Chapter 147 (Uni & Zawgyi)

8.1K 448 79
                                    

Unicode

အခန်း(၁၄၇)ဉက္ကဌချန်၏ချစ်သူကောင်လေးပါဝါ ပွင့်အန်ထွက် လာခြင်း -၂

စုယာယာသည် ချန်ရှုံ့ချီ၏လက်မောင်းထဲ ညင်သာစွာ တိုးဝှေ့ပြီး ကျီစယ်သောအသံနှင့်ပြောသည်။

"အရှင်နော်, အရမ်းဆိုးတာပဲ!"

ချန်ရှုံ့ချီက တဟားဟားရယ်ကာ စုယာယာ၏နား,နား တိုးလာပြီးပြောသည်။

"ဒါပေမယ့် မင်းမကြိုက်ဘူးလား?"

ချက်ချင်းပင် စုယာယာကြောင်အမ်းသွား၏။ ဒိုင်ယာလော့ခ်မှာ ဒီစာကြောင်းတွေ မပါဘူးဆိုတာ သူမ တန်းသတိရလိုက်သည်။

သူမက ပြော၏။

"ဟန်နီ, မှားနေပြီလေ"

"မှားတယ်?"

ချန်ရှုံ့ချီက မျက်နှာပေါ်မှာ အပြုံးပန်းတစ်ပွင့်နှင့် သူမကို စိုက်ကြည့်လာသည်။

"ကိုယ့်စကားတွေက အရမ်းကို စစ်မှန်ပါတယ်နော် မဟုတ်ဘူးလား?"

"ဇာတ်ညွှန်းထဲမှာ အဲ့စာကြောင်း ပါမှမပါဘဲ"

စုယာယာသည် တည်ကြည်လေးနက်သောမျက်နှာထား နှင့် ပြောနေ၏။ သူမက စစ်ဆေးဖို့ရာ ဇာတ်ညွှန်းကို ကိုင်လိုက်ပြီး သူ တကယ်မှားနေကြောင်း ထောက်ပြသည်။

ချန်ရှုံ့ချီက သူမရဲ့ခါးသေးသေးလေးတစ်ဝိုက်ကို လက်နှင့် ပွေ့ပိုက်လိုက်ပြီး လည်ပင်းကို နမ်းဖို့ရာ ခေါင်းကို ငုံ့ချသွားသည်။ ဆွဲဆောင်မှုရှိသော အသံမျိုးနှင့်ပြောနေရင်း စွဲမက်ဖွယ်အမူအရာနှင့် သူမရဲ့အရေပြားပေါ် အသက်ရှူသွင်း ရှူထုတ် လုပ်နေ၏။

"ခုထိ မတွေးမိသေးဘူးလားဟမ်? ကို ဘာများ မှားပြောခဲ့ လို့လဲ?"

စုယာယာ၏ပါးပြင်က နီရဲတက်လာ၏။ သူ တမင်သက်သက် ပြောလိုက်မှန်း သူမ နားမလည်နိုင်စရာ အကြောင်းမရှိ။ ဒါ့ကြောင့် သူ့လက်မောင်းကို လက်ဝါးနှင့် ရိုက်ချလိုက်ပြီးပြော၏။

"အရမ်းဆိုးတာပဲ!"

ချန်ရှုံ့ချီက ရယ်နေ၏။

"တွေ့လား? ကို မှန်တယ်မလား?"

"စိတ်ရှုပ်စရာကောင်းလိုက်တာ! ယာယာက ပြောရမယ့်စာကြောင်းတွေကို မှတ်ဖို့လုပ်နေတာချည်းကို"

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Jan 22, 2023 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာTahanan ng mga kuwento. Tumuklas ngayon