲ့တာလဲ!?"

"ကျွန်တော့်မှာလည်း သဘောကျတဲ့သူမှ မရှိတာ။ အမှန်ကိုပဲ ဖြေခဲ့တာလေ။"

ငသစ်ကို ကျွန်တော် ထုရိုက်ပစ်လိုက်ပေမယ့် အရှိန်ကို မထိန်းနိုင်ဘဲ လဲကျမလို ဖြစ်သွားခဲ့တာမို့ သူက ပြန်ထိန်းပေးလိုက်ရသည်။

"မင်းက အကျင့်မကောင်းတဲ့ကောင်ပဲ။ ငါ့မှာတော့ မျှော်လင့်ချက်တွေ ကြီးပြီး မင်းအဖြေကို စောင့်လိုက်ရတာ။ ငါ့ကို သဘောမကျဘဲ ဘာလို့ လိုက်ဂရုစိုက်ရတာလဲ!? ဘာလို့ တွဲဖို့ ပြောခဲ့တာလဲ!?"

"ကျွန်တော်က သဘောကျတဲ့သူ မရှိဘူးလို့ပဲ ပြောခဲ့တာလေ။ ချစ်နေတဲ့သူ မရှိဘူးလို့မှ မပြောခဲ့တာ။"

ငသစ်အင်္ကျီရဲ့ကော်လံစကို ဆောင့်ဆွဲရင်းနဲ့ ကျွန်တော် မေးလိုက်မိတော့သည်။

"ချစ်နေတဲ့သူ!? အဲဒါ ဘယ်သူလဲ!? မင်း ချစ်နေတာ ဘယ်သူလဲ!?"

"ဘယ်သူလို့ ထင်လဲ!?"

"မဒေလီယာလား!?"

"မဟုတ်ဘူး။"

"ဒါဆို ယွန်းနဒီလား!?"

"သူလည်း မဟုတ်ဘူး။"

"ဒါဆို ဘယ်သူရှိသေးလို့လဲ!?"

"ဒယ်ဒီမသိဘူးဆိုရင်လည်း အရှုံးပေးလိုက်။ ကျွန်တော် ပြောပြပေးမယ်။ ဒါပေမဲ့ ပြောပြပေးရတဲ့အနေနဲ့ ဒယ်ဒီ့ကို တစ်ခါနမ်းမယ်။"

"နေဦး။ ဒီအတိုင်းတော့ လွယ်လွယ်နဲ့ အရှုံးမပေးနိုင်ဘူး။ ငါ စဉ်းစားဦးမယ်။"

ဆက်စဉ်းစားနေလည်း ဦးနှောက်ထဲက ဘာမှ ထွက်မလာနိုင်တာမို့ ကျွန်တော် စာကြည့်စားပွဲဆီသို့ ခြေလှမ်းပြင်လိုက်လေသည်။

"ဘယ်သွားဦးမလို့လဲ!?"

"မင်းရဲ့ရည်းစားဟောင်းတွေကို ငါ စာအုပ်နဲ့ ချရေးထားတယ်။ အဲဒါ သွားယူမလို့။"

"ဟား...ဟား..ဟား..ချစ်ဖို့ကောင်းလိုက်တာ။ စာအုပ်နဲ့တောင် ချရေးထားခဲ့တာလား!?"

ငသစ်က ကျွန်တော့်ခါးကို ဆွဲဖက်ထားလိုက်ပြီး ရယ်လေတော့သည်။

"ငါ့ကို လာမလှောင်နဲ့။"

"မလှောင်ရက်ပါဘူးဗျာ။ ဒယ်ဒီ့ပုံစံလေးက အရမ်းချစ်ဖို့ကောင်းလို့ သဘောကျပြီး ရယ်မိတာပါ။"

"ငါက ချစ်ဖို့ကောင်းလို့လား!?"

"ဒါပေါ့။ မအူမလည်လေးနဲ့ အရမ်းချစ်စရာကောင်းတာ။ အဲဒါလေးကိုပဲ ချစ်နေရတာ။"

ထိုစကားကြောင့် အံ့အားသင့်ပြီး ကျွန်‌တော် ပြန်မေးလိုက်မိသည်။

"အခု ချစ်တယ်လို့ ပြောလိုက်တာလား!?"

"အခုထိ မသိ‌သေးဘူးလား!? ကျွန်တော် ချစ်တဲ့သူက ဒယ်ဒီပဲလေ။"

ဝေဝါးနေတဲ့ ငသစ်ရဲ့မျက်နှာကို ကျွန်တော် လိုက်စမ်းကြည့်ပြီး သေချာအောင် ထပ်မေးလိုက်ရတော့သည်။

"တကယ်ပြောတာလား!? ငါ့ကို တကယ်ချစ်တာလား!?"

"မယုံဘူးလား!?"

"အင်း..."

"ဒါဆို သက်သေပြပေးမယ်လေ။"

ငသစ်က ကျွန်တော့်လက်ကို ဆွဲယူလိုက်တာမို့ ခန္ဓာကိုယ်ကလည်း သူ့အပေါ် ယိမ်းထိုးပြီး ကျသွားခဲ့လေသည်။ သူ့မျက်နှာကို သေချာမမြင်ရပေမယ့် နီးကပ်နေတဲ့ အသက်ရှုသံက ကျွန်တော့်အနားမှာ သူ ရှိနေမှန်း သိသာစေခဲ့သည်။ ခဏအကြာမှာ သူ့နှုတ်ခမ်းက နူးညံ့တဲ့ အထိအတွေ့တစ်ခုကို ကျင့်သားရနေပြီးသား ကျွန်တော့်နှုတ်ခမ်းတွေက ခံစားလိုက်ရတော့သည်။

"ကဲ...ဒီလောက်ဆို ယုံပြီမလား!?"

ရုတ်တရက်ကြီး နမ်း‌နေရာက ရပ်လိုက်တဲ့သူ့ကို ကျွန်တော် အလိုမကျစွာဖြင့် ဆူပူလိုက်မိလေသည်။

"ဘာလို့ ရုတ်တရက်ကြီး ရပ်လိုက်ရပြန်တာလဲ!?"

"ကျွန်တော်က ကလေးလေးပဲ ရှိသေးတယ်။ ဒါမျိုးတွေကို လုပ်လို့ မရသေးဘူးလေ။ ဒါနဲ့ ဒယ်ဒီ့ကို မေးစရာရှိသေးတယ်။"

"ဘာလဲ!?"

"ဒယ်ဒီ‌ရော ကျွန်တော့်ကို ချစ်ရဲ့လားဟင်!?"

"အဲဒါကို ဘာလုပ်ဖို့ သိချင်တာလဲ!?"

