(Unicode Version)
'လပြည့်မှူး' ဆိုတဲ့ ကျွန်တော့်ဘဝမှာ အမြင်အကတ်ရဆုံးသူတစ်ယောက် ရှိပါတယ်။ သူ့နာမည်က 'လဝန်းသစ်' တဲ့။
ကျွန်တော့်ကို မွေးပြီး (၂၉)ရက်အကြာမှာ မေမေ့ရဲ့မွေးစားသမီး၊ ကျွန်တော့်ရဲ့မွေးစားအစ်မက သူ့ကို မွေးဖွားခဲ့လေရဲ့။ အဲဒါကြောင့် သူနဲ့ ကျွန်တော်က သွေးမတော်သားမစပ်ဘဲ တူအရီးဖြစ်သွားတယ်ဆိုပါတော့။
ကျွန်တော့်မွေးနေ့က (၂၀၀၁)ခုနှစ်၊ (၁၁)လပိုင်း၊ (၁)ရက်နေ့။ သူ့မွေးနေ့က (၂၀၀၁)ခုနှစ်၊ (၁၁)လပိုင်း၊ (၃၀)ရက်နေ့ပေါ့။
တစ်နှစ်တည်း၊ တစ်လတည်းကိုမှ (၂၉)ရက်ပဲ ကွာတဲ့အပြင် နှစ်ယောက်စလုံးက လပြည့်နေ့တွေမှာ မွေးတာဆိုပြီး တစ်အိမ်လုံးက ပျော်မဆုံးနိုင်အောင် ဖြစ်ခဲ့ကြတာ။ အပျော်လွန်ပြီး နာမည်တွေမှာကအစ 'လ' ပါအောင်လို့ တမင်မှည့်ပေးခဲ့ကြတယ်လေ။
ကျွန်တော့်အတွက်ကတော့ အဲဒီလိုမျိုးတူညီနေတာကိုက စိတ်ပျက်စရာတစ်ခုလို ဖြစ်နေခဲ့တယ်။
"သစ်သစ်လေးရေ... သားရဲ့ဦးငယ်ကို ခေါ်ကြည့်ပါဦး။"
"ဒယ်... ဒီ..."
စဉ်းစားကြည့်ဦး... ကိုယ့်ထက် (၂၉)ရက်ပဲ ငယ်တဲ့သူက ကျွန်တော့်ကို 'ဒယ်ဒီ' လို့ ခေါ်သတဲ့။ သူ့ကို ဘယ်သူက သင်ပေးလိုက်မှန်းကို မသိပါဘူး။
သူ စကားပြောတတ်စ အရွယ်ကတည်းက ကျွန်တော့်ကို ဒယ်ဒီလို့ပဲ တွင်တွင်ခေါ်နေခဲ့တာ။ အဲဒီလိုမျိုး ခေါ်တာကို တစ်အိမ်သားလုံးက သဘောကျပေမဲ့ ကျွန်တော်ကတော့ လုံးဝပါပဲ။
လေးစားသမှုနဲ့ 'အစ်ကို' လို့ ခေါ်ရင် တော်ပြီပေါ့။ အခုတော့ 'ဒယ်ဒီ' ဆိုပြီး အိုစာအောင် တမင်လုပ်နေတာလေ။
ကျွန်တော်က သူ့ကို အမြင်ကတ်သလို သူကလည်း ကျွန်တော့်ကို ကြည့်ရပုံ မပေါ်ပါဘူး။ 'တစ်ဦးမေတ္တာ တစ်ဦးမှာ' ဆိုသလို ကျွန်တော်တို့နှစ်ယောက်က ပြဿနာတက်ရင်းနဲ့ပဲ အတူကြီးပြင်းလာလေရဲ့။
"သားရေ... ကျောင်းသွားတော့မလို့လား။"
မေမေ့အသံကြောင့် ဖိနပ်စီးရင်းနဲ့ ကျွန်တော် လှမ်းကြည့်လိုက်မိတယ်။
"ဟုတ်ကဲ့... မေမေ။"
"သစ်သစ်လေးကို သေချာဂရုစိုက်ပြီး ခေါ်သွားလိုက်နော်။"
တစ်လတည်းမွေးပေမဲ့ အိမ်ရဲ့အငယ်ဆုံးဆိုတဲ့ ရာထူးကို သူက အလိုလိုရသွားခဲ့တာ။ အဲဒါကို ကျွန်တော်က ကျေနပ်ရမတဲ့လား။
အခုလည်း ကြည့်... မေမေ့ရှေ့ကနေ ဖြတ်လျှောက်လာတာတောင် လှည့်နှုတ်မဆက်ဘဲနဲ့ ထွက်သွားဖို့ ပြင်နေသေးတာ။ အဲဒါကြောင့် သူ့ကျောပိုးအိတ်ကို လှမ်းဆွဲပြီး ကျွန်တော် တားလိုက်မိတယ်။
"သစ်သစ်... မေမေ့ကို နှုတ်ဆက်လိုက်ဦး။"
"Bye bye... Grandma..."
အဘွားဖြစ်သူကို နှုတ်ဆက်တဲ့လေသံကလည်း ငါးပိနဲ့ ချောကလက် ရောထားသလို အသံမျိုးတဲ့။
"အမယ်လေး... ဘွားဘွားရဲ့မြေးလေးက အင်္ဂလိပ်လို သိပ်တော်တာပဲ။"
'ဒီလောက်ကတော့ ဟိုဘက်အိမ်က ကြက်တူရွေးတောင် လိုက်ရွတ်တတ်ပါတယ်... မေမေရယ်' လို့ စိတ်ထဲကနေ ပြောလိုက်မိတယ်။ မျိုသိပ်ထားတဲ့ စကားတွေကိုသာ ထုတ်ပြောမိရင် ရိုင်းတယ်လို့ သမုတ်က ခံရဦးမယ်။
အဲဒါကြောင့် ဘာမှဆက်မပြောဘဲ ငသစ်ကို အောင့်သက်သက်နဲ့ ဆွဲခေါ်လာခဲ့ရတာပေါ့။
***
"သစ်သစ်ရေ... ကျောင်းသွားတော့မလို့လား။"
"ဟုတ်ကဲ့... အန်တီခင်။"
လမ်းမှာ တွေ့သမျှ လူအားလုံးကို နွားပွဲစားနဲ့ တွေ့နေသလိုမျိုး သွားဖြဲပြပြီး သူက ပါလာလေရဲ့။ ရပ်ကွက်ထဲက လူတွေက ဘာကြည့်ပြီး ဒီကောင့်ကို သည်းသည်းလှုပ်ချစ်နေကြတာပါလိမ့်။
သေချာတာတော့ သူ့ရဲ့ဟန်ဆောင်မှုတွေထဲမှာ မျောသွားတာပဲ ဖြစ်ရမယ်။ အဲဒီကောင်က လူရှေ့သူရှေ့ဆို သိပ်ဟန်ဆောင်ကောင်းတာ။
ကျွန်တော်ကတော့ တဲ့တိုးသမားလေ။ ခပ်တည်တည်ပဲ နေတတ်တယ်။
အလကားသွားဖြဲပြနေလို့လည်း ဘယ်သူကမှ စားစရာလာမပေးဘူးမလား။
"သစ်သစ်ရေ... ရော့... ဒီမုန့်လေးကို ယူသွား။ ကျောင်းရောက်မှ စားလိုက်နော်။"
အပေါ်မှာ ပြောခဲ့တဲ့စကားကို ပြန်ရုပ်သိမ်းပါ့မယ်။ စားစရာ လာပေးတယ်ပဲ ထားဦး... ဘယ်သူကမှ ပိုက်ဆံလာပေးမှာ မဟုတ်ဘူးလေ။
"သစ်သစ်ရေ... သားကို အန်တီက စောင့်နေတာကွဲ့။ လာပါဦး... ကျောင်းပထမဆုံးရက်မှာ မုန့်ဖိုးလေး ပေးလိုက်ချင်လို့။"
