အခန်း(၆၆) ကလေးလိုပဲ-၂

5.1K 730 23
                                    

Unicode

အခန်း(၆၆) ကလေးလိုပဲ-၂

ဒီလိုနဲ့.. ချန်ရှုံချီသည် စုယာယာနှင့် အတော်လှမ်းသည့် နားမှာ နေရာတစ်ခုကို တွေ့ခဲ့သည်။ သူတို့က တစ်ယောက် နဲ့တစ်ယောက် မျက်နှာချင်းဆိုင် တည့်တည့်မှာပင်။

ချန်ရှုံချီသည် ငါးမျှားဖို့ ပြင်ဆင်ပြုလုပ်ပြီးနောက် ငါးစာ ကို ငါး လာဟက်ဖို့ စောင့်ဆိုင်းရင် ထိုနေရာမှာသာ တိတ် ဆိတ်စွာ ထိုင်နေတော့သည်။

ရုတ်တရက် မျက်နှာချင်းဆိုင်မှာ ရှိနေတဲ့ စုယာယာက ထအော်သည်။

"အိုးမိုင်ဂေါ့! ဖမ်းမိပြီ! ဖမ်းမိပြီ!"

အသံကျယ်ကြီးဟာ ရေအိုင်တစ်ခုလုံး ပဲ့တင်ထပ်သွားခဲ့ ၏။ သူဟာ သူမလေး ငါးမျှားတံက ကြိုးကို ကသုတ်ကရက် ဆွဲနေစဉ် အော်ဟစ်နေသည်ကို စောင့်ကြည့်နေ၏။ သူမက ပျာယာခတ်နေလွန်းလို့ မတော်တဆ ကန်ထဲ ပြုတ်ကျသွား မှာကို ချန်ရှုံချီ စိုးရိပ်နေမိသည်။ သူ သွားပြီး သူမကို ကူညီ ချင်သော်လည်း ထိုစဉ်မှာပင် သူမက ငါးကို ဖမ်းဆွဲပြီးနေပြီ။

စုယာယာသည် ငါးမျှားချိတ်မှ ငါးကို ဖြုတ်ယူကာ သူမရဲ့လက်နှင့် ယှဉ်ကြည့်နေသည်။ သူမလက်ဖဝါးရဲ့ တစ်ဝက်စာလောက်ရှိ၏။ သူမက ပြုံးပျော်သွားပြီး ငါးကို လက်ခုပ်ထဲ ထည့်ထားသည်။ သူမက တစ်ဖက်ကမ်းရှိ ချန်ရှုံချီထံ ဝင့်ကြွားစွာ လှမ်းခေါ်ပြီးပြောသည်။

"ဉက္ကဌချန်.. ကြည့်ပါဉီး.. ယာယာ ငါးကြီးကြီး တစ်ကောင်ရတယ်"

ချန်ရှုံချီ သူ့မျက်နှာကို ဖုံးကာ ထားချင်တော့သည်။ သူ ဒီကို သူမအား ခေါ်မလာခဲ့သင့်ဘူး။ ဟိုကြည့်ဒီကြည့်လုပ် ကာ သူ သူမကို မသိဟန်ဆောင်ကာ တိုးတိတ်စွာ ငါးကိုသာ ဆက်မျှားနေခဲ့သည်။

စုယာယာကတော့ အပျော်လွန်နေကာ ထူးဆန်းတာ ဘာကိုမှသတိမထားမိလိုက်ချေ။ သူမက ငါးကို လက်ဆွဲပုံး ထဲ ထည့်ကာ နောက်တစ်ကောင် ဆက်မျှားသည်။

ချန်ရှုံချီက သူမလေး အခုလောက်ဆိုရင် ငြိမ်ကျသွား လောက်ပြီလို့ တွေးနေ၏။

ဘယ်သူ သိပါလိမ့်မလဲ.. ဆယ်မိနစ်ပင် မရှိလိုက်သေး.. စုယာယာက နောက်တစ်ဖန် စတင်အော်ဟစ်ပြန်သည်။

အမျိုးသားဇာတ်လိုက်၏ အစားထိုးခံ ဇနီးကညာအမ်ိဳးသားဇာတ္လိုက္၏ အစားထိုးခံ ဇနီးကညာWhere stories live. Discover now