(Unicode Version)
တနင်္ဂနွေနေ့မို့ ပျက်သွားတဲ့ သင်ခန်းစာတွေကို ပြန်လေ့ကျင့်ဖို့ ကျွန်တော် ဆုံးဖြတ်ထားလေသည်။
"ဒီနေ့ ဆရာမရဲ့မွေးနေ့ဆိုတော့ အားလုံးကို မုန့်လိုက်ကျွေးချင်လို့တဲ့။ ဒယ်ဒီ့ကိုပါ ခေါ်ခဲ့ဖို့ မှာထားတယ်။"
ငသစ်ရဲ့စကားကြောင့် စာအုပ်ထုတ်လက်စ လက်ပင် တုံ့ဆိုင်းသွားလေတော့သည်။
"ကျန်တဲ့သူတွေက သင်တန်းသားတွေချည်းပဲလေ။ ငါတစ်ယောက်တည်း အပြင်လူဖြစ်နေရင် ကြောင်တောင်တောင်ကြီး ထိုင်နေရမှာပေါ့။"
"ကျွန်တော်တစ်ယောက်လုံး ရှိနေတာပဲ။ ဘာတွေ တွေးပူနေတာလဲ!? ဆရာမနဲ့လည်း ဒယ်ဒီက သိပြီးသားပဲဟာ။"
"လက်ဆောင်အတွက်ကရော...မဝယ်ရသေးဘူးလေ။"
"ကျွန်တော် မနေ့ကတည်းက ဝင်ဝယ်လာပြီးသားပါ။"
"ငါလည်း ပေးမှဖြစ်မှာပေါ့။ နှစ်ယောက်လုံး သွားစားပြီးတော့ တစ်ယောက်တည်းက ပေးလို့ ဘယ်ကောင်းပါ့မလဲ!?"
"ဘာဖြစ်လဲ!? ကျွန်တော်တို့က နှစ်လွှာပေါင်းမှ တစ်ရွက်ဆိုတာ သိသွားတာပေါ့။"
ရွှတ်နောက်နောက် လှမ်းပြောနေတဲ့ ငသစ်ကို ခေါင်းအုံးနဲ့ ပစ်ပေါက်လိုက်မိသည်။ မွေးနေ့ပွဲအတွက် လက်ဆောင်ဝယ်ပေးချင်ပေမယ့် ပိုက်ဆံကလည်း များများစားစား ရှိမနေပေ။ သင်တန်းဆရာမဆိုတော့ အမှတ်တရပစ္စည်းမျိုး ပေးရင်လည်း မသင့်တော်သလို ဖြစ်နေပေလိမ့်မည်။ ငသစ်ဆီက ပိုက်ဆံတောင်းဖို့ကလည်း အားနားစရာကောင်းနေပြန်သည်။
"ကျွန်တော် လက်ဆောင်သွားရွေးနေတုန်းက နှစ်ယောက်စာအတွက် တမင်ရွေးလာခဲ့တာ။ စိတ်အေးအေးထားပြီး လူလေးပဲ လိုက်ခဲ့ပေးနော်။"
ငသစ်က ကျွန်တော့်နဖူးကို ခပ်ဖွဖွလေး နမ်းပြီး နှစ်သိမ့်ပေးခဲ့လေသည်။ အချိန်ကလည်း မရတော့တာမို့ သူ ပြောသလိုပဲ လုပ်လိုက်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ရတော့သည်။
မွေးနေ့ပွဲတွင်-
ငသစ်ရဲ့သင်တန်းဆရာမက ကျွန်တော်တို့ကို Gangnam Buffetဆိုတဲ့ ဆိုင်လေးမှာ လိုက်ကျွေးခဲ့လေသည်။ စားပွဲပေါ်က စုံလင်နေတဲ့ ဟင်းပွဲတွေကို ကြည့်ပြီး ကျွန်တော် ဘယ်ကနေ စ,စားရမှန်း မသိတော့ပေ။
"ယူစားလေ...ဒယ်ဒီ။ ဘာဖြစ်လို့လဲ!?"
"ဒီလောက်အများကြီးကို ဘာစားရမယ်မှန်း မသိတော့ဘူး။"
"ဒါလေး စားကြည့်။"
ငသစ်က ကျွန်တော့်ပန်းကန်ထဲကို ဟင်းတွေ လာထည့်ပေးပြီး စားခိုင်းခဲ့သည်။ သူ ထည့်ပေးတဲ့ ဟင်းပွဲတွေကို မြည်းကြည့်လိုက်ချိန်မှာ အရသာကလည်း အတော်လေးကောင်းတာကို ကျွန်တော် သတိထားမိလိုက်သည်။
"စားလို့ ကောင်းလား!?"
"အင်း..."
"ဒါဆို ဒါလေးလည်း စားကြည့်..."
ငသစ်က သူ စားကြည့်ပြီး သဘောကျသမျှကို ကျွန်တော့်ပန်းကန်ထဲ လာထည့်ပေးတာမို့ ကိုယ်တိုင် ခပ်မစားလိုက်ရဘဲ ဗိုက်ပြည့်လုနီးနီး ဖြစ်လာခဲ့တော့သည်။
"လဝန်းသစ်က လပြည့်မှူးကို တော်တော်ချစ်ရှာသားပဲနော်။ သူ စမ်းစားကြည့်ပြီး ကောင်းတာလေးတွေကို လိုက်ကျွေးနေတာ။ မင်းတို့ကို မြင်ရတာ စိတ်ချမ်းသာလိုက်တာ။"
သင်တန်းဆရာမရဲ့စကားကြောင့် ကျွန်တော် ဘာပြောရမှန်းမသိဘဲ ပြုံးရုံသာ ပြုံးပြလိုက်မိသည်။ ဒါပေမဲ့ ငသစ်ကတော့ ထိုစကားကို ပြန်လည်တုံ့ပြန်ပြီး ပြောပေးခဲ့လေသည်။
"ဒယ်ဒီက လူအများကြီးနဲ့ဆို သိပ်မနေတတ်ဘူး။ အခုလည်း ထည့်စားရမှာကို အားနာနေတာလေ။"
"ဒီမှာက ကိုယ့်လူတွေချည်းပါပဲ။ စားချင်ရင် ယူသာစား...ဥပမာ-ဝသန့်လိုမျိုးပေါ့။"
ဆရာမရဲ့စကားကြောင့် 'ဝသန်'က စားနေရင်းနဲ့ ကျွန်တော်တို့ကို လှမ်းကြည့်ပြီး ပြောလိုက်တော့သည်။
"တီလေးက ကိုယ့်တူအပေါ်ဆို တအားကပ်စေးနည်းတာလေ။ အခုလိုမျိုး သူများတွေနဲ့ လိုက်စားမှ များများစားရမှာ။"
'ဒီကောင်လေးက တကယ့်ကို ငသစ်ပေါက်စလေးပဲ' လို့ ကျွန်တော် တွေးကြည့်ပြီး ငသစ်ကို လှမ်းပြောလိုက်မိသည်။
"မင်းရဲ့အမြွှာညီလေးကို ငါ တွေ့ထားပြီ။"
"ဘယ်မှာလဲ!?"
"ဟိုမှာလေ...ဝသန့်ကို ပြောတာ။"
"ကျန်တာတူလို့ ရပါတယ်။ တစ်ခုတော့ လာတူရင် ပြဿနာတက်သွားရလိမ့်မယ်။"
"ဘာတစ်ခုလဲ!?"
