แ€›แ€พแ€ฌแ€ธแ€›แ€พแ€ฌแ€ธแ€•แ€ซแ€ธแ€•แ€ซแ€ธ...

By Sue_Khat_Wai

1.1M 134K 15.6K

๐‘ฉ๐‘ณ(๐‘ช๐’๐’Ž๐’‘๐’๐’†๐’•๐’†๐’…) แ€กแ€›แ€™แ€บแ€ธแ€œแ€Šแ€บแ€œแ€ฝแ€”แ€บแ€ธแ€แ€ฒแ€ท แ€žแ€…แ€บแ€žแ€…แ€บแ€”แ€ฒแ€ท แ€•แ€ญแ€”แ€บแ€ธแ€ฅแ€–แ€ผแ€ฐแ€’แ€šแ€บแ€’แ€ฎแ€แ€ญแ€ฏแ€ทแ€›แ€ฒแ€ทแ€กแ€แ€ปแ€…แ€บแ€‡แ€ฌแ€แ€บแ€œแ€™แ€บแ€ธแ€œแ€ฑแ€ธ... แ€กแ€›แ€™แ€นแ€ธแ€œแ€Šแ€นแ€œแ€ผแ€”แ€นแ€ธแ€แ€ฒแ€ท... More

๐ŸŒน1๐ŸŒน
๐ŸŒน2๐ŸŒน
๐ŸŒน3๐ŸŒน
๐ŸŒน4๐ŸŒน
๐ŸŒน5๐ŸŒน
๐ŸŒน6๐ŸŒน
๐ŸŒน7๐ŸŒน
๐ŸŒน8๐ŸŒน
๐ŸŒน9๐ŸŒน
๐ŸŒน10๐ŸŒน
๐ŸŒน11๐ŸŒน
แ€กแ€แ€”แ€บแ€ธ แแ‚ (Chapter 12)
แ€กแ€แ€”แ€บแ€ธ แแƒ (Chapter 13)
แ€กแ€แ€”แ€บแ€ธ แแ„ (Chapter 14)
แ€กแ€แ€”แ€บแ€ธ แแ… (Chapter 15)
แ€กแ€แ€”แ€บแ€ธ แแ‡ (Chapter 17)
แ€กแ€แ€”แ€บแ€ธ แแˆ (Chapter 18)
แ€กแ€แ€”แ€บแ€ธ แแ‰ (Chapter 19)
แ€กแ€แ€”แ€บแ€ธ แ‚แ€ (Chapter 20)
แ€กแ€แ€”แ€บแ€ธ แ‚แ (Chapter 21)
แ€กแ€แ€”แ€บแ€ธ แ‚แ‚ (Chapter 22)
แ€กแ€แ€”แ€บแ€ธ แ‚แƒ (Chapter 23)
แ€กแ€แ€”แ€บแ€ธ แ‚แ„ (Chapter 24)
แ€กแ€แ€”แ€บแ€ธ แ‚แ… (Chapter 25)
แ€กแ€แ€”แ€บแ€ธ แ‚แ† (Chapter 26)
แ€กแ€แ€”แ€บแ€ธ แ‚แ‡ (Chapter 27)
แ€กแ€แ€”แ€บแ€ธ แ‚แˆ (Chapter 28)
แ€กแ€แ€”แ€บแ€ธ แ‚แ‰ (Chapter 29)
แ€กแ€แ€”แ€บแ€ธ แƒแ€ (Chapter 30)
แ€กแ€แ€”แ€บแ€ธ แƒแ (Chapter 31)
แ€กแ€แ€”แ€บแ€ธ แƒแ‚ (Chapter 32)
แ€กแ€แ€”แ€บแ€ธ แƒแƒ (Chapter 33)
แ€กแ€แ€”แ€บแ€ธ แƒแ„ (Chapter 34)
แ€กแ€แ€”แ€บแ€ธ แƒแ… (Chapter 35)
แ€กแ€แ€”แ€บแ€ธ แƒแ† (Chapter 36)
แ€กแ€แ€”แ€บแ€ธ แƒแ‡ (Chapter 37)
แ€กแ€แ€”แ€บแ€ธ แƒแˆ (Chapter 38)
แ€กแ€แ€”แ€บแ€ธ แƒแ‰ (Chapter 39)
แ€กแ€แ€”แ€บแ€ธ แ„แ€ (Chapter 40)
แ€กแ€แ€”แ€บแ€ธ แ„แ (Chapter 41)
แ€กแ€แ€”แ€บแ€ธ แ„แ‚ (Chapter 42)
แ€กแ€แ€”แ€บแ€ธ แ„แƒ (Chapter 43)
แ€กแ€แ€”แ€บแ€ธ แ„แ„ (Chapter 44)
แ€กแ€แ€”แ€บแ€ธ แ„แ… (Chapter 45)
แ€กแ€แ€”แ€บแ€ธ แ„แ† (Chapter 46)
แ€กแ€แ€”แ€บแ€ธ แ„แ‡ (Chapter 47)
แ€กแ€แ€”แ€บแ€ธ แ„แˆ (Chapter 48)
แ€กแ€แ€”แ€บแ€ธ แ„แ‰ (Chapter 49)
แ€กแ€แ€”แ€บแ€ธ แ…แ€ (Chapter 50)
แ€กแ€แ€”แ€บแ€ธ แ…แ (Chapter 51)
แ€กแ€แ€”แ€บแ€ธ แ…แ‚ (Chapter 52)
แ€กแ€แ€”แ€บแ€ธ แ…แƒ (Chapter 53)
แ€กแ€แ€”แ€บแ€ธ แ…แ„ (Chapter 54)
แ€กแ€แ€”แ€บแ€ธ แ…แ… (Chapter 55)
แ€กแ€แ€”แ€บแ€ธ แ…แ† (Chapter 56)
แ€กแ€แ€”แ€บแ€ธ แ…แ‡ (Chapter 57)
แ€กแ€แ€”แ€บแ€ธ แ…แˆ (Chapter 58)
แ€กแ€แ€”แ€บแ€ธ แ…แ‰ (Chapter 59)
แ€กแ€แ€”แ€บแ€ธ แ†แ€ (Chapter 60)
แ€กแ€แ€”แ€บแ€ธ แ†แ (Chapter 61)
แ€กแ€แ€”แ€บแ€ธ แ†แ‚ (Chapter 62)
แ€กแ€แ€”แ€บแ€ธ แ†แƒ (Chapter 63)
แ€กแ€แ€”แ€บแ€ธ แ†แ„ (Chapter 64)
แ€กแ€แ€”แ€บแ€ธ แ†แ… (Chapter 65)
แ€กแ€แ€”แ€บแ€ธ แ†แ† (Chapter 66)
แ€กแ€แ€”แ€บแ€ธ แ†แ‡ (Chapter 67)
แ€กแ€แ€”แ€บแ€ธ แ†แˆ (Chapter 68)
แ€กแ€แ€”แ€บแ€ธ แ†แ‰ (Chapter 69)
แ€กแ€แ€”แ€บแ€ธ แ‡แ€ (Chapter 70)
แ€กแ€แ€”แ€บแ€ธ แ‡แ (Chapter 71)
แ€กแ€แ€”แ€บแ€ธ แ‡แ‚ (Chapter 72)
แ€กแ€แ€”แ€บแ€ธ แ‡แƒ (Chapter 73)
แ€กแ€แ€”แ€บแ€ธ แ‡แ„ (Chapter 74)
แ€กแ€แ€”แ€บแ€ธ แ‡แ… (Chapter 75)
Extra 1๐ŸŒน๐ŸŒน๐ŸŒน
Extra 2๐ŸŒน๐ŸŒน๐ŸŒน
Extra 3๐ŸŒน๐ŸŒน๐ŸŒน
Extra 4๐ŸŒน๐ŸŒน๐ŸŒน
Extra 5๐ŸŒน๐ŸŒน๐ŸŒน
โ—Attention โ—

แ€กแ€แ€”แ€บแ€ธ แแ† (Chapter 16)

16.2K 2K 253
By Sue_Khat_Wai

(Unicode Version)


"ဒေါက်...ဒေါက်...ဒေါက်"

တံခါးခေါက်သံတစ်ခုကြောင့် လန့်နိုးလာချိန်မှာ ငသစ်က ကျွန်တော့်ကို ဖက်ထားပြီး အိပ်နေဆဲပင်။ နာရီကို လှမ်းကြည့်မိတော့ ညနေ (၅)နာရီခွဲခန့် ရှိသွားလေပြီ။

"လပြည့်မှူး...လဝန်းသစ်...ရင်ပြင်တော်ပေါ်ကို တက်ရတော့မယ်။ ထွက်လာကြတော့။"

'ဟိန်းဇော်'ရဲ့အသံကြောင့် ကျွန်တော်လည်း ငသစ်ကို နှိုးလိုက်ရတော့သည်။

"ငသစ်...ထတော့လေ။ ဟိန်းဇော် လာခေါ်နေပြီ။ ရင်ပြင်တော်ပေါ် တက်ကြမယ်တဲ့။"

ငသစ်က ဆယ်တန်းနှစ်စ,ကတည်းက အရင်လို အအိပ်,မမက်တော့ဘဲ နှိုးတာနဲ့ ချက်ချင်း ထ,တတ်တဲ့ အကျင့်ကို ရရှိသွားခဲ့လေသည်။  အခုလည်း ကျွန်တော့်အသံကို ကြားသွားပြီး အိပ်နေရာက ချက်ချင်း နိုးလာခဲ့တော့သည်။

"လာခေါ်နေကြပြီလား!?"

"ဟုတ်တယ်...မျက်နှာသွားသစ်လိုက်ဦး။"

ငသစ်က ကျွန်တော် ပြောတဲ့အတိုင်း ရေချိုးခန်းထဲ ဝင်သွားချိန်မှာ အပြင်ဘက်က 'ဟိန်းဇော်'ကို လှမ်းပြောလိုက်ရတော့သည်။

"ဟိန်းဇော်...ငါတို့ မျက်နှာသစ်ပြီး ထွက်လာခဲ့မယ်နော်။"

"အေး...ငါတို့ အပြင်မှာပဲ စောင့်နေမယ်။"

ကျွန်တော်လည်း အိပ်ရာကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်ပြင်ပြီး ရေချိုးခန်းထဲကို ဝင်လာခဲ့ရသည်။

"ပိုက်ဆံကို များများ ထည့်ယူလာခဲ့နော်။"

မျက်နှာသစ်ပြီး ပြန်ထွက်သွားဖို့ ပြင်နေတဲ့ ငသစ်ကို ကျွန်တော် လှမ်းပြောလိုက်မိသည်။

"စိတ်ချပါ...ဒယ်ဒီရဲ့။ ကျွန်တော်ပဲ ယူလာခဲ့လိုက်မယ်။ ဒယ်ဒီ့ပိုက်ဆံကို မထုတ်နဲ့ဦး။"

"ငါလည်း လှူချင်သေးတာပေါ့။ နည်းနည်းပဲဖြစ်ဖြစ် ထည့်ယူလာခဲ့ပါ့မယ်။"

"ဒါမှမဟုတ် ကျွန်တော့်ပိုက်ဆံတွေအားလုံး ဒယ်ဒီ့ကို အပ်ထားမယ်လေ။"

"မအပ်နဲ့။ ထိန်းသိမ်းပေးရတာ အာရုံနောက်တယ်။"

"လိုအပ်ရင်တော့ ကြိုက်သလောက် ယူသုံးလို့ ရတယ်နော်။"

"အင်းပါ... မြန်မြန်လုပ်။ သူတို့တွေ စောင့်နေတယ်။"

ငသစ် ရေချိုးခန်းထဲကနေ ထွက်သွားချိန်မှာ ကျွန်တော်လည်း မျက်နှာအမြန်သစ်လိုက်ရလေသည်။

ဘုရားရင်ပြင်တော်ပေါ်တွင်-

"တောင်ပေါ်မှာ ရောက်နေရတဲ့ ခံစားချက်က အရမ်းကောင်းတယ်မလား!?"