"ကျွန်တော် ချစ်တဲ့သူက ကျွန်တော့်ကိုရော ပြန်ချစ်ရဲ့လားဆိုတာ သိချင်တာပေါ့။"

"ပြောပြရင် မင်းက ရယ်မှာလေ။"

"မရယ်ပါဘူး။ ကတိပေးတယ်။"

"ငါ ပြန်ဖြေပြီးရင် မင်းက ငါ့ကို အထင်သေးပြီး နောက်ရည်းစားတွေ ထပ်ထားဦးမှာ။"

"မထားတော့ပါဘူးဆို။ ကျွန်တော် ကတိပေးပါတယ်။ ပြန်ဖြေပေးပါနော်။"

ကျွန်တော် အချိန်အတန်ကြာအောင် စဉ်းစားကြည့်ပြီးမှ အဖြေပြန်ပေးဖို့ ဆုံးဖြတ်လိုက်မိသည်။

"ငါလည်း မင်းကို ချစ်တယ်။"

ထိုအ‌ဖြေကို ပြောပြီးချိန်မှာ ငသစ်ဆီက နွေးထွေးစွာ ပွေ့ဖက်ခြင်းကို ခံလိုက်ရလေသည်။

"အစောကြီးကတည်းက အဲ့လိုမျိုး လိမ္မာခဲ့ရမှာ။ အခု ကျွန်တော်တို့က တရားဝင်ချစ်သူတွေ ဖြစ်သွားပြီနော်။ အပျော်တွဲနေတာမျိုး မဟုတ်တော့ဘူး။"

ထိုစကားကြောင့် ကျွန်တော် ပျော်ရွှင်နေခဲ့မိတော့သည်။ ဒါတွေသာ အိပ်မက်ဆိုရင် ပြန်မနိုးလာဖို့ ကျွန်တော် ဆုတောင်းမိမှာ အမှန်ပင်။ ခဏအကြာမှာ ငသစ်ရဲ့ရင်ခွင်ထဲမှာ ခိုနားရင်းနဲ့ ကျွန်တော် အိပ်မောကျသွားခဲ့လေသည်။

#Śûè

***************


အခန္း ၃၄(Zawgyi Version)


မေန႔ညက ဗီဒီယိုေၾကာင့္ တစ္ညလုံးအိပ္မရဘဲ မိုးလင္းသြားခဲ့တာမို႔ ကြၽန္ေတာ့္မ်က္ကြင္းေတြက အနက္ႏုေရာင္ ထ,ေနခဲ့ေလသည္။

"ဟဲ့...သား...မ်က္ကြင္းေတြလည္း ညိဳလို႔ပါလား!? ဘာျဖစ္တာလဲ!?"

ေမေမ့ရဲ႕ေမးခြန္းကို ကြၽန္ေတာ္ စိတ္မပါစြာနဲ႔ ျပန္ေျဖလိုက္မိသည္။

"ညက အိပ္မေပ်ာ္လို႔ပါ...ေမေမ။"

"ေနလို႔ေရာ ေကာင္းရဲ႕လား!?"

ေမးရင္းနဲ႔ ကြၽန္ေတာ့္နဖူးကို စမ္းၾကည့္လိုက္တဲ့ ငသစ္ေၾကာင့္ သူ႕လက္ကို အျမန္ပုတ္ခ်လိုက္မိေတာ့သည္။

"ဘာ...ဘာလုပ္တာလဲ!?"

ခါးခါးသီးသီး ျဖစ္ေနတဲ့ ကြၽန္ေတာ့္ကို ၾကည့္ၿပီး ငသစ္က အံ့အားသင့္သြားသလိုပင္။

"ဒယ္ဒီ...ဘာျဖစ္ေနတာလဲ!?"

"ဟုတ္သားပဲ...သားရယ္။ သစ္သစ္က သားကို စိတ္ပူလို႔ ေမးေနတာေလ။"

ေမေမနဲ႔ ငသစ္ကို ကြၽန္ေတာ္ ဘာမွျပန္မေျဖဘဲ အိမ္ေ႐ွ႕ခန္းသို႔ ထြက္လာခဲ့ေလသည္။ 'ဒီေခါင္းထဲက အဲဒါႀကီးကို ဘယ္လိုထုတ္ပစ္ရမလဲ!? သူမ်ားေတြသာ ငါ့အေတြးကို သိသြားရင္ ႏွာဘူးေကာင္လို႔ ဝိုင္းေျပာကုန္ၾကေတာ့မွာပဲ။' စိတ္ထဲမွာ ကေယာင္ေခ်ာက္ခ်ားျဖစ္ေနရင္းနဲ႔ သတင္းစာကို ဖတ္ၾကည့္ခဲ့မိသည္။ ေတြ႕လိုက္ရတဲ့သတင္းက လိင္တူအမ်ိဳးသားႏွစ္ဦးရဲ႕လက္ထပ္ျခင္းအေၾကာင္း ျဖစ္ေနခဲ့ေလသည္။

"ဘာလို႔ ဒါႀကီးကို လာေတြ႕ေနရတာလဲ!?"

ကြၽန္ေတာ္ ေရ႐ြတ္ရင္းနဲ႔ သတင္းစာကို ျပန္ခ်ထားလိုက္ရေတာ့သည္။

"ဒယ္ဒီ..."

ငသစ္ရဲ႕ေခၚသံေၾကာင့္ ေစာေစာက ခ်ထားခဲ့တဲ့ သတင္းစာကို ျပန္ေကာက္ယူလိုက္ၿပီး စာဖတ္ေနသလို ဟန္ေဆာင္ခဲ့ရျပန္သည္။

"ဘာလဲ!?"

"သတင္းစာက ေျပာင္းျပန္ႀကီး ျဖစ္ေနတယ္ေလ။"

ငသစ္ရဲ႕စကားေၾကာင့္ ကြၽန္ေတာ္ သတိထားၿပီး ၾကည့္လိုက္မိသည္။ ကြၽန္ေတာ္ကိုင္ထားမိတာက တကယ့္ကို ေျပာင္းျပန္ႀကီးပင္။ သူ႕ေ႐ွ႕မွာ ခပ္တည္တည္ေနဖို႔ ၾကံစည္ထားခဲ့ေပမယ့္ တမင္မ်က္ႏွာေျပာင္သလို ျဖစ္သြားခဲ့ရေလၿပီ။ ဒါေပမဲ့လည္း ႐ုပ္ကို ဆက္တည္ေနရင္း သတင္းစာကို ေဘးသို႔ ျပန္ခ်ထားၿပီး ေမးလိုက္မိေတာ့သည္။

"ဘာလဲ!? ဘာျဖစ္လို႔ လိုက္႐ႈပ္ေနတာလဲ!?"

"ကြၽန္ေတာ့္ကို စိတ္ဆိုးေနတာလား!?"

"မဆိုးပါဘူး။"

"ဒါဆို ဘာလို႔ ကြၽန္ေတာ့္မ်က္ႏွာကို မၾကည့္တာလဲ!?"