"ဒယ်ဒီ သိစရာမလိုပါဘူး။ သူနဲ့ သိပ်အရောမဝင်နဲ့။"
"ဘာလို့လဲ!? သူ့ဘာသာသူ နေတဲ့ဟာကို။"
"ဒယ်ဒီ ဘာသိလို့လဲ!? သူက ဒယ်ဒီ့ကို လှမ်းကြည့်နေတာ။"
"မတော်တဆ လှမ်းကြည့်မိတာ နေမှာပေါ့။ အဲ့လောက်ကြီး လိုက်တွက်ကတ်မနေပါနဲ့။"
"ကျွန်တော် ပြောတာကိုပဲ နားထောင်စမ်းပါ။ မဟုတ်ရင် လူကြားထဲမှာ ဖက်နမ်းပစ်လိုက်မယ်။"
ငသစ်က ပြောတဲ့အတိုင်း ထလုပ်တတ်တဲ့သူမို့ ကျွန်တော် အထွန့်မတက်ရဲဘဲ ငြိမ်နေခဲ့ရလေသည်။
"ဒါနဲ့ မင်းဆရာမနာမည်က ဘာလဲ!? မွေးနေ့ကိုသာ လာစားနေရတာ။ သူ့နာမည်ကို ခုထိ မသိသေးဘူး။"
"ဆရာမနာမည်က ဒေလီယာတဲ့။"
"မင်းရဲ့လက်ဆောင်ကို ပေးလိုက်ဦးလေ။"
"ဟုတ်သားပဲ။ ပေးဖို့ မေ့နေတာ။"
ငသစ်က ဆရာမရဲ့အနားကို ချဉ်းကပ်သွားပြီး လက်ဆောင်သွားပေးချိန်မှာ ကျွန်တော်လည်း အအေးယူဖို့ ထွက်လာခဲ့မိသည်။
"မင်းနာမည်က လပြည့်မှူးမလား!?"
ဘယ်အချိန်က အနောက်ကို ရောက်နေမှန်းမသိတဲ့ 'ဝသန်'က မေးလာခဲ့တာမို့ ကျွန်တော် အံ့အားသင့်ပြီး ပြန်ဖြေလိုက်မိသည်။
"ဟုတ်တယ်။ ဘာဖြစ်လို့လဲ!?"
"မင်းက တက္ကသိုလ်တက်နေပြီဆို။ ပထမနှစ်ပဲလား!?"
"အင်း...မင်းကရော!?"
"ငါက ဆယ်တန်းဖြေရတော့မှာ။"
"ဒါဆို ငါက အသက်ပိုကြီးတာပေါ့။ ဘာလို့ မင်းတွေ၊ ငါတွေနဲ့ ပြောနေတာလဲ!?"
"ငါက တစ်နှစ်အောက်ထားရလို့ နောက်ကျသွားတာလေ။ အသက်က အတူတူပဲဟာ။"
ကျွန်တော်က အငယ်တွေဆီက ဦးညွှတ်မှုကို ခံရဖို့ ကံဇာတာမပါခဲ့တာပဲ ဖြစ်ပေလိမ့်မည်။
"မင်းက ဘယ်တက္ကသိုလ်ကလဲ!?"
"YUFLမှာ English တက်နေတာ။"
"ဒါဆို အင်္ဂလိပ်စာကျွမ်းမှာပေါ့။"
"ဒီလိုပါပဲ။"
"ဒယ်ဒီ!!!"
ငသစ်ရဲ့ခေါ်သံကြောင့် ပြောလက်စ,စကားက ရပ်တန့်သွားလေတော့သည်။ ကျွန်တော်ရှိရာဆီသို့ လျှောက်လာတဲ့ ငသစ်က 'ဝသန်' ကို စူးရဲစွာဖြင့် စိုက်ကြည့်နေခဲ့သည်။
"အဲ့မှာ ဘာလုပ်နေတာလဲ!?"
ကျွန်တော် လက်ထဲက အအေးကို မြှောက်ပြပြီး အမြန်ဖြေရှင်းချက် ထုတ်ခဲ့ရလေသည်။
"အအေး...လာယူတာ။"
"ယူပြီးပြီမလား!? နေရာမှာ ပြန်ထိုင်တော့။"
ငသစ်က ကျွန်တော့်လက်ကို ဆွဲပြီး နေရာသို့ ပြန်ခေါ်သွားလေတော့သည်။
"ကျွန်တော် အတန်တန် ပြောထားရဲ့သားနဲ့။ ဘာလို့ သူနဲ့ စကားသွားပြောနေတာလဲ!?"
"သူက လာပြောမှတော့ ငါလည်း ပြန်ပြောရတော့တာပေါ့။"
"နေ့တိုင်း ဒယ်ဒီ့ကိုပဲ လိုက်စိတ်ပူနေရတယ်။ တစ်ရက်လောက်တော့ ကျွန်တော့်ကို စိတ်ချလက်ချ မနားစေချင်ဘူးလား!?"
"ငါက ဘာလုပ်နေလို့လဲ!?"
ငသစ်က ကျွန်တော့်ကို ငေးကြည့်ပြီး ပြောခဲ့လေသည်။
"ပြဿနာအားလုံးက ဒီမျက်နှာကြောင့်ပဲ။"
"ငါ့မျက်နှာက ဘာဖြစ်နေလို့လဲ!?"
"သနားချင်စရာမျက်နှာမျိုး ဖြစ်နေတာလေ။ တောင်းစားလို့ကတော့ တော်တော်စီးပွါးဖြစ်မှာ။"
"အဲ့မှာ မင်းပဲ တောင်းစားနေလိုက်..."
"အတူတူ တောင်းစားကြတာပေါ့။ ဒယ်ဒီက ခွက်လေးကိုင်ပြီး မျက်မှန်အမည်းလေးတပ်ထား။ ကျွန်တော်က ဝါးဆစ်ဘူးလေးခေါက်ပြီး သီချင်းဆိုပေးမယ်။"
ကျွန်တော့်ကို ကြည့်ပြီး ရယ်နေတဲ့ ငသစ်ကို ခုံအောက်ကနေ ဆောင့်ကန်လိုက်မိသည်။
"ဟိုတူဝရီးက ဘာတွေ သဘောကျပြီး ရယ်နေကြတာလဲ!?"
'မဒေလီယာ'ရဲ့အမေးကို ငသစ်က ရယ်ရင်းနဲ့ ပြန်ဖြေလိုက်လေသည်။
"အနာဂတ်စီးပွါးရေးအတွက် စီမံကိန်းချနေကြတာပါ။"
"ဟုတ်လား...ဘာစီးပွါးရေးလဲ!?"
"တောင်း..."
ငသစ်ဆီက ပေါက်ကရစကားတွေ ထွက်လာမှာကို ကြိုသိနေတာမို့ ပါးစပ်ကို အမြန်လှမ်းပိတ်လိုက်ရတော့သည်။
"သူ လျှောက်ပြောနေတာပါ။"
"လဝန်းသစ်က အခုလိုကျတော့လည်း ပျော်ပျော်ပါးပါး နေတတ်သားပဲ။ သင်တန်းမှာဆို သူ့ပုံစံက အမြဲမှုန်ကုပ်ကုပ်နဲ့ နေတာ။ ဟာသတွေ ပြောရင်တောင် မရယ်ဘူး။ ခဏနားပြီဆိုရင် ဖုန်းကိုပဲ ထိုင်ကြည့်နေတော့တာ။"
ငသစ်က အဲ့လိုမျိုးနေတယ်တဲ့လား!? အရင်က အပေါင်းအသင်း ဝင်ဆံ့လွန်းသူမို့ သူ့ကို အားကျခဲ့ရဖူးတာ အမှန်ပင်။ ဘာလို့ သူက ဒီလိုမျိုးဖြစ်သွားရတာလဲ!? အဖြေကို သိလိုစိတ်နဲ့ ငသစ်ကို ကျွန်တော် တိုးတိုးလေးမေးလိုက်မိသည်။
"သင်တန်းမှာ မတည့်တဲ့သူရှိလို့လား!?"
"မရှိပါဘူး။"
"ဒါဆို ဘာလို့ အဲ့လိုမျိုးနေတာလဲ!?"
"အချိန်မရှိလို့။"
"ဘာအချိန်လဲ!?"
"လူတစ်ယောက်ကို လွမ်းနေရတာနဲ့ ပျော်ပါးနေဖို့ အချိန်မလောက်တော့တာ။"
သူ ရည်ညွှန်းသူက ကျွန်တော် ဟုတ်၊ မဟုတ် သေချာမသိပေမယ့် နှလုံးသားလေးကတော့ အရှက်မဲ့စွာ တုန်ခါသွားခဲ့လေသည်။ ထိုခဏအတွင်းမှာ သူက ခုံအောက်ကနေ ကျွန်တော့်လက်ကို ဆုပ်ကိုင်လိုက်တော့သည်။
"ဘာလုပ်တာလဲ!?"
