(Unicode Version)
တနင်္လာနေ့ ရောက်ပြီဆိုတော့ မစရသေးတဲ့ဇာတ်လမ်းကို အဆုံးသတ်ပြီး ငသစ်ရဲ့အရှုပ်ထုပ်ကို ကျွန်တော် ရှင်းပေးရတော့မှာလေ။ အဲဒါကြောင့် ဂိတ်ဝနားမှာ တစ်ယောက်တည်းထိုင်ရင်းနဲ့ စနိုးကို စောင့်နေခဲ့မိတယ်။
သိပ်မကြာလိုက်ပါဘူး။ စနိုးက ရောက်လာလေရဲ့။
"စနိုး..."
ခေါ်သံကြားတော့ စနိုးက လှည့်ကြည့်လာခဲ့တယ်။
"လပြည့်မှူးပါလား။ ဘာကိစ္စရှိလို့လဲ။"
တွဲမယ်လို့ သဘောတူထားတယ်ဆိုပြီး စနိုးရဲ့မေးခွန်းက သူစိမ်းဆန်မနေဘူးလား။
"ဟိုတစ်နေ့က ငါနဲ့ တွဲမယ်လို့ ငသစ်ကို နင် ပြောလိုက်တာလား။"
"ဟုတ်တယ်လေ။"
စနိုးရဲ့ပုံစံက ခပ်တည်တည်ပါပဲ။ ကျွန်တော်နဲ့ တွဲဖို့ကို သူ့စိတ်ထဲမှာ သိပ်ထည့်မထားဘူး ထင်တယ်။ ဒါဆို ဆက်ပြောမဲ့စကားအတွက် အားနာစရာ မလိုတော့ဘူးပေါ့။
"ငါက ရည်းစားတစ်ခါမှ မထားဖူးလို့ ချိုသာတဲ့စကားတွေ ဘာတွေကိုလည်း မပြောတတ်ဘူး။ ကြာလာရင် ငါ့ကို စိတ်ပျက်ပြီး လမ်းခွဲဖို့အထိ ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် ငါတို့ မတွဲဘဲနဲ့ သူငယ်ချင်းတွေလိုမျိုး နေသွားတာက ပိုကောင်းလိမ့်မယ်လို့ ထင်တယ်။"
"ငါလည်း ရည်းစားမထားဖူးပါဘူး။ ဒါပေမဲ့ တွဲရင်းနဲ့ အဆင်ပြေချင် ပြေသွားမှာပေါ့။"
အဲဒီစကားကြောင့် ပျော်တော့ ပျော်မိသား။ စနိုးက ကျွန်တော့်အခြေအနေကို နားလည်ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲမလား။
"ငါနဲ့ တကယ်အဆင်ပြေပါ့မလား။"
"ဘာမှမပူပါနဲ့။ သူငယ်ချင်းတွေလို နေကြည့်ရင်းနဲ့ နေသားကျသွားမှာပါ။"
စနိုးနဲ့ အဆင်ပြေအောင် ညှိယူပြီးပြီမို့ ငသစ်ရဲ့ကိစ္စကို ရှင်းပေးဖို့ အခန်းထဲကို ကျွန်တော် ပြန်လာခဲ့မိတယ်။
"ဖူးငုံဆိုတဲ့ ကောင်မလေးက ဘယ်အခန်းကလဲ။"
"သူက (E)ခန်းက။ သေချာသိရအောင်လို့ ကျွန်တော် လိုက်ပြပေးမယ်။"
သူ့ရဲ့ဦးဆောင်မှုအတိုင်း ကျွန်တော် ပါလာပြီး (E)ခန်းရှေ့နားကနေ ချောင်းကြည့်ခဲ့ရတာပေါ့။
"ဟိုမှာ တွေ့လား။ ဆွယ်တာပန်းရောင် ဝတ်ထားတဲ့တစ်ယောက်။"
ငသစ် ညွှန်ပြတဲ့နေရာကို လှမ်းကြည့်မိတော့ ပါးဖောင်းဖောင်းနဲ့ ချစ်စရာကောင်မလေးကို တွေ့လိုက်ရတယ်။ အင်းလေ... ငသစ်နဲ့ တွဲခဲ့တဲ့သူတွေက အချောအလှတွေချည်းပဲဟာ။
အဲဒီကောင်ကသာ သူတို့ကို တန်ဖိုးမထားဘဲ ဖြတ်ပစ်ခဲ့တာလေ။ တစ်ချိန်ချိန်ကျရင် နွယ့်အလှည့်လည်း ရောက်လာနိုင်တယ်။
ဖူးငုံအတွက် စိတ်မကောင်းဖြစ်မိပေမဲ့ ငသစ်က အခု နွယ်နဲ့ တွဲနေပြီဆိုတော့ တစ်ဖက်ကို အပြတ်ဖြတ်မှ ဖြစ်မှာ။ နွယ်နဲ့ တွဲနေတုန်းမှာ တခြားသူနဲ့ ကိစ္စမပြီးပြတ်သေးဘဲ လှေနံနှစ်ဖက် မနင်းစေချင်ဘူး။
"ငါ သွားပြောလိုက်ဦးမယ်။"
ကျွန်တော်လည်း ရင်တမမနဲ့ ဘုရားစာရွတ်ပြီးတော့ ဖူးငုံရဲ့ခုံရှေ့ကို လျှောက်ခဲ့မိတယ်။
"နင်က ဖူးငုံမလား။"
သူငယ်ချင်းတွေနဲ့ စကားပြောနေတဲ့ ဖူးငုံက ကျွန်တော့်ဘက်ကို လှည့်လာပြီး မော့ကြည့်လေရဲ့။
"ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲဟင်။"
"ငါ နင့်ကို ပြောစရာတစ်ခုရှိလို့။"
အဲဒီလောက်ပဲ ပြောရသေးတယ်။ ဖူးငုံရဲ့သူငယ်ချင်းတွေက ဝိုင်းအော်ပါလေရော။
"ဖူးငုံရေ... နင့်ကို ရည်းစားစကား လာပြောတာ ထင်တယ်။"
"ဟဲ့... မြန်မြန်လက်ခံလိုက်တော့။"
တစ်ယောက်တစ်ပေါက်နဲ့ အသည်းအသန်လုပြောနေတော့ ကျွန်တော့်မှာ စကားဝင်ပြောဖို့ အခွင့်မသာဘူးပေါ့။
'ငါက ရည်းစားစကားလာပြောတာ မဟုတ်ဘူး။ လမ်းခွဲစကားကို လက်ဆင့်ကမ်းပေးဖို့ လာတာပါဟ။'
ပွင့်ပွင့်လင်းလင်းပြောလိုက်ချင်ပေမဲ့လည်း တစ်ဖက်မိန်းကလေးကို အားနာလို့ သေချာရှင်းပြဖို့ ကြိုးစားလိုက်ရတယ်။
"မ... မဟုတ်ပါဘူး။ ငါက နင့်ကို..."
စကားတောင် မဆုံးလိုက်ပါဘူး။ အသံတွေက ထပ်ထွက်လာလေရဲ့။
"ကြိုက်နေတာမလား။"
"ရှက်နေတာ အသိသာကြီးကို။"
ဒီအုပ်စုနဲ့ဆို စကားဆက်ပြောလို့ မရနိုင်မှန်း ကျွန်တော် သိလိုက်ပါပြီ။
"အပြင်ကို ခဏလောက်ထွက်ခဲ့ပါလား။"
ကျွန်တော် တစ်ခွန်းဟတာနဲ့ သူတို့က နှစ်ခွန်းမက ဟချင်နေကြတာလေ။
"ငါတို့ ရှိနေလို့ မပြောရဲတာ ထင်တယ်။"
"ဘာရှက်စရာရှိလို့လဲ။"
ဖူးငုံကတော့ ဘာမှမပြောရှာဘူး။ ရှက်ရှက်နဲ့ပဲ ကျွန်တော့်နောက်ကနေ လိုက်လာခဲ့တာ။
အပြင်ကို ရောက်တော့မှ စကားကို သေချာစပြောလိုက်မိတယ်။
"နင်နဲ့ လဝန်းသစ်က ချစ်သူတွေမလား။"
"ဟုတ်တယ်။ မနှစ်က တွဲခဲ့တာ။"
မနှစ်ကဆိုပြီး သုံးသွားတော့ ဒီနှစ် မတွဲတော့ဘူးဆိုတဲ့ အဓိပ္ပာယ်မလား။ ဒါဆို ဆက်ပြောလို့ ရပြီပေါ့။
"သူက နင့်ကို လမ်းခွဲစကားပြော..."
