Chapter 114 (Uni & Zawgyi)

3.8K 472 5
                                    

Unicode

အခန်း(၁၁၄) စုယာယာက တကယ့်ပြဿနာအိုးပဲ-

စုယာယာက ပြောလိုက်သည်။

"ညီမ မဖြေချင်တာမျိုးမဟုတ်ပါဘူး.. သူက လက်ထပ် ခွင့်မတောင်းသေးလို့ပါ!"

ဒါသည် ချက်ကောင်းထိသည့်အဖြေပင်။

အစ်မဟွေ့က အမြန်ကင်မရာဘက်လှည့်ကာ ပြုံးပြ သည်။ ထိုစုံတွဲအကြောင်းစိုးရိမ်နေသည့်ဟန်ဖြင့် သူမက ဆို သည်။

"ကြားရဲ့လား ကိုလူချောရှင့်? ရှင့်ရဲ့ကောင်မလေးက လက်ထပ်ခွင့်တောင်းဖို့ ရှင့်ကိုမေးနေပြီ!မြန်မြန် အခွင့်အရေး ကို အရယူပြီး အကြီးကြီးလုပ်လိုက်တော့!"

တစ်ဖက်ရှိ အစ်ကိုအုံကလည်း ပြောလာသည်။

"ဒီလိုချောချောလှလှကောင်မလေးမျိုးကို ငါသာဆိုရင် အိမ်ခေါ်သွားနိုင်ဖို့ မြန်နိုင်သမျှအမြန်ဆုံး လက်ထပ်ခွင့် တောင်းမှာ!"

အစ်မဟွေ့က အစ်ကိုအုံကို တံတောင်ဖြင့်တွက်ကာ စနောက်သည်။

"ရှင့်အတွက်ကတော့..ဟုတ်မှာပေါ့!"

အစ်ကိုအုံက တဟားဟားရယ်တော့သည်။

"ဒီနေ့အတွက် ငါတို့ရဲ့ Guest လေးကို ဘယ်သူက ဒီလောက်လှခိုင်းလို့လဲ?"

သူတို့နှစ်ဉီးစကားအနည်းငယ်ဖလှယ်ခဲ့ကြပြီး ရိုက်ကွင်း ကို ပိုမိုမြိုင်ဆိုင်လာစေခဲ့သည်။

အတော်လေး တိုတောင်းသောအချိန်အတွင်းမှာ စုယာ ယာသည် ဟင်းလျာတွေကို ချက်ပြုတ်ပြီးစီးသွားခဲ့၏။ အစ်မ ဟွေ့က အရင်ဆုံးမြည်းကြည့်သည်။ အရသာက သိပ်မဆိုး ပေ။ထို့နောက် သူမက အမှတ်ပေးဖို့ ဒိုင်လူကြီးတွေထံ ပို့ပေး စေသည်။

နောက်ဆုံးမှာတော့ ဒိုင်တွေဆီမှ ချန်နွော့က ၃.၅မှတ် နှင့် ရွှီရှုန်နှင့်စုယာယာတို့နှစ်ဉီးကတော့ ၄မှတ်စီ ရခဲ့သည်။

ထို့နောက် ပရိတ်သတ်အမှတ်ပေးမှု လာသည်။ ရွှီရှုန် သည် တစ်ဆက်တည်းနှင့် နှစ်ကြိမ်အနိုင်ရခဲ့ပြီး စုယာယာ ထက် ဖန်တွေအများကြီးပိုရှိသော်လည်း စုယာယာက ပရိသတ်တွေဆီမှ ၉၈မှတ်ရခဲ့သည်။ ရွှီရှုန်ထက် တစ်မှတ် အသာနှင့် ပြိုင်ပွဲကို အနိုင်ရရှိခဲ့ပြီး 'အလှလေးနှင့်လျှာကဝေ' အစီအစဉ်၏နောက်တစ်ပိုင်းထုတ်လွှင့်မှုမှာ ဆက်လက်ပါဝင် ဖို့ အခွင့်အရေး ရရှိခဲ့သည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now