အခန်း(၂၀) လွတ်လမ်းခရီး/အခန္း(၂၀) လြတ္လမ္းခရီး

8.8K 970 11
                                    


Unicode

အခန်း(၂၀) လွတ်လမ်းခရီး

ကျုံဖိန်ယွင်က စုယာယာရဲ့ တည်ငြိမ်သောတုံ့ပြန်မှုကို တွေးဆနေမိတယ်။ သူမ(စုယာယာ)က အရင်တုန်းကလို ဆူဆူညံညံ ဗရုတ်မကျဘဲ ဖြစ်နေတာကြောင့်ပင်။ သူမ အရမ်းကို ပျော်နေသင့်တာမဟုတ်ဘူးလား? ချန်ရှုံချီ က သူမရဲ့ရှူးဂါးဒယ်ဒီကြီးဖြစ်တာလို့ ဂေါက်များဂေါက်သွားတာ လား?

သို့ပေမယ့် သူမမှာ အရမ်းကို အလုပ်များနေခဲ့ပြီး အခြားကိစ္စတွေ အများကြီး ကိုင်တွယ်ရမှာမို့ ဒီအကြောင်းကို အများကြီး မတွေးခဲ့လိုက်နိုင်ဘူး။ သူမမှာ ဒီကိစ္စကို တွေးတောရင်း ဖြုန်းတီးဖို့ အချိန်မရှိဘူး။ နောင်အတွက် သူမ အခြားကိစ္စရပ်တွေ အခြားလုပ်ငန်းဆောင်တာတွေကို စီစဉ်ရဉီးမယ်။ သူမက ပြောတယ်။

"မနက်ဖြန်မနက်.. ကုမ္ပဏီကို လာခဲ့.. ငါ့မှာ မင်းနဲ့ အရမ်းသင့်တော်တဲ့ ကြော်ငြာတစ်ခု ရှိထားတယ်.. လာကြည့်လှည့်"

ကြော်ငြာ? သူမက ကြော်ငြာတစ်ခု ရိုက်ရတော့မှာပေါ့!

ကျုံဖိန်ယွင်က ထိုအကြောင်းကို တရစပ် ပြောနေတာ ကြောင့် စုယာယာ မှာလည်း စဉ်းစားဆုံးဖြတ်ဖို့ အချိန်ထပ် မရ ော့ပေ။ သူမ လက်ခံလိုက်တယ်။

"ကောင်းပြီ.. ငါ မင်းကို မနက်ဖြန်မနက် ဆယ်နာရီ လောက် ကုမ္ပဏီမှာ စောင့်နေမယ်.. "

ကျုံဖိန်ယွင်က သူမဘာသာ ဆုံးဖြတ်ပြီး ဖုန်းချသွား သည်။

ဖုန်းစခရင်ပေါ်က အလင်း လျော့သွားချိန်မှာတော့ စုယာယာ ဖုန်းကို ကိုင်ထားရင်း ထိုဟာနှင့် သူမနဖူးကို ပွတ်နေမိတယ်။ သူမ ကျုံဖိန်ယွင်ရဲ့စကားတွေကို ပြန်လည် တွေးတော့နေရင်း ပြုံးတုံ့ပြုံးတုံ့ဖြစ်နေတော့သည်။ ဟီးဟီး.. ကောင်းတဲ့ကိစ္စတွေက သူမဆီ ဆက်တိုက်ဆိုသလို ဖြစ်နေ ပါလား.....

အရမ်း ပျော်ဖို့ကောင်းတာပဲ။

သူမ ငယ်ငယ်တုန်းက နာမည်ကြီးသရုပ်ဆောင် တစ် ယောက်ဖြစ်လာဖို့ အိမ်မက်မက်ခဲ့တယ်။ ဆယ်ကျော်သက် အရွယ်တုန်းက TVထဲက သရုပ်ဆောင် တွေက အရမ်းကို တောက်ပ,ချောမောနေတာကို အမြဲကြည့်နေမိခဲ့တယ်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာDär berättelser lever. Upptäck nu