แ€›แ€พแ€ฌแ€ธแ€›แ€พแ€ฌแ€ธแ€•แ€ซแ€ธแ€•แ€ซแ€ธ...

By Sue_Khat_Wai

1.1M 134K 15.6K

๐‘ฉ๐‘ณ(๐‘ช๐’๐’Ž๐’‘๐’๐’†๐’•๐’†๐’…) แ€กแ€›แ€™แ€บแ€ธแ€œแ€Šแ€บแ€œแ€ฝแ€”แ€บแ€ธแ€แ€ฒแ€ท แ€žแ€…แ€บแ€žแ€…แ€บแ€”แ€ฒแ€ท แ€•แ€ญแ€”แ€บแ€ธแ€ฅแ€–แ€ผแ€ฐแ€’แ€šแ€บแ€’แ€ฎแ€แ€ญแ€ฏแ€ทแ€›แ€ฒแ€ทแ€กแ€แ€ปแ€…แ€บแ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€œแ€ฑแ€ธ... แ€กแ€›แ€™แ€นแ€ธแ€œแ€Šแ€นแ€œแ€ผแ€”แ€นแ€ธแ€แ€ฒแ€ท... More

๐ŸŒน1๐ŸŒน
๐ŸŒน2๐ŸŒน
๐ŸŒน3๐ŸŒน
๐ŸŒน4๐ŸŒน
๐ŸŒน5๐ŸŒน
๐ŸŒน6๐ŸŒน
๐ŸŒน7๐ŸŒน
๐ŸŒน8๐ŸŒน
๐ŸŒน9๐ŸŒน
๐ŸŒน10๐ŸŒน
๐ŸŒน11๐ŸŒน
แ€กแ€แ€”แ€บแ€ธ แแ‚ (Chapter 12)
แ€กแ€แ€”แ€บแ€ธ แแƒ (Chapter 13)
แ€กแ€แ€”แ€บแ€ธ แแ„ (Chapter 14)
แ€กแ€แ€”แ€บแ€ธ แแ… (Chapter 15)
แ€กแ€แ€”แ€บแ€ธ แแ† (Chapter 16)
แ€กแ€แ€”แ€บแ€ธ แแ‡ (Chapter 17)
แ€กแ€แ€”แ€บแ€ธ แแˆ (Chapter 18)
แ€กแ€แ€”แ€บแ€ธ แ‚แ€ (Chapter 20)
แ€กแ€แ€”แ€บแ€ธ แ‚แ (Chapter 21)
แ€กแ€แ€”แ€บแ€ธ แ‚แ‚ (Chapter 22)
แ€กแ€แ€”แ€บแ€ธ แ‚แƒ (Chapter 23)
แ€กแ€แ€”แ€บแ€ธ แ‚แ„ (Chapter 24)
แ€กแ€แ€”แ€บแ€ธ แ‚แ… (Chapter 25)
แ€กแ€แ€”แ€บแ€ธ แ‚แ† (Chapter 26)
แ€กแ€แ€”แ€บแ€ธ แ‚แ‡ (Chapter 27)
แ€กแ€แ€”แ€บแ€ธ แ‚แˆ (Chapter 28)
แ€กแ€แ€”แ€บแ€ธ แ‚แ‰ (Chapter 29)
แ€กแ€แ€”แ€บแ€ธ แƒแ€ (Chapter 30)
แ€กแ€แ€”แ€บแ€ธ แƒแ (Chapter 31)
แ€กแ€แ€”แ€บแ€ธ แƒแ‚ (Chapter 32)
แ€กแ€แ€”แ€บแ€ธ แƒแƒ (Chapter 33)
แ€กแ€แ€”แ€บแ€ธ แƒแ„ (Chapter 34)
แ€กแ€แ€”แ€บแ€ธ แƒแ… (Chapter 35)
แ€กแ€แ€”แ€บแ€ธ แƒแ† (Chapter 36)
แ€กแ€แ€”แ€บแ€ธ แƒแ‡ (Chapter 37)
แ€กแ€แ€”แ€บแ€ธ แƒแˆ (Chapter 38)
แ€กแ€แ€”แ€บแ€ธ แƒแ‰ (Chapter 39)
แ€กแ€แ€”แ€บแ€ธ แ„แ€ (Chapter 40)
แ€กแ€แ€”แ€บแ€ธ แ„แ (Chapter 41)
แ€กแ€แ€”แ€บแ€ธ แ„แ‚ (Chapter 42)
แ€กแ€แ€”แ€บแ€ธ แ„แƒ (Chapter 43)
แ€กแ€แ€”แ€บแ€ธ แ„แ„ (Chapter 44)
แ€กแ€แ€”แ€บแ€ธ แ„แ… (Chapter 45)
แ€กแ€แ€”แ€บแ€ธ แ„แ† (Chapter 46)
แ€กแ€แ€”แ€บแ€ธ แ„แ‡ (Chapter 47)
แ€กแ€แ€”แ€บแ€ธ แ„แˆ (Chapter 48)
แ€กแ€แ€”แ€บแ€ธ แ„แ‰ (Chapter 49)
แ€กแ€แ€”แ€บแ€ธ แ…แ€ (Chapter 50)
แ€กแ€แ€”แ€บแ€ธ แ…แ (Chapter 51)
แ€กแ€แ€”แ€บแ€ธ แ…แ‚ (Chapter 52)
แ€กแ€แ€”แ€บแ€ธ แ…แƒ (Chapter 53)
แ€กแ€แ€”แ€บแ€ธ แ…แ„ (Chapter 54)
แ€กแ€แ€”แ€บแ€ธ แ…แ… (Chapter 55)
แ€กแ€แ€”แ€บแ€ธ แ…แ† (Chapter 56)
แ€กแ€แ€”แ€บแ€ธ แ…แ‡ (Chapter 57)
แ€กแ€แ€”แ€บแ€ธ แ…แˆ (Chapter 58)
แ€กแ€แ€”แ€บแ€ธ แ…แ‰ (Chapter 59)
แ€กแ€แ€”แ€บแ€ธ แ†แ€ (Chapter 60)
แ€กแ€แ€”แ€บแ€ธ แ†แ (Chapter 61)
แ€กแ€แ€”แ€บแ€ธ แ†แ‚ (Chapter 62)
แ€กแ€แ€”แ€บแ€ธ แ†แƒ (Chapter 63)
แ€กแ€แ€”แ€บแ€ธ แ†แ„ (Chapter 64)
แ€กแ€แ€”แ€บแ€ธ แ†แ… (Chapter 65)
แ€กแ€แ€”แ€บแ€ธ แ†แ† (Chapter 66)
แ€กแ€แ€”แ€บแ€ธ แ†แ‡ (Chapter 67)
แ€กแ€แ€”แ€บแ€ธ แ†แˆ (Chapter 68)
แ€กแ€แ€”แ€บแ€ธ แ†แ‰ (Chapter 69)
แ€กแ€แ€”แ€บแ€ธ แ‡แ€ (Chapter 70)
แ€กแ€แ€”แ€บแ€ธ แ‡แ (Chapter 71)
แ€กแ€แ€”แ€บแ€ธ แ‡แ‚ (Chapter 72)
แ€กแ€แ€”แ€บแ€ธ แ‡แƒ (Chapter 73)
แ€กแ€แ€”แ€บแ€ธ แ‡แ„ (Chapter 74)
แ€กแ€แ€”แ€บแ€ธ แ‡แ… (Chapter 75)
Extra 1๐ŸŒน๐ŸŒน๐ŸŒน
Extra 2๐ŸŒน๐ŸŒน๐ŸŒน
Extra 3๐ŸŒน๐ŸŒน๐ŸŒน
Extra 4๐ŸŒน๐ŸŒน๐ŸŒน
Extra 5๐ŸŒน๐ŸŒน๐ŸŒน
โ—Attention โ—

แ€กแ€แ€”แ€บแ€ธ แแ‰ (Chapter 19)

16.2K 2K 219
By Sue_Khat_Wai

(Unicode Version)


ဒီနေ့က ကျောင်းပိတ်တာမို့ ပေးထားတဲ့ကတိအတိုင်း ငသစ်နဲ့ ရုပ်ရှင်သွားကြည့်ဖို့အတွက် အိမ်ကနေ ထွက်လာခဲ့တော့သည်။ အားလပ်ရက်ဖြစ်နေခြင်းကြောင့် လူတွေစုံနေပြီး ထိုင်စရာနေရာပင် ရှားပါးနေခဲ့လေသည်။

"လူတွေကလည်း များလိုက်တာ။ အဲ့လိုမှန်းသိရင် ဒီနေ့ မလာပါဘူး။"

"ဘာတွေ ပွစိပွစိ လုပ်နေတာလဲ!? ရောက်ပဲ ရောက်နေပြီဟာကို။"

"ဘယ်ဇာတ်လမ်းကို ကြည့်မှာလဲ!? ရွေးပြီးပြီလား!?"

"အင်း...Jigsawဆိုတဲ့ ဇာတ်လမ်းကို ကြည့်ရအောင်။"

ထိုဇာတ်လမ်းရဲ့ပိုစတာကို ကျွန်တော် လှမ်းကြည့်လိုက်မိသည်။

"Horror ဇာတ်လမ်း ထင်တယ်။"

"ဘာလဲ!? မကြည့်ရဲဘူးလား!?"

"ဘာလို့ မကြည့်ရဲရမှာလဲ!?"

ကျွန်တော်တို့နှစ်ဦး ထိုဇာတ်ကားကို ကြည့်ဖို့ လက်မှတ်ဖြတ်လိုက်ပြီး မပြသေးခင်မှာ စင်တာကို လျှောက်ပတ်ကြည့်ဖို့ ထွက်လာခဲ့ကြတော့သည်။

"ကော်ဖီ သွားသောက်ကြမလား!?"

"မသောက်ချင်ဘူး။"

"အအေးရော!?"

"မသောက်ဘူး။"

"မုန့်စားချင်လား!?"

"မစားချင်ဘူး။"

"ဘာလို့ အကုန်လုံးကို ငြင်း‌နေရတာလဲ!?"

"ငါမှ ဗိုက်မဆာတဲ့ဟာ။"

"ရုပ်ရှင်ကြည့်ရင် ဗိုက်ဆာနေမှာပေါ့။"

"မုန့်တွေ ယူသွားလို့ရတာပဲ။"

"ရုပ်ရှင်ကြည့်ရင် မုန့်မစားနဲ့။"

"ဘာဖြစ်ရပြန်ပြီလဲ!?"

"မစားနဲ့ဆို မစားနဲ့ပေါ့။"

ငသစ်ရဲ့ဂျီကျမှုကြောင့် ဆိုင်တစ်ဆိုင်ကို ဝင်ပြီး ဗိုက်ကို ဖြည့်ခဲ့ရလေသည်။

"ဒါလေး စားမလား!?"