ဒုတိယစကားကိုလည်း ပယ်ချလိုက်ပါ့မယ်။ ဟိုလူနဲ့ ဝင်တွေ့၊ ဒီလူနဲ့ ဝင်တွေ့ပြီး သွားနေရတာနဲ့တင် ခရီးက မတွင်တော့ဘူး ဖြစ်နေပြီ။
အမှန်အတိုင်း ပြောရရင်တော့ သူ့ကို မနာလိုဖြစ်နေမိတာပါ။ အဲဒါကြောင့် စိတ်တိုတိုနဲ့ သူ့ကို မစောင့်ဘဲ ရှေ့ကနေ ခပ်သွက်သွက်သွားလိုက်မိတာပေါ့။
"ဟာ... ဒယ်ဒီ။ ကျွန်တော့်ကို စောင့်မခေါ်ဘဲ ထွက်ပြေးသွားတယ်လို့ ဘွားဘွားကို ပြန်တိုင်လိုက်ရမလား။"
အဲဒီလိုမျိုး ကျက်သရေအဖြာဖြာတုံးစေတဲ့ ငသစ်ကို ကျွန်တော် အမြင်မကြည်လင်တာက ဖြစ်သင့်တယ်မလား။ မစောင့်ပြန်ရင်လည်း ပြောတဲ့အတိုင်း ပြန်တိုင်တတ်တဲ့ကောင်မို့လို့ ထွက်ပြေးခါနီး ခြေလှမ်းတွေကို မနည်းထိန်းပြီး လျှောက်ခဲ့ရသေးတယ်။
"ဒီမှာ ကြည့်ပါဦး။ ကျောင်းစဖွင့်တဲ့နေ့မှာတင် မုန့်ဖိုးကတော့ ခိုင်သွားပြီ။"
ဘေးနားမှာ ပိုက်ဆံတွေ လာထောင်ပြပြီး ကြွားလုံးထုတ်နေတဲ့ကောင်ကို ကျွန်တော် မမြင်ချင်ယောင်ဆောင်ထားလိုက်မိတယ်။
"ဘာလဲ။ မနာလိုဖြစ်နေတာလား။"
"မဟုတ်ပါဘူး။"
တကယ်လည်း မနာလိုဖြစ်နေတာပါပဲ။ သူနဲ့ ယှဉ်လိုက်တိုင်း အမြဲတမ်းကျန်ရစ်ဖြစ်ရလို့ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေမိတာ။
"လဝန်းသစ်ရေ... ငါတို့ ကျောင်းကို အတူတူသွားကြရအောင်။"
အဲဒီအသံရှင်က ကျွန်တော့်ဘဝရဲ့မီးအိမ်ရှင်လေး 'စနိုး' ပါ။ နှင်းပွင့်လေးလို အသားအရေဖြူစင်ပြီး ကြည်လင်လှပတဲ့ မျက်ဝန်းလေးတွေကို ပိုင်ဆိုင်ထားသူပေါ့။
ကျောင်းက Queenတွေထဲမှာ သူ့နာမည်က ထိပ်ဆုံးပဲလေ။ ယောက်ျားလေး တော်တော်များများက သူ့အနားကို ချဉ်းကပ်ဖို့ ချောင်းနေကြတာ။
ဒါပေမဲ့ အဲဒီလိုမိန်းကလေးက ငသစ်အပေါ်မှာ စေတနာတွေ ပိုလျှံနေလေရဲ့။ ပြောစမ်းပါဦး... ငသစ်ကို ကျွန်တော် မနာလိုဖြစ်မိတာ မှားလို့လား။
"သွားရည်ယိုမနေနဲ့... ဒယ်ဒီ။ တော်ကြာ စနိုးက ဒယ်ဒီ့ကို ခွေးရူးပြန်နေတယ်လို့ ထင်သွားလိမ့်မယ်။"
စကားနဲ့ မသိမသာကလိနေတဲ့ ငသစ်ကို တစ်ခုခုပြန်ပြောလိုက်ချင်ပေမဲ့ စနိုးရဲ့ရှေ့မှာ လူလိမ္မာပုံရိပ် မပျက်စီးချင်လို့ သည်းခံနေခဲ့ရတာ။
"ငါ အတူတူလိုက်ခဲ့လို့ ရတယ်မလား။"
စနိုး မေးတာက ဟိုကောင့်ကို၊ ပြန်ဖြေလိုက်တာကတော့ ကျွန်တော်ပါ။
"ရတာပေါ့။"
ဣန္ဒြေပျက်နေတဲ့ ကျွန်တော့်ကို ငသစ်က လှမ်းကြည့်ပြီး လှောင်ပြုံးပြုံးနေပြီလေ။ အဲဒါကိုလည်း ကျွန်တော် မမြင်ချင်ယောင်ဆောင်ထားလိုက်မိတယ်။
ဒီလိုနဲ့ပဲ ကျွန်တော်တို့သုံးယောက် ကျောင်းကို အတူလျှောက်လာခဲ့ကြတာပေါ့။
***
"ငါက Eco ယူတာဆိုတော့ နင်နဲ့ အခန်းကွဲသွားပြီဟ။"
စနိုးရဲ့စကားကို ကြားတော့ ကျွန်တော် နှမြောမိတယ်။ အတန်းအားရင် အမြဲတမ်းထိုင်ကြည့်နေကျ မျက်နှာလေးကို မမြင်ရတော့ဘူးလေ။
"မုန့်စားဆင်းရင် တွေ့လို့ ရသားပဲ။"
ငသစ်က ပြောလိုက်မှ စနိုးရဲ့မျက်နှာက ပြန်ပြီး ပြုံးရွှင်လာလေရဲ့။
"နင် တကယ်ပြောတာလား။ မုန့်စားဆင်းရင် ငါ့ကို တကယ်လာတွေ့ရမှာနော်။"
"ဒါပေါ့။"
လမ်းအတူလျှောက်လာတာက သုံးယောက်။ ဒါပေမဲ့ ကျွန်တော့်ဘဝက အပယ်ခံလိုလို၊ အတွဲလိုက်ချောင်းနေရတဲ့လူလိုလိုပါပဲ။
စနိုးရဲ့အနားမှာ နေချင်လို့သာ တော်တော်လေးသည်းခံထားရတာ။ ကျောင်းဂိတ်ဝနားကို ရောက်ချိန်မှာ စနိုးက သူ့သူငယ်ချင်းတွေကို တွေ့သွားပါလေရော။
"ဟော... ဟိုမှာ ငါ့သူငယ်ချင်းတွေပါလား။ ငါ သူတို့နဲ့ပဲ ဆက်သွားလိုက်တော့မယ်။"
ကျွန်တော်တို့ကို နှုတ်ဆက်ပြီး စနိုးက သူ့သူငယ်ချင်းတွေနဲ့အတူ ကျောင်းထဲ ဝင်သွားပြီလေ။ အဲဒါကြောင့် ငသစ်ကို ကျွန်တော် လှမ်းပြောလိုက်မိတယ်။
"မင်း စနိုးဆီကို သွားရင် ငါပါ လိုက်ခဲ့မယ်။"
"ဒယ်ဒီ ဘာပြောလိုက်တာလဲ။"
ဒီလောက်အထိ အနားကပ်ပြောနေတာတောင် သူက ထပ်မေးလိုက်သေးတာ။
"မင်း စနိုးနဲ့ သွားတွေ့ရင် ငါပါ လိုက်ခဲ့မယ်လို့ ပြောတာ။"
"ကျွန်တော့်ဘာသာကျွန်တော် သွားလို့ ရပါတယ်။ ဒယ်ဒီ လိုက်ပို့ပေးစရာ မလိုပါဘူး။"
သိသိကြီးနဲ့ တမင်လာရွဲ့နေတာ တွေ့လား။