'ဒီအခ်ိန္မွာ မင္းမ်က္ႏွာကို ၾကည့္ရင္ ဟိုဟာေတြက ျပန္ေပၚလာမွာေပါ့' ထိုစကားေတြကို ကြၽန္ေတာ္ စိတ္ထဲကေန ေျပာလိုက္မိသည္။

"ငါ စိတ္႐ႈပ္ေနလို႔ ဒီေန႔တစ္ရက္ေတာ့ လႊတ္ထားေပးစမ္းပါ။ ဘာျဖစ္လဲဆိုတာကိုလည္း အပ္ေၾကာင္းထပ္ေအာင္ မေမးပါနဲ႔။"

မေန႔က ညေနအထိ အေကာင္းအတိုင္း႐ွိေနခဲ့သူက အခုေတာ့ ႐ူး‌သြပ္ေနသူလို ျဖစ္ေနတာမို႔ ငသစ္ရဲ႕စိတ္ထဲမွာ ထူးဆန္းေနမွာ ေသခ်ာေလသည္။ ဒါေတြအားလုံးက 'ဝသန္' ဆိုတဲ့ အေကာင္ေၾကာင့္ပဲ။ သူ လုပ္လို႔ သာယာေနတဲ့ ကြၽန္ေတာ္႕ဘဝက အခုလိုမ်ိဳး ေမွာင္မိုက္တဲ့ အေတြးေတြ ဝင္လာခဲ့ရျခင္းပင္။ ဒါေပမဲ့ ငသစ္က ကြၽန္ေတာ့္ေတာင္းဆိုခ်က္အတိုင္း ျပဳလုပ္ေပးၿပီး ဘာမွလည္း မေမးေတာ့သလို အနားကိုလည္း ေရာက္႐ွိမလာေတာ့ေပ။

သင္တန္းခန္းမတြင္-

သင္တန္းကို ေရာက္ၿပီး 'ဝသန္'နဲ႔ ေတြ႕ခ်ိန္မွာ သတ္ပစ္ခ်င္စိတ္ေတြကို မနည္းထိန္းထားခဲ့ရေလသည္။

"ဘာလို႔ ငါ့ကို အဲဒါႀကီး ပို႔လိုက္တာလဲ!?"

"မင္းပဲ သိခ်င္တယ္ဆိုလို႔ေလ။ သိေအာင္လို႔ ပို႔ေပးလိုက္တာေပါ့။ ဘယ္လိုလဲ!? ၾကည့္လို႔ ေကာင္းရဲ႕လား!?"

"ဘာကို ၾကည့္လို႔ေကာင္းရမွာလဲ!? အဲဒါျမင္ၿပီး ကိုယ့္စိတ္ကိုယ္ မလုံသလိုမ်ိဳး ျဖစ္ေနလို႔ ငသစ္ကိုေတာင္ အနားကပ္မခံရဘူး။"

"စိတ္ကူးေတြ ယဥ္ေနမိတယ္ဆိုပါေတာ့။"

"လူသတ္ေနသလို ျဖစ္ေနတာႀကီးကို ဘာလို႔ စိတ္ကူးယဥ္ၾကည့္ရမွာလဲ!?"

"လက္ေတြ႕ၾကဳံရင္ေတာ့ ေကာင္းမွန္းသိသြားမွာပါ။ ဒါနဲ႔ မင္းက အထက္က ျဖစ္မလား... ေအာက္က ျဖစ္မလားေတာ့ မက်ိန္းေသဘူးေနာ္။"

"ဘာလဲ!? အထက္ေတြ ေအာက္ေတြက!?"

"မေန႔က မျမင္လိုက္ဘူးလား!? အထက္မွာ႐ွိေနတဲ့သူက ဘယ္လိုမ်ိဳးလဲဆိုတာကို။"

'ဝသန္'ရဲ႕အေမးေၾကာင့္ ထိုျမင္ကြင္းကို ျပန္ျမင္ေယာင္ၾကည့္လိုက္မိသည္။ ထိုလူႏွစ္ဦးမွာ ေအာက္ကလူကိုသာ သနားမိေလသည္။

"ဘယ္ေတာ့မွ ေအာက္ကလူ မျဖစ္ေစနဲ႔။"

'ဝသန္'ဆီက သတိေပးစကားကို ကြၽန္ေတာ္ ေသခ်ာမွတ္ထားလိုက္ၿပီး စိတ္ထဲ မ႐ွင္းတဲ့ ကိစၥတစ္ခုကို ေမးလိုက္မိသည္။

"မင္း ငါ့ကို မေန႔က ေျပာတယ္ေလ။ ငသစ္က ငါ့ကို သေဘာက်ေနတယ္ဆိုတာ။ အဲဒါကို ေသခ်ာသိရေအာင္ ငါ ဘယ္လိုစမ္းသပ္ရမလဲ!?"

"အဲဒါမ်ား လြယ္လြယ္ေလး။ မင္းရဲ႕ပါးကို ငါ တစ္ခ်က္ေလာက္ နမ္းလိုက္႐ုံနဲ႔ ကိစၥျပတ္ၿပီပဲ။"

"ဘာဆိုင္လို႔လဲ!?"

"ဆိုင္တာေပါ့။ အဲ့လိုလုပ္လိုက္ရင္ ဟိုေကာင္က ငါ့ကို လာသတ္မွာေလ။ အဲ့အခါက် မင္းလည္း အေျဖသိရၿပီး ငါလည္း ေသၿပီးေတာ့ ကိစၥျပတ္သြားၿပီ။"

ထိုစကားေၾကာင့္ ကြၽန္ေတာ္ ေတြးၾကည့္ၿပီး ျပဳံးလိုက္မိေတာ့သည္။

"အေျဖက အခုေတာင္ ေပၚေနၿပီပဲ။"

"ဘာလို႔လဲ!?"

"မင္းဆီကို အဲ့ေကာင္ လာေနၿပီ။"

ထိုခဏမွာပင္ ကြၽန္ေတာ့္အေနာက္က တံခါးဖြင့္သံကို ၾကားလိုက္ရေလသည္။

"ဒယ္ဒီ!!!"

ေခၚသံေၾကာင့္ ကြၽန္ေတာ္ လွည့္ၾကည့္မိခ်ိန္မွာ ငသစ္ရဲ႕ေဒါသမ်က္ဝန္းေတြနဲ႔ ရင္ဆိုင္ခဲ့ရေလသည္။

"ဘာကိစၥ႐ွိလို႔လဲ!?"

"ကြၽန္ေတာ္နဲ႔ အျပင္ကို ခဏေလာက္ လိုက္ခဲ့ပါ။ ေျပာစရာ႐ွိတယ္။"

ဘာေၾကာင့္ဆိုတာကို ကြၽန္ေတာ္ ရိပ္မိသြားခဲ့ေတာ့သည္။ 'ဝသန္'ကို ျပဳံးမျပဖို႔ မွာထားတဲ့ သူ႕စကားကို ကြၽန္ေတာ္ လြန္ဆန္မိသလို ျဖစ္သြားခဲ့ေလၿပီ။ ဒါေတြအားလုံးက ကြၽန္ေတာ့္ကို သေဘာက်လို႔ သူ လုပ္ေနတာေတြလား!?