တဖြူးဖြူးနဲ့ တိုက်ခတ်လာတဲ့ လေပြေကို ရှုရှိုက်ရင်း ပတ်ဝန်းကျင်ကို ငေးကြည့်နေရတဲ့ ခံစားမှုက တကယ့်ကို ကောင်းမွန်လွန်းလှပေသည်။

"လွတ်လပ်မှုနဲ့ အေးချမ်းမှုကို တစ်ချိန်တည်းမှာ ခံစားလိုက်ရသလိုပဲ။"

ငသစ်ကို ကျွန်‌တော် ပြုံးပြပြီး ပြန်ဖြေခဲ့လေသည်။

"ကျွန်တော်ကတော့ ပျော်ရွှင်မှုကိုပါ ခံစားနေရတယ်။"

သူ ပျော်နေမှန်း ပြုံးနေတဲ့ မျက်ဝန်းလေးတွေက သက်သေပြနေခဲ့ပါသည်။

"ရွှေသင်္ကန်း သွားလှူကြရအောင်။"

'ဟိန်းဇော်'ရဲ့အသံကြောင့် ကျွန်တော်တို့ ရွှေသင်္ကန်းလှူဖို့ ထွက်လာခဲ့ကြတော့သည်။

"ယောက်ျားဖြစ်ရတာ ဘယ်လောက်ကောင်းလဲဆိုတာ တွေ့ပြီမလား!? ဒီလိုနေရာမျိုးကို မိန်းမတွေမှ ဝင်ခွင့်မရှိတာ။ မြင့်မြတ်တဲ့ဘဝကို ရထားပြီးတာတောင် ယုတ်ညံ့တဲ့ဘဝမျိုးကို ပြန်ဆင်းချင်တဲ့သူတွေက ရှိသေးတယ်။"

ရွှေသင်္ကန်းလှူပြီး ကျွန်တော်တို့အားလုံး ပြန်ထွက်လာချိန်မှာ အနောက်ဘက်က စကားသံတစ်ခုကို ကြားလိုက်ရလေသည်။ ထိုလူရဲ့စကားတွေက မိန်းမတွေကို ပုတ်ခတ်နေပြီး တစ်ချို့သူတွေရဲ့ ခံယူချက်ကိုပါ အပြစ်တင်နေသလိုပင်။ ထိုလူရဲ့စိတ်ဓာတ်ညံ့ဖျင်းမှုကို ကျွန်တော် ရွံရှာစိတ်ဝင်နေမိချိန်မှာ ငသစ်ရဲ့အသံကို ကြားလိုက်ရတော့သည်။

"မိန်းမတွေက ဘာချို့ယွင်းချက်များ ရှိနေလို့လဲ!? ပြီးတော့ မိန်းမဘဝကို လိုချင်နေတဲ့သူတွေကရော ဘာအပြစ်ရှိလို့လဲ!?"

"မင်းက ဘာကောင်မို့လို့ ငါ့ကို လာပြောနေရတာလဲ!?"

ထိုလူကြီးနဲ့ ငသစ် ပြဿနာဖြစ်မှာကို စိုးရိမ်ပြီး ကျွန်တော် ဝင်တားလိုက်မိသည်။

"ငါတို့က ကောင်းမှုကုသိုလ်ရအောင် လာခဲ့တာ။ ပြဿနာမဖြစ်အောင် နေစမ်းပါ။"

ငသစ်က ကျွန်တော့်စကားကြောင့် ဘာမှပြန်မပြောဘဲ ထွက်လာဖို့ ပြင်လိုက်လေသည်။

"ငါ့ကို ‌ပြန်မဖြေရဲလို့ ထွက်ပြေးတာလား!?"

ထိုလူ့ဆီက ထပ်ပြီး ထွက်ပေါ်လာတဲ့ စကားသံကြောင့် ငသစ်ရဲ့ဒေါသတွေ ထိန်းမရဖြစ်သွားရတော့သည်။

"ပြန်မဖြေရဲလို့ မဟုတ်ဘူး။ ခင်ဗျားလိုလူနဲ့ ပြဿနာဖြစ်ရမှာကို မသတီလို့ ရှောင်သွားတာ။"

"မင်းကများ!!!"

ထိုလူက ငသစ်ရဲ့မျက်နှာကို လက်သီးနဲ့ ထိုးဖို့ ရွယ်လိုက်ပေမယ့် ဘေးကပါလာတဲ့ သားဖြစ်သူက တားလိုက်လေသည်။

"ဖေဖေ...လူတွေ ဝိုင်းကြည့်နေကြပြီ။ သားတို့ မြန်မြန်သွားကြရအောင်နော်။"

"ငါက ဒီလို မျိုးမစစ်ကောင်ကို ကြောက်ပြီး ရှောင်သွားရမှာလား!?"

"ခင်ဗျား ရောက်နေတာက ရင်‌ပြင်တော်ပေါ်မှာဆိုတာကိုလည်း သတိရပါဦး။ တော်ကြာ ခင်ဗျား သမုတ်ထားသလိုမျိုး ကိုယ်တိုင်က ပြန်ဖြစ်နေဦးမယ်။"

"လူကြီးကို လူကြီးမှန်းမသိတဲ့ အရိုင်းအစိုင်းကောင်!!!"

"ကျွန်တော့်လို အရိုင်းအစိုင်းကောင်က မွေးပေးခဲ့တဲ့ အမေကို ယုတ်ညံ့တဲ့မိန်းမရယ်လို့ တစ်ခါမှ မစော်ကားဖူးဘူး။ မိန်းမဘဝနဲ့ နေချင်တဲ့သူတွေကို အထင်မသေးခဲ့ဖူးဘူး။"

"ငါ့ဘာသာငါ ပြောချင်လို့ ပြောတာ ဘာဖြစ်လဲ!? မင်းနဲ့ ဘာဆိုင်လို့လဲ!?"

"ဘာမှတော့ မဆိုင်ပါဘူး။ ဒီလို မြင့်မြတ်တဲ့ နေရာနဲ့ ခင်ဗျားလိုလူက လုံးဝမထိုက်တန်လို့ ဝင်ပြောလိုက်ရတာ။"

ထိုအချိန်မှာပင် ဘုရားပေါ်က လုံခြုံရေးတွေ ရောက်လာပြီး ရန်ပွဲကို ဝင်တားခဲ့လေသည်။ ကျွန်တော်လည်း ငသစ်ကို အားလုံးနဲ့ ဝေးရာဆီ ဆွဲခေါ်လာခဲ့မိသည်။ ညနေစောင်းနေပြီမို့ ဟိုတယ်ရဲ့လျှောက်လမ်းတွေမှာ မီးလုံးလေးတွေနဲ့ ထိန်ထိန်လင်းနေခဲ့လေပြီ။ တော်တော်ဝေးဝေး တစ်နေရာကို ရောက်လာတဲ့အထိ ငသစ်ရဲ့လက်ကို လွှတ်မပေးဘဲ ဆက်ခေါ်လာခဲ့တော့သည်။

"ကျွန်တော့်ကို စိတ်ဆိုးနေတာလား!?"

ငသစ်ရဲ့အ‌မေးကြောင့် ကျွန်တော် ပြန်လှည့်ကြည့်လိုက်မိသည်။

"ငါက မင်းကို ဘာလို့ စိတ်ဆိုးရမှာလဲ!?"

"ဒယ်ဒီ တားနေတဲ့ကြားက ပြဿနာရှာခဲ့မိလို့လေ။"

စောစောကလူနဲ့ ပြဿနာဖြစ်တုန်းက ငသစ်မှ ဟုတ်ရဲ့လားလို့ သံသယဝင်ရလောက်တဲ့အထိ သူ့မျက်ဝန်းတွေက ဖြူစင်နေခဲ့သည်။

"ငါက မင်းကို ချီးကျူးချင်နေတာပါ။"

"ဟမ်...ဘာလို့လဲ!?"

"ငါ မပြောရဲတဲ့စကားတွေကို မင်းက အစားပြောပေးသွားတာလေ။ အဲဒါကြောင့် မင်းကို ချီးကျူးတယ်လို့ ပြောတာ။ ရှင်းပြီလား!?"

ငသစ်က ထိုစကားကိုကြားမှ ပြုံးရွှင်သွားခဲ့လေသည်။

"လာ...ညစာ သွားစားကြမယ်။"

'ဟိန်းဇော်'ကို ဖုန်းနဲ့ လှမ်းမေးကြည့်ပြီး သူတို့ရှိရာဆီ ထွက်လာခဲ့ရတော့သည်။

"မင်းတို့က ဘာလို့ နောက်မှာ ကျန်နေခဲ့တာလဲ!?"

ကျွန်တော်တို့နှစ်ယောက်ကို တွေ့တွေ့ချင်းမှာ လှမ်းမေးလိုက်တဲ့ 'ဟိန်းဇော်'ကြောင့် ဖြစ်ခဲ့သမျှကို ပြောပြလိုက်ရလေသည်။

"ဪ...စောစောက လူတွေ ပြောနေကြတဲ့ ကိစ္စဆိုတာ ဒီကိစ္စပဲ နေမယ်။"

"သူတို့က ဘာပြောကြလို့လဲ!?"

ငသစ်ရဲ့အမေးကို 'ဟိန်းဇော်'က ပြန်ဖြေပေးခဲ့သည်။

"အဲ့ကောင်လေး ပြောတာ မှန်တယ်။ ဟိုလူကသာ တစ်ယူသန်ပြီး ပြောနေတာတဲ့။ မင်းကို အားလုံးက ချီးကျူးနေကြတာဆိုတော့ ဂုဏ်ယူလိုက်စမ်းပါကွာ။"

"ဒါပေါ့...ဂုဏ်ယူရမှာပေါ့။ အားလုံးက ကဲ့ရဲ့နေရင်တောင် ချီးကျူးတဲ့သူတစ်ယောက် ရှိရင် ရပြီ။"

ငသစ်က ကျွန်တော့်ကို လှည့်ကြည့်ပြီး ‌ပြောလိုက်လေသည်။

"ကဲပါ...ညစာသွားစားကြရအောင်။"

'ဟိန်းဇော်'က ဦးဆောင်ပြီး ကျွန်တော်တို့ကို ထမင်းဆိုင်ရှိရာဆီ ခေါ်သွားခဲ့တော့သည်။

"ဒီဆိုင်က ငါ့အဖေနဲ့ အမျိုးတော်တယ်လေ။ ကျိုက်ထီးရိုးဘုရားကို ရောက်တိုင်း ဒီမှာပဲ လာစားကြတာ။ အရသာလည်း တော်တော်ကောင်းတယ်။"

'ဟိန်းဇော်'ရဲ့အညွှန်းကြောင့် ကျွန်တော်တို့လည်း ဟင်းပွဲတစ်ချို့ကို မှာပြီး စားကြည့်လိုက်မိသည်။

"ကြက်သားက တော်တော်စားလို့ ကောင်းတယ်။"

ကျွန်တော့်ရဲ့ချီးကျူးစကားကြောင့် ငသစ်နဲ့ 'ဟိန်းဇော်'က လှမ်းကြည့်လိုက်လေသည်။

"ငါ ပြောပါတယ်။"

"ဟုတ်တယ်။ စားဖူးခဲ့တဲ့ ဟင်းတွေနဲ့ လုံးဝကို မတူတာ။ အရမ်းကြိုက်တယ်။"

ထိုအချိန်မှာပင် ငသစ်က ထိုင်နေရာကနေ ချက်ချင်း ထ,ရပ်လိုက်တော့သည်။

"ဟိန်းဇော်... ငါ သန့်စင်ခန်း သွားချင်လို့။ ခဏလောက် လိုက်ပို့ပေးပါလား!?"