"ပျောက်သွားမှာစိုးလို့။"
"ငါက မင်းဘေးမှာ ထိုင်နေတာလေ။"
"ကြားထဲမှာ လေခြားထားတယ်။ စိတ်မချရဘူး။"
"အရူးကောင်..."
ပါးစပ်ကသာ လျှောက်ပြောနေပေမယ့် စိတ်ကတော့ ကြည်နူးနေမိပြန်သည်။ တင်းကြပ်စွာ ဆုပ်ကိုင်ခံထားရတဲ့ လက်တွေကို ပြန်ပြီး မဖြုတ်ရက်တာမို့ ပန်းကန်ထဲက စားလက်စ ပုစွန်နှစ်ကောင်ကို အကြည့်နဲ့ပဲ နှုတ်ဆက်ခဲ့ရလေသည်။ အားလုံးစားသောက်လို့ ပြီးသွားမှ ထိုလက်တွေကို ပြန်ဖြုတ်ပြီး ထရပ်လိုက်မိသည်။ ကျွန်တော်တို့နှစ်ဦး အိမ်ပြန်ဖို့ ပြင်နေချိန်မှာ 'မဒေလီယာ'ရဲ့ခေါ်သံကို ကြားခဲ့ရလေသည်။
"လဝန်းသစ်နဲ့ လပြည့်မှူး...ခဏလေး နေကြပါဦး။ အစ်မ အကူအညီတောင်းစရာလေးရှိလို့။"
"ဟုတ်ကဲ့။"
"လပြည့်မှူးက YUFLမှာ English တက်နေတယ်လို့ ကြားတယ်။ အဲဒါ အစ်မရဲ့တူလေးကို အင်္ဂလိပ်စာ နည်းနည်းပြပေးနိုင်မလား!? သူက ကျန်တဲ့ဘာသာတွေ ရပေမယ့် အဲ့တစ်ခုမှာ အားနည်းနေလို့။"
ထိုတောင်းဆိုမှုကို ကျွန်တော် လက်ခံချင်ပေသည်။ အသုံးစရိတ်အတွက် မေမေနဲ့ မမကို မှီခိုနေရတာမို့ စိတ်တိုင်းကျသုံးခွင့်မရှိခဲ့ပေ။ ငသစ်ဆီက ယူသုံးဖို့ကိုလည်း ဝန်လေးနေခဲ့မိသည်။ ကိုယ်ပိုင်ဝင်ငွေသာ ရှိလာခဲ့မယ်ဆိုရင် ဒီနေ့လိုပွဲတွေအတွက် အရေးပေါ်သုံးစွဲလို့ ရသွားပေလိမ့်မည်။ ဒါပေမဲ့ ကျွန်တော့်သဘောတစ်ခုတည်းနဲ့ မပြီးတာမို့ ငသစ်ကို လှမ်းကြည့်လိုက်မိသည်။
"ဒယ်ဒီက ပိတ်ရက်တွေဆို စာပြန်လေ့လာရတာဆိုတော့ သင်ပေးဖို့ အချိန်ရှိပါ့မလား!?"
ငသစ်ရဲ့စကားက ကျွန်တော့်ကို ပိတ်ပင်ချင်နေမှန်း သိသာလှပေသည်။ ကျွန်တော့်ဘက်ကို မေးခွန်းလှည့်ပေးလိုက်တဲ့ ငသစ်ကြောင့် ရွေးချယ်စရာလည်း မရှိတော့ဘဲ ငြင်းလိုက်ဖို့သာ ဆုံးဖြတ်လိုက်ရတော့သည်။
"ကျွန်တော်က ကျူရှင်လည်း ယူမထားတော့ ပိတ်ရက်ဆို စာပြန်ကြည့်ရလို့ပါ။"
"သူ့ကို စာပြပေးရင်းနဲ့ မင်းရဲ့စာတွေကို လုပ်လို့ရပါတယ်။ သူကလည်း သင်ရတာ အရမ်းညံ့တဲ့ကလေးမျိုး မဟုတ်ပါဘူး။ နာမည်ကြီးဆရာတွေနဲ့လည်း ပျင်းစရာကောင်းတယ်ဆိုပြီး သူက မသင်ချင်ဘူးလေ။ မင်းနဲ့ကျတော့ အရွယ်ချင်း သိပ်မကွာတော့ စကားပြောဆိုရတာ အဆင်ပြေတာပေါ့။ ဖြစ်နိုင်ရင် အစ်မကို ကူညီပေးပါကွယ်။"
'မဒေလီယာ'ရဲ့စကားက ဆက်ငြင်းဖို့ ခဲယဉ်းသွားစေပြန်သည်။ ကျွန်တော့်အခြေအနေကို ရိပ်မိတဲ့ ငသစ်က ဝင်ထိန်းလိုက်ရလေသည်။
"ပိတ်ရက်ဆို ကျွန်တော်နဲ့အတူ လိုက်လာပြီး သင်တန်းမှာပဲ သင်ပေးရင်ရော ရနိုင်လား!?"
"ရတာပေါ့။ ဝရံတာမှာ နေရာလွတ်ရှိတယ်။ သူတို့ကို အဲ့မှာ သင်ခိုင်းလို့ရတာပဲလေ။"
'မဒေလီယာ'နဲ့ ငသစ်က အုပ်ထိန်းသူတွေပီပီ စကားပြောနေကြချိန်မှာ ကာယကံရှင်ဖြစ်တဲ့ ကျွန်တော်နဲ့ 'ဝသန်'က မျက်နှာငယ်လေးနဲ့ပဲ နားထောင်နေခဲ့ရလေသည်။ နောက်ဆုံးတော့ ငသစ်က ကျွန်တော် စာသင်ဖို့ကိစ္စကို လက်ခံပေးခဲ့သည်။ အားလုံးကို နှုတ်ဆက်စကားဆိုပြီး ကျွန်တော်တို့နှစ်ဦး ပြန်လာချိန်မှာ ငသစ်ကို မေးလိုက်မိသည်။
"စောစောကကိစ္စကို ဘာလို့ ခွင့်ပြုပေးလိုက်တာလဲ!? ဆရာမကို အားနာလို့လား!?"
ငသစ်က ကျွန်တော့်ကို လှမ်းကြည့်ပြီး မေးခဲ့လေသည်။
"ဒီလောက်ပဲ စဉ်းစားတတ်တာလား!?"
"မင်း မပြောပြဘဲနဲ့ ငါက ဘယ်လိုလုပ်သိမှာလဲ!?"
"ဒီဦးနှောက်ကျဉ်းကျဉ်းလေးထဲမှာ စာတွေနဲ့ပဲ ပြည့်နေတော့ ဘယ်သိပါ့မလဲ!?"
ငသစ်နဲ့ ဆက်ပြီးပြောနေလည်း လေကုန်တာပဲ အဖတ်တင်မှာမို့ ကျွန်တော် ခပ်သွက်သွက် ထွက်လာခဲ့မိတော့သည်။
"ကန်တော်ကြီးထဲ ခဏသွားရအောင်။"
"ဘာလုပ်ဖို့လဲ!?"
"အိမ်ထဲမှာပဲ နေနေရတာ ငြီးငွေ့စရာကောင်းတယ်။ ဖွားဖွားကို ရှောင်ပြီး ချိန်းတွေ့စရာက ဒီအိပ်ခန်းလေးပဲ ရှိတာ။ ကန်တော်ကြီးထဲမှာ သွားချိန်းတွေ့ကြရအောင်။"
ကျွန်တော်တို့ စတွဲဖြစ်ခဲ့ချိန်ကတည်းက အခုထိ ဖြစ်ဖြစ်မြောက်မြောက် ချိန်းတွေ့ခဲ့ရတာမျိုး တစ်ခါမှ မရှိခဲ့ပေ။ ထိုကြောင့် ငသစ်ရဲ့အကြံကို ကျွန်တော် လက်ခံပေးလိုက်ရလေသည်။
ကန်တော်ကြီးထဲတွင်-
"လူတွေကလည်း များလိုက်တာ။ ပိတ်ရက်ကြီး လာမိလို့ ထင်တယ်။"
"ကျွန်တော်တို့ကို သိတဲ့သူ ဘယ်သူမှ မရှိပါဘူး။ ဘာကြောက်စရာရှိလို့လဲ!?"