တစ်ခုခု မှာခါနီးတိုင်း ဈေးနှုန်း အရင်ကြည့်တတ်တဲ့အကျင့်က ကျွန်တော့်ဆီမှာ ရှိနေခဲ့လေပြီ။ အခုလည်း ထိုမုန့်ဈေးနှုန်းကို ကြည့်ပြီး ကျွန်တော် ငြင်းလိုက်မိသည်။

"မစားချင်ဘူး။"

"ဈေးကြီးလို့ မစားချင်တာလား!? ကျွန်တော် ဝယ်ကျွေးမယ်လေ။"

"မင်း ဝယ်ကျွေးရင်တော့ စားပေးရမှာပေါ့။"

"ကပ်စေးနည်းလေး..."

ငသစ်က ကျွန်တော့်နှာခေါင်းကို ခပ်ဖွဖွ လာညှစ်ပြီး ပြောလိုက်လေသည်။ ထိုအချိန်မှာ ဆိုင်ထဲကို စုံတွဲတစ်တွဲ ဝင်လာပြီး ကျွန်တော်တို့ ဘေးက စားပွဲမှာ ဝင်ထိုင်ခဲ့တော့သည်။ နေရာက သိပ်မဝေးလှတာမို့ သူတို့ပြောသမျှကို အတိုင်းသား ကြားနေရသည်။

"ကို...သဲနားမှာ ဘာလို့ မထိုင်တာလဲ!?"

"ကို မနေ့က ဖတ်ခဲ့တဲ့ စာထဲမှာ ကိုယ့်ချစ်သူကို မြတ်မြတ်နိုးနိုးနဲ့ချစ်ရင် မျက်နှာချင်းဆိုင်မှာပဲ ထိုင်ရမယ်တဲ့။ ချစ်တာထက် တပ်မက်စိတ်များတဲ့သူတွေက ဘေးမှာ ထိုင်တတ်ကြတယ်တဲ့။"

"ဒါဆို ကိုက သဲကို မြတ်မြတ်နိုးနိုးနဲ့ ချစ်တာပေါ့နော်။"

"ဒါပေါ့...သဲလေးရဲ့။"

ဒီလိုသဘောမျိုးရှိတာကို လက်ခံနိုင်ပေမယ့် ဒီလူ့ပုံစံက တမင်လုပ်ယူနေသလိုမျိုး ဖြစ်မနေဘူးလား!? မိန်းကလေးကတော့ သူ့စကားကို အဟုတ်ကြီး ထင်မှတ်ပြီး ပျော်ရွှင်နေရှာလေသည်။ သူ့အိုးနဲ့သူ့ဆန် အဆင်ပြေနေရင် ပြီးတာပါပဲ။

"ဘာတွေ ပြုံးနေတာလဲ!?"

"ဘာမှမဟုတ်ဘူး။ နောက်မှ ပြောပြမယ်။"

သူတို့ ပြောနေသမျှ အီစီကလီစကားတွေကို မကြားချင်ယောင်ဆောင်ထားပြီး မုန့်ကိုသာ စားနေလိုက်မိတော့သည်။

"စောစောက ပြောမယ်ဆိုတာ ဘာလဲ!?"

ဆိုင်ထဲက ထွက်လာလာချင်း ကျွန်တော့်ကို ‌ငသစ်က မေးလိုက်လေသည်။

"ငါတို့ဘေးခုံက စုံတွဲကို တွေ့တယ်မလား!?"

"အင်း...ဘာဖြစ်လို့လဲ!?"

"သူတို့ပြောနေတာတွေကို ရယ်နေတာ။"

"အဲဒါ ဘာရယ်စရာပါလို့လဲ!?"

"ငါလည်း မသိဘူး။ ဒါပေမဲ့ အဲ့လိုအီစီကလီစကားတွေကို ကြားရင် ရယ်ချင်တာ အရမ်းပဲ။"

ငသစ်က ကျွန်တော့်ခေါင်းကို လာပုတ်လိုက်တော့သည်။

"ဒီလိုပုံစံနဲ့ ရည်းစားလိုချင်သေးတာလား!?"

"အဲ့လိုမပြောတတ်တဲ့သူကို ရွေးမှာ‌ပေါ့။"

"စိတ်ချ...ကျွန်တော်ကလည်း မပြောတတ်ပါဘူး။"

"ဟမ်!!!"

"ဟမ် မနေနဲ့။ မြန်မြန်လာခဲ့... ရုပ်ရှင်ကြည့်ဖို့ အချိန်နီးနေပြီ။"

ငသစ်က ကျွန်တော့်ကို ရုပ်ရှင်ရုံဆီကို ဆွဲခေါ်လာခဲ့လေသည်။ ပွဲချိန်နီးကပ်နေပြီမို့ လူတွေက ရုံထဲမှာ နေရာအသီးသီးယူပြီးကြလေပြီ။ ခဏအကြာမှာ ကျွန်တော်တို့ရှေ့ခုံကို လူနှစ်ယောက် ရောက်လာခဲ့တော့သည်။

"အဲဒါ စောစောက စုံတွဲမလား!?"

ငသစ်ကို ကျွန်တော် တီးတိုးလှမ်းပြောလိုက်မိသည်။ ငသစ်ကလည်း သေချာအောင် ပြန်ကြည့်ပြီး ဖြေခဲ့လေသည်။

"ဟုတ်တယ်။"

"ကံကလည်း ဆိုးလိုက်တာ။ သူတို့နဲ့ ဘာလို့ ထပ်တွေ့နေရတာလဲ!?"

"ရုပ်ရှင်ကိုပဲ အာရုံစိုက်ကြည့်နေလိုက်ပေါ့။"

ငသစ်‌ ပြောသလို လျစ်လျူရှုထားလိုက်ချင်ပေမယ့် သူတို့ရဲ့အသံက နားထဲကို ဝင်လာခဲ့ပြန်သည်။

"သဲက ကို့ကို တစ်ညလုံး လွမ်းနေခဲ့ရတာ။"

"ကိုလည်း အတူတူပါပဲ သဲရယ်။ လွမ်းလွန်းလို့ အိပ်မပျော်တာနဲ့ပဲ မျက်ကွင်းတွေတောင် ညိုလာပြီ။ ဒီမှာကြည့်ပါလား!?"

"ဟယ်...ဟုတ်သားပဲ။"

မှောင်မှောင်မည်းမည်းထဲမှာ ဘာတွေကို မြင်နေရသလဲဆိုတာ တွေးကြည့်ရင်း ကျွန်တော် ရယ်ချင်လာမိတော့သည်။

"သူများအတွဲကို သွားချောင်းကြည့်ပြီးတော့ ဘာတွေ သဘောကျနေတာလဲ!?"

"သွားမချောင်းပါဘူး။ နားထဲ သူ့ဘာသာသူ ဝင်လာတာ။"

"သူတို့ပြောတာတွေကို မကြားတော့အောင် ကူညီပေးရမလား!?"

ကျွန်တော်တို့ကြားက လက်တန်းကို ဖယ်ပြီး ငသစ်က ပြောလိုက်လေသည်။

"မင်းက ဘာလို့ လက်တန်းကို ဖယ်လိုက်တာလဲ!?"

"ကြားထဲမှာ တန်းခံနေတော့ မလွတ်လပ်ဘူးလေ။"

ငသစ်က ကျွန်တော့်လက်ကို ဆုပ်ကိုင်ရင်းနဲ့ ပြောလိုက်လေတော့သည်။

"ဘာလို့ လက်ကို ကိုင်ထားတာလဲ!? စိတ်ရှုပ်စရာကောင်းတယ်။"

သူ့လက်ကို အတင်းဆွဲဖြုတ်ဖို့ ကြိုးစားခဲ့ပေမယ့် ငသစ်က မရမက ပြန်ဆွဲထားခဲ့သည်။

"သူတို့ပြောတာတွေကို မကြားအောင် လုပ်ပေးမလို့ပါဆို။ ငြိမ်ငြိမ်လေးသာ နေပေး။"

ဘာကြောင့်မှန်း မသိပေမယ့်လည်း အရှေ့ကအတွဲထက် ငသစ်ကို ကြောက်နေမိတာတော့ အမှန်ပင်။ ကျွန်တော် အတွေးထဲ မျောနေစဉ်မှာ လက်ကို ဖွဖွလေး နမ်းရှိုက်ခြင်းခံလိုက်ရလေသည်။ မမျှော်လင့်ထားတဲ့ အထိအတွေ့တစ်ခုကြောင့် ကျွန်တော့်လက်ကို အမြန်ပြန်ရုတ်လိုက်မိသည်။

"မရုန်းနဲ့။ ငြိမ်ငြိမ်လေး‌နေပါဆို။"

သူ့ကို ငြင်းဆန်ချင်ပေမယ့် စိတ်ထဲကလည်း ဒီလိုမျိုး အသစ်အဆန်းတစ်ခုကို လက်ခံချင်နေခဲ့ပြန်သည်။ ကျွန်တော့်လက်ပေါ်မှာ နူးညံ့စွာ ဖြတ်ပြေးသွားတဲ့ အငွေ့အသက်‌တစ်ခုကို ခံစားကြည့်လိုက်မိသည်။ လက်ဖဝါးအပေါ် ဖြည်းဖြည်းချင်း ထိတွေ့လာတဲ့ သူ့နှုတ်ခမ်းတွေကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်ရင်းနဲ့ ဟိုတစ်နေ့ညက အဖြစ်အပျက်တွေက အတွေးထဲ ပြန်ဝင်လာခဲ့လေသည်။

"တော်ပြီ။"

ကျွန်တော့်စိတ်ကို အတတ်နိုင်ဆုံးထိန်းရင်းနဲ့ လက်ကို အမြန်ပြန်ရုတ်လိုက်မိတော့သည်။

"ဘာဖြစ်လို့လဲ!? စိတ်ထဲမှာ နေရခက်လာလို့လား!?"

ဒီလိုဖြစ်လာမယ်မှန်း သိလျက်သားနဲ့ ငသစ်က တမင်ရည်ရွယ်ပြီး လုပ်ခဲ့သလိုပင်။

"မင်း ဘာလို့ ဒီလိုမျိုးတွေ လိုက်လုပ်နေတာလဲ!?"

ငသစ်က ကျွန်တော့်အနားကို ချဉ်းကပ်လာခဲ့ပြီး မေးလိုက်သည်။

"ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်လေ။"

"ငါ မေးလိုက်တိုင်း မင်းက အမြဲတမ်း ရှောင်နေခဲ့တာချည်းပဲ။ မင်းစိတ်ကို ငါက ဘယ်လိုလုပ်သိမှာလဲ!?"

"ဒီဦး‌နှောက်သေးသေးလေးက ဒါတော့ သိသေးသားပဲ။"

"လာစ,မနေနဲ့။ အမှန်အတိုင်းဖြေ။"

"အဲဒါက အဖြေဆိုတာထက် တောင်းဆိုမှုဆိုရင် ပိုမှန်လိမ့်မယ်။ အဲ့တောင်းဆိုမှုကို ဒယ်ဒီ လက်ခံပေးနိုင်ပါ့မလား!?"