ကျွန်တော့်စကားမဆုံးခင် သူက ပြောခဲ့ပြန်တယ်။
"သူနဲ့ ငါက အတိအလင်း လမ်းခွဲစကား မပြောရသေးပေမဲ့ ပြတ်သွားကြတာ ကြာပါပြီ။"
'ကိစ္စတစ်ခုတော့ ပြေလည်သွားပြီပဲ။'
အဲဒီလိုတွေးမိတုန်း ရှိသေး၊ သူက ဆက်ပြောခဲ့တယ်လေ။
"အဲဒါကြောင့် နင့်အချစ်ကို ငါ လက်ခံပေးပါ့မယ်။"
ပြောပြီးပြီးချင်း အခန်းထဲ ဝင်ပြေးသွားတဲ့ ဖူးငုံကို ကျွန်တော် ကြောင်တောင်တောင်နဲ့ ငေးကြည့်နေမိတယ်။
'အခု ရည်းစားတစ်ယောက် ထပ်ရသွားတာလား။'
ဘာမှလည်း မပြောလိုက်ရဘဲ တစ်ဖက်က အဖြေပြန်ပေးသွားသတဲ့။ စိတ်ရှုပ်လွန်းလို့ သေချင်စိတ်တောင် ပေါက်လာသလိုပဲ။
ကံကောင်းနေတာလား၊ ကံဆိုးနေတာလား မသေချာပေမဲ့ ပါးကတော့ ကျိန်းနေပြီလေ။ ဒီပါးနှစ်ဖက်အတွက် အာမခံလုပ်ထားရမလားလို့တောင် တွေးမိသေးတယ်။
***
ဖူးငုံဆီကနေ အဖြေရပြီး စိတ်မသက်မသာနဲ့ အခန်းဆီကို ပြန်လာတုန်း လမ်းမှာ စောင့်နေတဲ့ ငသစ်ကို တွေ့လိုက်ရတယ်။
"ဒယ်ဒီ... ဘယ်လိုလဲ။ အဆင်ပြေခဲ့လား။"
"မင်းအတွက်တော့ အဆင်ပြေတာပေါ့။"
"ဒယ်ဒီ့စကားက ဘာအဓိပ္ပာယ်လဲ။"
"ဖူးငုံနဲ့ ငါက ချစ်သူဖြစ်သွားပြီ။"
"ဟမ်။"
အံ့ဩပြနေတဲ့ ငသစ်ကို လည်ပင်းသာ ညှစ်ပစ်လိုက်ချင်တယ်။ အားလုံးက သူ မွှေလွန်းလို့ ဖြစ်ခဲ့ရတာတွေချည်းပဲ။
သူ့မျက်နှာကိုလည်း ဆက်ကြည့်ချင်စိတ် မရှိတော့ဘူး။ သူ့ကို မြင်နေသရွေ့ ဒေါသက ထွက်နေရမှာ။
အဲဒါကြောင့် ဘာမှဆက်မပြောဘဲ အခန်းထဲ ဝင်လာပြီး စာရေးခုံပေါ်မှာ မှောက်အိပ်လိုက်ရတာပေါ့။
"ဘာဖြစ်လာတာလဲ... ဒယ်ဒီရဲ့။ ကျွန်တော့်ကို ပြောပြပါဦး။"
မဖြေမချင်း အေးအေးချမ်းချမ်းနေရမယ် မထင်ပါဘူး။ သူက သိချင်တာ ရှိရင် မရမကမေးတတ်တဲ့ကောင်မျိုး။
"စနိုးက ဆက်တွဲမယ်တဲ့။ ဖူးငုံကလည်း လမ်းခွဲစကားသွားပြောတာကို ရည်းစားစကားပြောတယ်ထင်ပြီး အဖြေပြန်ပေးသွားတယ်။ သူတို့နှစ်ယောက်စလုံးကလည်း တစ်ကျောင်းတည်းမှာ။ ဘာဆက်လုပ်ရမယ်မှန်း စဉ်းစားလို့ကို မရတော့ဘူး။"
ဒီတစ်ခါတော့ သူက မရယ်ဘဲ ဖျောင်းဖျလေရဲ့။
"အဲဒီလောက်လည်း စိတ်ညစ်မနေပါနဲ့... ဒယ်ဒီရယ်။ သူတို့နှစ်ယောက်က မရင်းနှီးပါဘူး။ အချင်းချင်းမတွေ့ဖြစ်အောင် နေလိုက်ရင် ရတာပဲ။ အချိန်တန်ရင် သူ့အလိုလိုပြတ်သွားမှာ။"
သူ ပြောသလို ဖြစ်လာပါစေလို့ပဲ ကျွန်တော် ဆုတောင်းလိုက်မိတယ်။
"အဲဒီလိုပဲ လုပ်ရတော့မှာပေါ့။"
***
ထမင်းစားနားချိန်မှာ ငသစ်က နွယ့်ကို သွားတွေ့ရတော့ ကျွန်တော်တစ်ယောက်တည်းပဲ ကျန်နေခဲ့တာပေါ့။ အချိန်ရှိခိုက် လုံ့လစိုက်ဖို့ သင်္ချာအိမ်စာတွက်မယ်လို့ ကြံနေတုန်း ခေါ်သံကို ကြားရပါလေရော။
"လပြည့်မှူး..."
အသံရှင် ဖူးငုံက အခန်းရှေ့မှာ လာရပ်နေလို့ ကျွန်တော်လည်း အားနာနာနဲ့ ထွက်တွေ့ပေးခဲ့ရတယ်။
"ဖူးငုံ... ဒီကို ဘာကိစ္စရှိလို့လဲ။"
"နင်နဲ့ အတူတူမုန့်ဈေးတန်းသွားချင်လို့။"
တကူးတကလာခေါ်ရှာတဲ့ ဖူးငုံကို ကျွန်တော် ဘယ်နှင်ထုတ်ရက်ပါ့မလဲ။ အဲဒါကြောင့် သူ စိတ်ချမ်းသာသွားအောင် အတူလိုက်ပေးခဲ့ရပြန်တယ်။
ဒါပေမဲ့ ပြဿနာက မုန့်ဈေးတန်းအဝနားကို အရောက်မှာပဲ ပေါ်လာလေရဲ့။ မုန့်ဈေးတန်းထဲကနေ ပြန်ထွက်လာတဲ့ စနိုးကို ကျွန်တော် ရုတ်တရက်လှမ်းမြင်လိုက်ရတယ်။
သူကတော့ ကျွန်တော်တို့ကို မမြင်သေးပါဘူး။ ဒီအခွင့်ကောင်းကို အသုံးချပြီး တစ်နေရာရာမှာ အမြန်ဝင်ပုန်းဖို့ ပြင်ရပြီလေ။
"ဘာဖြစ်နေတာလဲဟင်။"
ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်ပြီး ပုန်းစရာရှာနေတဲ့ ကျွန်တော့်ကို ဖူးငုံက သတိထားမိသွားပုံပါပဲ။ လက်ရှိမှာ သင့်တော်မဲ့ အကြောင်းပြချက်ကို မရှာနိုင်သေးလို့ ဖြစ်ကတတ်ဆန်းအဖြေတစ်ခုကိုပဲ ရွေးထုတ်လိုက်မိတယ်။
"အိမ်... အိမ်သာတက်ချင်လာလို့။ ခဏလေးနော်။"
တစ်ဖက်က ဘာဆက်ပြောမှန်း နားမထောင်နိုင်ဘဲ အနီးဆုံးအိမ်သာထဲကို အမြန်ဝင်ပြေးခဲ့ရတာ။ ဖြစ်ချင်တော့ အိမ်သာထဲမှာ ငသစ်နဲ့ တန်းတိုးပါလေရော။
"ဒယ်ဒီ... ဘယ်လိုဖြစ်လာတာလဲ။"
"အပြင်မှာ ဖူးငုံရော စနိုးရော ရှိတယ်။ ငါလည်း ဘာလုပ်ရမှန်း မသိလို့ အိမ်သာထဲ ပြေးဝင်လာခဲ့တာ။"
"ဒီလောက်လူစုံတဲ့နေရာကိုမှ ဘာလို့ လာရတာလဲ။"
"ငါ့ဘာသာငါ အခန်းထဲမှာ ပုန်းနေတာလေ။ ဖူးငုံက လာခေါ်တော့ အားနာပြီး လိုက်လာခဲ့ရတာ။ ဒီလိုဖြစ်လာမယ်မှန်း ငါလည်း ဘယ်သိပါ့မလဲ။"
"ခဏလေးနေဦး။ အခြေအနေကို ကျွန်တော် ချောင်းကြည့်ပေးမယ်။"
ငသစ်က အပြင်ဘက်ကို ချောင်းကြည့်ပေးခဲ့တယ်။
"ဟာ... သေလိုက်ပါတော့။"
နဂိုကတည်းက နှလုံးရောဂါရချင်နေတဲ့သူကို ငသစ်က အသံနဲ့ ထပ်ပြီး နှိပ်စက်လိုက်သလိုပါပဲ။
"ဘာ... ဘာဖြစ်လို့လဲ။"
ကျွန်တော် မေးလိုက်တော့ သူက ပြန်ဝင်လာပြီး ဖြေလေရဲ့။
"ဖူးငုံနဲ့ စနိုးက ရင်းနှီးပုံပဲ။ ရယ်ရယ်မောမောနဲ့ စကားပြောနေကြတယ်။"
"မင်း ပြောတော့ သူတို့က မရင်းနှီးဘူးဆို။"
"ကျွန်တော်လည်း ခန့်မှန်းပြီး ပြောလိုက်တာလေ။ အတိအကျတော့ ဘယ်သိမှာလဲ။"
ငသစ်ရဲ့စကားကို သွားယုံကြည်မိတာကိုက ကျွန်တော် မှားတာပါ။ သူ့ကိစ္စကို လိုက်ရှင်းပေးရင်းနဲ့ ကျွန်တော်က ပြေးပေါက်မှားနေရပြီမလား။
"အခု ငါက ဘာဆက်လုပ်ရမှာလဲ။"
"ခဏလောက် စောင့်ကြည့်ကြတာပေါ့။ သူတို့က ဘယ်လောက်ကြာကြာ ပြောနိုင်မှာမို့လို့လဲ။"
တခြားနည်းလမ်း မရှိတော့လို့ ကျွန်တော်တို့နှစ်ယောက်လည်း အိမ်သာထဲမှာပဲ စောင့်နေခဲ့ရတာပေါ့။ ဒါပေမဲ့ (၁၅)မိနစ်လောက်ကြာပြီးချိန်မှာ မိန်းကလေးတွေရဲ့စကားပြောနိုင်စွမ်းကို အထင်မသေးသင့်မှန်း ကျွန်တော်တို့ သေချာသိလိုက်ရတယ်။
ကျောင်းခေါင်းလောင်းထိုးဖို့ (၅)မိနစ်ပဲ လိုတော့တာတောင် သူတို့က စကားပြောလို့ မပြီးသေးဘူးလေ။
"(၅)အချိန်က Physics အချိန်နော်။ ဆရာမကလည်း အရမ်းအရိုက်ကြမ်းတာ။ သူ့အချိန်ကို လာတာ နောက်ကျရင် နောက်ကျတဲ့မိနစ်အတိုင်း ချတာကွ။ ဘယ်လိုလုပ်ကြမလဲ။"
"နေစမ်းပါဦး။ ကျွန်တော် ဘာလုပ်ရမလဲဆိုတာကို စဉ်းစားနေပါတယ်။"
ကလိမ်ကကျစ်ဉာဏ်ဆို သူက အထွက်ဆုံးမို့ ကျွန်တော် မနှောင့်ယှက်ဘဲနဲ့ စဉ်းစားခွင့်ပေးထားလိုက်မိတယ်။
"ဟုတ်ပြီ။ ဒီလိုလုပ်ရအောင်။"
"ဘယ်လိုလုပ်ရမှာလဲ။"
"ကျွန်တော့်အနွေးထည်ကို ဒယ်ဒီ့ခေါင်းမှာ ခြုံပြီး အပြင်ထွက်ကြရအောင်။ မျက်နှာမမြင်ရရင် ဒယ်ဒီမှန်း မသိတော့ဘူးမလား။"
ပုံစံက ကိုးရိုးကားရားဖြစ်နေနိုင်ပေမဲ့ အချိန်က တအားကပ်နေလို့ သူ ပြောသလိုလုပ်ပြီး ထွက်သွားဖို့ ပြင်ရပြီလေ။ အနွေးထည်ကြီးကို ခေါင်းမှာ ခြုံပြီး ခိုးကြောင်ခိုးဝှက်ထွက်လာတဲ့ ကျွန်တော့်ပုံစံက ခိုးရာလိုက်ပြေးတဲ့ မိန်းကလေးလို ဖြစ်နေလောက်တယ်။
"လဝန်းသစ်..."