"ဒယ္ဒီ...ကြၽန္ေတာ္ ေခၚေနတယ္ေလ။"

အေျခအေနကို ထပ္စမ္းသပ္ၾကည့္ခ်င္စိတ္နဲ႔ သူ႕ကို ပထမဆုံးအႀကိမ္ ကြၽန္ေတာ္ ျငင္းဆန္လိုက္ေတာ့သည္။

"ငါ စာသင္ေနတယ္ေလ။ ေျပာစရာ႐ွိရင္ ၿပီးမွ ေျပာလို႔ရတာပဲ။"

"အခုခ်က္ခ်င္း မထရင္ ကြၽန္ေတာ့္ကို အဆိုးမဆိုနဲ႔ေနာ္။"

ငသစ္ရဲ႕စိတ္ကို ဒီထက္ပိုၿပီး စမ္းသပ္ၾကည့္ရင္ အႏၲရာယ္႐ွိလာႏိုင္ေပသည္။ ထိုေၾကာင့္ ကြၽန္ေတာ္ လိုက္သြားဖို႔ ျပင္ခဲ့ရေလသည္။

"ငါ သူနဲ႔ ခဏလိုက္သြားဦးမယ္။ စာေသခ်ာေရးထားဦးေနာ္။"

"ျမန္ျမန္ျပန္လာခဲ့ေနာ္...ကိုကို..."

'ဝသန္'က မီးပုံထဲသို႔ ‌ဆီေလာင္းထည့္ေပးၿပီး က်န္ေနခဲ့ခ်ိန္မွာ ကြၽန္ေတာ္ကေတာ့ ငသစ္ရဲ႕‌ ဆြဲေခၚရာေနာက္ကို လိုက္ပါခဲ့ရေတာ့သည္။ ကြၽန္ေတာ္တို႔ အဝတ္လဲခန္းထဲကို ေရာက္႐ွိခဲ့ၿပီး ငသစ္က တံခါးကို အျမန္ပိတ္လိုက္ေလသည္။

"သူ႕ကို မေရာနဲ႔လို႔ ေျပာထားတယ္ေလ။ ဘာလို႔ သြားပတ္သက္ၿပီး ရယ္ေမာေနတာလဲ!?"

"ငါက စာသင္ေနတာ‌ေလ။ မ်က္ႏွာႀကီး ႐ႈံ႕မဲ့ၿပီး သင္ေနလို႔ ဘယ္ရပါ့မလဲ!?"

"အဲဒါနဲ႔ပဲ ဟီးဟီးဟားဟား လုပ္ျပေနရတယ္ေပါ့။ အေခၚအေဝၚကေတာင္ ညင္သာေနၾကတာ။ ဘာတဲ့...ကိုကိုဆိုတာလား!? သူ႕အသံနဲ႔ ႐ြံစရာေကာင္းလိုက္တာ။"

ငသစ္ရဲ႕ပုံစံကို ၾကည့္ၿပီး ကြၽန္ေတာ္ ရယ္ခ်င္စိတ္ကို မနည္းထိန္းထားရေလသည္။

"သူ႕ဘာသာသူ ငါ့ကို ေလးစားသမႈနဲ႔ ေခၚတာေလ။ မေခၚပါနဲ႔လို႔ သြားတားလို႔မွ မရတာ။"

"ဒယ္ဒီ...မေန႔ညကတည္းက ဘာျဖစ္ေနတာလဲ!? ကြၽန္ေတာ့္ကို အနားအကပ္မခံဘဲနဲ႔ သူ႕ကိုက်ေတာ့ ရယ္ေမာျပေနတာ။ အသစ္ေတြ႕လို႔ အေဟာင္းေမ့ေနတာလား!? အဲ့လိုအေခၚခံရတာကို ၾကည္ႏူးေနတာလား!?"

"အဲ့လိုေခၚသံေလးၾကားရေတာ့ မဆိုးပါဘူး။ ႏူးႏူးညံ့ညံ့ေလးနဲ႔ ရင္ထဲေအးသြားသလိုပဲ။"

"ဒယ္ဒီက လုံးဝအက်င့္မေကာင္းဘူး။"

ငသစ္က ငိုေတာ့မလို ျဖစ္သြားတာမို႔ စိတ္ထဲ မေကာင္းေပမယ့္လည္း စေနာက္ခ်င္စိတ္က တားဆီးလို႔ မရႏိုင္ခဲ့ေပ။

"မင္းလည္း ငါ့ကို အဲ့လိုမ်ိဳးေခၚၾကည့္ေလ။ ငါ ေက်နပ္ရင္ ေက်နပ္သြားမွာေပါ့။"

ငသစ္‌ဆီက ဒီလိုႏူးႏူးညံ့ညံ့အသံမ်ိဳး ၾကားရဖို႔ဆိုတာ မျဖစ္ႏိုင္မွန္း သိၿပီးသားပင္။ သူ႕ကို စိတ္ပ်က္ေနသလို ပုံစံမ်ိဳးနဲ႔ လွမ္းၾကည့္ရင္း ကြၽန္ေတာ္ ထြက္သြားဖို႔ ျပင္လိုက္မိသည္။

"ကိုကို..."

'ဘုရားေရ... ဒါ ငသစ္ဆီက အသံတဲ့လား!?' ေမြးလာကတည္းက ခုခ်ိန္ထိ ဒယ္ဒီလို႔ပဲ ေခၚလာခဲ့တဲ့သူက ကြၽန္ေတာ့္ကို ကိုကိုလို႔ ပထမဆုံးအႀကိမ္အျဖစ္ ေခၚခဲ့ေလသည္။ ငသစ္ရဲ႕အနားကို ကြၽန္ေတာ္ ခ်ဥ္းကပ္သြားၿပီး ျပဳံးျပလိုက္မိသည္။

"ဒီလိုဆိုေတာ့လည္း လိမၼာသားပဲ။"

ေျပာရင္းနဲ႔ ေခါင္းကို ပုတ္ေပးလိုက္တဲ့ ကြၽန္ေတာ့္ကို ငသစ္က နံရံနဲ႔ ထိကပ္ထားလိုက္ၿပီး ေျပာခဲ့ေလသည္။

"ေစာေစာက သူ႕ကို ျပဳံးျပခဲ့လို႔ ျပစ္ဒဏ္ေပးရဦးမယ္။"

ငသစ္ေပးမယ့္ ျပစ္ဒဏ္ကို ကြၽန္ေတာ္ သိေနတာမို႔ အျမန္ေ႐ွာင္ထြက္ဖို႔ ႀကိဳးစားလိုက္ရေတာ့သည္။ အခုခ်ိန္မွာ သူနဲ႔ နီးနီးကပ္ကပ္ေနရင္ ကြၽန္ေတာ့္စိတ္ေတြက ကေမာက္ကမ ျဖစ္သြားႏိုင္ေပသည္။