ငသစ်ရဲ့တောင်းဆိုမှုကို ကြောက်ရွံ့မိပေမယ့် အဖြေကိုလည်း သိ‌ချင်နေပြန်သည်။

"ပြောစရာရှိတာ ပြောပြစမ်းပါ။"

"ယောက်ျားလေးတွေက အသစ်အဆန်းတွေဆို စမ်းကြည့်ချင်ကြတယ်မလား!? အဲ့တော့ ကျွန်တော်လည်း တစ်ခုလောက် စမ်းကြည့်မလို့။ စမ်းသပ်ဖို့ တခြားလူကလည်း မရှိတော့ ဒယ်ဒီ့ကိုပဲ ပြေးမြင်မိတယ်။"

"ဘာစမ်းသပ်ချက်လဲ!?"

"ယောက်ျားလေးနဲ့ တွဲကြည့်မလို့။"

"ဟမ်!!!"

ကျွန်တော် အံ့ဩမှုကြောင့် ပါးစပ်ပင် ပြန်မစေ့နိုင်တော့ပေ။

"ပါးစပ်လေးကို ပြန်ပိတ်လိုက်ပါဦး။"

ငသစ်က ကျွန်တော့်ပါးစပ်ကို လက်နဲ့ ပိတ်ပေးရင်း ပြောလိုက်လေသည်။

"ဘာ...ဘာလို့ ငါလဲ!?"

"ကျွန်တော်က အနုပညာရှင်လုပ်မှာဆိုတော့ တခြားသူတွေနဲ့ တွဲရင် ကောလာဟလ ထွက်လာနိုင်တယ်။ ဒယ်ဒီနဲ့ဆိုရင် အဲဒီအတွက် ပူစရာ မလိုတော့ဘူး‌လေ။"

"ဘာလို့ ယောက်ျားလေးနဲ့ တွဲချင်ရတာလဲ!? မင်းက Gayနေပြီလား!?"

"ယောက်ျားလေးတွေက မိန်းကလေးနဲ့ ဘာကွာလဲဆိုတာကို သိချင်တာ။ စမ်းသပ်ကြည့်တဲ့သဘောပါပဲ။ ဘယ်လိုလဲ!? ကျွန်တော်နဲ့ တွဲကြည့်ချင်လား!?"

"ငါ...ငါက ယောက်ျားလေးတွေကို မကြိုက်ဘူး။"

"ဘယ်သူ့ကိုမှ ကြိုက်စရာမလိုပါဘူး။ တွဲရုံလေးပဲ တွဲကြည့်ရမှာ။ ပြီးတော့ ဒယ်ဒီလည်း ပညာရတာပေါ့။"

"ငါက ဘယ်လိုနေရမယ်မှန်းမှ မသိတာ။"

"အဲ့အတွက် ဘာမှစိတ်မပူနဲ့။ ကျွန်တော်ကပဲ ဦးဆောင်ပေးသွားပါ့မယ်။ ဒယ်ဒီက သေချာလိုက်မှတ်ထားရုံပဲ။ သဘောတူလား!?"

ငသစ်ရဲ့တောင်းဆိုမှုကို ကျွန်တော်ကိုယ်တိုင်က စိတ်ပါနေသလိုပင်။ သူ့အနားမှာ ရှိနေရင် ဖြစ်လာတတ်တဲ့ ခံစားချက်က ဘာလဲဆိုတာကိုလည်း သေချာစစ်ဆေးကြည့်ချင်မိသည်။

"မေမေတို့ သိသွားရင် အဆူခံရလိမ့်မယ်။"

"တွဲတယ်ဆိုပေမယ့် အခုလိုပဲ ဆက်နေသွားမှာပါ။ ဘာမှ သိပ်မထူးခြားသွားပါဘူး။ အိမ်ကလူကြီးတွေလည်း သိစရာ အကြောင်းမရှိဘူး။ ဟုတ်ပြီလား!?"

ကျွန်တော် မဝံ့မရဲနဲ့ ခေါင်းငြိမ့်ပြလိုက်ရလေသည်။

"လိမ္မာတယ်။ ဒါဆို အခုကစ,ပြီး ကျွန်တော်တို့က ချစ်သူတွေ ဖြစ်သွားပြီနော်။"

ကျွန်တော့်ခေါင်းကို ပုတ်ပေးပြီး ပြောလိုက်တဲ့ ထိုစကားကြောင့် စိတ်ထဲမှာ ပျော်သွားမိတော့သည်။

"ဒါဆို ငါက ဘာဆက်လုပ်ရမှာလဲ!?"

ငသစ်က ကျွန်တော့်ကို ကြည့်ပြီး ပြုံးလိုက်လေသည်။

"လာ...ဒီထဲမှာ ဆက်ထိုင်နေလို့လည်း ရုပ်ရှင်ထဲ အာရုံရောက်မှာ မဟုတ်တော့ဘူး။ အပြင်ကို သွားကြရအောင်။"

"ဘယ်သွားမလို့လဲ!?"

"မိုးပေါ်ကို..."

ငသစ်က ကျွန်တော့်အမေးကို ရွှင်မြူးစွာဖြင့် ပြန်ဖြေခဲ့ပြီး အဆင့်မြင့်ကွန်ဒိုတစ်ခုဆီ ခေါ်ဆောင်ခဲ့တော့သည်။

"ဒါ ဘယ်သူ့ကွန်ဒိုလဲ!?"

"ကျွန်တော့်အဖိုးက ဂုဏ်ထူးလေးဘာသာရလို့ ဝယ်ပေးထားတာလေ။"

"မင်းအဖိုးက ဒီလောက် ပိုက်ဆံအများကြီးကို ဘယ်ကရတာလဲ!?"

"သူက အဖေ့ဘက်က အဖိုးမဟုတ်ဘူး။ အမေ့ဘက်က အဖိုး။"

မမရဲ့အဖေရင်းနဲ့ ကျွန်တော့်ဖေဖေက စီးပွါးဖက်တွေ ဖြစ်ခဲ့ဖူးလေသည်။ မမကို မွေးပြီး တစ်နှစ်လောက်အကြာမှာ မမရဲ့မိဘနှစ်ပါးက ကွာရှင်းလိုက်ကြပြီး ကျွန်တော်တို့ဆီကို ရောက်လာခဲ့တော့သည်။ မမရဲ့အမေက သူ့ခင်ပွန်းကို စိတ်နာပြီး သေဆုံးသွားချိန်အထိ လုံးဝအတွေ့မခံခဲ့သလို မမကိုလည်း တွေ့ခွင့်မပေးခဲ့ပေ။ မမရဲ့အမေ ဆုံးပါးသွားချိန်မှာ ကျွန်တော့်မိဘတွေက မမကို မွေးစားလိုက်ကြပြီး စောင့်ရှောက်ပေးထားခဲ့ရလေသည်။ အမေနဲ့ အနေနီးခဲ့တဲ့ မမကလည်း သူ့အဖေကို စိတ်နာပြီး အဆက်အသွယ်မလုပ်ဘဲ နေခဲ့ပြန်တော့သည်။

"မင်း ဒီကွန်ဒိုကို လက်ခံထားမှန်းသာ မင်းအမေ သိသွားရင် ပြဿနာတက်သွားမှာနော်။"

ငသစ်က ကျွန်တော့်အနားကို ပြီတီတီပုံစံမျိုးဖြင့် ချဉ်းကပ်လာပြီး ပြောလိုက်လေသည်။

"ဒယ်ဒီသာ မပြောရင် ဘယ်သူမှမသိဘူး။"

ဒါက အနုနည်းနဲ့ နှုတ်ပိတ်လိုက်ခြင်းပင် ဖြစ်ပေလိမ့်မည်။ ပရိဘောဂ အကောင်းစားတွေနဲ့ ဆင်ယင်ထားတဲ့ ထိုအခန်းကို လိုက်ကြည့်ရင်း ကျွန်တော် မေးလိုက်မိသည်။

"မင်းပြောတဲ့ မိုးပေါ်ဆိုတာ ဒီနေရာကို ပြောတာလား!?"

"ဘယ်ဟုတ်ပါ့မလဲ!? လာ...လိုက်ခဲ့ဦး။"

ငသစ်က ကျွန်တော့်ကို ကွန်ဒိုရဲ့ခေါင်မိုးထပ်ဆီသို့ ဆွဲခေါ်လာခဲ့ပြန်သည်။ ထိုခေါင်မိုးပေါ်မှာ သပ်ရပ်ရှင်းလင်းနေပြီး ရွက်ဖျင်တဲလေးတစ်ခုကလည်း လှပစွာ ရှိနေလေသည်။

"ဒီတဲလေးက မင်း လုပ်ထားတာလား!?"

ကျွန်တော် ထိုတဲလေးကို ကိုင်ကြည့်ပြီး ပြောလိုက်မိသည်။

"အင်း...ကြိုက်တယ်မလား!?"

ငသစ်ရဲ့အမေး‌ကြောင့် ကျွန်တော် ခေါင်းကို အမြန်ငြိမ့်ပြလိုက်မိတော့သည်။ ခရီးထွက်ရတာကို နှစ်သက်တဲ့ ကျွန်တော့်အတွက် ဒီလိုရွက်ဖျင်တဲလေးနဲ့ နေကြည့်ဖို့ စိတ်ကူးယဥ်ခဲ့ဖူးတာတော့ အမှန်ပင်။

"အထဲမှာ ဝင်ထိုင်ကြည့်လိုက်ဦး။"

ငသစ်က ကျွန်တော့်ကို တဲထဲ တွန်းချလိုက်လေသည်။

"ဖြည်းဖြည်းသက်သာ လုပ်ပါဟ။"

ကျွန်တော့်ရဲ့ကမောက်ကမပုံစံကို ငသစ်က မြင်သွားပြီး ပြုံးလိုက်တော့သည်။

"ဒီနေရာက ကြည့်လိုက်ရင် ကောင်းကင်ကြီးကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ညဘက်ဆိုရင်တော့ ပိုလှမှာ။"

နံဘေးမှာ ဝင်ထိုင်ရင်းနဲ့ ပြောလိုက်တဲ့ ငသစ်ကြောင့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်မိသည်။ အပြာနုရောင် ကောင်းကင်ကြီးပေါ်မှာ အဖြူရောင် တိမ်တိုက်လေးတွေက ဖြတ်ပြေးနေပြီး ကျွန်တော်နဲ့ နီးကပ်စွာ တည်ရှိနေသလိုပင်။

"ကောင်းကင်ပေါ် ရောက်နေသလိုပဲနော်။"

"ကောင်းကင်ပေါ်ရော မပျံချင်ဘူးလား!?"

"ဟမ်!!!"