အဲဒီအသံကို ကြားတော့ ဘယ်ဘက်ပါးက ပူလာသလိုပဲ။ အသံရှင်က နွယ်မှန်း ကျွန်တော် ကောင်းကောင်းကြီးသိပြီးသားပါ။
ကျွန်တော့်ကို လုံးဝမမြင်ချင်တော့ဘူးဆိုပြီး ပြောခဲ့သူရဲ့ရှေ့ကိုမှ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမိတာ။ 'ပါးကောင်းလို့ လက်ဝါးတောင်း' တာမျိုးတော့ လုံးဝမဟုတ်ပါဘူး။
မျက်နှာကို အနွေးထည်နဲ့ အုပ်ဖို့ အကြံပေးခဲ့တဲ့ ငသစ်ကိုလည်း ဘဝမှာ ပထမဆုံးအနေနဲ့ ကျေးဇူးတင်လွန်းလို့ ထိုင်ပါ ကန်တော့လိုက်ချင်တယ်။
"ငါ ကိစ္စတစ်ခုရှိလို့ နင့်ကို စောင့်ခိုင်းခဲ့မိတာကို မေ့သွားတာ။ ဆောရီးပါဟာ။"
"ရပါတယ်။ ဒါနဲ့ အဲဒါက ဘာကြီးလဲ။"
'နင့်ရဲ့ချစ်လှစွာသော သူငယ်ချင်းကြီးလေ။ မမှတ်မိတော့ဘူးမလား... မိနွယ်။'
ခေါင်းမြီးခြုံပြီး အထဲကနေ သတ္တိကောင်းပြမိသေးတယ်။ နွယ်ကတော့ ဘယ်သိပါ့မလဲ။
"ရေကျောက်ပေါက်နေတဲ့ ငါ့သူငယ်ချင်းပါ။ တခြားသူတွေကို မကူးအောင် အုပ်ပေးထားတာလေ။"
"အင်း... အင်း... ဂရုစိုက်ခိုင်းလိုက်ဦး။ နင့်ကိုလည်း ကူးကုန်ဦးမယ်။"
"မကူးပါဘူးဟ။ ငါ သွားနှင့်ပြီနော်။"
နွယ့်ရှေ့ကနေ ထွက်လာပြီး ခပ်လှမ်းလှမ်းကို ရောက်တာနဲ့ အခန်းဆီကို သုတ်ခြေတင်ပြီး ပြေးရတော့တာပေါ့။ လမ်းတစ်လျှောက်လုံးမှာ ဆရာမ မဝင်ပါစေနဲ့ဦးဆိုပြီး ဆုတောင်းမိပေမဲ့ ဆုတောင်းမပြည့်ခဲ့ပါဘူး။
"ဟဲ့... ဟိုနှစ်ယောက်... ဘာလို့ နောက်ကျနေတာလဲ။"
ဆရာမတွေရဲ့ဆူပူမှုကို တစ်ခါမှ မခံရဖူးတဲ့ ကျွန်တော်က အဲဒီစကားတစ်ခွန်းနဲ့တင် ဘာမှပြန်မဖြေရဲဘဲ ကြောက်နေမိပြီလေ။ ငသစ်အတွက်တော့ ဒါက အသေးအဖွဲပဲမလား။
အဲဒါကြောင့် သူ့ကို ဖြေရှင်းခွင့်ပြုထားလိုက်မိတယ်။
"ဒယ်ဒီ ဝမ်းပျက်နေလို့ သားက အိမ်သာမှာ လိုက်စောင့်ပေးနေတာပါ... တီချယ်။"
ငသစ်ရဲ့အကြောင်းပြချက်က ကျွန်တော့်ကို တစ်ခန်းလုံးရှေ့မှာ အရှက်ခွဲလိုက်သလိုပါပဲ။ ဝမ်းပျက်တာက သူလို့ ပြောလည်း ရတဲ့ဟာကို၊ ကျွန်တော့်ခေါင်းပေါ်ပဲ အကုန်ပုံချလိုက်ပြန်ပြီ။
"နောက်တစ်ခါဆို နောက်မကျစေနဲ့။ သွား... နေရာမှာ ဝင်ထိုင်ကြတော့။"
ဆရာမဆီကနေ ခွင့်ပြုချက်ရမှ ကျွန်တော်တို့နှစ်ယောက်လည်း ကိုယ့်နေရာမှာ ကိုယ် ဝင်ထိုင်လိုက်ရတယ်။
"ဝမ်းပျက်နေတဲ့သူက မင်းပါဆိုပြီး ဘာလို့ မပြောလိုက်တာလဲ။"
"ကျွန်တော် ဝမ်းပျက်နေတယ်လို့ ပြောရင် ဆရာမက ယုံမှာ မဟုတ်ဘူး။ ဒယ်ဒီ့လိုမျိုး ယဉ်ကျေးလိမ္မာတဲ့ ကျောင်းသားလေးမို့လို့သာ ယုံပေးလိုက်တာ။"
အကြောင်းပြချက်က ဆီလျော်မှုရှိတယ်ဆိုပြီး ကျွန်တော် လက်ခံထားခဲ့ပေမဲ့ အတန်းပြီးချိန်မှာ ပြဿနာက စလာပြန်တယ်။
"လပြည့်မှူး..."
Physicsဆရာမက စာသင်ပြီးလို့ အခန်းထဲကနေ မထွက်သွားခင် ကျွန်တော့်ကို လှမ်းခေါ်ပါလေရော။
"ဗျာ..."