"ငသစ်...သူ ထမင်းစားနေတယ်လေ။ ပြီးမှ လိုက်ပို့ခိုင်းလိုက်ပေါ့။"

"စောစောကတည်းက အောင့်ထားရတာ။ မရတော့ဘူး။"

"ငါ လိုက်ပို့ပေးလိုက်ပါ့မယ်။"

'ဟိန်းဇော်'က ငသစ်ကို သန့်စင်ခန်း ရှိရာဆီ လိုက်ပြပေးခဲ့လေသည်။ ခဏလောက်ကြာချိန်မှာ 'ဟိန်းဇော်'က ပြန်ထွက်လာပေမယ့် ငသစ်ကတော့ ပါမလာခဲ့ပေ။

"ငသစ်ရော...!?"

ကျွန်တော့်ရဲ့အမေးကို 'ဟိန်းဇော်'က ဖြေဖို့ ခက်နေသလိုပင်။

"ဟို...ဟို အထဲမှာ ကျန်နေခဲ့တယ်။ ငါ့ကို အရင် ပြန်လာခိုင်းလိုက်တာ။"

"ငါ သူ့ကို စိတ်မချဘူး။ သွားစောင့်ပေးလိုက်ဦးမယ်။"

ငသစ်က ပြဿနာရှာလိုက်မှာကို ကျွန်တော် လိုက်သွားဖို့ ကြိုးစားပေမယ့် 'ဟိန်းဇော်'က တားလိုက်လေသည်။

"မင်း လိုက်သွားလို့ မဖြစ်ဘူး။ ဒီမှာပဲ စောင့်နေစမ်းပါ။"

ကျွန်တော်က ဘာလို့ လိုက်သွားလို့ မဖြစ်ရတာလဲ!? သိချင်စိတ်ကြောင့် လိုက်သွားချင်စိတ်တွေ ပိုပြီး ပေါ်ထွက်လာခဲ့တော့သည်။

"အဲ့ကောင်က ရောက်လေရာမှာ ပြဿနာရှာတတ်တယ်။ ငါ စိတ်မချဘူး။"

"သူ ပြဿနာမရှာပါဘူး။ ဒီမှာပဲ နေစမ်းပါ။"

ကျွန်တော်တို့နှစ်ဦး ငြင်းခုံနေစဉ်မှာ ငသစ်က ပြန်ရောက်လာလေသည်။

"ဘာလုပ်နေကြတာလဲ!?"

"လပြည့်မှူးက မင်းကို စိတ်မချလို့တဲ့။ လိုက်သွားပြီး ကြည့်မယ်လုပ်နေလို့ ငါ အတင်းပြန်ဆွဲထားရတာ။"

ငသစ်က ကျွန်တော့်ကို ပြုံးစိစိနဲ့ လှမ်းကြည့်လိုက်သည်။

"ဘာလဲ...မျက်စိအောက်ကနေ အပျောက်မခံနိုင်ဘူးလား!?"

"မျက်စိအောက်က အပျောက်ခံလိုက်တာနဲ့ ပြဿနာ တက်လာတာကိုလည်း ထည့်ပြောဦးလေ။"

ကျွန်တော်တို့ရဲ့ထမင်းဝိုင်းက ရန်ဖြစ်ရင်းနဲ့ ပြီးဆုံးခဲ့ရပြီး အခန်းရှိရာဆီသို့ ပြန်လာခဲ့ရတော့သည်။

"ငသစ်ရယ်...ညဘက်ကိုတော့ ဟိုမှာပဲ အိပ်လိုက်စမ်းပါ။"

ရေချိုးပြီး စောစောအနားယူဖို့ ပြင်လိုက်တဲ့ ကျွန်တော့်အနားကို ငသစ်က ချဉ်းကပ်လာခဲ့ပြန်သည်။

"တစ်ယောက်တည်း မအိပ်တတ်ပါဘူးဆို။"

"မင်း ဘယ်အရွယ်အထိ ဒီလိုမျိုး အိပ်နေဦးမှာလဲ!? နိုင်ငံခြားမှာဆို ကလေးတွေကို ငယ်ငယ်လေးထဲက မိဘနဲ့ ခွဲပြီး အိပ်ခိုင်းတာ။"

"ဒါပေမဲ့ ကြီးလာတော့လည်း အဖော်နဲ့ အတူတွဲအိပ်ရတာပဲလေ။"

"ဒါဆိုလည်း မင်း မိန်းမရတော့မှ အဲ့မိန်းမနဲ့ အတူအိပ်။ အခုတော့ ငါ့ကို လွတ်လွတ်လပ်လပ် အိပ်ခွင့်လေး ပေးစမ်းပါ။ ငါ့မှာ အိပ်နေရင်းနဲ့ လှည့်ချင်ရင်တောင် လှည့်လို့မရဘူး။"

"ဒယ်ဒီက အိပ်နေရင် လှည့်မှ မလှည့်တတ်တာ။ အပိုတွေ လျှောက်ပြောမနေနဲ့။"

"မင်းက အဲဒါကို ဘယ်လိုလုပ်သိတာလဲ!? ငါ့ကို တစ်ညလုံး ထိုင်ကြည့်နေလို့လား!?"

"အင်း..."

ဒီကောင်နဲ့ ဆက်ပြောနေရင် မဟုတ်တာတွေပဲ ထွက်လာရဦးမှာမို့ ကျွန်တော် မကြားချင်ယောင်ဆောင်ပြီး သူ့ကို ကျောပေးကာ အိပ်လိုက်မိတော့သည်။

"ဒီဘက်ကို လှည့်အိပ်။"

ငသစ်က ကျွန်တော့်ခန္ဓာကိုယ်ကို သူ့ဘက်ကို ဆွဲလှည့်ပြီး တင်းကြပ်စွာ ပွေ့ဖက်လိုက်လေသည်။

"ဘာလို့ အတင်းဖက်ထားတာလဲ!? အသက်ရှုကြပ်လာပြီ။"

"အေးလို့လေ။"

"အေးရင် Air-Conကို လျှော့လိုက်ပေါ့။"

"ဟင့်အင်း...ဒီလိုမျိုး အေးနေတာလေးကိုပဲ ကြိုက်တာ။"

လူနားလည်အောင် မပြောတတ်တဲ့ ငသစ်ကို ထုရိုက်ပစ်လိုက်ချင်ပေမယ့် ကျွန်တော့်တစ်ကိုယ်လုံးက ကောက်ညှင်းထုပ်လို ဖြစ်နေခဲ့လေသည်။ လှုပ်လို့ရတဲ့နေရာက ခေါင်းတစ်ခုတည်းရှိတာမို့ အနီးစပ်ဆုံး သူ့လည်တိုင်ဆီကို အကြည့်ရောက်သွားပြီး ကိုက်ပစ်လိုက်မိတော့သည်။ ဒါပေမဲ့ ငသစ်ဆီက နာကျင်မှုကြောင့် အော်ဟစ်သံကို မကြားခဲ့ရပေ။ မနာရင် နာအောင် ကိုက်ရမှာပေါ့။ ကျွန်တော် ထိုနေရာကိုပဲ နောက်တစ်ခါ ထပ်ကိုက်လိုက်မိပြန်သည်။ ဒီတစ်ခါတော့ ငသစ်ဆီက အသံမကြားရပေမယ့် ကျွန်တော့်ကို ဖက်ထားတဲ့ လက်တွေက ပိုတင်းကြပ်လာခဲ့တော့သည်။ အကိုက်ခံထားရတဲ့ နေရာကလည်း သွေးပင် စို့နေခဲ့လေပြီ။

"ငသစ်...ငါ ကိုက်တာ မနာဘူးလား!?"

"မနာပါဘူး။ တခြားနေရာတွေပါ ထပ်ကိုက်ချင် ကိုက်လို့ရတယ်။ ဒါပေမဲ့ ဒယ်ဒီကတော့ အန္တရာယ် ရှိလာနိုင်တယ်နော်။"

"ဘာအန္တရာယ်လဲ!?"

"ဒါမျိုးက ကလေးတွေ သိစရာ မလိုပါဘူး။"

ငသစ်ပြောတဲ့ အန္တရာယ်ကို ကျွန်တော် မသိပေမယ့် ရင်ဘတ်ထဲက တဒုတ်ဒုတ်နဲ့ ခုန်နေတဲ့ ရင်ခုန်သံကတော့ အသက်ရှုရပ်သွားနိုင်တဲ့အထိ အန္တရာယ်ရှိတာ သေချာပေသည်။

"ကျွန်တော်က အအေးကြိုက်ပေမယ့် ဒယ်ဒီက အအေးမိရင် ဖျားတတ်လို့ နွေးနေအောင် ဖက်ပေးထားတာ။ ဘာမှ လျှောက်တွေးမနေနဲ့။ အိပ်ပျော်အောင်သာ အိပ်လိုက်။"

ကျွန်တော်လည်း ငသစ်ပြောတဲ့အတိုင်း ငြိမ်သက်စွာဖြင့် အိပ်စက်လိုက်မိသည်။

နောက်တစ်နေ့နံနက်တွင်-

ဒီနေ့ ကျိုက်ထီးရိုးဘုရားနဲ့ အနီးအနားမှာ ရှိတဲ့ အထင်ကရ,နေရာတွေကို လည်ပတ်ခဲ့ရလေသည်။ မုဆိုးတောင်မှာ ဘုရားဝင်ဖူးပြီး ကျီးကန်းပါးစပ်မှာ အဓိဌာန်ပြု ဆုတောင်းခဲ့မိသည်။ ကျိုက်ထီးရိုးဘုရားပေါ်က အဆင်းမှာ 'ဆောင်နိုင်ကြီး'ရေတံခွန်ရှိရာဆီ ရောက်ခဲ့ကြတော့သည်။

ဆောင်နိုင်ကြီး ရေတံခွန်


"ယောက်ျားလေးတွေချည်းပဲ ရှိတာဆိုတော့ အပေါ်အင်္ကျီချွတ်ပြီး ကြိုက်သလောက်သာ ဆော့ကြပေတော့။"

'ဟိန်းဇော်'ရဲ့အဖေက ကျွန်တော်တို့ကို ပြောလိုက်တာမို့ အပေါ်အင်္ကျီကိုချွတ်ဖို့ ပြင်လိုက်မိသည်။

"အင်္ကျီမချွတ်ပါနဲ့။ ဒီအတိုင်းပဲ ရေဆော့လို့ ရတဲ့ဟာကို။"

"အားလုံးက ချွတ်နေကြတာပဲ။ မင်းလည်း ချွတ်ထားတာပဲလေ။"

"ဘာပဲဖြစ်ဖြစ် ဒယ်ဒီကတော့ မချွတ်နဲ့။"

ငသစ်ရဲ့စကားကို ကျွန်တော် လျစ်လျူရှုပြီး အင်္ကျီကို ချွတ်လိုက်လေသည်။

"လပြည့်မှူး...မင်းရဲ့အသားအရေက မိုက်လှချည်လား!?"