ငသစ်က ကျွန်တော့်မျက်နှာကို ဆွဲလှည့်ရင်း နမ်းလိုက်လေသည်။ တောင့်တနေတဲ့ အရာတစ်ခုကို ပိုင်ဆိုင်လိုက်ရသူတစ်ယောက်လိုမျိုး ကျွန်တော့်စိတ်ထဲမှာ ပျော်နေမိခဲ့သည်။ ဒီအထိအတွေ့ကြားမှာ လွင့်မျောနေရင်းက ကမ္ဘာပေါ်မှာ ကျွန်တော်တို့နှစ်ဦးတည်း ကျန်ရှိနေခဲ့သလိုပင်။ ထိုအချိန်မှာပင် ကြားလိုက်ရတဲ့ အသံကြောင့် အိပ်မက်က လန့်နိုးသွားခဲ့ရတော့သည်။

"ဘယ်လိုလဲ!? ခံစားလို့ ကောင်းလား!?"

ထိုအသံကြောင့် မှိတ်ထားမိတဲ့ မျက်လုံးတွေကို ကျွန်တော် အမြန်ဖွင့်ကြည့်လိုက်မိသည်။ ကျွန်တော်နဲ့ အနီးဆုံးမှာ တည်ရှိနေတဲ့ ငသစ်ရဲ့မျက်နှာက ပြုံးနေခဲ့လေသည်။

"ကျွန်တော်နဲ့ နမ်းရတာ ပျော်တယ်မလား!?"

"ဘာလို့ အဲ့လိုတွေ လိုက်မေးနေတာလဲ!?"

"ဒယ်ဒီ့ရုပ်က ဘာဖြစ်နေတာလဲ!?"

"ဘာမှမဖြစ်ဘူး။ နမ်းနေတုန်းကို ချက်ချင်းကြီး ရပ်လိုက်တော့...ငါက..."

"အရှိန်ပျက်သွားတာလား!?"

ကျွန်တော် ငသစ်ကို လှမ်းရိုက်လိုက်မိသည်။ အမှန်တော့ ကျွန်တော်ကိုယ်တိုင်က သူ့ဆီက အနမ်းကို မျှော်လင့်နေဆဲပင်။ ဒါပေမဲ့ သူ့ကိုလည်း ဖွင့်မပြောပြရဲဘဲ ရှက်နေမိပြန်သည်။

"အချိန်တွေ အများကြီး ရှိပါတယ်။ နောက်မှ ဆက်နမ်းကြတာပေါ့။ ဟုတ်ပြီလား!?"

ဒါ တမင်သက်သက် အကျင့်ယုတ်ခြင်းတစ်မျိုးပင်။

"မနမ်းဘူး။ နောက်ကိုလည်း မနမ်းဘူး။"

ကျွန်တော် တဲထဲကနေ ထ,ထွက်သွားဖို့ ပြင်လိုက်ချိန်မှာ ငသစ်က ဖက်ထားခဲ့လေသည်။

"စိတ်ထဲမှာ ‌နေရခက်နေတယ်မလား!? အခု ဒယ်ဒီ ခံစားနေရတာထက်စာရင် ကျွန်တော်က ဆယ်ဆလောက် ပိုတယ်ဆိုတာကို သိရဲ့လား!?"

ငသစ်က ဘာကို ဆိုလိုမှန်း နားမလည်နိုင်ပေမယ့် နီးကပ်စွာ တည်ရှိနေတဲ့ သူ့နှလုံးခုန်သံက မြန်ဆန်လွန်းနေတာကိုတော့ ကျွန်တော် သတိထားမိလိုက်သည်။ ကျွန်တော်တို့နှစ်ဦး စကားထိုင်ပြောပြီး ခဏကြာချိန်မှာ အိမ်ကို ပြန်လာခဲ့ကြတော့သည်။

"ရုပ်ရှင်က ကြည့်လို့ကောင်းလား!?"

အိမ်ပေါ်ကို ရောက်တာနဲ့ လှမ်းမေးလိုက်တဲ့ မေမေ့ကြောင့် ကျွန်တော် ဘယ်လိုပြန်ဖြေရမှန်း မသိအောင် ဖြစ်သွားရလေသည်။

"သားတို့ ကြည့်လာတဲ့ရုပ်ရှင်ကားက အရမ်းကြောက်ဖို့ကောင်းတာ။ ဒယ်ဒီဆို မျက်နှာမဖော်နိုင်အောင်ကို ကြောက်နေလို့ ကျွန်တော် ဖျောင်းဖျပေးခဲ့ရသေးတယ်။"

ငသစ်ရဲ့အ‌ခြေအမြစ်မရှိတဲ့ စကားကို မေမေက ယုံကြည်သွားခဲ့လေသည်။

"ဪ...မနေ့က လာသွားတဲ့ ဖွားဖွားတပည့်လေးရဲ့သမီးကို မှတ်မိတယ်မလား!?"

"ဟုတ်ကဲ့။"

"ကျောင်းသွားအပ်တဲ့နေ့ကျရင် သူနဲ့အတူတူ သွားလိုက်နော်။"

"ဟုတ်ကဲ့။"

ထိုတောင်းဆိုချက်ကို အလျင်အမြန် လက်ခံခဲ့တဲ့ ငသစ်ကို ကျွန်တော် ‌မကျေမနပ်ဖြစ်နေမိတော့သည်။ ဒါပေမဲ့ မေမေ့ရှေ့မှာမို့ ဒေါသကို အတတ်နိုင်ဆုံးထိန်းပြီး အပေါ်ကို တက်လာခဲ့ရလေသည်။

"ကျောင်းသွားအပ်တဲ့နေ့ကျရင် ငါ လိုက်ခဲ့မယ်။"

ကျွန်တော့်စကားကြောင့် ငသစ်က ထူးဆန်းသလိုကြည့်ပြီး မေးလိုက်တော့သည်။

"ဘာလို့လဲ!?"

"မင်းတို့ကျောင်းကို လိုက်ကြည့်ချင်လို့။"

ငသစ်ကို ကျွန်တော် ခပ်ပြတ်ပြတ် ပြန်ပြောလိုက်မိသည်။ စိတ်ထဲမှာလည်း တစ်ခုခုကို အလိုမကျ ဖြစ်နေသလိုပင်။ မသိစိတ်ထဲကနေ သူတို့ကို နှစ်ယောက်တည်း လွှတ်မထားဖို့ သတိပေးနေခဲ့လေသည်။

#Śûè

***************

အခန္း ၁၉(Zawgyi Version)


ဒီေန႔က ေက်ာင္းပိတ္တာမို႔ ေပးထားတဲ့ကတိအတိုင္း ငသစ္နဲ႔ ႐ုပ္႐ွင္သြားၾကည့္ဖို႔အတြက္ အိမ္ကေန ထြက္လာခဲ့ေတာ့သည္။ အားလပ္ရက္ျဖစ္ေနျခင္းေၾကာင့္ လူေတြစုံေနၿပီး ထိုင္စရာေနရာပင္ ႐ွားပါးေနခဲ့ေလသည္။

"လူေတြကလည္း မ်ားလိုက္တာ။ အဲ့လိုမွန္းသိရင္ ဒီေန႔ မလာပါဘူး။"

"ဘာေတြ ပြစိပြစိ လုပ္ေနတာလဲ!? ေရာက္ပဲ ေရာက္ေနၿပီဟာကို။"

"ဘယ္ဇာတ္လမ္းကို ၾကည့္မွာလဲ!? ေ႐ြးၿပီးၿပီလား!?"

"အင္း...Jigsawဆိုတဲ့ ဇာတ္လမ္းကို ၾကည့္ရေအာင္။"

ထိုဇာတ္လမ္းရဲ႕ပိုစတာကို ကြၽန္ေတာ္ လွမ္းၾကည့္လိုက္မိသည္။

"Horror ဇာတ္လမ္း ထင္တယ္။"

"ဘာလဲ!? မၾကည့္ရဲဘူးလား!?"

"ဘာလို႔ မၾကည့္ရဲရမွာလဲ!?"

ကြၽန္ေတာ္တို႔ႏွစ္ဦး ထိုဇာတ္ကားကို ၾကည့္ဖို႔ လက္မွတ္ျဖတ္လိုက္ၿပီး မျပေသးခင္မွာ စင္တာကို ေလွ်ာက္ပတ္ၾကည့္ဖို႔ ထြက္လာခဲ့ၾကေတာ့သည္။

"ေကာ္ဖီ သြားေသာက္ၾကမလား!?"

"မေသာက္ခ်င္ဘူး။"

"အေအးေရာ!?"

"မေသာက္ဘူး။"

"မုန္႔စားခ်င္လား!?"

"မစားခ်င္ဘူး။"

"ဘာလို႔ အကုန္လုံးကို ျငင္း‌ေနရတာလဲ!?"

"ငါမွ ဗိုက္မဆာတဲ့ဟာ။"

"႐ုပ္႐ွင္ၾကည့္ရင္ ဗိုက္ဆာေနမွာေပါ့။"

"မုန္႔ေတြ ယူသြားလို႔ရတာပဲ။"

"႐ုပ္႐ွင္ၾကည့္ရင္ မုန္႔မစားနဲ႔။"

"ဘာျဖစ္ရျပန္ၿပီလဲ!?"

"မစားနဲ႔ဆို မစားနဲ႔ေပါ့။"

ငသစ္ရဲ႕ဂ်ီက်မႈေၾကာင့္ ဆိုင္တစ္ဆိုင္ကို ဝင္ၿပီး ဗိုက္ကို ျဖည့္ခဲ့ရေလသည္။

"ဒါေလး စားမလား!?"

တစ္ခုခု မွာခါနီးတိုင္း ေဈးႏႈန္း အရင္ၾကည့္တတ္တဲ့အက်င့္က ကြၽန္ေတာ့္ဆီမွာ ႐ွိေနခဲ့ေလၿပီ။ အခုလည္း ထိုမုန္႔ေဈးႏႈန္းကို ၾကည့္ၿပီး ကြၽန္ေတာ္ ျငင္းလိုက္မိသည္။

"မစားခ်င္ဘူး။"

"ေဈးႀကီးလို႔ မစားခ်င္တာလား!? ကြၽန္ေတာ္ ဝယ္ေကြၽးမယ္ေလ။"

"မင္း ဝယ္ေကြၽးရင္ေတာ့ စားေပးရမွာေပါ့။"

"ကပ္ေစးနည္းေလး..."

ငသစ္က ကြၽန္ေတာ့္ႏွာေခါင္းကို ခပ္ဖြဖြ လာညႇစ္ၿပီး ေျပာလိုက္ေလသည္။ ထိုအခ်ိန္မွာ ဆိုင္ထဲကို စုံတြဲတစ္တြဲ ဝင္လာၿပီး ကြၽန္ေတာ္တို႔ ေဘးက စားပြဲမွာ ဝင္ထိုင္ခဲ့ေတာ့သည္။ ေနရာက သိပ္မေဝးလွတာမို႔ သူတို႔ေျပာသမွ်ကို အတိုင္းသား ၾကားေနရသည္။

"ကို...သဲနားမွာ ဘာလို႔ မထိုင္တာလဲ!?"