"ဒါပေမဲ့..."
"ဒယ်ဒီက ကျွန်တော်နဲ့တွဲနေတယ်ဆိုတာကို လူတွေသိမှာ အရမ်းကြောက်တာပဲနော်။"
ထိုစကားကို ပြောလိုက်တဲ့ ငသစ်ရဲ့မျက်ဝန်းတွေထဲမှာ ဝမ်းနည်းမှုက လွှမ်းခြုံထားသလိုပင်။ သူ့ရဲ့ဒီလိုပုံစံမျိုးက ကျွန်တော့်အတွက် အားနည်းချက်တစ်ခုလို ဖြစ်နေခဲ့လေသည်။ ထိုကြောင့် ကျွန်တော် ဆုံးဖြတ်ချက်ချလိုက်ပြီး ငသစ်ရဲ့လက်ကို ဆုပ်ကိုင်လိုက်မိသည်။
"သွားရအောင်..."
လူကြားထဲမှာ လက်တွဲပြီး လမ်းလျှောက်နေတဲ့ ယောက်ျားလေးနှစ်ဦးကို ထူးဆန်းသလိုပုံစံမျိုးနဲ့ ဝိုင်းကြည့်နေကြမှန်း ကျွန်တော် သိပေမယ့် ပြုံးနေတဲ့ သူ့မျက်နှာက အားလုံးကို ရင်ဆိုင်နိုင်အောင် တွန်းအားပေးနေခဲ့လေသည်။ ခဏအကြာမှာ လူရှင်းလင်းတဲ့နေရာတစ်ခုကို ကျွန်တော်တို့နှစ်ဦး ရောက်ရှိလာခဲ့တော့သည်။
"ဟူး...မောလိုက်တာ။"
ကျွန်တော့်ရဲ့ရေရွတ်သံကို ကြားတော့ ငသစ်က ရယ်လိုက်လေသည်။
"စောစောက လမ်းလျှောက်နေတုန်း အသက်အောင့်ထားခဲ့တာလား!?"
"မဟုတ်ပါဘူး။"
တွဲထားခဲ့တဲ့လက်တွေကို ဖြုတ်ပြီး မြက်ခင်းပေါ် လှဲချဖို့ ပြင်လိုက်ချိန်မှာ ငသစ်က လှမ်းဖက်ထားခဲ့လေသည်။
"ဘာလုပ်တာလဲ!? လူတွေ မြင်ကုန်ဦးမယ်။"
"ဒီအတိုင်းလေးပဲ ခဏနေပါဦး။ ကျွန်တော် မောလို့ပါ။"
ကျွန်တော့်ကျောပြင်ပေါ်က သူ့ရင်ခုန်သံတွေကို ခံစားကြည့်လိုက်မိသည်။ သူ တကယ့်ကို မောနေတာပါလား!?
"ရေသောက်လိုက်ပါလား!? ငါ သွားဝယ်ပေးမယ်လေ။"
"ခဏနေရင် သူ့ဘာသာသူ သက်သာသွားမှာပါ။ ဘယ်ကိုမှ မသွားနဲ့နော်။"
ကျွန်တော့်လည်တိုင်ပေါ်မှာ ဖြတ်သန်းနေတဲ့ သူ့ရဲ့ဝင်သက်ထွက်သက်တွေက ရင်ခုန်စရာ ဂီတတစ်ပုဒ်လိုပင်။ နီးစပ်မှုတစ်ခုကို ဖော်ပြနေတဲ့ ထိုအရာလေးတွေကို ကျွန်တော် ခံစားရင်း စိတ်ကို ခေတ္တအနားပေးလိုက်မိသည်။
"ဒယ်ဒီ...အချိန်တွေ အကြာကြီး ကျွန်တော်နဲ့ အတူတူနေပေးပါနော်။"
"ဘယ်အချိန်အထိလဲ!?"
"တစ်သက်လုံး...ဖြစ်နိုင်ရင် နောက်ဘဝတွေအထိပေါ့။"
"ငါက အိမ်ထောင်မပြုရတော့ဘူးလား!?"
"ပြုရမှာပေါ့။ ဒယ်ဒီ အိမ်ထောင်ကျသွားရင်လည်း ကျွန်တော်တို့ အတူတူနေလို့ရတာပဲ။"
ကျွန်တော်တို့က မိသားစုဝင်တွေဖြစ်နေတော့လည်း အတူတူနေလို့ ရမှာပေါ့လေ။ အဲဒီလို အချိန်မျိုးကို ရောက်လာခဲ့ရင် သူ့အပေါ်ထားတဲ့ ကျွန်တော့်အချစ်တွေကလည်း ငြိမ်သက်သွားလောက်မှာပါ။
"ပြောလေ...အတူတူ နေပေးမယ်မလား!?"
နောင်တစ်ချိန်ကျရင် ဘာဖြစ်လာမလဲဆိုတာကို ခန့်မှန်းလို့ မရနိုင်ပေမယ့် အခုလက်ရှိမှာ သူ့ဘေးနား ရှိနေချင်မိတာတော့ သေချာလေသည်။
"အင်း..."
ငသစ်ဆီက ရယ်သံလေးတွေကို ကြားရချိန်မှာ ကျွန်တော်ကိုယ်တိုင်လည်း ပျော်ရွှင်လာမိတော့သည်။ 'လူကြီးတစ်ယောက်ဖြစ်မလာဘဲ ဒီလိုအချိန်လေးအတိုင်း ရပ်တန့်ထားလို့ ရရင် သိပ်ကောင်းမှာပဲ။' ဘဝခရီးကို စိုးရိမ်ပူပန်ပြီး လျှောက်လှမ်းနေရမယ့်အစား သူနဲ့ အခုလိုမျိုးလေး ကျွန်တော် နေချင်ခဲ့မိသည်။
*ကန်တော်ကြီးထဲအထိ အတွဲလိုက်ချောင်းပေးခဲ့ကြတဲ့ စာဖတ်သူများအားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင့်😂😂😂
#Śûè
***************
အခန္း ၃၁(Zawgyi Version)
တနဂၤေႏြေန႔မို႔ ပ်က္သြားတဲ့ သင္ခန္းစာေတြကို ျပန္ေလ့က်င့္ဖို႔ ကြၽန္ေတာ္ ဆုံးျဖတ္ထားေလသည္။
"ဒီေန႔ ဆရာမရဲ႕ေမြးေန႔ဆိုေတာ့ အားလုံးကို မုန္႔လိုက္ေကြၽးခ်င္လို႔တဲ့။ ဒယ္ဒီ့ကိုပါ ေခၚခဲ့ဖို႔ မွာထားတယ္။"
ငသစ္ရဲ႕စကားေၾကာင့္ စာအုပ္ထုတ္လက္စ လက္ပင္ တုံ႔ဆိုင္းသြားေလေတာ့သည္။
"က်န္တဲ့သူေတြက သင္တန္းသားေတြခ်ည္းပဲေလ။ ငါတစ္ေယာက္တည္း အျပင္လူျဖစ္ေနရင္ ေၾကာင္ေတာင္ေတာင္ႀကီး ထိုင္ေနရမွာေပါ့။"
"ကြၽန္ေတာ္တစ္ေယာက္လုံး ႐ွိေနတာပဲ။ ဘာေတြ ေတြးပူေနတာလဲ!? ဆရာမနဲ႔လည္း ဒယ္ဒီက သိၿပီးသားပဲဟာ။"
"လက္ေဆာင္အတြက္ကေရာ...မဝယ္ရေသးဘူးေလ။"
"ကြၽန္ေတာ္ မေန႔ကတည္းက ဝင္ဝယ္လာၿပီးသားပါ။"
"ငါလည္း ေပးမွျဖစ္မွာေပါ့။ ႏွစ္ေယာက္လုံး သြားစားၿပီးေတာ့ တစ္ေယာက္တည္းက ေပးလို႔ ဘယ္ေကာင္းပါ့မလဲ!?"