"ငါနဲ့ လိုက်ခဲ့ပြီး ကျောင်းဆေးပေးခန်းမှာ ဆေးထိုးထားလိုက်။ ဝမ်းပျက်တာက ပေါ့လျော့လို့ မဖြစ်ဘူး။ ကျောင်းပျက်ရင် နင်ပဲ နစ်နာမှာ။"
အဲဒီမှာ စတွေ့တာပဲ။ ဆရာမက ဆေးထိုးဖို့ အတင်းခေါ်နေပြီ။
ဘယ်လိုအကြောင်းပြချက်ပေးရမယ်မှန်း မသိလို့ ငသစ်ကိုပဲ ကျွန်တော် အားကိုးတကြီးနဲ့ လှမ်းကြည့်မိတော့တယ်။ သူကိုယ်တိုင်ကလည်း မဖြေရှင်းတတ်သေးတဲ့ပုံစံမျိုး။
"ဟဲ့... လာလေ။ ဘာလုပ်နေတာလဲ။"
ပြဿနာတက်ကုန်တော့မှာ။ ဝမ်းမပျက်တဲ့ ကျွန်တော့်ကိုသာ ဆေးထိုးပေးလိုက်ရင် ဖိုးပန်းခိုင် ဖြစ်သွားလိမ့်မယ်လေ။
အဲဒီအချိန်မှာ ငသစ်ဆီကနေ အသံထွက်လာလေရဲ့။
"တီချယ်... သားရော လိုက်ခဲ့လို့ ရမလား။"
"နင်က ဘာလိုက်လုပ်မှာလဲ။"
"ဒယ်ဒီက ဆေးထိုးရမှာကို အရမ်းကြောက်တတ်တော့ သားကပဲ ဘေးကနေ အားပေးခဲ့ရတာ။ အခု သား မပါရင် သူ အားငယ်နေရလိမ့်မယ်။"
ကျွန်တော်တို့နှစ်ယောက်က အတွင်းပိုင်းမှာသာ ပြဿနာတက်နေတာလေ။ အပြင်ပိုင်းအရ ကြည့်ရင်တော့ တအားချစ်တဲ့ ပုံစံမျိုး ဖြစ်နေမှာ။
ဘယ်ကိုပဲသွားသွား အမြွှာပူးလေးတွေလို မခွဲအတူ ရှိနေတတ်တာကို ဆရာမတွေလည်း မြင်နေကျပါပဲ။
"နင်တို့နှစ်ယောက်ကတော့ တော်တော့်ကို အလုပ်ရှုပ်တယ်။ လိုက်ခဲ့... မြန်မြန်။"
ငသစ်ကို လိုက်ခွင့်ပေးလို့ တော်ပါသေးရဲ့။ တစ်ယောက်တည်းဆို ဘာမှမကြံတတ်ဘဲ တစ်ခါတည်း ဆေးထိုးခံလိုက်ရမှာ။
ဒီကောင် ပါလာတော့ နည်းနည်းအားရှိသေးတယ်။ အခုက သူ့ရဲ့ကလိမ်ကကျစ်ဉာဏ်ကို ထုတ်သုံးခိုင်းဖို့ အချိန်ကောင်းပဲမလား။
"မလဲ့ရေ... ဒီကျောင်းသားလေးက ဝမ်းပျက်နေလို့တဲ့။ တော်ကြာ ကျောင်းပျက်ရမှာစိုးလို့ မြန်မြန်သက်သာအောင် ဆေးထိုးပေးလိုက်ပါဦး။"
ကျောင်းဆေးပေးခန်းက ဆရာဝန်မက Physics ဆရာမရဲ့တိုက်တွန်းမှုကြောင့် ဆေးထိုးပေးဖို့ ပြင်ဆင်နေလေရဲ့။
"ဟေ့ကောင်... တစ်ခုခုလုပ်ဦးလေ။"
"နေဦး။ ကျွန်တော်လည်း စဉ်းစားနေတာပဲ။"
အဲဒီလိုမျိုး တိုးတိုးတိတ်တိတ်စကားများနေတဲ့ ကျွန်တော်တို့ကို Physicsဆရာမက မြင်သွားပြီး လှမ်းမေးလာခဲ့တယ်။
"ဟဲ့... ဘာတွေပြောနေကြတာလဲ။"
ဒီတစ်ခါတော့ ငသစ်က အကြံထုတ်သုံးပြီး ဖြေပေးခဲ့တာပေါ့။
"တီချယ့်ကို အားနာတယ်လို့ ပြောနေတာပါ။ နောက်တစ်ချိန် အတန်းဝင်ဖို့ ရှိတာတောင်မှ သားတို့ကို လိုက်စောင့်ပေးနေတာလေ။ ဒယ်ဒီ့ကို သား သေချာစောင့်ပေးထားပါ့မယ်။ တီချယ်လည်း စိတ်ချလက်ချနဲ့ စာကိုသာ သွားသင်လိုက်ပါ။"
သူ့ရဲ့ဖျောင်းဖျမှုကို ဆရာမက သဘောကျသွားပုံပါပဲ။
"ဒါဆို ငါ သွားတော့မယ်။ မလဲ့ရေ... သူ့ကို သေချာလေးဂရုစိုက်လိုက်ပါနော်။"
စာတော်တဲ့ကျောင်းသားမို့ အချစ်ခံရတာက ကောင်းပါတယ်။ ဒါပေမဲ့ အခုလိုကိစ္စမျိုးမှာကျတော့ ဖြေရှင်းဖို့ ခက်သွားရော။
Physicsဆရာမ ထွက်သွားပြီးမှ ကျွန်တော်တို့လည်း ဆရာဝန်မကို ထိုင်ရှိခိုးလုမတတ် တောင်းပန်ခဲ့ရတာပေါ့။
"ဒေါက်တာရယ်... ကျွန်တော် ဝမ်းမပျက်ပါဘူး။ အိမ်သာတက်တာ နည်းနည်းကြာသွားတော့ အချခံရမှာကို ကြောက်ပြီး ဝမ်းပျက်နေတယ်လို့ လိမ်လိုက်မိတာပါ။"
ငသစ်က ကျွန်တော့်စကားကို ပံ့ပိုးကူညီပေးခဲ့တယ်။
"သူ ပြောတာက အမှန်တွေပါပဲ။ ကျွန်တော်လည်း သူနဲ့ အတူရှိနေတာပါ။ Physics တီချယ်က သူ့အချိန်မှာ နောက်ကျရင် အရိုက်ကြမ်းလို့ ကြောက်လန့်ပြီး လျှောက်ပြောမိကုန်တာပါ။"
"နင်တို့ကတော့လေ... နောက်ဆို အခုလိုမျိုးမလိမ်မိကြစေနဲ့။ ဆရာမတွေခမျာ စိတ်ပူနေရလိမ့်မယ်။"
ဆရာဝန်မရဲ့စကားကို ကျွန်တော်တို့ ပြိုင်တူထောက်ခံပေးလိုက်မိတယ်။
"ဟုတ်ကဲ့။"
"ကိုယ့်အတန်းကိုယ် ပြန်ကြတော့။"
ကျွန်တော်တို့နှစ်ယောက် ဆေးပေးခန်းထဲကနေ ထွက်လာပြီး အပေါက်ဝနားအရောက်မှာ ငသစ်က လှည့်ပြောခဲ့ပြန်တယ်။
"Physicsဆရာမကို သွားမပြောပါနဲ့နော်။"
"အေးပါ... ငါ မပြောပါဘူး။"
ဆရာဝန်မဆီကနေ ကတိတောင်းလိုက်မိလို့ တော်သေးတယ်။ ကျွန်တော် မစဉ်းစားမိတဲ့ကိစ္စကို ငသစ်က အချိန်မီတွေးလိုက်နိုင်တာပဲ။
***
အရှုပ်ထုပ်တစ်ခုကို ရှင်းပြီးသွားတော့ ရင်ထဲ တော်တော်ပေါ့သွားတာ။ စာသင်ခန်းဆီ ပြန်တဲ့လမ်းမှာ အရာရာက လှပနေလေရဲ့။
"ကျွန်တော် တော်တယ်မလား။"
စောစောက အလှအပတွေထဲမှာ ကျွန်တော့်ပခုံးပေါ် လက်တင်ပြီး စကားလာပြောတဲ့ ငသစ်တော့ မပါပါဘူး။ သူက အမွှေစိန်။
ပြဿနာအားလုံးရဲ့အရင်းခံက သူပဲလေ။ ဒီပြဿနာတွေကို အကုန်အစင်မရှင်းနိုင်သေးသရွေ့ သူ့အပေါ်ကို အမြင်ကြည်လင်နိုင်မှာ မဟုတ်ဘူး။
"ဒါတွေအားလုံးက မင်းကြောင့် ဖြစ်လာတာ မဟုတ်ဘူးလား။ မနက်ဖြန်ကျရင်လည်း ဟိုနှစ်ယောက်နဲ့ ဘယ်လိုစခန်းသွားရဦးမလဲ မသိဘူး။"
"ကျွန်တော်တစ်ယောက်လုံး ရှိနေတာကို ဘာကြောက်စရာလိုလို့လဲ။"
"မင်းကိုပဲ ကြောက်တာ။"
ငသစ်ကြောင့်ပဲ ကျွန်တော့်ဘဝက ပဲ့မပါတဲ့လှေလိုမျိုး အကြိမ်ကြိမ်ပရမ်းပတာဖြစ်ခဲ့ရတာပါ။ သူနဲ့ အတူရှိနေရတဲ့ အချိန်တိုင်းမှာ ဘုရားတရလွန်းလို့ ဘာသာတရားကိုင်းရှိုင်းတဲ့သူတောင် ဖြစ်တော့မယ်။
သူနဲ့ ကျွန်တော်က ဘဝအဆက်ဆက်က ရန်ငြိုးပါလာကြသလား မသိ။ ကောင်းကျိုးရယ်လို့ တစ်စက်မှ မပေးတဲ့သူမျိုးပေါ့။
မြတ်နိုးမှုဖြင့်
ဆူးခက်ဝေ
**********
(Zawgyi Version)
တနလၤာေန႔ ေရာက္ၿပီဆိုေတာ့ မစရေသးတဲ့ဇာတ္လမ္းကို အဆုံးသတ္ၿပီး ငသစ္ရဲ႕အ႐ႈပ္ထုပ္ကို ကြၽန္ေတာ္ ႐ွင္းေပးရေတာ့မွာေလ။ အဲဒါေၾကာင့္ ဂိတ္ဝနားမွာ တစ္ေယာက္တည္းထိုင္ရင္းနဲ႔ စႏိုးကို ေစာင့္ေနခဲ့မိတယ္။
သိပ္မၾကာလိုက္ပါဘူး။ စႏိုးက ေရာက္လာေလရဲ႕။
"စႏိုး..."