"ကို မေန႔က ဖတ္ခဲ့တဲ့ စာထဲမွာ ကိုယ့္ခ်စ္သူကို ျမတ္ျမတ္ႏိုးႏိုးနဲ႔ခ်စ္ရင္ မ်က္ႏွာခ်င္းဆိုင္မွာပဲ ထိုင္ရမယ္တဲ့။ ခ်စ္တာထက္ တပ္မက္စိတ္မ်ားတဲ့သူေတြက ေဘးမွာ ထိုင္တတ္ၾကတယ္တဲ့။"

"ဒါဆို ကိုက သဲကို ျမတ္ျမတ္ႏိုးႏိုးနဲ႔ ခ်စ္တာေပါ့ေနာ္။"

"ဒါေပါ့...သဲေလးရဲ႕။"

ဒီလိုသေဘာမ်ိဳး႐ွိတာကို လက္ခံႏိုင္ေပမယ့္ ဒီလူ႕ပုံစံက တမင္လုပ္ယူေနသလိုမ်ိဳး ျဖစ္မေနဘူးလား!? မိန္းကေလးကေတာ့ သူ႕စကားကို အဟုတ္ႀကီး ထင္မွတ္ၿပီး ေပ်ာ္႐ႊင္ေန႐ွာေလသည္။ သူ႕အိုးနဲ႔သူ႕ဆန္ အဆင္ေျပေနရင္ ၿပီးတာပါပဲ။

"ဘာေတြ ျပဳံးေနတာလဲ!?"

"ဘာမွမဟုတ္ဘူး။ ေနာက္မွ ေျပာျပမယ္။"

သူတို႔ ေျပာေနသမွ် အီစီကလီစကားေတြကို မၾကားခ်င္ေယာင္ေဆာင္ထားၿပီး မုန္႔ကိုသာ စားေနလိုက္မိေတာ့သည္။

"ေစာေစာက ေျပာမယ္ဆိုတာ ဘာလဲ!?"

ဆိုင္ထဲက ထြက္လာလာခ်င္း ကြၽန္ေတာ့္ကို ‌ငသစ္က ေမးလိုက္ေလသည္။

"ငါတို႔ေဘးခုံက စုံတြဲကို ေတြ႕တယ္မလား!?"

"အင္း...ဘာျဖစ္လို႔လဲ!?"

"သူတို႔ေျပာေနတာေတြကို ရယ္ေနတာ။"

"အဲဒါ ဘာရယ္စရာပါလို႔လဲ!?"

"ငါလည္း မသိဘူး။ ဒါေပမဲ့ အဲ့လိုအီစီကလီစကားေတြကို ၾကားရင္ ရယ္ခ်င္တာ အရမ္းပဲ။"

ငသစ္က ကြၽန္ေတာ့္ေခါင္းကို လာပုတ္လိုက္ေတာ့သည္။

"ဒီလိုပုံစံနဲ႔ ရည္းစားလိုခ်င္ေသးတာလား!?"

"အဲ့လိုမေျပာတတ္တဲ့သူကို ေ႐ြးမွာ‌ေပါ့။"

"စိတ္ခ်...ကြၽန္ေတာ္ကလည္း မေျပာတတ္ပါဘူး။"

"ဟမ္!!!"

"ဟမ္ မေနနဲ႔။ ျမန္ျမန္လာခဲ့... ႐ုပ္႐ွင္ၾကည့္ဖို႔ အခ်ိန္နီးေနၿပီ။"

ငသစ္က ကြၽန္ေတာ့္ကို ႐ုပ္႐ွင္႐ုံဆီကို ဆြဲေခၚလာခဲ့ေလသည္။ ပြဲခ်ိန္နီးကပ္ေနၿပီမို႔ လူေတြက ႐ုံထဲမွာ ေနရာအသီးသီးယူၿပီးၾကေလၿပီ။ ခဏအၾကာမွာ ကြၽန္ေတာ္တို႔ေ႐ွ႕ခုံကို လူႏွစ္ေယာက္ ေရာက္လာခဲ့ေတာ့သည္။

"အဲဒါ ေစာေစာက စုံတြဲမလား!?"

ငသစ္ကို ကြၽန္ေတာ္ တီးတိုးလွမ္းေျပာလိုက္မိသည္။ ငသစ္ကလည္း ေသခ်ာေအာင္ ျပန္ၾကည့္ၿပီး ေျဖခဲ့ေလသည္။

"ဟုတ္တယ္။"

"ကံကလည္း ဆိုးလိုက္တာ။ သူတို႔နဲ႔ ဘာလို႔ ထပ္ေတြ႕ေနရတာလဲ!?"

"႐ုပ္႐ွင္ကိုပဲ အာ႐ုံစိုက္ၾကည့္ေနလိုက္ေပါ့။"

ငသစ္‌ ေျပာသလို လ်စ္လ်ဴ႐ႈထားလိုက္ခ်င္ေပမယ့္ သူတို႔ရဲ႕အသံက နားထဲကို ဝင္လာခဲ့ျပန္သည္။

"သဲက ကို႔ကို တစ္ညလုံး လြမ္းေနခဲ့ရတာ။"

"ကိုလည္း အတူတူပါပဲ သဲရယ္။ လြမ္းလြန္းလို႔ အိပ္မေပ်ာ္တာနဲ႔ပဲ မ်က္ကြင္းေတြေတာင္ ညိဳလာၿပီ။ ဒီမွာၾကည့္ပါလား!?"

"ဟယ္...ဟုတ္သားပဲ။"

ေမွာင္ေမွာင္မည္းမည္းထဲမွာ ဘာေတြကို ျမင္ေနရသလဲဆိုတာ ေတြးၾကည့္ရင္း ကြၽန္ေတာ္ ရယ္ခ်င္လာမိေတာ့သည္။

"သူမ်ားအတြဲကို သြားေခ်ာင္းၾကည့္ၿပီးေတာ့ ဘာေတြ သေဘာက်ေနတာလဲ!?"

"သြားမေခ်ာင္းပါဘူး။ နားထဲ သူ႕ဘာသာသူ ဝင္လာတာ။"

"သူတို႔ေျပာတာေတြကို မၾကားေတာ့ေအာင္ ကူညီေပးရမလား!?"

ကြၽန္ေတာ္တို႔ၾကားက လက္တန္းကို ဖယ္ၿပီး ငသစ္က ေျပာလိုက္ေလသည္။

"မင္းက ဘာလို႔ လက္တန္းကို ဖယ္လိုက္တာလဲ!?"

"ၾကားထဲမွာ တန္းခံေနေတာ့ မလြတ္လပ္ဘူးေလ။"

ငသစ္က ကြၽန္ေတာ့္လက္ကို ဆုပ္ကိုင္ရင္းနဲ႔ ေျပာလိုက္ေလေတာ့သည္။

"ဘာလို႔ လက္ကို ကိုင္ထားတာလဲ!? စိတ္႐ႈပ္စရာေကာင္းတယ္။"

သူ႕လက္ကို အတင္းဆြဲျဖဳတ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ငသစ္က မရမက ျပန္ဆြဲထားခဲ့သည္။

"သူတို႔ေျပာတာေတြကို မၾကားေအာင္ လုပ္ေပးမလို႔ပါဆို။ ၿငိမ္ၿငိမ္ေလးသာ ေနေပး။"

ဘာေၾကာင့္မွန္း မသိေပမယ့္လည္း အေ႐ွ႕ကအတြဲထက္ ငသစ္ကို ေၾကာက္ေနမိတာေတာ့ အမွန္ပင္။ ကြၽန္ေတာ္ အေတြးထဲ ေမ်ာေနစဥ္မွာ လက္ကို ဖြဖြေလး နမ္း႐ိႈက္ျခင္းခံလိုက္ရေလသည္။ မေမွ်ာ္လင့္ထားတဲ့ အထိအေတြ႕တစ္ခုေၾကာင့္ ကြၽန္ေတာ့္လက္ကို အျမန္ျပန္႐ုတ္လိုက္မိသည္။

"မ႐ုန္းနဲ႔။ ၿငိမ္ၿငိမ္ေလး‌ေနပါဆို။"

သူ႕ကို ျငင္းဆန္ခ်င္ေပမယ့္ စိတ္ထဲကလည္း ဒီလိုမ်ိဳး အသစ္အဆန္းတစ္ခုကို လက္ခံခ်င္ေနခဲ့ျပန္သည္။ ကြၽန္ေတာ့္လက္ေပၚမွာ ႏူးညံ့စြာ ျဖတ္ေျပးသြားတဲ့ အေငြ႕အသက္‌တစ္ခုကို ခံစားၾကည့္လိုက္မိသည္။ လက္ဖဝါးအေပၚ ျဖည္းျဖည္းခ်င္း ထိေတြ႕လာတဲ့ သူ႕ႏႈတ္ခမ္းေတြကို စိတ္ကူးထဲမွာ ပုံေဖာ္ၾကည့္ရင္းနဲ႔ ဟိုတစ္ေန႔ညက အျဖစ္အပ်က္ေတြက အေတြးထဲ ျပန္ဝင္လာခဲ့ေလသည္။

"ေတာ္ၿပီ။"

ကြၽန္ေတာ့္စိတ္ကို အတတ္ႏိုင္ဆုံးထိန္းရင္းနဲ႔ လက္ကို အျမန္ျပန္႐ုတ္လိုက္မိေတာ့သည္။

"ဘာျဖစ္လို႔လဲ!? စိတ္ထဲမွာ ေနရခက္လာလို႔လား!?"

ဒီလိုျဖစ္လာမယ္မွန္း သိလ်က္သားနဲ႔ ငသစ္က တမင္ရည္႐ြယ္ၿပီး လုပ္ခဲ့သလိုပင္။

"မင္း ဘာလို႔ ဒီလိုမ်ိဳးေတြ လိုက္လုပ္ေနတာလဲ!?"

ငသစ္က ကြၽန္ေတာ့္အနားကို ခ်ဥ္းကပ္လာခဲ့ၿပီး ေမးလိုက္သည္။

"ကိုယ့္ဘာသာကိုယ္ စဥ္းစားၾကည့္ေလ။"

"ငါ ေမးလိုက္တိုင္း မင္းက အၿမဲတမ္း ေ႐ွာင္ေနခဲ့တာခ်ည္းပဲ။ မင္းစိတ္ကို ငါက ဘယ္လိုလုပ္သိမွာလဲ!?"