"ဘာျဖစ္လဲ!? ကြၽန္ေတာ္တို႔က ႏွစ္လႊာေပါင္းမွ တစ္႐ြက္ဆိုတာ သိသြားတာေပါ့။"
႐ႊတ္ေနာက္ေနာက္ လွမ္းေျပာေနတဲ့ ငသစ္ကို ေခါင္းအုံးနဲ႔ ပစ္ေပါက္လိုက္မိသည္။ ေမြးေန႔ပြဲအတြက္ လက္ေဆာင္ဝယ္ေပးခ်င္ေပမယ့္ ပိုက္ဆံကလည္း မ်ားမ်ားစားစား ႐ွိမေနေပ။ သင္တန္းဆရာမဆိုေတာ့ အမွတ္တရပစၥည္းမ်ိဳး ေပးရင္လည္း မသင့္ေတာ္သလို ျဖစ္ေနေပလိမ့္မည္။ ငသစ္ဆီက ပိုက္ဆံေတာင္းဖို႔ကလည္း အားနားစရာေကာင္းေနျပန္သည္။
"ကြၽန္ေတာ္ လက္ေဆာင္သြားေ႐ြးေနတုန္းက ႏွစ္ေယာက္စာအတြက္ တမင္ေ႐ြးလာခဲ့တာ။ စိတ္ေအးေအးထားၿပီး လူေလးပဲ လိုက္ခဲ့ေပးေနာ္။"
ငသစ္က ကြၽန္ေတာ့္နဖူးကို ခပ္ဖြဖြေလး နမ္းၿပီး ႏွစ္သိမ့္ေပးခဲ့ေလသည္။ အခ်ိန္ကလည္း မရေတာ့တာမို႔ သူ ေျပာသလိုပဲ လုပ္လိုက္ဖို႔ ကြၽန္ေတာ္ ဆုံးျဖတ္လိုက္ရေတာ့သည္။
ေမြးေန႔ပြဲတြင္-
ငသစ္ရဲ႕သင္တန္းဆရာမက ကြၽန္ေတာ္တို႔ကို Gangnam Buffetဆိုတဲ့ ဆိုင္ေလးမွာ လိုက္ေကြၽးခဲ့ေလသည္။ စားပြဲေပၚက စုံလင္ေနတဲ့ ဟင္းပြဲေတြကို ၾကည့္ၿပီး ကြၽန္ေတာ္ ဘယ္ကေန စ,စားရမွန္း မသိေတာ့ေပ။
"ယူစားေလ...ဒယ္ဒီ။ ဘာျဖစ္လို႔လဲ!?"
"ဒီေလာက္အမ်ားႀကီးကို ဘာစားရမယ္မွန္း မသိေတာ့ဘူး။"
"ဒါေလး စားၾကည့္။"
ငသစ္က ကြၽန္ေတာ့္ပန္းကန္ထဲကို ဟင္းေတြ လာထည့္ေပးၿပီး စားခိုင္းခဲ့သည္။ သူ ထည့္ေပးတဲ့ ဟင္းပြဲေတြကို ျမည္းၾကည့္လိုက္ခ်ိန္မွာ အရသာကလည္း အေတာ္ေလးေကာင္းတာကို ကြၽန္ေတာ္ သတိထားမိလိုက္သည္။
"စားလို႔ ေကာင္းလား!?"
"အင္း..."
"ဒါဆို ဒါေလးလည္း စားၾကည့္..."
ငသစ္က သူ စားၾကည့္ၿပီး သေဘာက်သမွ်ကို ကြၽန္ေတာ့္ပန္းကန္ထဲ လာထည့္ေပးတာမို႔ ကိုယ္တိုင္ ခပ္မစားလိုက္ရဘဲ ဗိုက္ျပည့္လုနီးနီး ျဖစ္လာခဲ့ေတာ့သည္။
"လဝန္းသစ္က လျပည့္မႉးကို ေတာ္ေတာ္ခ်စ္႐ွာသားပဲေနာ္။ သူ စမ္းစားၾကည့္ၿပီး ေကာင္းတာေလးေတြကို လိုက္ေကြၽးေနတာ။ မင္းတို႔ကို ျမင္ရတာ စိတ္ခ်မ္းသာလိုက္တာ။"
သင္တန္းဆရာမရဲ႕စကားေၾကာင့္ ကြၽန္ေတာ္ ဘာေျပာရမွန္းမသိဘဲ ျပဳံး႐ုံသာ ျပဳံးျပလိုက္မိသည္။ ဒါေပမဲ့ ငသစ္ကေတာ့ ထိုစကားကို ျပန္လည္တုံ႔ျပန္ၿပီး ေျပာေပးခဲ့ေလသည္။
"ဒယ္ဒီက လူအမ်ားႀကီးနဲ႔ဆို သိပ္မေနတတ္ဘူး။ အခုလည္း ထည့္စားရမွာကို အားနာေနတာေလ။"
"ဒီမွာက ကိုယ့္လူေတြခ်ည္းပါပဲ။ စားခ်င္ရင္ ယူသာစား...ဥပမာ-ဝသန္႔လိုမ်ိဳးေပါ့။"
ဆရာမရဲ႕စကားေၾကာင့္ 'ဝသန္'က စားေနရင္းနဲ႔ ကြၽန္ေတာ္တို႔ကို လွမ္းၾကည့္ၿပီး ေျပာလိုက္ေတာ့သည္။
"တီေလးက ကိုယ့္တူအေပၚဆို တအားကပ္ေစးနည္းတာေလ။ အခုလိုမ်ိဳး သူမ်ားေတြနဲ႔ လိုက္စားမွ မ်ားမ်ားစားရမွာ။"
'ဒီေကာင္ေလးက တကယ့္ကို ငသစ္ေပါက္စေလးပဲ' လို႔ ကြၽန္ေတာ္ ေတြးၾကည့္ၿပီး ငသစ္ကို လွမ္းေျပာလိုက္မိသည္။
"မင္းရဲ႕အႁမႊာညီေလးကို ငါ ေတြ႕ထားၿပီ။"
"ဘယ္မွာလဲ!?"
"ဟိုမွာေလ...ဝသန္႔ကို ေျပာတာ။"
"က်န္တာတူလို႔ ရပါတယ္။ တစ္ခုေတာ့ လာတူရင္ ျပႆနာတက္သြားရလိမ့္မယ္။"
"ဘာတစ္ခုလဲ!?"
"ဒယ္ဒီ သိစရာမလိုပါဘူး။ သူနဲ႔ သိပ္အေရာမဝင္နဲ႔။"
"ဘာလို႔လဲ!? သူ႕ဘာသာသူ ေနတဲ့ဟာကို။"
"ဒယ္ဒီ ဘာသိလို႔လဲ!? သူက ဒယ္ဒီ့ကို လွမ္းၾကည့္ေနတာ။"
"မေတာ္တဆ လွမ္းၾကည့္မိတာ ေနမွာေပါ့။ အဲ့ေလာက္ႀကီး လိုက္တြက္ကတ္မေနပါနဲ႔။"
"ကြၽန္ေတာ္ ေျပာတာကိုပဲ နားေထာင္စမ္းပါ။ မဟုတ္ရင္ လူၾကားထဲမွာ ဖက္နမ္းပစ္လိုက္မယ္။"
ငသစ္က ေျပာတဲ့အတိုင္း ထလုပ္တတ္တဲ့သူမို႔ ကြၽန္ေတာ္ အထြန္႔မတက္ရဲဘဲ ၿငိမ္ေနခဲ့ရေလသည္။
"ဒါနဲ႔ မင္းဆရာမနာမည္က ဘာလဲ!? ေမြးေန႔ကိုသာ လာစားေနရတာ။ သူ႕နာမည္ကို ခုထိ မသိေသးဘူး။"
"ဆရာမနာမည္က ေဒလီယာတဲ့။"
"မင္းရဲ႕လက္ေဆာင္ကို ေပးလိုက္ဦးေလ။"
"ဟုတ္သားပဲ။ ေပးဖို႔ ေမ့ေနတာ။"
ငသစ္က ဆရာမရဲ႕အနားကို ခ်ဥ္းကပ္သြားၿပီး လက္ေဆာင္သြားေပးခ်ိန္မွာ ကြၽန္ေတာ္လည္း အေအးယူဖို႔ ထြက္လာခဲ့မိသည္။
"မင္းနာမည္က လျပည့္မႉးမလား!?"