"ဟုတ်တယ်ကွ...မိန်းကလေးလိုပဲ ချောမွတ်နေတာ။"

"ခဏလောက် ကိုင်ကြည့်မယ်လေ။"

'ဟိန်းဇော်'တို့က ကျွန်တော့်ကို စ,နောက်ပြီး ချဉ်းကပ်လာချိန်မှာ ငသစ်က ရှေ့ကနေ ကာပေးလိုက်တော့သည်။

"ကိုင်လည်း မကိုင်နဲ့။ ကြည့်လည်း မကြည့်နဲ့။ ငါ့ဒယ်ဒီနဲ့ ဝေးဝေးနေ။"

"ဘာတွေ လာပြီး တွန့်တိုနေတာလဲ!? မင်းရဲဒယ်ဒီက မိန်းကလေးမှ မဟုတ်တာ။"

"ဘာပဲဖြစ်ဖြစ်ကွာ လာမကြည့်နဲ့... မကြိုက်ဘူး။"

အသည်းအသန် တားနေတဲ့ ငသစ်ကို စ,ချင်နေတဲ့ 'ဟိန်းဇော်'တို့က တစ်ခွန်းမခံ ပြန်ပြောနေကြတာမို့ ကြာလာရင် ပြဿနာတက်လာနိုင်ပေသည်။ ထို့ကြောင့် ချွတ်ထားတဲ့ အင်္ကျီကို အမြန်ပြန်ဝတ်လိုက်ရလေသည်။

"ယောက်ျားလေးကိုတောင် ကြည့်ချင်နေကြတာ မင်းတို့က နှာဘူးတွေလား!?"

ငသစ်ရဲ့ဘေးမှာ ဝင်ရပ်ပြီး စ,လိုက်တဲ့ ကျွန်တော့်ကို 'ဟိန်းဇော်'တို့က ရယ်ပြလိုက်လေသည်။

"မင်းရဲ့သားလေးက စွာနေတော့ ပိုကြည့်ချင်သွားတာပေါ့။"

"သူ့အကြောင်းကိုလည်း သိရဲ့သားနဲ့။"

"သိလို့ကို တမင်စ,နေတာ။ ဒါနဲ့ လဝန်းသစ်ရဲ့လည်ပင်းက ဘာဖြစ်တာလဲ!?"

'ဟိန်းဇော်'က ငသစ်ရဲ့ဒဏ်ရာကို သတိထားမိပြီး မေးလိုက်တာမို့ ကျွန်တော် ခေါင်းနပန်း ကြီးသွားရတော့သည်။

"ဒါလား!? ခြင်ကိုက်တာလေ။"

ငသစ်ရဲ့အဖြေကို 'ဟိန်းဇော်'တို့က ယုံကြည်ပုံမပေါ်ခဲ့ပေ။

"ခြင်ကိုက်တာက အဲ့လောက်မှ မကြီးတာ။"

"ဟုတ်တယ်။ ငါက ယားလို့ ကုတ်လိုက်တာ လက်သည်းဆိပ်တက်ပြီး ပိုကြီးသွားတယ်။ ငါ့ကို စပ်စုနေတာကို ရပ်ပြီး ဆော့စရာရှိတာကိုသာ ဆော့ကြစမ်းပါ။ ဘာလုပ်နေကြတာလဲ!?"

ငသစ်ရဲ့ဆော်ဩမှုကြောင့် 'ဟိန်းဇော်'တို့က အာရုံပြောင်းသွားပြီး ရေကစားဖို့ ဆင်းသွားကြလေသည်။ ကျွန်တော်လည်း ထိုအခါကျမှ သက်ပြင်းချနိုင်ခဲ့တော့သည်။

"အဆိုးလေး...ညတုန်းက သောင်းကျန်းထားပြီးတော့ အခုမှ ကြောက်လန့်ပြီး မျက်နှာက ဖြူဆုတ်နေတယ်ပေါ့လေ။"

ငသစ်က ကျွန်တော့်ပခုံးကို ဖက်ပြီး စ,လိုက်လေသည်။

"ဘယ်သူ့ကြောင့် ဒီဒဏ်ရာရတာလဲဆိုတာကို ထည့်ပြောဦးလေ။"

ငသစ်က ခဏစဉ်းစားဟန်ပြုပြီးမှ ပြန်ဖြေခဲ့လေသည်။

"သေချာစဉ်းစားကြည့်တော့ ဒယ်ဒီ့ကြောင့်ပဲလေ။"

"ဘာလို့ ငါ ဖြစ်နေရပြန်တာလဲ!?"

"ဒယ်ဒီက ငြင်းရင် ကျွန်တော်က ပိုပြီးလိုချင်လာတာလေ။ နောက်ဆုံးကျတော့ အကိုက်ခံရတဲ့အထိ ဖြစ်သွားတာပဲ။ အဲဒါကြောင့် ဒယ်ဒီ့ကြောင့်လို့ ပြောတာ။"

ငသစ်ရဲ့ခြေထောက်ကို ဆောင့်ကန်ပြီး 'ဟိန်းဇော်'တို့ဆီ ကျွန်တော် ထွက်လာခဲ့မိသည်။ ဒီလိုကောင်မျိုးက သူ့အပြစ်ကို ဘယ်ဝန်ခံပါ့မလဲ!? ကျွန်တော့်ရင်ခုန်လာအောင် လုပ်ခဲ့တာက ဘယ်သူလဲ!? အမြဲတမ်း စိတ်ပူနေအောင် လုပ်တာကရော ဘယ်သူလဲ!? ဒါတွေက သူ့ကြောင့်လို့ ပြောပြရင် ကျွန်တော့်ကို လှောင်ရယ်နေမယ့်ကောင်မျိုးပဲလေ။ 'စိတ်ချ...သေတောင် မပြောပြဘူး။'

*အချစ်ဆိုတာကို တစ်ခါမှ မခံစားဖူးသေးတဲ့ ဆယ်ကျော်သက် ဒယ်ဒီလေးမို့ ယောက်ျားလေးတစ်ယောက်အ‌ပေါ်... ပိုဆိုးတာက တစ်ချိန်လုံး အမြင်ကတ်လာတဲ့သူအပေါ် ဒီလိုမျိုး ခံစားမိနေတဲ့အတွက် သူ့ခံစားချက်တွေကို သူ နားမလည်နိုင်သေးတာပါရှင့်😁😁😁

#Śûè

***************


အခန္း ၁၆(Zawgyi Version)


"ေဒါက္...ေဒါက္...ေဒါက္"

တံခါးေခါက္သံတစ္ခုေၾကာင့္ လန္႔ႏိုးလာခ်ိန္မွာ ငသစ္က ကြၽန္ေတာ့္ကို ဖက္ထားၿပီး အိပ္ေနဆဲပင္။ နာရီကို လွမ္းၾကည့္မိေတာ့ ညေန (၅)နာရီခြဲခန္႔ ႐ွိသြားေလၿပီ။

"လျပည့္မႉး...လဝန္းသစ္...ရင္ျပင္ေတာ္ေပၚကို တက္ရေတာ့မယ္။ ထြက္လာၾကေတာ့။"

'ဟိန္းေဇာ္'ရဲ႕အသံေၾကာင့္ ကြၽန္ေတာ္လည္း ငသစ္ကို ႏိႈးလိုက္ရေတာ့သည္။

"ငသစ္...ထေတာ့ေလ။ ဟိန္းေဇာ္ လာေခၚေနၿပီ။ ရင္ျပင္ေတာ္ေပၚ တက္ၾကမယ္တဲ့။"

ငသစ္က ဆယ္တန္းႏွစ္စ,ကတည္းက အရင္လို အအိပ္,မမက္ေတာ့ဘဲ ႏိႈးတာနဲ႔ ခ်က္ခ်င္း ထ,တတ္တဲ့ အက်င့္ကို ရ႐ွိသြားခဲ့ေလသည္။  အခုလည္း ကြၽန္ေတာ့္အသံကို ၾကားသြားၿပီး အိပ္ေနရာက ခ်က္ခ်င္း ႏိုးလာခဲ့ေတာ့သည္။

"လာေခၚေနၾကၿပီလား!?"

"ဟုတ္တယ္...မ်က္ႏွာသြားသစ္လိုက္ဦး။"

ငသစ္က ကြၽန္ေတာ္ ေျပာတဲ့အတိုင္း ေရခ်ိဳးခန္းထဲ ဝင္သြားခ်ိန္မွာ အျပင္ဘက္က 'ဟိန္းေဇာ္'ကို လွမ္းေျပာလိုက္ရေတာ့သည္။

"ဟိန္းေဇာ္...ငါတို႔ မ်က္ႏွာသစ္ၿပီး ထြက္လာခဲ့မယ္ေနာ္။"

"ေအး...ငါတို႔ အျပင္မွာပဲ ေစာင့္ေနမယ္။"

ကြၽန္ေတာ္လည္း အိပ္ရာကို သပ္သပ္ရပ္ရပ္ ျဖစ္ေအာင္ ျပန္ျပင္ၿပီး ေရခ်ိဳးခန္းထဲကို ဝင္လာခဲ့ရသည္။

"ပိုက္ဆံကို မ်ားမ်ား ထည့္ယူလာခဲ့ေနာ္။"

မ်က္ႏွာသစ္ၿပီး ျပန္ထြက္သြားဖို႔ ျပင္ေနတဲ့ ငသစ္ကို ကြၽန္ေတာ္ လွမ္းေျပာလိုက္မိသည္။

"စိတ္ခ်ပါ...ဒယ္ဒီရဲ႕။ ကြၽန္ေတာ္ပဲ ယူလာခဲ့လိုက္မယ္။ ဒယ္ဒီ့ပိုက္ဆံကို မထုတ္နဲ႔ဦး။"

"ငါလည္း လႉခ်င္ေသးတာေပါ့။ နည္းနည္းပဲျဖစ္ျဖစ္ ထည့္ယူလာခဲ့ပါ့မယ္။"

"ဒါမွမဟုတ္ ကြၽန္ေတာ့္ပိုက္ဆံေတြအားလုံး ဒယ္ဒီ့ကို အပ္ထားမယ္ေလ။"

"မအပ္နဲ႔။ ထိန္းသိမ္းေပးရတာ အာ႐ုံေနာက္တယ္။"

"လိုအပ္ရင္ေတာ့ ႀကိဳက္သေလာက္ ယူသုံးလို႔ ရတယ္ေနာ္။"

"အင္းပါ... ျမန္ျမန္လုပ္။ သူတို႔ေတြ ေစာင့္ေနတယ္။"

ငသစ္ ေရခ်ိဳးခန္းထဲကေန ထြက္သြားခ်ိန္မွာ ကြၽန္ေတာ္လည္း မ်က္ႏွာအျမန္သစ္လိုက္ရေလသည္။

ဘုရားရင္ျပင္ေတာ္ေပၚတြင္-

"ေတာင္ေပၚမွာ ေရာက္ေနရတဲ့ ခံစားခ်က္က အရမ္းေကာင္းတယ္မလား!?"