ေခၚသံၾကားေတာ့ စႏိုးက လွည့္ၾကည့္လာခဲ့တယ္။
"လျပည့္မႉးပါလား။ ဘာကိစၥ႐ွိလို႔လဲ။"
တြဲမယ္လို႔ သေဘာတူထားတယ္ဆိုၿပီး စႏိုးရဲ႕ေမးခြန္းက သူစိမ္းဆန္မေနဘူးလား။
"ဟိုတစ္ေန႔က ငါနဲ႔ တြဲမယ္လို႔ ငသစ္ကို နင္ ေျပာလိုက္တာလား။"
"ဟုတ္တယ္ေလ။"
စႏိုးရဲ႕ပုံစံက ခပ္တည္တည္ပါပဲ။ ကြၽန္ေတာ္နဲ႔ တြဲဖို႔ကို သူ႕စိတ္ထဲမွာ သိပ္ထည့္မထားဘူး ထင္တယ္။ ဒါဆို ဆက္ေျပာမဲ့စကားအတြက္ အားနာစရာ မလိုေတာ့ဘူးေပါ့။
"ငါက ရည္းစားတစ္ခါမွ မထားဖူးလို႔ ခ်ိဳသာတဲ့စကားေတြ ဘာေတြကိုလည္း မေျပာတတ္ဘူး။ ၾကာလာရင္ ငါ့ကို စိတ္ပ်က္ၿပီး လမ္းခြဲဖို႔အထိ ျဖစ္လာႏိုင္တယ္။ အဲဒါေၾကာင့္ ငါတို႔ မတြဲဘဲနဲ႔ သူငယ္ခ်င္းေတြလိုမ်ိဳး ေနသြားတာက ပိုေကာင္းလိမ့္မယ္လို႔ ထင္တယ္။"
"ငါလည္း ရည္းစားမထားဖူးပါဘူး။ ဒါေပမဲ့ တြဲရင္းနဲ႔ အဆင္ေျပခ်င္ ေျပသြားမွာေပါ့။"
အဲဒီစကားေၾကာင့္ ေပ်ာ္ေတာ့ ေပ်ာ္မိသား။ စႏိုးက ကြၽန္ေတာ့္အေျခအေနကို နားလည္ေပးမယ္ဆိုတဲ့ အဓိပၸာယ္ပဲမလား။
"ငါနဲ႔ တကယ္အဆင္ေျပပါ့မလား။"
"ဘာမွမပူပါနဲ႔။ သူငယ္ခ်င္းေတြလို ေနၾကည့္ရင္းနဲ႔ ေနသားက်သြားမွာပါ။"
စႏိုးနဲ႔ အဆင္ေျပေအာင္ ညႇိယူၿပီးၿပီမို႔ ငသစ္ရဲ႕ကိစၥကို ႐ွင္းေပးဖို႔ အခန္းထဲကို ကြၽန္ေတာ္ ျပန္လာခဲ့မိတယ္။
"ဖူးငုံဆိုတဲ့ ေကာင္မေလးက ဘယ္အခန္းကလဲ။"
"သူက (E)ခန္းက။ ေသခ်ာသိရေအာင္လို႔ ကြၽန္ေတာ္ လိုက္ျပေပးမယ္။"
သူ႕ရဲ႕ဦးေဆာင္မႈအတိုင္း ကြၽန္ေတာ္ ပါလာၿပီး (E)ခန္းေ႐ွ႕နားကေန ေခ်ာင္းၾကည့္ခဲ့ရတာေပါ့။
"ဟိုမွာ ေတြ႕လား။ ဆြယ္တာပန္းေရာင္ ဝတ္ထားတဲ့တစ္ေယာက္။"
ငသစ္ ၫႊန္ျပတဲ့ေနရာကို လွမ္းၾကည့္မိေတာ့ ပါးေဖာင္းေဖာင္းနဲ႔ ခ်စ္စရာေကာင္မေလးကို ေတြ႕လိုက္ရတယ္။ အင္းေလ... ငသစ္နဲ႔ တြဲခဲ့တဲ့သူေတြက အေခ်ာအလွေတြခ်ည္းပဲဟာ။
အဲဒီေကာင္ကသာ သူတို႔ကို တန္ဖိုးမထားဘဲ ျဖတ္ပစ္ခဲ့တာေလ။ တစ္ခ်ိန္ခ်ိန္က်ရင္ ႏြယ့္အလွည့္လည္း ေရာက္လာႏိုင္တယ္။
ဖူးငုံအတြက္ စိတ္မေကာင္းျဖစ္မိေပမဲ့ ငသစ္က အခု ႏြယ္နဲ႔ တြဲေနၿပီဆိုေတာ့ တစ္ဖက္ကို အျပတ္ျဖတ္မွ ျဖစ္မွာ။ ႏြယ္နဲ႔ တြဲေနတုန္းမွာ တျခားသူနဲ႔ ကိစၥမၿပီးျပတ္ေသးဘဲ ေလွနံႏွစ္ဖက္ မနင္းေစခ်င္ဘူး။
"ငါ သြားေျပာလိုက္ဦးမယ္။"
ကြၽန္ေတာ္လည္း ရင္တမမနဲ႔ ဘုရားစာ႐ြတ္ၿပီးေတာ့ ဖူးငုံရဲ႕ခုံေ႐ွ႕ကို ေလွ်ာက္ခဲ့မိတယ္။
"နင္က ဖူးငုံမလား။"
သူငယ္ခ်င္းေတြနဲ႔ စကားေျပာေနတဲ့ ဖူးငုံက ကြၽန္ေတာ့္ဘက္ကို လွည့္လာၿပီး ေမာ့ၾကည့္ေလရဲ႕။
"ဟုတ္ပါတယ္။ ဘာျဖစ္လို႔လဲဟင္။"
"ငါ နင့္ကို ေျပာစရာတစ္ခု႐ွိလို႔။"
အဲဒီေလာက္ပဲ ေျပာရေသးတယ္။ ဖူးငုံရဲ႕သူငယ္ခ်င္းေတြက ဝိုင္းေအာ္ပါေလေရာ။
"ဖူးငုံေရ... နင့္ကို ရည္းစားစကား လာေျပာတာ ထင္တယ္။"
"ဟဲ့... ျမန္ျမန္လက္ခံလိုက္ေတာ့။"
တစ္ေယာက္တစ္ေပါက္နဲ႔ အသည္းအသန္လုေျပာေနေတာ့ ကြၽန္ေတာ့္မွာ စကားဝင္ေျပာဖို႔ အခြင့္မသာဘူးေပါ့။
'ငါက ရည္းစားစကားလာေျပာတာ မဟုတ္ဘူး။ လမ္းခြဲစကားကို လက္ဆင့္ကမ္းေပးဖို႔ လာတာပါဟ။'
ပြင့္ပြင့္လင္းလင္းေျပာလိုက္ခ်င္ေပမဲ့လည္း တစ္ဖက္မိန္းကေလးကို အားနာလို႔ ေသခ်ာ႐ွင္းျပဖို႔ ႀကိဳးစားလိုက္ရတယ္။
"မ... မဟုတ္ပါဘူး။ ငါက နင့္ကို..."
စကားေတာင္ မဆုံးလိုက္ပါဘူး။ အသံေတြက ထပ္ထြက္လာေလရဲ႕။
"ႀကိဳက္ေနတာမလား။"
"႐ွက္ေနတာ အသိသာႀကီးကို။"
ဒီအုပ္စုနဲ႔ဆို စကားဆက္ေျပာလို႔ မရႏိုင္မွန္း ကြၽန္ေတာ္ သိလိုက္ပါၿပီ။
"အျပင္ကို ခဏေလာက္ထြက္ခဲ့ပါလား။"
ကြၽန္ေတာ္ တစ္ခြန္းဟတာနဲ႔ သူတို႔က ႏွစ္ခြန္းမက ဟခ်င္ေနၾကတာေလ။
"ငါတို႔ ႐ွိေနလို႔ မေျပာရဲတာ ထင္တယ္။"
"ဘာ႐ွက္စရာ႐ွိလို႔လဲ။"
ဖူးငုံကေတာ့ ဘာမွမေျပာ႐ွာဘူး။ ႐ွက္႐ွက္နဲ႔ပဲ ကြၽန္ေတာ့္ေနာက္ကေန လိုက္လာခဲ့တာ။
အျပင္ကို ေရာက္ေတာ့မွ စကားကို ေသခ်ာစေျပာလိုက္မိတယ္။
"နင္နဲ႔ လဝန္းသစ္က ခ်စ္သူေတြမလား။"
"ဟုတ္တယ္။ မႏွစ္က တြဲခဲ့တာ။"
မႏွစ္ကဆိုၿပီး သုံးသြားေတာ့ ဒီႏွစ္ မတြဲေတာ့ဘူးဆိုတဲ့ အဓိပၸာယ္မလား။ ဒါဆို ဆက္ေျပာလို႔ ရၿပီေပါ့။
"သူက နင့္ကို လမ္းခြဲစကားေျပာ..."