ဘယ္အခ်ိန္က အေနာက္ကို ေရာက္ေနမွန္းမသိတဲ့ 'ဝသန္'က ေမးလာခဲ့တာမို႔ ကြၽန္ေတာ္ အံ့အားသင့္ၿပီး ျပန္ေျဖလိုက္မိသည္။
"ဟုတ္တယ္။ ဘာျဖစ္လို႔လဲ!?"
"မင္းက တကၠသိုလ္တက္ေနၿပီဆို။ ပထမႏွစ္ပဲလား!?"
"အင္း...မင္းကေရာ!?"
"ငါက ဆယ္တန္းေျဖရေတာ့မွာ။"
"ဒါဆို ငါက အသက္ပိုႀကီးတာေပါ့။ ဘာလို႔ မင္းေတြ၊ ငါေတြနဲ႔ ေျပာေနတာလဲ!?"
"ငါက တစ္ႏွစ္ေအာက္ထားရလို႔ ေနာက္က်သြားတာေလ။ အသက္က အတူတူပဲဟာ။"
ကြၽန္ေတာ္က အငယ္ေတြဆီက ဦးၫႊတ္မႈကို ခံရဖို႔ ကံဇာတာမပါခဲ့တာပဲ ျဖစ္ေပလိမ့္မည္။
"မင္းက ဘယ္တကၠသိုလ္ကလဲ!?"
"YUFLမွာ English တက္ေနတာ။"
"ဒါဆို အဂၤလိပ္စာကြၽမ္းမွာေပါ့။"
"ဒီလိုပါပဲ။"
"ဒယ္ဒီ!!!"
ငသစ္ရဲ႕ေခၚသံေၾကာင့္ ေျပာလက္စ,စကားက ရပ္တန္႔သြားေလေတာ့သည္။ ကြၽန္ေတာ္႐ွိရာဆီသို႔ ေလွ်ာက္လာတဲ့ ငသစ္က 'ဝသန္' ကို စူးရဲစြာျဖင့္ စိုက္ၾကည့္ေနခဲ့သည္။
"အဲ့မွာ ဘာလုပ္ေနတာလဲ!?"
ကြၽန္ေတာ္ လက္ထဲက အေအးကို ေျမႇာက္ျပၿပီး အျမန္ေျဖ႐ွင္းခ်က္ ထုတ္ခဲ့ရေလသည္။
"အေအး...လာယူတာ။"
"ယူၿပီးၿပီမလား!? ေနရာမွာ ျပန္ထိုင္ေတာ့။"
ငသစ္က ကြၽန္ေတာ့္လက္ကို ဆြဲၿပီး ေနရာသို႔ ျပန္ေခၚသြားေလေတာ့သည္။
"ကြၽန္ေတာ္ အတန္တန္ ေျပာထားရဲ႕သားနဲ႔။ ဘာလို႔ သူနဲ႔ စကားသြားေျပာေနတာလဲ!?"
"သူက လာေျပာမွေတာ့ ငါလည္း ျပန္ေျပာရေတာ့တာေပါ့။"
"ေန႔တိုင္း ဒယ္ဒီ့ကိုပဲ လိုက္စိတ္ပူေနရတယ္။ တစ္ရက္ေလာက္ေတာ့ ကြၽန္ေတာ့္ကို စိတ္ခ်လက္ခ် မနားေစခ်င္ဘူးလား!?"
"ငါက ဘာလုပ္ေနလို႔လဲ!?"
ငသစ္က ကြၽန္ေတာ့္ကို ေငးၾကည့္ၿပီး ေျပာခဲ့ေလသည္။
"ျပႆနာအားလုံးက ဒီမ်က္ႏွာေၾကာင့္ပဲ။"
"ငါ့မ်က္ႏွာက ဘာျဖစ္ေနလို႔လဲ!?"
"သနားခ်င္စရာမ်က္ႏွာမ်ိဳး ျဖစ္ေနတာေလ။ ေတာင္းစားလို႔ကေတာ့ ေတာ္ေတာ္စီးပြါးျဖစ္မွာ။"
"အဲ့မွာ မင္းပဲ ေတာင္းစားေနလိုက္..."
"အတူတူ ေတာင္းစားၾကတာေပါ့။ ဒယ္ဒီက ခြက္ေလးကိုင္ၿပီး မ်က္မွန္အမည္းေလးတပ္ထား။ ကြၽန္ေတာ္က ဝါးဆစ္ဘူးေလးေခါက္ၿပီး သီခ်င္းဆိုေပးမယ္။"
ကြၽန္ေတာ့္ကို ၾကည့္ၿပီး ရယ္ေနတဲ့ ငသစ္ကို ခုံေအာက္ကေန ေဆာင့္ကန္လိုက္မိသည္။
"ဟိုတူဝရီးက ဘာေတြ သေဘာက်ၿပီး ရယ္ေနၾကတာလဲ!?"
'မေဒလီယာ'ရဲ႕အေမးကို ငသစ္က ရယ္ရင္းနဲ႔ ျပန္ေျဖလိုက္ေလသည္။
"အနာဂတ္စီးပြါးေရးအတြက္ စီမံကိန္းခ်ေနၾကတာပါ။"
"ဟုတ္လား...ဘာစီးပြါးေရးလဲ!?"
"ေတာင္း..."
ငသစ္ဆီက ေပါက္ကရစကားေတြ ထြက္လာမွာကို ႀကိဳသိေနတာမို႔ ပါးစပ္ကို အျမန္လွမ္းပိတ္လိုက္ရေတာ့သည္။
"သူ ေလွ်ာက္ေျပာေနတာပါ။"
"လဝန္းသစ္က အခုလိုက်ေတာ့လည္း ေပ်ာ္ေပ်ာ္ပါးပါး ေနတတ္သားပဲ။ သင္တန္းမွာဆို သူ႕ပုံစံက အၿမဲမႈန္ကုပ္ကုပ္နဲ႔ ေနတာ။ ဟာသေတြ ေျပာရင္ေတာင္ မရယ္ဘူး။ ခဏနားၿပီဆိုရင္ ဖုန္းကိုပဲ ထိုင္ၾကည့္ေနေတာ့တာ။"
ငသစ္က အဲ့လိုမ်ိဳးေနတယ္တဲ့လား!? အရင္က အေပါင္းအသင္း ဝင္ဆံ့လြန္းသူမို႔ သူ႕ကို အားက်ခဲ့ရဖူးတာ အမွန္ပင္။ ဘာလို႔ သူက ဒီလိုမ်ိဳးျဖစ္သြားရတာလဲ!? အေျဖကို သိလိုစိတ္နဲ႔ ငသစ္ကို ကြၽန္ေတာ္ တိုးတိုးေလးေမးလိုက္မိသည္။
"သင္တန္းမွာ မတည့္တဲ့သူ႐ွိလို႔လား!?"
"မ႐ွိပါဘူး။"
"ဒါဆို ဘာလို႔ အဲ့လိုမ်ိဳးေနတာလဲ!?"
"အခ်ိန္မ႐ွိလို႔။"
"ဘာအခ်ိန္လဲ!?"
"လူတစ္ေယာက္ကို လြမ္းေနရတာနဲ႔ ေပ်ာ္ပါးေနဖို႔ အခ်ိန္မေလာက္ေတာ့တာ။"
သူ ရည္ၫႊန္းသူက ကြၽန္ေတာ္ ဟုတ္၊ မဟုတ္ ေသခ်ာမသိေပမယ့္ ႏွလုံးသားေလးကေတာ့ အ႐ွက္မဲ့စြာ တုန္ခါသြားခဲ့ေလသည္။ ထိုခဏအတြင္းမွာ သူက ခုံေအာက္ကေန ကြၽန္ေတာ့္လက္ကို ဆုပ္ကိုင္လိုက္ေတာ့သည္။
"ဘာလုပ္တာလဲ!?"