"ျပစ္ဒဏ္ကို ေနာက္မွပဲ ေပးပါ။ အခု ငါ ေနရတာ အဆင္‌မေျပေသးလို႔။"

"ေလွ်ာက္ေျပာမေနနဲ႔။"

"တကယ္ေျပာတာ...ငါ ရင္ျပည့္ေနသလိုႀကီး ျဖစ္ေနတာ။"

ကြၽန္ေတာ္ ေျပာတာကို ငသစ္က ယုံသြားၿပီး လက္ေလွ်ာ့ေပးခဲ့ေလသည္။

"ေလေဆးေသာက္မလား!? ဆရာမဆီကေန ယူလာခဲ့ေပးမယ္ေလ။"

"ေနပါေစ။ အဲ့ေလာက္ေတာ့ မဟုတ္ပါဘူး။"

"ေသာက္ထားလိုက္ပါ။ နည္းနည္းသက္သာသြားတာေပါ့။"

ငသစ္ရဲ႕ဂ႐ုစိုက္မႈေတြေၾကာင့္ 'ဝသန္'ေျပာခဲ့တဲ့ကိစၥကို ကြၽန္ေတာ္ သံသယဝင္ေနမိသည္။ ငသစ္က တကယ္ပဲ ကြၽန္ေတာ့္ကို ႀကိဳက္ေနတာလား!? စိတ္ထဲမွာ မတင္မက်ျဖစ္ေနမယ့္အစား ထုတ္ေမးလိုက္ဖို႔ ကြၽန္ေတာ္ ဆုံးျဖတ္လိုက္ေတာ့သည္။

"ငသစ္...ငါ မင္းကို ေမးစရာ႐ွိတယ္။"

"ဘာကိစၥမို႔လို႔လဲ!? ေမးေလ။"

"မင္းဆီမွာ ေလာေလာဆယ္ သေဘာက်ေနတဲ့သူ႐ွိလား!?"

"သေဘာက်ေနတဲ့သူလား!? မ႐ွိဘူးေလ။"

ေမွ်ာ္လင့္ထားသမွ်က သဲထဲေရသြန္ျဖစ္သြားခဲ့ရေလၿပီ။ မျဖစ္ႏိုင္မွန္းသိခဲ့ေပမယ့္ စိတ္ထဲမွာေတာ့ နာက်င္မိတာ အမွန္ပင္။

"ဒါေပမဲ့..."

"ေဒါက္...ေဒါက္...ေဒါက္"

တံခါးေခါက္သံေၾကာင့္ ေျပာလက္စ,စကားကို ခဏရပ္ထားၿပီး ငသစ္က တံခါးသြားဖြင့္ေပးလိုက္ရေလသည္။

"ငါ ပစၥည္းေလး ဝင္ယူစရာ႐ွိလို႔။"

သင္တန္းသားတစ္ဦးရဲ႕ ေတာင္းဆိုမႈေၾကာင့္ ကြၽန္ေတာ္တို႔ႏွစ္ဦး စကားဆက္ေျပာဖို႔ မျဖစ္ႏိုင္ေတာ့ဘဲ အျပင္သို႔ ထြက္လာခဲ့ရသည္။

"ငါ စာသြားသင္ေတာ့မယ္။"

"ကြၽန္ေတာ္ ေလေဆးလာေပးမယ္ေနာ္။"

"ေနပါေစ။ ငါ့ဆီ ခဏခဏလာရင္ လူေတြက တစ္မ်ိဳးထင္ကုန္လိမ့္မယ္။"

ေျပာၿပီးၿပီးခ်င္းပဲ ငသစ္ေ႐ွ႕ကေန ကြၽန္ေတာ္ လွည့္ထြက္လာၿပီး 'ဝသန္'ဆီသို႔သာ ျပန္လာခဲ့မိသည္။

"႐ုပ္က ဘာျဖစ္လာတာလဲ!?"

"သူ႕မွာ သေဘာက်ေနတဲ့သူမ႐ွိဘူးတဲ့။"

"ငါ့အျမင္က ဘယ္လိုမွ မမွားႏိုင္ပါဘူး။ မင္းကို လွမ္းၾကည့္လိုက္တိုင္း သူ႕မ်က္လုံးထဲမွာ အေရာင္ေတာက္ၿပီး အသည္းပုံေတြ ေပၚေနတာ ငါ သိတယ္။ သူ မင္းကို သေဘာက်ေနတာ ေသခ်ာပါတယ္။"

"ေခါင္း႐ႈပ္လာၿပီကြာ။ သူ႕အေၾကာင္းကို လာမေျပာနဲ႔ေတာ့။"

ကြၽန္ေတာ့္ေအာ္သံကို ၾကားမွ 'ဝသန္' လည္း ေၾကာက္ၿပီး ၿငိမ္သက္သြားေလသည္။ ဒီႏွစ္ေကာင္ေၾကာင့္ လူကလည္း ႐ူးခ်င္လာသလိုပင္။ တစ္ေယာက္က အနာေပးလိုက္၊ ေနာက္တစ္ေယာက္ ေဆးျပန္ေပးလိုက္နဲ႔ ခံစားခ်က္ေတြကလည္း နိမ့္လိုက္၊ ျမင့္လိုက္ ျဖစ္ေနခဲ့ရေတာ့သည္။ ဒါေပမဲ့ ႏွစ္ေယာက္လုံးဆီကေန ကြၽန္ေတာ္ သိလိုက္ရတဲ့ အမွန္တရားက သူတို႔လိုလူမ်ိဳးကို လုံးဝမယုံၾကည္ရန္သာ ျဖစ္ေလသည္။

ညေန (၄)နာရီခန္႔တြင္-

"ဒယ္ဒီ...ကြၽန္ေတာ္တို႔ အိမ္မျပန္ေသးဘဲ မုန္႔သြားစားၾကရေအာင္။"

ကြၽန္ေတာ့္ပခုံးေပၚ လက္တင္ထားရင္း ငသစ္က ေမးလိုက္ေတာ့သည္။

"မစားခ်င္ဘူး။"

"ကစားကြင္းေရာ သြားခ်င္လား!?"

"ကေလးကလားနဲ႔ ဘာသြားလုပ္ရမွာလဲ!?"

"ဒါဆို ႐ုပ္႐ွင္သြားၾကည့္ၾကမလား!?"

"မၾကည့္ခ်င္ဘူး။"

"‌ကမ္းနားသြားၿပီး ေလညင္းခံရင္ေရာ!?"

"လူ႐ႈပ္တယ္။ မသြားခ်င္ဘူး။"

"ကာရာအိုေကဆိုင္ကိုေရာ သြားခ်င္လား!?"

"ေတာက္ေလွ်ာက္ေမးေနတာ မင္း မေမာဘူးလား!?"