တျဖဴးျဖဴးနဲ႔ တိုက္ခတ္လာတဲ့ ေလေျပကို ႐ႈ႐ိႈက္ရင္း ပတ္ဝန္းက်င္ကို ေငးၾကည့္ေနရတဲ့ ခံစားမႈက တကယ့္ကို ေကာင္းမြန္လြန္းလွေပသည္။

"လြတ္လပ္မႈနဲ႔ ေအးခ်မ္းမႈကို တစ္ခ်ိန္တည္းမွာ ခံစားလိုက္ရသလိုပဲ။"

ငသစ္ကို ကြၽန္‌ေတာ္ ျပဳံးျပၿပီး ျပန္ေျဖခဲ့ေလသည္။

"ကြၽန္ေတာ္ကေတာ့ ေပ်ာ္႐ႊင္မႈကိုပါ ခံစားေနရတယ္။"

သူ ေပ်ာ္ေနမွန္း ျပဳံးေနတဲ့ မ်က္ဝန္းေလးေတြက သက္ေသျပေနခဲ့ပါသည္။

"ေ႐ႊသကၤန္း သြားလႉၾကရေအာင္။"

'ဟိန္းေဇာ္'ရဲ႕အသံေၾကာင့္ ကြၽန္ေတာ္တို႔ ေ႐ႊသကၤန္းလႉဖို႔ ထြက္လာခဲ့ၾကေတာ့သည္။

"ေယာက်္ားျဖစ္ရတာ ဘယ္ေလာက္ေကာင္းလဲဆိုတာ ေတြ႕ၿပီမလား!? ဒီလိုေနရာမ်ိဳးကို မိန္းမေတြမွ ဝင္ခြင့္မ႐ွိတာ။ ျမင့္ျမတ္တဲ့ဘဝကို ရထားၿပီးတာေတာင္ ယုတ္ညံ့တဲ့ဘဝမ်ိဳးကို ျပန္ဆင္းခ်င္တဲ့သူေတြက ႐ွိေသးတယ္။"

ေ႐ႊသကၤန္းလႉၿပီး ကြၽန္ေတာ္တို႔အားလုံး ျပန္ထြက္လာခ်ိန္မွာ အေနာက္ဘက္က စကားသံတစ္ခုကို ၾကားလိုက္ရေလသည္။ ထိုလူရဲ႕စကားေတြက မိန္းမေတြကို ပုတ္ခတ္ေနၿပီး တစ္ခ်ိဳ႕သူေတြရဲ႕ ခံယူခ်က္ကိုပါ အျပစ္တင္ေနသလိုပင္။ ထိုလူရဲ႕စိတ္ဓာတ္ညံ့ဖ်င္းမႈကို ကြၽန္ေတာ္ ႐ြံ႐ွာစိတ္ဝင္ေနမိခ်ိန္မွာ ငသစ္ရဲ႕အသံကို ၾကားလိုက္ရေတာ့သည္။

"မိန္းမေတြက ဘာခ်ိဳ႕ယြင္းခ်က္မ်ား ႐ွိေနလို႔လဲ!? ၿပီးေတာ့ မိန္းမဘဝကို လိုခ်င္ေနတဲ့သူေတြကေရာ ဘာအျပစ္႐ွိလို႔လဲ!?"

"မင္းက ဘာေကာင္မို႔လို႔ ငါ့ကို လာေျပာေနရတာလဲ!?"

ထိုလူႀကီးနဲ႔ ငသစ္ ျပႆနာျဖစ္မွာကို စိုးရိမ္ၿပီး ကြၽန္ေတာ္ ဝင္တားလိုက္မိသည္။

"ငါတို႔က ေကာင္းမႈကုသိုလ္ရေအာင္ လာခဲ့တာ။ ျပႆနာမျဖစ္ေအာင္ ေနစမ္းပါ။"

ငသစ္က ကြၽန္ေတာ့္စကားေၾကာင့္ ဘာမွျပန္မေျပာဘဲ ထြက္လာဖို႔ ျပင္လိုက္ေလသည္။

"ငါ့ကို ‌ျပန္မေျဖရဲလို႔ ထြက္ေျပးတာလား!?"

ထိုလူ႕ဆီက ထပ္ၿပီး ထြက္ေပၚလာတဲ့ စကားသံေၾကာင့္ ငသစ္ရဲ႕ေဒါသေတြ ထိန္းမရျဖစ္သြားရေတာ့သည္။

"ျပန္မေျဖရဲလို႔ မဟုတ္ဘူး။ ခင္ဗ်ားလိုလူနဲ႔ ျပႆနာျဖစ္ရမွာကို မသတီလို႔ ေ႐ွာင္သြားတာ။"

"မင္းကမ်ား!!!"

ထိုလူက ငသစ္ရဲ႕မ်က္ႏွာကို လက္သီးနဲ႔ ထိုးဖို႔ ႐ြယ္လိုက္ေပမယ့္ ေဘးကပါလာတဲ့ သားျဖစ္သူက တားလိုက္ေလသည္။

"ေဖေဖ...လူေတြ ဝိုင္းၾကည့္ေနၾကၿပီ။ သားတို႔ ျမန္ျမန္သြားၾကရေအာင္ေနာ္။"

"ငါက ဒီလို မ်ိဳးမစစ္ေကာင္ကို ေၾကာက္ၿပီး ေ႐ွာင္သြားရမွာလား!?"

"ခင္ဗ်ား ေရာက္ေနတာက ရင္‌ျပင္ေတာ္ေပၚမွာဆိုတာကိုလည္း သတိရပါဦး။ ေတာ္ၾကာ ခင္ဗ်ား သမုတ္ထားသလိုမ်ိဳး ကိုယ္တိုင္က ျပန္ျဖစ္ေနဦးမယ္။"

"လူႀကီးကို လူႀကီးမွန္းမသိတဲ့ အ႐ိုင္းအစိုင္းေကာင္!!!"

"ကြၽန္ေတာ့္လို အ႐ိုင္းအစိုင္းေကာင္က ေမြးေပးခဲ့တဲ့ အေမကို ယုတ္ညံ့တဲ့မိန္းမရယ္လို႔ တစ္ခါမွ မေစာ္ကားဖူးဘူး။ မိန္းမဘဝနဲ႔ ေနခ်င္တဲ့သူေတြကို အထင္မေသးခဲ့ဖူးဘူး။"

"ငါ့ဘာသာငါ ေျပာခ်င္လို႔ ေျပာတာ ဘာျဖစ္လဲ!? မင္းနဲ႔ ဘာဆိုင္လို႔လဲ!?"

"ဘာမွေတာ့ မဆိုင္ပါဘူး။ ဒီလို ျမင့္ျမတ္တဲ့ ေနရာနဲ႔ ခင္ဗ်ားလိုလူက လုံးဝမထိုက္တန္လို႔ ဝင္ေျပာလိုက္ရတာ။"

ထိုအခ်ိန္မွာပင္ ဘုရားေပၚက လုံျခဳံေရးေတြ ေရာက္လာၿပီး ရန္ပြဲကို ဝင္တားခဲ့ေလသည္။ ကြၽန္ေတာ္လည္း ငသစ္ကို အားလုံးနဲ႔ ေဝးရာဆီ ဆြဲေခၚလာခဲ့မိသည္။ ညေနေစာင္းေနၿပီမို႔ ဟိုတယ္ရဲ႕ေလွ်ာက္လမ္းေတြမွာ မီးလုံးေလးေတြနဲ႔ ထိန္ထိန္လင္းေနခဲ့ေလၿပီ။ ေတာ္ေတာ္ေဝးေဝး တစ္ေနရာကို ေရာက္လာတဲ့အထိ ငသစ္ရဲ႕လက္ကို လႊတ္မေပးဘဲ ဆက္ေခၚလာခဲ့ေတာ့သည္။

"ကြၽန္ေတာ့္ကို စိတ္ဆိုးေနတာလား!?"

ငသစ္ရဲ႕အ‌ေမးေၾကာင့္ ကြၽန္ေတာ္ ျပန္လွည့္ၾကည့္လိုက္မိသည္။

"ငါက မင္းကို ဘာလို႔ စိတ္ဆိုးရမွာလဲ!?"

"ဒယ္ဒီ တားေနတဲ့ၾကားက ျပႆနာ႐ွာခဲ့မိလို႔ေလ။"

ေစာေစာကလူနဲ႔ ျပႆနာျဖစ္တုန္းက ငသစ္မွ ဟုတ္ရဲ႕လားလို႔ သံသယဝင္ရေလာက္တဲ့အထိ သူ႕မ်က္ဝန္းေတြက ျဖဴစင္ေနခဲ့သည္။

"ငါက မင္းကို ခ်ီးက်ဴးခ်င္ေနတာပါ။"

"ဟမ္...ဘာလို႔လဲ!?"

"ငါ မေျပာရဲတဲ့စကားေတြကို မင္းက အစားေျပာေပးသြားတာေလ။ အဲဒါေၾကာင့္ မင္းကို ခ်ီးက်ဴးတယ္လို႔ ေျပာတာ။ ႐ွင္းၿပီလား!?"

ငသစ္က ထိုစကားကိုၾကားမွ ျပဳံး႐ႊင္သြားခဲ့ေလသည္။

"လာ...ညစာ သြားစားၾကမယ္။"

'ဟိန္းေဇာ္'ကို ဖုန္းနဲ႔ လွမ္းေမးၾကည့္ၿပီး သူတို႔႐ွိရာဆီ ထြက္လာခဲ့ရေတာ့သည္။

"မင္းတို႔က ဘာလို႔ ေနာက္မွာ က်န္ေနခဲ့တာလဲ!?"

ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို ေတြ႕ေတြ႕ခ်င္းမွာ လွမ္းေမးလိုက္တဲ့ 'ဟိန္းေဇာ္'ေၾကာင့္ ျဖစ္ခဲ့သမွ်ကို ေျပာျပလိုက္ရေလသည္။

"ဪ...ေစာေစာက လူေတြ ေျပာေနၾကတဲ့ ကိစၥဆိုတာ ဒီကိစၥပဲ ေနမယ္။"

"သူတို႔က ဘာေျပာၾကလို႔လဲ!?"