"ဒီဦး‌ေႏွာက္ေသးေသးေလးက ဒါေတာ့ သိေသးသားပဲ။"

"လာစ,မေနနဲ႔။ အမွန္အတိုင္းေျဖ။"

"အဲဒါက အေျဖဆိုတာထက္ ေတာင္းဆိုမႈဆိုရင္ ပိုမွန္လိမ့္မယ္။ အဲ့ေတာင္းဆိုမႈကို ဒယ္ဒီ လက္ခံေပးႏိုင္ပါ့မလား!?"

ငသစ္ရဲ႕ေတာင္းဆိုမႈကို ေၾကာက္႐ြံ႕မိေပမယ့္ အေျဖကိုလည္း သိ‌ခ်င္ေနျပန္သည္။

"ေျပာစရာ႐ွိတာ ေျပာျပစမ္းပါ။"

"ေယာက်္ားေလးေတြက အသစ္အဆန္းေတြဆို စမ္းၾကည့္ခ်င္ၾကတယ္မလား!? အဲ့ေတာ့ ကြၽန္ေတာ္လည္း တစ္ခုေလာက္ စမ္းၾကည့္မလို႔။ စမ္းသပ္ဖို႔ တျခားလူကလည္း မ႐ွိေတာ့ ဒယ္ဒီ့ကိုပဲ ေျပးျမင္မိတယ္။"

"ဘာစမ္းသပ္ခ်က္လဲ!?"

"ေယာက်္ားေလးနဲ႔ တြဲၾကည့္မလို႔။"

"ဟမ္!!!"

ကြၽန္ေတာ္ အံ့ဩမႈေၾကာင့္ ပါးစပ္ပင္ ျပန္မေစ့ႏိုင္ေတာ့ေပ။

"ပါးစပ္ေလးကို ျပန္ပိတ္လိုက္ပါဦး။"

ငသစ္က ကြၽန္ေတာ့္ပါးစပ္ကို လက္နဲ႔ ပိတ္ေပးရင္း ေျပာလိုက္ေလသည္။

"ဘာ...ဘာလို႔ ငါလဲ!?"

"ကြၽန္ေတာ္က အႏုပညာ႐ွင္လုပ္မွာဆိုေတာ့ တျခားသူေတြနဲ႔ တြဲရင္ ေကာလာဟလ ထြက္လာႏိုင္တယ္။ ဒယ္ဒီနဲ႔ဆိုရင္ အဲဒီအတြက္ ပူစရာ မလိုေတာ့ဘူး‌ေလ။"

"ဘာလို႔ ေယာက်္ားေလးနဲ႔ တြဲခ်င္ရတာလဲ!? မင္းက Gayေနၿပီလား!?"

"ေယာက်္ားေလးေတြက မိန္းကေလးနဲ႔ ဘာကြာလဲဆိုတာကို သိခ်င္တာ။ စမ္းသပ္ၾကည့္တဲ့သေဘာပါပဲ။ ဘယ္လိုလဲ!? ကြၽန္ေတာ္နဲ႔ တြဲၾကည့္ခ်င္လား!?"

"ငါ...ငါက ေယာက်္ားေလးေတြကို မႀကိဳက္ဘူး။"

"ဘယ္သူ႕ကိုမွ ႀကိဳက္စရာမလိုပါဘူး။ တြဲ႐ုံေလးပဲ တြဲၾကည့္ရမွာ။ ၿပီးေတာ့ ဒယ္ဒီလည္း ပညာရတာေပါ့။"

"ငါက ဘယ္လိုေနရမယ္မွန္းမွ မသိတာ။"

"အဲ့အတြက္ ဘာမွစိတ္မပူနဲ႔။ ကြၽန္ေတာ္ကပဲ ဦးေဆာင္ေပးသြားပါ့မယ္။ ဒယ္ဒီက ေသခ်ာလိုက္မွတ္ထား႐ုံပဲ။ သေဘာတူလား!?"

ငသစ္ရဲ႕ေတာင္းဆိုမႈကို ကြၽန္ေတာ္ကိုယ္တိုင္က စိတ္ပါေနသလိုပင္။ သူ႕အနားမွာ ႐ွိေနရင္ ျဖစ္လာတတ္တဲ့ ခံစားခ်က္က ဘာလဲဆိုတာကိုလည္း ေသခ်ာစစ္ေဆးၾကည့္ခ်င္မိသည္။

"ေမေမတို႔ သိသြားရင္ အဆူခံရလိမ့္မယ္။"

"တြဲတယ္ဆိုေပမယ့္ အခုလိုပဲ ဆက္ေနသြားမွာပါ။ ဘာမွ သိပ္မထူးျခားသြားပါဘူး။ အိမ္ကလူႀကီးေတြလည္း သိစရာ အေၾကာင္းမ႐ွိဘူး။ ဟုတ္ၿပီလား!?"

ကြၽန္ေတာ္ မဝံ့မရဲနဲ႔ ေခါင္းၿငိမ့္ျပလိုက္ရေလသည္။

"လိမၼာတယ္။ ဒါဆို အခုကစ,ၿပီး ကြၽန္ေတာ္တို႔က ခ်စ္သူေတြ ျဖစ္သြားၿပီေနာ္။"

ကြၽန္ေတာ့္ေခါင္းကို ပုတ္ေပးၿပီး ေျပာလိုက္တဲ့ ထိုစကားေၾကာင့္ စိတ္ထဲမွာ ေပ်ာ္သြားမိေတာ့သည္။

"ဒါဆို ငါက ဘာဆက္လုပ္ရမွာလဲ!?"

ငသစ္က ကြၽန္ေတာ့္ကို ၾကည့္ၿပီး ျပဳံးလိုက္ေလသည္။

"လာ...ဒီထဲမွာ ဆက္ထိုင္ေနလို႔လည္း ႐ုပ္႐ွင္ထဲ အာ႐ုံေရာက္မွာ မဟုတ္ေတာ့ဘူး။ အျပင္ကို သြားၾကရေအာင္။"

"ဘယ္သြားမလို႔လဲ!?"

"မိုးေပၚကို..."

ငသစ္က ကြၽန္ေတာ့္အေမးကို ႐ႊင္ျမဴးစြာျဖင့္ ျပန္ေျဖခဲ့ၿပီး အဆင့္ျမင့္ကြန္ဒိုတစ္ခုဆီ ေခၚေဆာင္ခဲ့ေတာ့သည္။

"ဒါ ဘယ္သူ႕ကြန္ဒိုလဲ!?"

"ကြၽန္ေတာ့္အဖိုးက ဂုဏ္ထူးေလးဘာသာရလို႔ ဝယ္ေပးထားတာေလ။"

"မင္းအဖိုးက ဒီေလာက္ ပိုက္ဆံအမ်ားႀကီးကို ဘယ္ကရတာလဲ!?"

"သူက အေဖ့ဘက္က အဖိုးမဟုတ္ဘူး။ အေမ့ဘက္က အဖိုး။"

မမရဲ႕အေဖရင္းနဲ႔ ကြၽန္ေတာ့္ေဖေဖက စီးပြါးဖက္ေတြ ျဖစ္ခဲ့ဖူးေလသည္။ မမကို ေမြးၿပီး တစ္ႏွစ္ေလာက္အၾကာမွာ မမရဲ႕မိဘႏွစ္ပါးက ကြာ႐ွင္းလိုက္ၾကၿပီး ကြၽန္ေတာ္တို႔ဆီကို ေရာက္လာခဲ့ေတာ့သည္။ မမရဲ႕အေမက သူ႕ခင္ပြန္းကို စိတ္နာၿပီး ေသဆုံးသြားခ်ိန္အထိ လုံးဝအေတြ႕မခံခဲ့သလို မမကိုလည္း ေတြ႕ခြင့္မေပးခဲ့ေပ။ မမရဲ႕အေမ ဆုံးပါးသြားခ်ိန္မွာ ကြၽန္ေတာ့္မိဘေတြက မမကို ေမြးစားလိုက္ၾကၿပီး ေစာင့္ေ႐ွာက္ေပးထားခဲ့ရေလသည္။ အေမနဲ႔ အေနနီးခဲ့တဲ့ မမကလည္း သူ႕အေဖကို စိတ္နာၿပီး အဆက္အသြယ္မလုပ္ဘဲ ေနခဲ့ျပန္ေတာ့သည္။

"မင္း ဒီကြန္ဒိုကို လက္ခံထားမွန္းသာ မင္းအေမ သိသြားရင္ ျပႆနာတက္သြားမွာေနာ္။"

ငသစ္က ကြၽန္ေတာ့္အနားကို ၿပီတီတီပုံစံမ်ိဳးျဖင့္ ခ်ဥ္းကပ္လာၿပီး ေျပာလိုက္ေလသည္။

"ဒယ္ဒီသာ မေျပာရင္ ဘယ္သူမွမသိဘူး။"

ဒါက အႏုနည္းနဲ႔ ႏႈတ္ပိတ္လိုက္ျခင္းပင္ ျဖစ္ေပလိမ့္မည္။ ပရိေဘာဂ အေကာင္းစားေတြနဲ႔ ဆင္ယင္ထားတဲ့ ထိုအခန္းကို လိုက္ၾကည့္ရင္း ကြၽန္ေတာ္ ေမးလိုက္မိသည္။

"မင္းေျပာတဲ့ မိုးေပၚဆိုတာ ဒီေနရာကို ေျပာတာလား!?"

"ဘယ္ဟုတ္ပါ့မလဲ!? လာ...လိုက္ခဲ့ဦး။"

ငသစ္က ကြၽန္ေတာ့္ကို ကြန္ဒိုရဲ႕ေခါင္မိုးထပ္ဆီသို႔ ဆြဲေခၚလာခဲ့ျပန္သည္။ ထိုေခါင္မိုးေပၚမွာ သပ္ရပ္႐ွင္းလင္းေနၿပီး ႐ြက္ဖ်င္တဲေလးတစ္ခုကလည္း လွပစြာ ႐ွိေနေလသည္။

"ဒီတဲေလးက မင္း လုပ္ထားတာလား!?"

ကြၽန္ေတာ္ ထိုတဲေလးကို ကိုင္ၾကည့္ၿပီး ေျပာလိုက္မိသည္။

"အင္း...ႀကိဳက္တယ္မလား!?"