"မင်းနောက်ကို ဘယ်သူက လိုက်ချင်နေလို့လဲ။ ငါက စနိုးနဲ့ တွေ့ချင်တာကွ။"
"သိသားပဲ။"
အဲဒီကောင်ရဲ့ခေါင်းကို တိန်ခနဲ မြည်အောင် ခေါက်ပစ်လိုက်ချင်တယ်။ အမှန်ဆို လမ်းလျှောက်တတ်တဲ့ အရွယ်ကတည်းက သူ့လည်မျိုကို ကျွန်တော် တက်နင်းခဲ့ရမှာ။
"သိရဲ့သားနဲ့။ ဘာတွေ လာရစ်နေတာလဲ။"
"အတူခေါ်သွားစေချင်ရင် တန်ရာတန်ကြေးတော့ ပေးရမယ်လေ။"
"ဘာလဲ။ မုန့်ဖိုးပေးရဦးမှာလား။"
"လဝန်းသစ်ဆိုတဲ့ ကျွန်တော်က ငွေမက်တဲ့သူလို့များ ဒယ်ဒီ ထင်နေတာလား။"
ပြောပုံကိုက နားရင်းပိတ်တီးချင်စရာ။
"ဟေ့ကောင်... ငါ့ကို ရစ်မနေနဲ့။ ဘာလိုချင်လဲဆိုတာကိုသာ ပြော။"
သူ့ရုပ်က ငါးကြီးကြီးဖမ်းမိသလိုပုံစံမျိုး ဖြစ်သွားပြန်တယ်။
"လွယ်လွယ်လေးပါ။ စကားလေးတစ်ခွန်းပဲ ပြောပေးရင် ရပြီ။"
"ဘာစကားလဲ။"
"ဘေဘီရယ်... ဒယ်ဒီလည်း အတူလိုက်ခဲ့ပါရစေဆိုပြီး ချိုချိုသာသာပြောပေးရုံပဲ။"
ရိုင်းရိုင်းစိုင်းစိုင်းမပြောချင်ပေမဲ့ ဒီကောင်က ကျွန်တော့်ကို အဆဲလာသင်ပေးနေတာပဲ။ သူ့လိုမျိုး ပြုတ်မနူးကောင်ကို 'ဘေဘီ' လို့ ခေါ်ရမဲ့အစား ရေမရှိတဲ့ချောင်းမှာ နှာခေါင်းဖော်ပြီး သေလိုက်တာကမှ ဂုဏ်ရှိဦးမယ်။
"တော်ပြီကွာ။ မလိုက်တော့ဘူး။ မင်းဘာသာမင်းပဲ သွားတော့။"
စိတ်ပေါက်ပေါက်နဲ့ ကျွန်တော် ခပ်သွက်သွက်ထွက်လာတော့ သူက ပြေးလိုက်လာတယ်။
"စောစောက အပေးအယူကို သဘောမကျရင် တခြားတစ်ခု လုပ်ပေးလေ။"
"ဒီတစ်ခါရော ဘာလုပ်ပေးရဦးမှာလဲ။"
"လွယ်ပါတယ်။ မုန့်စားဆင်းတိုင်း ကျွန်တော့်ကို မုန့်ဝယ်ကျွေးရမှာ။"
ဒီအပေးအယူလောက်ဆို ကျွန်တော် လက်ခံပေးလို့ ရပါသေးတယ်။
"ကောင်းပြီလေ။"
အပေးအယူကိစ္စ ပြီးသွားမှ စာသင်ခန်းဆီကို ကျွန်တော်တို့ ဦးတည်ခဲ့ကြတာပေါ့။
***
"လဝန်းသစ်ရေ... လာ... ငါတို့ ခုံဦးပေးထားတယ်။"
ငသစ်ကို ပိုးပန်းနေတဲ့ အမျိုးသမီးထုကြီးရဲ့ကျေးဇူးကြောင့် နှစ်တိုင်း ခုံနေရာအတွက် စိတ်ပူစရာ မလိုခဲ့ပါဘူး။ ကျောင်းတက်ခေါင်းလောင်းထိုးပြီးမှ ကျောင်းရောက်ရင်တောင် ထိုင်စရာက အဆင်သင့်ရှိနေဦးမှာ။
"ဒယ်ဒီတို့ကတော့ ဆင်ဖြူတော်မှီပြီး ကြံစုပ်နေရပြီပဲ။"
"စကားပုံအတိုင်းဆို ငါက လူ၊ မင်းက ဆင် ဖြစ်သွားတာပေါ့။ ဘာပဲဖြစ်ဖြစ် ငါက မင်းထက် သာတယ်။"
ကျွန်တော်တို့ ငြင်းခုံနေတုန်း 'ဟိန်းဇော်'တို့က လှမ်းစလေရဲ့။
"ဟေ့... ဟိုသားအဖက ဘာတွေ ငြင်းခုံနေတာလဲ။ စာသင်နှစ်တောင် မစရသေးဘူး။ ပြဿနာက တက်နေပြီလား။"
ငယ်ငယ်ကတည်းက အတူနေလာပြီး တစ်စက်ကလေးမှ မတည့်တဲ့ ကျွန်တော်တို့နှစ်ယောက်အကြောင်းကို တစ်ကျောင်းလုံးက သိထားပြီးသားပါ။ အိမ်မှာလည်း အတူနေ၊ ကျောင်းမှာလည်း အတူထိုင်၊ အပြင်သွားရင်လည်း အတူသွားနေရပေမဲ့ ကျွန်တော်တို့ရဲ့စရိုက်ချင်းက လုံးဝဆန့်ကျင်ဘက် ဖြစ်နေခဲ့တာ။
ကျွန်တော်က ခပ်တည်တည်နေသလောက် သူက အမြဲစပ်ဖြဲဖြဲနဲ့။ ကျွန်တော်က စာကြိုးစားပြီး နှစ်တိုင်း ပထမဆုရပေမဲ့ သူကတော့ အချိန်ဖြုန်းရင်းနဲ့ အချိန်ကုန်တတ်တဲ့သူမျိုး။
စာအုပ်ထဲမှာလည်း စာက မရှိ၊ စာမေးပွဲဖြေခါနီးတိုင်း ကျွန်တော်ကပဲ စာပြပေးရတာလေ။ သူ့ဘဝကြီးကတော့ သာယာနေရောပဲ။
အမှန်ဆို သူ ကိုးတန်းအထိ ရောက်လာတာက ကျွန်တော့်ကျေးဇူးကြောင့်လို့ ပြောလို့ ရပါတယ်။
***
နေ့လယ်ထမင်းစားနားချိန်မှာ စနိုးကို ခေါ်ပြီး ကျွန်တော်တို့သုံးယောက် မုန့်ဈေးတန်းကို ထွက်လာခဲ့ကြတယ်။
"ဒယ်ဒီ... ကျွန်တော့်ကို မုန့်ဝယ်ကျွေးမယ်ဆို။"
အပေးအယူက ရှိထားတော့ ဝယ်ကျွေးရပြီလေ။
"မင်းက ဘာစားမှာလဲ။"
"ဟိုဘက်နားက နို့ဘူးလေး သောက်မယ်။"
ကလေးမဟုတ်၊ သူငယ်မဟုတ် နို့ဘူးသောက်ချင်နေတဲ့ကောင်ရဲ့ပါးစပ်ပေါက်ကို အစားအသောက်နဲ့ ခဏပိတ်ပေးထားရမှာပေါ့။ အဲဒါကြောင့် ကျွန်တော်လည်း နို့ဘူးတစ်ဘူးယူပြီး သူ့ကို လှမ်းပေးလိုက်မိတယ်။
"ဟေး... ဒယ်ဒီက ငါ့ကို နို့တိုက်တယ်ကွ။"
အသံပြဲကြီးနဲ့ ထအော်လိုက်တော့ ဘေးက ကျောင်းသားတွေရဲ့ရုပ်က ပြုံးစိစိဖြစ်ကုန်ရော။ တခြားဆိုင်မှာ မုန့်ဝယ်နေတဲ့ စနိုးကလည်း ကျွန်တော်တို့ဘက်ကို လှမ်းကြည့်နေပြီလေ။
