အခန်း(၄၄)နင့်ရဲ့အခွင့်အရေးကိုအလကားမဖြစ်စေနဲ့

6.5K 839 11
                                    

Unicode👇

အခန်း(၄၄)နင့်ရဲ့အခွင့်အရေးကို အလကားမဖြစ်စေနဲ့

စုယာယာ အရမ်းပျော်နေခဲ့ပြီး ကောင်းပါပြီလို့ နာခံစွာ ပြန်ပြောလိုက်သည်။ သူကို သတိပေးစကားလေး ဆိုလိုက် ခြင်းအားဖြင့် သူ့ထံ သူမရဲ့ စိုးရိမ်ပူပန်မှုတွေကို ပြသဖို့လည်း မမေ့ခဲ့ပါ။

"ကိုလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ဉီးနော်"

ချန်ရှုံချီသည် သူမရဲ့စကားတွေကို ကြားတော့ ကျေနပ် စွာ ပြုံးသည်။ အိုကေ လို့ ပြန်ပြောပြီးနောက် သူ ဖုန်းချသွား သည်။

စုယာယာ သူမရဲ့ဖုန်းကို ပြန်ထည့်ပြီး ရုတ်တရက် သူမ ကို တစ်ယောက်ယောက် စိုက်ကြည့်နေတယ်လို့ ခံစားလိုက် ရသည်။ သူမ အကြည့်တို့ကို မြှင့်လိုက်တော့ ကျုံဖိန်ယွင် ရဲ့အကြည့်တို့နှင့် သူမမျက်ဝန်းတို့ ဆုံသွားခဲ့သည်။ သူမကို ကြည့်နေစဉ် သူမ(ကျုံဖိန်ယွင်)ရဲ့ အကြည့်တို့က ပူပန်မှု တို့နှင့် ပြည့်နှက်နေသည်။

စုယာယာသည် သူမရဲ့အကြည့်အောက် စိတ်တထင့် ထင့်ခံစားရကာ ထိတ်လန့်စွာ တံတွေးမျိုချပြီး မေးရသည်။

"ဘာဖြစ်လို့လဲ?"

ကျုံဖိန်ယွင်သည် မျက်မှောင် အနည်းငယ်ကုတ်ပြီး စိုးရိမ်သည့်လေသံနှင့် မေးမြန်းလာ၏။

"ခု ဖုန်းဆက်ခဲ့တာ ဉက္ကဌချန်မလား?"

စုယာယာက ခေါင်းငြိမ့်ပြသည်။ "ဟုတ်တယ်"

"သူက ဘာပြောသလဲ" ကျုံဖိန်ယွင်က မေးသည်။

စုယာယာသည် မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး သူမ(ကျုံဖိန်ယွင်)က နည်းနည်း အထူးတဆန်းပြုမူနေ တယ်လို့ တွေးနေမိသော်လည်း အမှန်အတိုင်းပင် ပြန်ဖြေ ပေးပါသည်။

"သူ့မှာ လုပ်စရာကိစ္စတွေ ရှိလို့ ဒီနေ့ည အိမ်ကို ပြန် မလာတော့ဘူးလို့ ပြောတယ်"

"သူ ဘာလုပ်မယ်လို့ရော ပြောလား?"

စုယာယာ ထိုမေးခွန်းက နည်းနည်းရယ်စရာကောင်း တယ်လို့ ထင်မိသည်။ ကျုံဖိန်ယွင်ကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now