အခန်း(၅၃) သူမက အစားထိုးခံသာသာပါပဲ-၂/အခန္း(၅၃) သူမက အစားထိုးခံသာသာပါပဲ-၂

8K 950 39
                                    

Unicode🍎🍎🍎

အခန်း(၅၃) သူမက အစားထိုးခံသာသာပါပဲ-၂

စုယာယာ အန်ယွီထင်၏ ငိုယိုပြစ်တင်ပြောဆိုသံတွေကို ကြားတော့ ဘာဖြစ်ခဲ့တာလဲဆိုတာကို သူမတွေးမိလိုက်တော့သည်။ အန်ယွီထင်သည် သူမက 'ရှင်သန်လာသော နန်းတော်'မှာ ဒုတိယအမျိုးသမီးဇာတ်လိုက်နေရာကို ရလိုက်တာကို မကျေနပ်တာကြောင့် သူမက လာအနှောက်အယှက်ပေးနေခြင်း။

ကံဆိုးမှုတစ်ခု ကျရောက်လုဆဲဆဲဆိုတာကို တွေးမိကာ စုယာယာ သူမရဲ့ ဒုတိယအမျိုးသမီးဇာတ်ကောင်နေရာကို ထိန်းသိမ်းဖို့ မဖြစ်နိုင်တော့ဟု မှတ်ယူလိုက်တော့သည်။

မူလစာအုပ်၏ ဇာတ်ကြောင်းအရ ချန်ရှုံချီသည် အန်ယွီထုန်နဲ့ ပတ်သတ်ရာ ပတ်သတ်ကြောင်း အန်ယွီထင်အပေါ် အပိုထပ်ပေါင်း ဂရုစိုက်ပေးခဲ့သည်။ အနည်းဆုံးတော့ နောက်ပိုင်း အန်ယွီထင် သူ့ကို စမမြူဆွယ်ခင်အထိပေါ့။ သို့သော် ဒီမတိုင်ခင်က သူသည် သူမ လိုချင်တဲ့ဇာတ်ကောင်နေရာကို ပေးနိုင်ဖို့ အကောင်းဆုံး ကြိုးစားလုပ်ဆောင်ပေးခဲ့တာချည်းပဲ။ ထို့ကြောင့်ပင် သူမက ဒီဖျော်ဖြေရေးလောကမှာ အေးဆေးတည်ငြိမ်စွာ သူမရဲ့ လမ်းကြောင်းကို လျှောက်နိုင်ခဲ့ပြီး ပရောဂျက်အကြီးအသေးအတော်များများတွင် သရုပ်ဆောင်ပါဝင်နိုင်ခဲ့သည်။ သို့သော်လည်း ချန်ရှုံချီ၏အထောက်အပံ့ကို ရရှိပြီးနောက် သူမရဲ့ စိတ်နေသဘောထား, စိတ်ကြီးဝင် မောက်မာမှု, အခြားသူတို့အပေါ် အထင်အမြင်သေးတတ်မှုတို့ကြောင့် သူမသည် အခြားနည်းတူ ထင်ပေါ်ခဲ့သော်လည်း ဒီတိုင်း သာမန်သရုပ်ဆောင်တစ်ခုအဖြစ်သာ ရောက်ရှိခဲ့သည်။

အန်ယွီထင်သည် ဒီရုပ်ရှင်ဇာတ်လမ်းတွဲမှာ စုယာယာက ဒုတိယအမျိုးသမီးဇာတ်ကောင်နေရာ ရရှိခဲ့တာကို မကျေနပ်ပေ။ ထို့ကြောင့် အခု ချန်ရှုံချီကို သူမအစား ထိုဇာတ်ကောင်နေရာကို သူ့(မ)ကို ပေးဖို့ လာရောက်တောင်းဆိုနေခြင်းပင်။ ဇာတ်ကြောင်းအရဆိုလျှင် ချန်ရှုံချီသည် တကယ် အဲလိုလုပ်လိုက်လိမ့်မယ်။ ပြီးရင် စုယာယာကိုကျ နှစ်သိမ့်စရာ လျော်ကြေးတစ်ခုအဖြစ် အခြားဇာတ်ကောင်နေရာတစ်ခုကို ပေးဖို့ရာ အခွင့်အရေးတစ်ခုသာ ရှိလေသည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now