ငသစ္ရဲ႕အေမးကို 'ဟိန္းေဇာ္'က ျပန္ေျဖေပးခဲ့သည္။

"အဲ့ေကာင္ေလး ေျပာတာ မွန္တယ္။ ဟိုလူကသာ တစ္ယူသန္ၿပီး ေျပာေနတာတဲ့။ မင္းကို အားလုံးက ခ်ီးက်ဴးေနၾကတာဆိုေတာ့ ဂုဏ္ယူလိုက္စမ္းပါကြာ။"

"ဒါေပါ့...ဂုဏ္ယူရမွာေပါ့။ အားလုံးက ကဲ့ရဲ႕ေနရင္ေတာင္ ခ်ီးက်ဴးတဲ့သူတစ္ေယာက္ ႐ွိရင္ ရၿပီ။"

ငသစ္က ကြၽန္ေတာ့္ကို လွည့္ၾကည့္ၿပီး ‌ေျပာလိုက္ေလသည္။

"ကဲပါ...ညစာသြားစားၾကရေအာင္။"

'ဟိန္းေဇာ္'က ဦးေဆာင္ၿပီး ကြၽန္ေတာ္တို႔ကို ထမင္းဆိုင္႐ွိရာဆီ ေခၚသြားခဲ့ေတာ့သည္။

"ဒီဆိုင္က ငါ့အေဖနဲ႔ အမ်ိဳးေတာ္တယ္ေလ။ က်ိဳက္ထီး႐ိုးဘုရားကို ေရာက္တိုင္း ဒီမွာပဲ လာစားၾကတာ။ အရသာလည္း ေတာ္ေတာ္ေကာင္းတယ္။"

'ဟိန္းေဇာ္'ရဲ႕အၫႊန္းေၾကာင့္ ကြၽန္ေတာ္တို႔လည္း ဟင္းပြဲတစ္ခ်ိဳ႕ကို မွာၿပီး စားၾကည့္လိုက္မိသည္။

"ၾကက္သားက ေတာ္ေတာ္စားလို႔ ေကာင္းတယ္။"

ကြၽန္ေတာ့္ရဲ႕ခ်ီးက်ဴးစကားေၾကာင့္ ငသစ္နဲ႔ 'ဟိန္းေဇာ္'က လွမ္းၾကည့္လိုက္ေလသည္။

"ငါ ေျပာပါတယ္။"

"ဟုတ္တယ္။ စားဖူးခဲ့တဲ့ ဟင္းေတြနဲ႔ လုံးဝကို မတူတာ။ အရမ္းႀကိဳက္တယ္။"

ထိုအခ်ိန္မွာပင္ ငသစ္က ထိုင္ေနရာကေန ခ်က္ခ်င္း ထ,ရပ္လိုက္ေတာ့သည္။

"ဟိန္းေဇာ္... ငါ သန္႔စင္ခန္း သြားခ်င္လို႔။ ခဏေလာက္ လိုက္ပို႔ေပးပါလား!?"

"ငသစ္...သူ ထမင္းစားေနတယ္ေလ။ ၿပီးမွ လိုက္ပို႔ခိုင္းလိုက္ေပါ့။"

"ေစာေစာကတည္းက ေအာင့္ထားရတာ။ မရေတာ့ဘူး။"

"ငါ လိုက္ပို႔ေပးလိုက္ပါ့မယ္။"

'ဟိန္းေဇာ္'က ငသစ္ကို သန္႔စင္ခန္း ႐ွိရာဆီ လိုက္ျပေပးခဲ့ေလသည္။ ခဏေလာက္ၾကာခ်ိန္မွာ 'ဟိန္းေဇာ္'က ျပန္ထြက္လာေပမယ့္ ငသစ္ကေတာ့ ပါမလာခဲ့ေပ။

"ငသစ္ေရာ...!?"

ကြၽန္ေတာ့္ရဲ႕အေမးကို 'ဟိန္းေဇာ္'က ေျဖဖို႔ ခက္ေနသလိုပင္။

"ဟို...ဟို အထဲမွာ က်န္ေနခဲ့တယ္။ ငါ့ကို အရင္ ျပန္လာခိုင္းလိုက္တာ။"

"ငါ သူ႕ကို စိတ္မခ်ဘူး။ သြားေစာင့္ေပးလိုက္ဦးမယ္။"

ငသစ္က ျပႆနာ႐ွာလိုက္မွာကို ကြၽန္ေတာ္ လိုက္သြားဖို႔ ႀကိဳးစားေပမယ့္ 'ဟိန္းေဇာ္'က တားလိုက္ေလသည္။

"မင္း လိုက္သြားလို႔ မျဖစ္ဘူး။ ဒီမွာပဲ ေစာင့္ေနစမ္းပါ။"

ကြၽန္ေတာ္က ဘာလို႔ လိုက္သြားလို႔ မျဖစ္ရတာလဲ!? သိခ်င္စိတ္ေၾကာင့္ လိုက္သြားခ်င္စိတ္ေတြ ပိုၿပီး ေပၚထြက္လာခဲ့ေတာ့သည္။

"အဲ့ေကာင္က ေရာက္ေလရာမွာ ျပႆနာ႐ွာတတ္တယ္။ ငါ စိတ္မခ်ဘူး။"

"သူ ျပႆနာမ႐ွာပါဘူး။ ဒီမွာပဲ ေနစမ္းပါ။"

ကြၽန္ေတာ္တို႔ႏွစ္ဦး ျငင္းခုံေနစဥ္မွာ ငသစ္က ျပန္ေရာက္လာေလသည္။

"ဘာလုပ္ေနၾကတာလဲ!?"

"လျပည့္မႉးက မင္းကို စိတ္မခ်လို႔တဲ့။ လိုက္သြားၿပီး ၾကည့္မယ္လုပ္ေနလို႔ ငါ အတင္းျပန္ဆြဲထားရတာ။"

ငသစ္က ကြၽန္ေတာ့္ကို ျပဳံးစိစိနဲ႔ လွမ္းၾကည့္လိုက္သည္။

"ဘာလဲ...မ်က္စိေအာက္ကေန အေပ်ာက္မခံႏိုင္ဘူးလား!?"

"မ်က္စိေအာက္က အေပ်ာက္ခံလိုက္တာနဲ႔ ျပႆနာ တက္လာတာကိုလည္း ထည့္ေျပာဦးေလ။"

ကြၽန္ေတာ္တို႔ရဲ႕ထမင္းဝိုင္းက ရန္ျဖစ္ရင္းနဲ႔ ၿပီးဆုံးခဲ့ရၿပီး အခန္း႐ွိရာဆီသို႔ ျပန္လာခဲ့ရေတာ့သည္။

"ငသစ္ရယ္...ညဘက္ကိုေတာ့ ဟိုမွာပဲ အိပ္လိုက္စမ္းပါ။"

ေရခ်ိဳးၿပီး ေစာေစာအနားယူဖို႔ ျပင္လိုက္တဲ့ ကြၽန္ေတာ့္အနားကို ငသစ္က ခ်ဥ္းကပ္လာခဲ့ျပန္သည္။

"တစ္ေယာက္တည္း မအိပ္တတ္ပါဘူးဆို။"

"မင္း ဘယ္အ႐ြယ္အထိ ဒီလိုမ်ိဳး အိပ္ေနဦးမွာလဲ!? ႏိုင္ငံျခားမွာဆို ကေလးေတြကို ငယ္ငယ္ေလးထဲက မိဘနဲ႔ ခြဲၿပီး အိပ္ခိုင္းတာ။"

"ဒါေပမဲ့ ႀကီးလာေတာ့လည္း အေဖာ္နဲ႔ အတူတြဲအိပ္ရတာပဲေလ။"

"ဒါဆိုလည္း မင္း မိန္းမရေတာ့မွ အဲ့မိန္းမနဲ႔ အတူအိပ္။ အခုေတာ့ ငါ့ကို လြတ္လြတ္လပ္လပ္ အိပ္ခြင့္ေလး ေပးစမ္းပါ။ ငါ့မွာ အိပ္ေနရင္းနဲ႔ လွည့္ခ်င္ရင္ေတာင္ လွည့္လို႔မရဘူး။"

"ဒယ္ဒီက အိပ္ေနရင္ လွည့္မွ မလွည့္တတ္တာ။ အပိုေတြ ေလွ်ာက္ေျပာမေနနဲ႔။"

"မင္းက အဲဒါကို ဘယ္လိုလုပ္သိတာလဲ!? ငါ့ကို တစ္ညလုံး ထိုင္ၾကည့္ေနလို႔လား!?"

"အင္း..."

ဒီေကာင္နဲ႔ ဆက္ေျပာေနရင္ မဟုတ္တာေတြပဲ ထြက္လာရဦးမွာမို႔ ကြၽန္ေတာ္ မၾကားခ်င္ေယာင္ေဆာင္ၿပီး သူ႕ကို ေက်ာေပးကာ အိပ္လိုက္မိေတာ့သည္။

"ဒီဘက္ကို လွည့္အိပ္။"

ငသစ္က ကြၽန္ေတာ့္ခႏၶာကိုယ္ကို သူ႕ဘက္ကို ဆြဲလွည့္ၿပီး တင္းၾကပ္စြာ ေပြ႕ဖက္လိုက္ေလသည္။

"ဘာလို႔ အတင္းဖက္ထားတာလဲ!? အသက္႐ႈၾကပ္လာၿပီ။"

"ေအးလို႔ေလ။"

"ေအးရင္ Air-Conကို ေလွ်ာ့လိုက္ေပါ့။"

"ဟင့္အင္း...ဒီလိုမ်ိဳး ေအးေနတာေလးကိုပဲ ႀကိဳက္တာ။"

လူနားလည္ေအာင္ မေျပာတတ္တဲ့ ငသစ္ကို ထု႐ိုက္ပစ္လိုက္ခ်င္ေပမယ့္ ကြၽန္ေတာ့္တစ္ကိုယ္လုံးက ေကာက္ညႇင္းထုပ္လို ျဖစ္ေနခဲ့ေလသည္။ လႈပ္လို႔ရတဲ့ေနရာက ေခါင္းတစ္ခုတည္း႐ွိတာမို႔ အနီးစပ္ဆုံး သူ႕လည္တိုင္ဆီကို အၾကည့္ေရာက္သြားၿပီး ကိုက္ပစ္လိုက္မိေတာ့သည္။ ဒါေပမဲ့ ငသစ္ဆီက နာက်င္မႈေၾကာင့္ ေအာ္ဟစ္သံကို မၾကားခဲ့ရေပ။ မနာရင္ နာေအာင္ ကိုက္ရမွာေပါ့။ ကြၽန္ေတာ္ ထိုေနရာကိုပဲ ေနာက္တစ္ခါ ထပ္ကိုက္လိုက္မိျပန္သည္။ ဒီတစ္ခါေတာ့ ငသစ္ဆီက အသံမၾကားရေပမယ့္ ကြၽန္ေတာ့္ကို ဖက္ထားတဲ့ လက္ေတြက ပိုတင္းၾကပ္လာခဲ့ေတာ့သည္။ အကိုက္ခံထားရတဲ့ ေနရာကလည္း ေသြးပင္ စို႔ေနခဲ့ေလၿပီ။

"ငသစ္...ငါ ကိုက္တာ မနာဘူးလား!?"

"မနာပါဘူး။ တျခားေနရာေတြပါ ထပ္ကိုက္ခ်င္ ကိုက္လို႔ရတယ္။ ဒါေပမဲ့ ဒယ္ဒီကေတာ့ အႏၲရာယ္ ႐ွိလာႏိုင္တယ္ေနာ္။"

"ဘာအႏၲရာယ္လဲ!?"

