အခန်း(၆၉)ယာယာတို့က သူငယ်ချင်းပါပဲ-၁

5.6K 696 9
                                    

Unicode

အခန်း(၆၉)ယာယာတို့က သူငယ်ချင်းပါပဲ-

ချန်ရှုံချီသည် စုယာယာဘေးမှာ ထိုင်နေပြီး သူရဲ့ မျက်နှာပေါ်မှာတော့ ဘာအမူအရာမှရှိမနေချေ။ သူက စုယာ ယာထံ ကြည့်ရုံလေးကြည့်လိုက်ကာ ရေနွေးကြမ်းခွက်ကို ကောက်ယူပြီး တစ်ငုံစာသောက်လိုက်သည်။

စုယာယာ သူမရဲ့ကျောပေါ်ကဆံပင်တွေ ထောင်လာသ လို ခံစားနေရသည်။ သူမရဲ့စိတ်ထဲမှာတော့ ဝမ်ဝမ့်ဟောက် ကို အပြင်းအထန်ဆူဆဲနေပြီ။ အဲ့သူက အရမ်းစိတ်တိုစရာ ကောင်းတာပဲ။ သူ သေချာပေါက် ချန်ရှုံချီနဲ့သူမရဲ့ဆက်ဆံ ရေးကို သိပြီးသားလေ။ ဒါတောင် သူက သူတို့ရဲ့ဆက်ဆံရေး ကို မရေမရာဖြစ်အောင် တမင်လုပ်နေတာ။ သူက သူမကို ထိခိုက်စေချင်တာလား?

"ဘယ်တုန်းက ငါးစားရတာ မကြိုက်ဘူးလို့ပြောလို့လဲ? ကျွန်မက ငါးစားရတာအရမ်းကြိုက်တာ"

စုယာယာက ပက်ခနဲပြန်ပြောပြီး ငါးအသားတစ်တုံးကို သူမရဲ့ပန်းကန်ထဲ ထည့်လိုက်သည်။ သူမက စစားတော့ကာ သူမ ဘယ်လောက်ကြိုက်ကြောင်း ဖော်ပြဖို့ သူမရဲ့အပြုအမူ ကို အသုံးပြုလိုက်သည်။

သူမက ငါးအသားတုံးကို စားပြီးလို့ နောက်တစ်ခုကို ကောက်ယူဖို့ တူပြင်နေတာကို မြင်တော့ ဝမ်ဝမ့်ဟောက်က ခပ်ယဲ့ယဲ့ပြုံးသည်။

"ငါ အမှတ်မှားတာပဲဖြစ်မှာပါ"

စုယာယာသည် တန့်သွားပြီး သူမရဲ့နှုတ်ခမ်းတို့ကို တင်းတင်းစေ့ထားသည်။ နေပါစေတော့။ သူမ သူနဲ့အရေး မပါတာတွေ ပြောဖို့ ပျင်းလွန်းတယ်။ သူမက နောက်ထပ် ဟင်းခတ်မှုန့်ကဲသောငါးတစ်တုံးကို ယူပြီး ဖြည်းဖြည်းချင်း အရသာခံနေတော့သည်။

ချန်ရှုံချီသည် ထိုဖြစ်ရပ်တစ်ခုလုံးကို မြင်နေရပြီး သူ၏ မျက်နှာချောချောထက်မှာတော့ ဘာအမူအရာမှမရှိ။ သူက ရေနွေးကြမ်းခွက်ကို ချပြီး ငါးအသားတုံးကို တူနှင့်ယူလေ သည်။ ငါးအရိုးတွေကို အသေအချာလေး ဂရုတစိုက်ဖယ်ပြီး စုယာယာရဲ့ပန်ကန်းထဲ ထည့်ပေးသည်။ သူက နူးညံ့ညင်သာ သောအသံနှင့် အလေးပေးပြောကြားသည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now