အဲဒါကြောင့် ထပ်မအော်နိုင်အောင်လို့ သူ့ပါးစပ်ကို လက်နဲ့ အမြန်လှမ်းပိတ်လိုက်ရတယ်။
"ဟေ့ကောင်... ငသစ်... မင်း အရှက်မရှိဘူးလား။ ဘာတွေ လျှောက်အော်နေတာလဲ။"
ငသစ်က ကျွန်တော့်လက်ကို အတင်းဆွဲဖယ်ပြီး မေးလာခဲ့တယ်။
"ဒါက ဘာကြီးလဲ။"
"နို့ဘူးလေ။ မင်း မမြင်ဘူးလား။"
"ဘယ်သူက ဘယ်သူ့ကို ဝယ်တိုက်တာလဲ။"
"ငါက မင်းကို ဝယ်တိုက်တာလေ။"
"ကျွန်တော် အော်တာ ဘာမှားလို့လဲ။ ဒယ်ဒီက ကျွန်တော့်ကို နို့တိုက်တယ်လို့ အမှန်အတိုင်းပဲ အော်လိုက်တဲ့ဟာကို။"
"ဒါဆို နို့ဘူး ဝယ်တိုက်တယ်လို့ အပြည့်အစုံမပြောဘဲ ဘာလို့ စကားလုံးတွေကို ချန်ထားခဲ့တာလဲ။"
"ကျွန်တော့်ပါးစပ်နဲ့ ကျွန်တော် ချန်တာပဲ။"
သူနဲ့ စကားဆက်ပြောရင် ကိုယ့်ပေါင် ကိုယ် လှန်ထောင်းသလိုမျိုး ဖြစ်သွားမှာ။ စနိုးကလည်း ပြန်ရောက်လာပြီဆိုတော့ ရန်ဖြစ်တာကို ရပ်ပြီး တည်တည်ငြိမ်ငြိမ်နေပြရတာပေါ့။
"စောစောက ဘာဖြစ်ကြတာလဲ။ အော်သံတစ်ခု ကြားလိုက်သလိုပဲ။"
"ဪ... ဘာမှမဖြစ်ပါဘူး။ ဒီအတိုင်းပဲ အပျော်လွန်ပြီး အော်ပြောလိုက်မိတာပါ။"
"ဟုတ်လား။ ဘာပျော်စရာရှိလို့လဲ။"
"ဒယ်ဒီက ငါ့ကို နို့..."
စကားမဆုံးခင် သူ့ကို စနိုးရဲ့ရှေ့ကနေ အမြန်ဆွဲခေါ်လာခဲ့မိတယ်။ ဒီကောင့်ပါးစပ်က စည်းကမ်းရှိတာ မဟုတ်ဘူး။
မဟုတ်တာတွေ လျှောက်ပြောမိရင် စနိုးက ကျွန်တော့်ကို အထင်သေးသွားနိုင်တယ်။
"ဒယ်ဒီက စနိုးကို ကြိုက်နေတာမလား။"
ကျွန်တော့်ပုံစံက သိသာနေလို့ သူ ရိပ်မိမှာ သေချာတာပဲလေ။ ပြီးတော့ သူ့ကို စနိုးနဲ့ ဇာတ်လမ်းမဖြစ်အောင် ကြိုသတိပေးတဲ့အနေနဲ့ အမှန်အတိုင်းပြောပြလိုက်မိတယ်။
"အဲဒါ ဘာဖြစ်လို့လဲ။ မင်းကရော သူ့ကို ကြိုက်နေလို့လား။"
"စနိုးက ကျွန်တော် သဘောကျတဲ့ပုံစံမျိုး မဟုတ်ပါဘူး။"
သူ့အဖြေကို ကြားမှပဲ စိတ်က နည်းနည်းအေးသွားတယ်။
"ကျွန်တော်က နွယ့်လိုမျိုး ခပ်အေးအေးနေတတ်တဲ့သူကိုပဲ သဘောကျတာ။"
'နွယ်' ဆိုတာက ကျွန်တော့်ရဲ့တစ်ဦးတည်းသော မိန်းကလေးသူငယ်ချင်းပါ။ စာကြိုးစားပြီး အေးအေးဆေးဆေးနေတတ်တဲ့သူမျိုး။
သူ့လိုလူကိုမှ ငသစ်က သဘောကျတယ်တဲ့လား။
"နွယ်က အဲဒီကိစ္စတွေကို စိတ်ဝင်စားတာ မဟုတ်ဘူး။ ပြီးတော့ မင်းကလည်း သူ့ကို အတည်တွဲမဲ့ကောင်မှ မဟုတ်တာ။"
"ဒယ်ဒီက ဘာတွေ လာပူနေတာလဲ။ ဒီလိုလုပ်ပါလား။ ကျွန်တော်က စနိုးနဲ့ ဒယ်ဒီ့ကို အောင်သွယ်ပေးမယ်။ ဒယ်ဒီကလည်း နွယ်နဲ့ ကျွန်တော့်ကို ပြန်အောင်သွယ်ပေး။ ဒါဆို နှစ်ဦးနှစ်ဖက် အဆင်ပြေတယ်မလား။"
သူ ပြောတဲ့အကြံက မဆိုးတော့ မဆိုးပါဘူး။ ကျွန်တော့်ဘာသာကျွန်တော် ကြိုးစားရင် စနိုးနဲ့ ရင်းနှီးဖို့ နေနေသာသာ၊ အနားတောင် ကပ်လို့ ရမှာ မဟုတ်ဘူးလေ။
"ကောင်းပြီလေ။ မင်း ပြောသလိုပဲ လုပ်ကြတာပေါ့။"
အဲဒီအချိန်ကစပြီး ကျွန်တော်တို့နှစ်ယောက်ရဲ့အဓိပ္ပာယ်မရှိတဲ့ အပေးအယူက စတင်ခဲ့လေရဲ့။
မြတ်နိုးမှုဖြင့်
ဆူးခက်ဝေ
**********
(Zawgyi Version)
'လျပည့္မႉး' ဆိုတဲ့ ကြၽန္ေတာ့္ဘဝမွာ အျမင္အကတ္ရဆုံးသူတစ္ေယာက္ ႐ွိပါတယ္။ သူ႕နာမည္က 'လဝန္းသစ္' တဲ့။
ကြၽန္ေတာ့္ကို ေမြးၿပီး (၂၉)ရက္အၾကာမွာ ေမေမ့ရဲ႕ေမြးစားသမီး၊ ကြၽန္ေတာ့္ရဲ႕ေမြးစားအစ္မက သူ႕ကို ေမြးဖြားခဲ့ေလရဲ႕။ အဲဒါေၾကာင့္ သူနဲ႔ ကြၽန္ေတာ္က ေသြးမေတာ္သားမစပ္ဘဲ တူအရီးျဖစ္သြားတယ္ဆိုပါေတာ့။
ကြၽန္ေတာ့္ေမြးေန႔က (၂၀၀၁)ခုႏွစ္၊ (၁၁)လပိုင္း၊ (၁)ရက္ေန႔။ သူ႕ေမြးေန႔က (၂၀၀၁)ခုႏွစ္၊ (၁၁)လပိုင္း၊ (၃၀)ရက္ေန႔ေပါ့။
တစ္ႏွစ္တည္း၊ တစ္လတည္းကိုမွ (၂၉)ရက္ပဲ ကြာတဲ့အျပင္ ႏွစ္ေယာက္စလုံးက လျပည့္ေန႔ေတြမွာ ေမြးတာဆိုၿပီး တစ္အိမ္လုံးက ေပ်ာ္မဆုံးႏိုင္ေအာင္ ျဖစ္ခဲ့ၾကတာ။ အေပ်ာ္လြန္ၿပီး နာမည္ေတြမွာကအစ 'လ' ပါေအာင္လို႔ တမင္မွည့္ေပးခဲ့ၾကတယ္ေလ။
ကြၽန္ေတာ့္အတြက္ကေတာ့ အဲဒီလိုမ်ိဳးတူညီေနတာကိုက စိတ္ပ်က္စရာတစ္ခုလို ျဖစ္ေနခဲ့တယ္။
"သစ္သစ္ေလးေရ... သားရဲ႕ဦးငယ္ကို ေခၚၾကည့္ပါဦး။"
"ဒယ္... ဒီ..."