"ဒါမ်ိဳးက ကေလးေတြ သိစရာ မလိုပါဘူး။"

ငသစ္ေျပာတဲ့ အႏၲရာယ္ကို ကြၽန္ေတာ္ မသိေပမယ့္ ရင္ဘတ္ထဲက တဒုတ္ဒုတ္နဲ႔ ခုန္ေနတဲ့ ရင္ခုန္သံကေတာ့ အသက္႐ႈရပ္သြားႏိုင္တဲ့အထိ အႏၲရာယ္႐ွိတာ ေသခ်ာေပသည္။

"ကြၽန္ေတာ္က အေအးႀကိဳက္ေပမယ့္ ဒယ္ဒီက အေအးမိရင္ ဖ်ားတတ္လို႔ ေႏြးေနေအာင္ ဖက္ေပးထားတာ။ ဘာမွ ေလွ်ာက္ေတြးမေနနဲ႔။ အိပ္ေပ်ာ္ေအာင္သာ အိပ္လိုက္။"

ကြၽန္ေတာ္လည္း ငသစ္ေျပာတဲ့အတိုင္း ၿငိမ္သက္စြာျဖင့္ အိပ္စက္လိုက္မိသည္။

ေနာက္တစ္ေန႔နံနက္တြင္-

ဒီေန႔ က်ိဳက္ထီး႐ိုးဘုရားနဲ႔ အနီးအနားမွာ ႐ွိတဲ့ အထင္ကရ,ေနရာေတြကို လည္ပတ္ခဲ့ရေလသည္။ မုဆိုးေတာင္မွာ ဘုရားဝင္ဖူးၿပီး က်ီးကန္းပါးစပ္မွာ အဓိဌာန္ျပဳ ဆုေတာင္းခဲ့မိသည္။ က်ိဳက္ထီး႐ိုးဘုရားေပၚက အဆင္းမွာ 'ေဆာင္ႏိုင္ႀကီး'ေရတံခြန္႐ွိရာဆီ ေရာက္ခဲ့ၾကေတာ့သည္။

ေဆာင္ႏိုင္ႀကီး ေရတံခြန္


"ေယာက်္ားေလးေတြခ်ည္းပဲ ႐ွိတာဆိုေတာ့ အေပၚအက်ႌခြၽတ္ၿပီး ႀကိဳက္သေလာက္သာ ေဆာ့ၾကေပေတာ့။"

'ဟိန္းေဇာ္'ရဲ႕အေဖက ကြၽန္ေတာ္တို႔ကို ေျပာလိုက္တာမို႔ အေပၚအက်ႌကိုခြၽတ္ဖို႔ ျပင္လိုက္မိသည္။

"အက်ႌမခြၽတ္ပါနဲ႔။ ဒီအတိုင္းပဲ ေရေဆာ့လို႔ ရတဲ့ဟာကို။"

"အားလုံးက ခြၽတ္ေနၾကတာပဲ။ မင္းလည္း ခြၽတ္ထားတာပဲေလ။"

"ဘာပဲျဖစ္ျဖစ္ ဒယ္ဒီကေတာ့ မခြၽတ္နဲ႔။"

ငသစ္ရဲ႕စကားကို ကြၽန္ေတာ္ လ်စ္လ်ဴ႐ႈၿပီး အက်ႌကို ခြၽတ္လိုက္ေလသည္။

"လျပည့္မႉး...မင္းရဲ႕အသားအေရက မိုက္လွခ်ည္လား!?"

"ဟုတ္တယ္ကြ...မိန္းကေလးလိုပဲ ေခ်ာမြတ္ေနတာ။"

"ခဏေလာက္ ကိုင္ၾကည့္မယ္ေလ။"

'ဟိန္းေဇာ္'တို႔က ကြၽန္ေတာ့္ကို စ,ေနာက္ၿပီး ခ်ဥ္းကပ္လာခ်ိန္မွာ ငသစ္က ေ႐ွ႕ကေန ကာေပးလိုက္ေတာ့သည္။

"ကိုင္လည္း မကိုင္နဲ႔။ ၾကည့္လည္း မၾကည့္နဲ႔။ ငါ့ဒယ္ဒီနဲ႔ ေဝးေဝးေန။"

"ဘာေတြ လာၿပီး တြန္႔တိုေနတာလဲ!? မင္းရဲ႕ဒယ္ဒီက မိန္းကေလးမွ မဟုတ္တာ။"

"ဘာပဲျဖစ္ျဖစ္ကြာ လာမၾကည့္နဲ႔... မႀကိဳက္ဘူး။"

အသည္းအသန္ တားေနတဲ့ ငသစ္ကို စ,ခ်င္ေနတဲ့ 'ဟိန္းေဇာ္'တို႔က တစ္ခြန္းမခံ ျပန္ေျပာေနၾကတာမို႔ ၾကာလာရင္ ျပႆနာတက္လာႏိုင္ေပသည္။ ထို႔ေၾကာင့္ ခြၽတ္ထားတဲ့ အက်ႌကို အျမန္ျပန္ဝတ္လိုက္ရေလသည္။

"ေယာက်္ားေလးကိုေတာင္ ၾကည့္ခ်င္ေနၾကတာ မင္းတို႔က ႏွာဘူးေတြလား!?"

ငသစ္ရဲ႕ေဘးမွာ ဝင္ရပ္ၿပီး စ,လိုက္တဲ့ ကြၽန္ေတာ့္ကို 'ဟိန္းေဇာ္'တို႔က ရယ္ျပလိုက္ေလသည္။

"မင္းရဲ႕သားေလးက စြာေနေတာ့ ပိုၾကည့္ခ်င္သြားတာေပါ့။"

"သူ႕အေၾကာင္းကိုလည္း သိရဲ႕သားနဲ႔။"

"သိလို႔ကို တမင္စ,ေနတာ။ ဒါနဲ႔ လဝန္းသစ္ရဲ႕လည္ပင္းက ဘာျဖစ္တာလဲ!?"

'ဟိန္းေဇာ္'က ငသစ္ရဲ႕ဒဏ္ရာကို သတိထားမိၿပီး ေမးလိုက္တာမို႔ ကြၽန္ေတာ္ ေခါင္းနပန္း ႀကီးသြားရေတာ့သည္။

"ဒါလား!? ျခင္ကိုက္တာေလ။"

ငသစ္ရဲ႕အေျဖကို 'ဟိန္းေဇာ္'တို႔က ယုံၾကည္ပုံမေပၚခဲ့ေပ။

"ျခင္ကိုက္တာက အဲ့ေလာက္မွ မႀကီးတာ။"

"ဟုတ္တယ္။ ငါက ယားလို႔ ကုတ္လိုက္တာ လက္သည္းဆိပ္တက္ၿပီး ပိုႀကီးသြားတယ္။ ငါ့ကို စပ္စုေနတာကို ရပ္ၿပီး ေဆာ့စရာ႐ွိတာကိုသာ ေဆာ့ၾကစမ္းပါ။ ဘာလုပ္ေနၾကတာလဲ!?"

ငသစ္ရဲ႕ေဆာ္ဩမႈေၾကာင့္ 'ဟိန္းေဇာ္'တို႔က အာ႐ုံေျပာင္းသြားၿပီး ေရကစားဖို႔ ဆင္းသြားၾကေလသည္။ ကြၽန္ေတာ္လည္း ထိုအခါက်မွ သက္ျပင္းခ်ႏိုင္ခဲ့ေတာ့သည္။

"အဆိုးေလး...ညတုန္းက ေသာင္းက်န္းထားၿပီးေတာ့ အခုမွ ေၾကာက္လန္႔ၿပီး မ်က္ႏွာက ျဖဴဆုတ္ေနတယ္ေပါ့ေလ။"

ငသစ္က ကြၽန္ေတာ့္ပခုံးကို ဖက္ၿပီး စ,လိုက္ေလသည္။

"ဘယ္သူ႕ေၾကာင့္ ဒီဒဏ္ရာရတာလဲဆိုတာကို ထည့္ေျပာဦးေလ။"

ငသစ္က ခဏစဥ္းစားဟန္ျပဳၿပီးမွ ျပန္ေျဖခဲ့ေလသည္။

"ေသခ်ာစဥ္းစားၾကည့္ေတာ့ ဒယ္ဒီ့ေၾကာင့္ပဲေလ။"

"ဘာလို႔ ငါ ျဖစ္ေနရျပန္တာလဲ!?"

"ဒယ္ဒီက ျငင္းရင္ ကြၽန္ေတာ္က ပိုၿပီးလိုခ်င္လာတာေလ။ ေနာက္ဆုံးက်ေတာ့ အကိုက္ခံရတဲ့အထိ ျဖစ္သြားတာပဲ။ အဲဒါေၾကာင့္ ဒယ္ဒီ့ေၾကာင့္လို႔ ေျပာတာ။"

ငသစ္ရဲ႕ေျခေထာက္ကို ေဆာင့္ကန္ၿပီး 'ဟိန္းေဇာ္'တို႔ဆီ ကြၽန္ေတာ္ ထြက္လာခဲ့မိသည္။ ဒီလိုေကာင္မ်ိဳးက သူ႕အျပစ္ကို ဘယ္ဝန္ခံပါ့မလဲ!? ကြၽန္ေတာ့္ရင္ခုန္လာေအာင္ လုပ္ခဲ့တာက ဘယ္သူလဲ!? အၿမဲတမ္း စိတ္ပူေနေအာင္ လုပ္တာကေရာ ဘယ္သူလဲ!? ဒါေတြက သူ႕ေၾကာင့္လို႔ ေျပာျပရင္ ကြၽန္ေတာ့္ကို ေလွာင္ရယ္ေနမယ့္ေကာင္မ်ိဳးပဲေလ။ 'စိတ္ခ်...ေသေတာင္ မေျပာျပဘူး။'

*အခ်စ္ဆိုတာကို တစ္ခါမွ မခံစားဖူးေသးတဲ့ ဆယ္ေက်ာ္သက္ ဒယ္ဒီေလးမို႔ ေယာက်္ားေလးတစ္ေယာက္အ‌ေပၚ... ပိုဆိုးတာက တစ္ခ်ိန္လုံး အျမင္ကတ္လာတဲ့သူအေပၚ ဒီလိုမ်ိဳး ခံစားမိေနတဲ့အတြက္ သူ႕ခံစားခ်က္ေတြကို သူ နားမလည္ႏိုင္ေသးတာပါ႐ွင့္😁😁😁

#Śûè

***************


Chapter 16(English translation)


"Knock...Knock...Knock."

When I woke up to a knock on the door, Nga Thit was was still asleep, hugging me.  It was about 5:30 in the evening when I looked at the clock.

"La Pyae Mhue...La Wun Thit... We have to go up to the Pagoda's platform. Come out."

I woke him up because of Hein Zaw's voice.

"Nga Thit ... Get up. Hein Zaw is coming. We will go up to the Pagoda's platform."

From the beginning of the tenth grade, Nga Thit became accustomed to waking up as soon as I woke him up. Now he hear my voice and wake up immediately.

"Are they coming !?"

"Yes ... go and wash your face."

As I said, he went into the bathroom. I said to 'Hein Zaw'.

"Hein Zaw ... we will come out after washing our faces."

"Ah ... we'll just be waiting outside."

I had to make my bed tidy and go into the bathroom.

"Bring in a lot of money."

I told him who was getting ready to leave from the bathroom.

"Sure. I'll bring it. Daddy, don't take out the money yet."

"I want to donate, too. I will bring a little."

"Should I give all my money to Daddy!?"

"No. It's annoying to maintain it."

"You can use as much as you like if you need to."

"Yeah ... hurry up. They're waiting."

As he left the bathroom, I quickly wash my face.

On the Pagoda's platform:

"How do you feel when you're at the top of mountain!?"

Breathing in and out of the breeze, the feeling of gazing from above is breathtaking.

"It was as if I felt freedom and peace at the same time."

I smiled at him and replied.

"I feel happy now."

His smiling eyes proved that he was really happy.

"Let's go and donate a golden robe."

Because of Hein Zaw's voice, we came out to donate golden robes.

"Do you see how good it is to be a man!? Women can't do like this. Even if, some guys wanted to get that kind of lowly life."

As we all returned after donating the golden robe, we heard a voice from behind. It was as if his words were slandering women and blaming some people. While I was disgusted with the man's depravity, I heard Nga Thit's voice.

"What's wrong with women !? And what about those who want femininity !?"

"Why are you talking to me !?"