ငသစ္ရဲ႕အေမး‌ေၾကာင့္ ကြၽန္ေတာ္ ေခါင္းကို အျမန္ၿငိမ့္ျပလိုက္မိေတာ့သည္။ ခရီးထြက္ရတာကို ႏွစ္သက္တဲ့ ကြၽန္ေတာ့္အတြက္ ဒီလို႐ြက္ဖ်င္တဲေလးနဲ႔ ေနၾကည့္ဖို႔ စိတ္ကူးယဥ္ခဲ့ဖူးတာေတာ့ အမွန္ပင္။

"အထဲမွာ ဝင္ထိုင္ၾကည့္လိုက္ဦး။"

ငသစ္က ကြၽန္ေတာ့္ကို တဲထဲ တြန္းခ်လိုက္ေလသည္။

"ျဖည္းျဖည္းသက္သာ လုပ္ပါဟ။"

ကြၽန္ေတာ့္ရဲ႕ကေမာက္ကမပုံစံကို ငသစ္က ျမင္သြားၿပီး ျပဳံးလိုက္ေတာ့သည္။

"ဒီေနရာက ၾကည့္လိုက္ရင္ ေကာင္းကင္ႀကီးကို ႐ွင္း႐ွင္းလင္းလင္း ျမင္ရတယ္။ ညဘက္ဆိုရင္ေတာ့ ပိုလွမွာ။"

နံေဘးမွာ ဝင္ထိုင္ရင္းနဲ႔ ေျပာလိုက္တဲ့ ငသစ္ေၾကာင့္ ေကာင္းကင္ႀကီးကို ေမာ့ၾကည့္လိုက္မိသည္။ အျပာႏုေရာင္ ေကာင္းကင္ႀကီးေပၚမွာ အျဖဴေရာင္ တိမ္တိုက္ေလးေတြက ျဖတ္ေျပးေနၿပီး ကြၽန္ေတာ္နဲ႔ နီးကပ္စြာ တည္႐ွိေနသလိုပင္။

"ေကာင္းကင္ေပၚ ေရာက္ေနသလိုပဲေနာ္။"

"ေကာင္းကင္ေပၚေရာ မပ်ံခ်င္ဘူးလား!?"

"ဟမ္!!!"

ငသစ္က ကြၽန္ေတာ့္မ်က္ႏွာကို ဆြဲလွည့္ရင္း နမ္းလိုက္ေလသည္။ ေတာင့္တေနတဲ့ အရာတစ္ခုကို ပိုင္ဆိုင္လိုက္ရသူတစ္ေယာက္လိုမ်ိဳး ကြၽန္ေတာ့္စိတ္ထဲမွာ ေပ်ာ္ေနမိခဲ့သည္။ ဒီအထိအေတြ႕ၾကားမွာ လြင့္ေမ်ာေနရင္းက ကမ႓ာေပၚမွာ ကြၽန္ေတာ္တို႔ႏွစ္ဦးတည္း က်န္႐ွိေနခဲ့သလိုပင္။ ထိုအခ်ိန္မွာပင္ ၾကားလိုက္ရတဲ့ အသံေၾကာင့္ အိပ္မက္က လန္႔ႏိုးသြားခဲ့ရေတာ့သည္။

"ဘယ္လိုလဲ!? ခံစားလို႔ ေကာင္းလား!?"

ထိုအသံေၾကာင့္ မွိတ္ထားမိတဲ့ မ်က္လုံးေတြကို ကြၽန္ေတာ္ အျမန္ဖြင့္ၾကည့္လိုက္မိသည္။ ကြၽန္ေတာ္နဲ႔ အနီးဆုံးမွာ တည္႐ွိေနတဲ့ ငသစ္ရဲ႕မ်က္ႏွာက ျပဳံးေနခဲ့ေလသည္။

"ကြၽန္ေတာ္နဲ႔ နမ္းရတာ ေပ်ာ္တယ္မလား!?"

"ဘာလို႔ အဲ့လိုေတြ လိုက္ေမးေနတာလဲ!?"

"ဒယ္ဒီ့႐ုပ္က ဘာျဖစ္ေနတာလဲ!?"

"ဘာမွမျဖစ္ဘူး။ နမ္းေနတုန္းကို ခ်က္ခ်င္းႀကီး ရပ္လိုက္ေတာ့...ငါက..."

"အ႐ွိန္ပ်က္သြားတာလား!?"

ကြၽန္ေတာ္ ငသစ္ကို လွမ္း႐ိုက္လိုက္မိသည္။ အမွန္ေတာ့ ကြၽန္ေတာ္ကိုယ္တိုင္က သူ႕ဆီက အနမ္းကို ေမွ်ာ္လင့္ေနဆဲပင္။ ဒါေပမဲ့ သူ႕ကိုလည္း ဖြင့္မေျပာျပရဲဘဲ ႐ွက္ေနမိျပန္သည္။

"အခ်ိန္ေတြ အမ်ားႀကီး ႐ွိပါတယ္။ ေနာက္မွ ဆက္နမ္းၾကတာေပါ့။ ဟုတ္ၿပီလား!?"

ဒါ တမင္သက္သက္ အက်င့္ယုတ္ျခင္းတစ္မ်ိဳးပင္။

"မနမ္းဘူး။ ေနာက္ကိုလည္း မနမ္းဘူး။"

ကြၽန္ေတာ္ တဲထဲကေန ထ,ထြက္သြားဖို႔ ျပင္လိုက္ခ်ိန္မွာ ငသစ္က ဖက္ထားခဲ့ေလသည္။

"စိတ္ထဲမွာ ‌ေနရခက္ေနတယ္မလား!? အခု ဒယ္ဒီ ခံစားေနရတာထက္စာရင္ ကြၽန္ေတာ္က ဆယ္ဆေလာက္ ပိုတယ္ဆိုတာကို သိရဲ႕လား!?"

ငသစ္က ဘာကို ဆိုလိုမွန္း နားမလည္ႏိုင္ေပမယ့္ နီးကပ္စြာ တည္႐ွိေနတဲ့ သူ႕ႏွလုံးခုန္သံက ျမန္ဆန္လြန္းေနတာကိုေတာ့ ကြၽန္ေတာ္ သတိထားမိလိုက္သည္။ ကြၽန္ေတာ္တို႔ႏွစ္ဦး စကားထိုင္ေျပာၿပီး ခဏၾကာခ်ိန္မွာ အိမ္ကို ျပန္လာခဲ့ၾကေတာ့သည္။

"႐ုပ္႐ွင္က ၾကည့္လို႔ေကာင္းလား!?"

အိမ္ေပၚကို ေရာက္တာနဲ႔ လွမ္းေမးလိုက္တဲ့ ေမေမ့ေၾကာင့္ ကြၽန္ေတာ္ ဘယ္လိုျပန္ေျဖရမွန္း မသိေအာင္ ျဖစ္သြားရေလသည္။

"သားတို႔ ၾကည့္လာတဲ့႐ုပ္႐ွင္ကားက အရမ္းေၾကာက္ဖို႔ေကာင္းတာ။ ဒယ္ဒီဆို မ်က္ႏွာမေဖာ္ႏိုင္ေအာင္ကို ေၾကာက္ေနလို႔ ကြၽန္ေတာ္ ေဖ်ာင္းဖ်ေပးခဲ့ရေသးတယ္။"

ငသစ္ရဲ႕အ‌ေျခအျမစ္မ႐ွိတဲ့ စကားကို ေမေမက ယုံၾကည္သြားခဲ့ေလသည္။

"ဪ...မေန႔က လာသြားတဲ့ ဖြားဖြားတပည့္ေလးရဲ႕သမီးကို မွတ္မိတယ္မလား!?"

"ဟုတ္ကဲ့။"

"ေက်ာင္းသြားအပ္တဲ့ေန႔က်ရင္ သူနဲ႔အတူတူ သြားလိုက္ေနာ္။"

"ဟုတ္ကဲ့။"

ထိုေတာင္းဆိုခ်က္ကို အလ်င္အျမန္ လက္ခံခဲ့တဲ့ ငသစ္ကို ကြၽန္ေတာ္ ‌မေက်မနပ္ျဖစ္ေနမိေတာ့သည္။ ဒါေပမဲ့ ေမေမ့ေ႐ွ႕မွာမို႔ ေဒါသကို အတတ္ႏိုင္ဆုံးထိန္းၿပီး အေပၚကို တက္လာခဲ့ရေလသည္။

"ေက်ာင္းသြားအပ္တဲ့ေန႔က်ရင္ ငါ လိုက္ခဲ့မယ္။"

ကြၽန္ေတာ့္စကားေၾကာင့္ ငသစ္က ထူးဆန္းသလိုၾကည့္ၿပီး ေမးလိုက္ေတာ့သည္။

"ဘာလို႔လဲ!?"

"မင္းတို႔ေက်ာင္းကို လိုက္ၾကည့္ခ်င္လို႔။"

ငသစ္ကို ကြၽန္ေတာ္ ခပ္ျပတ္ျပတ္ ျပန္ေျပာလိုက္မိသည္။ စိတ္ထဲမွာလည္း တစ္ခုခုကို အလိုမက် ျဖစ္ေနသလိုပင္။ မသိစိတ္ထဲကေန သူတို႔ကို ႏွစ္ေယာက္တည္း လႊတ္မထားဖို႔ သတိေပးေနခဲ့ေလသည္။

#Śûè

***************

Chapter 19(English translation)


As the school was closed today, I left home to go to the movies with Nga Thit.  Due to the holidays, there were too many people and few places to sit.

"There are too many people. If I knew that, I would not have come today."

"What are you doing !? We have just arrived."

"Which film are you going to watch !? Have you chosen yet !?"

"Well ... let's watch Jigsaw."

I looked at the poster of that film.

"I think it's a horror movie."

"What !? Don't you dare to look !?"

"Of course not."

We both signed up to watch the film and left for a walk around the center before the film.

"Would you like some coffee !?"

"No."

"What about cold drink!?"

"No."

"Would you like some bread !?"

"No."

"Why are you denying everything !?"

"I'm not hungry."

"If you watch a movie, you will be hungry."

"I can take some bread."

"Do not eat anything when watching a movie."

"What happened again !?"

"If I said not to eat, don't eat."

I had to go to a teashop and fill my stomach because of him.

"Would you like that?"

I have a habit of looking at the price first when I am about to do something.  Now I look at the price of bread and I refuse.

"I do not want to eat."

"You do not want to eat because it is expensive, right!? I will buy it for you."

"If you buy it for me, I have to eat it."

"What a stingy boy!!!"

He squeezed my nose and said.  At that moment, a couple entered the shop and sat down at the table next to us. The place is not too far away so I can hear everything they say.

"Ko ... why didn't you sit beside me !?"

"In a post I read yesterday, if you love your lover dearly, you have to sit across from her. People who are more passionate than love tend to sit next to you."

"Ko Ko loves me very much."

"Of course."

It is acceptable to have this attitude, but does not this guy seem to be doing it on purpose !?  The girl said yes and was happy.  If his pot and his rice are comfortable, that's it.

"What are you smiling about !?"

"Nothing. I'll tell you later."

I pretended not to hear all the romantic words they were saying and ate.

"What did you say earlier !?"

As soon as we came out of the shop, Nga Thit asked me.

"Did you see the couple next to us !?"

"Yes ... why !?"

"I laugh at what they are saying."

"What is that funny !?"

"I do not know, but I really want to laugh when I hear such romantic words."

He tapped me on the head.

"You want a lover, but don't want to say romantic words."

"I will choose someone who does not say like that."

"Sure ... I can't say like that either."

"Hmm !!!"