ကြၽန္ေတာ့္စကားမဆုံးခင္ သူက ေျပာခဲ့ျပန္တယ္။
"သူနဲ႔ ငါက အတိအလင္း လမ္းခြဲစကား မေျပာရေသးေပမဲ့ ျပတ္သြားၾကတာ ၾကာပါၿပီ။"
'ကိစၥတစ္ခုေတာ့ ေျပလည္သြားၿပီပဲ။'
အဲဒီလိုေတြးမိတုန္း ႐ွိေသး၊ သူက ဆက္ေျပာခဲ့တယ္ေလ။
"အဲဒါေၾကာင့္ နင့္အခ်စ္ကို ငါ လက္ခံေပးပါ့မယ္။"
ေျပာၿပီးၿပီးခ်င္း အခန္းထဲ ဝင္ေျပးသြားတဲ့ ဖူးငုံကို ကြၽန္ေတာ္ ေၾကာင္ေတာင္ေတာင္နဲ႔ ေငးၾကည့္ေနမိတယ္။
'အခု ရည္းစားတစ္ေယာက္ ထပ္ရသြားတာလား။'
ဘာမွလည္း မေျပာလိုက္ရဘဲ တစ္ဖက္က အေျဖျပန္ေပးသြားသတဲ့။ စိတ္႐ႈပ္လြန္းလို႔ ေသခ်င္စိတ္ေတာင္ ေပါက္လာသလိုပဲ။
ကံေကာင္းေနတာလား၊ ကံဆိုးေနတာလား မေသခ်ာေပမဲ့ ပါးကေတာ့ က်ိန္းေနၿပီေလ။ ဒီပါးႏွစ္ဖက္အတြက္ အာမခံလုပ္ထားရမလားလို႔ေတာင္ ေတြးမိေသးတယ္။
***
ဖူးငုံဆီကေန အေျဖရၿပီး စိတ္မသက္မသာနဲ႔ အခန္းဆီကို ျပန္လာတုန္း လမ္းမွာ ေစာင့္ေနတဲ့ ငသစ္ကို ေတြ႕လိုက္ရတယ္။
"ဒယ္ဒီ... ဘယ္လိုလဲ။ အဆင္ေျပခဲ့လား။"
"မင္းအတြက္ေတာ့ အဆင္ေျပတာေပါ့။"
"ဒယ္ဒီ့စကားက ဘာအဓိပၸာယ္လဲ။"
"ဖူးငုံနဲ႔ ငါက ခ်စ္သူျဖစ္သြားၿပီ။"
"ဟမ္။"
အံ့ဩျပေနတဲ့ ငသစ္ကို လည္ပင္းသာ ညႇစ္ပစ္လိုက္ခ်င္တယ္။ အားလုံးက သူ ေမႊလြန္းလို႔ ျဖစ္ခဲ့ရတာေတြခ်ည္းပဲ။
သူ႕မ်က္ႏွာကိုလည္း ဆက္ၾကည့္ခ်င္စိတ္ မ႐ွိေတာ့ဘူး။ သူ႕ကို ျမင္ေနသေ႐ြ႕ ေဒါသက ထြက္ေနရမွာ။
အဲဒါေၾကာင့္ ဘာမွဆက္မေျပာဘဲ အခန္းထဲ ဝင္လာၿပီး စာေရးခုံေပၚမွာ ေမွာက္အိပ္လိုက္ရတာေပါ့။
"ဘာျဖစ္လာတာလဲ... ဒယ္ဒီရဲ႕။ ကြၽန္ေတာ့္ကို ေျပာျပပါဦး။"
မေျဖမခ်င္း ေအးေအးခ်မ္းခ်မ္းေနရမယ္ မထင္ပါဘူး။ သူက သိခ်င္တာ ႐ွိရင္ မရမကေမးတတ္တဲ့ေကာင္မ်ိဳး။
"စႏိုးက ဆက္တြဲမယ္တဲ့။ ဖူးငုံကလည္း လမ္းခြဲစကားသြားေျပာတာကို ရည္းစားစကားေျပာတယ္ထင္ၿပီး အေျဖျပန္ေပးသြားတယ္။ သူတို႔ႏွစ္ေယာက္စလုံးကလည္း တစ္ေက်ာင္းတည္းမွာ။ ဘာဆက္လုပ္ရမယ္မွန္း စဥ္းစားလို႔ကို မရေတာ့ဘူး။"
ဒီတစ္ခါေတာ့ သူက မရယ္ဘဲ ေဖ်ာင္းဖ်ေလရဲ႕။
"အဲဒီေလာက္လည္း စိတ္ညစ္မေနပါနဲ႔... ဒယ္ဒီရယ္။ သူတို႔ႏွစ္ေယာက္က မရင္းႏွီးပါဘူး။ အခ်င္းခ်င္းမေတြ႕ျဖစ္ေအာင္ ေနလိုက္ရင္ ရတာပဲ။ အခ်ိန္တန္ရင္ သူ႕အလိုလိုျပတ္သြားမွာ။"
သူ ေျပာသလို ျဖစ္လာပါေစလို႔ပဲ ကြၽန္ေတာ္ ဆုေတာင္းလိုက္မိတယ္။
"အဲဒီလိုပဲ လုပ္ရေတာ့မွာေပါ့။"
***
ထမင္းစားနားခ်ိန္မွာ ငသစ္က ႏြယ့္ကို သြားေတြ႕ရေတာ့ ကြၽန္ေတာ္တစ္ေယာက္တည္းပဲ က်န္ေနခဲ့တာေပါ့။ အခ်ိန္႐ွိခိုက္ လုံ႔လစိုက္ဖို႔ သခ်ၤာအိမ္စာတြက္မယ္လို႔ ၾကံေနတုန္း ေခၚသံကို ၾကားရပါေလေရာ။
"လျပည့္မႉး..."
အသံ႐ွင္ ဖူးငုံက အခန္းေ႐ွ႕မွာ လာရပ္ေနလို႔ ကြၽန္ေတာ္လည္း အားနာနာနဲ႔ ထြက္ေတြ႕ေပးခဲ့ရတယ္။
"ဖူးငုံ... ဒီကို ဘာကိစၥ႐ွိလို႔လဲ။"
"နင္နဲ႔ အတူတူမုန္႔ေဈးတန္းသြားခ်င္လို႔။"
တကူးတကလာေခၚ႐ွာတဲ့ ဖူးငုံကို ကြၽန္ေတာ္ ဘယ္ႏွင္ထုတ္ရက္ပါ့မလဲ။ အဲဒါေၾကာင့္ သူ စိတ္ခ်မ္းသာသြားေအာင္ အတူလိုက္ေပးခဲ့ရျပန္တယ္။
ဒါေပမဲ့ ျပႆနာက မုန္႔ေဈးတန္းအဝနားကို အေရာက္မွာပဲ ေပၚလာေလရဲ႕။ မုန္႔ေဈးတန္းထဲကေန ျပန္ထြက္လာတဲ့ စႏိုးကို ကြၽန္ေတာ္ ႐ုတ္တရက္လွမ္းျမင္လိုက္ရတယ္။
သူကေတာ့ ကြၽန္ေတာ္တို႔ကို မျမင္ေသးပါဘူး။ ဒီအခြင့္ေကာင္းကို အသုံးခ်ၿပီး တစ္ေနရာရာမွာ အျမန္ဝင္ပုန္းဖို႔ ျပင္ရၿပီေလ။
"ဘာျဖစ္ေနတာလဲဟင္။"
ပတ္ဝန္းက်င္ကို က်ီးကန္းေတာင္းေမွာက္ၾကည့္ၿပီး ပုန္းစရာ႐ွာေနတဲ့ ကြၽန္ေတာ့္ကို ဖူးငုံက သတိထားမိသြားပုံပါပဲ။ လက္႐ွိမွာ သင့္ေတာ္မဲ့ အေၾကာင္းျပခ်က္ကို မ႐ွာႏိုင္ေသးလို႔ ျဖစ္ကတတ္ဆန္းအေျဖတစ္ခုကိုပဲ ေ႐ြးထုတ္လိုက္မိတယ္။
"အိမ္... အိမ္သာတက္ခ်င္လာလို႔။ ခဏေလးေနာ္။"
တစ္ဖက္က ဘာဆက္ေျပာမွန္း နားမေထာင္ႏိုင္ဘဲ အနီးဆုံးအိမ္သာထဲကို အျမန္ဝင္ေျပးခဲ့ရတာ။ ျဖစ္ခ်င္ေတာ့ အိမ္သာထဲမွာ ငသစ္နဲ႔ တန္းတိုးပါေလေရာ။
"ဒယ္ဒီ... ဘယ္လိုျဖစ္လာတာလဲ။"
"အျပင္မွာ ဖူးငုံေရာ စႏိုးေရာ ႐ွိတယ္။ ငါလည္း ဘာလုပ္ရမွန္း မသိလို႔ အိမ္သာထဲ ေျပးဝင္လာခဲ့တာ။"
"ဒီေလာက္လူစုံတဲ့ေနရာကိုမွ ဘာလို႔ လာရတာလဲ။"
"ငါ့ဘာသာငါ အခန္းထဲမွာ ပုန္းေနတာေလ။ ဖူးငုံက လာေခၚေတာ့ အားနာၿပီး လိုက္လာခဲ့ရတာ။ ဒီလိုျဖစ္လာမယ္မွန္း ငါလည္း ဘယ္သိပါ့မလဲ။"
"ခဏေလးေနဦး။ အေျခအေနကို ကြၽန္ေတာ္ ေခ်ာင္းၾကည့္ေပးမယ္။"
ငသစ္က အျပင္ဘက္ကို ေခ်ာင္းၾကည့္ေပးခဲ့တယ္။
"ဟာ... ေသလိုက္ပါေတာ့။"
နဂိုကတည္းက ႏွလုံးေရာဂါရခ်င္ေနတဲ့သူကို ငသစ္က အသံနဲ႔ ထပ္ၿပီး ႏွိပ္စက္လိုက္သလိုပါပဲ။
"ဘာ... ဘာျဖစ္လို႔လဲ။"
ကြၽန္ေတာ္ ေမးလိုက္ေတာ့ သူက ျပန္ဝင္လာၿပီး ေျဖေလရဲ႕။
"ဖူးငုံနဲ႔ စႏိုးက ရင္းႏွီးပုံပဲ။ ရယ္ရယ္ေမာေမာနဲ႔ စကားေျပာေနၾကတယ္။"
"မင္း ေျပာေတာ့ သူတို႔က မရင္းႏွီးဘူးဆို။"
"ကြၽန္ေတာ္လည္း ခန္႔မွန္းၿပီး ေျပာလိုက္တာေလ။ အတိအက်ေတာ့ ဘယ္သိမွာလဲ။"
ငသစ္ရဲ႕စကားကို သြားယုံၾကည္မိတာကိုက ကြၽန္ေတာ္ မွားတာပါ။ သူ႕ကိစၥကို လိုက္႐ွင္းေပးရင္းနဲ႔ ကြၽန္ေတာ္က ေျပးေပါက္မွားေနရၿပီမလား။
"အခု ငါက ဘာဆက္လုပ္ရမွာလဲ။"
"ခဏေလာက္ ေစာင့္ၾကည့္ၾကတာေပါ့။ သူတို႔က ဘယ္ေလာက္ၾကာၾကာ ေျပာႏိုင္မွာမို႔လို႔လဲ။"
တျခားနည္းလမ္း မ႐ွိေတာ့လို႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လည္း အိမ္သာထဲမွာပဲ ေစာင့္ေနခဲ့ရတာေပါ့။ ဒါေပမဲ့ (၁၅)မိနစ္ေလာက္ၾကာၿပီးခ်ိန္မွာ မိန္းကေလးေတြရဲ႕စကားေျပာႏိုင္စြမ္းကို အထင္မေသးသင့္မွန္း ကြၽန္ေတာ္တို႔ ေသခ်ာသိလိုက္ရတယ္။
ေက်ာင္းေခါင္းေလာင္းထိုးဖို႔ (၅)မိနစ္ပဲ လိုေတာ့တာေတာင္ သူတို႔က စကားေျပာလို႔ မၿပီးေသးဘူးေလ။
"(၅)အခ်ိန္က Physics အခ်ိန္ေနာ္။ ဆရာမကလည္း အရမ္းအ႐ိုက္ၾကမ္းတာ။ သူ႕အခ်ိန္ကို လာတာ ေနာက္က်ရင္ ေနာက္က်တဲ့မိနစ္အတိုင္း ခ်တာကြ။ ဘယ္လိုလုပ္ၾကမလဲ။"
"ေနစမ္းပါဦး။ ကြၽန္ေတာ္ ဘာလုပ္ရမလဲဆိုတာကို စဥ္းစားေနပါတယ္။"
ကလိမ္ကက်စ္ဉာဏ္ဆို သူက အထြက္ဆုံးမို႔ ကြၽန္ေတာ္ မေႏွာင့္ယွက္ဘဲနဲ႔ စဥ္းစားခြင့္ေပးထားလိုက္မိတယ္။
"ဟုတ္ၿပီ။ ဒီလိုလုပ္ရေအာင္။"
"ဘယ္လိုလုပ္ရမွာလဲ။"
"ကြၽန္ေတာ့္အေႏြးထည္ကို ဒယ္ဒီ့ေခါင္းမွာ ျခဳံၿပီး အျပင္ထြက္ၾကရေအာင္။ မ်က္ႏွာမျမင္ရရင္ ဒယ္ဒီမွန္း မသိေတာ့ဘူးမလား။"
ပုံစံက ကိုး႐ိုးကားရားျဖစ္ေနႏိုင္ေပမဲ့ အခ်ိန္က တအားကပ္ေနလို႔ သူ ေျပာသလိုလုပ္ၿပီး ထြက္သြားဖို႔ ျပင္ရၿပီေလ။ အေႏြးထည္ႀကီးကို ေခါင္းမွာ ျခဳံၿပီး ခိုးေၾကာင္ခိုးဝွက္ထြက္လာတဲ့ ကြၽန္ေတာ့္ပုံစံက ခိုးရာလိုက္ေျပးတဲ့ မိန္းကေလးလို ျဖစ္ေနေလာက္တယ္။
"လဝန္းသစ္..."