Fearing that there would be a problem with the man, I tried to stop him.

"We have come to do good deeds. Let it not be a problem."

He prepared to leave without saying a word.

"Did you run away because you didn't dare answer me !?"

That man's voice made his anger uncontrollable.

"It's not that I don't dare to answer. I avoid being in trouble with people like you."

"How dare you !!!"

The man tried to punch him in the face, but was stopped by his son.

"Father ... people are watching. Please let it be."

"Do I have to run away from such a rude guy!?"

"Remember, you are on the Pagoda's platform. Your words will come true for you."

"You're a guy who doesn't know the politeness !!!"

"I have never insulted my mother, who was born to a person like me, as a bad woman. I have never looked down on those who want to live a feminine life."

"Why do you want to talk to me !? What has that got to do with you !?"

"It does not matter for me. I have to say that a person like you does not deserve this place."

At that moment, the security guards at the pagoda came and stopped the fight. I pulled him away from everyone.  It is getting late, and the hotel is lit up with lanterns. I did not let go of Nga Thit's hand until we reached a place far away.

"Are you mad at me !?"

I looked back at Nga Thit's question.

"Why should I be mad at you !?"

"Because I made the problem while you were blocking me."

Earlier, when he had a problem with that man, his eyes were so scary but now they're so soft.

"I want to praise you."

"Hmm ... why !?"

"You replaced what I did not dare to say. That is why I praise you."

He smiled at my words.

"Come on ... let's go and have dinner."

I asked 'Hein Zaw' over the phone and came out to them.

"Why are you left behind !?"

'Hein Zaw' asked us as soon as we met. I told him everything that had happened.

"Oh, this is exactly what people were talking about earlier."

"What are they talking about !?"

'Hein Zaw' answered Nga Thit's question.

"They said the boy was right. The man was the one who spoke rudely. Be proud that everyone is praising you."

"So ... I have to be proud. Even if everyone is insulting me, I have someone to praise."

He turned to me and said.

"Come on ... let's go and have dinner."

'Hein Zaw' led us to the restaurant.

"My father and the owner of this restaurant are related. Every time we visit Kyaik Htee Yoe Pagoda, we come here to eat. The taste is very good."

Because of Hein Zaw's recipe, we ordered some dishes and tried them.

"Chicken is very good to eat."

Because of my compliment, Nga Thit and 'Hein Zaw' looked at me.

"I told you."

"Yes. It's completely different from any dish I've ever eaten. I really like it."

At that moment, Nga Thit immediately got up from his seat.

"Hein Zaw ... I want to go to the bathroom. Please send me for a while !?"

"Nga Thit ... He is eating. Don't go now."

"I can't control now."

"I'll send him."

'Hein Zaw' showed Nga Thit to the toilet.  After a while, 'Hein Zaw' came out but Nga Thit did not come.

"What about Nga Thit...!?"

'Hein Zaw' seems to have a hard time answering my question.

"Oh ... He didn't finish. I was told to come back first."

"I do not trust him. I will go and see."

I tried to follow Nga Thit, but 'Hein Zaw' stopped me.

"You can not go. Just wait here."

Why can't I go !? Out of curiosity, I wanted to follow.

"He's always looking for trouble wherever he goes. I can't trust him."

"He is not looking for trouble. Just stay here."

While we were arguing, Nga Thit came back.

"What are you doing !?"

"He said he didn't trust you. I had to pull him back because he was going to see you."

He looked at me with a smile.

"What ...can't you be apart from me for a while!?"

"Add to that the problem that arises when you disappear under my eyes."

Our dinner time ended in a fight and we had to return to our room.

"Nga Thit ... Sleep there at night."

He approached me as I prepared to go to sleep after taking a bath.

"I can not sleep alone."

"How old are you going to sleep like this !? Abroad, children are forced to sleep apart from their parents at an early age."

"But when I grow up, I have to sleep with my partner."

"Then sleep with her when you get married. Now let me sleep freely. I can not turn around even if I want to sleep."

"You don't move very much when you're asleep. Don't talk nonsense."

"How do you know that !? Are you watching me all night !?"

"Yes ..."

I pretended not to hear, so I turned my back on him and fell asleep.

"Turn around."

He pulled my body toward him and hugged me tightly.

"Why are you hugging me !? I'm out of breath."

"Because it's cold."

"If you're cold, just lower the Air-Con."

"No ... I just like it cold like this."

I wanted to punch him who could not understand, but my whole body was like a sticky rice dumpling. There was only one head that could move, so I looked at his neck and bit it.  But I could not hear the screams of pain from him.  If it does not hurt, I will make it hurt. I bit the same spot again. This time I did not hear a sound from Nga Thit, but his arms tightened around me. The bite mark was now covered in blood.

"Nga Thit ... Doesn't it hurt !?"

"It doesn't hurt, but Daddy could be in danger."

"What's the danger!?"

"Kids don't need to know that."

I do not know about the danger he had said, but the throbbing in my chest is so dangerous that it can stop my breathing.

"I like the cold, but you can catch a cold. So I make you warm like this. Don't think about it. Just go to sleep."

As he said, I fell asleep peacefully.

The next morning:

Today I had to visit Kyaik Htee Yoe Pagoda and other famous places nearby.  I used to worship at Mount Moak Soe and prayed at the Crow's mouth.  On the way down from Kyaik Htee Yoe Pagoda, we came to 'Saung Naing Gyi' waterfall.

Saung Naing Gyi Waterfall


"There are only boys, so take off your shirt and play as much as you like."

Hein Zaw's father told us, so I prepared to take off my shirt.

"Do not take off your clothes. You can play like this."

"Everyone is taking off. You took off too."

"Anyway, Daddy, don't take it off."

I ignored his words and took off my shirt.

"La Pyae Mhue... Your skin is really nice."

"Yeah ...he's as smooth as a girl."

"Let me hold on for a moment."

When 'Hein Zaw' started approaching me, Nga Thit protected me from the front.

"Do not touch. Do not look. Stay away from my dad."

"What are you hesitant about !? Your daddy is not a girl."

"Anyway, don't look at him ... I don't like it."

Problems may arise in the long run because 'Hein Zaw', who wants to tease him.  So I quickly put on my shirt again.

"You want to look at a boy. You're such a pervert."

'Hein Zaw' laughed at me as I stood next to Nga Thit.

"I want to see it more because of your son."

"You know about him too."

"I'm starting to know. So what's there on his neck !?"

'Hein Zaw' noticed Nga Thit's injury and asked, so I was worried.

"Is that it!? It's mosquito bites."

'Hein Zaw' did not seem to believe Nga Thit's answer.

"Mosquito bites are not that big."

"Yeah. I scratched it off and it got bigger and bigger. Stop inquiring me and just play with what we have to do !?"

At the urging of Nga Thit, 'Hein Zaw' changed his mind and went down to play in the water.  I could only sigh then.

"Bad boy ... you're in a riot last night and now your face is white and scared."

He hugged my shoulder and teased me.

"Who started that problem!?"

Nga Thit pretended to think for a while and then answered.

"Come to think of it, it's because of Daddy."

"Why am I happening again !?"

"If Daddy refuses, I want more. Eventually I got bitten. That's why I said the victim was Daddy."

I kicked Nga Thit's leg and came out to 'Hein Zaw'. How can such a person like him confess his sins !?  Who made my heart skip a beat !?  Who always makes me worried !?  If I told him it was because of him, he would make fun of me.  'Sure ... I do not even tell you to die.'

*As a teenage daddy who has never experienced love, he can't understand his feelings for Nga Thit, whom he hated the most.😁😁😁

#Śûè

Continue Reading

You'll Also Like

204K 14.6K 49
แ€Ÿแ€ญแ€แ€บ แ€Ÿแ€ญแ€ฏแ€€แ€ฑแ€ฌแ€„แ€บแ€œแ€ฑแ€ธ แ€กแ€แ€ปแ€ญแ€”แ€บแ€…แ€ฑแ€ทแ€•แ€ผแ€ฎ แ€กแ€ญแ€™แ€บแ€…แ€ฌแ€œแ€ฌแ€‘แ€•แ€บแ€แ€ปแ€Šแ€บแ€แ€ฑแ€ฌแ€ท..! - แ€…แ€ฑแ€ฌแ€žแ€ญแ€ฏแ€€แ€บแ€แ€ฑแ€แ€บ แ€™แ€ฑแ€ฌแ€บโ€‹แ€€แ€ผแ€ฎแ€ธแ€†แ€ญแ€ฏแ€แ€ฒแ€ทแ€กแ€€แ€ฑแ€ฌแ€„แ€บ แ€œแ€™แ€บแ€ธแ€™แ€พแ€ฌ แ€แ€ฝแ€ฑแ€ธแ€แ€ปแ€ฎแ€ธแ€แ€€แ€บแ€”แ€„แ€บแ€ธแ€•แ€ผแ€ฎแ€ธ แ€แ€ปแ€ฑแ€ฌ...
142K 11.3K 94
แ€กแ€…แ€บแ€€แ€ญแ€ฏแ€‘แ€ฝแ€„แ€บแ€ธแ€€ แ€‡แ€ฌแ€แ€บแ€…แ€„แ€บแ€•แ€ฑแ€ซแ€บแ€™แ€šแ€บ แ€กแ€แ€ปแ€ญแ€ฏแ€ธแ€กแ€แ€ปแ€ญแ€แ€บแ€€แ€ปแ€€แ€ป แ€œแ€พแ€œแ€พแ€€แ€œแ€ฑแ€ธ แ€€แ€€แ€ผแ€ญแ€ฏแ€ธแ€†แ€„แ€บแ€•แ€ซแ€œแ€ฑ....แ€žแ€Šแ€บแ€™แ€ฑแ€ฌแ€„แ€บแ€€แ€แ€ฑแ€ฌแ€ท แ€‡แ€ฌแ€แ€บแ€…แ€„แ€บแ€กแ€ฑแ€ฌแ€€แ€บ แ€แ€…แ€บแ€”แ€ฑแ€›แ€ฌแ€€แ€”แ€ฑ แ€œแ€€แ€บแ€แ€ฏแ€•แ€บแ€แ€ฎแ€ธแ€”แ€ฑแ€•แ€ซแ€ทแ€™แ€šแ€บ...
1M 36.2K 42
๐Ÿšจ แ€’แ€ฎ Fic แ€™แ€พแ€ฌ Adult Scences แ€แ€ฝแ€ฑแ€•แ€ซแ€แ€„แ€บแ€แ€ฌแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ท แ€™แ€€แ€ผแ€ญแ€ฏแ€€แ€บแ€แ€ฒแ€ทแ€œแ€ฐแ€™แ€ปแ€ฌแ€ธแ€›แ€พแ€ฑแ€ฌแ€„แ€บแ€–แ€ญแ€ฏแ€ท แ€€แ€ผแ€ญแ€ฏแ€แ€„แ€บแ€กแ€žแ€ญแ€•แ€ฑแ€ธแ€•แ€ซแ€แ€šแ€บแ€”แ€ฑแ€ฌแ€บ ๐Ÿšจ ๐Ÿšจ แ€’แ€ฎ Fic แ€™แ€ฝแ€ฌ Adult Scences แ€ฑแ€แ€ผแ€•แ€ซแ€แ€„แ€นแ€แ€ฌแ€ฑแพแ€€แ€ฌแ€„แ€นแ€ท แ€™แ‚€แ€€...
331K 26.4K 29
Mini Story Uni Life Style Sweet Romance