စဥ္းစားၾကည့္ဦး... ကိုယ့္ထက္ (၂၉)ရက္ပဲ ငယ္တဲ့သူက ကြၽန္ေတာ့္ကို 'ဒယ္ဒီ' လို႔ ေခၚသတဲ့။ သူ႕ကို ဘယ္သူက သင္ေပးလိုက္မွန္းကို မသိပါဘူး။
သူ စကားေျပာတတ္စ အ႐ြယ္ကတည္းက ကြၽန္ေတာ့္ကို ဒယ္ဒီလို႔ပဲ တြင္တြင္ေခၚေနခဲ့တာ။ အဲဒီလိုမ်ိဳး ေခၚတာကို တစ္အိမ္သားလုံးက သေဘာက်ေပမဲ့ ကြၽန္ေတာ္ကေတာ့ လုံးဝပါပဲ။
ေလးစားသမႈနဲ႔ 'အစ္ကို' လို႔ ေခၚရင္ ေတာ္ၿပီေပါ့။ အခုေတာ့ 'ဒယ္ဒီ' ဆိုၿပီး အိုစာေအာင္ တမင္လုပ္ေနတာေလ။
ကြၽန္ေတာ္က သူ႕ကို အျမင္ကတ္သလို သူကလည္း ကြၽန္ေတာ့္ကို ၾကည့္ရပုံ မေပၚပါဘူး။ 'တစ္ဦးေမတၱာ တစ္ဦးမွာ' ဆိုသလို ကြၽန္ေတာ္တို႔ႏွစ္ေယာက္က ျပႆနာတက္ရင္းနဲ႔ပဲ အတူႀကီးျပင္းလာေလရဲ႕။
"သားေရ... ေက်ာင္းသြားေတာ့မလို႔လား။"
ေမေမ့အသံေၾကာင့္ ဖိနပ္စီးရင္းနဲ႔ ကြၽန္ေတာ္ လွမ္းၾကည့္လိုက္မိတယ္။
"ဟုတ္ကဲ့... ေမေမ။"
"သစ္သစ္ေလးကို ေသခ်ာဂ႐ုစိုက္ၿပီး ေခၚသြားလိုက္ေနာ္။"
တစ္လတည္းေမြးေပမဲ့ အိမ္ရဲ႕အငယ္ဆုံးဆိုတဲ့ ရာထူးကို သူက အလိုလိုရသြားခဲ့တာ။ အဲဒါကို ကြၽန္ေတာ္က ေက်နပ္ရမတဲ့လား။
အခုလည္း ၾကည့္... ေမေမ့ေ႐ွ႕ကေန ျဖတ္ေလွ်ာက္လာတာေတာင္ လွည့္ႏႈတ္မဆက္ဘဲနဲ႔ ထြက္သြားဖို႔ ျပင္ေနေသးတာ။ အဲဒါေၾကာင့္ သူ႕ေက်ာပိုးအိတ္ကို လွမ္းဆြဲၿပီး ကြၽန္ေတာ္ တားလိုက္မိတယ္။
"သစ္သစ္... ေမေမ့ကို ႏႈတ္ဆက္လိုက္ဦး။"
"Bye bye... Grandma..."
အဘြားျဖစ္သူကို ႏႈတ္ဆက္တဲ့ေလသံကလည္း ငါးပိနဲ႔ ေခ်ာကလက္ ေရာထားသလို အသံမ်ိဳးတဲ့။
"အမယ္ေလး... ဘြားဘြားရဲ႕ေျမးေလးက အဂၤလိပ္လို သိပ္ေတာ္တာပဲ။"
'ဒီေလာက္ကေတာ့ ဟိုဘက္အိမ္က ၾကက္တူေ႐ြးေတာင္ လိုက္႐ြတ္တတ္ပါတယ္... ေမေမရယ္' လို႔ စိတ္ထဲကေန ေျပာလိုက္မိတယ္။ မ်ိဳသိပ္ထားတဲ့ စကားေတြကိုသာ ထုတ္ေျပာမိရင္ ႐ိုင္းတယ္လို႔ သမုတ္က ခံရဦးမယ္။
အဲဒါေၾကာင့္ ဘာမွဆက္မေျပာဘဲ ငသစ္ကို ေအာင့္သက္သက္နဲ႔ ဆြဲေခၚလာခဲ့ရတာေပါ့။
***
"သစ္သစ္ေရ... ေက်ာင္းသြားေတာ့မလို႔လား။"
"ဟုတ္ကဲ့... အန္တီခင္။"
လမ္းမွာ ေတြ႕သမွ် လူအားလုံးကို ႏြားပြဲစားနဲ႔ ေတြ႕ေနသလိုမ်ိဳး သြားၿဖဲျပၿပီး သူက ပါလာေလရဲ႕။ ရပ္ကြက္ထဲက လူေတြက ဘာၾကည့္ၿပီး ဒီေကာင့္ကို သည္းသည္းလႈပ္ခ်စ္ေနၾကတာပါလိမ့္။
ေသခ်ာတာေတာ့ သူ႕ရဲ႕ဟန္ေဆာင္မႈေတြထဲမွာ ေမ်ာသြားတာပဲ ျဖစ္ရမယ္။ အဲဒီေကာင္က လူေ႐ွ႕သူေ႐ွ႕ဆို သိပ္ဟန္ေဆာင္ေကာင္းတာ။
ကြၽန္ေတာ္ကေတာ့ တဲ့တိုးသမားေလ။ ခပ္တည္တည္ပဲ ေနတတ္တယ္။
အလကားသြားၿဖဲျပေနလို႔လည္း ဘယ္သူကမွ စားစရာလာမေပးဘူးမလား။
"သစ္သစ္ေရ... ေရာ့... ဒီမုန္႔ေလးကို ယူသြား။ ေက်ာင္းေရာက္မွ စားလိုက္ေနာ္။"
အေပၚမွာ ေျပာခဲ့တဲ့စကားကို ျပန္႐ုပ္သိမ္းပါ့မယ္။ စားစရာ လာေပးတယ္ပဲ ထားဦး... ဘယ္သူကမွ ပိုက္ဆံလာေပးမွာ မဟုတ္ဘူးေလ။
"သစ္သစ္ေရ... သားကို အန္တီက ေစာင့္ေနတာကြဲ႕။ လာပါဦး... ေက်ာင္းပထမဆုံးရက္မွာ မုန္႔ဖိုးေလး ေပးလိုက္ခ်င္လို႔။"
ဒုတိယစကားကိုလည္း ပယ္ခ်လိုက္ပါ့မယ္။ ဟိုလူနဲ႔ ဝင္ေတြ႕၊ ဒီလူနဲ႔ ဝင္ေတြ႕ၿပီး သြားေနရတာနဲ႔တင္ ခရီးက မတြင္ေတာ့ဘူး ျဖစ္ေနၿပီ။
အမွန္အတိုင္း ေျပာရရင္ေတာ့ သူ႕ကို မနာလိုျဖစ္ေနမိတာပါ။ အဲဒါေၾကာင့္ စိတ္တိုတိုနဲ႔ သူ႕ကို မေစာင့္ဘဲ ေ႐ွ႕ကေန ခပ္သြက္သြက္သြားလိုက္မိတာေပါ့။
"ဟာ... ဒယ္ဒီ။ ကြၽန္ေတာ့္ကို ေစာင့္မေခၚဘဲ ထြက္ေျပးသြားတယ္လို႔ ဘြားဘြားကို ျပန္တိုင္လိုက္ရမလား။"