"Come quickly ... It's almost time to watch a movie."

He dragged me to the cinema.  As the show approached, people took their places in the theater.  After a while, two people came to our front seat.

"Would it be an early couple !?"

I whispered to him. He looked at them and answered.

"Yes."

"I'm unlucky. Why are I meeting them again !?"

"Just focus on the movie."

I want to ignore like he said, but their voices came to my ears.

"I missed you all night."

"It's the same with me. I miss you so much that the circles around my eyes turn dark. Look here !?"

"Oh...yes."

I wanted to laugh as I thought about what they were seeing in the dark.

"What do you like about sneaking on other people !?"

"I'm not sneaking. It just came into my ear."

"Do you have to help me stop hearing what they are saying !?"

He removed the bar between us and said.

"Why did you move off the bar!?"

"Being in the middle is not free."

He took my hand and spoke.

"Why are you holding my hand !? It's confusing."

I tried to pull his hand away, but I was unable to do so.

"If you do not want to hear what they have to say, just keep quiet."

I do not know why, but I'm more afraid of him than them.  As I was thinking, he kissed my hand.  An unexpected touch made me quickly shake my hand again.

"Do not pull back. Keep calm."

I wanted to reject him, but in my heart I wanted to accept something new like this.  I could feel a vapor running softly through my hand.  Imagining his lips slowly touching my palm, the events of that night came to mind.

"Stop it."

I controlled my mind as much as I could and quickly pulled my hand back.

"Why !? Is it suffocating in your mind !?"

Even though he knew this would happen, he did it on purpose.

"Why are you doing this !?"

He approached me and asked.

"Think for yourself."

"Every time I asked, you always avoided me. How do I know your mind !?"

"This little brain knows that."

"Come on, don't say nonsense. Answer correctly."

"It would be more of a request than an answer. Can Daddy accept that request !?"

I was afraid of his request, but I also wanted to know the answer.

"Just tell me."

"The boys want to try something new, right !? So I'm going to try one too. There was no one else to try it, so I have to ask Daddy."

"What is it !?"

"I'm going to hang out with a boy."

"Hmm !!!"

To my surprise, I could not even close my mouth again.

"Shut your mouth."

He said, closing my mouth with his hand.

"What ... why me !?"

"Because I'm going to be an artist. If I date with another guys, I'm going to be rumored. With Daddy, I don't have to worry about that."

"Why do you want to date a guy !? Are you gay now !?"

"I want to know what's different between boys and girls. It's just a test. How are you !? Do you want to hang out with me !?"

"I ... I do not like boys."

"You don't have to like anyone. You just have to accept it. And Daddy is educated too."

"I do not know how to react."

"Don't worry about it. I'll take the lead. Daddy just kept that in mind. Are you agreed !?"

It was as if I was in the mood for something new.  I also want to find out what it is like to be around him.

"If mom finds out about that, we will be in trouble."

"We will continue to live like this. Nothing special. The adults in the house have no reason to know. All right !?"

I nodded reluctantly.

"That's good. So from now on we're lovers."

He tapped my head and said it, and I was overjoyed.

"So what do I do next !?"

He looked at me and smiled.

"Come on ... We'll not be able to focus on the movie. Let's go outside."

"Where are you going !?"

"To the sky ..."

Nga Thit happily answered my question and took me to a luxury condo.

"Whose condo is this?"

"My grandfather bought it for getting four distinctions."

"Where did your grandfather get so much money !?"

"He is not a parternal grandfather, but a maternal grandfather."

His grandfather and my dad used to be business partners.  About a year after Ma Ma was born, her parents divorced and came to live with us.  Her mother never saw her husband until she died of grief, and Ma Ma was not allowed to see him.  When her mother died, my parents adopted and cared for her. Ma Ma, who was close to her mother, was upset and did not contact her father.

"If your mother found out you accepted this condo, it would be a problem."

He approached me in a pleasurable manner and spoke.

"No one would know if Daddy hadn't told anyone."

This may be a subtle silence. I asked as I followed the room, which was well-furnished.

"Why are you talking about the sky earlier !?"

"It's not here. Come on ... follow me."

Nga Thit dragged me to the roof of the condo again.  The roof was neat and tidy, and there was a beautiful tent.

"Did you make this tent !?"

I touched the hut and spoke.

"Yeah ... Do you like it !?"

I quickly nodded to my head at his question.  For me, who loves to travel, I really dreamed of living in a tent like this.

"Sit inside and see."

He pushed me into the tent.

"Slow down."

He saw my messy face and smiled.

"If you look here, you can see the sky clearly. At night, it will be more beautiful."

As I sat down next to him, I looked up at the sky because of what he had just said.  It was as if white clouds were running through the blue sky and it was close to me.

"It's like being in heaven."

"Do you want to fly in the sky ?!"

"Hmm !!!"

He make my face turn to him and kissed me.  In my mind, I was happy as I was looking forward to it.  It was as if we were the only ones left in the world.  At that moment, the sound woke me up.

"How are you !? How do you feel !?"

I quickly opened my closed eyes at the sound. His face which was the nearest to me was smiling.

"Do you enjoy kissing me !?"

"Why are you asking such questions !?"

"What's wrong with Daddy !?"

"Nothing happened. You stopped immediately while kissing ... I ..."

"Don't you want to stop it!?"

I took a step back. In fact, I'm still expecting a kiss from him.  But I was too embarrassed to tell him.

"There are a lot of times. Then we kiss again. All right !?"

It is a deliberate act for him.

"I won't kiss. I will not kiss you anymore."

As I prepared to leave the tent, he hugged me.

"Is it hard to feel in your mind !? Do you know that I feel hurt ten times more than Daddy now !?"

I could not understand what he meant, but I noticed that his heart was beating too fast.  We sat and talked and returned home shortly after.

"Is the movie good to watch !?"

As soon as I got home, my mother asked me, and I did not know what to say.

"The movie we were watching was very scary. I had to persuade Daddy because he was too scared to show his face."

My mother believed his rootless words of him.

"Oh ... Do you remember the daughter of my student who came yesterday !?"

"Yes."

"On the day you go to school, go with her."

"Yes."

I was dissatisfied with him who quickly accepted the request.  But in front of my mother, I had to control my anger and go upstairs.

"I'll go with you on the day you go to school."

Because of my words, Nga Thit looked strangely and asked.

"Why !?"

"I want to follow your school."

I replied sharply.  It was as if something were wrong with my mind.  Subconsciously, my mind warned me not to leave them alone.

#Śûè

Continue Reading

You'll Also Like

1M 36.2K 42
๐Ÿšจ แ€’แ€ฎ Fic แ€™แ€พแ€ฌ Adult Scences แ€แ€ฝแ€ฑแ€•แ€ซแ€แ€„แ€บแ€แ€ฌแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ท แ€™แ€€แ€ผแ€ญแ€ฏแ€€แ€บแ€แ€ฒแ€ทแ€œแ€ฐแ€™แ€ปแ€ฌแ€ธแ€›แ€พแ€ฑแ€ฌแ€„แ€บแ€–แ€ญแ€ฏแ€ท แ€€แ€ผแ€ญแ€ฏแ€แ€„แ€บแ€กแ€žแ€ญแ€•แ€ฑแ€ธแ€•แ€ซแ€แ€šแ€บแ€”แ€ฑแ€ฌแ€บ ๐Ÿšจ ๐Ÿšจ แ€’แ€ฎ Fic แ€™แ€ฝแ€ฌ Adult Scences แ€ฑแ€แ€ผแ€•แ€ซแ€แ€„แ€นแ€แ€ฌแ€ฑแพแ€€แ€ฌแ€„แ€นแ€ท แ€™แ‚€แ€€...
405K 10.1K 51
แ€แ€…แ€บแ€”แ€ฑแ€ทแ€แ€…แ€บแ€”แ€ฑแ€ทแ€แ€ฑแ€ซแ€„แ€บแ€ธแ€‘แ€ฒแ€™แ€พแ€ฌแ€€แ€œแ€ฒแ€ทแ€…แ€ฌแ€ธแ€แ€ปแ€ฑแ€™แ€พแ€ฏแ€žแ€ฌแ€กแ€•แ€ผแ€Šแ€ทแ€บแ€›แ€พแ€ญแ€”แ€ฑแ€žแ€ฑแ€ฌ แ€แ€•แ€บแ€กแ€ฑแ€ธแ€กแ€ฑแ€ธแ€”แ€ฑแ€แ€แ€บแ€žแ€ฑแ€ฌ แ€™แ€ฌแ€–แ€ฎแ€ธแ€šแ€ฌแ€ธแ€”แ€พแ€„แ€ทแ€บ.... แ€˜แ€ฌแ€•แ€ฒแ€œแ€ฏแ€•แ€บแ€œแ€ฏแ€•แ€บ แ€แ€œแ€ฝแ€ฒแ€แ€ฝแ€ฑแ€œแ€ฏแ€•แ€บแ€แ€แ€บแ€”แ€ฑแ€žแ€ฑแ€ฌ แ€€แ€ฑแ€ฌแ€„แ€บแ€™แ€œแ€ฑแ€ธแ€แ€ญแ€ฏแ€ท แ€”แ€พแ€…แ€บโ€Œแ€šแ€ฑแ€ฌแ€€แ€บแ€Ÿแ€ฌ...
269K 18.9K 58
แ€กแ€แ€ญแ€แ€นโ€‹ โ€‹แ€ฑแ€แ€ผ แ€กแ€”แ€ฌแ€‚แ€ซแ€แ€นโ€‹โ€‹แ€ฑแ€แ€ผโ€‹แ€ฑแ€แ€ฌแ€ท แ€€แ€ญแ€ฏแ€šแ€นโ€‹แ€™แ€žแ€ญแ€˜แ€ฐแ€ธ แ€œแ€€แ€นโ€‹แ‚แ€ฝแ€ญแ€˜แ€แ€™แ€ฝแ€ฌโ€‹แ€ฑแ€แ€ฌแ€ท แ€™แ€„แ€นโ€‹แ€ธแ€€แ€ญแ€ฏ แ€กแ€แ€บแ€…แ€นโ€‹แ€†แ€ถแ€ฏแ€ธแ€•แ€ฒ แ€กแ€แ€ญแ€แ€บโ€‹ โ€‹แ€แ€ฝแ€ฑ แ€กแ€”แ€ฌแ€‚แ€ซแ€แ€บโ€‹โ€‹แ€แ€ฝแ€ฑโ€‹แ€แ€ฑแ€ฌแ€ท แ€€แ€ญแ€ฏแ€šแ€บโ€‹แ€™แ€žแ€ญแ€˜แ€ฐแ€ธ แ€œแ€€แ€บโ€‹แ€›แ€พแ€ญแ€˜แ€แ€™แ€พแ€ฌโ€‹แ€แ€ฑแ€ฌแ€ท แ€™แ€„แ€บแ€ธแ€€...