"ေပ်ာက္သြားမွာစိုးလို႔။"
"ငါက မင္းေဘးမွာ ထိုင္ေနတာေလ။"
"ၾကားထဲမွာ ေလျခားထားတယ္။ စိတ္မခ်ရဘူး။"
"အ႐ူးေကာင္..."
ပါးစပ္ကသာ ေလွ်ာက္ေျပာေနေပမယ့္ စိတ္ကေတာ့ ၾကည္ႏူးေနမိျပန္သည္။ တင္းၾကပ္စြာ ဆုပ္ကိုင္ခံထားရတဲ့ လက္ေတြကို ျပန္ၿပီး မျဖဳတ္ရက္တာမို႔ ပန္းကန္ထဲက စားလက္စ ပုစြန္ႏွစ္ေကာင္ကို အၾကည့္နဲ႔ပဲ ႏႈတ္ဆက္ခဲ့ရေလသည္။ အားလုံးစားေသာက္လို႔ ၿပီးသြားမွ ထိုလက္ေတြကို ျပန္ျဖဳတ္ၿပီး ထရပ္လိုက္မိသည္။ ကြၽန္ေတာ္တို႔ႏွစ္ဦး အိမ္ျပန္ဖို႔ ျပင္ေနခ်ိန္မွာ 'မေဒလီယာ'ရဲ႕ေခၚသံကို ၾကားခဲ့ရေလသည္။
"လဝန္းသစ္နဲ႔ လျပည့္မႉး...ခဏေလး ေနၾကပါဦး။ အစ္မ အကူအညီေတာင္းစရာေလး႐ွိလို႔။"
"ဟုတ္ကဲ့။"
"လျပည့္မႉးက YUFLမွာ English တက္ေနတယ္လို႔ ၾကားတယ္။ အဲဒါ အစ္မရဲ႕တူေလးကို အဂၤလိပ္စာ နည္းနည္းျပေပးႏိုင္မလား!? သူက က်န္တဲ့ဘာသာေတြ ရေပမယ့္ အဲ့တစ္ခုမွာ အားနည္းေနလို႔။"
ထိုေတာင္းဆိုမႈကို ကြၽန္ေတာ္ လက္ခံခ်င္ေပသည္။ အသုံးစရိတ္အတြက္ ေမေမနဲ႔ မမကို မွီခိုေနရတာမို႔ စိတ္တိုင္းက်သုံးခြင့္မ႐ွိခဲ့ေပ။ ငသစ္ဆီက ယူသုံးဖို႔ကိုလည္း ဝန္ေလးေနခဲ့မိသည္။ ကိုယ္ပိုင္ဝင္ေငြသာ ႐ွိလာခဲ့မယ္ဆိုရင္ ဒီေန႔လိုပြဲေတြအတြက္ အေရးေပၚသုံးစြဲလို႔ ရသြားေပလိမ့္မည္။ ဒါေပမဲ့ ကြၽန္ေတာ့္သေဘာတစ္ခုတည္းနဲ႔ မၿပီးတာမို႔ ငသစ္ကို လွမ္းၾကည့္လိုက္မိသည္။
"ဒယ္ဒီက ပိတ္ရက္ေတြဆို စာျပန္ေလ့လာရတာဆိုေတာ့ သင္ေပးဖို႔ အခ်ိန္႐ွိပါ့မလား!?"
ငသစ္ရဲ႕စကားက ကြၽန္ေတာ့္ကို ပိတ္ပင္ခ်င္ေနမွန္း သိသာလွေပသည္။ ကြၽန္ေတာ့္ဘက္ကို ေမးခြန္းလွည့္ေပးလိုက္တဲ့ ငသစ္ေၾကာင့္ ေ႐ြးခ်ယ္စရာလည္း မ႐ွိေတာ့ဘဲ ျငင္းလိုက္ဖို႔သာ ဆုံးျဖတ္လိုက္ရေတာ့သည္။
"ကြၽန္ေတာ္က က်ဴ႐ွင္လည္း ယူမထားေတာ့ ပိတ္ရက္ဆို စာျပန္ၾကည့္ရလို႔ပါ။"
"သူ႕ကို စာျပေပးရင္းနဲ႔ မင္းရဲ႕စာေတြကို လုပ္လို႔ရပါတယ္။ သူကလည္း သင္ရတာ အရမ္းညံ့တဲ့ကေလးမ်ိဳး မဟုတ္ပါဘူး။ နာမည္ႀကီးဆရာေတြနဲ႔လည္း ပ်င္းစရာေကာင္းတယ္ဆိုၿပီး သူက မသင္ခ်င္ဘူးေလ။ မင္းနဲ႔က်ေတာ့ အ႐ြယ္ခ်င္း သိပ္မကြာေတာ့ စကားေျပာဆိုရတာ အဆင္ေျပတာေပါ့။ ျဖစ္ႏိုင္ရင္ အစ္မကို ကူညီေပးပါကြယ္။"
'မေဒလီယာ'ရဲ႕စကားက ဆက္ျငင္းဖို႔ ခဲယဥ္းသြားေစျပန္သည္။ ကြၽန္ေတာ့္အေျခအေနကို ရိပ္မိတဲ့ ငသစ္က ဝင္ထိန္းလိုက္ရေလသည္။
"ပိတ္ရက္ဆို ကြၽန္ေတာ္နဲ႔အတူ လိုက္လာၿပီး သင္တန္းမွာပဲ သင္ေပးရင္ေရာ ရႏိုင္လား!?"
"ရတာေပါ့။ ဝရံတာမွာ ေနရာလြတ္႐ွိတယ္။ သူတို႔ကို အဲ့မွာ သင္ခိုင္းလို႔ရတာပဲေလ။"
'မေဒလီယာ'နဲ႔ ငသစ္က အုပ္ထိန္းသူေတြပီပီ စကားေျပာေနၾကခ်ိန္မွာ ကာယကံ႐ွင္ျဖစ္တဲ့ ကြၽန္ေတာ္နဲ႔ 'ဝသန္'က မ်က္ႏွာငယ္ေလးနဲ႔ပဲ နားေထာင္ေနခဲ့ရေလသည္။ ေနာက္ဆုံးေတာ့ ငသစ္က ကြၽန္ေတာ္ စာသင္ဖို႔ကိစၥကို လက္ခံေပးခဲ့သည္။ အားလုံးကို ႏႈတ္ဆက္စကားဆိုၿပီး ကြၽန္ေတာ္တို႔ႏွစ္ဦး ျပန္လာခ်ိန္မွာ ငသစ္ကို ေမးလိုက္မိသည္။
"ေစာေစာကကိစၥကို ဘာလို႔ ခြင့္ျပဳေပးလိုက္တာလဲ!? ဆရာမကို အားနာလို႔လား!?"
ငသစ္က ကြၽန္ေတာ့္ကို လွမ္းၾကည့္ၿပီး ေမးခဲ့ေလသည္။
"ဒီေလာက္ပဲ စဥ္းစားတတ္တာလား!?"
"မင္း မေျပာျပဘဲနဲ႔ ငါက ဘယ္လိုလုပ္သိမွာလဲ!?"
"ဒီဦးေႏွာက္က်ဥ္းက်ဥ္းေလးထဲမွာ စာေတြနဲ႔ပဲ ျပည့္ေနေတာ့ ဘယ္သိပါ့မလဲ!?"
ငသစ္နဲ႔ ဆက္ၿပီးေျပာေနလည္း ေလကုန္တာပဲ အဖတ္တင္မွာမို႔ ကြၽန္ေတာ္ ခပ္သြက္သြက္ ထြက္လာခဲ့မိေတာ့သည္။
"ကန္ေတာ္ႀကီးထဲ ခဏသြားရေအာင္။"
"ဘာလုပ္ဖို႔လဲ!?"