အဲဒီလိုမ်ိဳး က်က္သေရအျဖာျဖာတုံးေစတဲ့ ငသစ္ကို ကြၽန္ေတာ္ အျမင္မၾကည္လင္တာက ျဖစ္သင့္တယ္မလား။ မေစာင့္ျပန္ရင္လည္း ေျပာတဲ့အတိုင္း ျပန္တိုင္တတ္တဲ့ေကာင္မို႔လို႔ ထြက္ေျပးခါနီး ေျခလွမ္းေတြကို မနည္းထိန္းၿပီး ေလွ်ာက္ခဲ့ရေသးတယ္။
"ဒီမွာ ၾကည့္ပါဦး။ ေက်ာင္းစဖြင့္တဲ့ေန႔မွာတင္ မုန္႔ဖိုးကေတာ့ ခိုင္သြားၿပီ။"
ေဘးနားမွာ ပိုက္ဆံေတြ လာေထာင္ျပၿပီး ႂကြားလုံးထုတ္ေနတဲ့ေကာင္ကို ကြၽန္ေတာ္ မျမင္ခ်င္ေယာင္ေဆာင္ထားလိုက္မိတယ္။
"ဘာလဲ။ မနာလိုျဖစ္ေနတာလား။"
"မဟုတ္ပါဘူး။"
တကယ္လည္း မနာလိုျဖစ္ေနတာပါပဲ။ သူနဲ႔ ယွဥ္လိုက္တိုင္း အၿမဲတမ္းက်န္ရစ္ျဖစ္ရလို႔ ကိုယ့္ကိုယ္ကိုယ္ အားမလိုအားမရ ျဖစ္ေနမိတာ။
"လဝန္းသစ္ေရ... ငါတို႔ ေက်ာင္းကို အတူတူသြားၾကရေအာင္။"
အဲဒီအသံ႐ွင္က ကြၽန္ေတာ့္ဘဝရဲ႕မီးအိမ္႐ွင္ေလး 'စႏိုး' ပါ။ ႏွင္းပြင့္ေလးလို အသားအေရျဖဴစင္ၿပီး ၾကည္လင္လွပတဲ့ မ်က္ဝန္းေလးေတြကို ပိုင္ဆိုင္ထားသူေပါ့။
ေက်ာင္းက Queenေတြထဲမွာ သူ႕နာမည္က ထိပ္ဆုံးပဲေလ။ ေယာက်္ားေလး ေတာ္ေတာ္မ်ားမ်ားက သူ႕အနားကို ခ်ဥ္းကပ္ဖို႔ ေခ်ာင္းေနၾကတာ။
ဒါေပမဲ့ အဲဒီလိုမိန္းကေလးက ငသစ္အေပၚမွာ ေစတနာေတြ ပိုလွ်ံေနေလရဲ႕။ ေျပာစမ္းပါဦး... ငသစ္ကို ကြၽန္ေတာ္ မနာလိုျဖစ္မိတာ မွားလို႔လား။
"သြားရည္ယိုမေနနဲ႔... ဒယ္ဒီ။ ေတာ္ၾကာ စႏိုးက ဒယ္ဒီ့ကို ေခြး႐ူးျပန္ေနတယ္လို႔ ထင္သြားလိမ့္မယ္။"
စကားနဲ႔ မသိမသာကလိေနတဲ့ ငသစ္ကို တစ္ခုခုျပန္ေျပာလိုက္ခ်င္ေပမဲ့ စႏိုးရဲ႕ေ႐ွ႕မွာ လူလိမၼာပုံရိပ္ မပ်က္စီးခ်င္လို႔ သည္းခံေနခဲ့ရတာ။
"ငါ အတူတူလိုက္ခဲ့လို႔ ရတယ္မလား။"
စႏိုး ေမးတာက ဟိုေကာင့္ကို၊ ျပန္ေျဖလိုက္တာကေတာ့ ကြၽန္ေတာ္ပါ။
"ရတာေပါ့။"
ဣေႁႏၵပ်က္ေနတဲ့ ကြၽန္ေတာ့္ကို ငသစ္က လွမ္းၾကည့္ၿပီး ေလွာင္ျပဳံးျပဳံးေနၿပီေလ။ အဲဒါကိုလည္း ကြၽန္ေတာ္ မျမင္ခ်င္ေယာင္ေဆာင္ထားလိုက္မိတယ္။
ဒီလိုနဲ႔ပဲ ကြၽန္ေတာ္တို႔သုံးေယာက္ ေက်ာင္းကို အတူေလွ်ာက္လာခဲ့ၾကတာေပါ့။
***
"ငါက Eco ယူတာဆိုေတာ့ နင္နဲ႔ အခန္းကြဲသြားၿပီဟ။"
စႏိုးရဲ႕စကားကို ၾကားေတာ့ ကြၽန္ေတာ္ ႏွေျမာမိတယ္။ အတန္းအားရင္ အၿမဲတမ္းထိုင္ၾကည့္ေနက် မ်က္ႏွာေလးကို မျမင္ရေတာ့ဘူးေလ။
"မုန္႔စားဆင္းရင္ ေတြ႕လို႔ ရသားပဲ။"
ငသစ္က ေျပာလိုက္မွ စႏိုးရဲ႕မ်က္ႏွာက ျပန္ၿပီး ျပဳံး႐ႊင္လာေလရဲ႕။
"နင္ တကယ္ေျပာတာလား။ မုန္႔စားဆင္းရင္ ငါ့ကို တကယ္လာေတြ႕ရမွာေနာ္။"
"ဒါေပါ့။"
လမ္းအတူေလွ်ာက္လာတာက သုံးေယာက္။ ဒါေပမဲ့ ကြၽန္ေတာ့္ဘဝက အပယ္ခံလိုလို၊ အတြဲလိုက္ေခ်ာင္းေနရတဲ့လူလိုလိုပါပဲ။
စႏိုးရဲ႕အနားမွာ ေနခ်င္လို႔သာ ေတာ္ေတာ္ေလးသည္းခံထားရတာ။ ေက်ာင္းဂိတ္ဝနားကို ေရာက္ခ်ိန္မွာ စႏိုးက သူ႕သူငယ္ခ်င္းေတြကို ေတြ႕သြားပါေလေရာ။
"ေဟာ... ဟိုမွာ ငါ့သူငယ္ခ်င္းေတြပါလား။ ငါ သူတို႔နဲ႔ပဲ ဆက္သြားလိုက္ေတာ့မယ္။"
ကြၽန္ေတာ္တို႔ကို ႏႈတ္ဆက္ၿပီး စႏိုးက သူ႕သူငယ္ခ်င္းေတြနဲ႔အတူ ေက်ာင္းထဲ ဝင္သြားၿပီေလ။ အဲဒါေၾကာင့္ ငသစ္ကို ကြၽန္ေတာ္ လွမ္းေျပာလိုက္မိတယ္။
"မင္း စႏိုးဆီကို သြားရင္ ငါပါ လိုက္ခဲ့မယ္။"
"ဒယ္ဒီ ဘာေျပာလိုက္တာလဲ။"
ဒီေလာက္အထိ အနားကပ္ေျပာေနတာေတာင္ သူက ထပ္ေမးလိုက္ေသးတာ။
"မင္း စႏိုးနဲ႔ သြားေတြ႕ရင္ ငါပါ လိုက္ခဲ့မယ္လို႔ ေျပာတာ။"
"ကြၽန္ေတာ့္ဘာသာကြၽန္ေတာ္ သြားလို႔ ရပါတယ္။ ဒယ္ဒီ လိုက္ပို႔ေပးစရာ မလိုပါဘူး။"
သိသိႀကီးနဲ႔ တမင္လာ႐ြဲ႕ေနတာ ေတြ႕လား။
"မင္းေနာက္ကို ဘယ္သူက လိုက္ခ်င္ေနလို႔လဲ။ ငါက စႏိုးနဲ႔ ေတြ႕ခ်င္တာကြ။"
"သိသားပဲ။"
