Chapter 121 (Uni&Zawgyi)

4.9K 573 41
                                    

Unicode

အခန်း(၁၂၁)အံ့ဩသွားလား?ပျော်လွန်းလို့ဆွံ့အနေတာလား ? -

စုယာယာသည် အင်တာနက်ပေါ်မှာ ဖြစ်ပျက်နေသည့် အရာတွေကို လုံးဝသတိပြုမိခြင်းမရှိချေ။ ကောင်းကောင်း ကြီး အိပ်စက်အနားယူခဲ့ပြီးနောက် လန်းဆန်းသွားအောင် ရေချိုးပြီး အခြေခံကိုယ်လက်လှုပ်ရှုားလေ့ကျင့်ခန်းတစ်ချို့ လုပ်ဖို့ အားကစားဝတ်စုံလဲဝတ်လိုက်သည်။

ဘော်ဒီလှလှလေးတစ်ခုသည် လေ့ကျင့်မှုတွေမှ ရရှိလာ တယ်ဆိုတာကို သူမယုံကြည့်သည်။ သူမ၏ကိုယ်လုံး ကိုယ်ပေါက်သည် အတော်လေးကောင်းမွန်နေခဲ့ပြီဖြစ်သော် လည်း ထိန်းထားနိုင်မှုကတော့ အရေးကြီးဆဲပင်။

ချန်ရှုံ့ချီ အိပ်ယာနိုးလာပြီး ဆေးကြောကာ ရေချိုးခန်း ထဲမှ ထွက်လာသောအခါ ခြေနှစ်ဖက်ကို ကြမ်းပြင်နှင့် အလျားလိုက်ထိသည်အထိ ကားယားခွ၍ မတ်မတ်ထိုင်ချ လိုက်သောအနေအထားနှင့် သူမလေး၏မြင်ကွင်းက စီးကြို နေခဲ့သည်။ သူမ၏ခန္ဓာကိုယ်က ပျော့ပြောင်းနေပြီး ခြေတံ တို့က ရှည်ပြီးသွယ်လျနေ၏။ မနက်ခင်းနေရောင်ခြည်၏ လွှမ်းခြုံထားမှုကြောင့် သူမလေးသည် အလွန်တောက်ပနေ ကာ ဖုန်းကိုထုတ်၍ ဓာတ်ပုံနှစ်ပုံလောက် မရိုက်ဘဲမနေနိုင် လိုက်။

ပုံတွေသည် လှပစွာထွက်လာပြီး သူမလေးအား ကောင်းကင်မှ ဆင်းသက်လာသော နတ်သမီးတစ်ပါးအလား ထင်ရစေသည်။

ထို့နောက် သူရုတ်တရက် သတိရလိုက်သည်က မနေ့ ကညမှာ လက်ထောက်ချန် သူ့ဆီ သတင်းပို့လာသည့် အကြောင်းအရာကိုပင်။ အင်တာနက်ပေါ်ရှိ ကောမန့်တစ်ချို့ က ဖတ်ကြည့်ဖို့ အလွန်မနှစ်မြို့စရာ။ Weiboကို ဖွင့်၍ ခုလေးတင် ရိုက်ယူလိုက်သည့်ပုံတွေကို ပို့စ်တင်လိုက်သည်။

ချန်ရှုံ့ချီV: Good morning, ကို့ရဲ့ချစ်လှစွာသော ကောင်မလေးရေ!@စု ယာယာ *#ပုံနှင့်တကွ, ပုံနှင့်တကွ

လက်ထောက်ချန်သည် ဒီWeibo အကောင့်ကို လွန်ခဲ့ သော သုံးလေးနှစ်ခန့်က ဖွင့်ပေးထားခြင်းဖြစ်သည်။ ဒီအမျိုး သားသည် သူကိုယ်တိုင်အသုံးပြုခဲကာ သုံးစဉ်တိုင်းမှာလည်း အလုပ်နှင့်ပတ်သတ်သည့် တစ်စုံတစ်ခုအတွက်သာ ဖြစ် သည်။ သူ၏ကိုယ်ပိုင်ဘဝနှင့် ပတ်သတ်သည့်ပို့စ်မှာတော့ လုံးဝဥဿုံမရှိ။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now