"အိမ္ထဲမွာပဲ ေနေနရတာ ၿငီးေငြ႕စရာေကာင္းတယ္။ ဖြားဖြားကို ေ႐ွာင္ၿပီး ခ်ိန္းေတြ႕စရာက ဒီအိပ္ခန္းေလးပဲ ႐ွိတာ။ ကန္ေတာ္ႀကီးထဲမွာ သြားခ်ိန္းေတြ႕ၾကရေအာင္။"
ကြၽန္ေတာ္တို႔ စတြဲျဖစ္ခဲ့ခ်ိန္ကတည္းက အခုထိ ျဖစ္ျဖစ္ေျမာက္ေျမာက္ ခ်ိန္းေတြ႕ခဲ့ရတာမ်ိဳး တစ္ခါမွ မ႐ွိခဲ့ေပ။ ထိုေၾကာင့္ ငသစ္ရဲ႕အၾကံကို ကြၽန္ေတာ္ လက္ခံေပးလိုက္ရေလသည္။
ကန္ေတာ္ႀကီးထဲတြင္-
"လူေတြကလည္း မ်ားလိုက္တာ။ ပိတ္ရက္ႀကီး လာမိလို႔ ထင္တယ္။"
"ကြၽန္ေတာ္တို႔ကို သိတဲ့သူ ဘယ္သူမွ မ႐ွိပါဘူး။ ဘာေၾကာက္စရာ႐ွိလို႔လဲ!?"
"ဒါေပမဲ့..."
"ဒယ္ဒီက ကြၽန္ေတာ္နဲ႔တြဲေနတယ္ဆိုတာကို လူေတြသိမွာ အရမ္းေၾကာက္တာပဲေနာ္။"
ထိုစကားကို ေျပာလိုက္တဲ့ ငသစ္ရဲ႕မ်က္ဝန္းေတြထဲမွာ ဝမ္းနည္းမႈက လႊမ္းျခဳံထားသလိုပင္။ သူ႕ရဲ႕ဒီလိုပုံစံမ်ိဳးက ကြၽန္ေတာ့္အတြက္ အားနည္းခ်က္တစ္ခုလို ျဖစ္ေနခဲ့ေလသည္။ ထိုေၾကာင့္ ကြၽန္ေတာ္ ဆုံးျဖတ္ခ်က္ခ်လိုက္ၿပီး ငသစ္ရဲ႕လက္ကို ဆုပ္ကိုင္လိုက္မိသည္။
"သြားရေအာင္..."
လူၾကားထဲမွာ လက္တြဲၿပီး လမ္းေလွ်ာက္ေနတဲ့ ေယာက်္ားေလးႏွစ္ဦးကို ထူးဆန္းသလိုပုံစံမ်ိဳးနဲ႔ ဝိုင္းၾကည့္ေနၾကမွန္း ကြၽန္ေတာ္ သိေပမယ့္ ျပဳံးေနတဲ့ သူ႕မ်က္ႏွာက အားလုံးကို ရင္ဆိုင္ႏိုင္ေအာင္ တြန္းအားေပးေနခဲ့ေလသည္။ ခဏအၾကာမွာ လူ႐ွင္းလင္းတဲ့ေနရာတစ္ခုကို ကြၽန္ေတာ္တို႔ႏွစ္ဦး ေရာက္႐ွိလာခဲ့ေတာ့သည္။
"ဟူး...ေမာလိုက္တာ။"
ကြၽန္ေတာ့္ရဲ႕ေရ႐ြတ္သံကို ၾကားေတာ့ ငသစ္က ရယ္လိုက္ေလသည္။
"ေစာေစာက လမ္းေလွ်ာက္ေနတုန္း အသက္ေအာင့္ထားခဲ့တာလား!?"
"မဟုတ္ပါဘူး။"
တြဲထားခဲ့တဲ့လက္ေတြကို ျဖဳတ္ၿပီး ျမက္ခင္းေပၚ လွဲခ်ဖို႔ ျပင္လိုက္ခ်ိန္မွာ ငသစ္က လွမ္းဖက္ထားခဲ့ေလသည္။
"ဘာလုပ္တာလဲ!? လူေတြ ျမင္ကုန္ဦးမယ္။"
"ဒီအတိုင္းေလးပဲ ခဏေနပါဦး။ ကြၽန္ေတာ္ ေမာလို႔ပါ။"
ကြၽန္ေတာ့္ေက်ာျပင္ေပၚက သူ႕ရင္ခုန္သံေတြကို ခံစားၾကည့္လိုက္မိသည္။ သူ တကယ့္ကို ေမာေနတာပါလား!?
"ေရေသာက္လိုက္ပါလား!? ငါ သြားဝယ္ေပးမယ္ေလ။"
"ခဏေနရင္ သူ႕ဘာသာသူ သက္သာသြားမွာပါ။ ဘယ္ကိုမွ မသြားနဲ႔ေနာ္။"
ကြၽန္ေတာ့္လည္တိုင္ေပၚမွာ ျဖတ္သန္းေနတဲ့ သူ႕ရဲ႕ဝင္သက္ထြက္သက္ေတြက ရင္ခုန္စရာ ဂီတတစ္ပုဒ္လိုပင္။ နီးစပ္မႈတစ္ခုကို ေဖာ္ျပေနတဲ့ ထိုအရာေလးေတြကို ကြၽန္ေတာ္ ခံစားရင္း စိတ္ကို ေခတၱအနားေပးလိုက္မိသည္။
"ဒယ္ဒီ...အခ်ိန္ေတြ အၾကာႀကီး ကြၽန္ေတာ္နဲ႔ အတူတူေနေပးပါေနာ္။"
"ဘယ္အခ်ိန္အထိလဲ!?"
"တစ္သက္လုံး...ျဖစ္ႏိုင္ရင္ ေနာက္ဘဝေတြအထိေပါ့။"
"ငါက အိမ္ေထာင္မျပဳရေတာ့ဘူးလား!?"
"ျပဳရမွာေပါ့။ ဒယ္ဒီ အိမ္ေထာင္က်သြားရင္လည္း ကြၽန္ေတာ္တို႔ အတူတူေနလို႔ရတာပဲ။"
ကြၽန္ေတာ္တို႔က မိသားစုဝင္ေတြျဖစ္ေနေတာ့လည္း အတူတူေနလို႔ ရမွာေပါ့ေလ။ အဲဒီလို အခ်ိန္မ်ိဳးကို ေရာက္လာခဲ့ရင္ သူ႕အေပၚထားတဲ့ ကြၽန္ေတာ့္အခ်စ္ေတြကလည္း ၿငိမ္သက္သြားေလာက္မွာပါ။
"ေျပာေလ...အတူတူ ေနေပးမယ္မလား!?"
ေနာင္တစ္ခ်ိန္က်ရင္ ဘာျဖစ္လာမလဲဆိုတာကို ခန္႔မွန္းလို႔ မရႏိုင္ေပမယ့္ အခုလက္႐ွိမွာ သူ႕ေဘးနား ႐ွိေနခ်င္မိတာေတာ့ ေသခ်ာေလသည္။
"အင္း..."
ငသစ္ဆီက ရယ္သံေလးေတြကို ၾကားရခ်ိန္မွာ ကြၽန္ေတာ္ကိုယ္တိုင္လည္း ေပ်ာ္႐ႊင္လာမိေတာ့သည္။ 'လူႀကီးတစ္ေယာက္ျဖစ္မလာဘဲ ဒီလိုအခ်ိန္ေလးအတိုင္း ရပ္တန္႔ထားလို႔ ရရင္ သိပ္ေကာင္းမွာပဲ။' ဘဝခရီးကို စိုးရိမ္ပူပန္ၿပီး ေလွ်ာက္လွမ္းေနရမယ့္အစား သူနဲ႔ အခုလိုမ်ိဳးေလး ကြၽန္ေတာ္ ေနခ်င္ခဲ့မိသည္။
*ကန္ေတာ္ႀကီးထဲအထိ အတြဲလိုက္ေခ်ာင္းေပးခဲ့ၾကတဲ့ စာဖတ္သူမ်ားအားလုံးကိုလည္း ေက်းဇူးအမ်ားႀကီး တင္ပါတယ္႐ွင့္😂😂😂
#Śûè
***************