အဲဒီေကာင္ရဲ႕ေခါင္းကို တိန္ခနဲ ျမည္ေအာင္ ေခါက္ပစ္လိုက္ခ်င္တယ္။ အမွန္ဆို လမ္းေလွ်ာက္တတ္တဲ့ အ႐ြယ္ကတည္းက သူ႕လည္မ်ိဳကို ကြၽန္ေတာ္ တက္နင္းခဲ့ရမွာ။
"သိရဲ႕သားနဲ႔။ ဘာေတြ လာရစ္ေနတာလဲ။"
"အတူေခၚသြားေစခ်င္ရင္ တန္ရာတန္ေၾကးေတာ့ ေပးရမယ္ေလ။"
"ဘာလဲ။ မုန္႔ဖိုးေပးရဦးမွာလား။"
"လဝန္းသစ္ဆိုတဲ့ ကြၽန္ေတာ္က ေငြမက္တဲ့သူလို႔မ်ား ဒယ္ဒီ ထင္ေနတာလား။"
ေျပာပုံကိုက နားရင္းပိတ္တီးခ်င္စရာ။
"ေဟ့ေကာင္... ငါ့ကို ရစ္မေနနဲ႔။ ဘာလိုခ်င္လဲဆိုတာကိုသာ ေျပာ။"
သူ႕႐ုပ္က ငါးႀကီးႀကီးဖမ္းမိသလိုပုံစံမ်ိဳး ျဖစ္သြားျပန္တယ္။
"လြယ္လြယ္ေလးပါ။ စကားေလးတစ္ခြန္းပဲ ေျပာေပးရင္ ရၿပီ။"
"ဘာစကားလဲ။"
"ေဘဘီရယ္... ဒယ္ဒီလည္း အတူလိုက္ခဲ့ပါရေစဆိုၿပီး ခ်ိဳခ်ိဳသာသာေျပာေပး႐ုံပဲ။"
႐ိုင္း႐ိုင္းစိုင္းစိုင္းမေျပာခ်င္ေပမဲ့ ဒီေကာင္က ကြၽန္ေတာ့္ကို အဆဲလာသင္ေပးေနတာပဲ။ သူ႕လိုမ်ိဳး ျပဳတ္မႏူးေကာင္ကို 'ေဘဘီ' လို႔ ေခၚရမဲ့အစား ေရမ႐ွိတဲ့ေခ်ာင္းမွာ ႏွာေခါင္းေဖာ္ၿပီး ေသလိုက္တာကမွ ဂုဏ္႐ွိဦးမယ္။
"ေတာ္ၿပီကြာ။ မလိုက္ေတာ့ဘူး။ မင္းဘာသာမင္းပဲ သြားေတာ့။"
စိတ္ေပါက္ေပါက္နဲ႔ ကြၽန္ေတာ္ ခပ္သြက္သြက္ထြက္လာေတာ့ သူက ေျပးလိုက္လာတယ္။
"ေစာေစာက အေပးအယူကို သေဘာမက်ရင္ တျခားတစ္ခု လုပ္ေပးေလ။"
"ဒီတစ္ခါေရာ ဘာလုပ္ေပးရဦးမွာလဲ။"
"လြယ္ပါတယ္။ မုန္႔စားဆင္းတိုင္း ကြၽန္ေတာ့္ကို မုန္႔ဝယ္ေကြၽးရမွာ။"
ဒီအေပးအယူေလာက္ဆို ကြၽန္ေတာ္ လက္ခံေပးလို႔ ရပါေသးတယ္။
"ေကာင္းၿပီေလ။"
အေပးအယူကိစၥ ၿပီးသြားမွ စာသင္ခန္းဆီကို ကြၽန္ေတာ္တို႔ ဦးတည္ခဲ့ၾကတာေပါ့။
***
"လဝန္းသစ္ေရ... လာ... ငါတို႔ ခုံဦးေပးထားတယ္။"
ငသစ္ကို ပိုးပန္းေနတဲ့ အမ်ိဳးသမီးထုႀကီးရဲ႕ေက်းဇူးေၾကာင့္ ႏွစ္တိုင္း ခုံေနရာအတြက္ စိတ္ပူစရာ မလိုခဲ့ပါဘူး။ ေက်ာင္းတက္ေခါင္းေလာင္းထိုးၿပီးမွ ေက်ာင္းေရာက္ရင္ေတာင္ ထိုင္စရာက အဆင္သင့္႐ွိေနဦးမွာ။
"ဒယ္ဒီတို႔ကေတာ့ ဆင္ျဖဴေတာ္မွီၿပီး ၾကံစုပ္ေနရၿပီပဲ။"
"စကားပုံအတိုင္းဆို ငါက လူ၊ မင္းက ဆင္ ျဖစ္သြားတာေပါ့။ ဘာပဲျဖစ္ျဖစ္ ငါက မင္းထက္ သာတယ္။"
ကြၽန္ေတာ္တို႔ ျငင္းခုံေနတုန္း 'ဟိန္းေဇာ္'တို႔က လွမ္းစေလရဲ႕။
"ေဟ့... ဟိုသားအဖက ဘာေတြ ျငင္းခုံေနတာလဲ။ စာသင္ႏွစ္ေတာင္ မစရေသးဘူး။ ျပႆနာက တက္ေနၿပီလား။"
ငယ္ငယ္ကတည္းက အတူေနလာၿပီး တစ္စက္ကေလးမွ မတည့္တဲ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္အေၾကာင္းကို တစ္ေက်ာင္းလုံးက သိထားၿပီးသားပါ။ အိမ္မွာလည္း အတူေန၊ ေက်ာင္းမွာလည္း အတူထိုင္၊ အျပင္သြားရင္လည္း အတူသြားေနရေပမဲ့ ကြၽန္ေတာ္တို႔ရဲ႕စ႐ိုက္ခ်င္းက လုံးဝဆန္႔က်င္ဘက္ ျဖစ္ေနခဲ့တာ။
ကြၽန္ေတာ္က ခပ္တည္တည္ေနသေလာက္ သူက အၿမဲစပ္ၿဖဲၿဖဲနဲ႔။ ကြၽန္ေတာ္က စာႀကိဳးစားၿပီး ႏွစ္တိုင္း ပထမဆုရေပမဲ့ သူကေတာ့ အခ်ိန္ျဖဳန္းရင္းနဲ႔ အခ်ိန္ကုန္တတ္တဲ့သူမ်ိဳး။
စာအုပ္ထဲမွာလည္း စာက မ႐ွိ၊ စာေမးပြဲေျဖခါနီးတိုင္း ကြၽန္ေတာ္ကပဲ စာျပေပးရတာေလ။ သူ႕ဘဝႀကီးကေတာ့ သာယာေနေရာပဲ။
အမွန္ဆို သူ ကိုးတန္းအထိ ေရာက္လာတာက ကြၽန္ေတာ့္ေက်းဇူးေၾကာင့္လို႔ ေျပာလို႔ ရပါတယ္။
***
ေန႔လယ္ထမင္းစားနားခ်ိန္မွာ စႏိုးကို ေခၚၿပီး ကြၽန္ေတာ္တို႔သုံးေယာက္ မုန္႔ေဈးတန္းကို ထြက္လာခဲ့ၾကတယ္။
"ဒယ္ဒီ... ကြၽန္ေတာ့္ကို မုန္႔ဝယ္ေကြၽးမယ္ဆို။"
အေပးအယူက ႐ွိထားေတာ့ ဝယ္ေကြၽးရၿပီေလ။
"မင္းက ဘာစားမွာလဲ။"
"ဟိုဘက္နားက ႏို႔ဘူးေလး ေသာက္မယ္။"