"မေမာပါဘူး။ ဒယ္ဒီ့ကို ေပ်ာ္ေအာင္လို႔ လုပ္ေပးႏိုင္မွ ျဖစ္မွာ။"

"ငါကေတာ့ ျပန္ေျဖရတာ ေတာ္ေတာ္ေမာေနၿပီ။"

"ဒါဆို အေအးသြားေသာက္ၾကမယ္ေလ။"

"မေသာက္ဘူး။ ငါ အိမ္ျပန္ၿပီး အနားယူခ်င္တယ္။ ထပ္မေႏွာင့္ယွက္နဲ႔ေတာ့။"

ငသစ္က ကြၽန္ေတာ့္ဆႏၵအတိုင္း အိမ္သို႔ ျပန္လိုက္လာခဲ့ေလသည္။ မေန႔ညကလည္း အိပ္မေပ်ာ္ခဲ့တာမို႔ အိမ္သို႔ျပန္ေရာက္ေရာက္ခ်င္း ကြၽန္ေတာ္ အနားယူလိုက္မိသည္။

ည (၁၂)နာရီခန္႔တြင္-

တစ္ညေနလုံး အိပ္ပစ္လိုက္ၿပီးေနာက္ ညဦးပိုင္းမွ ျပန္ႏိုးလာခ်ိန္တြင္ ကြၽန္ေတာ့္ကို ဖက္ထားရင္း ငသစ္က အိပ္ေပ်ာ္ေနခဲ့ေလသည္။ ထမင္းမစားဘဲ အိပ္ပစ္လိုက္တာမို႔ ဝမ္းဗိုက္ကလည္း ဆႏၵျပေနေလေတာ့သည္။ အတင္းဖက္တြယ္ထားတဲ့ ငသစ္ရဲ႕လက္ကို ဖယ္႐ွားၿပီး ေမြ႕ယာေပၚက ကြၽန္ေတာ္ တိတ္တဆိတ္ ဆင္းလာရင္း ေျခလွမ္းေတြကို မီးဖိုေခ်ာင္ထဲ႐ွိ ေရခဲေသတၱာဆီသို႔ ဦးတည္လိုက္မိသည္။ ခက္တာက အိမ္မွာ ကေလးအငယ္မ႐ွိေတာ့ မုန္႔ေတြ ႀကိဳဝယ္ထားတာမ်ိဳးလည္း ႐ွိမေနခဲ့ေပ။ စားစရာမုန္႔က လုံးဝမ႐ွိတာမို႔ ဆာေနတဲ့ဗိုက္ကို ျဖည့္ဖို႔ အေအးတစ္ပုလင္းကို ယူလာၿပီး အခန္းသို႔ ျပန္လာခဲ့ရသည္။

"ဒယ္ဒီ...ဘယ္သြားတာလဲ!?"

အခန္းထဲကို တိတ္တိတ္ေလး ျပန္ဝင္လာခ်ိန္မွာ ေမးလိုက္တဲ့ ငသစ္ေၾကာင့္ ကိုင္ထားတဲ့ အေအးပုလင္းက လြတ္က်လုနီးပါး ျဖစ္သြားေလသည္။

"မင္းက အိပ္ေနတာမဟုတ္ဘူးလား!?"

"အိပ္‌ေပ်ာ္မလိုျဖစ္ေနတုန္း ဒယ္ဒီ ႏိုးလာတာကို သိလိုက္တာ။ ဘာျဖစ္လို႔လဲ!?"

"ဗိုက္ဆာလို႔ စားစရာသြား႐ွာတာ။"

"အေအးပုလင္းက ဘာလို႔ ယူလာတာလဲ!?"

"စားစရာမ႐ွိတာနဲ႔ ႐ွိတဲ့ဟာပဲ ယူလာခဲ့ရတာေပါ့။"

"ကြၽန္ေတာ္ ၾကက္ဥေၾကာ္ေပးမယ္ေလ။ စားမလား!?"

"ဆူဆူညံညံေတြ လုပ္ေနရင္ ေမေမ ႏိုးသြားလိမ့္မယ္။ သူက တစ္ေရးႏိုးၿပီးရင္ ျပန္အိပ္ဖို႔ ခက္တယ္။ ငါ့ဘာသာငါ အေအးေသာက္ၿပီး ျပန္အိပ္လိုက္ေတာ့မယ္။"

ေျပာေနရင္းက ကြၽန္ေတာ္ အေအးပုလင္းကို တစ္က်ိဳက္တည္း ေမာ့ခ်လိုက္မိေတာ့သည္။ ဒါေပမဲ့ ပါးစပ္ထဲ ဝင္လာတဲ့အရသာက ခ်ိဳမေနဘဲ ႐ွတတ,ျဖစ္ေနသလိုပင္။ လည္ပင္းထဲမွာလည္း ပူေနၿပီး ခါးသက္သက္ ျဖစ္ေနေလသည္။

"ဒီအေအးက ခ်ိဳလည္း မခ်ိဳဘူး။ ဂတ္စ္မ်ား ပါလို႔လား!?"

အရသာက မေကာင္းေပမယ့္လည္း ဗိုက္ဆာေနတာမို႔ ကြၽန္ေတာ္ ပုလင္းရဲ႕တစ္ဝက္တိတိကို ေသာက္ခ်လိုက္မိသည္။

"မေကာင္းရင္ မေသာက္နဲ႔ေတာ့ေလ။ ဘာလို႔ ႀကိတ္မွိတ္ၿပီး ေသာက္ေနတာလဲ!?"

စကားေျပာေနတဲ့ ငသစ္ကို လွမ္းၾကည့္လိုက္ေပမယ့္ ပုံရိပ္ေတြက ေဝဝါးေနျပန္သည္။ သူ ႐ွိတဲ့ဆီသို႔ ဒယိမ္းဒယိုင္နဲ႔ ေလွ်ာက္သြားရင္း ကြၽန္ေတာ္ ေမးလိုက္မိသည္။

"မင္းက ဘာလို႔ ႏွစ္ထပ္ျဖစ္ေနရတာလဲ!?"

"ဟမ္!!! ကြၽန္ေတာ္က ဘာလို႔ ႏွစ္ထပ္ျဖစ္ေနတာလဲ!?"

"မသိဘူး။ ငါ မင္းကို ေသခ်ာလည္း မျမင္ရဘူး။ ေအ့..."

ငသစ္က ကြၽန္ေတာ့္လက္ထဲမွာ ကိုင္ထားတဲ့ ပုလင္းကို ယူၿပီး နမ္းၾကည့္လိုက္ေလသည္။

"ဟာ...ဒါေတြက အရက္ေတြပဲ။ ဒယ္ဒီ မူးေနၿပီ ထင္တယ္။"

"မဟုတ္တာေတြ မေျပာနဲ႔။ ငါက အေအးကိုပဲ ယူလာတာ။ မင္းရဲ႕ႏွာေခါင္းက မေကာင္းေတာ့တာ ေနမယ္။"

ကြၽန္ေတာ္ ငသစ္ရဲ႕ႏွာေခါင္းကို ဆြဲညႇစ္ရင္းနဲ႔ ေျပာလိုက္ေလေတာ့သည္။

"အား... ဟုတ္ပါၿပီ။ ကြၽန္ေတာ္ မွားသြားတာပါ။ ဟုတ္ၿပီလား!?"