အဲဒီအသံကို ၾကားေတာ့ ဘယ္ဘက္ပါးက ပူလာသလိုပဲ။ အသံ႐ွင္က ႏြယ္မွန္း ကြၽန္ေတာ္ ေကာင္းေကာင္းႀကီးသိၿပီးသားပါ။
ကြၽန္ေတာ့္ကို လုံးဝမျမင္ခ်င္ေတာ့ဘူးဆိုၿပီး ေျပာခဲ့သူရဲ႕ေ႐ွ႕ကိုမွ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာမိတာ။ 'ပါးေကာင္းလို႔ လက္ဝါးေတာင္း' တာမ်ိဳးေတာ့ လုံးဝမဟုတ္ပါဘူး။
မ်က္ႏွာကို အေႏြးထည္နဲ႔ အုပ္ဖို႔ အၾကံေပးခဲ့တဲ့ ငသစ္ကိုလည္း ဘဝမွာ ပထမဆုံးအေနနဲ႔ ေက်းဇူးတင္လြန္းလို႔ ထိုင္ပါ ကန္ေတာ့လိုက္ခ်င္တယ္။
"ငါ ကိစၥတစ္ခု႐ွိလို႔ နင့္ကို ေစာင့္ခိုင္းခဲ့မိတာကို ေမ့သြားတာ။ ေဆာရီးပါဟာ။"
"ရပါတယ္။ ဒါနဲ႔ အဲဒါက ဘာႀကီးလဲ။"
'နင့္ရဲ႕ခ်စ္လွစြာေသာ သူငယ္ခ်င္းႀကီးေလ။ မမွတ္မိေတာ့ဘူးမလား... မိႏြယ္။'
ေခါင္းၿမီးျခဳံၿပီး အထဲကေန သတၱိေကာင္းျပမိေသးတယ္။ ႏြယ္ကေတာ့ ဘယ္သိပါ့မလဲ။
"ေရေက်ာက္ေပါက္ေနတဲ့ ငါ့သူငယ္ခ်င္းပါ။ တျခားသူေတြကို မကူးေအာင္ အုပ္ေပးထားတာေလ။"
"အင္း... အင္း... ဂ႐ုစိုက္ခိုင္းလိုက္ဦး။ နင့္ကိုလည္း ကူးကုန္ဦးမယ္။"
"မကူးပါဘူးဟ။ ငါ သြားႏွင့္ၿပီေနာ္။"
ႏြယ့္ေ႐ွ႕ကေန ထြက္လာၿပီး ခပ္လွမ္းလွမ္းကို ေရာက္တာနဲ႔ အခန္းဆီကို သုတ္ေျခတင္ၿပီး ေျပးရေတာ့တာေပါ့။ လမ္းတစ္ေလွ်ာက္လုံးမွာ ဆရာမ မဝင္ပါေစနဲ႔ဦးဆိုၿပီး ဆုေတာင္းမိေပမဲ့ ဆုေတာင္းမျပည့္ခဲ့ပါဘူး။
"ဟဲ့... ဟိုႏွစ္ေယာက္... ဘာလို႔ ေနာက္က်ေနတာလဲ။"
ဆရာမေတြရဲ႕ဆူပူမႈကို တစ္ခါမွ မခံရဖူးတဲ့ ကြၽန္ေတာ္က အဲဒီစကားတစ္ခြန္းနဲ႔တင္ ဘာမွျပန္မေျဖရဲဘဲ ေၾကာက္ေနမိၿပီေလ။ ငသစ္အတြက္ေတာ့ ဒါက အေသးအဖြဲပဲမလား။
အဲဒါေၾကာင့္ သူ႕ကို ေျဖ႐ွင္းခြင့္ျပဳထားလိုက္မိတယ္။
"ဒယ္ဒီ ဝမ္းပ်က္ေနလို႔ သားက အိမ္သာမွာ လိုက္ေစာင့္ေပးေနတာပါ... တီခ်ယ္။"
ငသစ္ရဲ႕အေၾကာင္းျပခ်က္က ကြၽန္ေတာ့္ကို တစ္ခန္းလုံးေ႐ွ႕မွာ အ႐ွက္ခြဲလိုက္သလိုပါပဲ။ ဝမ္းပ်က္တာက သူလို႔ ေျပာလည္း ရတဲ့ဟာကို၊ ကြၽန္ေတာ့္ေခါင္းေပၚပဲ အကုန္ပုံခ်လိုက္ျပန္ၿပီ။
"ေနာက္တစ္ခါဆို ေနာက္မက်ေစနဲ႔။ သြား... ေနရာမွာ ဝင္ထိုင္ၾကေတာ့။"
ဆရာမဆီကေန ခြင့္ျပဳခ်က္ရမွ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လည္း ကိုယ့္ေနရာမွာ ကိုယ္ ဝင္ထိုင္လိုက္ရတယ္။
"ဝမ္းပ်က္ေနတဲ့သူက မင္းပါဆိုၿပီး ဘာလို႔ မေျပာလိုက္တာလဲ။"
"ကြၽန္ေတာ္ ဝမ္းပ်က္ေနတယ္လို႔ ေျပာရင္ ဆရာမက ယုံမွာ မဟုတ္ဘူး။ ဒယ္ဒီ့လိုမ်ိဳး ယဥ္ေက်းလိမၼာတဲ့ ေက်ာင္းသားေလးမို႔လို႔သာ ယုံေပးလိုက္တာ။"
အေၾကာင္းျပခ်က္က ဆီေလ်ာ္မႈ႐ွိတယ္ဆိုၿပီး ကြၽန္ေတာ္ လက္ခံထားခဲ့ေပမဲ့ အတန္းၿပီးခ်ိန္မွာ ျပႆနာက စလာျပန္တယ္။
"လျပည့္မႉး..."
Physicsဆရာမက စာသင္ၿပီးလို႔ အခန္းထဲကေန မထြက္သြားခင္ ကြၽန္ေတာ့္ကို လွမ္းေခၚပါေလေရာ။
"ဗ်ာ..."