ကေလးမဟုတ္၊ သူငယ္မဟုတ္ ႏို႔ဘူးေသာက္ခ်င္ေနတဲ့ေကာင္ရဲ႕ပါးစပ္ေပါက္ကို အစားအေသာက္နဲ႔ ခဏပိတ္ေပးထားရမွာေပါ့။ အဲဒါေၾကာင့္ ကြၽန္ေတာ္လည္း ႏို႔ဘူးတစ္ဘူးယူၿပီး သူ႕ကို လွမ္းေပးလိုက္မိတယ္။
"ေဟး... ဒယ္ဒီက ငါ့ကို ႏို႔တိုက္တယ္ကြ။"
အသံၿပဲႀကီးနဲ႔ ထေအာ္လိုက္ေတာ့ ေဘးက ေက်ာင္းသားေတြရဲ႕႐ုပ္က ျပဳံးစိစိျဖစ္ကုန္ေရာ။ တျခားဆိုင္မွာ မုန္႔ဝယ္ေနတဲ့ စႏိုးကလည္း ကြၽန္ေတာ္တို႔ဘက္ကို လွမ္းၾကည့္ေနၿပီေလ။
အဲဒါေၾကာင့္ ထပ္မေအာ္ႏိုင္ေအာင္လို႔ သူ႕ပါးစပ္ကို လက္နဲ႔ အျမန္လွမ္းပိတ္လိုက္ရတယ္။
"ေဟ့ေကာင္... ငသစ္... မင္း အ႐ွက္မ႐ွိဘူးလား။ ဘာေတြ ေလွ်ာက္ေအာ္ေနတာလဲ။"
ငသစ္က ကြၽန္ေတာ့္လက္ကို အတင္းဆြဲဖယ္ၿပီး ေမးလာခဲ့တယ္။
"ဒါက ဘာႀကီးလဲ။"
"ႏို႔ဘူးေလ။ မင္း မျမင္ဘူးလား။"
"ဘယ္သူက ဘယ္သူ႕ကို ဝယ္တိုက္တာလဲ။"
"ငါက မင္းကို ဝယ္တိုက္တာေလ။"
"ကြၽန္ေတာ္ ေအာ္တာ ဘာမွားလို႔လဲ။ ဒယ္ဒီက ကြၽန္ေတာ့္ကို ႏို႔တိုက္တယ္လို႔ အမွန္အတိုင္းပဲ ေအာ္လိုက္တဲ့ဟာကို။"
"ဒါဆို ႏို႔ဘူး ဝယ္တိုက္တယ္လို႔ အျပည့္အစုံမေျပာဘဲ ဘာလို႔ စကားလုံးေတြကို ခ်န္ထားခဲ့တာလဲ။"
"ကြၽန္ေတာ့္ပါးစပ္နဲ႔ ကြၽန္ေတာ္ ခ်န္တာပဲ။"
သူနဲ႔ စကားဆက္ေျပာရင္ ကိုယ့္ေပါင္ ကိုယ္ လွန္ေထာင္းသလိုမ်ိဳး ျဖစ္သြားမွာ။ စႏိုးကလည္း ျပန္ေရာက္လာၿပီဆိုေတာ့ ရန္ျဖစ္တာကို ရပ္ၿပီး တည္တည္ၿငိမ္ၿငိမ္ေနျပရတာေပါ့။
"ေစာေစာက ဘာျဖစ္ၾကတာလဲ။ ေအာ္သံတစ္ခု ၾကားလိုက္သလိုပဲ။"
"ဪ... ဘာမွမျဖစ္ပါဘူး။ ဒီအတိုင္းပဲ အေပ်ာ္လြန္ၿပီး ေအာ္ေျပာလိုက္မိတာပါ။"
"ဟုတ္လား။ ဘာေပ်ာ္စရာ႐ွိလို႔လဲ။"
"ဒယ္ဒီက ငါ့ကို ႏို႔..."
စကားမဆုံးခင္ သူ႕ကို စႏိုးရဲ႕ေ႐ွ႕ကေန အျမန္ဆြဲေခၚလာခဲ့မိတယ္။ ဒီေကာင့္ပါးစပ္က စည္းကမ္း႐ွိတာ မဟုတ္ဘူး။
မဟုတ္တာေတြ ေလွ်ာက္ေျပာမိရင္ စႏိုးက ကြၽန္ေတာ့္ကို အထင္ေသးသြားႏိုင္တယ္။
"ဒယ္ဒီက စႏိုးကို ႀကိဳက္ေနတာမလား။"
ကြၽန္ေတာ့္ပုံစံက သိသာေနလို႔ သူ ရိပ္မိမွာ ေသခ်ာတာပဲေလ။ ၿပီးေတာ့ သူ႕ကို စႏိုးနဲ႔ ဇာတ္လမ္းမျဖစ္ေအာင္ ႀကိဳသတိေပးတဲ့အေနနဲ႔ အမွန္အတိုင္းေျပာျပလိုက္မိတယ္။
"အဲဒါ ဘာျဖစ္လို႔လဲ။ မင္းကေရာ သူ႕ကို ႀကိဳက္ေနလို႔လား။"
"စႏိုးက ကြၽန္ေတာ္ သေဘာက်တဲ့ပုံစံမ်ိဳး မဟုတ္ပါဘူး။"
သူ႕အေျဖကို ၾကားမွပဲ စိတ္က နည္းနည္းေအးသြားတယ္။
"ကြၽန္ေတာ္က ႏြယ့္လိုမ်ိဳး ခပ္ေအးေအးေနတတ္တဲ့သူကိုပဲ သေဘာက်တာ။"
'ႏြယ္' ဆိုတာက ကြၽန္ေတာ့္ရဲ႕တစ္ဦးတည္းေသာ မိန္းကေလးသူငယ္ခ်င္းပါ။ စာႀကိဳးစားၿပီး ေအးေအးေဆးေဆးေနတတ္တဲ့သူမ်ိဳး။
သူ႕လိုလူကိုမွ ငသစ္က သေဘာက်တယ္တဲ့လား။
"ႏြယ္က အဲဒီကိစၥေတြကို စိတ္ဝင္စားတာ မဟုတ္ဘူး။ ၿပီးေတာ့ မင္းကလည္း သူ႕ကို အတည္တြဲမဲ့ေကာင္မွ မဟုတ္တာ။"
"ဒယ္ဒီက ဘာေတြ လာပူေနတာလဲ။ ဒီလိုလုပ္ပါလား။ ကြၽန္ေတာ္က စႏိုးနဲ႔ ဒယ္ဒီ့ကို ေအာင္သြယ္ေပးမယ္။ ဒယ္ဒီကလည္း ႏြယ္နဲ႔ ကြၽန္ေတာ့္ကို ျပန္ေအာင္သြယ္ေပး။ ဒါဆို ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပတယ္မလား။"
သူ ေျပာတဲ့အၾကံက မဆိုးေတာ့ မဆိုးပါဘူး။ ကြၽန္ေတာ့္ဘာသာကြၽန္ေတာ္ ႀကိဳးစားရင္ စႏိုးနဲ႔ ရင္းႏွီးဖို႔ ေနေနသာသာ၊ အနားေတာင္ ကပ္လို႔ ရမွာ မဟုတ္ဘူးေလ။
"ေကာင္းၿပီေလ။ မင္း ေျပာသလိုပဲ လုပ္ၾကတာေပါ့။"
အဲဒီအခ်ိန္ကစၿပီး ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕အဓိပၸာယ္မ႐ွိတဲ့ အေပးအယူက စတင္ခဲ့ေလရဲ႕။
ျမတ္ႏိုးမႈျဖင့္
ဆူးခက္ေဝ
**********