"အဲ့လို လိမၼာစမ္းပါ။ ဒါနဲ႔ မင္းကို ေမးစရာ႐ွိေသးတယ္။"

"ဘာေမးမလို႔လဲ!? ေမးေလ။"

"မင္းကို ငါက သေဘာက်တဲ့သူ ႐ွိေနၿပီလားလို႔ ေမးခဲ့တယ္ေလ။ အဲဒါကို ဘာလို႔ မ႐ွိဘူးလို႔ ေျဖခဲ့တာလဲ!?"

"ကြၽန္ေတာ့္မွာလည္း သေဘာက်တဲ့သူမွ မ႐ွိတာ။ အမွန္ကိုပဲ ေျဖခဲ့တာေလ။"

ငသစ္ကို ကြၽန္ေတာ္ ထု႐ိုက္ပစ္လိုက္ေပမယ့္ အ႐ွိန္ကို မထိန္းႏိုင္ဘဲ လဲက်မလို ျဖစ္သြားခဲ့တာမို႔ သူက ျပန္ထိန္းေပးလိုက္ရသည္။

"မင္းက အက်င့္မေကာင္းတဲ့ေကာင္ပဲ။ ငါ့မွာေတာ့ ေမွ်ာ္လင့္ခ်က္ေတြ ႀကီးၿပီး မင္းအေျဖကို ေစာင့္လိုက္ရတာ။ ငါ့ကို သေဘာမက်ဘဲ ဘာလို႔ လိုက္ဂ႐ုစိုက္ရတာလဲ!? ဘာလို႔ တြဲဖို႔ ေျပာခဲ့တာလဲ!?"

"ကြၽန္ေတာ္က သေဘာက်တဲ့သူ မ႐ွိဘူးလို႔ပဲ ေျပာခဲ့တာေလ။ ခ်စ္ေနတဲ့သူ မ႐ွိဘူးလို႔မွ မေျပာခဲ့တာ။"

ငသစ္အက်ႌရဲ႕ေကာ္လံစကို ေဆာင့္ဆြဲရင္းနဲ႔ ကြၽန္ေတာ္ ေမးလိုက္မိေတာ့သည္။

"ခ်စ္ေနတဲ့သူ!? အဲဒါ ဘယ္သူလဲ!? မင္း ခ်စ္ေနတာ ဘယ္သူလဲ!?"

"ဘယ္သူလို႔ ထင္လဲ!?"

"မေဒလီယာလား!?"

"မဟုတ္ဘူး။"

"ဒါဆို ယြန္းနဒီလား!?"

"သူလည္း မဟုတ္ဘူး။"

"ဒါဆို ဘယ္သူ႐ွိေသးလို႔လဲ!?"

"ဒယ္ဒီမသိဘူးဆိုရင္လည္း အ႐ႈံးေပးလိုက္။ ကြၽန္ေတာ္ ေျပာျပေပးမယ္။ ဒါေပမဲ့ ေျပာျပေပးရတဲ့အေနနဲ႔ ဒယ္ဒီ့ကို တစ္ခါနမ္းမယ္။"

"ေနဦး။ ဒီအတိုင္းေတာ့ လြယ္လြယ္နဲ႔ အ႐ႈံးမေပးႏိုင္ဘူး။ ငါ စဥ္းစားဦးမယ္။"

ဆက္စဥ္းစားေနလည္း ဦးေႏွာက္ထဲက ဘာမွ ထြက္မလာႏိုင္တာမို႔ ကြၽန္ေတာ္ စာၾကည့္စားပြဲဆီသို႔ ေျခလွမ္းျပင္လိုက္ေလသည္။

"ဘယ္သြားဦးမလို႔လဲ!?"

"မင္းရဲ႕ရည္းစားေဟာင္းေတြကို ငါ စာအုပ္နဲ႔ ခ်ေရးထားတယ္။ အဲဒါ သြားယူမလို႔။"

"ဟား...ဟား..ဟား..ခ်စ္ဖို႔ေကာင္းလိုက္တာ။ စာအုပ္နဲ႔ေတာင္ ခ်ေရးထားခဲ့တာလား!?"

ငသစ္က ကြၽန္ေတာ့္ခါးကို ဆြဲဖက္ထားလိုက္ၿပီး ရယ္ေလေတာ့သည္။

"ငါ့ကို လာမေလွာင္နဲ႔။"

"မေလွာင္ရက္ပါဘူးဗ်ာ။ ဒယ္ဒီ့ပုံစံေလးက အရမ္းခ်စ္ဖို႔ေကာင္းလို႔ သေဘာက်ၿပီး ရယ္မိတာပါ။"

"ငါက ခ်စ္ဖို႔ေကာင္းလို႔လား!?"

"ဒါေပါ့။ မအူမလည္ေလးနဲ႔ အရမ္းခ်စ္စရာေကာင္းတာ။ အဲဒါေလးကိုပဲ ခ်စ္ေနရတာ။"

ထိုစကားေၾကာင့္ အံ့အားသင့္ၿပီး ကြၽန္‌ေတာ္ ျပန္ေမးလိုက္မိသည္။

"အခု ခ်စ္တယ္လို႔ ေျပာလိုက္တာလား!?"

"အခုထိ မသိ‌ေသးဘူးလား!? ကြၽန္ေတာ္ ခ်စ္တဲ့သူက ဒယ္ဒီပဲေလ။"

ေဝဝါးေနတဲ့ ငသစ္ရဲ႕မ်က္ႏွာကို ကြၽန္ေတာ္ လိုက္စမ္းၾကည့္ၿပီး ေသခ်ာေအာင္ ထပ္ေမးလိုက္ရေတာ့သည္။

"တကယ္ေျပာတာလား!? ငါ့ကို တကယ္ခ်စ္တာလား!?"

"မယုံဘူးလား!?"

"အင္း..."

"ဒါဆို သက္ေသျပေပးမယ္ေလ။"

ငသစ္က ကြၽန္ေတာ့္လက္ကို ဆြဲယူလိုက္တာမို႔ ခႏၶာကိုယ္ကလည္း သူ႕အေပၚ ယိမ္းထိုးၿပီး က်သြားခဲ့ေလသည္။ သူ႕မ်က္ႏွာကို ေသခ်ာမျမင္ရေပမယ့္ နီးကပ္ေနတဲ့ အသက္႐ႈသံက ကြၽန္ေတာ့္အနားမွာ သူ ႐ွိေနမွန္း သိသာေစခဲ့သည္။ ခဏအၾကာမွာ သူ႕ႏႈတ္ခမ္းက ႏူးညံ့တဲ့ အထိအေတြ႕တစ္ခုကို က်င့္သားရေနၿပီးသား ကြၽန္ေတာ့္ႏႈတ္ခမ္းေတြက ခံစားလိုက္ရေတာ့သည္။

"ကဲ...ဒီေလာက္ဆို ယုံၿပီမလား!?"