"ငါနဲ႔ လိုက္ခဲ့ၿပီး ေက်ာင္းေဆးေပးခန္းမွာ ေဆးထိုးထားလိုက္။ ဝမ္းပ်က္တာက ေပါ့ေလ်ာ့လို႔ မျဖစ္ဘူး။ ေက်ာင္းပ်က္ရင္ နင္ပဲ နစ္နာမွာ။"
အဲဒီမွာ စေတြ႕တာပဲ။ ဆရာမက ေဆးထိုးဖို႔ အတင္းေခၚေနၿပီ။
ဘယ္လိုအေၾကာင္းျပခ်က္ေပးရမယ္မွန္း မသိလို႔ ငသစ္ကိုပဲ ကြၽန္ေတာ္ အားကိုးတႀကီးနဲ႔ လွမ္းၾကည့္မိေတာ့တယ္။ သူကိုယ္တိုင္ကလည္း မေျဖ႐ွင္းတတ္ေသးတဲ့ပုံစံမ်ိဳး။
"ဟဲ့... လာေလ။ ဘာလုပ္ေနတာလဲ။"
ျပႆနာတက္ကုန္ေတာ့မွာ။ ဝမ္းမပ်က္တဲ့ ကြၽန္ေတာ့္ကိုသာ ေဆးထိုးေပးလိုက္ရင္ ဖိုးပန္းခိုင္ ျဖစ္သြားလိမ့္မယ္ေလ။
အဲဒီအခ်ိန္မွာ ငသစ္ဆီကေန အသံထြက္လာေလရဲ႕။
"တီခ်ယ္... သားေရာ လိုက္ခဲ့လို႔ ရမလား။"
"နင္က ဘာလိုက္လုပ္မွာလဲ။"
"ဒယ္ဒီက ေဆးထိုးရမွာကို အရမ္းေၾကာက္တတ္ေတာ့ သားကပဲ ေဘးကေန အားေပးခဲ့ရတာ။ အခု သား မပါရင္ သူ အားငယ္ေနရလိမ့္မယ္။"
ကြၽန္ေတာ္တို႔ႏွစ္ေယာက္က အတြင္းပိုင္းမွာသာ ျပႆနာတက္ေနတာေလ။ အျပင္ပိုင္းအရ ၾကည့္ရင္ေတာ့ တအားခ်စ္တဲ့ ပုံစံမ်ိဳး ျဖစ္ေနမွာ။
ဘယ္ကိုပဲသြားသြား အႁမႊာပူးေလးေတြလို မခြဲအတူ ႐ွိေနတတ္တာကို ဆရာမေတြလည္း ျမင္ေနက်ပါပဲ။
"နင္တို႔ႏွစ္ေယာက္ကေတာ့ ေတာ္ေတာ္႕ကို အလုပ္႐ႈပ္တယ္။ လိုက္ခဲ့... ျမန္ျမန္။"
ငသစ္ကို လိုက္ခြင့္ေပးလို႔ ေတာ္ပါေသးရဲ႕။ တစ္ေယာက္တည္းဆို ဘာမွမၾကံတတ္ဘဲ တစ္ခါတည္း ေဆးထိုးခံလိုက္ရမွာ။
ဒီေကာင္ ပါလာေတာ့ နည္းနည္းအား႐ွိေသးတယ္။ အခုက သူ႕ရဲ႕ကလိမ္ကက်စ္ဉာဏ္ကို ထုတ္သုံးခိုင္းဖို႔ အခ်ိန္ေကာင္းပဲမလား။
"မလဲ့ေရ... ဒီေက်ာင္းသားေလးက ဝမ္းပ်က္ေနလို႔တဲ့။ ေတာ္ၾကာ ေက်ာင္းပ်က္ရမွာစိုးလို႔ ျမန္ျမန္သက္သာေအာင္ ေဆးထိုးေပးလိုက္ပါဦး။"
ေက်ာင္းေဆးေပးခန္းက ဆရာဝန္မက Physics ဆရာမရဲ႕တိုက္တြန္းမႈေၾကာင့္ ေဆးထိုးေပးဖို႔ ျပင္ဆင္ေနေလရဲ႕။
"ေဟ့ေကာင္... တစ္ခုခုလုပ္ဦးေလ။"
"ေနဦး။ ကြၽန္ေတာ္လည္း စဥ္းစားေနတာပဲ။"
အဲဒီလိုမ်ိဳး တိုးတိုးတိတ္တိတ္စကားမ်ားေနတဲ့ ကြၽန္ေတာ္တို႔ကို Physicsဆရာမက ျမင္သြားၿပီး လွမ္းေမးလာခဲ့တယ္။
"ဟဲ့... ဘာေတြေျပာေနၾကတာလဲ။"
ဒီတစ္ခါေတာ့ ငသစ္က အၾကံထုတ္သုံးၿပီး ေျဖေပးခဲ့တာေပါ့။
"တီခ်ယ့္ကို အားနာတယ္လို႔ ေျပာေနတာပါ။ ေနာက္တစ္ခ်ိန္ အတန္းဝင္ဖို႔ ႐ွိတာေတာင္မွ သားတို႔ကို လိုက္ေစာင့္ေပးေနတာေလ။ ဒယ္ဒီ့ကို သား ေသခ်ာေစာင့္ေပးထားပါ့မယ္။ တီခ်ယ္လည္း စိတ္ခ်လက္ခ်နဲ႔ စာကိုသာ သြားသင္လိုက္ပါ။"
သူ႕ရဲ႕ေဖ်ာင္းဖ်မႈကို ဆရာမက သေဘာက်သြားပုံပါပဲ။
"ဒါဆို ငါ သြားေတာ့မယ္။ မလဲ့ေရ... သူ႕ကို ေသခ်ာေလးဂ႐ုစိုက္လိုက္ပါေနာ္။"
စာေတာ္တဲ့ေက်ာင္းသားမို႔ အခ်စ္ခံရတာက ေကာင္းပါတယ္။ ဒါေပမဲ့ အခုလိုကိစၥမ်ိဳးမွာက်ေတာ့ ေျဖ႐ွင္းဖို႔ ခက္သြားေရာ။
Physicsဆရာမ ထြက္သြားၿပီးမွ ကြၽန္ေတာ္တို႔လည္း ဆရာဝန္မကို ထိုင္႐ွိခိုးလုမတတ္ ေတာင္းပန္ခဲ့ရတာေပါ့။
"ေဒါက္တာရယ္... ကြၽန္ေတာ္ ဝမ္းမပ်က္ပါဘူး။ အိမ္သာတက္တာ နည္းနည္းၾကာသြားေတာ့ အခ်ခံရမွာကို ေၾကာက္ၿပီး ဝမ္းပ်က္ေနတယ္လို႔ လိမ္လိုက္မိတာပါ။"
ငသစ္က ကြၽန္ေတာ့္စကားကို ပံ့ပိုးကူညီေပးခဲ့တယ္။
"သူ ေျပာတာက အမွန္ေတြပါပဲ။ ကြၽန္ေတာ္လည္း သူနဲ႔ အတူ႐ွိေနတာပါ။ Physics တီခ်ယ္က သူ႕အခ်ိန္မွာ ေနာက္က်ရင္ အ႐ိုက္ၾကမ္းလို႔ ေၾကာက္လန္႔ၿပီး ေလွ်ာက္ေျပာမိကုန္တာပါ။"
"နင္တို႔ကေတာ့ေလ... ေနာက္ဆို အခုလိုမ်ိဳးမလိမ္မိၾကေစနဲ႔။ ဆရာမေတြခမ်ာ စိတ္ပူေနရလိမ့္မယ္။"
ဆရာဝန္မရဲ႕စကားကို ကြၽန္ေတာ္တို႔ ၿပိဳင္တူေထာက္ခံေပးလိုက္မိတယ္။
"ဟုတ္ကဲ့။"
"ကိုယ့္အတန္းကိုယ္ ျပန္ၾကေတာ့။"
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ေဆးေပးခန္းထဲကေန ထြက္လာၿပီး အေပါက္ဝနားအေရာက္မွာ ငသစ္က လွည့္ေျပာခဲ့ျပန္တယ္။
"Physicsဆရာမကို သြားမေျပာပါနဲ႔ေနာ္။"
"ေအးပါ... ငါ မေျပာပါဘူး။"
ဆရာဝန္မဆီကေန ကတိေတာင္းလိုက္မိလို႔ ေတာ္ေသးတယ္။ ကြၽန္ေတာ္ မစဥ္းစားမိတဲ့ကိစၥကို ငသစ္က အခ်ိန္မီေတြးလိုက္ႏိုင္တာပဲ။
***
အ႐ႈပ္ထုပ္တစ္ခုကို ႐ွင္းၿပီးသြားေတာ့ ရင္ထဲ ေတာ္ေတာ္ေပါ့သြားတာ။ စာသင္ခန္းဆီ ျပန္တဲ့လမ္းမွာ အရာရာက လွပေနေလရဲ႕။
"ကြၽန္ေတာ္ ေတာ္တယ္မလား။"
ေစာေစာက အလွအပေတြထဲမွာ ကြၽန္ေတာ့္ပခုံးေပၚ လက္တင္ၿပီး စကားလာေျပာတဲ့ ငသစ္ေတာ့ မပါပါဘူး။ သူက အေမႊစိန္။
ျပႆနာအားလုံးရဲ႕အရင္းခံက သူပဲေလ။ ဒီျပႆနာေတြကို အကုန္အစင္မ႐ွင္းႏိုင္ေသးသေ႐ြ႕ သူ႕အေပၚကို အျမင္ၾကည္လင္ႏိုင္မွာ မဟုတ္ဘူး။
"ဒါေတြအားလုံးက မင္းေၾကာင့္ ျဖစ္လာတာ မဟုတ္ဘူးလား။ မနက္ျဖန္က်ရင္လည္း ဟိုႏွစ္ေယာက္နဲ႔ ဘယ္လိုစခန္းသြားရဦးမလဲ မသိဘူး။"
"ကြၽန္ေတာ္တစ္ေယာက္လုံး ႐ွိေနတာကို ဘာေၾကာက္စရာလိုလို႔လဲ။"
"မင္းကိုပဲ ေၾကာက္တာ။"
ငသစ္ေၾကာင့္ပဲ ကြၽန္ေတာ့္ဘဝက ပဲ့မပါတဲ့ေလွလိုမ်ိဳး အႀကိမ္ႀကိမ္ပရမ္းပတာျဖစ္ခဲ့ရတာပါ။ သူနဲ႔ အတူ႐ွိေနရတဲ့ အခ်ိန္တိုင္းမွာ ဘုရားတရလြန္းလို႔ ဘာသာတရားကိုင္း႐ိႈင္းတဲ့သူေတာင္ ျဖစ္ေတာ့မယ္။
သူနဲ႔ ကြၽန္ေတာ္က ဘဝအဆက္ဆက္က ရန္ၿငိဳးပါလာၾကသလား မသိ။ ေကာင္းက်ိဳးရယ္လို႔ တစ္စက္မွ မေပးတဲ့သူမ်ိဳးေပါ့။
ျမတ္ႏိုးမႈျဖင့္
ဆူးခက္ေဝ
**********