႐ုတ္တရက္ႀကီး နမ္း‌ေနရာက ရပ္လိုက္တဲ့သူ႕ကို ကြၽန္ေတာ္ အလိုမက်စြာျဖင့္ ဆူပူလိုက္မိေလသည္။

"ဘာလို႔ ႐ုတ္တရက္ႀကီး ရပ္လိုက္ရျပန္တာလဲ!?"

"ကြၽန္ေတာ္က ကေလးေလးပဲ ႐ွိေသးတယ္။ ဒါမ်ိဳးေတြကို လုပ္လို႔ မရေသးဘူးေလ။ ဒါနဲ႔ ဒယ္ဒီ့ကို ေမးစရာ႐ွိေသးတယ္။"

"ဘာလဲ!?"

"ဒယ္ဒီ‌ေရာ ကြၽန္ေတာ့္ကို ခ်စ္ရဲ႕လားဟင္!?"

"အဲဒါကို ဘာလုပ္ဖို႔ သိခ်င္တာလဲ!?"

"ကြၽန္ေတာ္ ခ်စ္တဲ့သူက ကြၽန္ေတာ့္ကိုေရာ ျပန္ခ်စ္ရဲ႕လားဆိုတာ သိခ်င္တာေပါ့။"

"ေျပာျပရင္ မင္းက ရယ္မွာေလ။"

"မရယ္ပါဘူး။ ကတိေပးတယ္။"

"ငါ ျပန္ေျဖၿပီးရင္ မင္းက ငါ့ကို အထင္ေသးၿပီး ေနာက္ရည္းစားေတြ ထပ္ထားဦးမွာ။"

"မထားေတာ့ပါဘူးဆို။ ကြၽန္ေတာ္ ကတိေပးပါတယ္။ ျပန္ေျဖေပးပါေနာ္။"

ကြၽန္ေတာ္ အခ်ိန္အတန္ၾကာေအာင္ စဥ္းစားၾကည့္ၿပီးမွ အေျဖျပန္ေပးဖို႔ ဆုံးျဖတ္လိုက္မိသည္။

"ငါလည္း မင္းကို ခ်စ္တယ္။"

ထိုအ‌ေျဖကို ေျပာၿပီးခ်ိန္မွာ ငသစ္ဆီက ေႏြးေထြးစြာ ေပြ႕ဖက္ျခင္းကို ခံလိုက္ရေလသည္။

"အေစာႀကီးကတည္းက အဲ့လိုမ်ိဳး လိမၼာခဲ့ရမွာ။ အခု ကြၽန္ေတာ္တို႔က တရားဝင္ခ်စ္သူေတြ ျဖစ္သြားၿပီေနာ္။ အေပ်ာ္တြဲေနတာမ်ိဳး မဟုတ္ေတာ့ဘူး။"

ထိုစကားေၾကာင့္ ကြၽန္ေတာ္ ေပ်ာ္႐ႊင္ေနခဲ့မိေတာ့သည္။ ဒါေတြသာ အိပ္မက္ဆိုရင္ ျပန္မႏိုးလာဖို႔ ကြၽန္ေတာ္ ဆုေတာင္းမိမွာ အမွန္ပင္။ ခဏအၾကာမွာ ငသစ္ရဲ႕ရင္ခြင္ထဲမွာ ခိုနားရင္းနဲ႔ ကြၽန္ေတာ္ အိပ္ေမာက်သြားခဲ့ေလသည္။

#Śûè

***************


Continue Reading

You'll Also Like

206K 5K 72
แ€แ€ฑแ€ฌแ€„แ€บแ€•แ€ฑแ€ซแ€บแ€žแ€ฌแ€ธแ€”แ€ฒแ€ท แ€™แ€ผแ€ฑแ€•แ€ผแ€”แ€ทแ€บแ€žแ€ฐ แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€œแ€ฑแ€ธแ€•แ€ซแ€›แ€พแ€„แ€บแ€ท
148K 11.9K 47
แ€™แ€„แ€บแ€ธแ€žแ€ฌแ€ธแ€แ€…แ€บแ€•แ€ซแ€ธแ แ€•แ€ฏแ€ถแ€•แ€ผแ€„แ€บ แ€†แ€ญแ€ฏแ€žแ€Šแ€บแ€ทแ€กแ€แ€ญแ€ฏแ€„แ€บแ€ธ แ€’แ€ฎแ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€•แ€ซ แ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€กแ€›แ€ฌแ€กแ€ฌแ€ธแ€œแ€ฏแ€ถแ€ธแ€€ แ€€แ€ปแ€ฝแ€”แ€บแ€แ€ฑแ€ฌแ€บแ€ทแ€›แ€ฒแ€ท แ€…แ€ญแ€แ€บแ€€แ€ฐแ€ธแ€šแ€ฅแ€บ แ€žแ€•แ€บแ€žแ€•แ€บแ€žแ€ฌ แ€–แ€ผแ€…แ€บแ€•แ€ซแ€แ€šแ€บแ‹ แ€’แ€ซแ€†แ€ญแ€ฏแ€›แ€„แ€บ แ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€œแ€ฑแ€ธแ€€แ€ญแ€ฏ แ€…แ€•แ€ผแ€ฎแ€ธ แ€™แ€ญแ€...
405K 10.1K 51
แ€แ€…แ€บแ€”แ€ฑแ€ทแ€แ€…แ€บแ€”แ€ฑแ€ทแ€แ€ฑแ€ซแ€„แ€บแ€ธแ€‘แ€ฒแ€™แ€พแ€ฌแ€€แ€œแ€ฒแ€ทแ€…แ€ฌแ€ธแ€แ€ปแ€ฑแ€™แ€พแ€ฏแ€žแ€ฌแ€กแ€•แ€ผแ€Šแ€ทแ€บแ€›แ€พแ€ญแ€”แ€ฑแ€žแ€ฑแ€ฌ แ€แ€•แ€บแ€กแ€ฑแ€ธแ€กแ€ฑแ€ธแ€”แ€ฑแ€แ€แ€บแ€žแ€ฑแ€ฌ แ€™แ€ฌแ€–แ€ฎแ€ธแ€šแ€ฌแ€ธแ€”แ€พแ€„แ€ทแ€บ.... แ€˜แ€ฌแ€•แ€ฒแ€œแ€ฏแ€•แ€บแ€œแ€ฏแ€•แ€บ แ€แ€œแ€ฝแ€ฒแ€แ€ฝแ€ฑแ€œแ€ฏแ€•แ€บแ€แ€แ€บแ€”แ€ฑแ€žแ€ฑแ€ฌ แ€€แ€ฑแ€ฌแ€„แ€บแ€™แ€œแ€ฑแ€ธแ€แ€ญแ€ฏแ€ท แ€”แ€พแ€…แ€บโ€Œแ€šแ€ฑแ€ฌแ€€แ€บแ€Ÿแ€ฌ...